အခန်း (၈၁၅)
Vol. 56 Ch. 815
ပင်မစကြာဝဠာတွင် လင်းယွမ်က တိတ်ဆိတ်စွာ ထိုင်နေသည်။
" အချိန်လေဟာနယ်။ " လင်းယွမ်က လက်ရှိ အချိန်လေဟာနယ်အပေါ် နားလည်မှုတွင် သတ္တမအဆင့် အထွတ်အထိပ်တွင် ရှိနေပြီး အဋ္ဌမအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။
" စကြာဝဠာပျက်ဆီးပြီးတဲ့နောက်မှာ အရာအားလုံး အသစ်ကပြန်စတယ်။ အဲ့ဒီနေရာမှ ဖရိုဖရဲက အရာအားလုံးကို မွေးဖွားပေးတဲ့ မြင်ကွင်းက ပေါ်လာလိမ့်မယ်။ အဲ့ဒါက ဖရိုဖရဲနိယာမကို အခြေခံထားတဲ့ စွမ်းအားတွေရဲ့ ပြောင်းလဲမှုတွေကို နားလည်ဖို့ ကြီးမားတဲ့ အခွင့်အရေးပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ထိုမြင်ကွင်းမျိုးက စကြာဝဠာအတွင်း၌သာ မြင်တွေ့နိုင်ပြီး အပြင်မှဆိုလျှင် မီးခိုးရောင်မြူခိုးများကိုသာ မြင်တွေ့ရပေလိမ့်မည်။
" စကြာဝဠာပျက်ဆီးတဲ့အချိန်မှာ စကြာဝဠာက ဘယ်လိုပြန်လည်ဖြစ်တည်လာလဲဆိုတာ စောင့်ကြည့်ဖို့ ကိုယ်ပွားတစ်ခုကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ ထားခဲ့ရတယ်။ "
မည်သို့ပင်ဖြစ်စေ သူ၏ ရှင်သန်နိုင်စွမ်းအတွက် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ကိုယ်ပွားတစ်ခုကို ထားခဲ့မည်ဖြစ်သည်။ နောက်ဆုံးတွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အငြင်းပွားဖွယ်ရာမရှိ အလုံခြုံဆုံး နေရာတစ်ခုဖြစ်သည်။ ကြောင်းကျိုးဆက်မှုနှင့် အချိန်လေဟာနယ်တို့ကို ပိုင်းခြားထားသောကြောင့် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်တွင် မကျော်လွှားနိုင်သော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရလျှင်တောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ကိုယ်ပွားက ရှင်သန်နိုင်ပေလိမ့်မည်။
" လင်းယွမ် " ထိုအချိန်တွင် ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများက ပေါ်လာကြသည်။
" လူသားမျိုးနွယ်တစ်ခုလုံးကို ရွှေ့ပြောင်းတာက ပြီးသလောက်ဖြစ်နေပြီ။ ဒါပေမယ့် နောက်ပိုင်းမှာ အခြားမျိုးနွယ်တွေက ငါတို့နဲ့အတူ လိုက်ပါခွင့်ရဖို့အတွက် လူသားမျိုးနွယ်နဲ့ အပြည့်အဝ ပေါင်းစည်းချင်တယ်လို့ တောင်းဆိုနေကြတယ်။ "
" ဒီကိစ္စနဲ့ ပက်သက်ပြီး မင်းဘယ်လိုမြင်လဲ။ " ကြီးမြတ်သူ ရှချင်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
" သူတို့ကို ခေါ်ခဲ့လိုက်ပါ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
စကြာဝဠာပျက်ဆီးချိန်တွင် သက်ရှိအများစုက ၎င်းနှင့်အတူ ပျက်ဆီးသွားကြပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ရှင်သန်နိုင်ခြေ နည်းပါးလှသည်။ လူသားမျိုးနွယ်တစ်ခုလုံး ရွှေ့ပြောင်းနိုင်သည့် အဓိကအကြောင်းရင်းမှာ လင်းယွမ်ကြောင့်သာဖြစ်သည်။
ထို့ကြောင့် အခြားမျိုးနွယ်မှ အင်အားကြီးသူများအနေဖြင့် ရှင်သန်မှုအတွက် လူသားမျိုးနွယ်ထံ ခိုလှုံခြင်းက ကျိုးကြောင်းဆီလျော်လှသည်။ လင်းယွမ်က ထိုကိစ္စနှင့်ပက်သက်၍ စိုးရိမ်မှုမရှိပေ။ အခြားမျိုးနွယ်များ လူသားမျိုးနွယ်သို့ ခိုလှုံခြင်းမှာ ကျွန်ပြုခံရခြင်းနှင့်ဆင်တူပြီး သူတို့က မရေတွက်နိုင်သော ကန့်သတ်ချက်များအောက်တွင် ရှိနေသောကြောင့် ပုန်ကန်ရန် အခွင့်အရေး လုံးဝမရှိပေ။
" ကောင်းပြီ။ " ကြီးမြတ်သူကိုးယောက်က သဘောတူညီစွာဖြင့် ခေါင်းညိမ့်ပြီး ပျောက်ကွယ်သွားကြသည်။
ခဏကြာသောအခါ လင်းယွမ်နှင့် မနီးမဝေးတွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။ သူတို့က ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်ဖြစ်သည်။
" ကြီးမြတ်သူနဂါးငွေ့တန်း... " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က လင်းယွမ်ကို အရိုအသေပေးလိုက်သည်။
" အင်း " လင်းယွမ်က မျက်လုံးများဖွင့်ပြီး သူတို့ကို ကြည့်လိုက်သည်။
ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က သူတို့၏ စိတ်ထဲမှ တုန်ယင်သွားကြသည်။ လင်းယွမ်၏ အကြည့်က သူတို့အပေါ်သို့ ကျရောက်လာချိန်တွင် သူတို့၏ အကြည့်များက ရုတ်တရက် ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
" အကြည့်တစ်ချက်နဲ့တောင် ဒီလိုခံစားရစေတယ်။ တကယ်လို့ ကြီးမြတ်သူနဂါးငွေ့တန်းက ငါတို့ကို သတ်ဖို့ ရည်ရွယ်ခဲ့ရင် ဘိုးဘေးအိမ်ကတောင် ငါတို့ကို ကာကွယ်နိုင်မှာမဟုတ်ဘူး။ " ကြီးမြတ်သူတစ်ယောက်က ကြောက်ရွံ့စွာဖြင့် စိတ်ထဲမှ တွေးလိုက်သည်။
" သူက မဟာသူတော်စင်တစ်ပါး ပြန်ဝင်စားတယ်ဆိုတာ မထူးဆန်းဘူး။ စကြာဝဠာရဲ့ ဖိနှိပ်မှုအောက်မှာတောင် ဒီလောက် ကြောက်စရာကောင်းနေတယ်။ "
ကပ်ဘေးမျိုးနွယ်က ဖရိုဖရဲဟင်းလင်းပြင်ရှိ မဟာသူတော်စင် အဖွဲ့အစည်းတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူတို့က အချို့အရာများကို နက်ရှိုင်းစွာ သိရှိထားကြသည်။
" စကြာဝဠာရဲ့ ဖိနှိပ်မှုသာမရှိရင် ကြီးမြတ်သူနဂါးငွေ့တန်းက သူရဲ့ မဟာသူတော်စင်အဆင့်ကို မြန်မြန် ပြန်ရောက်သွားနိုင်တယ်။ " ကပ်ဘေမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က စိတ်ထဲမှ အံ့အားသင့်သွားကြသည်။
" ဘာလို့ဒီကို လာကြတာလဲ။ " လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
သူက ကပ်ဘေးမျိုးနွယ်၏ လျို့ဝှက်ချက်များအပြင် သစ်သားအိမ်လေးအကြောင်းလည်း သိရှိထားသည်။
" ကြီးမြတ်သူနဂါးငွေ့တန်းရဲ့ ခွန်အားနဲ့ စကြာဝဠာပျက်ဆီးခြင်းကို ဖြတ်ကျော်နိုင်တယ်ဆိုပေမယ့် သတိတော့ထားသင့်ပါတယ်။ " ဘယ်ဘက်မှ ကြီးမြတ်သူက စကြာဝဠာအပြင်ဘက်သို့ ကြည့်ပြီး ပြောလိုက်သည်။
" စကြာဝဠာအပြင်ဘက်က အရာလား။ " လင်းယွမ်ကလည်း စကြာဝဠာအပြင်လက်သို့ကြည့်ပြီး အတွေးနက်သွားသည်။
" စကြာဝဠာတစ်ခုပျက်ဆီးတဲ့ အချိန်တိုင်း မရေတွက်နိုင်တဲ့ လုယက်သူတွေကို ဆွဲဆောင်သွားတယ်။ " အခြားကြီးမြတ်သူတစ်ယောက်ကလည်း ပြောလိုက်သည်။
မည်သည့်နေရာတွင်ဖြစ်စေ လုယက်တိုက်ခိုက်ခြင်းက အရင်းအမြစ်များ ရရှိရန်အတွက် အမြန်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အားနည်းသူက အားကြီးသူ၏ အစာဖြစ်သည်။
လုယက်သးများအတွက် ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာသော စကြာဝဠာများက အရသာရှိသော အစားအသောက်များ ဖြစ်ကြသည်။ သူတို့၏ ပစ်မှတ်က စကြာဝဠာပျက်ဆီးခြင်းမှ လွတ်မြောက်လာသော အလွှာဆယ့်နှစ်များပင် ဖြစ်သည်။
စကြာဝဠာ၏ ကာကွယ်မှုအတွင်း နေထိုင်ခဲ့ရသော အလွှာဆယ့်နှစ်များက မရေတွက်နိုင်သော အန္တရာယ်များကို ဖြတ်သန်းခဲ့ရသည့် ဖရိုဖရဲဟင်းလင်းပြင်မှ အင်အားကြီးသူများနှင့်ယှဉ်လျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက်အားနည်းပေသည်။
စကြာဝဠာပျက်ဆီးခြင်းမှ လွတ်မြောက်လာပြီး ဖရိုဖရဲဟင်းလင်းပြင်သို့ ဝင်ရောက်လာသော အလွှာဆယ့်နှစ်များက အရင်အမြစ်များနှင့် ရတနာများကို သယ်ဆောင်လာကြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
" အမှန်ပဲ။ " ကပ်ဘေးမျိုးနွယ်၏ ပထမကြီးမြတ်သူက ခေါင်းညိမ့်လိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်ရှိ လုယက်သူများထဲတွင် အင်အားကြီးသူများ ရှိနေကြပြီး လွှမ်းနိုးခြင်းအဆင့်များပင် ပါဝင်နေသည်။ စကြာဝဠာပျက်ဆီးခြင်းမှ လွတ်မြောက်လာသော အလွှာဆယ့်နှစ်များက အနည်းဆုံး ဖရိုဖရဲသလင်းကျောက် တစ်သောင်းကျော် တန်ဖိုးရှိသော အရင်းအမြစ်များနှင့် ရတနာများကို သယ်ဆောင်လာကြပေလိမ့်မည်။
လွှမ်းမိုးခြင်းအဆင့်တစ်ယောက်က စကြာဝဠာပျက်ဆီးခြင်းမှ လွတ်မြောက်လာသော အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တစ်ယောက်ကို နှိမ်နင်းရန် အားစိုက်စရာပင်မလိုပေ။ ဖရိုဖရဲသလင်းကျောက် သောင်းချီကို အလွယ်တကူရရှိခြင်းက လွှမ်းမိုးခြင်းအဆင့်တစ်ယောက်ပင် လက်လွှတ်ခံမည်မဟုတ်ပေ။
" ပုံမှန်ဆိုရင်တော့ စကြာဝဠာပျက်ဆီးခြင်းက ခန့်မှန်းလို့မရတဲ့အတွက် လုယက်သူတွေကလည်း တိတိကျကျ မသိနိုင်ကြဘူး။ " ကပ်ဘေးမျိုးနွယ်၏ ဒုတိယကြီးမြတ်သူက ပြောလိုက်သည်။ " ဒါပေမယ့် ကြီးမြတ်သူနဂါးငွေ့တန်းရရှိခဲ့တဲ့ သတင်းအရဆို ကျုပ်တို့ စကြာဝဠာက မဟာသူတော်စင်နှစ်ပါးရဲ့ တိုက်ပွဲသက်ရောက်မှုကြောင့် အချိန်မတိုင်ခင် ပျက်ဆီးရမှာပဲ။ "
" ဒါကြောင့် ကျုပ်တို့ ခန့်မှန်းချက်အရ လုယက်သူတွေက မဟာသူတော်စင်နှစ်ပါးနောက်က လိုက်လာကြလိမ့်မယ်။ သူတို့က တိုက်ပွဲကြောင့် အချိန်မတိုင်ခင် ပျက်ဆီးသွားတဲ့ စကြာဝဠာတွေကို အဓိကပစ်မှတ်ထားကြလိမ့်မယ်။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူများက အရာအားလုံးကို နည်းလမ်းတကျ တွေးတောထားခဲ့သည်။
အမှန်တော့ သူတို့က စကြာဝဠာအပြင်ဘက်ကို ထွက်မည်မဟုတ်သောကြောင့် စကြာဝဠာပျက်ဆီးခြင်းက သူတို့၏ ရှင်သန်မှုကို ထိခိုက်စေမည်မဟုတ်ပေ။ ကပ်ဘေးမျိုးနွယ်၏ လူဦးရေကလည်း နည်းသောကြောင့် ဘိုးဘေးအိမ်ထဲသို့ ဝင်ရောက်နေရုံနှင့် အားလုံးကို သက်သောင့်သက်သာ ဖြတ်သန်းရပေလိမ့်မည်။
သို့သော် ကြီးမြတ်သူနဂါးငွေ့တန်းနှင့် လူသားမျိုးနွယ်တစ်ခုလုံးက ရွှေ့ပြောင်းကြမည်ဖြစ်သောကြောင့် စကြာဝဠာအတွင်းမှ ကပ်ဘေးကိုသာမက အပြင်ဘက်မှ ကပ်ဘေးကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။
ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က လင်းယွမ်ကို ကျရှုံးလိမ့်မည်မဟုတ်သည်ကို ယုံကြည်လေသည်။ မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားခြင်းက မည်မျှပြင်းထန်သော ဒဏ်ရာရရှိသည်ဖြစ်စေ လွှမ်းမိုးခြင်းအဆင့်များ ဝိုင်းတိုက်လျှင်တောင် ကျရှုံးနိုင်မည်မဟုတ်ပေ။ သူတို့က လင်းယွမ်ကို သတိပေးရုံသာဖြစ်သည်။
" သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်ပြောသည်မှာ မှန်ပေသည်။ ဖရိုဖရဲအရှင်သခင်တစ်ယောက်ပင် စကြာဝဠာ၏ နောက်ဆုံးတန်ပြန်မှုလှိုင်းကို ရင်ဆိုင်ရသောအခါ ဒဏ်ရာရသွားနိုင်ခြေရှိသည်။
ထိုကြီးမြတ်သူနှစ်ယောက်က လင်းယွမ်၏ အစစ်အမှန်စွမ်းအားကို မသိကြသေးပေ။ သူတွင် သွေးပြန်လည်မွေးဖွားခြင်း၊ ရွှမ်ဟွမ်မူလခန္ဓာနှင့် ဒြပ်စင်ခန္ဓာတို့ ရှိနေသည်။ ဒဏ်ရာများ မည်မျှပြင်းထန်သည်ဖြစ်စေ လင်းယွမ်၏ ပြန်လည်ကုသနိုင်စွမ်းက ခဏသာ ကြာပေလိမ့်မည်။
ကုမင်ဖရိုဖရဲကုန်းမြေတွင် လင်းယွမ်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။
" မဆိုးဘူး...." လင်းယွမ်က ကျေနပ်နေသည်။
ထိုအစိတ်အပိုင်းကမ္ဘာက ပင်မစကြာဝဠာ၏ တစ်ထောင်ပုံတစ်ပုံသာ ရှိသော်လည်း လူသားမျိုးနွယ်တစ်ခုလုံး နေထိုင်နိုင်ကြသည်။
" ကြယ်မျက်ရည်တွေရဲ့ အော်ရာ..." လင်းယွမ်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာကို ငုံ့ကြည့်ပြီး မြေပြင်တွင် ပျံ့နှံ့နေသော နူးညံ့သည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
ထိုစွမ်းအားက သက်ရှိများ ရှင်သန်ကြီးထွားနိုင်ရန်အတွက် အလွန်အထောက်အကူဖြစ်စေသည်။ ဝမ်ချူးက ထိုကမ္ဘာကို ဖရိုဖရဲသလင်းကျောက် ၁.၂ သန်း စျေးခေါ်ရဲခြင်းမှာ ကြယ်မျက်ရည်များ၏ သဘာဝဂုဏ်သတ္တိများကြောင့် ဖြစ်သည်။
" သက်ရှိတွေနေဖို့က ဖရိုဖရဲဟင်းလင်းပြင်နဲ့ စကြာဝဠာတွေက အကောင်းဆုံးပဲ။ အဲ့ဒီမှာဆို သက်ရှိတွေက ကြီးမားတဲ့ ဖြစ်နိုင်ခြေတွေနဲ့ အကန့်အသတ်မဲ့တဲ့ အလားအလာတွေကို ထုတ်ဖော်နိုင်လိမ့်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။