← Chapters

အခန်း (၈၁၇)

Vol. 56 Ch. 817

အခန်း (၈၁၇)

Vol. 56 Ch. 817

" ငါ့ရဲ့ အသက်အဆင့်က အရမ်းနိမ့်နေလို့ဖြစ်ရမယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။

လက်ရှိသူ၏ အဆင့်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိနေသေးသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ကြီးပြင်းလာသူတစ်ယောက်ပင် သူ၏ အခြေအနေတွင် အချိန်သွေး၏ လျို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန် အလွန်ပင်ခက်ခဲလှသည်။

" ဟင် " လင်းယွမ်က အချိန်သွေးစက်ကို ဆက်လက်လေ့လာရန ပြင်ဆင်နေစဉ် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုခဏတွင် သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ပျောက်ကွယ်သွားပြီး ပင်မစကြာဝဠာတွင် ပေါ်လာကာ စကြာဝဠာအပြင်ဘက်သို့ စိုက်ကြည့်လိုက်သည်။

" ရောက်လာပြီ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

သူ၏ လက်ရှိအာရုံခံနိုင်စွမ်းဖြင့်ပင် အလွန်ကြောက်စရာကောင်းသော လှိုင်းလုံးကြီးတစ်ခုက သူ၏ ဦးတည်ရာသို့ ဝါးမြိုရန် ပြေးလာနေသည်ကို မှေးမှိန်စွာ ခံစားလိုက်ရသည်။

" အဲ့ဒါက ကပ်ဘေးကြီးတစ်ခုပဲ။ " လင်းယွမ်က ကြောက်စရာကောင်းသော လှိုင်းများကို ခံစားနေရသည်။

ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲကြောင့် စကြာဝဠာက အချိန်မတိုင်မီ ပျက်ဆီးခြင်းသို့ ဦးတည်သွားခဲ့သည်။ အကယ်၍ လင်းယွမ်သာမရှိလျှင် လူသားမျိုးနွယ်တွင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

လင်းယွမ်တို့ နေထိုင်ရာ ပင်မစကြာဝဠာသာမကဘဲ မဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းရှိ စကြာဝဠာတိုင်းက အချိန်မတိုင်မီ ပျက်ဆီးခြင်းသို့ ကျရောက်ပေလိမ့်မည်။

ထိုစကြာဝဠာများအတွင်းရှိ သက်ရှိများအတွက်မူ ၎င်းက ရှောင်လွှဲ၍မရသော ကပ်ဘေးကြီးတစ်ခုဖြစ်သည်။ ၎င်းက ဖရိုဖရဲဟင်းလင်းပြင်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ဖရိုဖရဲမဟာသူတော်စင်များ၏ စွမ်းအားပင်ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုတိုင်းက သက်ရှိများ၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည်။

" အားလုံး ပြင်ဆင်ထားကြပါ။ " လင်းယွမ်က လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကို ဆက်သွယ်လိုက်သည်။

လူသားမျိုးနွယ်က ရွှေ့ပြောင်းခြင်းကို အပြီးသတ်ပြီးခဲ့ပြီဖြစ်ရာ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ကပ်ဘေးကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်နေခဲ့ရသည်။

" လင်းယွမ် ရောက်လာပြီလား။ " ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

သူတို့၏ အချိန်လေဟာနယ်အပေါ် နားလည်မှုမှာ ဆဋ္ဌမအဆင့်သာ ရှိပြီး လင်းယွမ် ခံစားနေရသော စွမ်းအားလှိုင်းများကို သူတို့မခံစားနိုင်ကြပေ။

" ရောက်လာတော့မယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ထိုစကားများက ကြီးမြတ်သူကိုးယောက်ကို ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်စေခဲ့သည်။ သူတို့၏ စကြာဝဠာမှာ ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲကြောင့် အချိန်မတိုင်မီ ပျက်ဆီးရမည်ကို လင်းယွမ်ထံမှ သူတို့ ကြားခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။

မဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲလမ်းကြောင်းမှာ ခန့်မှန်းရုံသာဖြစ်ပြီး ရုတ်တရက် လမ်းကြောင်းပြောင်းသွားနိုင်သောကြောင့် လင်းယွမ်ပင် အချိန်အတိအကျကို မပြောနိုင်ခဲ့ပေ။ ထိုမသေချာမှုမှာ သူတို့၏ မိခင်စကြာဝဠာအပေါ် သံယောဇဉ်တွယ်နေကြသော ကြီးမြတ်သူကိုးယောက်အတွက် မျှော်လင့်ချက်အရိပ်အယောင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ယခု လင်းယွမ်၏ ပြင်ဆင်ရန် သတိပေးချက်က ကပ်ဘေးက လက်တစ်ကမ်းသို့ ရောက်နေပြီး ရှောင်လွှဲ၍ မရသည့်အမှန်တရားတစ်ခု ဖြစ်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ဖျက်ဆီးခြင်းစွမ်းအားနှစ်ခုက ပင်မစကြာဝဠာနှင့် နီးကပ်လာခဲ့သည်။ ထိုအချိန်တွင် လင်းယွမ်သာမက အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း ၎င်းကို ခံစားမိကြသည်။

" စကြာဝဠာက ပျက်ဆီးတော့မှာလား။ " အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း တုန်လှုပ်သွားကြသည်။

လင်းယွမ်ကဲ့သို့ ထူးခြားသူများမှ လွဲ၍ အခြားသူများအတွက် စကြာဝဠာပျက်ဆီးခြင်းက အန္တရာယ်ကြီးမားသော ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရခြင်းဖြစ်သည်။ ထို့အပြင် စကြာဝဠာက အချိန်မတိုင်မီ ပျက်ဆီးခြင်းဖြစ်သောကြောင့် သူတို့၏ ခွန်အားကို မြှင့်တင်ရန် အချိန်များစွာ ဆုံးရှုံးသွားပြီး သူတို့၏ ရှင်သန်နိုင်ခြေကို ပို၍ လျော့နည်းသွားစေခဲ့သည်။

" မဟာသူတော်စင်တွေရဲ့ တိုက်ပွဲ..." ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က သစ်သားအိမ်ထဲတွင် ရှိနေကြပြီး ကြီးမားသော စွမ်းအားလှိုင်းများကို လေ့လာနေကြသည်။

" ဖရိုဖရဲမဟာသူတော်စင်ဖြစ်ပေမယ့် သူတို့က စကြာဝဠာကို အချိန်မတိုင်မီ ပျက်ဆီးအောင်ပဲလုပ်နိုင်တာ။ စကြာဝဠာတစ်ခုကို လုံးဝမဖျက်ဆီးပစ်နိုင်ဘူး။ ငါတို့ဘိုးဘေးအိမ်ထဲမှာ နေမယ်ဆိုရင် အန္တရာယ်မရှိနိုင်ဘူး။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က တိုးညှင်းစွာ ရေရွတ်လိုက်ကြသည်။

စကြာဝဠာများက ဖရိုဖရဲနိယာမဖြင့် ကာကွယ်ထားပြီး ဖရိုဖရဲမဟာသူတော်စင်များပင် ၎င်းကို လုံးဝ မဖျက်ဆီးပစ်နိုင်ကြပေ။

လင်းယွမ်က ပင်မစကြာဝဠာထဲတွင် ထိုင်နေပြီး ရိုက်ခတ်လာသော ဖျက်ဆီးခြင်းစွမ်းအားလှိုင်းများကို အာရုံစိုက်နေသည်။ ထိုဖျက်ဆီးခြင်းစွမ်းအားလှိုင်းများက တစ်ခုနှင့်တစ်ခု အဆက်မပြတ် ရောထွေးတိုက်ခိုက်နေကြပြီး ဖရိုဖရဲဟင်းလင်းပြင်အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေခဲ့သည်။

ပင်မစကြာဝဠာကလည်း ထိုစွမ်းအားဖြတ်သန်းသွားသောအခါ ထိခိုက်မှုများကို ကြုံတွေ့ခဲ့ရပြီး ပျက်ဆီးခြင်းသို့ စတင်ဝင်ရောက်သွားခဲ့သည်။ သေချာကြည့်လျှင် စွမ်းအားတစ်ခုမှာ နီရဲနေပြီး ဖရိုဖရဲမီးတောက်တစ်ခု ဖြစ်နေသည်။

ထိုဖရိုဖရဲမီးတောက်က ရင်းမြစ်ကမ္ဘာမှ အရှင်ချင်းဖန်၏ ဖရိုဖရဲမီးတောက်နှင့် လုံးဝ ကွဲပြားနေသည်။ အရှင်ချင်းဖန်၏ ဖရိုဖရဲမီး​တောက်က သန့်စင်သော ဖျက်ဆီးခြင်းနှင့် လောင်ကျွမ်းခြင်း စွမ်းအားများ ဖြစ်သော်လည်း ယခုဖရိုဖရဲမီးတောက်က အသက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ပြန်လည်မွေးဖွားခြင်းအနှစ်သာရများ ပါဝင်နေသည်။

" နဝမဖီးနစ်မဟာသူတော်စင်လား။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။

တိုက်ပွဲကို ကိုယ်တိုင်မမြင်ရသော်လည်း ထိုစွမ်းအားမှာ နဝမဖီးနစ်မဟာသူတော်စင်ဆီမှ ဆင်းသက်လာခြင်းဖြစ်သည်ကို သူသိနေသည်။ နဝမဖီးနစ်မဟာသူတော်စင်က ဖရိုဖရဲမီးတောက်ကို ကျွမ်းကျင်ပြီးနောက် ဖရိုဖရဲမဟာသူတော်စင်အဆင့်သို့ တက်လှမ်းခဲ့သူဖြစ်သည်။

မီးတောက်နှင့် ဆန့်ကျင်ဘက်စွမ်းအားမှာ အမှောင်စွမ်းအားဖြစ်ပြီး အရာအားလုံးကို သေခြင်းထဲသို့ ဝါးမြိုသွားသော ကြီးမားသည့်အရိပ်တစ်ခုဖြစ်သည်။

" အရိပ်နတ်ဆိုးမဟာသူတော်စင်..." လင်းယွမ်၏ အတွေးများက လှုပ်ရှားလာသည်။

ထိုအရိပ်စွမ်းအားက ဖရိုဖရဲမီးတော်ကို ဆန့်ကျင်နိုင်သော အရိပ်နတ်ဆိုးမဟာသူတော်စင်၏ စွမ်းအားပင်ဖြစ်သည်။

ဝုန်း....

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုမှ အပြင်ဘက်သို့ ပြန့်ကားသွားပြီး ဟင်းလင်းပြင်တစ်လျှောက် ဖရိုဖရဲလှိုင်းများကို ဖြစ်ပေါ်သွားစေသည်။ အဆုံးမရှိသော ဖရိုဖရဲဟင်းလင်းပြင်ဒေသများက ဖျက်ဆီးခံလိုက်ရသည်။

လင်းယွမ်၏ အာရုံခံနိုင်စွမ်းက မြင့်တက်လာသည်။ သူ၏ အချိန်လေဟာနယ် သတ္တမအဆင့် နားလည်မှု​ကြောင့် ပင်မစကြာဝဠာနှင့် နီးကပ်နေသော အိမ်နီးချင်းစကြာဝဠာတစ်ခုကို အာရုံခံမိလိုက်သည်။ ထိုစကြာဝဠာက စွမ်းအားနှစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးဖြစ်သည်။

ဝုန်း...

စကြာဝဠာက စတင်ပြိုလဲလာပြီး အချိန်မြစ်ကလည်း အရှိန်အဟုန်ဖြင့် ခမ်းခြောက်လာကာ အတွင်းရှိသက်ရှိများက အကာအကွယ်မဲ့ပြီး ထိတ်လန့်သွားခဲ့သည်။

" အား..."

" ပျက်ဆီးတာလား။ ငါတို့စကြာဝဠာက ဒီလောက်စောစောစီးစီး မပျက်ဆီးသင့်ဘူးလေ။ ဒါက ဘယ်လိုဖြစ်တာလဲ။ "

" ငါတို့မျိုးနွယ်ဝင်တွေ မရွှေ့ပြောင်းရသေးဘူး။ "

ပျက်ဆီးနေသော စကြာဝဠာအတွင်းရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ကပ်ဘေးကို ခံစားမိလိုက်ကြသော်လည်း ရတနာများကိုသာ အတွင်းစကြာဝဠာထဲသို့ သိမ်းဆည်းနိုင်ခဲ့ကြပြီး သူတို့၏ မျိုးနွယ်များမှာ ပျက်ဆီးခြင်းနှင့် တိုက်ရိုက်ရင်ဆိုင်ခဲ့ရသည်။

မျိုးနွယ်တစ်ခုလုံးက မျက်စိတစ်မှိတ်အတွင်း ​ပျက်ဆီးသွားခဲ့ရသည်။ သူတို့က နာကျင်မှုကိုပင် မခံစားလိုက်ရဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ဝုန်း ဝုန်း....

စကြာဝဠာက အတွင်းသို့ ဆက်လက်ပျက်ဆီးလာပြီး ရှောင်လွှဲ၍ မရသော ပျက်ဆီးခြင်းသို့ ဦးတည်နေသည်။

" အဲ့ဒီနေရာက အလွှာဆယ့်နှစ် ကြီးမြတ်သူတွေက အသက်ရှင်ကျန်ရစ်သူ ဆယ်ယောက်တောင် မပြည့်လောက်ဘူး။ " လင်းယွမ်က အာရုံခံပြီး ကောက်ချက်ချလိုက်သည်။

ကြိုတင်သိရှိပြီး ပြင်ဆင်မှုရှိခြင်းမရှိခြင်းက အလွန်ကွာခြားလှသည်။ အထူးသဖြင့် အလွှာဆယ့်နှစ်အောက်ရှိ သက်ရှိများအတွက်ဖြစ်သည်။ ကြိုတင်သိရှိပြီးနောက် အားနည်းသော သက်ရှိများက အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အတွင်းစကြာဝဠာထဲတွင် နေထိုင်ခြင်းဖြင့် အသက်ရှင်နိုင်ရန် အခွင့်အရေး အနည်းငယ် ရှိပေလိမ့်မည်။

ပြင်ပပျက်ဆီးမှုမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ခမ်းခြောက်နေသော အချိန်မြစ်အတွင်း ကျရှုံးသွားနိုင်သည်။ အချိန်မြစ်၏ ချည်နှောင်ခြင်းခံထားရသော မည်သူမဆို သေချာပေါက် သေခြင်းတရားပင် ဖြစ်သည်။

လင်းယွမ်က တဖြည်းဖြည်းပျက်ဆီးနေသော အနီးဆုံးစကြာဝဠာကို တည်ငြိမ်စွာ ကြည့်နေသည်။

" ဖရိုဖရဲမဟာသူတော်စင်တွေရဲ့ ခွန်အားက ငါယှဉ်နိုင်တဲ့အဆင့်ထက် အဝေးကြီးလိုသေးတယ်။ ဖရိုဖရဲနိယာမက ဖော်ထုတ်ထားတဲ့ သူတို့၏ စွမ်းအားက စိတ်ကူးကြည့်ဖို့တောင် ခက်ခဲတယ်။ "

" ငါ့ရဲ့ ဖရိုဖရဲယင်ယန်ထိုက်ကျိသာ ထွက်ပေါ်လာရင် ဘယ်လိုပုံစံဖြစ်မလဲ။ သူတို့ရဲ့ ဖရိုဖရဲမီးတောက်နဲ့ အရိပ်တွေကို ယှဉ်န်ုင်မလားဆိုတာ သိချင်မိတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ကြီးမားသော စွမ်းအားများနှင့် တိုက်ပွဲ၏ အလယ်တွင် ပုံရိပ်နှစ်ခုက မြင့်မားစွာ ရပ်တည်နေသည်။ သူတို့နှစ်ယောက်၏ ကြောက်မက်ဖွယ်ရာ အော်ရာများက ဖရိုဖရဲဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲသွားစေနိုင်သည်။

" နဝမဖီးနစ်...ငါတို့နှစ်ယောက်လုံး မဟာသူတော်စင်တွေဖြစ်နေပြီ။ ဘာလို့ဒီလိုအဆုံးမရှိတိုက်ခိုက်နေမှာလဲ။ " အဆုံးမရှိသော အရိပ်များ လွှမ်းခြုံထားသော ညာဘက်မှ အမျိုးသားပုံရိပ်က ပြောလိုက်သည်။

" အဆုံးမရှိဘူးဟုတ်လား။ အရိပ်နတ်ဆိုး နင်က ငါ့ရဲ့ ဆွေမျိုးတွေကို မျိုးတုံးအောင် သတ်ဖြတ်ခဲ့တာလေ။ ငါ သေရမယ်ဆိုရင်တောင် နင့်ကိုငါ ဖျက်ဆီးပစ်မယ်။ " အေးစက်သော အမူအရာနှင့် အမျိုးသမီးဖြစ်သူ နဝမဖီးနစ်မဟာသူတော်စင်က အရိပ်နတ်ဆိုးမဟာသူတော်စင်ကို ဒေါသတကြီးစိုက်ကြည့်နေပြီး သူမ၏ မျက်လုံးထဲတွင် မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။

All Chapters