အခန်း (၈၁၈)
Vol. 56 Ch. 818
နဝမဖီးနစ်မဟာသူတော်စင်က ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာပြီး သူမတွင် မွေးချင်းရှစ်ယောက်ရှိခဲ့သည်။ စကြာဝဠာခေတ်များစွာကြာအောင် သူမက ထိုမွေးချင်းများနှင့်အတူ နေထိုင်ခဲ့သည်။
ထိုအချိန်က အရိပ်နတ်ဆိုးမှာ မဟာသူတော်စင်တစ်ယောက်မဟုတ်သေးဘဲ ဖရိုဖရဲအရှင်သခင်တစ်ယောက်သာ ဖြစ်သည်။ သူက ထိုမွေးချင်းများ၏ အသားကို ကျင့်ကြံခြင်းအတွက် အသုံးပြုရန် သူတို့ရှစ်ယောက်လုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
နဝမဖီးနစ်က သူမ မွေးချင်းများ၏ အကူအညီကြောင့် အသက်ရှင်လွတ်မြောက်ခဲ့ပြီး ထိုသို့ဖြင့် သူတို့၏ ကြီးမားသော ရန်ငြိုးက စတင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် နှစ်ယောက်လုံးက မဟာသူတော်စင်အဆင့်သို့ တက်လှမ်းခဲ့သည်။
ဖရိုဖရဲအရှင်သခင်များကြား တိုက်ပွဲများမှာ စွမ်းအားကုန်ခမ်းမှုရှိနိုင်သောကြောင့် သူတို့၏ ရင်ဆိုင်မှုများမှာ တစ်ခါတစ်ရံသာ ဖြစ်ပွားလေ့ရှိသည်။ သို့သော် ဖရိုဖရဲနိယာမမှ ဆင်းသက်လာသော စွမ်းအားများကို ကိုင်စွဲထားသည့် မဟာသူတော်စင်များ ဖြစ်လာသောအခါ သူတို့က ဖရိုဖရဲဟင်းလင်းပြင်ထံမှ အဆုံးမရှိအရင်းအမြစ်များကို ရယူကာ အကန့်အသတ်မရှိ တိုက်ခိုက်နိုင်ကြပြီဖြစ်သည်။
" ငါ့ကို သတ်ဖို့လား။ မင်းရဲ့ ဖရိုဖရဲမီးတောက်က မပြည့်စုံသေးဘူး။ မင်းငါ့ကို သတ်လို့မရပါဘူး။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ပြောလိုက်သည်။
နဝမဖီးနစ်မဟာသူတော်စင်က သူ့ကို အန္တရာယ်မပေးနိုင်သကဲ့သို့ သူကလည်း နဝမဖီးနစ်မဟာသူတော်စင်ကို အန္တရာယ်မပေးနိုင်ပေ။ သူမ၏ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော ဖရိုဖရဲမီးတောက်က သူမကို တိုက်ပွဲတွင် မသေနိုင်သူတစ်ယောက်ကဲ့သို့ ဖြစ်စေသည်။ ထိုအချက်ကို မဟာသူတော်စင်များစွာက တုန့်ပြန်နိုင်စွမ်းမရှိကြပေ။
" နင့်ကို မသတ်နိုင်ဘူးပေါ့။ ဒါဆို နင့်ကိုပါ ငါနဲ့အတူ ဆွဲခေါ်သွားမယ်။ " နဝမဖီးနစ်မဟာသူတော်စင်၏ စကားများက အေးစက်ပြတ်သားလှသည်။
" နဝမဖီးနစ်....မင်းက တကယ်ရူးသွပ်နေတဲ့ မိန်းမပဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ပြောလိုက်သည်။
ဝုန်း...
စကားပြောနေကြသော်လည်း သူတို့က မျက်စိတစ်မှိတ်အတွင်း အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားကြသည်။ သူတို့၏ တိုက်ပွဲမှ စွမ်းအားများက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ဖရိုဖရဲဟင်းလင်းပြင်မှ စကြာဝဠာများကို အချိန်မတိုက်မီ ဆက်လက်ပျက်ဆီးစေခဲ့သည်။
" ရောက်လာပြီ။ " လင်းယွမ်က ထိုအခိုက်အတန့်ကို အာရုံစိုက်နေခဲ့သည်။
စွမ်းအားနှစ်ခု ရောက်ရှိလာချိန်တွင် ပင်မစကြာဝဠာ၏ မူလရင်းမြစ်ထံမှ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး အချိန်နှင့်လေဟာနယ်က စတင်ပြိုလဲလာသည်။
ပျက်ဆီးမှုက စကြာဝဠာ၏ အစွန်းပိုင်းမှ အတွင်းဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့လာပြီး မူလရင်းမြစ်သို့ ပြန်လည်ဦးတည်လာသည်။ လင်းယွမ်၏ အမူအရာကလည်း လေးနက်သွား၏။ ထိုပျက်ဆီးမှုမှ ရှင်သန်နိုင်မည်ဟု ယုံကြည်သော်လည်း သူက ပျက်ဆီးမှုကို ပေါ့ပေါ့တန်တန် သဘောမထားပေ။
ဝုန်း...
" ဟမ် " စကြာဝဠာစတင်ပျက်ဆီးလာချိန်တွင် လင်းယွမ်က ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသည်။
" ဒါက..." လင်းယွမ်က စိတ်ထဲမှ အနည်းငယ် ထိတ်လန့်သွားသည်။
စကြာဝဠာက စတင်ပျက်ဆီးလာချိန်တွင် အစွန်အဖျားကြယ်နယ်မြေများက ပြိုလဲသွားခဲ့သည်။ ထိုအချိန်တွင် လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းသည့်အရှိန်မှာ အဆမတန်မြင့်တက်လာသည်ကို သတိပြုမိခဲ့သည်။
လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းသည့်အရှိန်မှာ ရက်ကိုးဆယ်လျှင် တစ်မျှင်တွင် အမြဲတမ်းပိတ်မိနေခဲ့သည်။ သူက စကြာဝဠာ၏ ဟင်းလင်းပြင်ကို တိုက်ရိုက်ဆုတ်ဖြဲပြီး ထာဝရလေဟာနယ်အက်ကြောင်းတစ်ခု ဖန်တီးခြင်းကပင် တိုးတက်မလာခဲ့ပေ။
သို့သော် ယခု ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းသည့်အရှိန်က အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ရက်ကိုးဆယ်လျှင် တစ်မျှင်မှ ရက်ငါးဆယ်လျှင် တစ်မျှင်၊ ရက်နှစ်ဆယ်လျှင် တစ်မျှင်၊ တစ်ရက်လျှင် တစ်မျှင်၊ တစ်ရက်လျှင် ဆယ်မျှင်၊ တစ်ရက်လျှင် တစ်ထောင်မျှင်...
စကြာဝဠာပျက်ဆီးလာသည်နှင့်အမျှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းသည့်အရှိန်က အဆုံးမရှိတိုးတက်နေပုံရသည်။ အသက်ရှူချိန်အနည်းငယ်အတွင်း လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ရာနှင့်ချီ၍ စုဆောင်းမိသွားသည်။
" စကြာဝဠာပျက်ဆီးတာက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို ဒီလောက်ထိ စုဆောင်းပေးနိုင်တာလား။ " လင်းယွမ်က အံ့အားသင့်ကာ ဝမ်းသာသွားခဲ့သည်။
သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို မည်သို့သော စွမ်းအားမျိုး ဖြစ်သည်ကို နားမလည်ခဲ့ပေ။ အကယ်၍ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ စုဆောင်းပေးခြင်းသာမဟုတ်လျှင် သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို သိပင်သိမည်မဟုတ်ပေ။
လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးချိန်တွင် ဂိတ်တံခါး၏ အသုံးပြုပုံအမျိုးမျိုးကို တွေ့ရှိခဲ့ပြီး ထိုထဲတွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက အရာအားလုံးကို အသုံးပြုနိုင်လေသည်။
သီအိုရီအရဆိုလျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားသာ လုံလောက်လျှင် ဖရိုဖရဲမဟာသူတော်စင်တစ်ပါးကိုပင် ဖိနှိပ်ထားနိုင်သည်။ ဖိနှိပ်ခြင်းဆိုသည်မှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ သေးငယ်သော အသုံးဝင်မှုသာဖြစ်ပြီး အဓိကမှာ အရာအားလုံးကို ဖန်တီးခြင်းဖြစ်သည်။
" အခုဆိုရင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက တစ်ထောင်ကျော်သွားပြီ။ "
ပုံမှန်အားဖြင့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်ထောင်ကျော်ကို စုဆောင်းရန် နှစ်ပေါင်းနှစ်ရာမှ သုံးရာအထိ ကြာမည်ဖြစ်သည်။ သို့သော် ယခု ခဏအတွင်းပြည့်သွားခဲ့သည်။
စကြာဝဠာပျက်ဆီးခြင်းက လုံးဝကပ်ဘေးတစ်ဟုတော့ ပြော၍ မရပေ။ အနည်းဆုံး လက်ရှိအရှိန်အရ စကြာဝဠာပျက်ဆီးခြင်း စတင်ချိန်မှ အဆုံးထိ သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို သန်းနှင့်ချီ၍ စုဆောင်းနိုင်ပေလိမ့်မည်။
" ဒါက စကြာဝဠာတစ်ခုလုံး ပျက်ဆီးသွားလို့ဖြစ်ရမယ်။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
အစတွင် သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို ထာဝရလေဟာနယ်အက်ကြောင်းနှင့် ဆက်စပ်နေလိမ့်မည်ဟု တွေးခဲ့သည်။ အကြောင်းမှာ ထာဝရလေဟာနယ်အက်ကြောင်း အောက်တွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုဆောင်းသည့်အရှိန်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။
သို့သော် သူက အလွှာဆယ့်နှစ်သို့ ရောက်သောအခါ ထိုသို့မဟုတ်သည်ကို သိခဲ့ရသည်။ ထာဝရလေဟာနယ်အက်ကြောင်းနှင့် နီးကပ်နေသောကြောင့် စုစည်းသည့်အရှိန်ကို မြှင့်တင်ပေးခြင်းမဟုတ်ဘဲ ဖရိုဖရဲဟင်းလင်းပြင်နှင့် နီးကပ်နေသောကြောင့် ဖြစ်သည်။
ယခုအခါ လင်းယွမ်က ထာဝရလေဟာနယ်အက်ကြောင်းအောက်တွင် ကိုယ်ပွားများမရှိသော်လည်း ဖရိုဖရဲဟင်းလင်းပြင်တွင် ကိုယ်ပွားတစ်ခုရှိသောကြောင့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းသည့်အရှိန်က ရက်ကိုးဆယ်လျှင် တစ်မျှင်ဖြစ်နေဆဲ ဖြစ်သည်။
ဝုန်း....
ပင်မစကြာဝဠာ၏ ကြီးမားသော နေရာများက ပြိုကွဲပျက်ဆီးနေပြီး ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူတို့၏ အတွင်းစကြာဝဠာထဲမှ မျိုးနွယ်ဝင်များ၏ အသက်တံဆိပ်များကို လွှဲပြောင်းယူရန် စတင်လိုက်သည်။
ယခုအချိန်တွင် စကြာဝဠာက လျင်မြန်စွာ ပျက်ဆီးနေသောကြောင့် စကြာဝဠာစိတ်အသိက အားနည်းသွားပြီဖြစ်သည်။ ထို့ကြောင့် အချိန်မြစ်ထဲမှ အသက်တံဆိပ်များကို လွှဲပြောင်းယူခြင်းက တန်ပြန်မှုကို လျော့နည်းသွားပေလိမ့်မည်။
အချိန်မြစ်က တဖြည်းဖြည်း ခမ်းခြောက်လာခဲ့သည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက အသက်တံဆိပ်များကို သူတို့၏ အတွင်းစကြာဝဠာထဲမှ အချိန်မြစ်ထဲသို့ လွှဲပြောင်းယူနေကြသည်။
ရုတ်တရက် တန်ပြန်သက်ရောက်မှုများစွာက ကျရောက်လာခဲ့သည်။ အလွှာဆယ့်နှစ်များက လေးနက်စွာဖြင့် စကြာဝဠာ၏ တန်ပြန်မှုကို ခံယူနေကြသည်။ သူတို့က ခံနိုင်ရည်မရှိသော သက်ရှိအရေအတွက်ထက် ပို၍ မသယ်ဆောင်သွားသရွေ့ သူတို့ရင်ဆိုင်ရမည့် တန်ပြန်မှုမှာ ခန့်မှန်းထားသော အတိုင်းအတာအတွင်းသာ ရှိပေလိမ့်မည်။
" ငါ့အလှည့်ရောက်ပြီ။ " လင်းယွမ်ကလည်း လူသားမျိုးနွယ်ဝင်များ၏ အသက်တံဆိပ်များကို အတွင်းစကြာဝဠာထဲသို့ စတင်လွှဲပြောင်းယူလိုက်သည်။
ဝုန်း ဝုန်း ဝုန်း....
အကယ်၍ အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အသက်တံဆိပ်များကို လွှဲပြောင်းယူခြင်းက တည်ငြိမ်သော ရေပြင်ကို လှိုင်းဂယက်လေးများ ဖြစ်ပေါ်သွားစေသကဲ့သို့ ဖြစ်လျှင် လင်းယွမ်က နိုင်ငံသားအားလုံး၏ အသက်တံဆိပ်များကို အတွင်းစကြာဝဠာထဲသို့ စတင်လွှဲပြောင်းလိုက်သောအခါ ထိုရေပြင်က ပေါက်ကွဲထွက်တော့မည်အလား ဆူပွက်လာခဲ့သည်။
မူလက အားနည်းနေသော စကြာဝဠာစိတ်အသိမှာ ရုတ်တရက် လန့်နိုးလာခဲ့သည်။ ၎င်းက စကြာဝဠာအတွင်းမှ မရေတွက်နိုင်သော အသက်တံဆိပ်များ အဆက်မပြတ် ပျောက်ကွယ်သွားသည်ကို ခံစားမိသွားသောကြောင့် ဖြစ်သည်။
ဝုန်း...
ကြောက်စရာကောင်းသော တန်ပြန်မှုက လင်းယွမ်ကု ဝန်းရံလာသည်။ အခြားအလွှာဆယ့်နှစ်များက ထိုတန်ပြန်မှုကို ခံစားမိသောအခါ စိတ်ထဲမှ တုန်လှုပ်သွားကြသည်။ အကယ်၍ သူတို့သာ ထိုတန်ပြန်မှုကို ရင်ဆိုင်ရလျှင် အသက်ရှုချိန်အနည်းငယ်ပင် ခံနိုင်ရည်မရှိဘဲ မျက်စိတစ်မှိတ်အတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
" အဲ့ဒါ ကြီးမြတ်သူနဂါးငွေ့တန်းပဲ။ "
" ကြီးမြတ်သူနဂါးငွေ့တန်းက လူသားမျိုးနွယ်တစ်ခုလုံးကို သူ့ရဲ့ အတွင်းစကြာဝဠာထဲမှာ သယ်ဆောင်ထားတာပဲ။ ဖြစ်ပေါ်လာမယ့်တန်ပြန်မှုက အရမ်းကြောက်စရာကောင်းလိမ့်မယ်။ "
" စကြာဝဠာစိတ်အသိက ဒေါသထွက်နေပြီ။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက ဦးရေပြားများ ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ စိတ်ခံစားချက်များ မရှိသော စကြာဝဠာစိတ်အသိကပင် ဒေါသထွက်နေသည်။
လင်းယွမ်၏ လုပ်ရပ်များက ၎င်း၏ ကန့်သတ်ချက်များကို ချိုးဖျက်လိုက်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် စကြာဝဠာတစ်ခု ပျက်ဆီးသွားပြီးသောအခါ ၎င်းနှင့်အတူ ပျက်ဆီးသွားသော သက်ရှိများက နောက်ထပ်စကြာဝဠာတစ်ခု မွေးဖွားရန်အတွက် အာဟာရအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
သို့သော် ယခု လင်းယွမ်က သက်ရှိများစွာကို သယ်ဆောင်သွားသောကြောင့် စကြာဝဠာက ပြန်လည်မွေးဖွားရန် စွမ်းအားများကို ပို၍ အချိန်ယူပြီး စုဆောင်းရပေလိမ့်မည်။