← Chapters

အခန်း (၈၂၀)

Vol. 56 Ch. 820

အခန်း (၈၂၀)

Vol. 56 Ch. 820

" လွှဲပြောင်းမှုအားလုံး ပြီးသွားပြီ။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ " ထိခိုက်မှုမရှိဘူး။ "

စကြာဝဠာစိတ်အသိ၏ တန်ပြန်မှုကလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများကိုပင် ဖိနှိပ်နိုင်သော ထိုတန်ပြန်မှုက သူကို လှုပ်ခါနိုင်စွမ်းမရှိခဲ့ပေ။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက တစ်သောင်းကျော်သွားပြီ။ " လင်းယွမ်က စုဆောင်းထားသော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို ကြည့်ပြီး ပြုံးလိုက်သည်။

ခဏအတွင်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်တစ်သောင်းထိ တိုးလာခဲ့သည်။ လင်းယွမ်က အန္တကမ္ဘာများ၏ ဂိတ်တံခါးကို နိုးထချိန်မှစ၍ အသုံးပြုခဲ့သော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို ပေါင်းလျှင်တောင် တစ်သောင်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

" ငါသိချင်တာက စကြာဝဠာအပြင်ဘက်မှာဆိုရင်လည်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို ဒီအရှိန်နဲ့ စုဆောင်းနိုင်ဦးမလားဆိုတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

စကြာဝဠာပျက်ဆီးခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းသည့်အရှိန်ကို သိသိသာသာ မြင့်တက်စေခဲ့သော်လည်း ၎င်းက စကြာဝဠာအတွင်း ရှိနေရန် လိုအပ်သလားဟူသည်ကို ဆုံးဖြတ်ရန် လိုနေသည်။

အကယ်၍ ထိုသို့သော ကန့်သတ်ချက်သာ မရှိခဲ့လျှင် လင်းယွမ်က ပင်မစကြာဝဠာပျက်ဆီးသွားသည်နှင့် ကိုယ်ပွားတစ်ခုကို စေလွှတ်ကာ ပျက်ဆီးတော့မည့် စကြာဝဠာများကို လိုက်လံရှာဖွေပြီး ထိုနည်းလမ်းဖြင့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အရှိန်အဟုန်ဖြင့် စုဆောင်းနိုင်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် မွေးဖွားလာသော စကြာဝဠာများက ပြင်ပသက်ရှိများ ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။ ၎င်းက နိယာမများ၏ သံမဏိစည်းမျဉ်းပင် ဖြစ်သည်။

အထူးသဖြင့် စကြာဝဠာပျက်ဆီးနေချိန်တွင် ပြင်ပသက်ရှိများကို လုံးဝတားမြစ်ထားပြီး အတွင်းမှ အပြင်သို့ ထွက်နိုင်သည်။

" နောက်တစ်ဆင့်က စကြာဝဠာကနေ ထွက်သွားဖို့ ကြိုးစားရမယ့်အချိန်ပဲ။ " လင်းယွမ်က အပြင်ဘက်ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်သည်။

၎င်းက စကြာဝဠာအတွင်းရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများအတွက် အခက်ခဲဆုံး အတားအဆီးဖြစ်သည်။ သူတို့က စကြာဝဠာအတွင်းရှိ မရေတွက်နိုင်သော အရင်းအမြစ်များနှင့် စွမ်းအားများကို ဝါးမြိုထားသောကြောင့် ၎င်း၏ ကန့်သတ်ချက်များမှ ရုန်းထွက်ရန် ကြိုးစားခြင်းက စကြာဝဠာစိတ်အသိ၏ ပြင်းထန်သော တုန့်ပြန်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

စကြာဝဠာမှ ထွက်ခွာရန် ကြိုးစားခြင်းက စစ်မှန်သော ကပ်ဘေးတစ်ခုဖြစ်သည်။ ၎င်းကို ကျော်ဖြတ်နိုင်လျှင် ကျယ်ပြောလှသော ဖရိုဖရဲဟင်းလင်းပြင်က စောင့်ကြိုနေပေလိမ့်မည်။ ကျရှုံးသွားလျှင် စကြာဝဠာနှင့်အတူ ပျက်ဆီးရမည့် ကံကြမ္မာကို ရင်ဆိုင်ရပေလိမ့်မည်။

" လင်းယွမ် မင်းဘယ်တော့ထွက်ခွာမှာလဲ။ " ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။

" ခဏစောင့်ဦးမယ်။ မင်းတို့အရင်ထွက်သွားကြ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။

ယခုအချိန်တွင် သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အရှိန်အဟုန်ဖြင့် စုဆောင်းနေသောကြောင့် ထွက်သွားခြင်းက နှမြောစရာကောင်းလှသည်။ ထို့ကြောင့် သူက ခဏနေပြီး နောက်ဆုံးအချိန်မှ ထွက်သွားရန် ရည်ရွယ်ထားသည်။ စကြာဝဠာထဲမှ ထွက်သွားသည်နှင့် သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို ထိုကဲ့သို့ ဆက်လက်စုဆောင်းနိုင်ရန် မသေချာသောကြောင့် ဖြစ်သည်။

" ကောင်းပြီ။ " ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများက ခေါင်းညိမ့်လိုက်ကြပြီး စကြာဝဠာထဲမှ ဖရိုဖရဲဟင်းလင်းပြင်သို့ ထွက်ခွာရန် စတင်ကြိုးစားလိုက်ကြသည်။

အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း ထိုနည်းအတိုင်း လုပ်​ဆောင်လိုက်ကြသည်။ သူတို့က လင်းယွမ်မဟုတ်သောကြောင့် အမြန်ဆုံး ထွက်ခွာနိုင်လေ ပိုကောင်းလေဖြစ်သည်။

ဝုန်း...

အလွှာဆယ့်နှစ် ကြီးမြတ်သူများက စကြာဝဠာ၏ အဆုံးသို့ တစ်ပြိုင်နက် ထိုးဖောက်ဝင်ရောက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း စကြာဝဠာစိတ်အသိကလည်း ဝင်ရောက်စွက်ဖက်လာပြီး ကြီးမားသော တန်ပြန်မှုကို ထုတ်လွှတ်လိုက်သည်။

" ဘာလဲ။ " ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကြသည်။

သူတို့ယခုရင်ဆိုင်ရသော တန်ပြန်မှုက သူတို့မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်လှသည်။ ထိုမျှပြင်းထန်သော တန်ပြန်မှုကို အလွှာဆယ့်နှစ် ကြီးမြတ်သူများ ခုခံနိုင်ရန် ခက်ခဲလှသည်။ သူတို့သာ မခုခံနိုင်လျှင် စကြာဝဠာအတွင်းပိတ်မိသွားပြီး နောက်ထပ်စကြာဝဠာ မွေးဖွားရန်အတွက် အာဟာရဖြစ်သွားကြပေလိမ့်မည်။

" ဟင် " လင်းယွမ်ကလည်း ထိုထူးခြားမှုကို သတိပြုမိရာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

" အဲ့ဒါ ငါ့ကြောင့်များလား။ " လင်းယွမ်က ထိုအချက်ကို စဉ်းစားလိုက်မိသည်။

ပုံမှန်အားဖြင့် စကြာဝဠာပျက်ဆီးသွားပြီးနောက် စကြာဝဠာစိတ်အသိက တဖြည်းဖြည်း အိပ်မောကျသွားလေ့ရှိပြီး ၎င်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများ စကြဝဠာထဲမှ လွတ်မြောက်ရန် ပိုမိုလွယ်ကူသွားစေသည်။ ပုံမှန်အခြေအနေတွင် ရှင်သန်နိုင်ရန် ငါးဆယ်ရာခိုင်နှုန်းမှာ စကြာဝဠာစိတ်အသိက အားနည်းနေသောကြောင့် ဖြစ်သည်။

သို့သော် ယခု စကြာဝဠာပျက်ဆီးနေချိန်တွင် လင်းယွမ်က လူသားမျိုးနွယ်တစ်ခုလုံးကို ခေါ်ဆောင်ခဲ့သောကြောင့် အားနည်းပြီး အိပ်မောကျလုနီးပါး ဖြစ်နေသော စကြာဝဠာစိတ်အသိက လုံးဝပြန်လည်နိုးထလာပြီး လင်းယွမ်ကို တားဆီးရန် ကြိုးစားခဲ့သည်။

လင်းယွမ်ကို တားဆီးနိုင်ခြင်းမရှိဘဲ စကြာဝဠာစိတ်အသိက ပုံမှန်အတိုင်း အိပ်စက်ခြင်းသို့ ဝင်ရောက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ယခု စကြာဝဠာထဲမှ ထွက်သွားရန် ကြိုးစားနေကြသော အလွှာဆယ့်နှစ် ကြီးမြတ်သူများက အလွန်ပြင်းထန်သော တန်ပြန်မှုကို ရင်ဆိုင်နေရပြီး ၎င်းက စကြာဝဠာပျက်ဆီးခြင်းမစတင်မီ ပုံမှန်အခြေအနေတွင် စကြာဝဠာထဲမှ ထွက်ခွာရန်ကြိုးစားခြင်းနှင့် ဆင်တူလှသည်။

ထိုအခြေအနေတွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ရှိသူတစ်ယောက်ပင် လွတ်မြောက်ရန် အခွင့်အရေးနည်းပါးလှသည်။

ဝှစ် ဝှစ် ဝှစ်....

ကြောက်စရာကောင်းသော တန်ပြန်မှုက သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေကြောင်း သိလိုက်ရသောအခါ ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများက တွန့်ဆုတ်ခြင်းမရှိဘဲ နောက်ဆုတ်သွားကြသည်။

အကယ်၍ သူတို့သာ တွန့်ဆုတ်နေလျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားကြပေလိမ့်မည်။ စကြာဝဠာပျက်ဆီးနေချိန်အတွင်း ဒဏ်ရာအပြင်းအထန်ရရှိခြင်းက သေဒဏ်ပေးခြင်းနှင့် အတူတူပင် ဖြစ်သည်။

" ဒီကပ်ဘေးက..." ကြီးမြတ်သူရွှမ်ယွမ်နှင့် လူသားမျိုးနွယ်၏ အခြားကြီးမြတ်သူများက စိတ်ပျက်သွားကြသည်။

သူတို့ထဲမှ အသန်မာဆုံးဖြစ်သော ကြီးမြတ်သူရွှမ်ယွမ်ပင် အသက်ရှင်နိုင်ရန် ယုံကြည်မှုမရှိပေ။ လူသားမျိုးနွယ်သာမက အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

သူတို့၏ အလွှာဆယ့်နှစ် လက်နက်များနှင့် ရတနာများက လင်းယွမ်ထံတွင် ဆုံးရှုံးခဲ့ရသဖြင့် သူတို့၏ စွမ်းအားက များစွာလျော့နည်းနေပြီဖြစ်ပြီး ယခု ကြီးမားသော တန်ပြန်မှုကို ရင်ဆိုင်နေရသည်။

" ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးထင်တယ်။ " လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က တစ်ယောက်နှင့် တစ်ယောက် ကြည့်ပြီး ထိုအတွေးကို တွေးလိုက်မိကြသည်။ သူတို့အားလုံး စိတ်ပျက်အားငယ်နေကြသည့်အချိန်တွင် ရုတ်တရက် အသံတစ်ခုက သူတို့အားလုံး၏ နားထဲသို့ ဝင်ရောက်လာသည်။

" မင်းတို့အားလုံး ငါ့ရဲ့ အတွင်းစကြာဝဠာထဲကို ဝင်လာခဲ့ကြ။ " ၎င်းက ကြီးမြတ်သူကိုးယောက်လုံး အလွန်ရင်းနှီးလှသော လင်းယွမ်၏ အသံပင်ဖြစ်သည်။

" လင်းယွမ် ငါတို့အားလုံးကို မင်းရဲ့ အတွင်းစကြာဝဠာထဲဝင်ခိုင်တာလား။ " ကြီးမြတ်သူရွှမ်ယွမ်က ခဏမှင်သက်သွားပြီး သူ၏ ခေါင်းကို ခါလိုက်သည်။ " အဲ့လိုဆိုရင် မင်းရင်ဆိုင်ရမယ့် ဖိအားက အများကြီး မြင့်တက်သွားလိမ့်မယ်။ "

ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေလိုပေ။ လင်းယွမ်သာ စကြာဝဠာထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင် လူသားမျိုးနွယ်က ပျောက်ကွယ်သွားမည်မဟုတ်ပေ။ အကယ်၍ သူတို့ကြောင့် လင်းယွမ်က ကပ်ဘေးကို မကျော်ဖြတ်နိုင်ဘဲ ကျရှုံးခဲ့လျှင် သူတို့ကိုသူတို့ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

သာမန်သက်ရှိများကို စကြာဝဠာ၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားခြင်းကပင် တန်ပြန်မှုကို ပို၍ ပြင်းထန်စေလျှင် အလွှာဆယ့်နှစ် သက်ရှိများကို ခေါ်ဆောင်သွားခြင်းက စဉ်းစားစရာပင်မလိုပေ။

" ဘာမှမဖြစ်ဘူး။ မခုခံနဲ့။ " လင်းယွမ်က ခေါင်းခါလာပြီး ကြီးမြတ်သူကိုးယောက် မတုန့်ပြန်နိုင်မီ သူတို့အားလုံးကို အတွင်းစကြာဝဠာထဲသို့ ထည့်သွင်းလိုက်သည်။

အမှန်တွင် လင်းယွမ်က အလွှာဆယ့်နှစ် ကြီးမြတ်သူကိုးယောက်ကို ခေါ်ဆောင်သွားသည်ဖြစ်စေ မခေါ်သည်ဖြစ်စေ အခြေအနေက ပြောင်းလဲမည်မဟုတ်ပေ။ အကြောင်းမှာ အစကတည်းက တန်ပြန်မှုက အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး စကြာဝဠာစိတ်အသိက လင်းယွမ်ကို တားဆီးရန် နည်းလမ်းမျိုးစုံကို အသုံးပြုမည်ဖြစ်သောကြောင့်ဖြစ်သည်။

" ကြီးမြတ်သူနဂါးငွေ့တန်း ငါတို့ ထာဝရသစ္စာခံဖို့ ဆန္ဒရှိပါတယ်။ " အဝေးမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက လင်းယွမ် ကြီးမြတ်သူကိုးယောက်အား အတွင်းစကြာဝဠာထဲသို့ ထည့်သွင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ အခွင့်အရေးနည်းသော်လည်း သူတို့က မနေနိုင်ဘဲ အသနားခံလိုက်ရသည်။

" ထာဝရသစ္စာခံမယ်ဟုတ်လား။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများအားလုံးကိုလည်း အတွင်းစကြာဝဠာထဲသို့ ထည့်သွင်းလိုက်သည်။

အခက်အခဲက ပြောင်းလဲခြင်းမရှိသောကြောင့် အနည်းငယ် ပိုခေါ်သွားခြင်းက ပြဿနာမရှိပေ။ အလွှာဆယ့်နှစ် ကြီးမြတ်သူများ သစ္စာခံခြင်းက အကျိုးသာရှိပြီး အရှုံးမရှိပေ။ နောက်ဆုံး ပင်မစကြာဝဠာထဲတွင် လင်းယွမ်တစ်ယောက်သာ ကျန်နေခဲ့သည်။

" နောက်ဆုံးတော့ ငါ့ရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်သုံးလို့ရပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင်၏ ပထမအဆင့်ကို မအောင်မြင်ချိန်တွင် လင်းယွမ်က စကြာဝဠာစိတ်အသိ၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်စွမ်းအားကိုသာ အသုံးပြုနိုင်ခဲ့သည်။

ပထမအဆင့်ကို အောင်မြင်ပြီးသောအခါ သူက လွှမ်းမိုးခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ခဲ့ပြီး ဖရိုဖရဲအရှင်သခင်တစ်ယောက်ကိုပင် စိန်ခေါ်ဝံ့ခဲ့သည်။ စကြာဝဠာစိတ်အသိက သူ့ကို မဖိနှိပ်နိုင်တော့သော်လည်း လင်းယွမ်က သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးခြင်းမရှိဘဲ ဆက်လက်ထိန်းချုပ်ထားခဲ့သည်။

အကြောင်းမှာ ဖျက်ဆီးခြင်းစွမ်းအားက အလွန်ကြီးမားသောကြောင့် လူသားမျိုးနွယ်၏ နယ်မြေကို ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်သွားစေနိုင်သည်။ လင်းယွမ်က ထိုသို့သော အမှားမျိုးကို ကျူးလွန်မည်မဟုတ်ပေ။

All Chapters