အခန်း (၈၂၁)
Vol. 56 Ch. 821
ယခုအချိန်တွင် စကြာဝဠာက ပျက်ဆီးသွားတော့မည်ဖြစ်သောကြောင့် လင်းယွမ်က သတိထားနေစရာမလိုတော့ပေ။ မည်သို့ပင်ဖြစ်စေ အရာအားလုံးက ပျက်ဆီးရတော့မည်ဖြစ်သည်။
ဝုန်း...
လင်းယွမ်၏ ပုံရိပ်က ရုတ်တရက် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလာသည်။ သူ၏ လက်ချောင်းကပင် အလင်းနှစ်များ ရှည်လျားပြီး သူ၏ မျက်လုံးများကလည်း အဆုံးမဲ့ချောက်နက်ကြီးနှစ်ခုကဲ့သို့ ဖြစ်နေသည်။
ယခုအချိန်တွင် စကြာဝဠာက လင်းယွမ်အတွက် အနည်းငယ်သာ ကျယ်ဝန်းပြီး တစ်ချက်ကြည့်ရုံနှင့် အဆုံးသတ်ကို မြင်နိုင်သည်။ လင်းယွမ်က သူ၏ ခြေလက်များကို ဆန့်လိုက်ရာ ကြောက်စရကောင်းသော အော်ရာကြောင့် ဂြိုလ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ ၎င်းသာ စကြာဝဠာပျက်ဆီးခြင်းမတိုင်မီ ဖြစ်ပျက်ခဲ့လျှင် မရေတွက်နိုင်သော သက်ရှိများ သေဆုံးရပေလိမ့်မည်။
" သွားမယ်။ " လင်းယွမ်က ခြေထောက်မြှောက်ပြီး စကြာဝဠာ၏ အဆုံးသို့ လျှောက်သွားလိုက်သည်။
စကြာဝဠာ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ရွှယ်ယန်နှင့် မြွေနတ်ဆိုးတို့က စိတ်မရှည်ဖြစ်လာကြသည်။ စကြာဝဠာပျက်ဆီးပြီးနောက် ဤအချိန်တွင် အလွှာဆယ့်နှစ် သက်ရှိများက လွတ်မြောက်လာရမည်ဖြစ်သည်။ သို့သော် သူတို့ရှေ့မှ စကြာဝဠာတွင်မူ အလွှာဆယ့်နှစ်သက်ရှိများ၏ အရိပ်အယောင်ပင် မမြင်ရပေ။
" ဘာဖြစ်နေတာလဲ။ " ရွှယ်ယန်က မျက်မှောင်ကြုတ်သွားပြီး ဂရုတစိုက် အာရုံခံလိုက်သည်။
" ဒီစကြာဝဠာရဲ့ စိတ်အသိက အရမ်းတက်ကြွနေတယ်။ ဒါက မဖြစ်သင့်ဘူးလေ။ ပျက်ဆီးနေတဲ့ စကြာဝဠာရဲ့ စိတ်အသိက အိပ်မောကျသွားရမှာမဟုတ်လား။ " ရွှယ်ယန်က စဉ်းစားလိုက်သည်။ " အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်က သက်ရှိအများကြီးသယ်ဆောင်လာလို့ စကြာဝဠာစိတ်အသိက အဲ့ဒါကို တားဆီးဖို့ နိုးလာတာလား။ "
" စောက်ရူး..." ရွှယ်ယန်က အော်ဆဲချင်လုနီးပါးဖြစ်သွားသည်။
စကြာဝဠာစိတ်အသိ နိုးထလာခြင်းက ကပ်ဘေး၏ အခက်အခဲကို မြင့်တက်သွားစေသည်။ ရွှယ်ယန်က စကြာဝဠာအတွင်းမှ သက်ရှိများကို သနားနေခြင်းမဟုတ်ပေ။ ထိုအခြေအနေတွင် အလွှာဆယ့်နှစ် သက်ရှိအနည်းငယ်သာ လွတ်မြောက်နိုင်ပြီး အများစုက စကြာဝဠာထဲတွင် သေဆုံးသွားကြမည်ကို သိသောကြောင့် သူက ဒေါသထွက်နေခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် သူတို့ လုယက်ခြင်းမှ ရရှိသော အကျိုအမြတ်များက လျော့နည်းသွားမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် မြွေနတ်ဆိုးကလည်း ၎င်းကို နားလည်သောကြောင့် သူ၏ မျက်နှာက မဲမှောင်သွားသည်။
" ထားလိုက်တော့။ ကံမကောင်းဘူးလို့ပဲ သတ်မှတ်လိုက်မယ်။ " ရွှယ်ယန်က အဝေးမှစကြာဝဠာကို တစ်ချက်ကြည့်ပြီး ထွက်သွားရန်ပြင်လိုက်သည်။
အလွှာဆယ့်နှစ်သက်ရှိများ ထွက်လာနိုင်ခြေနည်းပါးသောကြောင့် ဤစကြာဝဠာအတွက် အချိန်ပေးရန် မထိုက်တန်တော့ပေ။ ရွှယ်ယန်က ထွက်သွားရန် ပြင်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး စကြာဝဠာကို ပြန်ကြည့်လိုက်သည်။
" အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်က စကြာဝဠာထဲက လွတ်မြောက်လာတော့မှာလား။ " ရွှယ်ယန်က အဝေးသို့ စိုက်ကြည့်နေသည်။
ယခုအခါ စကြာဝဠာက ပြိုလဲနေပြီဖြစ်ပြီး ၎င်း၏ အပြင်ဘက်နယ်မြေများတွင် မြူခိုများဖုံးလွှမ်းနေပြီး ထပ်မံအာရုံခံ၍မရပေ။ သို့သော် စကြာဝဠာအတားအဆီးများမှ လျင်မြန်စွာ လွတ်မြောက်လာသော အော်ရာတစ်ခုကို သူက အာရုံခံမိလိုက်သည်။
" အခက်အခဲက ဒီလောက်မြင့်တာတောင် လွတ်မြောက်လာနိုင်တယ်ဆိုရင် အဲ့ဒါက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်ရမယ်။ " ရွှယ်ယု၏ မျက်လုံးများက တောက်ပသွားသည်။
စကြာဝဠာခေတ်တစ်ခုအတွင်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော အလွှာဆယ့်နှစ် သက်ရှိမှာ အလွန်ရှားပါးပြီး ၎င်းက စကြာဝဠာအတွင်း ပြိုင်ဘက်ကင်းစွမ်းအားကို ကိုယ်စားပြုသည်။
စကြာဝဠာအတွင်းမှ အရင်းအမြစ်အများစုမှာ ထိုသက်ရှိထံတွင်သာ စုစည်းနေပေလိမ့်မည်။ ထိုသို့သော် သက်ရှိတစ်ယောက်ကို လုယက်နိုင်လျှင် အကျိုးအမြတ်များစွာကို ရရှိစေပေလိမ့်မည်။
" မြွေနတ်ဆိုး..." ရွှယ်ယုက မျက်လုံးများ မှေးကျဉ်းသွားပြီး မြွေနတ်ဆိုးရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူသာ ၎င်းကို အာရုံခံမိလျှင် မြွေနတ်ဆိုးကလည်း အာရုံခံမိပေလိမ့်မည်။
" သေချာပေါက် တိုက်ပွဲတစ်ခုတော့ ဖြစ်ဦးမှာပဲ။ " ရွှယ်ယုက တွေးတောလိုက်သည်။
ပုံမှန်အားဖြင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သက်ရှိဆယ်ယောက်ကျော် လွတ်မြောက်လာလျှင် သူနှင့် မြွေနတ်ဆိုးက ညီတူညီမျှခွဲဝေနိုင်သည်။ သို့သော် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်တည်းသာ လွတ်မြောက်လာလျှင် ခွဲဝေမှုက အဆင်မပြေတော့ပေ။
ထို့အပြင် ထူးခြားသော အခွင့်အလမ်းများ ကြုံတွေ့ရန် သေချာနေသော လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်၏ တန်ဖိုးက မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားပေလိမ့်မည်။
ထိုသို့တွေးပြီး ရွှယ်ယန်က တိုက်ခိုက်ရန် အသင်ပြင်ထားလိုက်သည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ရှိသူ ဖရိုဖရဲဟင်းလင်းပြင်သို့ ခြေချလိုက်သည်နှင့် သူက ချက်ချင်း ဖမ်းဆီးပြီး အမြန်ဆုံး ထွက်သွားမည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သူက အကျိုးအမြတ်များကို ရရှိမည့်အပြင် မြွေနတ်ဆိုးနှင့်လည်း တိုက်ခိုက်ရန် မလိုတော့ပေ။
အချိန်များကုန်ဆုံးလာပြီး ရွှယ်ယန်က စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ သူက မြွေနတ်ဆိုးကိုသာ စောင့်ကြည့်နေပြီး အဝေးမှ စကြာဝဠာသို့ ရံဖန်ရံခါ လှမ်းကြည့်နေသည်။
ရွှယ်ယန်၏ အဓိကပြိုင်ဘက်မှာ မြွေနတ်ဆိုးဖြစ်သည်။ သူက မြွေနတ်ဆိုးကို ကျော်လွှားနိုင်လျှင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သက်ရှိကို အလွယ်တကူ ဖမ်းဆီးနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် စကြာဝဠာ၏ မြူထုများက ရုတ်တရက် ဆွဲဖြဲခြင်းခံလိုက်ရသည်။ ရွှယ်ယန်က စကြာဝဠာဆီသို့ လျင်မြန်စွာ ဦးတည်သွားပြီး မြွေနတ်ဆိုးလည်း ထို့အတူပင်ဖြစ်သည်။
" ဟင်..." လမ်းတစ်ဝက်တွင် ရွှယ်ယန်က အံ့အားသင့်စွာဖြင့် ရပ်တန့်လိုက်သည်။
အကြောင်းမှာ မြူထုကို ဆုတ်ဖြဲလိုက်သောပမာဏမှာ အလွန်ကြီးမားနေသောကြောင့် ဖြစ်သည်။ သူက မတုန့်ပြန်နိုင်သေးမီ သူ၏ မှတ်ဉာဏ်ထဲတွင် ထာဝရစွဲထင်ကျန်နေမည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ကြီးမားသော ခြေထောက်တစ်ဖက်က မြူထုအက်ကြောင်းထဲမှ ထွက်ပေါ်လာပြီး ၎င်း၏ အရွယ်အစားက အလင်းနှစ်သန်းချီ ကြီးမားလှသည်။ အက်ကြောင်းက ပိုမိုကြီးမားလာခဲ့ပြီး ကြီးမားလှသည့် ဘီးလူးကြီးတစ်ကောင် လှမ်းထွက်သည်။
ထိုဘီလူးကြီးက အတားအဆီးမရှိ လျှောက်လှမ်းနေသည်။ စကြာဝဠာစိတ်အသိက မရေတွက်နိုင်သော လျှပ်စီးများ၊ မီးတောက်များ၊ လေပြင်းများနှင့် ရေစီးကြောင်းများဖြင့် သူ့ကို တားဆီးရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုဘီလူးကြီး၏ အရှိန်မှာ အနည်းငယ်မျှပင် တုန့်ဆိုင်းသွားခြင်းမရှိပေ။
၎င်းက ရွှယ်ယန်ကို တုန်လှုပ်သွားစေခဲ့သည်။ ထိုလျှပ်စီးတစ်စ၊ မီးတောက်တစ်စနှင့် လေပြေတစ်ချက်ကပင် သူ့ကို ချေမှုန်းရန် လုံလောက်သော်လည်း ထိုဘီလူးကြီးအတွက်မူ ဘာမှမဖြစ်သကဲ့သို့ ဖြစ်သည်။
" အဲ့ဒါက..." ရွှယ်ယန်က စကြာဝဠာထဲမှ ထွက်လာသော ဘီလူးကြီးကို ကြည့်ပြီး ဆွံ့အသွားခဲ့သည်။
လင်းယွမ်၏ အတွင်းစကြာဝဠာထဲတွင် လူသားမျိုးနွယ်နှင့် အခြားမျိုးနွယ်များကို လက်ခံထားသော်လည်း နယ်မြေများစွာက လူသူမရှိဘဲရှိနေဆဲ ဖြစ်သည်။ လင်းယွမ်၏ အတွင်းစကြာဝဠာက အလွှာဆယ့်သုံး အချိန်သက်ရှိ၏ အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
အလွှာဆယ့်နှစ်ကြီးမြတ်သူများက တစ်နေရာတွင် ပေါ်လာကြပြီး သူတို့က အလွန်ကျေနပ်နေကြသည်။
" ကြီးမြတ်သူနဂါးငွေ့တန်းက ငါတို့က တကယ် ကယ်ခဲ့တာလား။ "
" ဟားဟား ကြီးမြတ်သူနဂါးငွေ့တန်းက ကရုဏာကြီးမားလှတယ်။ နောက်ဆုံးတော့ ငါတို့လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိသွားပြီ။ "
" အသက်ရှင်နိုင်မယ်ဆိုရင် ကြီးမြတ်သူနဂါးငွေ့တန်းဆီ သစ္စာခံရမယ်ဆိုရင်တောင် ဘာမှစိတ်ပူစရာမလိုဘူး။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက လင်းယွမ်၏ အတွင်းစကြာဝဠာထဲသို့ ရောက်လာကြောင်း အတည်ပြုပြီးသောအခါ အလွန်ဝမ်းသာသွားကြသည်။ သူတို့က ကြီးမားသော ကပ်ဘေးကို ရင်ဆိုင်ခဲ့ရပြီး သူတို့ဘာသာ လွတ်မြောက်နိုင်စွမ်းမရှိသည်ကို ယုံကြည်ခဲ့ကြသည်။
စကြာဝဠာထဲမှာ မလွတ်မြောက်နိုင်လျှင် သူတို့က နောက်ဆုံး စကြာဝဠာနှင့်အတူ ပျက်ဆီးသွားရမည်ဖြစ်သည်။ ၎င်းက သူတို့၏ ကံကြမ္မာပင်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ကြီးမြတ်သူနဂါးငွေ့တန်းက သူတို့ကို အတွင်းစကြာဝဠာထဲသို့ ခေါ်ဆောင်ခဲ့သည်။
ကြီးမြတ်သူနဂါးငွေ့တန်း၏ ကာကွယ်မှုအောက်တွင် သူတို့အသက်ရှင်နိုင်ရန် မျှော်လင့်ချက်က များစွာမြင့်တက်သွားခဲ့သည်။ သို့သော် သူတို့က ပတ်ဝန်းကျင်ကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။
" မင်းလည်း ရောက်လာတာလား။ "
" ကြီးမြတ်သူနဂါးငွေ့တန်းက မင်းတို့ကိုလည်း ကာကွယ်ပေးခဲ့တာလား။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက နားမလည်နိုင်ဖြစ်နေကြသည်။ လူသားမျိုးနွယ်၏ အလွှာဆယ့်နှစ် ကြီးမြတ်သူအားလုံးကလည်း လင်းယွမ်၏ အတွင်းစကြာဝဠာထဲသို့ ရောက်နေကြသည်။
အခြားမျိုးနွယ်မှ အလွှာဆယ့်နှစ်ကြီးမြတ်သူများက ယခုအချိန်တွင် မပျော်ရွှင်နိုင်ကြတောပေ။ ခန့်မှန်းခြေအရ ယခု လင်းယွမ်၏ အတွင်းစကြာဝဠာထဲတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူ ရှစ်ဆယ်ဝန်းကျင်ရှိနေသည်။ ထို့အပြင် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အတွင်းစကြာဝဠာထဲတွင်လည်း သူတို့၏ မျိုးနွယ်ဝင်များ ရနေကြသည်။
ဆိုလိုသည်မှာ လင်းယွမ်တစ်ယောက်တည်းနှင့် စကြာဝဠာအတွင်းရှိ သက်ရှိအားလုံးနီးပါးကို သူ၏ အတွင်းစကြာဝဠာထဲသို့ ထည့်ပြီး စကြာဝဠာထဲမှ ထွက်ခွာရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယခု အလွှာဆယ့်နှစ် ကြီးမြတ်သူများက ထိတ်လန့်နေကြပြီဖြစ်သည်။