← Chapters

အခန်း (၈၁၂)

Vol. 56 Ch. 812

အခန်း (၈၁၂)

Vol. 56 Ch. 812

ကုမင်ဖရိုဖရဲကုန်းမြေက အရှင်ကုမင်၏ တည်ရှိမှုကြောင့် မည်သည့်အတားအဆီးမှ မကြုံတွေ့ခဲ့ရပေ။ အရှင်ကုမင်အပြင် ဖရိုဖရဲအရှင်နှင့် ယှဉ်နိုင်သော လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ဖရိုဖရဲနဂါးသားရဲလည်း ရှိနေသည်။

" ငါ ဒီနေရာကနေ ပင်မစကြာဝဠာကို သွားဖို့ဆိုရင် ဆယ်နှစ်အချိန်ယူရလိမ့်မယ်။ " လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်နှင့် အကွာအဝေးကို တွက်ချက်လိုက်သည်။

လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုမှ သတ္တမအဆင့် အထွတ်အထိပ်တွင် ဖြစ်သော်လည်း ထိုအကွာအဝေးကို သွားရန် အချိန်ဆယ်နှစ် လိုအပ်နေသေးသည်။

" ဆယ်နှစ်က သိပ်တော့မကြာပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။ ယခုအချိန်ထိ သူက ကုမင်ဖရိုဖရဲကုန်းမြေထက် ​ပိုမိုလုံခြုံသော နေရာကို ရှာမတွေ့သေးပေ။

" ဟမ် " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဖရိုဖရဲဟင်းလင်းပြင်သို့ စိုက်ကြည့်လိုက်သည်။

ကုမင်ဖရိုဖရဲကုန်းမြေက ရပ်တည်သွားသည်နှင့် ပတ်ဝန်းကျင်၏ ကြီးမားသော နေရာကို သက်ရောက်သွားပုံရသည်။ ကုမင်ဖရိုဖရဲကုန်းမြေက ကြီးမားလှပြီး ၎င်း၏ သဘာဝဆွဲအားက အနီးရှိ အရာအားလုံးကို ဆွဲခေါ်သွားရန် လုံလောက်ပေသည်။

ဝုန်း ဝုန်း....

အဝေး၌ ကြီးမားသော အရာများ ထွက်ပေါ်လာပြီး ဖရိုဖရဲကုန်းမြေဆီသို့ အရှိန်အဟုန်ဖြင့် ဆွဲယူခံလိုက်ရသည်။ ထိုအရာကြီးများက အဓိကအားဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်လာသော ဖရိုဖရဲသတ္တု​ကြောများဖြစ်ပြီး ၎င်းတို့ တစ်ခုချင်းစီမှာ သေးငယ်သော်လည်း ကြီးမားသောအရေအတွက်ကြောင့် ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။

သို့သော် ကုမင်ဖရိုဖရဲကုန်းမြေက ကြီးမားပြီး ၎င်းတွင် အစီအရင်များစွာနှင့် ကာကွယ်ရေးအတားအဆီးများ ပြင်ဆင်ထားသောကြောင့် သတ္တုကြောများ၊ ဥက္ကာခဲများအားလုံး ကြေမွသွားပေလိမ့်မည်။

ဝေါင်း...

အနက်ရောင်နဂါးတစ်ကောင်က ဖရိုဖရဲကုန်းမြေ၏ အတွင်းပိုင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်း၏ ဟိန်းဟောက်သံကြောင့် ဥက္ကာခဲများက အပိုင်းအစများအဖြစ် ပေါက်ကွဲသွားပြီး ကုန်းမြေကို ဖြည်းညင်းစွာ လှည့်ပတ်လာသည်။

" အဲ့ဒါ ဖရိုဖရဲနဂါးသားရဲလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာသော ဖရိုဖရဲနဂါးသားရဲက အထူးသက်ရှိတစ်မျိုးဖြစ်ပြီး ၎င်းက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေရုံသာမက ဖရိုဖရဲအရှင်သခင်နှင့် ယှဉ်နိုင်လေသည်။

" အစိတ်အပိုင်းကမ္ဘာလား။ "

ဖရိုဖရဲနဂါးသားရဲက ဥက္ကာခဲများကို ပေါက်ကွဲစေပြီး ထိုအပိုင်းအစများကို စုစည်းကာ ဖရိုဖရဲကုန်းမြေကို လှည့်ပတ်နေသော အစိတ်အပိုင်းကမ္ဘာများအဖြစ် စုစည်းခဲ့သည်။

" ဒီလိုနဲ့ သူက အစိတ်အပိုင်းကမ္ဘာအများကြီးကို ဖန်တီးလိုက်တယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားနေသည်။

၎င်းက ဝင်ရောက်လာသော အရာဝတ္ထုများ၏ ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက ကုမင်ဖရိုဖရဲကုန်းမြေအတွက် အကျိုးအမြတ်လည်း ရရှိစေသည်။ ကုန်းမြေကို လှည့်ပတ်နေသော အစိတ်အပိုင်းကမ္ဘာများက ကျင့်ကြံခြင်းနေရာအတွက် အလွန်သင့်တော်ပြီး စျေးနှုန်းကြီးမြင့်စွာ ရောင်းချနိုင်သည်။

လင်းယွမ်က လူသားမျိုးနွယ်၏ အိမ်အသစ်အတွက် သင့်တော်သော အစိတ်အပိုင်းကမ္ဘာတစ်ခုကို ယခင်ကတည်းက ရှာဖွေနေခဲ့သည်။

ကုမင်ဖရိုဖရဲကုန်းမြေ၏ အစိတ်အပိုင်းကမ္ဘာများကို စီမံခန့်ခွဲသည့်နေရာတွင် ဝမ်ချူးက အသစ်ဖွဲ့စည်းထားသော ကမ္ဘာများ၏ အရည်အသွေးများကို စစ်ဆေးပြီး အမျိုးအစား ခွဲခြားနေသည်။

" ဒီတစ်ခါ အစိတ်အပိုင်း ကမ္ဘာတစ်ထောင်ကျော် ရခဲ့တယ်။ အဲ့ဒီထဲမှာ ခြောက်ရာကျော်က ကျင့်ကြံဖို့ သင့်တော်တယ်။ " ဝမ်ချူးက ဝမ်းသာသွားသည်။

ကျင့်ကြံမှုအတွက် သင့်တော်သော အစိတ်အပိုင်းကမ္ဘာများက တစ်ခုလျှင် အနိမ့်ဆုံး ဖရိုဖရဲသလင်းကျောက် တစ်သိန်းတန်ဖိုးရှိသည်။

" ဒီအစိတ်အပိုင်းကမ္ဘာတွေက နဂါးငွေ့တန်းရဲ့ လိုအ်ချက်တွေနဲ့ကိုက်ညီတယ်။ " ဝမ်ချူး၏ မျက်လုံးများက တောက်ပသွားပြီး သူက ပြုံးလိုက်သည်။

နဂါးငွေ့တန်းက လွှမ်းမိုးခြင်းအဆင့်ဟု ယူဆသောကြောင့် ဝမ်ချူးက သူ့အပေါ် လေးစားမှုရှိလေသည်။

" နဂါးငွေ့တန်းကို ခေါ်လိုက်ဦးမယ်။ " ဝမ်ချူးက ချက်ချင်း လင်းယွမ်ကို ဆက်သွယ်လိုက်သည်။

ခဏကြာသောအခါ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က မနီးမဝေးတွင် ပေါ်လာသည်။ ဝမ်ချူးက ထိုပုံရိပ်ကို မြင်သောအခါ ချက်ချင်း ထရပ်ပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။

" ဆရာဦးလေး..."

ထိုလူငယ်က လူပုံသဏ္ဍန်ဖန်တီးထားသော ဖရိုဖရဲနဂါးသားရဲပင်ဖြစ်သည်။ အထူးသက်ရှိတစ်မျိုးဖြစ်သကဲ့သို့ ပုံသဏ္ဍန်ပြောင်းလဲခြင်းက သူ့အတွက် လွယ်ကူလွန်းလှသည်။ သူက ပုံမှန်အားဖြင့် အခြားပုံသဏ္ဍန်များ ပြောင်းလဲလေ့မရှိဘဲ နဂါးသဏ္ဍန်ဖြင့်သာ နေထိုင်သည်။ ဖရိုဖရဲသခင် ကုမင်နှင့် ရင်းနှီးပြီးနောက် အရှင်ကုမင်၏ တပည့်များက သူ့ကို ဆရာဦးလေးအဖြစ် သတ်မှတ်ခဲ့ကြသည်။

" အစိတ်အပိုင်းကမ္ဘာတွေဘယ်လိုလဲ။ " အနက်ရောင်ဝတ်စုံနှင့် ဖရိုဖရဲနဂါးသားရဲက မေးလိုက်သည်။

" ဆရာဦးလေး ဒီတစ်ကြိမ် ဖန်တီးခဲ့တဲ့ အစိတ်အပိုင်းကမ္ဘာတွေက အရည်အသွေး အရမ်းကောင်းပါတယ်။ " ဝမ်ချူးက ပြန်ဖြေလိုက်သည်။

" ကောင်းတယ်။ " ဖရိုဖရဲနဂါးသားရဲက ကျေနပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူက အစိတ်အပိုင်းကမ္ဘာများမှ ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို ရရှိရန် သဘောတူထားသောကြောင့် ဖြစ်သည်။

" အစိတ်အပိုင်းကမ္ဘာတစ်ခုတွေ့ပြီလား။ " အခန်းထဲတွင် လင်းယွမ်က ဝမ်ချူး၏ သတင့်ပို့ချက်ကို ရလိုက်သည်။

" ​ဒီတစ်ကြိမ်တော့ သင့်တော်တဲ့ ကမ္ဘာတစ်ခု တွေ့လောက်ပါတယ်။ " လင်းယွမ်က ထရပ်ပြီး ကုန်သွယ်ရေးဧရိယာသို့ ထွက်ခွာသွားသည်။

ခန်းမထဲတွင် ဝမ်ချူးနှင့် ဖရိုဖရဲနဂါးသားရဲတို့က စကားပြောနေကြသည်။

" ဆရာဦးလေး အစိတ်အပိုင်းကမ္ဘာတစ်ခု ယူမယ့်လူတစ်ယောက် ရောက်နေပါတယ်။ " ဝမ်ချူးက ​ပြောလိုက်သည်။

" သွားလုပ်ပါ။ " ဖရိုဖရဲနဂါးသားရဲက ခေါင်းညိမ့်လိုက်သည်။

" ကောင်းပါပြီ။ " ဝမ်ချူးက ခေါင်းညိမ့်ပြီး လင်းယွမ်ဆီသို့ လျှောက်သွားသည်။

" အစိတ်အပိုင်းကမ္ဘာတစ်ခု ရွေးချင်တာ သူလား။ " ဖရိုဖရဲနဂါးသားရဲက ဝမ်ချူးနှင့် စကားပြောနေသော လင်းယွမ်ကို ကြည့်လိုက်သည်။

" ကိုယ်ပွားတစ်ခုလား။ " သူက တစ်ချက်ကြည့်ရုံနှင့် လင်းယွမ်ကို မူလခန္ဓာကိုယ် မဟုတ်မှန်း သိလိုက်သည်။

" ဟင်..." ဖရိုဖရဲနဂါးသားရဲက အနည်းငယ် အံ့အားသင့်သွားသည်။ သူက လင်းယွမ်ကို ကြည့်နေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ အချိန်သွေးမျိုးဆက်က တုန်ယင်လာသည်။

" ငါ " ဖရိုဖရဲနဂါးသားရဲက လင်းယွမ်ကို ကြည့်နေရင်း သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဝင်ရောက်လာသည်။

ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲကို ကြိုမြင်စဉ်ကထက် ပိုသော ကြောက်ရွံ့မှု ထိန်းချုပ်၍မရသော ကြောက်ရွံ့မှုဖြစ်သည်။

" ငါသူ့ကို ဆန့်ကျင်လို့မရဘူး။ လုံးဝဆန့်ကျင်လို့မရဘူး။ " ဖရိုဖရဲနဂါးသားရဲက လင်းယွမ်ကို စိုက်ကြည့်နေသည်။ သူ၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ ရှိနေခဲ့သည်။

ဖရိုဖရဲနဂါးသားရဲက ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာခြင်းဖြစ်ပြီး အချိန်သွေးမျိုးဆက်ကို ပိုင်ဆိုင်သည်။ နည်းပါးသော်လည်း ရှားပါးသော ကြိုတင်သိမြင်နိုင်စွမ်းကို ရရှိခဲ့သည်။

ဥပမာ မကြာသေးမီက ဖရိုဖရဲနဂါးသားရဲက ကုမင်ဖရိုဖရဲကုန်းမြေ အန္တရာယ်ကျရောက်မည်ကို ကြိုတင်သိမြင်ခဲ့သည်။ သူက အရှင်ကုမင်ကို သတိပေးခဲ့ပြီး ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲကို သိရှိခဲ့သည်။

အရှင်ကုမင်က ဖရိုဖရဲနဂါးသားရဲ၏ ကြိုတင်သိမြင်နိုင်စွမ်းကို သံသယဝင်ခြင်းမရှိဘဲ ကုမင်ဖရိုဖရဲကုန်းမြေကို တိုက်ပွဲမှ ကင်းလွတ်ရာသို့ ရွှေ့ပြောင်းခဲ့သည်။ ဖရိုဖရဲနဂါးသားရဲ၏ ကြိုတင်သိမြင်နိုင်စွမ်းက သူ၏ အချိန်သွေးမျိုးဆက်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ခံစားရသော အန္တရာယ်များက အများအားဖြင့် အနာဂတ်တွင် ဖြစ်ပျက်လေ့ရှိသည်။

သို့သော် ဖရိုဖရဲနဂါးသားရဲက အန္တရာယ်ကို ခံစားမိရုံသာဖြစ်ပြီး ဘယ်လိုအန္တရာယ်လဲ သို့မဟုတ် အသေးစိတ် အချက်အလက်များကို သိရှိခြင်း မရှိပေ။ သူ၏ အချိန်သွေးမျိုးဆက်က မှေးမှိန်လှသည်။

အကယ်၍ သူက အလွန်သိပ်သည်းသော အချိန်သွေးမျိုးဆက်ကို ပိုင်ဆိုင်ခဲ့လျှင် အနာဂတ်ကို ဝေဝါးသော ပုံရိပ်များအဖြစ် မြင်တွေ့နိုင်ပေလိမ့်မည်။

စစ်မှန်သော အလွှာဆယ့်သုံး အချိန်သက်ရှိများက် သူတို့ကိုသူတို့ စမှတ်အဖြစ် အသုံးပြုပြီး သူတို့နှင့် သက်ဆိုင်သော အနာဂတ်အချိန်အတိုင်းအတာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

" ဒီလူက အရပ်နတ်ဆိုးမဟာသူတော်စင် ဒါမှမဟုတ် နဝမဖီးနစ်မဟာသူတော်စင်တို့ထက် ပိုအန္တရာယ်ကြီးတယ်လို့ ခံစားရတယ်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဖရိုဖရဲနဂါးသားရဲက မယုံကြည်နိုင်ဖြစ်နေသည်။

မဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲကို ကြိုတင်သိမြင်ချိန်တွင် သူက သူ့ကိုသူ ဒဏ်ရာအပြင်းအထန်ရခြင်း သို့မဟုတ် ရုပ်ခန္ဓာပင် ပျက်ဆီးနိုင်သည်ဟု တွေးခဲ့သည်။ သို့သော် သေဆုံးမှုမဖြစ်နိုင်လုနီးပါး ဖြစ်သည်။ ထို့အပြင် သူက အသက်ကယ်နည်းလမ်းများစွာကို ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။ သူက ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲကို တိုက်ရိုက်ရင်ဆိုင်လျှင်တောင် တိုက်ရိုက်သေဆုံးစေမည်မဟုတ်ပေ။

သို့သော် လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် ဖရိုဖရဲနဂါးသားရဲက သူ့ကိုသူ ပျက်ဆီးခြင်းနှင့် ရင်ဆိုင်ရမည်ကို မှိန်ဖျော့စွာ ခံစားခဲ့ရသည်။ အကယ်၍ သူက လင်းယွမ်ကို ဆန့်ကျင်ခဲ့လျှင် ထာဝရသေဆုံးခြင်းက စောင့်ကြိုနေမည်ဖြစ်ပြီး သူ၏ မူလခန္ဓာကိုယ်၊ ကိုယ်ပွားများနှင့် အသက်နည်းလမ်းများ တစ်ခုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

" အရမ်းကြောက်စရာကောင်းတယ်။ " ဖရိုဖရဲနဂါးသားရဲက စိတ်ထဲမှ တုန်ယင်သွားသည်။ လုံးဝပျက်ဆီးခြင်းက သူမွေးဖွားလာချိန်မှစ၍ အကြိမ်ရေအနည်းငယ်သာ ကြုံတွေ့ခဲ့ရသည်။

၎င်းက ထိုက်ယွမ်အမွေအနှစ်နေရာကဲ့သို့ အလွန်အန္တရာယ်များသော နေရာများသို့ သွားမှသာ ထိုသို့ခံစားခဲ့ရခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က ကိုယ်ပွားတစ်ခုတည်းနှင့် အဆုံးတိုင်ပျက်ဆီးခြင်းကို ခံစားစေခဲ့သည်။

" ဘာလို့လဲ။ " ဖရိုဖရဲနဂါးသားရဲက လင်းယွမ်ကို သေချာစစ်ဆေးကြည့်ရာ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သာ ရှိသည်ကို တွေ့လိုက်ရသည်။ ထိုခွန်အားအဆင့်နှင့် သူ့ကို ထိုသို့သော ကြိုတင်ခံစားချက်ကို ပေးခဲ့သည်။

" ငါ သူ့ကို မဆန့်ကျင်ရင် အသက်ရှင်နိုင်လိမ့်မယ်။ ငါသူ့ကို ဆန့်ကျင်ရင် သေဖို့သေချာတယ်။ " ဖရိုဖရဲနဂါးသားရဲက ကြိုတင်သိမြင်နိုင်စွမ်းကို အကြိမ်ကြိမ် စစ်ဆေးပြီး ထိုကောက်ချက်ကို ချခဲ့သည်။

All Chapters