← Chapters

အီးဘုရင်

Vol. 12 Ch. 112

အီးဘုရင်

Vol. 12 Ch. 112

မည်သည့်အရာများဖြစ်ပျက်နေသနည်း။

ထိုအချိန်၌...

ဝတ်ရုံဖြူလူငယ်သည် ရှန်းရှန့်စံအိမ်ထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် ဓားစွမ်းအင်တောင်ပေါ်တွင် အလင်းတန်းများ စုစည်းသွားသည်။

မျက်စိတစ်မိတ်အတွင်းမှာပင် ဓားစွမ်းအင်တောင်ကြီးသည် နိုးထလာသကဲ့သို့ ဖြစ်သွားပြီး ခမ်းနားထည်ဝါသော ဓားချီများသည် ကျောက်တံတိုင်းများကို လှည့်ပတ်စီးဆင်းသွားသည်။

ထိုဓားချီများသည် တောက်ပလွန်းလှပြီး ဟိန်းဟောက်နေသော နဂါးပေါင်းများစွာကဲ့သို့ အထက်သို့ ထိုးတက်သွားကြသည်။

"အဲ့ဒါ... ရှန်းချန်ကော ပဲ..."

"ရှန်းချန်ကော အဲ့ဒါ ဘယ်သူလဲ" ဘေးနားတွင် ရှိနေသော ကျန်းမင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

တောင်ပေါ်ရှိ ပုံရိပ်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူမသည် ထိုနေရာမှ ထွက်ခွာရန်ပင် မေ့လျော့နေခဲ့သည်။

သူ တောင်ပေါ်တွင် ရပ်လိုက်သည်နှင့် တပြိုင်နက် နတ်ဆိုးဘုရင်ဟု ခေါ်ဆိုသော အရာသည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့သကဲ့သို့ပင်။

၎င်းမှာ ပိုမိုကြီးမားသော ကြောက်ရွံ့မှုတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေသည်။

ထို့နောက်တွင်မူ မူလက ခံစားခဲ့ရသော ကြောက်ရွံ့မှုသည် ရုတ်တရက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သွားတော့သည်။

ထိုအချိန်၌...

"ဂိုဏ်းချုပ်ရဲ့ တပည့်ကြီးလေ... တစ်နေ့ကုန် ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေတဲ့ အချောင်သမားပေါ့... ငါ မှတ်မိသလောက်တော့ ငါ မထွက်ခွာခင်က သူက ဉာဏ်အလင်းပွင့်ခြင်းအဆင့်မှာပဲ ရှိသေးတာ..."

"ဉာဏ်အလင်းပွင့်ခြင်းအဆင့် အဲ့ဒါ မဖြစ်နိုင်တာ၊ ကျွန်မအဖေက ကူးပြောင်းခြင်းနယ်ပယ် ထဲကို ခြေတစ်ဖက်လှမ်းထားနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ။ ဒါပေမဲ့ ကျွန်မအမြင်မှာတော့ သူက ရှန်းချန်ကောနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ဘူး"

ကျန်းမင်က အော်ဟစ်ပြောဆိုလိုက်သည်။

သူမ၏ဘေးရှိ ကောင်းကငါဘုံဓားဂိုဏ်းဝင်များသည် သူမအား အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

"ကူးပြောင်းခြင်းနယ်ပယ်လား"

"စီနီယာအစ်ကိုကြီးက နတ်ဘုရားတမန်တော်ကိုတောင် သတ်ခဲ့တာနော်။ နတ်ဘုရားတမန်တော်အကြောင်း မင်းကြားဖူးလား။ အဲ့ဒါ ဝတ်ရုံနက်တွေထဲမှာ အမြင့်ဆုံး ကျွမ်းကျင်သူပဲ"

ဝတ်ရုံနက် နတ်ဘုရားတမန်တော်

ကျန်းမင်၏ခန္ဓာကိုယ် တုန်ယင်သွားသည်။

ဝတ်ရုံနက် နတ်ဘုရားတမန်တော်ဆိုသည်မှာ အလွန်မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ကွေ့စွမ်ဓားဂိုဏ်း သည် သူတို့အတွက် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်ပြီး လှည့်ပင်ကြည့်မည်မဟုတ်ပေ။

နတ်ဘုရားတမန်တော်ကို သတ်သည်ဆိုသည်မှာ နောက်ပြောင်နေသည့် ကိစ္စမဟုတ်နိုင်ပေ။

သို့သော် သူတို့ စဉ်းစားရန် အချိန်မရလိုက်ပေ။

ကူးပြောင်းခြင်းနယ်ပယ် နတ်ဆိုးဘုရင်သည် အစပိုင်းတွင် ရူးသွပ်စွာ ဟိန်းဟောက်နေသော်လည်း ရှန်းချန်ကော ပေါ်လာပြီးနောက်တွင်မူ ၎င်းသည် ချက်ချင်းပင် ငြိမ်ကျသွားပြီး လည်ပင်းကို ဆန့်ကာ ဟိန်းဟောက်လိုက်သော်လည်း ထို့နောက်တွင်မူ စိုးရိမ်တကြီးဖြင့် အနောက်သို့ ဆုတ်ခွာသွားတော့သည်။

၎င်းတွင် သားရဲ၏ခန္ဓာကိုယ်နှင့် လူသား၏ လက်များ ရှိသည်။

ကြမ်းတမ်းပြီး ကြည့်အဆိုးသောပုံစံရှိသော်လည်း ယခုအချိန်တွင်မူ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။

သို့သော် ၎င်းအား စည်းမျဉ်းအချို့ကို လိုက်နာရန် အဆက်မပြတ် တွန်းအားပေးနေသော စွမ်းအားတစ်ခု ရှိနေပုံရသည်။

ဓားစွမ်းအင်တောင်ပေါ်ရှိ ရှန့်ရှန်းစံအိမ်...

ထိုစံအိမ်ထဲရှိ ရှန်းချန်ကော...

ထိုအချိန်တွင် သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဓားအိမ်မှဓားကို ဆွဲထုတ်လိုက်ရာ ထွက်ပေါ်လာသော အသံသည် လူအများ၏ဦးရေပြားကို ထုံကျင်သွားစေသည်။

သူ၏ဓားသည် ဓားအိမ်မှ ထွက်လာပြီဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်...

မူလက ဓားချီများ ဆူပွက်နေသော ဓားစွမ်းအင်တောင်တစ်ခုလုံးသည် ရုတ်တရက် ငြိမ်သက်သွားသည်။

၎င်းမှာ လူကြီးတစ်ယောက်ရှေ့တွင် မရိုမသေ မလုပ်ဝံ့သော ကလေးတစ်ယောက်ကဲ့သို့ပင်။

နတ်ဆိုးသည် ထိတ်လန့်သွားသည်။

၎င်းသည် နောက်ဆုတ်လိုသော်လည်း အနောက်မှ စွမ်းအားက တွန်းပို့နေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေရသည်။

ရှေ့တွင် ဝံပုလွေ၊ နောက်တွင် ကျား...

နတ်ဆိုးဘုရင်တစ်ပါး အနေဖြင့် ဘာလုပ်သင့်သနည်း။

ထိုအချိန်၌ နတ်ဆိုးဘုရင်၏လက်ဖဝါးသည် မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ မြေကြီးများ ပေါက်ကွဲထွက်သွားသည်။

သူ့ရှေ့မှ ဓားအလင်းတန်းသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

"အူးးးးးး"

သူ့အသံမှာ ဝမ်းနည်းဖွယ်ကောင်းလှပြီး ကံကြမ္မာ၏မတရားမှုကို ညည်းတွားနေသကဲ့သို့ပင်။

သို့သော် နတ်ဆိုးဘုရင်၏စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ရလာသည်။

သူ ခံစားလိုက်ရသည်မှာ...

သူသည် ကံကြမ္မာကို အရှုံးမပေးသင့်ဟု ဖြစ်သည်။

အနက်ရောင်မြူခိုးများက သူ့ကိုဂိုဏ်းအား တိုက်ခိုက်ရန် တွန်းအားပေးနေသော်လည်း သူသည် ဂိုဏ်း၏သတ်ဖြတ်ခြင်းကို ခံရမည် သို့မဟုတ် တောင်ပေါ်ရှိ ဝတ်ရုံဖြူလူငယ်၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။

ဤအရာက ရွေးချယ်စရာ နှစ်ခုပဲ ရှိသည်။

မဟုတ်သေးပေ... တတိယအဖြေ ရှိရမည်။

ထိုအချိန်၌...

အပြင်နယ်မြေတွင် ပြိုက်ဘက်ကင်းသော တည်ရှိမှုဖြစ်သည့် ကူးပြောင်းခြင်းနယ်ပယ် နတ်ဆိုးဘုရင်သည် မယုံနိုင်ဖွယ်အရာတစ်ခုကို လုပ်ဆောင်လိုက်သည်။

ဗုံး

မြေကြီးများ ကွဲအက်သွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

နတ်ဆိုးဘုရင်သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး သူ၏ကြီးမားသော ဦးခေါင်းကို မြေပြင်ပေါ်သို့ အပ်ထားလိုက်သည်။

ထိုပုံစံကို ကြည့်ရသည်မှာ...

၎င်းက ဖော်ပြနေသည်မှာ...

လက်နက်ချခြင်းပင်။

အကြီးအကဲသည်ချင်းဖုန်း သူ၏ကမ္ဘာကြီး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကူးပြောင်းခြင်းနယ်ပယ် နတ်ဆိုးဘုရင်တစ်ပါးက လက်နက်ချကြောင်း ဖော်ပြနေသည်လော။

နတ်ဆိုးဘုရင်သည် သူ၏ကိုယ်ပိုင်အသိဉာဏ်ဖြင့် အရှုံးပေးကာ မြေပြင်တွင် ဒူးထောက်လိုက်ခြင်း ဖြစ်သည်။

သူ့နောက်ကွယ်မှ စွမ်းအားသည်ပင် သူ့ကို မလှုပ်ရှားနိုင်တော့ပေ။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ကံကြမ္မာမှ လွတ်မြောက်လိုပါက ကံကြမ္မာကို ဦးညွှတ်ရမည် ဖြစ်သည်။

သူ စဉ်းစားကြည့်လိုက်သည်။

သူသည် အမှန်တကယ်ပင် ဦးတိုက်လိုက်ခြင်း ဖြစ်သည်။

အသံမှာ အလွန်ကျယ်လောင်လွန်းပြီး မြေပြင်ပင် ကွဲအက်သွားသည်။

ရှန်းချန်ကော မှင်သက်သွားသည်။

သူ တကယ်ပင် မှင်သက်သွားခဲ့ခြင်း ဖြစ်သည်။

ဒီနတ်ဆိုးဘုရင်က ဘာလို့ နည်းနည်းလေး ထူးဆန်းနေတာလဲ။

မင်းက ဒူးထောက်နေမှတော့ ငါက ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရတော့မှာလဲ။

ထိုအချိန်တွင် နတ်ဆိုးဘုရင်သည် အကြိမ်အနည်းငယ်ဦးတိုက်ပြီးနောက် ထရပ်ကာ ဓားသခင်ရုပ်တုဆီသို့ လျှောက်သွားသည်။

သူသည် ရင်ဘတ်ကို ထုကာ ဓားသခင်ရုပ်တုပေါ်သို့ သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။

ထိုသွေးများသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရုပ်တုထဲသို့ စိမ့်ဝင်သွားသည်။

သွေးသစ္စာဆိုခြင်း...

ဂိုဏ်းဝင်အဖြစ် ခံယူခြင်း...

ဒီလုပ်ကိစ္စတွေကို...

မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် ကျွမ်းကျင်နေရတာလဲ။

ရှန်းချန်ကောသာမက အခြားသူများ၏မျက်လုံးများပါ ပြူးကျယ်ကုန်ကြသည်။

ဒါက...

ပတ်ဝန်းကျင်ဝစ်ခုလုံးမှာ အလွန်ပင် တိတ်ဆိတ်နေသည်။

နတ်ဆိုးဘုရင်က လက်ဟန်ခြေဟန်ဖြင့် ပြနေသည်မှာ - "ကျွန်တော် ခင်ဗျားကို သခင်အဖြစ် အသိအမှတ်ပြုပြီးပြီ။ အခု ကျွန်တော်တို့က မိသားစုဝင်တွေ ဖြစ်သွားပြီ။ မတိုက်ကြပါနဲ့တော့၊ စကားပြောကြရအောင်" ဟု ဖြစ်သည်။

ကျန်းစန်းကျန့် သည် ရှန်းချန်ကော၏ ဘေးသို့ ရောက်လာသည်။

"ချန်ကော... ဒါက..."

ထိုအချိန်တွင် ကျိဘ ကလည်း သက်ပြင်းချလိုက်သည်။

"ဒီနတ်ဆိုးဘုရင်ရဲ့ ပုံစံက အရမ်းထူးဆန်းတယ်။ သူက အရမ်းဉာဏ်ကောင်းသလိုပဲ။ သူက ဂိုဏ်းရဲ့ ရုပ်တုပေါ်မှာ သွေးသစ္စာဆိုပြီးပြီဆိုတော့ ကောင်းကင်ဘုံဓားဂိုဏ်းကို ဘာအန္တရာယ်မှ ပေးလို့မရတော့ဘူး။ မဟုတ်ရင် မြူခိုးသမုဒ္ဒရာထဲက နတ်ဆိုးတွေကို ထိန်းချုပ်တဲ့အရာက ပိုပြီး ကြောက်စရာကောင်းလာလိမ့်မယ်။ သူ့မှာ တခြားစိတ်ကူးရှိရင်တောင် အနက်ရောင်မြူခိုးထဲက စွမ်းအားက သူ့မှာရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်"

"ဒါကြောင့် ဒီနတ်ဆိုးဘုရင်က ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂိုဏ်းစောင့်နတ်ဆိုးအဖြစ် ဆောင်ရွက်နိုင်တယ်"

ကျိဘလည်း ဆွံ့အနေခဲ့လေ၏။

ယခုလို နတ်ဆိုးမျိုးသည် အလွန်ရှားပါးသည်။

ကူးပြောင်းခြင်းနယ်ပယ် နတ်ဆိုးဘုရင်တစ်ပါးက ကောင်းကင်ဘုံဓားဂိုဏ်းကို မည်သည့်အန္တရာယ်ကနေမဆို ကာကွယ်ပေးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဂိုဏ်းစောင့်နတ်ဆိုး နတ်ဆိုးဘုရင်လား" ကျန်းစန်းကျန့်သည် ခဏတာ မှင်သက်သွားသော်လည်း ပြန်စဉ်းစားကြည့်သည့်အခါ ၎င်းမှာ ကောင်းသောကိစ္စဖြစ်ကြောင်း သိလိုက်သဖြင့် သူ အနည်းငယ် ဝမ်းသာသွားသည်။

အကယ်၍ နတ်ဆိုးဘုရင်တစ်ပါးက ဂိုဏ်းဝင်အဖြစ် ခံယူပြီး ကောင်းကင်ဘုံဓားဂိုဏ်းကို စောင့်ရှောက်ပေးမည်ဆိုပါက ကောင်းကင်ဘုံဓားဂိုဏ်းသည် အလျင်အမြန် တိုးတက်လာပေလိမ့်မည်။

နတ်ဆိုးဘုရင်

ရှန်းချန်ကောက နတ်ဆိုးဘုရင်တစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ခဲ့သောကြောင့် နတ်ဆိုးဘုရင်များက တန်ဖိုးမရှိဘူးဟု ထင်နေကြခြင်းဖြစ်သည်။

န

တ်ဆိုးဘုရင်တစ်ပါး၏ကြောက်မက်ဖွယ်ကောင်းမှုကို...

ကျန်းစန်းကျန့် ကောင်းကောင်း သိသည်။

သို့သော် သူ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူ၏တပည့်ကြီး၏ စွမ်းရည်များ ပေါ်ထွက်လာကတည်းက အရာအားလုံးသည် အလွန်လျင်မြန်သောနှုန်းဖြင့် တိုးတက်လာပုံရသည်။

ဤအရာက "လူတစ်ယောက်က အင်မော်တယ်ဖြစ်လာရင် သူ့ရဲ့ကြက်နဲ့ခွေးတွေတောင် ကောင်းကင်ပေါ်တက်တယ်" ဆိုသည့် စကားပုံအတိုင်းပင်။

ရှန်းချန်ကောသည် တောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။

သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ ထူးကဲသော ပုံစံရှိသည်။

သူ၏မျက်နှာမှာ ချောမောခန့်ညားပြီး ပြည့်စုံလွန်းလှသည်။

သူ၏ခြေလှမ်းများသည် ပေါ့ပါးသော်လည်း ကောင်းကင်ဘုံဓားဂိုဏ်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

သူ တောင်ပေါ်မှ ဆင်းလာစဉ် မည်သူမျှ စကားမပြောရဲကြသကဲ့သို့ပင်။

ဤအရာမှာ ထူးဆန်းသော အရှိန်အဝါတစ်ခုဖြစ်လေ၏။

သူတို့ အဘယ်ကြောင့် စကားမပြောချင်ကြသည်ကို အားလုံး မသိကြသော်လည်း ဤခံစားချက်က သူတို့နှင့် ပိုမိုနီးစပ်နေလေ စကားပြောရန်ပင် မဝံ့မရဲ ဖြစ်ကြလေဖြစ်သည်။

သူသည် နတ်ဆိုးဘုရင်၏ရှေ့သို့ ရောက်လာသည်။

နတ်ဆိုးဘုရင်က သူ၏ဦးခေါင်းကို ပိုမိုနှိမ့်ချထားလိုက်သည်။

ဤနတ်ဆိုးဘုရင်သည် ဧရာမ မိကျောင်းကြီးတစ်ကောင်နှင့် တူသော်လည်း ဦးခေါင်းပေါ်တွင် ထူးဆန်းသော ဦးချိုတစ်ခု ရှိသည်။

ကြမ်းတမ်းသောပုံစံရှိပြီး ခန္ဓာကိုယ်ပေါ်တွင် ပုပ်စပ်နေသော အသားအချို့ ရှိသော်လည်း အခြားနတ်ဆိုးများကဲ့သို့ ရွံရှာဖွယ် မကောင်းပေ။

သို့သော် သူ၏ခြေလက်လေးဖက်မှာ လူသားနှင့် တူသော်လည်း အနည်းငယ် ပိုထူသဖြင့် လူများကို စိတ်မသက်မသာ ဖြစ်စေသည်။

"ဒီနေ့ကစပြီး မင်းကို အီးဘုရင် (King E) လို့ ခေါ်မယ်" ရှန်းချန်ကောက သူ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ နောက်ပြောင်ကာ နာမည်ပေးလိုက်သည်။(ဘာလဲဟ)

"အီးးး... အီးးး... အီးးး" နတ်ဆိုးဘုရင်က ကျေနပ်အားရစွာ အသံပြုလိုက်လေသည်။

ရှန်းချန်ကောက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ပြည့်စုံသော နေ့တစ်နေ့သည် ဤသို့ပင် ကုန်ဆုံးသွားခဲ့သည်။

အခြေအနေကိုကြည့်ရသည်မှာ...

အမှောင်နတ်ဘုရားကျောက်တိုင်၏ ပျက်သုဉ်းခြင်းနယ်မြေ သည် မကြာမီ ထပ်မံ ပွင့်လာတော့မည့်ပုံပင်။

All Chapters