ဗီလိန်များ
Vol. 12 Ch. 119
ဘာ
သူ၏စကားတစ်ခွန်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
အရိုးစုသည် အပြင်နယ်မြေမှ သေးငယ်သော ဓားဂိုဏ်းတစ်ခုကိုသာ အာရုံစိုက်နေချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူမှာမူ နတ်ဘုရားစေတမန် သေဆုံးမှုကို စုံစမ်းရန်သာ စဉ်းစားနေခဲ့သည်။
သို့သော် ယခုမူ... သူတို့နှစ်ယောက်လုံး၏ ရည်မှန်းချက်မှာ တစ်နေရာတည်းသို့ ဦးတည်နေကြောင်း သိလိုက်ရသည်။
ဝတ်ရုံနက်လူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဤကိစ္စနှစ်ခုမှာ သီးခြားစီဟု ထင်ရသော်လည်း မည်သို့ကြောင့် တစ်ထပ်တည်း ကျနေရသနည်း။
ဝတ်ရုံနက် အဖွဲ့အစည်း၏လှုပ်ရှားမှုမှာ အလွန်လျှို့ဝှက်သဖြင့် အဖွဲ့အတွင်းရှိ အဆင့်မြင့် ပုဂ္ဂိုလ်အနည်းငယ်သာ သိနိုင်သောအရာ ဖြစ်သည်။
ထို့ကြောင့် ဤအခြေအနေက ဝတ်ရုံနက်ဝတ်လူကို ကျောချမ်းသွားစေသည်။
အမှန်အတိုင်း ပြောရလျှင် နတ်ဘုရားတမန်တော်သည် အင်အားကြီးဂိုဏ်းတစ်ခုခု၏ လက်ချက်ဖြင့် သေဆုံးခြင်း သို့မဟုတ် "မြူခိုးနေထိုင်သူ" တစ်ဦးဦးက သတ်လိုက်ခြင်းဆိုလျှင် သူ နားလည်ပေးနိုင်သေးသည်။
အကြောင်းမှာ ထိုသူတို့မှာ အဆင့်အတန်း တူညီကြသောကြောင့် ဖြစ်သည်။
သို့သော် ယခုမူ ပယ်ခြင်းခံထားရသည့် အပြင်နယ်မြေ တွင် သေဆုံးသွားခြင်းဖြစ်ရာ သူ့တွင် မကောင်းသော အငွေ့အသက်များကို ခံစားနေရသည်။
ပုံမှန်မဟုတ်သော အခြေအနေနောက်ကွယ်တွင် တစ်ခုခု မှားယွင်းနေသည်မှာ သေချာသည်။
ဆင်သေဘေးနားက ပုရွက်ဆိတ်များသည် ဆင်ထက်ပင် ပို၍ ကြောက်စရာကောင်းနေနိုင်သည်။
"သတိထားကြ"
ထိုစဉ် ချင်းချွမ်၏အက်ကွဲကွဲ အသံ ထွက်ပေါ်လာသည်။
မြေကြီးအောက်မှ သစ်မြစ်များစွာ ထွက်ပေါ်လာပြီး တစ်စုံတစ်ခုကို သတင်းပို့နေသကဲ့သို့ လှုပ်ရှားနေကြသည်။
သူ၏မျက်နှာတွင်လည်း မုတ်ဆိတ်မွေးကဲ့သို့ သစ်မြစ်များ ဖုံးလွှမ်းလာရာ အလွန် ထူးဆန်းအံ့သြဖွယ် မြင်ကွင်းဖြစ်နေတော့သည်။
ဝတ်ရုံနက်ဝတ်စုံဝတ်လူက ခေါင်းညိတ်ပြလိုက်သည်။
ထိုနေရာတွင် အလောင်းတစ်ခုကို အမှိုက်ကဲ့သို့ ပစ်ထားသည်ကို တွေ့ရသည်။
အလောင်းများစွာ ရှိသော်လည်း ဤအလောင်းမှာ အထင်ရှားဆုံး ဖြစ်သည်။
ပစ္စည်းများ အားလုံးလည်း လုယက်ခံထားရသည်။
ဤအလောင်းမှာ တစ်စုံတစ်ခု၏ တိုက်စားမှုကို ခံထားရသကဲ့သို့ ခြောက်ကပ်နေပြီး ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင် များအားလုံး စုပ်ယူခံထားရသည်။
၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
"နတ်ဆိုးတွေ သတ်တာလား"
"ခန္ဓာကိုယ်ထဲက အသက်စွမ်းအင်တွေ အားလုံးကို အနက်ရောင်မြူခိုးက ထိန်းချုပ်ပြီး စုပ်ယူသွားတာလား"
နတ်ဘုရားတမန်တော် မည်သည့်အရာများနှင့် ကြုံခဲ့ရသနည်း။
သူသည် မြူခိုးထဲရှိ ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင်နှင့် တိုးခဲ့ခြင်းလော။
သို့သော် ဤနေရာမှာ မြူခိုးသုမုဒ္ဒရာ၏အပြင်နယ်မြေအစွန်သာ ရှိသေးသည်။
နတ်ဘုရားတမန်တော်ကို သတ်နိုင်လောက်သည့် နတ်ဆိုးမျိုး၊ အနန္တအမှောင်ထုအဆင့် ထိပ်ဆုံးတွင် ရှိနေသည့် နတ်ဆိုးမျိုးက ဘာကြောင့် ဤအပြင်ဘက်ပိုင်းကို ရောက်နေရသနည်း။
၎င်းမှာ မဖြစ်နိုင်သလောက်ပင်။
"မဟုတ်ဘူး... ဓားဒဏ်ရာတွေ ရှိနေသေးတယ်..."
အလောင်းပေါ်တွင် ဓားဒဏ်ရာတစ်ခုကို သူ တွေ့လိုက်ရသည်။
ထိုဓားဒဏ်ရာက သက်သေပြနေသည်မှာ နတ်ဘုရားတမန်တော် အမှန်တကယ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဓားဒဏ်ရာနှင့် နတ်ဆိုး... ဒါဆိုရင်... "မြူခိုးနေထိုင်သူများ" လော အကယ်၍ မြူခိုးနေထိုင်သူတစ်ဦးက သတ်လိုက်ခြင်းဆိုလျှင် ကိစ္စက ပို၍ ကြီးသွားပြီဖြစ်သည်။
"ပုံရိပ်ဖော်ထုတ်မယ်"
သူ၏မျက်ခုံးများ တွန့်ချိုးသွားကာ အေးစက်သော မျက်နှာဖြင့် အတိတ်ပုံရိပ်ကို ပြန်လည် ဖော်ထုတ်ရန် ပြင်လိုက်သည်။
သူသည် ဤနည်းစနစ်တွင် ကျွမ်းကျင်သူဖြစ်၍ ဝတ်ရုံနက် အဖွဲ့က သူ့ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
အတိတ်ပုံရိပ်ဖော်ခြင်းနည်းစနစ်ကို သူ ဖြည်းဖြည်းချင်း စတင်လိုက်သည်။
ဝုန်း
ချက်ချင်းပင် သူ၏မျက်လုံးများ ပြာသွားကာ မြင်ကွင်းထဲသို့ အနက်ရောင်မြူခိုးများ တိုးဝင်လာသည်။
ပုံရိပ်ဖော်ခြင်း စသည်နှင့် သူ နားမလည်နိုင်လောက်သည့် အဆင့်မြင့်မားသော တိုက်ပွဲတစ်ခုကို မြင်လိုက်ရသည်။
နှိုင်းယှဉ်၍မရသော ဓားအလင်းတန်းတစ်ခုကို သူ မြင်လိုက်ရခြင်းပင်။
သူ၏နဖူးတွင် ချွေးစေးများ ကျဆင်းလာသည်။
ထို့နောက် ခမ်းနားထည်ဝါသော ရှေးဟောင်း နန်းတော်ကြီးတစ်ခုတွင် ထိုင်နေသည့် လူသားပုံသဏ္ဌာန်အရှိန်အဝါကြီးမားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
"အားးး" သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ခေါင်းထဲတွင် အပြင်းအထန် နာကျင်မှုကို ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ သူ၏ ပုံရိပ်ဖော်ခြင်းအတတ်က အဆုံးထိ မရောက်သေးခြင်းပင်။
အကယ်၍ ပို၍ ကြောက်စရာကောင်းသော အရာများကို မြင်လိုက်ရပါက သူသည် ကံကြမ္မာ၏ ဒဏ်ပြန်မှုကြောင့် အသက်ပျောက်သွားနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ သူ၏ ကြိုးစားမှုက အချည်းနှီး မဟုတ်ခဲ့ပေ။
အနည်းဆုံးတော့ ထိုသူရှိရာ အရပ်ကို သူ သိလိုက်ရပြီဖြစ်သည်။
သူသည် အသက်ကို ပြင်းပြင်းရှူရင်း ကြောက်လန့်တကြားဖြင့် တစ်ဖက်သို့ လက်ညိုးညွှန်လိုက်သည်။
"ဟိုဘက်မှာ..."
"မင်း... မင်း... ပုံရိပ်ဖော်လိုက်တာလား"
"ဒါပေမဲ့... အဲဒီဘက်ကို ဆက်သွားရင် ဓားဂိုဏ်းရဲ့ နယ်မြေထဲ ရောက်တော့မယ်..." ထိုစဉ် "ချင်းချွမ်" က မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်၊ အဲဒီလူက သိပ်ကြောက်စရာကောင်းတယ်။ ငါ ပုံရိပ်အနည်းငယ် ဖော်လိုက်ရုံနဲ့တင် ငါ့ရဲ့ စွမ်းအင်တွေ အကုန်ကုန်ခမ်းသွားတယ်။ တော်သေးတာပေါ့၊ ငါ့နည်းစနစ်က မနက်နဲလို့ပဲ။ ပိုမြင်လိုက်ရရင် ငါ သေသွားနိုင်တယ်" ဟု ကူးပြောင်းခြင်းအဆင့်ကျွမ်းကျင်သူသူက ထိတ်လန့်တကြား ပြောလိုက်သည်။
တခါတရံတွင်... အင်အားနည်းနေခြင်းကလည်း ကောင်းသောအချက် ဖြစ်ပေသည်။
အလွန်အမင်း ကြောက်စရာကောင်းသော အရာများကို မြင်လိုက်ရခြင်းမှာ ပျက်စီးခြင်းကိုသာ ယူဆောင်လာနိုင်သောကြောင့် ဖြစ်သည်။
တိုက်ပွဲက ထိုဓားဂိုဏ်းထဲတွင် ဖြစ်ပွားခဲ့သည်လော။
"ဒီဂိုဏ်းထဲမှာ... အရင်က... မွန်းစတားငယ်လေးတစ်ကောင်ပဲ ရှိတာပါ။ ငါ ထွက်လာတုန်းက... အဲဒီလောက် အစွမ်းမရှိပါဘူး..." ဟု အရိုးစုက မယုံကြည်နိုင်သလို ငြင်းဆိုလိုက်သည်။
သူတို့သည် ဓားဂိုဏ်းထဲသို့ လျှောက်လှမ်းဝင်လာကြသည်။
အေးစက်သော လေပြင်းများ တိုက်ခတ်လာသည်။
ထိုစဉ်
"စီနီယာအစ်ကိုကြီး ချင်းချွမ်"
တောအုပ်ထဲမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူငယ်လေးတစ်ဦး ထွက်လာသည်။
သူ၏အသက်မှာ ၁၅ နှစ်၊ ၁၆ နှစ်ခန့်သာ ရှိဦးမည်။
သူ၏ကျောနောက်မှ ဓားသည် ဓားအိမ်ပြင်သို့ ဖြည်းဖြည်းချင်း ထွက်လာပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များ ပျံ့လွင့်လာသည်။
မိုချင်းချန် တစ်ယောက် ဤအခြေအနေကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူနှင့်အတူ ကယ်တင်ခံခဲ့ရသည့် စီနီယာအစ်ကိုကြီး ချင်းချွမ်မှာ ဟိုးကတည်းက အစားထိုးခံထားရခြင်း ဖြစ်သည်။
"မင်းက အဲဒီ သစ်ပင်နတ်ဆိုးပဲ" သူက သွားကြိတ်ပြီး ပြောလိုက်သည်။
"ညီငယ်လေး... မင်း ဘာတွေ ပြောနေတာလဲ" ချငချွမ်က ဘာမှမသိသလို ဟန်ဆောင်ကာ မေးလိုက်သည်။
သူ၏သရုပ်ဆောင်မှုမှာ ယုံချင်စရာပင် ကောင်းလှသည်။
"မင်း ဆက်ပြီး ဟန်ဆောင်မနေနဲ့တော့။ သူက 'မြူခိုးသုမုဒ္ဒရာကျမ်းစာ' ကို နားလည်တတ်မြောက်ထားပြီးပြီ။မင်းရဲ့ ဟန်ဆောင်မှုကို သူ အကုန်မြင်နေရတယ်" ဟု အရိုးစုက သတိပေးလိုက်သည်။
အရိုးစုမှာ အံ့သြနေမိသည်။
မိုချင်းချန်ကို သူ မှတ်မိသည်။
ယရင်က မိုချင်းချန်ကို ပူးကပ်ရန် ကြိုးစားခဲ့သော်လည်း ထိုကလေးမှာ အစွဲအလမ်းကြီးပြီး ထုံအသည်ဟု ထင်ရသဖြင့် လက်လျှော့ခဲ့ခြင်းဖြစ်သည်။
ယခုမူ... ထိုကလေးသည် မည်သို့ကြောင့် မြူခိုးသုမုဒ္ဒရာကျမ်းစာကို တတ်မြောက်သွားရသနည်း။
ဤဓားဂိုဏ်းငယ်လေးမှာ သူ မသိနိုင်သော လျှို့ဝှက်ချက်များ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
"တကယ့်ကို ဗီလိန်တွေ စုဝေးရာပါလား" မိုချင်းချန်က အားလုံးကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ လှောင်ရယ်လိုက်သည်။
"ဗီလိန် ဟုတ်လား"
"ငါ့ရဲ့စီနီယာအစ်ကိုကြီး ပြောဖူးတယ်... ဒီလောကမှာ သူ့ကို ဆန့်ကျင်တဲ့သူမှန်သမျှဟာ ဗီလိန်တွေပဲတဲ့"