← Chapters

ငရဲကိုသွားစမ်း

Vol. 12 Ch. 120

ငရဲကိုသွားစမ်း

Vol. 12 Ch. 120

ဤအရာက မည်သို့သော အဓိပ္ပာယ်မရှိသည် စကားနည်း။

ထိုခိုက်တွင် မိုချင်းချန်က သူ့ကို "စီနီယာအစ်ကိုကြီး" ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်၌ ချငချွမ်၏ မျက်လုံးများတွင် နာကျည်းမှုမီးလျှံများ တောက်လောင်သွားသည်။

မိုချင်းချန်၏မျက်လုံးများကလည်း အေးစက်သော အရိပ်အယောင်များနှင့်အတူ ကျဉ်းမြောင်းသွားခဲ့သည်။

မူလက သူတို့သည် စီနီယာအစ်ကို ချင်းချွမ်၏ ကိစ္စကို သိပ်ပြီး သတိမထားမိခဲ့ကြပေ။

သို့သော် အခြေအနေအရပ်ရပ်ကို ပြန်ကြည့်လျှင် ချင်းချွမ်သည် နတ်ဆိုးပူးကပ်ခံထားရသည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မိုချင်းချန် စိတ်မကောင်းဖြစ်သွားရသည်။

ခဏအကြာတွင်မူ သူ၏မျက်လုံးများထဲ၌ သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖြတ်ပြေးသွားတော့သည်။

ဝုန်း

မိုချင်းချန်သည် သူ၏ဓားကို ဆွဲထုတ်လိုက်သည်။

ချက်ချင်းပင် သူသည် ချင်းချွမ်နှင့် တိုက်ပွဲစတင်တော့သည်။

ချင်းချွမ်၏ ကျောနောက်ဘက်မှ သစ်ကိုင်းများ ရူးသွပ်စွာ ထွက်ပေါ်လာသည်။

ထိုသစ်ကိုင်းများသည် ခြောက်သွေ့ဆွေးမြည့်နေသော်လည်း ပတ်ဝန်းကျင် လေထုကို ရိုက်ခတ်လိုက်တိုင်း မီးပွားများနှင့် မိုးကြိုးသံများ ထွက်ပေါ်လာစေသည်။

၎င်းသည် တောင်တစ်လုံးကို ဖြိုခွဲနိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားရှိကြောင်း သိသာလှသည်။

မိုချင်းချန်က ဓားဖြင့် ပြန်လည်ခုတ်ပိုင်းလိုက်သည်။

တောက်ပသော ဓားအလင်းတန်းများသည် သူနားလည်သဘောပေါက်ထားသည့် "မြူခိုးသုမုဒ္ဒရာကျမ်းစာ"၏စွမ်းအားကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်ထက် သာလွန်သော အစွမ်းများကို ထုတ်ဖော်နေသည်။

သူသည် လွတ်မြောက်ခြင်းအဆင့် အစောပိုင်းတွင်သာ ရှိသေးသော်လည်း "ချင်းချွမ်" ကို ပူးကပ်ထားသည့် သစ်ပင်နတ်ဆိုးမှာမူ ထိုအဆင့်၏ အထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။

သို့သော် ထိုနတ်ဆိုးသည် ရှန်ချန်ကော ကြောင့် ဒဏ်ရာရထားသဖြင့် အစွမ်းကုန် မထုတ်နိုင်ပေ။

သို့သော်ငြားလည်း ထိုနတ်ဆိုးသည် ရင်ဆိုင်ရ ခက်ခဲနေဆဲပင်။

မိုချင်းချန်၏ကျောနောက်မှ အနက်ရောင်မြူခိုးများ ပြန့်လွင့်လာပြီး ဓားအလင်းတန်းများသည် နဂါးတစ်ကောင်ကဲ့သို့ တိုးဝင်ကာ ချင်းချွမ်၏ နောက်ကွယ်မှ သစ်ကိုင်းအများစုကို ဖြတ်တောက်ပစ်လိုက်သည်။

နှစ်ဖက်စလုံးသည် အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။

"သူ... တကယ်ကိုပဲ... ဒါက... မကြာသေးခင်ကမှ... တတ်မြောက်သွားတာ... မြူခိုးသုမုဒ္ဒရာ... ကျမ်းစာကို..." ဟု အရိုးစုက အသေအချာ ပြောလိုက်သည်။

ထိုအချိန်တွင် ဝန်ရုံနက်လူသည် သူတို့ကို အေးစက်စွာ ကြည့်နေသည်။

အပြင်နယ်မြေ တွင် မြူခိုးသုမုဒ္ဒရာကျမ်းစာကို နားလည်တတ်မြောက်သူ ပေါ်ထွက်လာခြင်းမှာ အလွန်ထူးဆန်းသော ကိစ္စဖြစ်သည်။

သူသည် ဤနေရာတွင် ကြာကြာမနေသင့်တော့ဟု ခံစားမိကာ ဆုတ်ခွာရန် ပြင်လိုက်သည်။

သူသည် ကျောနောက်မှ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

ကူးပြောင်းခြင်းအဆင့် ၏ အရှိန်အဝါသည် မြစ်ရေတက်လာသကဲ့သို့ ရုတ်တရက် မြင့်တက်လာပြီး အားလုံးကို တုန်လှုပ်သွားစေသည်။

သူသည် ကိစ္စကို မြန်မြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

ဝုန်း

ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်ရာ မိုချင်းချန်၏ မျက်လုံးများ ပြာသွားသည်။

ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက သူ့ကို ပစ်မှတ်ထားနေသည်ကို သူခံစားလိုက်ရသည်။

ဤဝတ်ရုံနက်လူ၏ခွန်အားသည် ကျိဘ ထက် များစွာသာလွန်သည်။

ခမ်းနားသော ဓားအလင်းတန်းများ ကျဆင်းလာပြီး လူတိုင်းကို လွှမ်းမိုးထားသည့် ဖိအားတစ်ခု ပေးလိုက်သည်။

"ချင်းချွမ်" ၏ မျက်နှာသည်လည်း ချက်ချင်းပင် ကြမ်းတမ်းသွားကာ -

"မင်း သေရတော့မယ်၊ မင်းရဲ့ စီနီယာအစ်ကိုကြီးလည်း သေရမှာပဲ" ဟု လှောင်ပြုံးဖြင့် ပြောလိုက်သည်။

မိုချင်းချန်၏မျက်တောင်များ လှုပ်ခတ်သွားသော်လည်း သူသည် အလွန်တည်ငြိမ်နေဆဲဖြစ်သည်။

သူသည် ထိုဖိအားကြီးကို ဘာမှမဖြစ်သကဲ့သို့ ပြုံးပင်ပြုံးနေသေးသည်။

သူ ဘာကို ယုံကြည်နေသနည်း

ထိုအချိန်တွင်ပင်

"အချို့လူတွေက သေမင်းကို ရှာနေတာလား၊ ဒါမှမဟုတ် သေမင်းဆီကို သွားနေတာလား မသိဘူး"

တောအုပ်ထဲမှ ခန့်ထည်ဝါသောသော်လည်း အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံသည် လူတစ်ယောက်၏လည်ပင်းကို ဓားဖြင့် ထောက်ထားသကဲ့သို့ ခံစားရစေသည်။

ဝတ်ရုံနက်လူသည် တုန်လှုပ်သွားသည်။

အသံကို ကြားရရုံဖြင့်ပင် သူ ကြောက်ရွံ့သွားရသည်။

ချက်ချင်းပင်

ဝတ်ရုံနက်လူ၏ ဓားအလင်းတန်းများသည် လေထဲတွင် ရုတ်တရက် ပေါက်ကွဲသွားပြီး မီးရှူးမီးပန်းများကဲ့သို့ ပျောက်ကွယ်သွားသည်။

လူကိုပင် မမြင်ရသေးဘဲ ဓားအလင်းတန်းက ပျက်စီးသွားခြင်းလော။

"ဒါ... ဒါက... မဖြစ်နိုင်တာ... ဒီဓားဂိုဏ်းမှာ... ဒီလောက် ကြောက်စရာကောင်းတဲ့သူ... မရှိသင့်ဘူး..." ထိုလူ ပေါ်မလာခင်မှာပင် ဝတ်ရုံနက်လူသည် ဖိအားတစ်ခုကို ခံစားနေရပြီဖြစ်သည်။

သူသည် အရိုးစုကို ကိုင်ကာ အော်ဟစ်လိုက်သည်။

"ငါ... ငါ... ဒါ... ဒီနေရာမှာ... ဒီလိုအဆင့်မျိုး..."

အရိုးစုသည်လည်း လန့်ဖျန့်ကာ စကားများ ထစ်ငေါ့နေသည်။

ထိုစဉ် တောအုပ်ထဲမှ အလင်းတန်းများ လှိုင်းကဲ့သို့ ထွက်ပေါ်လာသည်။

ထိုအလင်းသည် နူးညံ့သော်လည်း မည်သူမျှ မပြိုင်ဆိုင်နိုင်သည့် အရှိန်အဝါ ပါရှိသည်။

အဖြူရောင်ဝတ်စုံဝတ်ထားပြီး ဖုန်တစ်စပင် မတင်သော လူတစ်ယောက် ပေါ်လာသည်။

သူ၏ကျောနောက်တွင် ဓားသုံးစင်းပါရှိပြီး ထိုဓားများ အနည်းငယ် ဓားအိမ်ပြင်ထွက်လာရုံဖြင့်ပင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။

သူပဲ

အရိုးစု၏ မျက်လုံးများတွင် ကြောက်လန့်ရိပ်များ ပြည့်သွားသည်။

မကြာသေးခင်က သူဓားဂိုဏ်းမှ ထွက်လာချိန်တွင် ရှန်ချန်ကော၏ကျင့်ကြံခြင်းမှာ ဤမျှ မမြင့်မားသေးပေ။

ယခုမူ သူသည် ရှန်ချန်ကောကို ထိုးဖောက်မမြင်နိုင်တော့ပေ။

"နတ်တံတားအဆင့် အထွတ်အထိပ်လား" ဝတ်ရုံနက်လူက မသင်္ကာသလို ရေရွတ်သည်။

ရှန်ချန်ကော ထိုနေရာတွင် ရပ်လိုက်သည်နှင့် ချင်းချွမ်မှာ ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။

ရှန်ချန်ကော၏မျက်လုံးများကို ကြည့်လိုက်လျှင် ဓားပေါင်း ထောင်သောင်းချီ ရှိနေသကဲ့သို့ပင်။

စွပ်

သူ ကြောင်အသွားသည့် ခဏမှာပင် မိုချင်းချန်၏ ဓားသည် သူ၏ပုခုံးတစ်ဝက်ကို ဖြတ်တောက်ပစ်လိုက်သည်။

သွေးများ ထွက်မလာဘဲ သစ်သားစများသာ လွင့်စင်သွားသည်။

ချင်းချွမ်၏မျက်နှာ ပျက်ယွင်းသွားသည်။

ရှန်ချန်ကောသည် မကြာသေးခင်ကမှ လွတ်မြောက်ခြင်းအဆင့်တွင်သာ ရှိသေးသည် မဟုတ်ပါလော၊ယခုမူ ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားသွားပြီဖြစ်သည်။

သို့သော် သူတို့၌ ကူးပြောင်းခြင်းအဆင့် ရှိသော ဝတ်ရုံနက်လူ ရှိနေသေးသည်ဟု အားကိုးနေမိသည်။

"ငါတို့ ဘာလုပ်ကြမလဲ" ချင်းချွမ်က အေးစက်စွာ မေးလိုက်သည်။

သူမမြင်လိုက်ရသည်မှာ ဝတ်ရုံနက်လူ၏ နဖူးတွင် ချွေးစေးများ ထွက်နေခြင်းပင်။

ဤဓားအရှိန်အဝါသည် ဝတ်ရုံနက် နတ်ဘုရားတမန်တော်ကို သတ်ခဲ့သည့် အရှိန်အဝါနှင့် တစ်ထပ်တည်း တူနေသည်။

မဖြစ်နိုင်တာ... ဒီလူက နတ်ဘုရားတမန်တော်ကို သတ်ခဲ့သူလား။

"သတ်... သတ်... သတ်ပစ်" အရိုးစုကမူ ကလဲ့စားချေချင်စိတ်ဖြင့် အော်ဟစ်နေသည်။

သူသည် ဤဂိုဏ်းတစ်ခုလုံးကို သတ်ပစ်ချင်နေသည်။

"သောက်ကျိုးနဲ့ ငရဲပဲသွားသတ်"

ရုတ်တရက် ဝတ်ရုံနက်လူသည် ကြောက်လန့်တကြား အော်ဟစ်ကာ သူကိုင်ထားသော အရိုးစုကို မြေကြီးပေါ် ပစ်ချပြီး လှည့်ပြေးတော့သည်။

အရိုးစု "..."

ချင်ချွမ်း "..."

All Chapters