← Chapters

ငါ့ကို ယောက်ဖလို့ခေါ်

Vol. 8 Ch. 97

ငါ့ကို ယောက်ဖလို့ခေါ်

Vol. 8 Ch. 97

ညစာစားပြီးသည့်နောက်တွင် ချောင်လီနှင့် ချန်ကျိုးက ဖုန်းယောင်ချင်နှင့်အတူတူ အိမ်ကိုလမ်းလျှောက်သွားရင်း အိမ်တွင်းရေး ကိစ္စများပြောခဲ့သည်။

အလုပ်သရဲများဖြစ်သည့် ချီမော့နှင့် ရှန်းမူမူက သူတို့အလုပ် သူတို့ လုပ်နေကြသည်။

တစ်ယောက်က အခန်းထဲတွင် ကြေငြာအစီအစဉ်များ ရေးဆွဲနေသည်။

ချီရှောင်ပိုင်က စိတ်ပျက်စွာပင် စိတ်မပါစွာ အခန်းထဲ ပြန်ဝင်သွားခဲ့သည်။

တီ စားပွဲပေါ်က ဖုန်းက တုန်ခါလာခဲ့သည်။

ဖုန်းဖွင့်ကြည့်လိုက်တော့ ဝေကျောက်နန်ထံက စာဖြစ်နေသည်။

ရုပ်ချောကြီးကျောက်နန်။ “အဖေ လက်မှတ်နှစ်စောင်ရခဲ့တယ်။”

ရုပ်ချောကြီးကျောက်နန်။ “ဓာတ်ပုံ။”

ဖုန်းမျက်နှာပြင်တွင် ‘အလွန်ပြင်းစွာ လှည့်စားခြင်း’ရုပ်ရှင် လက်မှတ်ကိုမြင်လိုက်တော့ ချီရှောင်ပိုင်၏ မျက်လုံးများ လက်သွားခဲ့သည်။

ရှောင်ပိုင်။ “မဆိုးဘူး၊ ဘယ်က ရခဲ့တာလဲ။”

ရုပ်ချောကြီးကျောက်နန်။ “မနက်ဖြန် ကျောင်းလာပြီး ငါ့ကိုအဖေလို့ခေါ်ရင် ပြောပြမယ်။”

ရှောင်ပိုင်။ “မင်းကို ဆရာမတွေနဲ့ အတန်းဖော်‌တွေရှေ့မှာ အမှုန့်မချေပစ်ချင်ဘူးနော်။”

ရုပ်ချောကြီးကျောက်နန်။ “အခုပဲ လက်မှတ်ဖြဲလိုက်တော့မယ်။”

ရှောင်ပိုင်။ “အို။”

ထိုသို့ပြောသော်လည်း စနောက်နေမှန်း သူသိသည်။

သူ့ညီအစ်ကို ဝေကျောက်နန်က သူ့အတွက် လက်မှတ် ချန်ထားပေးလိမ့်မည်။

သူ့စိတ်ခံစားချက်က ငရဲအောက်ခြေမှ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

သူက ပြုံးပြီး ကွန်ပျူတာ ဖွင့်လိုက်သည်။

ဂုဏ်ပြုဖို့အတွက် ဂိမ်းကစားရမည်။

သို့သော် ဂိမ်းဖွင့်ပြီးသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။

နေပါဦး။

အရေးကြီးသည့် တစ်စုံတစ်ခုကို သူတွေးမိသွားခဲ့သည်။

ရုပ်ရှင်ရုံထဲမှာ အဖေနဲ့မိထွေးကိုတွေ့ရင် ဘယ်လိုလုပ်မလဲ။

ဂိမ်းဆော့မည့် ခံစားချက်များ ချက်ချင်းပျောက်သွားခဲ့သည်။

သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြင်ဆင်ခွင့် စာအုပ်ကို ဖွင့်ကာ လေးနက်စွာ ထိုင်နေသည်။

သူက နာကျင်စရာကောင်းသည့် ဆုံးဖြတ်ချက်ကို ချလိုက်သကဲ့သို့ ဆံပင်ကိုဆွဲဖွပြီး မေးခွန်းများ လေ့ကျင့်ခဲ့သည်။

အပေးအယူ လုပ်ခြင်းကို သိရမည်။ ကမ္ဘာပေါ်တွင် အလကားရတာ မရှိပေ။ ယောက်ျားတစ်ယောက်က ဆုံးဖြတ်ချက်အတွက် တန်ရာကို ပေးဆပ်ရမည်။

ထိုစကားကို ယခင်က သူ့ဖခင်ပြောခဲ့ခြင်းဖြစ်သည်။

ယခုတော့ ချီရှောင်ပိုင် လုံးဝ သဘောတူလိုက်သည်။

မေးခွန်းလေ့ကျင့်ခြင်းက သူပေးဆပ်မည့် တန်ဖိုးဖြစ်သည်။

သူ ရုပ်ရှင်သွားကြည့်ရမည်။

လပတ်စာမေးပွဲကို သူကောင်းကောင်း ဖြေဆိုရမည်။

သူလိုချင်တာရဖို့အတွက် ဂိမ်းကစားဖို့အချိန်ကို စွန့်လွှတ်ရမည်။

အကယ်၍ ကံဆိုးစွာဖြင့် ရုပ်ရှင်ရုံတွင် မိဘများနှင့်တွေ့ပါက တရားသူကြီးထံ သက်သေတင်သွင်းသကဲ့သို့ သူလေ့ကျင့်ထားသည့် မေးခွန်းကို ပြပြီး အဆူမခံရအောင် လုပ်မည်။

မိဘတွေနှင့်မဆုံစေရန်အတွက် ရုံရှင်ရုံထဲ စောဝင်ရန် သူနှင့် ဝေကျောက်နန်က သဘောတူခဲ့သည်။

သူ့စာကိုမြင်တော့ ဝေကျောက်နန်က နှာမှုတ်လိုက်သည်။

ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ဦးလေးချီက သူတွေ့ဖူးသမျှ လူကြီးတွေထဲမှာ ဉာဏ်အကောင်းဆုံးဖြစ်သည်။

ဦးလေးချီ မတွေ့အောင် ချီရှောင်ပိုင် ရှောင်နိုင်မည်ဟု သူ မထင်ပေ။

ထို့ကြောင့် သူက ကြင်နာစွာ အကြံပေးလိုက်သည်။

ရုပ်ချောကြီးကျောက်နန်။ “မင်းအခု ဒူးထောက်တာ လေ့ကျင့်သင့်တယ်ထင်တယ်၊ ဒါမှ ဦးလေးချီ မိရင်လည်း မင်းကောင်းကောင်းလုပ်နိုင်ရင် အပြစ်လျော့မှာပေါ့။”

ရှောင်ပိုင်။ “အဓိပ္ပာယ်မရှိလိုက်တာ။”

တနင်္ဂတွေနေ့တွင်ဖြစ်သည်။

ရုပ်ရှင်ပြချိန် မရောက်သေးသော်လည်း ကြည့်ရှုသူများကရုံအပြင်တွင် ရောက်နေကြပြီဖြစ်သည်။

အဆောက်အဦး၏ ဝင်ပေါက် ပေ၅၀အကွာရှိ အပင်အောက်တွင်ဖြစ်သည်။

အရပ်ရှည်ကာ ပိန်သွယ်သည့် ကောင်လေးတစ်ဦးက ဦးထုတ်ကို ခပ်ငိုက်ငိုက်စောင်းကာ ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် စူးစမ်းနေသည်။

မျက်နှာတစ်ဝက်ကျော်လောက်ကို မတ်စ်အမည်းဖုံးအုပ်ထားသော်လည်း သူ့မျက်ခုံး၊ မျက်လုံးကို ကြည့်ခြင်းဖြင့် ခပ်တန်းတန်းနှင့် အေးစက်သည့်ကောင်လေးမှန်း သိနိုင်သည်။

ဖြတ်သွားဖြတ်လာ မိန်းကလေးများက သူ့ကို အကြိမ်အနည်းငယ် လည်ပြန်ကြည့်ကြသည်။

ထိုအရာကို သတိထားမိတော့ ကောင်လေးက သစ်ပင်နောက်ကို ရွေ့သွားခဲ့သည်။

သူက စိတ်မရှည်စွာဖြင့် ဖုန်းထုတ်ပြီး ဝေကျောက်နန်ကို စာပို့လိုက်သည်။

ရှောင်ပိုင်။ “မင်း ဘယ်မှာလဲ။”

ရုပ်ရှင်ရုံ ဖွင့်ဖွင့်ချင်း အထဲဝင်ဖို့ သဘောတူထားခဲ့သော်လည်း ဝေကျောက်နန်က အခုထိ ရောက်မလာသေးပေ။

သိပ်မကြာခင်တွင် ပြန်စာရောက်လာခဲ့သည်။

ရုပ်ချောကြီးကျောက်နန် - “ဠီး၊ ခ‌ဏစောင့်ဦး၊ ငါအစားမှားပြီ ဗိုက်နာနေလို့၊ အခု အမြန်လာနေပြီ။”

ချီရှောင်ပိုင်က မက်ဆေ့ကိုကြည့်ပြီးနောက် စိတ်မရှည်စွာ တောက်ခတ်ပြီး ဖုန်းပြန်ပိတ်လိုက်သည်။

သူက ဘေးပတ်လည်ကို ထပ်ကြည့်လိုက်သည်။

ထိုအချိန်မှာပဲ ရုပ်ရှင်ရုံအပြင်တွင် အမည်းရောင် Rolls-Royceက ရပ်လိုက်သည်။

လူတွေ၏ အကြည့်က ထိုအပေါ်ကျရောက်သွားခဲ့သည်။

ကားရပ်ပြီးသည့်နောက်တွင် ယာဉ်မောင်းက ဆင်းလာပြီး ခပ်မှန်မှန်ပြေးကာ အနောက်ခန်းတံခါး ဖွင့်ပေးလိုက်သည်။

ထို့နောက် အမျိုးသားတစ်ဦး ကားပေါ်မှဆင်းလာခဲ့သည်။

သူလက္ခဏာက ထက်မြက်ကာ မျက်လုံးနက်နက်များနှင့် တည်ငြိမ်ကာ သီးသန့်ဆန်နေသည်။

သူက လက်တစ်ဖက်ဖြင့် ကုတ်အင်္ကျီကို လျော့တိလျော့ရဲ ကိုင်ထားသည်။

သူ၏ အနက်ရောင်ရှပ်အင်္ကျီက ကျယ်ပြောသည့် ကျောပြင်တွင် ကွက်တိကျနေသည်။

သူက အင်္ကျီလက်ကို အနည်းငယ် ခေါက်တင်ထားပြီး အောက်အနားစက လေထဲ အနည်းငယ်လွင့်နေသည်။

သာမာန် ရုံးအဝတ်အစားဖြစ်သော်လည်း တည်ငြိမ်အေးဆေးသည့် အရှိန်အဝါကို ထုတ်လွှင့်နေသည်။

ညအလင်းရောင်အောက်တွင် အရပ်ရှည်လျားသည့်လူက ရပ်နေသည်။

စက္ကန့်အနည်းငယ်အတွင်းပင် သူ့အပေါ် အကြည့်များပိုကျရောက်လာကာ ကြည့်ရှုသူတွေက တီးတိုးပြောနေကြသည်။

ထိုလူက ကိုယ်ကိုအနည်းငယ်ကိုင်းကာ ကားထဲလက်ဆန့်လိုက်သည်။

သိပ်မကြာခင်တွင် သူ့လက်ပေါ်သို့ ဖြူဖွေးနူးညံ့သည့်လက်တစ်ဖက် ရောက်လာခဲ့သည်။

သူက ရှန်းမူမူလက်ကို ဆွဲလိုက်ကာ သူမကို ကားထဲက ထွက်လာစေခဲ့သည်။

သူတို့အကြည့်ချင်းဆုံသည့်အချိန်တွင် ချီမော့၏ မျက်ဝန်းထဲက အေးစက်မှုများကို နူးညံ့မှုများက အစားထိုးသွားခဲ့သည်။

လအလင်းရောင်က နီယွန်မီးနှင့် ပေါင်းစပ်ကာ သူတို့အပေါ် ဖြာကျနေသည်။

မီးပွိုင့်မိသလို ခဏတာ တောင့်ခဲကုန်ကြ‌လေသည်။

အပြင်လူတွေအတွက်တော့ ဖူးစာဖက်စုံတွဲကို တွေ့လိုက်ရသကဲ့သို့ဖြစ်သည်။

သို့သော် ပေ ၅၀ အကွာက သစ်ပင်အောက်ရှိ ချီရှောင်ပိုင်အတွက်ကတော့ ဒုက္ခလှလှတွေ့ခြင်းဖြစ်သည်။

သူက သက်ပြင်းချလိုက်သည်။ အခြေအနေ မကောင်းဘူး။

ဝေကျောက်နန် မရောက်ခင် အဖေတို့ အရင်ရောက်လာပြီ။

သူအရင်စောဝင်လို့ မရတော့သဖြင့် လူတွေအများကြီးဝင်ချိန်မှာ ရောဝင်ဖို့သာ ရှိတော့သည်။

အမည်းရောင် Rolls-Royceကားနောက်တွင် အမည်းရောင် Maybachကားက ဖြည်းညင်းစွာ ရပ်သွားသည်။

ချန်ကျိုးနှင့် ချောင်လီတို့က ရှေ့ခန်းမှ အသီးသီးထွက်လာခဲ့သည်။

ချောင်လီက တစ်ချက်ကြည့်ရုံဖြင့် သူတို့ကို တွေ့ခဲ့သည်။

“အစ်ကို၊ အစ်မ။”

ရှန်းမူမူက ပြုံးလိုက်သည်။ “တိုက်ဆိုင်လိုက်တာ၊ ငါတို့လည်း အခုမှရောက်တာ။”

သူတို့လေးဦးလုံးက ရပ်စောင့်နေကြသည်။

ချီမော့က အမည်းရောင် Maybachကားကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ချန်ကျိုးက သူ၏ ချမ်းသာသည့်မိသားစုနောက်ခံကို ဖုံးကွယ်ရန် မကြိုးစားတော့ပေ။

ချန်ကျိုးက ချီမော့မျက်ဝန်းထဲက အရိပ်အယောင်ကို မမြင်ဘဲ သူတို့ကို နှုတ်ဆက်လိုက်သည်။ “အစ်မရှန်း၊ ယောက်ဖ အရင်ဝင်ပါ။”

သူစကားပြောပြီးသည်နှင့် ချီမော့ မျက်ဝန်းထဲက အေးစက်မှုတို့က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူက ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည်။

ရှန်းမူမူက အထဲဝင်ရင်း ချန်ကျိုးကို စနောက်နေသည်။ “နင်က လီလီကို အဖော်ပြုနေမှတော့ ချီမော့ကို ယောက်ဖအစား ဝမ်းကွဲအစ်ကိုလို့ ခေါ်ရမှာမလား။”

ချန်ကျိုးက ဆွံ့အသွားပြီး ခဏလောက် ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။

ကြည့်ရတာ သူ့အတွင်းစိတ်ထဲက ရှန်းမူမူကို အစ်မအရင်း ဖြစ်စေချင်သည့် ရည်ရွယ်ချက်က သိသာနေပုံရသည်။

အချိန်မတန်သေးသဖြင့် သူဖုံးကွယ်ထားရမည်။

သူက ကို့ရို့ကားယားဖြင့် ခေါင်းကုတ်ပြီး ပြုံးလိုက်သည်။

သူက ဘေးရှိတည်ကြည်သည့်လူကိုကြည့်ကာ မေးလိုက်သည်။ “မစ္စတာချီကို ဘယ်လိုခေါ်ရမလဲ၊ ယောက်ဖ၊ ဝမ်းကွဲအစ်ကို၊ မစ္စတာချီ။”

ယနေ့ ချောင်လီကို အဖော်ပြုကာ လာရသည့် သူ့ရည်ရွယ်ချက်က ချောင်လီကို သူ့အန်တီလက်မှ ကူညီရန်ဖြစ်သည်။

မစ္စတာချီနှင့် အစ်မရှန်းက သူတို့ဟန်ဆောင်နေသည်ကို သိသဖြင့် မစ္စတာချီဟု ခေါ်ခြင်းကလည်း အဓိပ္ပာယ်ရှိသည်။

ချောင်လီနှင့်ချန်ကျိုးက မကြာသေးမီက စကားအများကြီးပြောခဲ့သဖြင့် သူငယ်ချင်းတွေလို ရင်းနှီးနေပြီဖြစ်သည်။

ချောင်လီက ချန်ကျိုးကို မျက်စံလည်ကြည့်လိုက်သည်။ “ရူးနေလား၊ နင်က အစ်ကို့ကို ယောက်ဖလို့ခေါ်ရင် မိသားစုနဲ့တူနေမှာပေါ့၊ သူ့ကို ဝမ်းကွဲအစ်ကိုလို့ခေါ်ရင် နင်နဲ့ ငါက မိသားစုဖြစ်နေမှာပေါ့၊ ဘယ်လိုခေါ်ခေါ် မိသားစုပတ်သက်မှု ရှိနေမှာပဲ။”

ချန်ကျိုးက မူလက နားလည်သည်။ ချောင်လီ၏စကားကိုကြားပြီးမှ ရှုပ်ထွေးသွားကာ မေးလိုက်သည်။ “ဒါဆို ဘယ်လိုခေါ်ရမှာလဲ။”

“ယောက်ဖဆို ရပါပြီ။” ချီမော့၏ မျက်လုံးထဲတွင် တုံ့ဆိုင်းမှုအနည်းငယ် ရှိနေကာ ပြောလိုက်သည်။

အဖြေရပြီးနောက် ချန်ကျိုးက အမြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့ ယောက်ဖ။”

ထိုကိစ္စကို အဘယ်ကြောင့် မချိမဆန့်ခံစားနေရသည်ကို ရှန်းမူမူက သတိမထားမိခဲ့ပေ။ သူမက ချောင်လီကို ဆွဲလိုက်သည်။ “အထဲဝင်ရအောင်၊ ငါပေါက်ပေါက်ဝယ်ချင်တယ်။”

သူမက ချီမော့ကို လှည့်ကြည့်လိုက်သည်။ “ရှင်ကောစားဦးမလား၊ ဒါဆို ဘူးကြီးယူလိုက်မယ်။”

ချီမော့က ခပ်ဖွဖွ ရယ်လိုက်သည်။ “အင်း။”

ထို့နောက် ချီမော့က ပတ်ဝန်းကျင်ကို အကြည့်ဝေ့လိုက်သည်။

သူ့ဖခင်၏အကြည့်ရွေ့လာတော့ အကွာအဝေး ဝေးကွာတာတောင် ချီရှောင်ပိုင်က တုန်သွားခဲ့သည်။

သူက ဦးထုပ်ကို ထပ်မံ၍ အောက်ငိုက်လိုက်သည်။

***

All Chapters