သူမကို သက်တောင့်သက်တာဖြစ်စေတဲ့ အသက်ရှုသံလေး
Vol. 8 Ch. 99
ရုပ်ရှင်ရုံအပြင်ဘက်တွင် ဝန်ထမ်းများက လူတန်းကို တားထားသည့်ကြိုးကို ဖယ်လိုက်ကြသည်။
ရုပ်ရှင်က စပြတော့မည်ဖြစ်သည်။
ချီရှောင်ပိုင်က ရှင်းမပြနိုင်သော အကြောင်းပြချင်များဖြင့် အိတ်ကပ်ထဲ လက်နှိုက်လိုက်သည်။
ထို့နောက် လက်မှတ်အပိုတစ်စောင်ကို ဆွဲထုတ်လိုက်ပြီး သူ့ရှေ့က မိန်းကလေးကို ကမ်းပေးလိုက်သည်။
“ငါ့မှာလက်မှတ်အပိုရှိတယ်၊ မင်းလိုချင်လား။”
သူမ ကြည့်လိုက်တော့ ထိုလက်မှတ်က သူမ အလွန်တောင့်တကာ လိုချင်နေသည့် ‘အလွန်ပြင်းစွာ လှည့်စားခြင်း’ ရုပ်ရှင်လက်မှတ်ဖြစ်သဖြင့် ခဏလောက် ကြက်သေသေသွားခဲ့သည်။
သူမ မျက်နှာတွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူမ မျက်ဝန်းထဲ ပျော်ရွှင်ခြင်းအရိပ်များသန်းနေကာ သူမက ချီရှောင်ပိုင်ကို ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ လက်မှတ်ဖိုး လွှဲပေးပါ့မယ်။”
သူမက အိတ်ထဲမွှေနှောက်ကာ ဖုန်းရှာနေသည်။
“မလိုဘူး။” ချီရှောင်ပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့အမူအရာက မပြောင်းလဲပေ။ သူက မေးကိုအနည်းငယ်လွှဲလိုက်ပြီး သူ့အသံက အစောပိုင်းက ဖြတ်တိုက်သွားသည့် လေလို နူးညံ့သည်။
သူက အိတ်ကပ်ထဲ လက်ထည့်ပြီး ခြေလှမ်းကျဲများဖြင့် အရှေ့ဆက်သွားခဲ့သည်။
သူမကိုဖြတ်သွားရင်း သူက စကားတစ်ခွန်းပြောခဲ့သည်။ “ရုပ်ရှင်က စတော့မယ်။”
ထိုကောင်းလေးက အရှေ့ကို ဆက်လျှောက်သွားလိုက်သည်ကိုမြင်တော့ ချီရှားမှာ ဖုန်းထုတ်ချိန်တောင် မရလိုက်ပေ။
သူမက နှုတ်ခမ်းကို စေ့ပိတ်ထားသည်။
အမြဲ ထိုအတိုင်းဖြစ်သည်။ သူက ကောင်းမှုပြုလုပ်ပြီးတိုင်း ရှောင်ပြေးတတ်ကာ လေ့ဖုန်းနှင့်တူသည်။
သူမက ခေါင်းလှည့်ကြည့်ပြီး အသံကို အနည်းငယ်မြင့်ကာ ပြောလိုက်သည်။
“နေဦး၊ နင့်ကို ပေးစရာ တစ်ခု ရှိတယ်။”
လမ်းနှစ်ဖက်က အပင်က သစ်ရွက်များက လမ်းမီးအားလုံးနီးပါးကို ဖုံးအုပ်ထားသကဲ့သို့ဖြစ်နေသည်။
ချီရှောင်ပိုင်က အလင်းပေးထားသည့် နေရာဆုံမှတ်ကိုသွားနေကာ သူ့အရိပ်က ရှည်လျားနေသည်။
မိန်းကလေး၏ ခေါ်သံကိုကြားတော့ သူက ရပ်လိုက်သည်။
သူက လှည့်ကြည့်လိုက်ကာ သူ့အသံက ရှင်းလင်းနေသည်။
“နောက်မှပြော၊ လမ်းမြန်မြန်လျှောက် မဟုတ်ရင် လက်မှတ်စစ်ဆေးတာကို ကျော်သွားလိမ့်မယ်။”
ကောင်မလေးကပြုံးပြီး သူ့နောက် အမှီပြေးလိုက်ခဲ့လေသည်။
“ကျေးဇူးတင်ပါတယ်၊ လေ့ဖုန်းအတန်းဖော် နင့်ကို အအေးဝယ်တိုက်ပါ့မယ်။”
“လေ့ဖုန်းအတန်းဖော်။”
“နင်ကြိုက်တဲ့ အရသာ ဝယ်ပေးပါ့မယ် လေ့ဖုန်းအတန်းဖော်။”
“ငါ့မျိုးရိုးနာမည်က လေ့ မဟုတ်ဘူး၊ ချီ။”
ကောင်မလေးက ကျီစယ်ဟန်ဖြင့် ပြုံးခဲ့သည်။ “သိပါတယ်။”
နွေရာသီ၏အပူက ဖရိုဖရဲဖြစ်နေကာ လတ်ဆတ်သည့် လေပြေက မြက်နှင့်သစ်ပင်ရနံ့များကို သယ်ဆောင်ထားသည်။
သူတို့နှစ်ဦး၏ အသံက အကွာအဝေးကြားတွင် မှေးမှိန်သွားကာ နွေနှောင်းပိုင်း၏ လေပြေထဲ ရောယှက်သွားခဲ့သည်။
ရှန်းမူမူက ပေါက်ပေါက်ဆုပ် ဘူးကြီးကို ကိုင်ထားသည်။ သူမက ရုပ်ရှင်ရုံထဲ မဝင်ခင်မှာပဲ မွှေးပျံ့လှသည့် ပေါက်ပေါက်ဆုပ်ကို အနည်းငယ် ယူစားလိုက်သည်။
ချီမော့က သူမ အနောက်ကနေ လျှောက်ကာ သူမ၏ အိတ်နှင့် လိမ္မော်ရည်နှစ်ခွက်ကို ကိုင်ထားသည်။
တစ်ဖက်က ချောင်လီက မျက်လုံးပြူးနေသည်။
သူမ ဝမ်းကွဲအစ်ကိုက ယခင်က တခြားလူ၏ အိတ်ကို သယ်ပေးတာမျိုး သူမ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
သူမရဲ့ အမြင်တွင် အသစ်အဆန်းဖြစ်နေကာ သူမ၏ ဝမ်းကွဲအစ်ကိုက သူမ သိသည့် ဝမ်းကွဲအစ်ကိုနှင့် တူမနေပေ။
သို့ပေမယ့် ထိုအိတ်က သူမ ယောက်မ၏အိတ်ဆိုတာကို သူမ နားလည်လိုက်တော့ အရာအားလုံးက အဓိပ္ပာယ်ရှိနေပြန်သည်။
ဘာတွေဖြစ်နေသည်ဆိုတာကို သူမ မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။
သူမ၏ စိတ်ရှုပ်ထွေးနေမှုကို ချန်ကျိုးက သတိထားမိခဲ့ကာ ခဏလောက် တွေးတောပြီးမှ သူမက မေးလိုက်သည်။ “ဘာဖြစ်တာလဲ၊ ရုပ်ရှင်မစခင် သန့်စင်ခန်း သွားသင့် မသွားသင့် စဉ်းစားနေတာလား။”
ဇဝေဇဝါဖြင့် ချောင်လီ၏ အတွေးများက လက်ရှိကို ပြန်ရောက်လာခဲ့သည်။ “....”
စကားဆက်မပြောဘဲ ချန်ကျိုးက သူမလက်ထဲက ပေါက်ပေါက်ဆုပ်ဘူးကို ယူလိုက်သည်။
“သွားလေ၊ အချိန်ရှိသေးတယ်၊ မင်းကို အဝင်ပေါက်မှာ စောင့်နေမယ်။”
ချောင်လီက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ပေါက်ပေါက်ဆုပ်ဘူးကို ပြန်ယူလိုက်သည်။
“အမြန်ဝင်စမ်းပါ အရူးရဲ့။”
ချန်ကျိုး။ “...”
ရုပ်ရှင်ရုံက VIPအခန်းဖြစ်ကာ ခုံ၅၀၊ ၆၀လောက်ရှိသည်။
သူတို့ ၄ ဦးက အတူတူထိုင်ကာ ခုံတွေက ရှေ့မရောက် နောက်မရောက် အနေအထားဖြစ်သည်။
ချန်ကျိုးနှင့် ချောင်လီက အရင်ဝင်ခဲ့သည်။
ရှန်းမူမူက ချောင်လီ၏ ဘယ်ဘက်တွင်ထိုင်ခဲ့သည်။ ချီမော့က သူမ၏ ဘယ်ဘက်တွင်ထိုင်ကာ ခြေချိတ်ထားပြီး ဂျာကင်အင်္ကျီကို သူတို့အပေါ်ဖုံးထားသည်။
ရှန်းမူမူ ထိုင်ပြီးသည့်နောက်တွင် သူတို့ရှေ့က စုံတွဲက ကြားထဲက လက်ကိုင်ကို ဖယ်ထားကာ အချင်းချင်း မှီတွယ် ပူးကပ်နေသည်ကို တွေ့လိုက်သည်။
ရုပ်ရှင်ရုံထဲမှာ စုံတွဲများ ယခုလို နီးနီးကပ်ကပ်နေခြင်းက သာမာန်သာဖြစ်သဖြင့် သူမ သိပ်မတွေးခဲ့ပေ။
ရှန်းမူမူက ခေါင်းပြန်လှည့်ပြီး သူမနှင့် ချီမော့ခုံကြားက လက်ကိုင်တန်းထဲ ပေါက်ပေါက်ဆုပ်ခွက် ထည့်မည့်အချိန်တွင် ၎င်းကို လူတစ်ဦးက ညှင်သာစွာ ယူသွားခဲ့လေသည်။
“ကိုယ် ကိုင်ထားပေးမယ်။” ချီမော့၏ အသံက တိုးလျ ဩရှနေသည်။
ထို့နောက် ချီမော့က သူတို့ကြားက လက်ကိုင်ကို ဖယ်လိုက်သည်။
သူက ပေါက်ပေါက်ဆုပ်ဘူးကိုကိုင်ထားလျက် သူမနား အနည်းငယ် တိုးကပ်ခဲ့သည်။
ရှန်းမူမူက ယာယီ ကြက်သေသေနေခဲ့သည်။ “...”
သူ့ကို မျက်လုံးထောင့်က ကြည့်လိုက်ကာ သူမရဲ့ မျက်နှာမှာ ပါးချိုင့်ရာလေးပေါ်သွားခဲ့သည်။
ရှန်းမူမူက သူမ၏ ခင်ပွန်းအတု ချီမော့၏ ယောက်ျားဆန်သည့် အပြုအမူကို နောက်တစ်ကြိမ် တိတ်တဆိတ် ချီးကျူးလိုက်သည်။
ရုပ်ရှင်အတူတူ ကြည့်ရင် ပေါက်ပေါက်ဆုက်ဘူး ကိုင်ပေမယ့်လူကို ဘယ်မှာရှာလို့ရမှာလဲ။
ရုပ်ရှင်ရုံထဲကမီးအလင်းက မှိန်သွားကာ ပိတ်ကားမျက်နှာပြင်က လင်းလာခဲ့သည်။
အလင်းရောင်က သူမဘေးရှိလူကို ပိုထင်းသွားစေသည်။
သူမဘေးကလူ၏ နှုတ်ခမ်းထောင့် ကော့တက်သွားသည်ကိုလည်း သူမ မြင်လိုက်သည်။
သို့သော် သူမ ထပ်ကြည့်လိုက်သည့်အချိန်တွင် သူ့အမူအရာက ပုံမှန်လို တည်ငြိမ်နေသည်။
ရှန်းနူမူ။ “...”
အမြင်မှားတာလား။
ဘေးပတ်ဝန်းကျင်ရှိ အသံများ တိတ်ကျသွားပြီးနောက် နောက်ကျမှ ဝင်လာသည့် နှစ်ယောက်က ခါးကိုင်းဝင်ကာ သိပ်မဝေးသည့် ခုံတွင် ဝင်ထိုင်ကြလေသည်။
ရုပ်ရှင်က စတင်တော့မည်ဖြစ်သည်။
သူမ အာရုံအားလုံးက ရုပ်ရှင်ထဲ နစ်မြုပ်နေသည်။
ဒါရိုက်တာ၏ ရိုက်ချက်တွေက ကျွမ်းကျင်နေကာ ကင်မရာသမားများ၏ လက်ရည်ကလည်း အလွန်ကောင်းသည်။
မျက်နှာသစ်များဖြစ်သည့် မင်းသားနှင့် မင်းသမီး နှစ်ဦးလုံးက ကြည့်ရှုသူတွေကို စိတ်ခံစားချက် အသစ်ရစေခဲ့သည်။
လူတိုင်းက ရုပ်ရှင်ကို စိတ်ဝင်စားနေကာ လေထုကြီးက တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်။
ရှန်းမူမူ၏ နားထဲတွင် သူမနှင့် ချီမော့၏ ပုခုံးကြားက အင်္ကျီပွတ်တိုက်သံ ခပ်တိုးတိုးကိုပင် ကြားနေရသည်။
သူမက ပေါက်ပေါက်ဆုပ်ဘူးထဲ လက်ထည့်ကာ အနည်းငယ် ယူလိုက်သည်။
ပေါက်ပေါက်ဆုပ်က ချောကလက်နှင့် ထောပတ်အရသာကို ရောယူထားခြင်းဖြစ်သည်။
ထီထိုးရသကဲ့သို့ပင် သူမ ဘာအရသာ စားမိမည်ကို မသိပေ။
သူမက နောက်တစ်ကြိမ် ထပ်နှိုက်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် သူမလက်က နွေးထွေးသည့် အရာကို သွားထိမိခဲ့သည်။
ပေါက်ပေါက်ဆုပ်ဘူးထဲတွင် သူတို့၏ လက်ဖမိုးချင်း ထိနေသည်။
သူမ လှည့်ကြည့်လိုက်တော့ ချီမော့၏ အမူအရာက ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်အေးဆေးနေသည်ကို တွေ့လိုက်သည်။
သူမ ဘေးရှိလူကလည်း ပေါက်ပေါက်တွေ အများကြီး နှိုက်နေကြောင်း သိလိုက်ကာ သူမ ကြိတ်ရယ်လိုက်လေသည်။
CEO ချီမော့ကလည်း အချိုကြိုက်တာပဲ။
ရုပ်ရှင်က အထွတ်အထိပ်ကိုရောက်လာကာ ဒါရိုက်တာက ကြည့်ရှုသူတွေ၏ ရင်ကို ဓားဖြင့် ထိုးခဲ့လေသည်။
ရုပ်ရှင်ရုံထဲတွင် နှာရှုံ့သံများကို ကြားနေရသည်။
တဖြည်းဖြည်းဖြင့် ကြည့်ရှုသူ တစ်ဝက်လောက်က ငိုနေကြလေသည်။
သန်မာသည့် ချောင်လီတောင် ထိုအဖြစ်အပျက်မှ မလွတ်ခဲ့ပေ။
ချောင်လီက တစ်ရှူးမပါလာသဖြင့် သူမ ပုံရိပ်ကို ဂရုမစိုက်ဘဲ လက်ဖြင့်သုတ်ခဲ့သည်။
မျက်ရည်တွေဖြင့် အမြင်အာရုံ ဝေဝါးနေချိန်တွင် တစ်စုံတစ်ယောက်က သူမ လက်ကို ပုတ်ခဲ့သည်။
သူမ လှည့်ကြည့်လိုက်တော့ ချန်ကျိုးက တစ်ရှူးကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ချောင်လီ၏ မျက်နှာက ငိုထားသဖြင့် အနည်းငယ် အမ်းနေကာ အသံက ဆို့နင်နေသည်။ “ကျေးဇူးပဲ။”
ချန်ကျိုးကတော့ ရုပ်ရှင်၏ သက်ရောက်မှုကို ခံစားရပုံ မပေါ်ပေ။ ချောင်လီ ငိုနေသည်ကိုတွေ့တော့ မရယ်မိအောင် ထိန်းထားရပုံပေါ်နေသည်။
တစ်ဖက်က ရှန်းမူမူကလည်း တရှုံ့ရှုံ့လုပ်နေသည်။
ချီမော့က သူမကို ကြည့်ခဲ့သည်။
ပိတ်ကားထက်က အလင်းရောင်က သူ့မျက်လုံးထဲက စိုးရိမ်စိတ်ကို ထင်ဟပ်နေစေသည်။
ရှန်းမူမူက သူ့ကို ရှုပ်ထွေးစွာ ပြန်ကြည့်ရင်း မျက်တောင်ခတ်နေမိသည်။
သူမ ငိုနေသည်ကို တစ်ဖက်လူက ထင်နေသည်ကို သူမ နားလည်လိုက်ကာ ရုပ်ရှင်ရုံအပေါ်က အဲကွန်းကို သူမ ကြည့်လိုက်လေသည်။
ရှန်မူမူက အေးနေကြောင်းကို ကိုယ်ဟန်အမူအရာဖြင့် ဖော်ပြခဲ့သည်။
ဇာတ်ကွက်က တော်တော်လေး ပြင်းထန်သော်လည်း သူမကို ငိုအောင် မလုပ်နိုင်ခဲ့ပေ။
သူမက ပိတ်ကားထက်ကို ပြန်ကြည့်ချိန်မှာပဲ အသက်ရှူသံ ခပ်အေးအေးက သူမကို လွှမ်းခြုံသွားခဲ့သည်။
ချီမော့က သူမကို ကုတ်အင်္ကျီ ခြုံပေးလိုက်သည်။
သူ၏ ရှည်သွယ်သော လက်ချောင်းများဖြင့် ကုတ်အင်္ကျီလည်ပင်းကို စေ့ပေးခဲ့သည်။
လေအေးများ မဝင်နိုင်တော့ကြောင်း သေချာမှ သူက ရုပ်ရှင် ဆက်ကြည့်ခဲ့သည်။
စကားတစ်လုံးမှ မပြောခဲ့ပေ။
သူ၏ ထူးခြားက ဈေးကြီးတော့ ကုတ်အင်္ကျီနှင့် ခြုံပေးထားခံရသဖြင့် အေးစက်မှုများ မရှိတော့ပေ။
ရှန်းမူမူက သက်ပြင်းရှိုက်လိုက်သည်။
မှောင်မည်းသည့် ပတ်ဝန်းကျင်တွင် သူမ၏ အာရုံခံမှုက အားကောင်းနေသည်။
ထင်းရှူးနံ့လေးက သူမ နှာခေါင်းနား ရစ်ဝဲနေသည်။
ရနံ့က ခပ်ဖွဖွသာဖြစ်သော်လည်း ယခုအချိန်မှာ ရနံ့ပြင်းနေသည်။
ထိုရနံ့က သူမ ညတိုင်းရှူရှိုက်နေသည့် ရနံ့ ဖြစ်သည်။
သူမ ရင်းနှီးပြီးသား အရာ ဖြစ်သည်။
သူမရင်ကို ငြိမ်းအေးစေသည့် ရနံ့ဖြစ်သည်။
***