အရေးယူ ပိတ်ဆို့မူတွေ လုပ်ဖို့..
Vol. 35 Ch. 441
"အမှန်တရား ထွက်ပေါ်လာခဲ့ပြီ..."
တကယ်တော့ M နိုင်ငံရေတပ်က သူတို့ကိုယ်တိုင် အူ လုံးဖြစ်အောင် လုပ်လိုက်တာပင်။ပြောစရာပင် မလို ပဲ ပြည်တွင်းမီဒီယာတွေက ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းလိုက်ကြသည်။
စက္ကန့် ၂၀ သာကြာတဲ့ ဗီဒီယိုက ပိုပြီးတောင် ရေပန်း စားလာ၏။
“တော်ပီဒိုကို ဒီလိုပစ်တာပဲ...အရမ်း အစွမ်းထက်တ ယ်..."
"ဟားဟား...ငါ ရယ်လို့မဆုံးတော့ဘူး... ဒီဗီဒီယိုသာ မရှိခဲ့ရင် တကယ်ပဲ အမှားဘက်ဖြစ်သွားလောက်ပြီ”
ပြည်တွင်းမီဒီယာတွေရော အင်တာနက် အသုံးပြုသူ တွေကရော ယူနီဗာဆယ်လ်လုပ်ငန်းစုကို ထောက်ခံ ကြပေမယ့် နိုင်ငံခြားမှာတော့ ကွဲပြားတဲ့ အသံတွေ တစ်ဖက်ပြီးတစ်ဖက် ထွက်ပေါ်နေဆဲပင်။
ပြည်သူများရဲ့ ထင်မြင်ချက် ပြောင်းလဲမှုက M နိုင် ငံ၏ ရေ တပ်ကို ချက်ချင်း ပြောင်းလဲစေခဲ့ပြီး သူတို့ က သတ င်းစာရှင်းလင်းပွဲ ကျင်းပပြီး လှည့်စားတဲ့ စ ကားလုံး တွေ ပြောခဲ့ကြသည်။
ယူနီဗာဆဲလ်လုပ်ငန်းစုကလည်း သတင်းစာရှင်းလင် းပွဲကို နှစ်ကြိမ် ဆက်တိုက် ကျင်းပခဲ့၏။
ယူနီဗာဆဲလ်လုပ်ငန်းစုနဲ့ M နိုင်ငံ ရေတပ်တို့က စ ကားစစ်ပွဲ ဆင်နွှဲနေကြပြီးတစ်ဖက်မှာ ဗီဒီယို သက် သေရှိသလို နောက်တစ်ဖက်မှာတော့ နှုတ်ဖြင့်သာ လှည့်စားနိုင်ခဲ့သည်။
အခြေအနေတိုးတက်မှုက ယူနီဗာဆယ်လ်အတွက် ပိုပြီး အကျိုးဖြစ်ထွန်းလာပေသည်။
M နိုင်ငံရေတပ်က မကျေနပ်ကြပေ။သူတို့က ဒီလော က်အထိ တစ်ခါမှ ဒေါသထွက်ခြင်းမျိုး မရှိခဲ့ဘူးပေ။
ဒါကြောင့် အဆင့်မြင့်အရာရှိ တစ်ဒါဇင်ကျော် စုဝေး ပြီး ဒီကိစ္စကို ဆွေးနွေးဖို့အတွက် အစည်းအဝေး ကျ င်းပလိုက်သည်။
"ဒါက...ငါတို့အတွက် အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာပဲ..ဒီ.. ယူနီဗာဆယ်လ်လုပ်ငန်းစုကို ငါတို့ သင်ခန်းစာ နည်းနည်းပေးသင့်တယ်..."
"ငါတို့က အကြောင်းပြချက်တစ်ခု ရှာပြီး သူတို့ရဲ့ သင်္ဘောတချို့ကို သိမ်းပိုက်လို့ရတယ်လို့ ထင်တာပဲ”
အဆင့်မြင့် အရာရှိတစ်ဦးက သတိထားစွာဖြင့် ပြော လိုက်၏။
"ငါကတော့ သင်္ဘောသိမ်းပိုက်တာ မသင့်လျော်ဘူး လို့ထင်တယ်. ပြည်သူတွေရဲ့ထင်မြင်ချက်က ငါတို့ အတွက် ပိုဆိုးရွားစေလိမ့်မယ်..."
လက်ရှိ ပြည်သူတွေရဲ့ ထင်မြင်ချက်က သူတို့ အ တွက် မကောင်းပေ။Universal အဖွဲ့ရဲ့ သင်္ဘော တ ချို့ကို သိမ်းပိုက်လိုက်ပါက ပိုပြီးပေါက်ကွဲ လာနိုင် ခြေရှိသည်။
အဆင့်မြင့်အရာရှိတစ်ဦးက အကြံပေးလိုက်သည်။
"ဒါမှမဟုတ်...ငါတို့က. ယူနီဗာဆယ်လ်ကို အရေး ယူ တာမျိုး...ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းတာမျိုး လု ပ်ပြီးသက်ဆိုင်ရာ နိုင်ငံများနှင့် ကုမ္ပဏီတွေကို သူတို့ နဲ့ စီးပွားရေးလုပ်တာတွေကိုတားမြစ်မှဖြစ်မယ်..."
ထိုအရာရှိက ဒီအကြံပြုချက်ကို တင်လိုက်တာနဲ့ အ စည်းအဝေးခန်းမထဲတွင် ဆူညံစွာ ဆွေးနွေးလာကြ ၏။
"ဒါက ပိုပြီး လက်တွေ့ကျတယ်လို့ ငါ..ထင်တယ်.."
"ယူနီဗာဆယ်လ် အဖွဲ့ကို အရေးယူပိတ် ဆို့လိုက်တာ နဲ့ အကျိုးသက်ရောက်မှုက အလွန်သိသာ လိမ့်မယ်”
"ဟုတ်တယ်....ကမ္ဘာ့သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ကုမ္ပ ဏီတွေက ယူနီဗာဆဲလ်နဲ့ စီးပွားရေးမလုပ်ရင် သူတို့ ရဲ့ လုပ်ငန်းက ရပ်ဆိုင်းသွားလိမ့်မယ် ..."
အဆင့်မြင့် အမှုဆောင်အရာရှိများစွာက ဝမ်းသာအ ားရဖြစ်ကြပြီး ဒါဟာ အလွန်ကောင်းတဲ့ နည်းလမ်း ပဲလို့ သူတို့ ခံစားနေရသည်။
အချိန်အကြာကြီး ဆူညံစွာ ဆွေးနွေးပြီးနောက် အ သံများ တဖြည်းဖြည်း တိတ်ဆိတ်သွား၏။
M နိုင်ငံရေတပ်ရဲ့ ကြယ်လေးပွင့် ရေတပ် ဗိုလ်ချုပ် တစ်ဦးက ထရပ်ပြီး မေးလိုက်သည်။
“အားလုံးပဲ... ခင်ဗျားတို့ရဲ့ ထင်မြင်ချက်ကရော ဘ ယ်လိုလဲ....”
စကားသံဆုံးတာနဲ့ ချက်ချင်းပင် တစ်စုံ တစ်ယောက် က သဘောတူညီစွာ ပြောလိုက်၏။
“ကျွန်တော်က....Universal အဖွဲ့ ကို အရေးယူပိတ် ဆို့ဖို့ ထောက်ခံပါတယ်...”
“ကျွန်တော်လည်း..သဘောတူပါတယ်..."
အဆင့်မြင့်အရာရှိများစွာက သူတို့ရဲ့ စိတ်တွေ အ ပြင်ကို ထွက်လာပြီး ယူနီဗာဆဲလ်အဖွဲ့ကို အရေး ယူ ပိတ်ဆို့မှုစာရင်း ထည့်သွင်းတာကို ထောက်ခံခဲ့ကြ သည်။
ပိုပြီး သတိထားပုံရတဲ့ အဆင့်မြင့်အရာရှိများလည်း ရှိနေသေး၏။
“ကျွန်တော်ကတော့.. ယူနီဗာဆဲလ်ကို အရေးယူ ပိတ် ဆို့မှုစာရင်းမှာထည့်သွင်းတာကို သဘော မတူပါဘူး သူတို့က ငါတို့ရဲ့ စစ်သင်္ဘောတွေကို ဖျက်စီးတာမျိုး ထပ်လုပ်လာရင် ငါ့တို့အတွက် အဆိုးဘက်ဖြစ်လာ နိုင်တယ်...E နိုင်ငံရဲ့ ရေတပ်က ဥပမာပဲ..."
“ကျွန်တော်လည်း အရေးယူပိတ်ဆို့တာကို သဘော မတူပါဘူး... ကျွန်တော် သိရသလောက် ယူနီဗာဆဲ လုပ်ငန်းစုက အရမ်းကောင်းတဲ့ ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီကို တီတွင်နိုင်တယ်..အဲ့ဒါကို ငါတို့ တကယ်လိုအပ်တယ်...”
“ကျွန်တော်ကြားတာကတော့...ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေအပြင် သူတို့ လက်ထဲမှာ မီးခိုးန က်ရောင် သတ္တုအမြောက် အမြားရှိတယ်လို့ ကြား တယ်....အဲ့သတ္တုက ငါတို့ရဲ့ အဆင့်မြင့်စက်လက်န က်တွေအတွက် လိုအပ်တဲ့ သတ္တုဖြစ်တယ်..”
...
ဒီလူတွေက သူတို့ရဲ့စစ်သင်္ဘောများ ဆုံးရှုံးမှာကို စိုး ရိမ်နေကြ၏။E နိုင်ငံရဲ့ ရေတပ်က ကောင်းမွန်တဲ့ ဥ ပမာတစ်ခုဖြစ်နေသည်လေ။
ဒါ့အပြင် အဆင့်မြင့်အရာရှိများက ယူနီဗာဆဲလ် လု ပ်ငန်းစုက အလွန်ကောင်းမွန်တဲ့ ဂရက်ဖင်း -အလူမီ နီယမ် ဘက်ထရီကို အောင်မြင်စွာ တီတွင်နိုင်ခဲ့တယ် လို့ ယုံကြည်ထားကြသည်။ယူနီဗာဆဲလ်ကိုသာ အ ရေးယူပိတ်ဆို့လိုက်ရင် သူတို့ရဲ့ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီတွေကို M နိုင်ငံကို ရောင်းမပေးရင် ဘယ်လိုလုပ်မည်နည်း။
ဒါ့အပြင် သူတို့လက်ထဲမှာ မီးခိုးနက်ရောင် သတ္တု တွေလည်းရှိပြီး ဒီလိုသတ္တုတွေကို M နိုင်ငံရဲ့ စစ်တ ပ်က လိုချင်နေသည်။ ယူနီဗယ်လ်အဖွဲ့ ကို အရေးယူ ပိတ်ဆို့လိုက်ပါက သူတို့က M နိုင်ငံကို လုံးဝမရောင် းတော့ဘူးလို့ ကြေညာလိုက်နိုင်သည်။
သူတို့က ဒီအစည်းအဝေးကို အချိန်အကြာကြီး ကျ င်းပခဲ့ကြသည်၊ အချိန်အကြာကြီး ငြင်းခုန်ကြပြီး တ စ်ဦးနဲ့တစ်ဦး ထိပ်တိုက်ရင်ဆိုင် ငြင်းခုံခဲ့ကြသည်။ နောက်ဆုံးမှာတော့ နိဂုံးမချုပ်နိုင်ဘဲ အစည်းအဝေး ကို အလျင်အမြန် ဖျက်သိမ်းလိုက်ရ၏။
...
ယူနီဗာဆဲလ်လုပ်ငန်းစုတွင်....
ကျိုးယန်က ဒီနှစ်ရက်အတွင်းမှာ စိတ်အနည်းငယ် မ တည်မငြိမ် ခံစားနေရပြီး မေးခွန်းတစ်ခုကို သူ အမြဲ တမ်း တွေးနေမိသည်။M နိုင်ငံက လူတွေ အလျင်စ လိုနဲ့ ယူနီဗာဆယ်လ်ကို အရေးယူပိတ်ဆို့မှုစာရင်း ထဲထည့်သွင်းလိုက်ရင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပင်။
M နိုင်ငံက လူတွေ ဒီလိုလုပ်လိုက်တာနဲ့ သူတို့ရဲ့ သ င်္ဘောလုပ်ငန်းအပေါ် အကြီးအကျယ် ထိခိုက်စေလိ မ့်မယ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း သ ဘောပေ ါက်ထား၏။
မတည်မငြိမ် ဖြစ်နေတဲ့ ကျိုးယန်က တံခါးခေါက်ပြီး လျူယောင်ရဲ့ ရုံးခန်းထဲ ဝင်လာကာ ပြောလိုက်သည် ။
“သူဋေး.. ပြဿနာတစ်ခုကို ကျွန်တော် စိုးရိမ်နေပါ တယ်.. M နိုင်ငံက လူတွေ ကျွန်တော်တို့ကို အရေး ယူပိတ်ဆို့မှု လုပ်နိုင်မလား...."
ဒါကိုကြားတော့ လျူယောင် စိတ်အေးလက်အေး ပြုံး လိုက်၏။
သူလည်း ဒီကိစ္စကို အရင်က တွေးမိပြီး စိုးရိမ်ခဲ့၏။ ဒါပေမယ့် ကျိန့်ကန်းက ဖုန်းခေါ်ဆိုကာ သတင်းပေး ထားတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး လျူယောင် စိုးရိမ်စရာမရှိတော့ပေ။
ကျိန့်ကန်း ဖုန်းထဲမှာပြောတာက လွန်ခဲ့သော နှစ်ရက် က M နိုင်ငံရဲ့ အဆင့်မြင့်ရေတပ်က အစည်း အ ဝေး ကျင်းပခဲ့ပြီး သူတို့အဖွဲ့ကို အရေးယူ ပိတ်ဆို့ သင့် မ သင့်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ပြောပေသ ည်။
အစည်းအဝေးက အငြင်းပွားစရာတွေ အများကြီး ရှိ ခဲ့ပြီး လူအများအပြားက ဆန့်ကျင်ခဲ့ကြကာ ယူနီဗာ ဆယ်လ်အဖွဲ့ကို အရေးယူပိတ်ဆို့မှုစာရင်းထဲ ထည့် သွင်းဖို့ အဆိုပြုချက်က ပျက်သွားခဲ့ရသည်။
ချက်ချင်းပင် လျူယောင် စိတ်သက်သာရာရသွား၏ ။
သူတို့က M နိုင်ငံကဲ့သို့ အင်အားကြီးမဟုတ်သော်လ ည်း ထိခိုက်မူ့ရှိနိုင်သည့် အခြေအနေများကို ဒီလူ တွေ ရှောင်ရှားပုံရသည်။
အတိုင်းအတာနဲ့ ဝင်ငွေအကြောင်း ပြောစရာပင် မ လိုပေ။ယူနီဗာဆဲလ်က နာမည်ကြီး လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး အရေးအကြီးဆုံးကတော့ ယူနီဗာဆ ယ်လ်မှာ သူတို့ကို သွေးဆောင် နေတဲ့အဓိက အချက် များစွာရှိနေသည်။ဥပမာ အားလုံးလိုချင်တောင့်တ နေတဲ့ သတ္တုနှစ်မျိုးနဲ့ ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီတွေလိုမျိုးပင်။
M နိုင်ငံက လူတွေမှာ ဒီလိုအရာတွေ မရှိတာမို့လို့ ဒါ ကို သူတို့ သဘောကျနေတာဖြစ်၍ ယူနီဗာဆဲလ်ကို အရေးယူပိတ်ဆို့ဖို့ သူတို့ မလုပ်မရဲကြပေ။
အခုတော့ လျူယောင် စိတ်အေးလက်အေး ဖြစ်နေခဲ့ သည်။သူက အဆိုးဆုံးကိုအခြေအနေတစ်ခုကို အရ င်တည်းက စီစဉ်ထားခဲ့ပြီး M နိုင်ငံမှ လူတွေက ယူနီ ဗာဆဲလ်လုပ်ငန်းစုကို အရေးယူပိတ်ဆို့လိုက်ပါက ဒီ လူတွေအတွက် ဂရပ်ဖင်း-အလူမီနီယမ် ဘက်ထရီ များရောင်းချဖို့ တားမြစ်မယ်လို့ ကြေညာမှာပဲ ဖြစ် ၏။
အခု ဒီလိုလုပ်ဖို့ မလိုတော့ပေ။လျူယောင်ကို ပျော်ရွှ င်စေတာက ဝံပုလွေကြေးစားအဖွဲ့က ထောက်လှမ်း ရေးစွမ်းဆောင်ရည် အရမ်းမြင့်လာတာပဲ ဖြစ်၏။
သူတို့က M နိုင်ငံ ရေတပ်ရဲ့ အဆင့်မြင့်အစည်းအ ဝေး တစ်စိတ်တစ်ပိုင်းကိုပင် သူလျှိုလုပ်နိုင်ခဲ့သည်။ လျူယောင် စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်မိသည် ။
"ငါ ပေးခဲ့တဲ့ စွမ်းရည်အမှတ် ထောင်ပေါင်းများစွာ က အလဟဿ မဖြစ်ခဲ့ဘူး...အကျိုးသက်ရောက်မှု ရှိတာပဲ.."
လျူယောင် အာမခံကာ ပြန်ဖြေလိုက်၏။
"တကယ်တော့ M နိုင်ငံမှ လူတွေက ငါတို့ကို အရေး ယူပိတ်ဆို့ဖို့ မလုပ်ရဲကြပါဘူး..ဒါကို မင်းစိုးရိမ်မ နေနဲ့..."
ကျိုးယန်က အံ့အားသင့်ကာ ပျော်ရွှင်သွားပြီးနောက် စိတ်သက်သာရာရတဲ့ သက်ပြင်းရှည်ကြီးတစ်ချက် ရူထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူ့ ကိုယ် ပေါ်က ဖိအားတွေနဲ့ စိုးရိမ်ပူပန်မှုတွေ အားလုံးပျော က်ကွယ်သွားပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံး စိတ်အေး လက်အေး ဖြစ်သွားရသည်။
လျူယောင် ဆက်ပြောလိုက်၏။
“အရေးယူပိတ်ဆို့မှုက ဖြစ်လာမှာမဟုတ်ဘူး. ..နော က်ပြီး ငါတို့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်.. .ဒါ က ဒုတိယမြောက် စွမ်းအင်သစ် ဘက်ထရီစက်ရုံ တ ည်ဆောက်ရေးပဲ...”
“ဒီကိစ္စကို ...စိုးရိမ်မနေပါနဲ့ သူဋေး...ကျွန်တော်တို့ မကြာခင် စက်ရုံဆောက်လုပ် ရေးစတော့မှာပါ...”
စက်ရုံ တည်နေရာက ဟွာဟိုင်းမြို့မှာ တည်ရှိပြီး ဧ က ၈၀၀ ကျော် ကျယ်ဝန်းကာ အလွန်ကြီးမားတဲ့ ဧရိ ယာလို့ ဆိုနိုင်ပါသည်။
ယူနီဗာဆယ်လ်လုပ်ငန်းစုက ဟွာဟိုင်းမြို့ပြင်မှာ စ က်ရုံတချို့နဲ့ ယူနီဗာဆယ်လ်သိပ္ပံသုတေသနစင်တာ တည်ဆောက်တာကို မြင်တော့ ဟွာဟိုင်းမြို့ရဲ့ ခေါင် းဆောင်တွေက အလျင်စလိုဖြစ်လာကြ၏။လွန်ခဲ့ သည့်ရက်အနည်းငယ်က ဟွာဟိုင်းမြို့ရဲ့ အဓိက ခေ ါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး ယူနီဗာဆယ် အ ဖွဲ့ထံ ကိုယ်တိုင်လာရောက် လည်ပတ်ခဲ့တာကြောင့် ကျိုးယန်က သူတို့ကို တွေ့ဆုံ ဧည့်ခံခဲ့သည်။
ထိုခေါင်းဆောင်က ဦီးစားပေးမူဝါဒများစွာကို ကတိ ပေးခဲ့သည်။ရည်ရွယ်ချက်ကတော့ ဟွာဟိုင်း မြို့ တွင် ယူနီဗာဆဲလ်ရဲ့ အမှတ် ၂ စက်ရုံကို ဆက်လက် တည်ဆောက်ဖို့ပဲ ဖြစ်၏။