ပြပွဲအတွက် ပြင်ဆင်ခြင်း
Vol. 35 Ch. 442
ဟွာဟိုင်းမြို့မှ ဆိပ်ကမ်းမှာတော့...
ဆိပ်ခံတံတားပေါ်တွင် လျူယောင်၊ကျိုးယန်နှင့် အ ခြားအဆင့်မြင့် အမှုဆောင်အရာရှိများအားလုံး ရှိ နေပြီး စကားပြောဆိုကာ ရှေ့မှ ကျယ်ပြန့်သောပင် လယ်ပြင်ကို ရံဖန်ရံခါ ကြည့်နေကြသည်။
ခဏအကြာမှာတော့..
တစ်စုံတစ်ယောက်က ဝမ်းသာအားရ အော်ဟစ်လို က် သည်။
“ငါတို့သင်္ဘော ရောက်လာပြီ ဟေ့... အားလုံး.. ကြည့် ကြည့်လိုက်...”
လူတိုင်းမော့ကြည့်လိုက်တော့ အဝေးပင်လယ်ပြင် ပေါ်တွင် သင်္ဘောအုပ်စုတစ်စု ပေါ်လာပြီး ဆိပ်ခံ တံ တားဘက်ကို ဦးတည်လာ၏။ဦးဆောင်လာသည်မှာ ဘလူးဝေးလ် ဖြစ်ပြီး ရှီးဝမ်အပါအဝင် အခြားကုန် တင်သင်္ဘောကြီး လေးစီးလည်း လိုက်ပါလာသည်။
“ဟေး...တကယ်..ငါတို့သင်္ဘောတွေပဲ...”
မူလက အတော်လေး တိတ်ဆိတ်နေသော ဆိပ်ခံ တံ တားပေါ်တွင် တဖြည်းဖြည်း ဆူညံလာ၏။ဘလူးဝေ းလ် နဲ့ အခြားသင်္ဘောများ ပြန်လာတာကို ကြိုဆိုဖို့ အတွက် လျူယောင်ကိုယ်တိုင် ဆိပ်ခံတံတားဆီ ရောက်လာရုံသာမက အလယ်အလတ်နှင့် အဆင့် မြ င့် အရာရှိ အယောက် 30 လောက်နဲ့ သက်ဆိုင်ရာဝန် ထမ်းများကလည်း ရောက်လာကြသည်။
ဆယ်မိနစ်အကြာတွင် အကွာအဝေး ပိုနီးလာကာ ဆိ ပ်ခံတံတားပေါ်ရှိ လူတွေက ချဉ်းကပ်လာသော ဘ လူးဝေးလ်နှင့် အခြားသင်္ဘောသားများကို လက်လှမ် းပြကြပြီး သင်္ဘောပေါ်မှ လူတွေလည်း ပျော်ရွှင်စွာ ပြန်လည်တုံ့ပြန်ကြသည်။
ဒီခရီးစဉ်က လွန်ခဲ့သည့် တစ်လခွဲကျော်က သွားခဲ့ တာဖြစ်ပြီး M နိုင်ငံကြောင့် သင်္ဘောများက အပိုင်စီး ခံရလုနီးပါး ဖြစ်ခဲ့ကာ တစ်ကယ်ပဲ မလွယ်ကူခဲ့ပေ။
သူ့သင်္ဘောတွေ ဆိပ်ခံတံတားကို တစ်စီးပြီးတစ်စီး ချဉ်းကပ်လာတာကို မြင်တော့ လျူယောင် စိတ်သ က်သာရာရသွားကာ လုံးဝ စိတ်အေးလက်အေး ဖြစ် သွားရသည်။
ကုန်တင်သင်္ဘောကြီးများစွာကို ကြည့်လိုက်တော့ တ စ်စီးစီမှာ အနည်းဆုံး တန်ပေါင်းသောင်းနဲ့ချီတဲ့ မီးခိုး နက်ရောင် သတ္တုစများကို တင်ဆောင်ထားတာ ကို တွေ့လိုက်ရ၏။ဒါက အလွန်ပျော်ရွှင်စရာ ကောင်းတဲ့ မြင်ကွင်းပဲ ဖြစ်သည်။
“ဝိုး...မီးခိုးနက်ရောင် သတ္တုတွေ အများကြီးပဲ...”
“ကုန်တင်သင်္ဘောကြီး လေးစီးလုံး ပြည့်နေတာပဲ .. .အနည်းဆုံး တန် နှစ်သိန်းသုံးသိန်းလောက်ရှိမယ်”
“ဒါက တကယ် ဆုလာဒ်ပါပဲ...”
ဆိပ်ခံတံတားပေါ်တွင် လုံးဝကို သက်ဝင်လှုပ်ရှားနေ ကြကာ လူတိုင်းရဲ့မျက်နှာများက ဝင်းပနေ၏။
ကျိုးယန်၊အခြားအလယ်အလတ်နှင့် အဆင့်မြင့် အ ရာရှိများရဲ့မျက်နှာများပေါ်တွင် ပျော်ရွှင်မှု အပြည့် ဖြစ်နေသည်။
ခဏအကြာတွင် ကပ္ပတိန်ရမ်ဇီကွမ်းနဲ့ အခြားကပ္ပ တိန်များက ခြေလှမ်းကျဲများဖြင့် လျူယောင်ဆီသို့ လျှောက်လာကြသည်။
လျူယောင်က ဦးဆောင်ပြီး သူ့ညာဘက်လက်ကို ဆန့်ပေးလိုက်တော့ ကပ္ပတိန်ရမ်ဇီကွမ်းနဲ့ အခြားလူ များက အနည်းငယ် စိတ်လှုပ်ရှားနေကာ လျူယောင် နှင့် တစ်ဦးချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
လျူယောင် ပျော်ရွှင်စွာ ပြောလိုက်၏။
“အားလုံး ပင်ပန်းခဲ့ကြပြီ... ဒီခရီးက မလွယ်ပါဘူး… အားလုံးရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ချီးကျူးဂု ဏ်ပြုဖို့အတွက် ရိုးရိုး သင်္ဘောသားတွေကို တစ်ဦးချ င်း ယွမ် ၃၀,၀၀၀ ဆုချမယ်... ကပ္ပတိန်တွေကို တစ်ဦ းချင်း ယွမ် တစ်သိန်း ..ငါ ဆုချမယ်...”
“ဘာ..."
"ဒါက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာပဲ..."
ကပ္ပတိန်ရမ်ဇီကွမ်းနဲ့ အခြားကပ္ပတိန်များရဲ့ မျက်နှာ ပေါ်တွင် အံ့အားသင့်သော အမူအရာများ ပေါ်လာ ပြီး အားလုံးက ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။
ကပ္ပတိန်တစ်ယောက်ကို ယွမ် ၁၀၀,၀၀၀ ဆုချပြီး ရိုး ရိုး သင်္ဘောသားများကို ယွမ် ၃၀,၀၀၀ ဆုချကာ အ ခြားသူများဖြစ်တဲ့ အင်ဂျင်နီယာချုပ်၊ ဗိုလ်ကြီး၊အ ငယ်တန်းအရာရှိ စသည်တို့ကိုတော့ ယွမ် သောင်းချီ ဆုချပေသည်။
“သူဋေး...ကျေးဇူးတင်ပါတယ်...ကျေးဇူးပါပဲခဗျ..”
ဒီလို ဆုချတာကိုသာ လူတိုင်း သိရင် သေချာပေါက် ပျော်ရွှင်ကြပေလိမ့်မည်။
လျူယောင် ပျော်ရွှင်စွာ ပြုံးပြီး ပြန်ဖြေလိုက်၏။
“အားလုံး ပင်ပန်းခဲ့ကြပြီ.. ဒီခရီးက မလွယ်ကူပါဘူး ..ဒါက..ငါ့ရဲ့ အနည်းငယ်သော စေတနာပါပဲ...”
သင်္ဘောငါးစီးလုံး ဆိပ်ကမ်းသို့ ချောချောမွေ့မွေ့ ဆို က်ကပ်လာသည်။မကြာမီတွင် ဆိပ်ကမ်းမှာရှိတဲ့ က ရိန်းကြီးများက သင်္ဘောပေါ်မှ သတ္တုများကို မတင် ပြီး ယူနီဗာဆဲလ်လုပ်ငန်းစုဆီသို့ ပြန်သယ်ဆောင်လ ာကြ၏။
......
ဟွာဟိုင်းမြို့တွင်ရှိ ထိုင်ရှန်းဓားအုပ်စု...
ဟန်ကွမ်းက အလုပ်ဝတ်စုံနဲ့ဉီးထုပ်ဆောင်းထားကာ ဘေးနားမှာတော့ လူများစွာဝန်းရံထား အစုအပြုံလို က် ထုတ်လုပ်ထားတဲ့ဓါးများကို စစ်ဆေးနေကြသ ည်။
အမည်းရောင်သတ္တု တန် ၂၀ ကျော်က တစ်ပတ်အ ကြာမှာ ရောက်ရှိလာပြီးနောက် သူတို့က ဒီတန် ၂၀ ကျော်ရှိတဲ့ သတ္တုမည်းများကို ကုန်ကြမ်းအဖြစ် အ သုံးပြုပြီး ဓါးများနဲ့ ဓါးနဲ့ပတ်သတ်သည့် ကရိယာ အ မျိုးမျိုးကို ထုတ်လုပ်လိုက်ကြသည်။
ဥပမာ လှည့်လို့ရတဲ့ သတ္တုစပ်ဓါးများ၊ကြိတ်စက် သ တ္တုစပ်ဓါးများ၊ အချင်း အနည်းငယ်ပိုကြီးသော တူး ဖော်ရေးဓါးများအားလုံးက သတ္တုစပ်ဓါးများ ဖြစ် ပြီး အချင်းသေးငယ်သော တူးဖော်ရေးဓါးများသာ လုံးဝ သတ္တုစပ်ပုံစံဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
ဒါက အစုလိုက်အပြုံလိုက် ထုတ်လုပ်တာဖြစ်၍ သူ တို့မှာ အသင့်ရှိတဲ့ စက်ပစ္စည်းတွေနဲ့ အဆင့်မီနည်း ပညာတွေရှိတာကြောင့် သတ္တုစပ်ဓါး သောင်းနဲ့ချီ ထု တ်လုပ်နိုင်ခဲ့သည်။
နောက်ထပ် သတ္တုစပ်ဓါးကြီးတစ်ချောင်း ထုတ်လုပ် လိုက်ရာ ဟန်ကွမ်း ကိုယ်တိုင် ထုတ်လုပ်သည့် နေရာ သို့ သွားလိုက်၏။
သူက ပျော်ရွှင်စွာနဲ့ ပုံသွင်းထားတဲ့ သတ္တုစပ်ဓါး သေ တ္တာတစ်ခုကို ကောက်ယူပြီး အချိန်အကြာကြီး ကြ ည့်နေသည်။
သူ ကြည့်လေလေ ပိုကြိုက်လေလေ ပိုမိုသဘောကျ လေလေ ဖြစ်နေ၏။
ဒီအမည်းရောင်သတ္တုဓါးရဲ့ အရည်အသွေးက ဘယ် လိုလဲ။ဒါကို ပြောလိုက်ရင် လူတွေ အံ့ဩသွား ပေ လိမ့်မည်။ဒီဓား တစ်ချောင်းတည်းနဲ့ ပြည်ပသွင်း ကု န် ဖြစ်တဲ့ သတ္တုစပ်ဓါး ၅၀ နဲ့ ညီမျှတယ်လို့ ပြောတာ က ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
“မစ္စတာဟန်....ဒီအမည်းရောင် သတ္တုစပ်ဓါးတွေ က အများကြီးပဲ...တကယ်ကို ကျေနပ်စရာပါပဲဗျာ...”
“ဟုတ်တယ်... ဒါက အိပ်မက်တစ်ခုလိုပဲ...”
“အမည်းရောင်သတ္တု တန် နှစ်ဆယ်ကျော်ကို ငါတို့ သုံးပြီးသွားပြီဆိုတော့..နည်းနည်းတော့ နှမြောစရာပဲ ကွာ..”
...
လူအားလုံးက တစ်ယောက်တစ်ပေါက် ပြောနေကြ ပြီး တစ်ဦးစီရဲ့ စိတ်ထဲမှာတော့ အလွန်ပျော်ရွှင်နေ ကြသည်။အားနည်းချက်ကတော့ ဒီလို အမည်းရော င် သတ္တုတွေက အရမ်းနည်းတာကြောင့် အားလုံးကို ပုံစံအမျိုးမျိုးရှိတဲ့ ဓါးများအဖြစ် ပြောင်းလဲလိုက် ၏။
ဟန်ကွမ်းလည်း ခေါင်းအနည်းငယ် ညိတ်ပြပြီး နော က်ထပ် အမည်းရောင် သတ္တုတွေ ဘယ်တော့ ရော က်လာမလဲဆိုတာကို စိတ်ထဲမှ တွေးနေမိသည်။
" တင် .."
ထိုအချိန် WeChat မှ မက်ဆေ့စ် တစ်စောင်ဝင်လာ တာကြောင့် ဟန်ကွမ်းက ဖုန်းကို ထုတ်ကြည့်လိုက် ရာ သူ ချက်ချင်းပဲ ပျော်ရွှင်သွား၏။
“အားလုံးပဲ .သတ္တုတွေအတွက် စိုးရိမ်စရာ..မလို တော့ဘူး.ယူနီဗာဆဲလ်မှာ အခု တန် ၂,၀၀၀ ရှိနေပြီ”
“ဘာ..”
“တန် ၂,၀၀၀ တောင် ရှိတာလား..."
ဒီသတင်းကောင်းကိုကြားတော့ လူများစွာက အား ရပါးရ လက်ခုပ်တီးလိုက်ကြပြီး ထိုလက်ခုပ်သံမျ ားက အလွန်အားတက်စရာ ကောင်းလှသည်။
ဒါက တကယ်ကို အံ့အားသင့်စရာ သတင်းပင်။
ဟန်ကွမ်း လက်ဝှေ့ယမ်းပြီး ပြောလိုက်၏။
“ကားတစ်စီးကို ချက်ခြင်း စီစဉ်ပြီး..ယူနီဗာဆဲလ် လုပ်ငန်းစုကိုသွား...ကျန်နေသေးတဲ့ အမည်းရောင် သတ္တု တန် ၇၀ကို ပြန်သယ်လာခဲ့...”
တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀၀၀ စျေးနှုန်းအရ သူ က စုစုပေါင်း တန် ၁၀၀ မှာယူထား၏။စုစုပေါင်းတ န်ဖိုးက ယွမ် ၁ ဘီလီယံ ဖြစ်ပေသည်။
ဒီကိစ္စကို စီစဉ်ပြီးနောက်မှာ ဟန်ကွမ်းက မနက်ဖန် မှာ စတင်မဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာ ဓါးပြပွဲနဲ့ ပတ်သက်ပြီး ပိုစိုးရိမ်နေမိသည်။
အသစ် ထုတ်လုပ်ထားတဲ့ သတ္တုစပ်ဓါးများကို ကြ ည့်ရှုပြီးနောက် ဟန်ကွမ်းက ဓါးပြပွဲရဲ့ ပြပွဲခန်းမဆီ သို့ သွားလိုက်သည်။
သူ ဝင်လာတာနဲ့အထင်ရှားဆုံး အကြီးမားဆုံးနေရာ က သူတို့ ထိုင်းရှန်းဓားအုပ်စုရဲ့ ပြပွဲခန်းမပဲ ဖြစ်၏။
ဒီအချိန်မှာ လျူယောင်က ပြပွဲခန်းမမှာ ရောက်နေ ပြီး ရှင်းဖေးဝမ်က သူ့ကို အထူးဖိတ်ခေါ်လာခြင်း ဖြစ်သည်။
ယူနီဗာဆဲလ်က ဒီပြပွဲရဲ့အဓိက ပြသသူဖြစ်ပြီး သ တ္တုပစ္စည်းနှစ်မျိုးဖြစ်တဲ့ မီးခိုးနက်ရောင် သတ္တုနဲ့ အ မည်းရောင် သတ္တုတို့ကို ပြသပါမည်။
ပြပွဲခန်းမကလည်း အတော်ကောင်းမွန်လှ၏။ထိုင် ရှန်းဓားအုပ်စုရဲ့ ပြပွဲခန်းမနဲ့ မလှမ်းမကမ်းမှာပင် ရှင်းဖေဝမ်က လျူယောင်ကို အခြေအနေ ရှင်းပြနေ သည်။
“သူဋေး..ကျွန်တော်တို့ ...အားလုံး အသင့်ပြင်ဆင်ထ ားပြီးပြီ...မနက်ဖြန် ပြပွဲစတာကို စောင့်နေရုံပါပဲ ..ခ ဗျ...”
အမျိုးမျိုးသော ဓါးကုမ္ပဏီများအပြင် ယူနီဗာဆဲလ် သတ္တုပစ္စည်းများ ကဲ့သို့သောသတ္တုများ ရောင်းချတဲ့ သက်ဆိုင်ရာ ကုမ္ပဏီများစွာလည်း ပြပွဲမှာ ပါဝင်ပေ သည်။
လျူယောင် ကျေနပ်စွာ ကြည့်လိုက်ရာ ယူနီဗာဆဲလ် ၏ ပြပွဲခန်းမ ပြင်ဆင်မှုက တကယ်ကို ကောင်းမွန် လှပြီး ပုံများနှင့် စာသားများစွာ ပါဝင်ကာ သတ္တု နှစ်မျိုးရဲ့ မိတ်ဆက်အကြောင်း စာသားများပါတဲ့ ပိုစတာကြီးတစ်ခုလည်း ရှိနေသည်။
သတ္တုနှစ်မျိုးရဲ့ ပုံပန်းသဏ္ဍာန်များကိုလည်း အများ အပြား ပြင်ဆင်ထား၏။ဥပမာ မီးခိုးနက်ရောင် သ တ္တုစပ်အတွက် ဘားများ၊စာရွက်များနဲ့ သတ္တုစပ် ပုံ စံ အုတ်ခဲများစွာကို ပြင်ဆင်ထား၏။
အမည်းရောင်သတ္တုအတွက်တော့ သေးငယ်တဲ့ဘ ားများကို ပြင်ဆင်ထားကာ တစ်ခုချင်းစီက ဆယ် ကီလိုဂရမ်ကျော် အလေးချိန်ရှိပေသည်။
" အကိုယောင်...”
ဟန်ကွမ်းက ပျော်ရွှင်စွာ ရောက်လာပြီး အဝေးကနေ အသံကျယ်ကျယ်နဲ့ စိတ်အားထက်သန်စွာ နှုတ်ဆ က်လိုက်သည်။
လျူယောင် လှည့်ကြည့်လိုက်ကာ ပျော်ရွှင်မှုအပြည့် နဲ့ ပြန်ဖြေလိုက်သည်။
“အာ..ဟန်ကွမ်း..တိုက်ဆိုင်လိုက်တာ...မင်းရဲ့ ပြင်ဆ င်မှုတွေရော.. အားလုံး အဆင်သင့် ဖြစ်နေပြီလား...”
“အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီ. .အကိုယော င်...အချိန်ရရင် ကျွန်တော်တို့ ပြပွဲခန်းမကို လာကြ ည့်ပြီး လမ်းညွှန်ပေးပါဦး...ဘယ်လိုလဲ...”
လျူယောင် တကယ်ပဲ ကြည့်ချင်နေတာ ဖြစ်သည်။ ဘာလို့လဲဆိုတော့ ဟန်ကွမ်းတို့က သူ့ရဲ့ အမည်းရေ ာင် သတ္တုကို ပထမဆုံး အသုံးပြုတဲ့ ဓါးရောင်းချ သူတွေ ဖြစ်သည်လေ။
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"လမ်းညွှန်ပေးဖို့တော့.. မလိုလောက်ပါဘူးကွာ.. ငါ လာကြည့်လိုက်မယ်.. "