← Chapters

ကြီးမားတဲ့ အလောင်းအစား

Vol. 35 Ch. 443

ကြီးမားတဲ့ အလောင်းအစား

Vol. 35 Ch. 443

လျူယောင်က သူ့ခြေလှမ်းကို ရပ်လိုက်ပြီး အနည်း ငယ် အံ့အားသင့်သွားကာ ပြောလိုက်၏။

“ဟန်ကွမ်း...မင်းမှာ... ပြပွဲခန်းမကြီး ရှိတာပဲ..”

ဧရိယာက အနည်းဆုံး စတုရန်းမီတာ ၂၀၀ ရှိပြီး ရိုး ရိုးပြပွဲခန်းမတွေက စတုရန်းမီတာ ဆယ်ဂဏန်းလေ ာက်ပဲရှိကာ တချို့ပြပွဲခန်းမငယ်တွေကတော့ စတု ရန်းမီတာ ၂၀ ကနေ ၃၀ လောက်သာရှိသည်။

ဟန်ကွမ်းက ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။

“ဒါက ကျွန်တော်တို့အိမ်ရှေ့မှာ သတ္တုစပ်ဓားပြပွဲ ကျင်းပတာ ပထမဆုံးအကြိမ်ပဲလေ... ဒါကြောင့် ကျွန်တော် တို့ရဲ့ ပြပွဲဧရိယာက ပိုကြီးသင့်တာပေါ့...”

နိုင်ငံတကာ သတ္တုစပ်ဓားပြပွဲကို ဆယ်ကြိမ် ကျင်း ပ ပြီးခဲ့ကာ အခု ဒါက ဆယ့်တစ်ကြိမ် မြောက်ဖြစ်၏။ ဒီပြပွဲက နိုင်ငံတကာ သတ္တုစပ်ဓားလုပ်ငန်းမှာ ဩဇာ အရှိဆုံး ပြပွဲဖြစ်ပြီး ဟွာဟိုင်းမြို့မှာ ပထမဆုံး အ ကြိမ် ကျင်းပတာလည်း ဖြစ်၏။

“အကို​ယောင်...ဝင်ကြည့်ပါဦး..ဘယ်လိုလဲ...”

“ငါ ဒီကိုရောက်လာပြီဆိုတော့ သေချာကြည့်ရမှာ ပေါ့.. ”

လျူယောင်က ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည် ။

ပြောပြီးတာနဲ့ သူက တိုင်ရှန်း ပြပွဲဧရိယာထဲသို့ ဝင် လာလိုက်သည်။

“ဝိုး..အရမ်းကျယ်တာပဲ....”

မကြာမီစိတ်ဝင်စားစရာ အခြေအနေတစ်ခုကို လျူ ယောင် တွေ့လိုက်ရ၏။ထိုင်ရှန်းဓားအုပ်စုရဲ့ ပြပွဲဧရိ ယာတွင် အမည်းရောင် သတ္တုစပ်ဖြင့် ပြုလုပ်ထား တဲ့ ဓားအမျိုးမျိုးကို ပြသထား၏။

လျူယောင် ကျေနပ်စွာ ရေရွတ်လိုက်သည်။

“ဒါကတကယ်ကို အမည်းရောင် သတ္တုစပ်ဓားပဲ...”

ဟန်ကွမ်းက ပြန်ဖြေလိုက်၏။

"ဒီ အမည်းရောင် သတ္တုစပ်နှင့်ဆိုရင် ကျွန်တော်တို့ တခြား သတ္တုစပ်ဓားတွေ ထုတ်လုပ်တော့မှာ မဟုတ် ဘူး..."

“မင်း အရမ်းမိုက်တာပဲ... ဒါပေမဲ့ ငါ ဒါကိုကြိုက်တ ယ်...”

လျူယောင် အခြေအနေတစ်ခုကိုလည်း သတိထား လိုက်မိသည်။

ထိုင်ရှန်းဓားအုပ်စုက သူတို့ရဲ့ ပြပွဲဧရိယာမှာ စက်ကိ ရိယာနှစ်ခုကိုလည်း ထားရှိကာ CNC လှည့်စက် တစ် ခုနဲ့CNC ဒေါင်လိုက် စက်ပြုပြင်ရေးစင်တာတစ်ခု ဖြ စ်ပြီး ဒီစက်ကိရိယာနှစ်ခုကအဆင်သင့် ဖြစ်နေပုံ ရ သည်။

ဒီစက်ကိရိယာနှစ်ခုကို မြင်တော့ တစ်ခုခုကို မှန်းဆ မိပြီး လျူယောင် ပြုံးကာ ပြောလိုက်သည်။

“ဟန်ကွမ်း...မင်း ပြဿနာလုပ်တော့မယ် ထင်တယ်. ..”

ဟန်ကွမ်းလည်း ရယ်ပြီး ချက်ခြင်း ပြန်ဖြေလိုက်သ ည်။

“ပြဿနာ လုပ်တာ မဟုတ်ပါဘူး.. ဝါဒဖြန့်တဲ့ နည်း လမ်းတစ်ခုပါပဲ ... "

ဟန်ကွမ်းက သူ့ရဲ့ စီမံကိန်းများနဲ့အကြံဉာဏ်များကို အကျဉ်းချုံးပြောပြ‌လိုက်သည်။

“မင်းက ပြဿနာရှာတဲ့သူပဲ...မင်းရဲ့ ပြိုင်ဘက်တွေ တော့ ငိုချင်လာလိမ့်မယ်ထင်တယ်...”

ဟန်ကွမ်းက စက်ကိရိယာနှစ်ခုကို ဒီမှာထားကာတ စ်ခုခု လုပ်ဖို့ စီစဉ်နေတာကို လျူယောင် တွေ့လိုက် ရသည်။

ဒီစက်ကိရိယာနှစ်ခုက အပူချိန်မြင့် သတ္တုစပ် အစိ တ်အပိုင်းတွေကို ပြုပြင်ပေး၏။ လုပ်ငန်းစဉ် တစ် ခုလုံးက ပွင့်လင်းမြင်သာပြီး ကင်မရာတစ်ခုက လုပ် ငန်းစဉ်ကို ရိုက်ကူးကာ နာမည်ကြီး အစီအစဉ်တင် ဆက်သူ နှစ်ဦးကို ဖိတ်ခေါ်ပြီး ပျော်ရွှင်စွာ ပါဝင်စေ ပေသည်။

"လခွမ်း..ဒါက အမည်းရောင် သတ္တုစပ်ဓားပဲ...."

အခြားဓားတွေက အပူချိန်မြင့် သတ္တုစပ် အစိတ်အ ပိုင်း နှစ်ခု သုံးခုကို ပြုပြင်ပြီးနောက် ကြီးမားတဲ့ အ ပိုင်းအသစ်များနဲ့ အစားထိုးဖို့ လိုအပ်ပေသည်။ဒါ ပေမဲ့ အမည်းရောင် သတ္တုစပ်ဓားများကတော့ တစ် ကြိမ်တည်းနှင့် အပိုင်း ဒါဇင်နဲ့ချီ ပြုပြင်တာက ပြ ဿနာမရှိပေ။

တိုင်ရှန်းဓားအုပ်စုရဲ့ ပြပွဲဧရိယာနဲ့ထောင့်ဖြတ် နေရာ တွင် လှုပ်ရှားမှုများရှိလာပြီး လူတိုင်းရဲ့အာရုံကို ချ က်ချင်း ဆွဲဆောင်လိုက်သည်။

နိုင်ငံခြားမှ အဖွဲ့ကနှစ်ခုကလည်း စက်ကိရိယာနှစ်ခု ယူလာတာကို လျူယောင် တွေ့လိုက်ရသည်။ထိုအ ရာတွေက CNC လှည့်စက်တစ်ခုနှင့် CNC စက်ပြုပြ င်ရေးစင်တာတစ်ခု ဖြစ်သည်။ ဒီစက်ကိရိယာနှစ်ခု နေရာမှာ ရောက်တာနဲ့ တပ်ဆင်ပြီး စစ်ဆေးတော့မှ ာပဲ ဖြစ်သည်။

လျူယောင်က သတိပေးလိုက်၏။

"ဟန်ကွမ်း.. မင်း..မြင်လား.."

ဟန်ကွမ်း ခေါင်းညိတ်ပြလိုက်သည်။သူလည်း မြင် လိုက်ရ၏။

အခုလည်း သူ့ရဲ့ပြိုင်ဘက် ဖြစ်တဲ့ မက်ဓားအုပ်စုက ဘာလို့ သူတို့နဲ့ ထောင့်ဖြတ်နေရာကို အထူးရွေးချယ် ထားသနည်း။ဘာလို့ နေရာလွတ်ထားခဲ့လဲဆိုတာ သူ နားလည်‌သွားသည်။

တကယ်တော့ ဒီနေရာလွတ်က စက်ကိရိယာ နှစ်ခု အတွက် ဖြစ်ပြီး မက်ဓားအုပ်စုက တိုင်ရှန်းဓားအုပ်စု ကို တမင်သက်သက် တိုက်ခိုက်နေတယ်ဆိုတာ လူ တိုင်း သိလိုက်သည်။

မက်ဓားအုပ်စုက M နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်ပြီး က မ္ဘာပေါ်မှာ နာမည်အကြီးဆုံး သတ္တုစပ်ဓား ထုတ်လု ပ်တာပဲ ဖြစ်သည်။နာမည်ကြီး ထုတ်လုပ်မှုအဖွဲ့ကြီ းများစွာက သူတို့ရဲ့ဓားတွေကို အသုံးပြုကြပြီး နို င်ငံတကာ ဓားဈေးကွက်ရဲ့အဆင့်မြင့်အပိုင်းကို သူ တို့က ကြီးမားစွာ သိမ်းပိုက်ထားကြသည်။

မကြာသေးမီနှစ်များအတွင်းမှာ ဒီကုမ္ပဏီက ယန် နို င်ငံ ဈေးကွက်ကို ပြင်းပြင်းထန်ထန် ဝင်ရောက်လာ ပြီး အဆင့်မြင့် သတ္တုစပ်ဓားနယ်ပယ်တွင် ကြီးမား တဲ့ ဈေးကွက်ကို ချက်ချင်း သိမ်းပိုက်လိုက်သည်။

တိုင်ရှန်း ဓားအုပ်စုကို တိုက်ခိုက်တာက မကြာသေး မီနှစ်များအတွင်း သူတို့ရဲ့ အရေးအကြီးဆုံး အရာ ပင် ဖြစ်သည်။

သူတို့ရဲ့ ရည်ရွယ်ချက်က အလွန်ရှင်းလင်း၏။

အဲ့ဒါက ယန်နိုင်ငံရဲ့ ဒေသခံဓားအုပ်စုဖြစ်တဲ့ တိုင် ရှန်းဓားအုပ်စု ကို ဖျက်ဆီးဖို့ပဲ ဖြစ်သည်။

"အကိုယောင်..အကို မြင်လား...ကျွန်တော်က ပြဿ နာလုပ်ချင်တာ မဟုတ်ပါဘူး..ဒီလူတွေက ပြဿနာ လုပ်ချင်တယ်ဆိုတာ "

လျူယောင် မျက်စိမှိတ်ပြီး ပြန်ပြောလိုက်သည်။

“အင်း..ဒါက ပိုစိတ်ဝင်စားစရာကောင်းတာပဲ"

မက်ဓားအုပ်စု မှ လူတွေ စက်ကိရိယာနှစ်ခုကို တပ် ဆင်ပြီး စစ်ဆေးတာကို နှစ်ယောက်သား ကြည့်နေစ ဉ် လူအနည်းငယ်က သူတို့ဘက်ကို လျှောက်လာသ ည်။ဦးဆောင်သူကတော့ အသက်သုံးဆယ်အရွယ် အသားဝါပြီး ဆံပင်အနက်ရောင်ရှိသော အမျိုးသား တစ်ဦးဖြစ်ပြီး သူ့နောက်တွင် နိုင်ငံခြားသားများနဲ့ ယ န်နိုင်ငံသားများလည်း ပါဝင်၏။

ဒီလူကတော့ ယန် နိုင်ငံမှာ ရှိတဲ့ မက်ဓားအုပ်စု၏ အ ထွေထွေမန်နေဂျာ ကျူးရှန်ရှိန်းပဲ ဖြစ်သည်။သူက ယန်နိုင်ငံအခြေအနေကို ကောင်းကောင်းသိထား သည်။နိုင်ငံခြားသားများက ဦးဆောင်ပြီး ယန်နိုင်ငံမှ ာ ရှိတဲ့ကြီးမားသော သတ္တုစပ်ဓားဈေးကွက်ကို သိ မ်းပိုက်ထားသည်လေ။

ကျူးရှန်ရှိန်းက ရောက်လာပြီး ပြုံးလျက် ပြောလိုက် သည်။

"မစ္စတာဟန် ခဗျားက.. ကိစ္စကြီး လုပ်တော့မလို့ လား.."

ဟန်ကွမ်းက ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်..ငါတို့က ပြန်ပြီး တိုက်ခိုက်တော့မယ်… ဆုံးရှုံးသွားတဲ့ ဈေးကွက်ကို ပြန်သိမ်းပိုက်မယ်...."

ကျူးရှန်ရှိန်းက ခနဲ့တဲ့တဲ့ ပြောလိုက်၏။

“ဈေးကွက်ဆိုတာ ခင်ဗျား သိမ်းချင်တိုင်း ...သိမ်း လို့မရဘူး...အလွန်ကောင်းတဲ့ ထုတ်ကုန်တွေ ရှိမှ ရ မယ်...”

ဟန်ကွမ်း ပြုံးပြီး ပြန်ပြောလိုက်သည်။

“ဟုတ်တယ်..အလွန်ကောင်းတဲ့ ထုတ်ကုန်တွေ ရှိရမ ယ်... ငါတို့ရဲ့ လက်ရှိထုတ်လုပ်တဲ့ သတ္တုစပ်ဓားတွေ က ကမ္ဘာ့ထိပ်ဆုံးအဆင့်မှာ ရှိနေပြီ... ငါတို့လည်း စ က်ကိရိယာနှစ်ခု ပြင်ဆင်ထားတယ်. ..မနက်ဖန်ကစ ပြီး အစိတ်အပိုင်းတွေကို နေရာမှာတင် ..ငါတို့..ပြု ပြင်ပြမယ်... ငါတို့ဓားတွေရဲ့ အရည်အသွေးကို လူ တိုင်းကြည့်နိုင်တာပေါ့...”

ကျူးရှန်ရှိန်း အားရပါးရ ရယ်ကာ ပြောလိုက်သည်။

" ဟား..ဟား.ဟား..."

“ကျွန်တော် ရယ်လို့မဆုံးတော့ဘူး. .မစ္စတာဟန်...ခ င်ဗျားက..တကယ်ပြောရဲတာပဲ...ခင်ဗျားရဲ့လေသံက တကယ်ကျယ်လောင်တယ်... ခင်ဗျားရဲ့ သတ္တုစ ပ်ဓားတွေ ဘယ်တုန်းက ကမ္ဘာ့အဆင့် ရောက်ခဲ့တာ လဲ...အခု ကမ္ဘာ့ထိပ်ဆုံးအဆင့်မှာရှိတဲ့သူက မက်ဓား အုပ်စုပါဗျာ...”

ဟန်ကွမ်းက ချက်ခြင်း ပြန်ဖြေလိုက်၏။

"အဲဒါ အရင်ကပါ...အခု ပြောင်းလဲသွားပြီ... ငါတို့ ဓားတွေအတွက် ပစ္စည်းအသစ်တစ်ခု မိတ်ဆက်ပေး ဖို့ ..အဆင်သင့်ပဲ .. ကမ္ဘာမှာ ငါတို့ဓားနဲ့ ယှဉ်နိုင်တဲ့ အလားတူ ထုတ်ကုန်မရှိဘူးဆိုတာ..”

ကျူးရှန်ရှိန်းကတော့ သဘောမတူပေ။သူက တိုင် ရှန်း ဓားအုပ်စုရဲ့ စက်ကိရိယာနှစ်ခုကို ကြည့်ပြီး ပြေ ာလိုက်သည် ။

“အချင်းချင်း ငြင်းခုံတာ အသုံးမဝင်ဘူး... မစ္စတာ ဟန်... ခင်ဗျား.. ကျွန်တော်နဲ့ လောင်းမလား...”

ဟန်ကွမ်းက လုံးဝ နောက်မဆုတ်ပဲ ယုံကြည်မှု အပြ ည့်ဖြင့် မေးလိုက်သည်။

“ဘယ်လို လောင်းမလဲ.. ပြောပါ...”

“ငါတို့လည်း စက်ကိရိယာနှစ်ခု ပြင်ဆင်ထားတယ်.. ဒါကြောင့် ငါတို့ အတူတူ အစိတ်အပိုင်းတွေ ပြုပြင် ပြီး ဘယ်သူ့ဓားက ပိုကောင်းလဲဆိုတာ.. ယှဉ်ပြိုင်မ ယ်...”

“ကောင်းပြီလေ...ပြဿနာမရှိဘူး... ခင်ဗျား ရှုံးရင် ဘယ်လိုလုပ်မလဲ..”

ဒီဟန်ကွမ်းက အကြီးအကျယ် နောက်ပြောင်နေ တာပဲလို့ ကျူးရှန်းရှိန်း စိတ်ထဲမှာ ထင်မိကာ အထင် သေးစွာ ဖြင့် ပြောလိုက်သည်။

“ငါတို့ ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

“မဖြစ်နိုင်တာ မရှိဘူး...ဒါဆို ဘယ်လိုလဲ...ရူံးတဲ့ သူ က. ယန်နိုင်ငံမှာရှိတဲ့ သတ္တုစပ်ဓားဈေးကွက်ကနေ နုတ်ထွက်ရမယ်...”

ကျူးရှန်ရှိန်း အံ့ဩပြီး ဟန်ကွမ်းကို ကြည့်လိုက်ကာ ဟန်ကွမ်း ဒီလောက်ကြီးကြီးမားမား လောင်းရဲလိမ့် မယ်လို့ သူ လုံးဝ မထင်ထားမိပေ။

တိုင်ရှန်း ဓားလုပ်ငန်းအတွက်ကတော့ ယန်နိုင်ငံ ဈေး ကွက်ကနေ နုတ်ထွက်တာက လုံးဝ နုတ်ထွက်တာကို ဆိုလိုသည်။ပြည်ပမှာ ဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်တော့ ပေ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အဓိကစျေးကွက်က ယန်နိုင်ငံမှာ ဖြစ်တာကြောင့်ပင်။

ကျူးရှန်ရှိန်းက စိတ်ထဲမှာ ပျော်ရွှင်နေပြီး သဘော တူလိုက်သည်။

“ကောင်းပြီ... ဒီလိုပဲ သဘောတူလိုက်ပြီနော်.. ရှုံးတဲ့ သူက. ယန်နိုင်ငံ ဓားဈေးကွက်ကနေ နုတ်ထွက်မယ် ... ဒါပေမဲ့ ငါတို့ လောင်းတာကို သက်သေပြဖို့ ဘာမှ မရှိဘူး...ငါတို့ ဗီဒီယိုရိုက်ထားပြီး သက်သေလုပ်ရ မယ်....”

သူက ဟန်ကွမ်း ရှုံးနိမ့်ပြီးနောက် အကြွေးဆပ်ဖို့ ငြ င်းဆိုမှာကို ကြောက်နေသည်။

ဟန်ကွမ်းက ယုံကြည်မှုအပြည့်ရှိပြီး သူ အနိုင်ရမှာ ကို သိနေ၏၊သူ့စိတ်ထဲမှာလည်း ပျော်ရွှင်နေကာ ချ က်ခြင်း သဘောတူလိုက်သည်။

“ပြဿနာမရှိဘူး...ဗီဒီယိုရိုက်ထားပြီး သက်သေလုပ် ကြမယ်...."

All Chapters