အလွန် ပြင်းထန်တဲ့ မြင်ကွင်း
Vol. 35 Ch. 444
လျူယောင် ဘေးကနေ ကြည့်နေပြီး သူတို့နှစ်ဦး အ လောင်းအစားလုပ်တာကို မြင်တော့ လျှို့ဝှက်စွာ ပြုံး လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများက ပေါ်လုနီးပါး ဖြစ်နေ၏။
ဒီလို အလောင်းအစားမျိုးက လျူယောင်ရဲ့အမြင်မှ ာ ဘာမှ ထူးခြားမှု မရှိပေ။
အမည်းရောင်သတ္တုက ဂြိုလ်သားနည်းပညာရဲ့ ထု တ်ကုန်တစ်ခု ဖြစ်တာမို့လို့ ဓါးများ ပြုလုပ်ဖို့ အသုံး ပြုသည်ဖြစ်စေ မပြုလုပ်သည်ဖြစ်စေ သူ့အတွက် ဘာမှ မထူးခြားပေ။ ဒါပေမဲ့ ထိုသတ္တုနဲ့ ပြုလုပ် ထား တဲ့သတ္တုစပ်ဓားများက တကယ်ကောင်းတာတော့ သူ သိသည်။
လောင်းကစားမှာ ရှုံးတဲ့သူက ယန်နိုင်ငံ ဈေးကွက် ကနေ လုံးဝနုတ်ထွက်ရမှာဖြစ်၏။ ကျူးရှန်ရှိန်းက အရမ်းပျော်ပြီး သူက အနည်းငယ် စိတ်လှုပ်ရှားနေ သည်။ဒီအခွင့်အရေးက သူ့ရဲ့အိပ်မက်ထဲက ကြီးမား သော အခွင့်အရေးဖြစ်တယ်လို့ သူ ထင်ထားခဲ့သည် ။
မက်ဓားအုပ်စုက ယန်နိုင်ငံ ဈေးကွက်ကို ဝင်ရောက် ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုကာ ယန်နိုင်ငံရှိ ဒေသ ခံ သတ္တုစပ်ဓားကုမ္ပဏီများကို တိုက်ခိုက်ကြသည်။ တိုင်ရှန်း ဓားအုပ်စုကလည်း ဒီဒေသခံ သတ္တုစပ်ဓား ကုမ္ပဏီများရဲ့ ကိုယ်စားပြုပုဂ္ဂိုလ်ဖြစ်တာကိုတော့ သံသယ ရှိစရာ မလိုပေ။
အလောင်းအစားရူံးရင် တိုက်ရှန်းဓားအုပ်စုက နုတ် ထွက်သွားမည်။ဒီထက်ပိုကောင်းတဲ့ အရာတစ်ခု ရှိ သေးသလား။ကျူးရှန်ရှိန်း ဒီလိုအခွင့်အရေးကောင်း ကို လက်လွှတ်မခံချင်ပေ။
သူရဲ့ အကြံပြုချက်အရ သူနဲ့ ဟန်ကွမ်းက ဘေးချင်း ကပ်ရပ်ကာ ဖုန်းကင်မရာများစွာကို မျက်နှာမူပြီး နှ စ်ဦးသား ဗီဒီယိုရိုက်ကူးလိုက်ကြသည်။
ကျူးရှန်ရှိန်းနှင့် ဟန်ကွမ်းတို့က တစ်ပြိုင်တည်း ပြေ ာလိုက်၏။
“ ကျွန်တော်တို့နှစ်ယောက်သည်.. စက်ကိရိယာ နှစ်ခု နဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ပါ့မယ်..ဘယ်သူ့ရဲ့ဓာ း အရည်အသွေး ပိုကောင်းလဲ .ပြုပြင်ထားတဲ့ အစိ တ်အပိုင်းအရေအတွက် ပိုများတဲ့သူက အနိုင်ရပါမ ယ်...”
ဒီစကားကို တပြိုင်တည်းပြောပြီးနောက် တစ်ဦး ချင်း ပြောလိုက်ကြသည်။ကျူးရှန်ရှိန်းက ပြောလို က်၏။
“ကျွန်တော်တို့ ရှုံးရင် မက်ဓားအုပ်စုက ယန်နိုင်ငံ ဈေးကွက်ကနေ လုံးဝနုတ်ထွက်မှာပါ..”
ဟန်ကွမ်းကလည်း ပြောလိုက်သည်။
“ကျွန်တော် ဒီ အလောင်းအစားကို လက်ခံဖို့ ဆန္ဒ ရှိ ပါတယ်..ကျွန်တော် ရှုံးရင် တိုင်ရှန်းဓားအုပ်စုက ပြ ည်တွင်းဓားဈေးကွက်ကနေ လုံးဝနုတ်ထွက်ပါမယ် ....”
ဗီဒီယိုရိုက်ကူးပြီးနောက် ကျူးရှန်ရှိန်းရဲ့မျက်နှာပေါ် တွင် ဂုဏ်ယူသောအမူအရာ ပေါ်လာသည်။
သူက လက်ကိုမြောက်ပြီး ပြောလိုက်၏။
“မစ္စတာဟန်... ကျွန်တော်တို့ရဲ့ လောင်းကစားကို လူသိရှင်ကြား လုပ်တာကို ခင်ဗျား သဘောထား ..မကွဲလွဲပါဘူးနော်...ဒီဗီဒီယို တင်တာကိုလည်း သ ဘောမကွဲလွဲပါဘူးနော်....”
ဟန်ကွမ်း ချက်ခြင်း ပြန်ဖြေလိုက်သည်။
“ရတယ်. လူသိရှင်ကြား လုပ်လို့ရတယ်... ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူး...”
ကျူးရှန်ရှိန်းက ရယ်ပြီး ထွက်သွားကာ တစ်ကယ်ပဲ သူ အနိုင်ရမယ်လို့ သေချာနေပုံရသည်။
ဟန်ကွမ်းလည်း ပြုံးနေပြီးသူ့အပြုံးကလည်း ယုံကြ ည်မှု အပြည့်ရှိသလိုပင်။
“ဟန်ကွမ်း....မင်း ဒီအလောင်းအစားမှာ နည်းနည်း တော့ ရှုံးသွားတယ်..ထင်တယ်...”
ဟန်ကွမ်းက လျူယောင်ကို နားမလည်နိုင်စွာ ကြည့် လိုက်သည်။
“အိုး...ဘာလို့ နည်းနည်းရှုံးတာလဲ...”
“ရိုးရှင်းပါတယ်..ငါတို့မှာ အမည်းရောင် သတ္တုတွေ ရှိတယ်...ငါတို့ ထုတ်လုပ်တဲ့ သတ္တုစပ်ဓားတွေက ပြ ည်ပသွင်းကုန် သတ္တုစပ်ဓားတွေထက် အများကြီး သာလွန်တယ်.....လောင်းကစားမလုပ်ရင်တောင်..မကြာခင်မှာပဲ မင်းက... မက်ဓားအုပ်စုကို အနိုင်ယူပြီး သူတို့ကို ပြည်တွင်းဈေးကွက်ကနေ မောင်းထုတ်နိုင် မှာ သေချာတယ်....”
ဟန်ကွမ်းက သူ့ခေါင်းကို ပုတ်ပြီး နောင်တရစွာ ပြောလိုက်၏။
“အကိုယောင်... အကို..သတိပေးလိုက်တော့ ကျွန် တော် တကယ်ကို နစ်နာသွားတယ်...မက် ဓားအုပ် စုက ကျွန်တော်တို့ ပြည်တွင်းဈေးကွက်ကနေ နော က်ကျရင် ထွက်သွားရမှာပဲဟာ..”
လျူယောင် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
“ဒါကြောင့် မင်း...နစ်နာသွားတယ်လို့ ...ငါ..ပြောတာ ပေါ့...ဘာပဲဖြစ်ဖြစ် မက်ဓားအုပ်စုကို မောင်းထုတ် နို င်ရင်လည်း... မင်းအတွက် ကောင်းတဲ့အရာပါပဲ”
.......
ညနေခင်းတွင် လျူယောင် ကော်ဖီတစ်ခွက်သောက် ပြီး အလုပ်ကနေ စောစောပြန်ဖို့အတွက် သူ့ဖုန်းကို ထုတ်ပြီး အချိန် ကြည့်လိုက်သည်။
ရုတ်တရက် သူ အံ့အားသင့်သွား၏။အင်တာနက် ပေါ်တွင် ၁၁ ကြိမ်မြောက် သတ္တုစပ်ဓားပြပွဲအကြော င်း သတင်းများစွာ ရှိနေပြီး ဟန်ကွမ်းနှင့် ကျူးရှန်ရှိန် းတို့ လောင်းကစားလုပ်ထားတဲ့ဗီဒီယိုတောင်မှ ရှိ နေသည်။
ဒီအခြေအနေကို မြင်တော့ လျူယောင်က အဓိပ္ပာယ် ပြည့်ဝစွာ ပြုံးလိုက်သည်။
ဒီကိစ္စ အင်တာနက်ပေါ်ကို ဒီလောက်မြန်မြန် ရောက် လာတာက ကျူးရှန်ရှိန်းရဲ့ လက်ချက်ကြောင့်ဆိုတာ သယဖြစ်စရာ မလိုပေ။
ဒီလူ ငွေအများကြီး သုံးစွဲခဲ့တယ်လို့ လျူယောင် ခ န့်မှန်းမိသည်။မဟုတ်ရင် အွန်လိူင်းပေါ်တွင် ဒီလော က်မြန်မြန် သတင်းပေါ်လာမှာ မဟုတ်ပေ။
လျူယောင် အရင်ဆုံး ဟွားဟိုင်မြို့ရဲ့ အမှတ် ၁ အ လယ်တန်းကျောင်းကိုသွားပြီး လီချန်လဲ့ကို သွားကြို ကာ နှစ်ဦးသား ဖီးနစ်တောင်ကုန်းအိမ်ရာသို့ အတူတူ ပြန်လာကြသည်။
ညအိပ်ရာမဝင်ခင် လျူယောင် သူ့ဖုန်းကို ထုတ်ကြ ည့်လိုက်ပြန်သည်။ညနေခင်းနှင့် နှိုင်းယှဉ်ပါက အင် တာနက်ပေါ်တွင် လှုပ်ရှားမှုများက ပိုများလာပြီး ခေ တ်စားနေသော ရှာဖွေမှုတစ်ခု ဖြစ်လာပုံရသည်။
ကျူးရှန်ရှိန်းက အကြီးအကျယ် ကြိုးစားခဲ့ပုံရကာ ဒီ ကိစ္စက အင်တာနက်ပေါ်မှာ ပိုပြီး ဆူပူလာတာကို မြ င်တော့ ဟန်ကွမ်းလည်း နည်းနည်း ကြိုးစားနိုင်ခဲ့သ ည်။
ဒီသတင်းကို သူ့ဖုန်းပေါ်မှာ လျူယောင် ခဏကြည့် လိုက်ပြီး Douyin ကို စတင်ကြည့်ကာ မကြာခင်မှာပဲ ဟန်ကွမ်းနဲ့ကျူးရှန်ရှိန်းတို့ လောင်းကစားလုပ်တဲ့ ဗီ ဒီယိုကို သူ တွေ့လိုက်ရသည်။
ဒီဗီဒီယိုမှာ ကြိုက်နှစ်သက်သူ ထောင်ပေါင်းများစွာ နဲ့မှတ်ချက် ထောင်ပေါင်းများစွာ ရှိနေသည်။
လျူယောင် စွံ့အသွားကာ စကားမပြောနိုင်ဖြစ်သွား ရသည်။
"လခွမ်း...ဒီကိစ္စက နာရီအနည်းငယ်အတွင်းမှာ ဒီ လောက်ဆူပူလာတယ်လား..."
Douyin ကို နောက်ထပ် မိနှစ်အနည်းငယ်လောက် သူ ကြည့်လိုက်ရာ အလားတူဗီဒီယိုကို ထပ်တွေ့ရ ပြ န်သည်။ဒီဗီဒီယိုမှာတော့ ကြိုက်နှစ်သက်သူများစွာနဲ့ မှတ်ချက်တွေက ပိုပြီး ရေပန်းစားနေတာကြောင့် မှ တ်ချက်များကို လျူယောင် ကြည့်လိုက်တော့ တစ်ဖ က်သတ်နီးပါး ဖြစ်နေသည်။
“ဒီ တိုင်ရှန်းဓားအုပ်စုက သေချာပေါက် ရှုံးပြီပဲ.. နှမြောစရာပဲကွာ..”
“အလောင်းအစားကြေးက အရမ်းကြီးတယ်.. ရှုံးရင် ပြည်တွင်းဈေးကွက်ကနေ နုတ်ထွက်ရမယ်... ငါတို့ နိုင်ငံမှာ နောက်ဆို တိုင်ရှန်းသတ္တုစပ်ဓားတွေ ရှိတော့ မှာ မဟုတ်ဘူးထင်တယ်...”
“မက်ဓားအုပ်စုက ကမ္ဘာ့ ထိပ်တန်း စာရင်းဝင် သ တ္တုစပ်ဓား ထုတ်လုပ်သူပဲ...တိုင်ရှန်းဓားအုပ်စုက လူ တွေရဲ့ ခေါင်းတွေ ရေလွှမ်းနေလို့ သူတို့နဲ့ သွားလေ ာင်းနေကြတာ ထင်တယ်...”
...
မှတ်ချက်များက အခြေခံအားဖြင့် တစ်ဖက်သတ်ဖြ စ်နေပြီး လူအနည်းငယ်ကသာ တိုင်ရှန်းဓားအုပ် စုရဲ့ သတ္တုစပ်ဓားတွေက ကောင်းတယ်လို့ ပြောကြ၏။ ဒါပေမဲ့ ဒီမှတ်ချက်တွေကို အခြား မှတ်ချက်များစွာ က ချက်ချင်း ဖုံးလွှမ်းသွားသည်။
လျူယောင် Douyin ကို ခဏကြည့်ရာ ဒီလိုဗီဒီယိုမျ ား သို့မဟုတ် ဒါနဲ့သက်ဆိုင်တဲ့ ဗီဒီယိုများ တစ်ခုပြီး တစ်ခု သူ တွေ့နေရသည်။
Douyin မှ လျူယောင် ထွက်လိုက်ရာ သူ့စိတ်ထဲ က နေ တွေးလိုက်မိသည်။
"ဒီကိစ္စ ဒီလောက်ဆူပူလာတာ ..ဟန်ကွမ်းက တစ်ပြ ားမှ မကုန်ပဲ... ကောင်းမွန်တဲ့ ကြော်ငြာတစ်ခု ရလို က်သလိုပါပဲ..."
တိုင်ရှန်း ဓားအုပ်စုရဲ့ အမည်းရောင် သတ္တုစပ်ဓား တွေက မကြာခင် ရေပန်းစားလာမယ်လို့ခန့်မှန်းခြေ ရှိသည်။ဒါ့အပြင် ယူနီဗာဆဲလ်၏ ကိုယ်ပိုင် အမည်း ရောင် သတ္တုစပ်တွေက ပိုပြီး ရေပန်းစားလာပေလိမ့် မည်။မကြာခင်မှာပဲ ဓားရောင်းချသူများက ဒီအမည် းရောင် သတ္တုစပ်ကို လာဝယ်ကြမှာသေချာလှသ ည်။
"အမည်းရောင် သတ္တုအချို့ကို ငါ ပြန်သယ်လာသ င့်လား.."
"နောက်ဆုံးတစ်ကြိမ်က ငါ တန် ၂,၀၀၀ ပြန်သယ် လာခဲ့တယ်... အဲ့ဒါက နည်းနည်းလေးပဲ ...မကြာခင် ရောင်းကုန်သွားနိုင်တယ်... ငါ နောက်ထပ် တန်ထေ ာင်ပေါင်း များစွာ ပြန်သယ်ဖို့ လိုအပ်မလား..."
ဒီလိုတွေးနေရင်း သူ့နှုတ်ခမ်းပေါ်ကအပြုံးနဲ့အတူ လျူယောင် အိပ်ပျော်သွားတော့သည်။
.....
နောက်တစ်နေ့...
၁၁ ကြိမ်မြောက် နိုင်ငံတကာ သတ္တုစပ်ဓားပြပွဲကို ဟွာဟိုင်း နိုင်ငံတကာပြပွဲစင်တာတွင် ခမ်းနားစွာ ကျင်းပခဲ့သည်။
ပြပွဲအစတွင် တိုင်ရှန်း ဓားအုပ်စုရဲ့ ပြပွဲဧရိယာ ရှေ့ မှာ ဖြစ်စေ မက်ဓားအုပ်စုရဲ့ ပြပွဲဧရိယာရှေ့မှာဖြစ် စေ လူတွေက ပိုပြီး စုဝေးလာကြသည်။
အင်တာနက် နာမည်ကြီးများ၊ ဘလော့ဂါများ၊ဗီဒီယို ရိုက်ကူးရေးနာမည်ကြီးများ စသည်တို့ ရောက်လာ ကြကာ ဗီဒီယိုရိုက်ကူးဖို့ ဒါမှမဟုတ် တိုက်ရိုက်ထုတ် လွှင့်ဖို့အတွက် မတ်တပ်ဖုန်းတွေကို ကိုင်ထားကြပြီး မီဒီယာသတင်းထောက်များစွာကလည်း မိုက်ကရိုဖု န်းများနှင့် ကင်မရာများကို ပခုံးပေါ်တင်၍ ရောက်လ ာကြသည်။
တိုင်ရှန်းဓားအုပ်စုနဲ့ မက်ဓားအုပ်စုကတော့ သူတို့ရဲ့ ဓားတွေကို ပြုပြင်ဖို့ ပြင်ဆင်နေကြသည်။
ဒါက အလွန်ပြင်းထန်တဲ့ မြင်ကွင်းတစ်ခုလိုပါပဲ ...
“ဟေး တိုင်ရှန်းဓားအုပ်စုရဲ့ သတ္တုစပ်ဓားတွေက အ နက်ရောင်တွေချည်းပဲနော်..တောက်ပတဲ့ အနက်ရေ ာင်တွေပဲ မြင်လား...”
“ဒါက တိုင်ရှန်းဓားအုပ်စုရဲ့ ထုတ်ကုန်အသစ် ဖြစ်ရ မယ်..သူတို့က မက် နဲ့ ယှဉ်ပြိုင်ဖို့ ယုံကြည်မှုရှိနေတာ အံ့ဩစရာ မဟုတ်တော့ဘူး..."
“ကြည့်လိုက်... ဒါက သတ္တုစပ်ဓားအမျိုးအစားသ စ်ပဲ...သူတို့မှာ အသေးစိတ် ကြော်ငြာပစ္စည်းတွေ တောင်..ရှိတယ်ဟ...”
တိုင်ရှန်းဓားအုပ်စု၏ ပြပွဲဧရိယာရှေ့တွင် ပိုမိုစည် ကားနေပြီး တချို့လူတွေက တိုက်ရိုက်ထုတ်လွှင့်တ ာကိုတောင် စတင်လိုက်ကြသည်။
“အားလုံးပဲ အခု မနက် ၉:၃၅ ဖြစ်ပါတယ်.. ပြင်ဆင် မှုအချို့ လုပ်ပြီးနောက် တိုင်ရှန်းဓားအုပ်စုရဲ့ ဓားပြု ပြင်မှုကို စတင်နေပါပြီ...စက်ကိရိယာနှစ်ခုလုံး စတ င်တော့မှာမို့လို့......အားလုံးကို..ကျွန်တော် တိုက်ရို က်ထုတ်လွှင့်ပေးပါ့မယ်...”
တိုက်ရိုက်ထုတ်လွှင့်သူ အနည်းဆုံး လူဒါဇင်နဲ့ချီ ရှိ နေ၏။တိုင်ရှန်း ဓားအုပ်စုက ဖိတ်ခေါ်ထားတဲ့ နာမ ည်ကြီး အစီအစဉ်တင်ဆက်သူ နှစ်ဦးကလည်း ကင် မရာကို မျက်နှာမူပြီး ဝါဒဖြန့်တာနဲ့ အရောင်းမြှင့် တ င်တာကို စတင်လုပ်လိုက်ကြသည်။