ဓားတစ်ချောင်းတည်းနဲ့ အကြိမ် ငါးဆ ယ် ပြုပြင်ခြင်း
Vol. 35 Ch. 445
တိုင်ရှန်းဓားအုပ်စု ဒါမှမဟုတ် မက်ဓားအုပ် စုရဲ့ပြပွဲ ဧရိယာရှေ့တွင် လူအများအပြား စုဝေးနေကြပြီး လူ က ပိုပို များလာသည်။
မကြာမီပင် လူပင်လယ် ဖြစ်သွားပြီး တိုးမဝင်နိုင် တော့ပေ။
ဒီသတ္တုစပ်ဓားပြပွဲ၏ အကြီးမားဆုံး အာရုံစိုက်မှုက ဒီနေရာနှစ်ခုတွင် ပြည်တွင်း သတ္တုစပ်ဓား ကုမ္ပဏီ တစ်ခုနှင့် နိုင်ငံခြားကုမ္ပဏီတစ်ခုပဲ ဖြစ်သည်။
လူတိုင်းရဲ့ အကြည့်များက ကင်မရာအများအပြား အောက်တွင် ရှိနေကာ တိုင်ရှန်းဓားအုပ်စုရဲ့ စက်ကိ ရိယာနှစ်ခုကလည်း အလုပ်လုပ်နေ၏။
ပြုပြင်ထားသည့်အစိတ်အပိုင်းများက တူညီနေသ ည်။ဥပမာ.အပူချိန်မြင့် သတ္တုစပ်ဘားတစ်ခုကို CNC လှည့်စက်ပေါ်တွင် ပြုပြင်လိုက်သည်။
အဲဒါကို သပ်ရပ်သည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲဖို့အတွက် အကြီးစား ပြုပြင်တာကို ခံ နိုင်ရည်ရှိရမှာဖြစ်ပြီး ဒါက ဓားရဲ့ပွန်းစားမှုကို အ ကြီးအကျယ် စမ်းသပ်ခြင်းဖြစ်၏။
ဒီနေရာက အလွန်စည်ကားလာသည်။
“အိုး ဘုရားရေ...ဓားတွေကို ပြောင်းစရာ မလိုဘူးလ ား....."
“ဓားကို ပြောင်းဖို့ စီစဉ်ထားပုံမရဘူး ကြည့်ရတာ ပြု ပြင်ထားတဲ့ အစိတ်အပိုင်းရဲ့ မျက်နှာပြင်က အရမ်း တောက်ပနေတယ်...အဲ့ဒါက ဒီဓား ပုံမှန်အတိုင်း ထ က်မြက်နေသေးတာကို ဆိုလိုတာပဲ...”
...
ဓားကို မပြောင်းဘဲ တစ်ခုပြီးတစ်ခု ပြုပြင်နေတာကို မြင်တော့ လူအများအပြား နှင့်အထူးသဖြင့် တိုက်ရို က်ထုတ်လွှင့်နေကြသည့် အစီအစဉ်တင်ဆက် သူမျ ားက စိတ်လူပ်ရှားနကြသည်။
“အားလုံးပဲ..ကျွန်တော် မယုံနိုင်ဘူးဗျာ...ဒါက ပြုပြ င်ပြီးသွားပြီဖြစ်တဲ့ ဆယ့်တစ်တစ်ခုမြောက် အပိုင်း ပဲ...တိုင်ရှန်းဓားအုပ်စုက ဓားကို အစားထိုးဖို့ အစီအ စဉ် မရှိသေးပါဘူး..."
ဒီစကားပြောလိုက်တာက နာမည်ကြီးအင်တာနက် အစီအစဉ်တင်ဆက်သူဖြစ်ပြီး မတ်တပ်ဖုန်းကို ကိုင် ၍ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် သူက ဖုန်းဘက်ကို မျက်နှာမူထားသည်။
သူက CNC လှည့်စက်ရှေ့သို့ လျှောက်သွားပြီး တိုင် ရှန်းဓားအုပ်စုမှ ဝန်ထမ်းများရဲ့ ခွင့်ပြုချက်ရယူပြီး နောက် အခုမှ ပြုပြင်ထားတဲ့ အစိတ်အပိုင်းများကို ကောက်ယူကာ ကင်မရာကို မျက်နှာမူလိုက်သည်။
“ကြည့်ပါအုံး...ဒါက အခုမှ ပြုပြင်ထားတဲ့ ဆယ့်တစ် ခုမြောက်အပိုင်းပဲ.. မျက်နှာပြင်က အရမ်းတောက် ပပြီး...လုံးဝ မှန်လိုပဲ.. ပြုပြင်မှုအရည် အသွေးက လည်း ထိပ်တန်းအဆင့်ပါပဲခဗျာ...”
သူ့လို အစီအစဉ်တင်ဆက်သူ အများအပြားရှိနေက ာ မြင်ကွင်းတစ်ခုလုံးက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
မက်ဓားအုပ်စုရဲ့ ပြပွဲဧရိယာရှေ့မှာတော့ မတူညီ ပေ။အော်ဟစ်သံများ ထွက်ပေါ်လာ၏။
အဲ့ဒါက ဓားတွေ ပြောင်းလဲဖို့အတွက် သူတို့က ဒုတိ ယအကြိမ် ရပ်တန့်လိုက်တာပါပဲ။
နောက်ဆုံးတစ်ကြိမ် အစားထိုးခဲ့တဲ့ ဓားနဲ့ စုစုပေါင်း အစိတ်အပိုင်းငါးခုကို ပြုပြင်ပြီးနောက် သိသာစွာပ င် မကောင်းတော့ပေ။အစိတ်အပိုင်းတွေရဲ့ မျက်နှာ ပြင်ပေါ်မှာ ဓားနဲ့ ဖြတ်ထားတဲ့ အစွန်းအရာတွေရှိနေ သည်။ဒါက သိသာတဲ့ ပြုပြင်မှု ချို့ယွင်းချက်ပါပဲ။
“မင်း သိလား တိုင်ရှန်းဓားအုပ်စုက တစ်ကြိမ်တည်း နဲ့ အစိတ်အပိုင်း ဆယ့်တစ်ခုကို ပြုပြင်ပြီးပြီဒါပေမဲ့ ဓားမပြောင်းဘူး...."
“အခု ဆယ့်နှစ်ခုမြောက်အပိုင်းကို ပြုပြင်ပြီးပြီဆယ့် သုံးခုမြောက်အပိုင်းကို စက်ကိရိယာပေါ်မှာ တပ်ဆ င်ပြီး ပြုပြင်တာ စတင်နေပြီ... ကျွန်တော် အခုပဲ အဲဒီ ကနေ လာခဲ့တာ..."
“အိုး ဘုရားရေ တိုင်ရှန်းဓားအုပ်စုရဲ့ ဓားတွေက ဒီ လောက်တောင်..စွမ်းရည်မြင့်တာလား...”
ဒီလိုစကားတွေကို ကြားတော့ ကျူးရှန်ရှိန်း ခဏတာ ရှက်ရွံ့သွားပြီး တစ်ချိန်တည်းမှာပဲသူ့စိတ်ထဲကနေ မယုံကြည်မှုအနည်းငယ် ခံစားရတာကြောင့် သူသွား ကြည့်ဖို့ပြင်လိုက်သည်။
နောက်ဆုံးတော့ သူ တွန်းတိုက်ပြီး ရောက်လာခါ စက်ကိရိယာနှစ်ခုကို ကြည့်လိုက်သည်။
ပြုပြင်ထားသောအစိတ်အပိုင်းတွေကို တစ်ချက်ကြ ည့်လိုက်ရင်း သူ့စိတ်တွေ အနည်းငယ် နစ်မြုပ်သွား သည်။
အခန်းထဲကိုဝင်ဖို့ တံခါးကို ကြည့်ရမှာဖြစ်ပြီး ပညာ ရှင် မဟုတ်တဲ့သူက ပျော်စရာအဖြစ်ကြည့်မှာပဲ ဖြစ် ၏။
ကျူးရှန်ရှိန်းဆိုသူက ပညာရှင်တစ်ဝက်လို့ သတ်မှ တ်နိုင်သည်။ပြုပြင်ထားတဲ့ အစိတ်အပိုင်းတွေက သေသပ်စွာ ထားရှိတာကို သူ မြင်တော့ အစိတ်အ ပိုင်းတိုင်းက လှပနေတာကို မြင်တော့ တစ်ခုခု မှား နေပြီဆိုတာ သူသိလိုက်ရသည်။
“အိုး..မစ္စတာကျူး..ခင်ဗျား ကိုယ်တိုင်ရောက်လာ တာပဲ...”
ကျူးရှန်ရှိန်းက သူ့ပြပွဲဧရိယာမှာ ပေါ်လာတာကို မြ င်တော့ ဟန်ကွမ်းက သူ့ကို ကြိုဆိုပြီး စိန်ခေါ်ချင်တာ သေချာသည်။
ကျူးရှန်ရှိန်း ရယ်ပြီး ပြန်ပြောလိုက်၏။
“ဟားဟား..ခန..လာကြည့်တာပါဗျာ..မစ္စတာဟန်..ခင်ဗျား ဓားကို ဘယ်နှစ်ကြိမ်ပြောင်းခဲ့ပြီးပြီလဲ..”
ဟန်ကွမ်း ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဓားပြောင်းသင့်လား...ဘယ်လိုဓားမျိုး ပြောင်းသင့်လဲ..ကျွန်တော်တို့ ဓားမပြောင်းရသေး ပါဘူး...”
ကျူးရှန်ရှိန်း မယုံံကြည်နိုင်စွာ ပြန်ပြောလိုက်၏။
“မစ္စတာဟန်..ခင်ဗျား ကျွန်တော့်ကို နောက်ပြောင် နေတာလား...ကျွန်တော်တို့ ဒုတိယအကြိမ် ဓားပြော င်းခဲ့ပြီး... အစိတ်အပိုင်း ဆယ်ခုကို ပြုပြင်ပြီးပြီ..”
“ငါတို့က ဆယ့်နှစ်ခုမြောက်အပိုင်းကို ပြုပြင်ပြီးပြီ ဆယ့်သုံးခုမြောက်အပိုင်းကို လှည့်စက်ပေါ်မှာ အခု ပြုပြင်နေတယ်...”
ကျူးရှန်ရှိန်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာ ပေါ်လာသည်။
သူ့ဘေးမှားတော့ အင်တာနက်နာမည်ကြီး အစီအစဉ် တင်ဆက်သူတစ်ဦးရှိနေ၏။ထိုလူက ဖုန်းကိုင်ပြီး ဟ န်ကွမ်းနှင့် ကျူးရှန်ရှိန်းတို့ဘက်သို့ ညွှန်ပြကာ အသံ ကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“တိုင်ရှန်းရဲ့ ဓားက ခုထိမပြောင်းသေးပါ ဘူးခဗျာ ကျွန်တော်တို့ ဒီလောက် မျက်လုံးများစွာနဲ့ ကြည့် နေတာ.. ဒါဟာ ပုံမှန် မဟုတ်နိုင်ပါဘူးဗျာ..."
“ဟေး...ဟို..ဗီဒီယိုမှာ သူတို့နှစ်ယောက် အလောင်း အစား လုပ်ထားကြတယ်..ရူံးတဲ့ သူကို...ပြည်တွင်းဓ ားဈေးကွက်က ထုတ်ပစ်မယ်တဲ့...”
“ဟို..လူငယ်က တိုင်ရှန်းဓားအုပ်စုရဲ့ ဥက္ကဋ္ဌဟန်ပဲ ..အသက်နည်းနည်းကြီးတာက မက်ဓားအုပ်စုရဲ့ အ ထွေထွေမန်နေဂျာပဲ....”
“တကယ်...သူတို့ နှစ်ယောက်ပဲ...”
ကင်မရာများစွာနဲ့ဖုန်းများစွာက သူတို့နှစ်ဦးကို တိုက် ရိုက်ထုတ်လွှင့်ပြီး ချိန်ထားကြသည်။
ကျူးရှန်ရှိန်း ရုတ်တရက် ထိတ်လန့်သွား၏။
“ဆယ့်သုံးခုမြောက်အပိုင်း ပြုပြင်တာ ပြီးပြီ...ဆယ့် လေးခုမြောက်အပိုင်းကို စတင်တပ်ဆင်တော့မယ် ကြည့်.."
ဒီလို အသံကျယ်ကျယ်နဲ့ ဘယ်သူအော်လိုက်တာလဲ မသိပေ။လူတိုင်း ကြည့်လိုက်ကြတော့ CNC လှည့် စက်ရဲ့ တံခါးဖွင့်ထားတာကို တွေ့ရသည်။အော်ပရေ တာက စက်ကိရိယာကနေ ပြုပြင်ထားတဲ့ အစိတ်အ ပိုင်းတွေကို ဖယ်ရှားပြီး အပိုင်းအလွတ်တစ်ခုကို ထ ည့်လိုက်သည်။
ဓားကို ပြောင်းဖို့ ရည်ရွယ်ချက် မရှိသေးပဲ အပိုင်းအ လွတ် တပ်ဆင်ပြီးနောက် စတင်တဲ့ ခလုတ်ကို နှိပ်ပြီး ပြုပြင်တာကို ထပ်စတင်လိုက်သည်။
“ဒါက ဆယ့်လေးခုမြောက် အစိတ်အပိုင်းပဲ..”
“မယုံနိုင်စရာပဲ... ဓားမပြောင်းသေးဘူးကွာ. ..ဘယ် အချိန်ကျမှ .. အကန့်အသတ်ရှိမလဲ မသိဘူး...ဓား တစ်ချောင်းနဲ့ အစိတ်အပိုင်း ဘယ်နှစ်ခု ပြုပြင်နိုင် မ လဲ....”
ဒီစကားတွေကို ကျူးရှန်ရှိန်းကြားတော့ ပိုပြီး ထိတ် လန့်သွားကာ CNC လှည့်စက်က အစိတ်အပိုင်းတွေ ကို ထပ်ပြုပြင်တာကို မြင်တော့ ပိုလို့ပင် သူ ထိတ် လန့်သွားရသည်။
ကျူးရှန်ရှိန်းကို ဟန်ကွမ်း ကျေနပ်စွာ တစ်ချက် ကြ ည့်ပြီး သတိပေးလိုက်သည်။
“မစ္စတာကျူး..ကျွန်တော်တို့က အလောင်းအစားကို လက်ခံထားတယ်နော်.... ဒါပေမဲ့ အကြွေးကို ငြင်းဆို လို့ မရဘူး..."
ကျူးရှန်ရှိန်းရဲ့မျက်နှာက နည်းနည်းဖြူလျော့ သွား ပြီး သူ့ပါးစပ်တွေက တုန်ယင်နေသည်။ဒီနေရာမှာ သူ ဆက်မနေနိုင်တော့ဘဲ သူ့ကိုယ်ပိုင် ပြပွဲဧရိယာကို ရှက်ရွံ့စွာ ပြန်လာလိုက်သည်။
တိုင်ရှန်းဓားအုပ်စုကတော့ ပြုပြင်တာကို အချိန်ပြ ည့် ဆက်လုပ်နေ၏။
နှစ်ဖက်စလုံးက စက်ကိရိယာတစ်လုံးလျှင် အစိတ် အပိုင်း ၅၀ စီ ပြုပြင်ဖို့ သဘောတူထားကြသည်။ နေ့လယ် ၁ နာရီမှာ တိုင်ရှန်းဓားအုပ်စုရဲ့ CNC လှည့် စက်က ပထမဆုံး အစိတ်အပိုင်း ၅၀ ကို ပြုပြင်ပြီးစီ းသွားသည်။
လှည့်စက်လည်း ရပ်တန့်သွား၏။ဟန်ကွမ်းက ကိုယ် တိုင် ပြုပြင်ထားတဲ့ အခု ၅၀ မြောက်အပိုင်းကို လှ ည့်စက်ကနေ သူ ဖယ်ရှားလိုက်၏။
ဒီအပိုင်းကို သူ့လက်ထဲမှာ ကိုင်ထားပြီး ဟန်ကွမ်းက ပျော်ရွှင်စွာနဲ့ အသံကျယ်ကျယ် အော်ပြောလိုက်သ ည်။
“အားလုံးပဲ အခု ၅၀ မြောက်အပိုင်းကို ပြုပြင်ပြီးပါ ပြီ... ပထမဆုံးအနေနဲ့ သူ့ရဲ့အသွင်အပြင်က အရမ်း လှပနေတုန်းပဲ...မှန်လို တောက်ပနေတယ်...”
ပြောပြီးတာနှင့် သူ ကိုယ်တိုင် တိုင်းတာရေး ကိရိယ ာကိုယူပြီး ဒီအပိုင်းရဲ့ အရွယ်အစားကို တိုင်းတာ ပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။
“အရွယ်အစားအားလုံး အရည်အချင်းပြည့်မီသည်”
သူ့အသံဆုံးတာနှင့် ပြပွဲထဲတွင် နွေးထွေးသော လက် ခုပ်သံများ ထွက်ပေါ်လာသည်။
" ဖြောင်း...ဖြောင်း..ဖြောင်း."
“ဝိူး..အရမ်းမိုက်တာပဲ... ငါတို့ရဲ့ ပြည်တွင်းဓားတွေ ဒီလောက်စွမ်းရည်မြင့်လိမ့်မယ်လို့ ငါ မထင်ထားမိ ဘူး...”
“ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ရင် မယုံနိုင် ဘူးဗျာ....ဓားတစ်ချောင်းတည်းနဲ့ အပူချိန်မြင့် သ တ္တုစပ် အစိတ်အပိုင်း ၅၀ ကို တစ်ကြိမ်တည်း ပြု ပြင်သွားတာ...”
“ သေချာကြည့် ဓားက မပွန်းသေးဘူး.. ဒါကြောင့် ဆက်ပြီး ပြုပြင်တာ ပြဿနာမရှိနိုင်ဘူး..”
“ကံမကောင်းစွာပဲ သူတို့နှစ်ယောက်ရဲ့ အလောင်းအ စားက စက်ကိရိယာတစ်လုံးလျှင် အစိတ်အပိုင်း ၅၀ ပြုပြင်ဖို့ပဲ...ဒါကြောင့် ဒီအနက်ရောင် သတ္တုစပ်ဓား ရဲ့ အကန့်အသတ်က ဘယ်နေရာမှာ ရှိလဲဆိုတာ ငါ တို့ မမြင်နိုင်ဘူး...”
ကြည့်နေသူ အားလုံးက တစ်ယောက် တစ်ပေါက် ပြောဆိုနေကြသည်။
ဟန်ကွမ်းက လက်ထဲမှ အစိတ်အပိုင်းတွေကို ချလို က်သည်။ ဝန်ထမ်းတစ်ယောက်က လှည့်စက်ကနေ ချွတ်လိုက်တဲ့ ဓားကို ယူပြီး ဓားစစ်ဆေးရေး ကိရိ ယာပေါ် တင်လိုက်၏။ဖန်သားပြင်ပေါ်ရှိ သတ္တုစပ် ဓားကို အဆ ၁၀၀ ချဲ့ထားပြီး ကြည့်လိုက်ရာ ထိုဓာ းရဲ့အခြေအနေက ရှင်းလင်းလို့ နေသည်။
" ဘုရားရေ..."
ဒီသတ္တုစပ်ဓားရဲ့ ဓားအစွန်းကို မြင်တော့ ပြပွဲ တစ်ခု လုံး တိတ်ဆိတ်သွားကာ အသက်ရူသံများ ပြင်းထန် စွာ ထွက်ပေါ်ပေသည်။