ဒီသတ္တု ဘယ်ကရတာလဲ
Vol. 35 Ch. 446
ဓားရဲ့အခြေအနေကို ဆ ၁၀၀၀ ချဲ့ကြည့်လိုက်တော့ ဓားအစွန်းက အနည်းငယ်လေးသာ ပွန်းပဲ့နေတာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
ဒီမြင်ကွင်းကို မြင်ပြီး ပရိသတ်တွေ အားလုံး အံ့အား သင့်သွားကြကာ ဒီဓားက နောက်ထပ် အစိတ်အပိုင်း အခု ၂၀ ၃၀ လောက်ကို အလွယ်တကူ ပြုပြင်နိုင် သေးတယ်လို့ တချို့က ထင်မြင်ချက်ပေးကြကာ နောက်ထပ် အစိတ် ၅၀ တောင် ရနိုင်သေးတယ်လို့ တချို့က ပြောနေကြသည်။
ဒီလို စိတ်လှုပ်ရှားစရာ အခြေအနေကြောင့် ဟန်ကွ မ်း ပျော်ရွှင်နေပြီး သူတို့က ဒီလိုကောင်းမွန်တဲ့ဓား မျိုး ပိုင်ဆိုင်တာက အကိုယောင် ရဲ့ အနက်ရောင် သတ္တုကြောင့်ပဲ ဆိုတာကို သူ သိနေ၏။
မကြာမှီ နောက်ထပ် စက်တစ်လုံးဖြစ်တဲ့ CNC ဒေါ င်လိုက်စက် ပြုပြင်ရေးစင်တာကလည်း သူ့ရဲ့ ၅၀ ခု မြောက် အစိတ်အပိုင်းကို အောင်မြင်စွာ ပြုပြင်ပြီးစီး သွားသည်။ ကင်မရာအများအပြားရှေ့မှာ စစ်ဆေး ကြည့်တဲ့အခါ အစိတ်အပိုင်းက အရည်အသွေးပြည့် မီနေတာကို တွေ့လိုက်ရသည်။
ဓားကို ချဲ့ကြည့်တဲ့အခါမှာလည်း အနည်းငယ်သာ ပွန်းပဲ့နေတာကို တွေ့ရတာမို့ နောက်ထပ် အစိတ်အ ပိုင်း ဒါဇင်ပေါင်းများစွာကိုလည်း ပြုပြင်နိုင်သေး ကြောင်း လူတိုင်းက သိလိုက်ရ၏။ပရိသတ်တွေကြ ားမှာ အော်ဟစ်အားပေးသံတွေ ထပ်မံထွက်ပေါ် လာသည်။
" ဝိုး.. မိုက်တယ်.."
"ထိုင်ရှန်း..ဓားအုပ်စုကွ.."
မလှမ်းမကမ်းမှာရှိတဲ့ မက်ဓားအုပ်စုရဲ့ ပြပွဲမှာတော့ အခြေအနေက လုံးဝကွာခြားနားနေ၏။သူတို့စက် တွေကလည်း အစိတ်အပိုင်းတွေကို ပြုပြင်နေတုန်း ပင်။ပြိုင်ဘက်ဖြစ်တဲ့ တိုင်ရှန်းဓားအုပ်စုရဲ့ ပြပွဲဘ က်ကနေ ရံဖန်ရံခါ ထွက်ပေါ်လာတဲ့ အားပေးသံတွေ ကို ကြားရတော့ ကျူးရှန်ရှိန်း ရင်ထဲ အေးစက်သွား သည်။
မက်ဓားအုပ်စုကတော့ အစိတ်အပိုင်းလေးငါးခု ပြု ပြင်ပြီးတိုင်း ဓားကို အကြိမ်များစွာ ပြောင်းလဲနေရ သည်။ဓားလဲလှယ်ရတဲ့ အချိန်တွေကြောင့်လည်း သူ တို့ရဲ့ လုပ်ဆောင်မှု စွမ်းရည်က အများကြီးနှေး ကွေးနေ၏။
ဒီအခြေအနေကို မြင်တော့ သူ ရှုံးပြီဆိုတာ သိလိုက် ရပြီး ဒါဟာ အပြတ်အသတ် ရှုံးနိမ့်မှုပဲလို့ ခံစားလို က်ရသည်။အနှစ် ၂၀ နီးပါးသူက ဓားလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပေမဲ့ ဒီလိုမျိုး စွမ်းရည်မြင့်ဓားကို မမြင် ဖူးတာကြောင့် ကျူးရှန်ရှိန်း အံ့ဩနေခဲ့ရသည်။
"ခေါင်းဆောင်..ပြုပြင်မူတွေကို...ဆက်လုပ်ရမလား.."
သူ့လက်အောက်ငယ်သားက ပြုပြင်မှုတွေ ဆက်လု ပ်ရမလားလို့ မေးတဲ့အခါ ကျူးရှန်ရှိန်းရဲ့ မျက်နှာ ပျက်သွား၏။ပြိုင်ဘက်က အလုပ်ပြီးနေချိန်မှာ သူ တို့ ဆက်လုပ်နေတာက မျက်နှာပျက်စရာပဲလို့ ယူဆ ပြီး သူ အလျင်အမြန် ထွက်ခွာသွားသည်။
ယူနီဗာဆဲလ်ရဲ့ အမည်းရောင်သတ္တုက လုံးဝ နာမ ည်ကြီးလာပေတော့မည်။
တိုင်ရှန်းဓားအုပ်စုရဲ့ ပြပွဲဧရိယာမှာတော့ လူများစွာ ပြည့်နေပြီး လုံးဝကို စည်ကားလျက်ရှိ၏။တိုင်ရှန်း ဓားအုပ်စုရဲ့ ဓားတွေနဲ့ ဓားသွားတွေက တောက်ပ နေပြီး အနက်ရောင် ဖြစ်နေတာကို လူတိုင်းက သ တိထားမိကြသလို ဒီအရာက သတ္တုအမျိုးအစား သစ်တစ်ခု ဖြစ်နိုင်တယ်လို့ သူတို့ ခန့်မှန်းမိကြသည်။
တိုင်ရှန်းဓားအုပ်စုနဲ့ မက်ဓားအုပ်စုတို့ရဲ့ ပြိုင်ပွဲရလဒ် က ပြပွဲတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွား၏။တိုင် ရှန်းရဲ့ ဓားသွားတွေက အစိတ်အပိုင်း ၅၀ ကို ပြုပြင် ပြီးတာ တောင် အနည်းငယ်သာ ပွန်းပဲ့တယ်ဆိုတာ ကို သိတဲ့အခါ တခြားဓားထုတ်လုပ်သူတွေ အားလုံး အံ့အားသင့်သွားကြပြီး သူတို့အားလုံးက ဒီအနက် ရောင် သတ္တုစပ်ကို ဘယ်ကရလဲဆိုတာ အလွန် သိ ချင်နေကြသည်။
မကြာခင်မှာပဲ ယူနီဗာဆဲလ်ရဲ့ ပြပွဲခန်းမ နံပါတ် A12 2 မှာ ဒီအနက်ရောင်သတ္တု ပြသထားတယ်ဆိုတဲ့ သ တင်း ထွက်ပေါ်လာသည်။ သတင်းထောက်တွေနဲ့ ဓာ းထုတ်လုပ်သူတွေအားလုံး အဲဒီနေရာကို အပြေးအ လွှား ရောက်လာခဲ့ကြသည်။
ယူနီဗာဆဲလ်ရဲ့ ပြပွဲမှာတော့ မီးခိုးနက်ရောင်နဲ့ အန က်ရောင် သတ္တုနှစ်မျိုးကို ပြသထားတာကြောင့် လူ တိုင်းက အလွန်စိတ်ဝင်စားလာကြသည်။ရှင်းဖေ ဝမ်နဲ့ သူ့ရဲ့ဝန်ထမ်းတွေက သတ္တုတွေရဲ့ အကြောင်း အရာတွေကို ရှင်းပြပြီး ကြော်ငြာစာရွက်တွေ ဖြန့်ဝေ ပေးနေကြသည်။
ဒီလို လူကြိုက်များတဲ့ အခြေအနေကို မြင်တော့ လျူ ယောင် ကျေနပ်စွာ ပြုံးလိုက်၏။ထိုအချိန်မှာပဲ ဟန် ဟဲဓားအုပ်ရဲ့ ဥက္ကဋ္ဌစုကျယ်က ရှင်းဖေဝမ်နဲ့အတူ ရောက်လာပြီး လျူယောင်နဲ့ လက်ဆွဲနှုတ်ဆက်ကာ သူက ဒီအနက်ရောင် သတ္တုစပ်ကို ဝယ်ဖို့ လာတာ ဖြစ်ကြောင်း ပြောလိုက်သည်။