← Chapters

အလုအယက် စာချုပ် ချုပ်ကြခြင်း

Vol. 35 Ch. 447

အလုအယက် စာချုပ် ချုပ်ကြခြင်း

Vol. 35 Ch. 447

စုကျယ်ရဲ့အကြည့်က ဒီအနက်ရောင် သတ္တုများ ပေါ်မှာ ရပ်တန့်နေပြီး ပြင်းပြင်းထန်ထန် မနာလို သောအသွင်ကို ပြသနေကာ သူက စမ်းသပ်မေးမြန်း လိုက်သည်။

“မစ္စတာလျူ...ကျွန်တော် ဒီအနက်ရောင် သတ္တုကို ဝယ်ချင်တယ်... ဈေး ဘယ်လောက်လဲ..."

လျူယောင် လက်ညိုးတစ်ချောင်း ဆန့်ထုတ်ပြလို က်သည်။

“ဒါတွေကို ကီလိုဂရမ်နဲ့ ရောင်းတာ...ဒီဈေးနှုန်းနဲ့..”

လျူယောင် ပြောပြီးတာနဲ့ လက်ညိုးကို စုကျယ်ရဲ့ ရှေ့ ဝှေ့ယမ်းပြလိုက်၏။

စုကျယ်ရဲ့စိတ်က အလျင်အမြန် လည်ပတ်နေပြီး သူ က စိတ်ထဲမှ တွေး​လိုက်မိသည်။

"တစ်ကီလိုဂရမ်ကို ယွမ်တစ်ရာလား... အင်း... ဒီ ဈေးက နည်းနည်းတော့ ဈေးကြီးတယ်...ဒါပေမဲ့ လ က်ခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲ...."

“မစ္စတာလျူ... တစ်ကီလိုဂရမ်ကို ယွမ်တစ်ရာဆိုရင် တစ်တန်က ယွမ်တစ်သိန်းပဲ...ဒီဈေးက မသက်သာ ဘူး....”

လျူယောင်က အဓိပ္ပာယ်ပြည့်ဝစွာ ပြုံးပြီးနောက် ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။

“ဒါက ယွမ်တစ်ရာ မဟုတ်ဘူး... ငါတို့ရဲ့ အနက်ရော င် သတ္တုက ဒီလောက် စျေးမပေါဘူး...”

ဒီစကားကိုကြားတော့ စုကျယ် တုန်လှုပ်ပြီး အေးခဲ သွား၏။

"တစ်ကီလိုဂရမ်ကို ယွမ်တစ်ထောင် ဖြစ်နိုင်မလား.."

ဒီလိုဈေးက ကောင်းကင်ဘုံ ဈေးပဲ ဖြစ်၏။ပြည်ပ သွင်းကုန် သတ္တုစပ်အချို့တွေသာ ရနိုင်တဲ့ ဈေးနှုန်း လေ။

ယန်နိုင်ငံတွင် ပြည်တွင်းထုတ် သတ္တုတွေကို တစ်ကီ လိုဂရမ်ကို ယွမ် ၁၀၀၀ ဖြင့် ဘယ်လို ရောင်းနိုင်မည် နည်း။စုကျယ်ရဲ့အမြင်မှာတော့ ဈေးကြီးတာတွေက ပြည်ပသွင်းကုန် သတ္တုစပ်တွေဖြစ်ပြီး ပြည်တွင်း ထု တ်တွေကတော့ ယေဘူယျအားဖြင့် ဈေးသက်သာ ပေသည်။

အနီးအနားတွင် လူအများအပြား ရှိနေ၏။ဘာလို့လဲ ဆိုတော့ ပြပွဲဧရိယာတစ်ခုလုံး လူတွေပြည့်နေတာ ကြောင့်ပင်။လျူယောင်၊စုကျယ်နှင့် အခြားသူများ က ဧည့်ခံနေရာတွင် ရှိနေပေမဲ့ ထိုနေရာက ပွင့်လင်း မြင်သာတာကြောင့် ပတ်ဝန်းကျင်တွင် လူများစွာရှိ နေပေသည်။

ဒီနေရာမှ အခြေအနေကို လူတိုင်း သတိထားမိကြ ၏။

သူတို့က အလွန်စိတ်ဝင်စားနေမိသည်။ဒီအနက် ရောင် သတ္တုဖြင့် ပြုလုပ်ထားသော သတ္တုစပ်ဓား တွေက ဒီလောက်ကောင်းနေရင် ဒီသတ္တုကို တစ်ကီ လိုဂရမ် ဘယ်လောက်နဲ့ ရောင်းမလဲဆိုတာကိုပင်။

“တစ်ကီလိုဂရမ်ကို ယွမ်တစ်ရာ မဟုတ်ဘူး ...ယွမ် တစ်ထောင် ဖြစ်နိုင်တယ်....”

လူတိုင်းက လျှို့ဝှက်စွာ ကြောက်လန့်နေကြကာ လျူယောင်ကို တွေဝေစွာ ကြည့်နေကြသည်။သူ ဆန့်ထုတ်ထားတဲ့ လက်ညိုးကလဲ ရွှေလက်ညိုး တစ် ချောင်းလိုပါပဲ။

တုန်လှုပ်နေတဲ့ စုကျယ်က နောက်ဆုံးတော့ သတိပြန် ဝင်လာသည်။သူက စီးပွားရေးသမားဖြစ်တာမို့ သူ ဈေးဆစ်ရပေမည်။

“မစ္စတာလျူ...တစ်ကီလိုဂရမ်ကို ယွမ် ၁၀၀၀ ဆိုတဲ့ ဈေးက အရမ်းဈေးကြီးလွန်း တယ်...ဈေးချပေးလို့ ရမလား....ငါတို့ တန် ၁၀,၀၀၀ ဒါမှမဟုတ် တန်သေ ာင်းနဲ့ချီပြီးတောင် မှာလို့ရတယ်....”

“သူ​ဋေးစု...ခင်ဗျား နားလည်မှုလွဲနေပြီ... တစ်ကီလို ဂရမ်ကို ယွမ် ၁၀၀၀ မဟုတ်ဘူး...ယွမ် ၁၀,၀၀၀ ပါ ....ကျွန်တော်တို့က ဈေးကို ရှင်းရှင်းလင်းလင်း ဖော် ပြထားတယ်...ဘယ်သူမှ ခင်ဗျားကို မလှည့်စားဘူး”

“ဘာ..”

“တစ်ကီလိုဂရမ်ကို ယွမ်တစ်ထောင် မဟုတ်ပဲ..ယွမ် တစ်သောင်းလား....”

ပတ်ပတ်လည်မှ လူတိုင်းရဲ့ အသက်ပြင်းပြင်း ရူသံ များ ထွက်ပေါ်လာကာ ဈေးနူန်းက ဒီလောက်မြင့် လိ မ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားကြပေ။

"ဒါက ကောင်းကင်ဘုံ ဈေးနူန်းပဲ...."

စုကျယ်လည်း ကြီးမားစွာ တုန်လှုပ်သွားကာ သူ အ လျင်အမြန် ခေါင်းခါယမ်းပြီး ပြောလိုက်၏။

“ဒါက အရမ်းဈေးကြီးတယ်.... အရမ်းဈေးကြီး လွ န်းတယ်...ငါတို့ ဒါကို မတတ်နိုင်ဘူး..."

စုကျယ် ပြောပြီးတာနဲ့ ထွက်သွား၏။

လျူယောင် လုံးဝ မလောပေ။သူ့ရဲ့ထုတ်ကုန်တွေက ကောင်းတာကြောင့် ပြည်ပသွင်းကုန် သတ္တုစပ်တွေနဲ့ နှိုင်းယှဉ်စရာမလိုပေ။ တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀ ၀၀ ဈေးက ဈေးကြီးတယ်လို့ ထင်ရပေမဲ့ ဈေးနှုန်း နဲ့စွမ်းဆောင်ရည် အချိုးက အလွန်မြင့်မားနေသည် လေ။

မကြာခင်မှာပဲ ဟန်ကွမ်း ရောက်လာသည်။

သူက ကောင်းမွန်တဲ့ စိတ်ခံစားချက်မှာ ရှိနေ၏။ဒီ ပြိုင်ပွဲကို အနိုင်ရတာက တိုင်ရှန်းဓားအုပ်စုအတွက် ကောင်းမွန်တဲ့ ကြော်ငြာတစ်ခု ဖြစ်စေရုံသာမက မ က်ဓားအုပ်စုကိုလည်း ပြည်တွင်းဈေးကွက်ကနေ သူ တို့ မောင်းထုတ်နိုင်ခဲ့သည်။

" အကိုယောင်...”

အဝေးကနေ ဟန်ကွမ်းက သူ့ကို ပျော်ရွှင်တဲ့ မျက်နှာ နဲ့ ပြုံးပြီး နှုတ်ဆက်လိုက်သည်။

“အော်...မစ္စတာဟန်...ဒီကို လာပါ...မင်းတို့ ဒီနေ့ အ တော်လေး နာမည်ကြီးသွားပြီပဲ...”

ဟန်ကွမ်းက အလျင်အမြန် ကျေးဇူးတင်စကား ပြော လိုက်သည်။

"အကိုယောင်...အကို့ကို ကျေးဇူးတင်ပါတယ်ဗျာ … အကို့ရဲ့ အနက်ရောင် သတ္တုစပ်မရှိရင်...ကျွန်တော် တို့ ဘယ်လို ဒီလိုနာမည်ကြီးလာနိုင်မှာလဲ.. မက်ဓား အုပ်စုက ကျွန်တော်တို့ကို အချိန်အကြာကြီး အနိုင် ကျင့်နေခဲ့တာဗျာ......”

ဒီလို အနက်ရောင် သတ္တုစပ်မရှိရင် သူတို့က မက် ဓားအုပ်စု နဲ့ လုံးဝ ယှဉ်လို့မရပေ။ဒီပြပွဲတွင် အနိုင် ရတဲ့သူက ကျူးရှန်ရှိန်း ဖြစ်ပေလိမ့်မည်။အခုတော့ ကျူးရှန်ရှိန်းက ရှက်ရွံ့စွာ ထွက်ခွာသွားရသည်။

ကျေးဇူးတင်စိတ်များ ခံစားရပြီး ဟန်ကွမ်းက ပြော လိုက်သည်။

“အကိုယောင်...ကျွန်တော်တို့ နောက်ထပ် အနက် ရောင် သတ္တု တန် ၁၀၀ ထပ်မှာချင်တယ်....”

“ကောင်းပြီ...."

“မင်းက အရမ်းရက်ရောတာပဲ..."

သူတို့ဘေးတွင် လူများစွာ ရှိနေတာကြောင့် လူတိုင်း က လျူယောင်တို့ စကားပြောဆိုမှုကို ရှင်းရှင်းလင် းလင်း ကြားလိုက်ရသည်။အခုလေးတင် စုကျယ် က တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀၀၀ ဈေးက အရမ်း ဈေးကြီးတယ်လို့ ခံစားရပေမဲ့ ဟန်ကွမ်းကတော့ တစ်ကြိမ်တည်းနဲ့ တန် ၁၀၀ ဝယ်ချင်နေသည်။

“ဘုရားရေ...တန် ၁၀၀ ဝယ်မှာလား...”

"ဈေးက တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀၀၀ ဆိုရင် ဒီ တန် ၁၀၀ က ယွမ် ၁ ဘီလီယံပဲလေ.. "

“ဝိူး..ယွမ် ၁ ဘီလီယံ..”

လူတိုင်းက ဒါကို နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်း တစ်ခုလို့ ထင်နေကြသည်။

သတင်းက အလျင်အမြန် ပျံ့နှံ့သွားပြီးနောက် မူလ က တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀၀၀ ဈေးကြားတော့ ဓားထုတ်လုပ်သူများက စောင့်ကြည့်ပြီး တုံ့ဆိုင်း နေ ကြ၏။တိုင်ရှန်းဓားအုပ်စုက အရင်တုန်းက တန် ၂၀ ၀ မှာထားပြီးပြီမို့ အခု နောက်ထပ် တန် ၁၀၀ မှာ နေ တယ်ဆိုတာကို ကြားတော့ သူတို့ အ လျင်စလိုဖြစ် လာကာ ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပေ။

သူတို့ တုံ့ဆိုင်းပြီး စောင့်ကြည့်နေတုန်းမှာပဲ အခု တော့ ယူနီဗာဆဲလ်ရဲ့ ပြပွဲဧရိယာကို တစ်ယောက် ပြီးတစ်ယောက် ရောက်လာကြသည်။

“မစ္စတာလျူ...ကျွန်တော် တန် ၂၀၀ မှာမယ်...”

“ကျွန်တော်..ကျွန်တော်လည်း...တန် ၃၀၀ ဝယ်ချင် ပါတယ်...."

...

ဒီပြပွဲတွင် ဒါဇင်နဲ့ချီတဲ့ ဓားထုတ်လုပ်သူတွေ ပါဝင် နေရုံသာမက ရာနဲ့ချီတဲ့ ဓားထုတ်လုပ်သူတွေလည်း ပါဝင်ပေသည်။

လျူယောင်နဲ့အခြားသူများရဲ့ဘေးမှာ လူအုပ်စုကြီး ရှိနေပြီး ဓားထုတ်လုပ်သူတွေက ငွေစက္ကူတွေကို ဝှေ့ ယမ်းနေကြကာ အနက်ရောင် သတ္တုစပ်တွေ ဝယ်ဖို့ တစ်ဦးပြီးတစ်ဦး အော်ဟစ်နေကြသည်။

သူတို့က တန် ဒါဇင်ပေါင်းများစွာကနေ တန် သုံး လေးရာအထိ ဝယ်နေကြသည်။

ဒီမြင်ကွင်းကို မြင်တော့ ရှင်းဖေဝမ် ဝမ်းမြောက် ဝမ်း သာ ဖြစ်နေပြီး သူ အကြမ်းဖျင်း တွက်ချက်ကြည့် လိုက်ရာ ဝယ်ယူသူတွေရဲ့ စုစုပေါင်းက အနည်းဆုံး တန် တစ်ထောင်ကျော် ဖြစ်သည်လေ။

လျူယောင်က အသံကျယ်ကျယ်နဲ့ အော်ပြောလိုက် ၏။

“အားလုံး တစ်ယောက်ချင်းစီ လာကြပါ...တန်းစီပါ ...တန်းစီပါ..မစ္စတာရှင်းနဲ့ စာချုပ်ချုပ်ပေးကြပါ.....”

စာချုပ်ကို အချိန်အကြာကြီးကတည်းက ပြင်ဆင်ထ ားသည်။ ရာနဲ့ချီတဲ့ စာရွက်များ ရိုက်နှိပ်ထားကာ ဖြ ည့်စွက်ဖို့ပဲ လိုအပ်ပေသည်။

လက်ထောက်နှစ်ဦးနှင့်အတူ ရှင်းဖေဝမ်က ပြင်ဆင် ထားတဲ့ စာချုပ်များနှင့် ကုမ္ပဏီရဲ့တံဆိပ်တုံးကို ထု တ်ယူလိုက်ပြီး ဓားထုတ်လုပ်သူများ နဲ့တစ်ဦးပြီးတ စ်ဦး စာချုပ်ချုပ်ဆိုလိုက်သည်။

သူ့ရှေ့မှာတော့ တန်းစီနေတဲ့ လူတန်းရှည်ကြီး ရှိနေ ၏။ ပြပွဲဧရိယာရဲ့ အပြင်ဘက်အထိပင်။ဒီ တန်းစီ နေတဲ့သူတွေက အကုန်သူဋေးတွေချည်းပါပဲ။

ဒီလို အခြေအနေမျိုးက အလွန်ရှားပါးလှသည်။

ဒီမြင်ကွင်းကို မြင်တော့ အစီအစဉ်တင်ဆက်သူများ စွာက စိတ်လှုပ်ရှားစွာနဲ့ တိုက်ရိုက်ထုတ်လွှင့်တာကို စတင်ကြသည်။

“အား...သူဋေးကြီးတွေ စာချုပ်ချုပ်ဖို့ တန်းစီနေ ကြ တယ်ဟ..."

“အားလုံးက... ပြပွဲဧရိယာရဲ့ အပြင်ဘက်အထိ တန်း စီနေတာကို မြင်လား...”

“ဒီအနက်ရောင် သတ္တုက တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀၀၀...ဒါဆို တစ်တန်ကို ယွမ် ၁၀ သန်းပဲ.... ဒီနေ ရာမှာတော့ ပိုက်ဆံက ပိုက်ဆံ မဟုတ်တော့ဘူး ထင် တယ်....”

...

မြင်ကွင်းက အရမ်းရူပ်ထွေးနေပြီး ရှင်းဖေးဝမ်က အ လုပ်အရှုပ်ဆုံးဖြစ်ကာ စာချုပ်ချုပ်ဖို့ သူက အလုပ် များနေသည်။

စာချုပ်တစ်စောင် ချုပ်တိုင်း သူက ထရပ်ပြီး တစ်ဖ က်လူနဲ့ လက်ဆွဲနှုတ်ဆက်ကာ လက်မှတ်ထိုးထား တဲ့ စာချုပ်ကို သူ့ဘေးမှ လက်ထောက်ကို ပေးလိုက် သည်။

အခြေခံအားဖြင့် မှာယူတဲ့ သတ္တုအရောင်း စာချုပ် တစ်စောင်ကို သုံးမိနစ်မှ ငါးမိနစ်အတွင်း ချုပ်ဆိုနိုင် တာကြောင့် လူတိုင်းက ပိုပြီးတော့ စာချုပ်များ ချုပ် ဆိုလာကြ၏။

လျူယောင်က ပျော်ရွှင်နေပြီး စိတ်အေးလက်အေး နဲ့ကော်ဖီသောက်ရင်း လက်မှတ်ထိုးထားတဲ့ စာချုပ် တွေကို ရံဖန်ရံခါ လှန်ကြည့်နေသည်။

ဘယ်ဓားထုတ်လုပ်သူတွေက အနက်ရောင် သတ္တု တွေ မှာထားလဲ စုစုပေါင်း ဘယ်လောက်မှာ ထားလဲ ဆိုတာကို သူ စစ်ဆေးလိုက်သည်။

ရုတ်တရက် ဆံပင်ရွှေရောင်နဲ့ မျက်လုံးပြာသော နိုင် ငံခြားသားတစ်ဦးကို လျူယောင် တွေ့လိုက်ရသည်။

ဒီလူက နိုင်ငံခြား သတ္တုစပ်ထုတ်လုပ်သူရဲ့ ကိုယ် စားလှယ် ဖြစ်ပုံရသည်။

မကြာခင်မှာပဲ ထို နိုင်ငံခြားသားရဲ့ အလှည့် ရောက် လာ၏။

ရှင်းဖေးဝမ်က အင်္ဂလိပ်စကားကို အလွန်ကျွမ်းကျင် တာမို့ သူက အင်္ဂလိပ်ဗားရှင်း စာချုပ်တစ်စောင်ကို ထုတ်ယူပြီး ရှင်းပြလိုက်သည်။

“မစ္စတာဂေါ်ဒွန်.... ဒါက စာချုပ်ပါ စည်းမျဉ်း စည်း ကမ်းတွေက ယန်နိုင်ငံဗားရှင်းနဲ့ အတူတူပါပဲ ...ကွဲပြ ားတာက ဈေးနှုန်းပါပဲ...တစ်ကီလိုဂရမ်ကို ယွမ် ၁၅,၀၀၀ ပါ...”

“ဘာလဲ..."

ဂေါ်ဒွန် ခဏတာ အံ့အားသင့်ပြီးနောက် သူ့ရဲ့ မကျေ နပ်မှုကို ထုတ်ဖော်ကာ ပြောလိုက်၏။

“သူတို့ကိုကျ... တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀၀၀ နဲ့ ရောင်းနေတာလေ....ဘာလို့... ငါတို့ကိုကျ ယွမ် ၁၅ ,၀၀၀ နဲ့ ရောင်းတာလဲ....ဘာလို့ . ၅၀% တိုးလာတာ လဲ....”

All Chapters