မနက်ဖန်မှ ပြန်လာပြီး တန်းစီပါ
Vol. 35 Ch. 448
ဒီဈေးနှုန်းက လျူယောင် သတ်မှတ်ထားတာပဲ ဖြစ် ၏။
အစကတော့ ပြည်ပဓားထုတ်လုပ်သူတွေအား သတ္တု တွေ ရောင်းဖို့ လျူယောင် မစဉ်းစားထားပေ။နောက် မှ သူ စဉ်းစားမိလိုက်ကာ
"နိုင်ငံခြားသားတွေဆီက ဘာလို့ ပိုက်ဆံ မယူရမှာ လဲ...ဒါပေမဲ့ ဈေးနှုန်းကိုတော့ ပိုတင်ရမယ်..." ဟူ၍ပင်။
ဂေါ်ဒွန်ရဲ့ မကျေနပ်မှုနဲ့ သံသယကို ရင်ဆိုင်ရတော့ ရှ င်းဖေဝမ်က ရှင်းပြလိုက်သည်။
"ကျွန်တော်တို့က ဈေးကို ရှင်းရှင်းလင်းလင်း ဖော်ပြ ထားတာပါ...နိုင်ငံခြား ဓားထုတ်လုပ် သူတွေကိုလ ည်း တန်းတူ ဆက်ဆံပါတယ်...ဘယ်သူဖြစ်ဖြစ် ကျွ န်တော်တို့ရဲ့ဈေးက ယွမ် ၁၅,၀၀၀ ပဲ..."
ဂေါ်ဒွန် ခဏတာ တုံ့ဆိုင်းသွား၏။
ရှင်းဖေဝမ် ဆက်ပြောလိုက်သည်။
"ဈေးက ဒီဈေးပဲ...ကျွန်တော်တို့ ဈေးဆစ်တာကို လ က်မခံဘူး....ဈေးအရမ်းကြီးတယ်လို့ ထင်ရင် လက် လွှတ်လိုက်ပြီး မဝယ်ဘဲ နေနိုင်ပါတယ်..."
ဝယ်ဖို့နဲ့ ရောင်းဖို့က လွတ်လပ်တာကြောင့် ဝယ်မဝ ယ်ဆိုတာ သူတို့အပေါ်မှာပဲ မူတည်ပေသည်။
ဂေါ်ဒွန် နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်၏။အထူး သဖြင့် နောက်က တန်းစီနေတဲ့ လူတန်းရှည်ကြီးကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ အံကြိတ်ကာ သူ ဝ ယ်လိုက်ရသည်။
."နိုင်ငံခြားဓားထုတ်လုပ်သူတွေကို ဒီဈေးနဲ့ ရောင်း တာဆိုတော့ ကျွန်တော် ကီလိုဂရမ် ၁၀,၀၀၀ ဝယ် မယ်...."
၁၀,၀၀၀ ကီလိုဂရမ် ဆိုတာက သိပ်မများပေ။ခုနက ဝယ်သွားတဲ့ ပြည်တွင်းဓားထုတ်လုပ်သူတွေက ကီ လိုဂရမ် သောင်းချီ၊ သိန်းချီရှိ၏။တချို့က တန် ၂၀ ၀ သို့ ၃၀၀ တောင် ဝယ်သွားသေးသည်။
ရှင်းဖေဝမ် ခေါင်ညိတ်ပြကာ ပြောလိုက်၏။
"ကောင်းပြီ...ခင်ဗျား ကြိုက်သလောက် ဝယ်နိုင်တ ယ်...ဒါဆိုရင် ကျွန်တော်တို့ အခု စာချုပ်ချုပ်မယ်…. ကျေးဇူးပြု၍ ၄၈ နာရီအတွင်း ငွေ ၃၀% ပေးချေပါ ...ပစ္စည်းတွေ လာယူတဲ့အခါ လက်ကျန်ကို ပေးပါ…. မဟုတ်ရင် စာချုပ်က ပျက်ပြယ်သွားပါလိမ့်မယ်..."
စာချုပ်မှာ ရှင်းလင်းပြတ်သားတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပေမဲ့ ရှင်းဖေဝမ်က ထပ်ပြီး သတိပေးလိုက် သ ည်။ ဒီလို စည်းကမ်းချက်တွေအပြင် ယူနီဗာဆဲလ်ကို လာယူဖို့ လိုအပ်ပြီး သူတို့က အိမ်အရောက် ပို့ပေးမှာ မဟုတ်ပေ။
ဂေါ်ဒွန်က ယွမ် သန်း ၁၅၀ သုံးပြီး အနက်ရောင် သ တ္တု ၁၀,၀၀၀ ကီလိုဂရမ် မှာယူလိုက်သည်။
နောက်တစ်ကြိမ် ဒီလို အနက်ရောင် သတ္တုမျိုး မှာဖို့ က အလွန်ခက်ခဲလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မ ထင်ထားခဲ့ပေ။
ဒါက နောက်ပိုင်းဖြစ်မယ့် ကိစ္စဖြစ်တာမို့ အခုတော့ သူ ဒီလိုဖြစ်လိမ့်မယ်လို့ မသိခဲ့ပေ။
ဂေါ်ဒွန်က စာချုပ်ချုပ်ပြီးနောက် သူ့ရဲ့စာချုပ်ကို ယူ ပြီး ထွက်သွား၏။နောက်က တန်းစီနေတဲ့ လူတွေက တစ်ယောက်ပြီးတစ်ယောက် စာချုပ်ချုပ်ဖို့ ရောက် လာကြသည်။
သူတို့အများစုက ပြည်ပမှ ဓားထုတ်လုပ်သူတွေပဲ ဖြစ်၏။ဈေးက တစ်ကီလိုဂရမ်ကို ယွမ် ၁၅,၀၀၀ ဖြ စ်နေပြီး ယွမ် ၁၀,၀၀၀ မဟုတ်ဘူးဆိုတာ မြင်တော့ သူတို့က ဝယ်ဖို့ ပိုပြီး သတိထားနေပုံရသည်။ဒီ နိုင်ငံ ခြားသားတွေက အများအားဖြင့် တန်ဆယ်ဂဏန်း လောက်သာ မှာယူကြကာ အများဆုံးမှာယူတာက တန် ၃၀ ပဲ ရှိသည်။
ပြည်တွင်း ဓားထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်လျှင် အများ ဆုံးမှာယူမှုက တန် ၃၀၀ ဖြစ်တာကြောင့် ဒီပမာဏ က တကယ်တော့ မများပါလှပေ။
လျူယောင်ဖြစ်စေ ရှင်းဖေဝမ်ဖြစ်စေ လုံးဝ အတင်း အကြပ် မဝယ်ခိုင်းပေ။သူတို့ လိုချင်သလောက်သာ မှာယူကြသည်။
ညနေ ငါးနာရီလောက်မှာ ရှင်းဖေဝမ်က စာချုပ်တွေ ကို စတင်သိမ်းဆည်းပြီး အသံကျယ်ကျယ်နဲ့ အော် ပြောလိုက်သည်။
“ဒီနေ့အတွက် တော်ပြီ...မနက်ဖန်မှ ဆက်လုပ်ပါ့မ ယ်...”
လူတန်းရှည်ကြီးက ရှိနေတုန်းပင်။ဒီလူတွေက ဒီနေ့ အတွက် ပြီးဆုံးပြီလို့ ကြားတော့ အနည်းငယ် မကျေ မနပ် ဖြစ်နေကြသည်။
ဒါပေမဲ့ ရှင်းဖေဝမ်က မနက်ဖန် ဆက်လုပ်နိုင်တယ် လို့ ပြောလိုက်တော့ သူတို့ နည်းနည်း ကျေနပ်လာကြ သည်။
လျူယောင်ရဲ့ စကားအနည်းငယ်ကြောင့် အားလုံး က မငြိမ်မသက်ဖြစ်လာပြီး စိတ်လှုပ်ရှားလာကြ တ ယ်ဆိုတာကို ဘယ်လို သိနိုင်မည်နည်း။
“အားလုံးပဲ ... မနက်ဖန် ကျွန်တော်တို့ရဲ့ အနက်ရော င် သတ္တုကို မှာယူချင်ရင်တော့ စောစောလာသင့် တ ယ်...ကျွန်တော်တို့မှာ တန် ၂,၀၀၀ ပဲရှိတာ....တန် ၁,၇၀၀ ကျော် မှာယူပြီးသွားပြီမို့...နောက်ထပ် တန် ၂၀၀ ပဲ ကျန်တော့တယ်....”
“ဘာ...တန် နှစ်ရာကျော်ပဲ ရှိတော့တာလား ...”
လူတိုင်းက အလျင်လိုနေကြ၏။
“ဘာလို့ တန် ၂၀၀ ကျော်ပဲ ရှိတာလဲ... ကျွန်တော့် အ လှည့် မရောက်သေးဘူးလေ....”
“မစ္စတာလျူ...ပစ္စည်းတွေက ဘယ်တော့ ရမှာလဲ...."
ဒီသူဋေးကြီးတွေ တစ်ယောက်ပြီးတစ်ယောက် သူ့ ကို စိတ်အားထက်သန်မှုအပြည့်နဲ့ ကြည့်နေတာ မြင် တော့ ကျေနပ်မှုကို လျူယောင် ခံစားရပေမဲ့ ဒါကို ထုတ်မပြပေ။သူ လေးလေးနက်နက် ပြန်ဖြေလိုက် ၏။
“အနည်းဆုံး တစ်လကြာမှ ပစ္စည်းတွေ အဆင်သင့် ဖြစ်လောက်မယ်...”
“ဘာ...တစ်လ စောင့်ရမှာလား...”
သူတို့ အရမ်းအလျင်လိုနေတာလေ။
ဒီလို အနက်ရောင်သတ္တုက အလွန်စွမ်းရည်မြင့်ပြီး ထုတ်လုပ်တဲ့ သတ္တုစပ်ဓားတွေကလည်း အရမ်း ကောင်းလှသည်။ဒီ အနက်ရောင်သတ္တုအား ပထမ ဆုံး ပိုင်ဆိုင်တဲ့သူက ဈေးကွက်တွင် ပထမဆုံး သိမ်း ပိုက်နိုင်ပေလိမ့်မည်။
လျူယောင် သူ့လက်ကို ဆန့်ထုတ်ပြီး ပြောလိုက်သ ည်။
“ကျွန်တော့်လက်ထဲမှာ တန် ၂၀၀ ကျော်ပဲ ကျန်တော့ တယ်... ခင်ဗျားတို့ လိုအပ်တယ်ဆိုရင် မနက်ဖန် စေ ာစောလာပြီး တန်းစီပါ...”
ရောင်းသူက ခုလို ပြောပြီးမှတော့ သူတို့ ဘာလုပ်နိုင် ဦးမည်နည်း။ဒါဆိုရင် မနက်ဖန် စောစောလာပြီး တ န်းစီရုံပဲ ရှိတော့သည်။
ညနေ ၅ နာရီခွဲမှာ ပြပွဲခန်းမကို တရားဝင် ပိတ်လိုက် ၏။
ရှင်းဖေဝမ်က စိတ်လှုပ်ရှားနေခဲ့သည်။
အဲဒီ့စာချုပ်တွေကို စီထပ်ထားတာ အထူကြီး ဖြစ်နေ ကာ သူ ကိုယ်တိုင် ရေတွက်ကြည့်တော့ စုစုပေါင်း ၁,၇၅၆ တန်ပဲ ဖြစ်၏။
"ဟားဟား ဒါက အိပ်မက်တစ်ခုလိုပါပဲ..."
“သူဋေး ကျွန်တော်တို့ဆီမှာ အနက်ရောင် သတ္တုန ည်းနည်းလေး ပိုရှိရင် အရမ်းကောင်းမှာပဲ...”
ရှင်းဖေးဝမ်း ရယ်ပြီး ပြောလိုက်သည်။
“ဆယ်ရက်အတွင်း.... ငါတို့ နောက်ထပ် သတ္တုတွေ သယ်လာဖို့ရှိတယ်..."
“သူဋေး... ကျွန်တော်တို့ ပိုမြန်အောင် သွားနိုင်ရင် အ ရမ်းကောင်းမှာပဲ...ဒီလို အနက်ရောင် သတ္တုက ဝင် ငွေ အရမ်းကောင်းတယ်..."
တန် ၁,၇၀၀ ကျော်မှာယူတဲ့ စာချုပ်ကို ချုပ်ပြီးနော က် လျူယောင်လည်း ကောင်းမွန်တဲ့ စိတ်ခံစားချက် ရှိနေသည်။သူ ကိုယ်တိုင် သူ့ရဲ့ ပြပွဲဧရိယာတွင် လူ အားလုံးကို ကြီးမားတဲ့ ညစာစား ပွဲ ကျင်းပပေးလို က်သည်။
ညစာစားပြီးနောက် လျူယောင် ဗီလာကြီးကို ပြန် လာခဲ့သည်။
လျူယောင် ဗီလာကို ပြန်ရောက်တာနဲ့ လိပ်ကြီးအား ဆက်သွယ်လိုက်သည်။
“ငါ့ကောင်ကြီးရေ... ငါ မင်းကို မစ်ရှင်တစ်ခု ပေးဖို့ရှိ တယ်....”
လိပ်ကြီးက စားပြီးတာနဲ့ သူ့ဂူထဲမှာ အိပ်ကာ အနား ယူနေတုန်း လျူယောင်ရဲ့အသံက သူ့စိတ်ထဲမှာ ပေါ် လာတာမို့ သူ ရုတ်တရက် စိတ်အားထက် သန်လာ သည်။
“သခင်ရ...ပြောလိုက်စမ်းပါ....ဘာမစ်ရှင်လဲ...”
“တောက်ပတဲ့ အနက်ရောင် သတ္တုကို မင်း မှတ်မိလာ း .. အဲဒီ့ ကြီးမားတဲ့ ကုန်တင်ခန်းထဲမှာ အတော် လေး ရှိသေးတယ်လေ...”
“မှတ်မိတာပေါ့ သခင်ရ...ကျွန်တော့်ကို အဲဒါတွေ သ ယ်ထုတ်ခိုင်းမို့လား....”
နောက်ဆုံးတစ်ကြိမ် ဘလူးဝေးလ်နဲ့ သင်္ဘောကြီး လေးစင်း လာတုန်းက သတ္တု တန် ၂၀၀,၀၀၀ ကျော် သယ်ယူခဲ့သည် ။အဲ့ဒီထဲတွင် အနက်ရောင် သတ္တု တန် ၂,၀၀၀ လည်း ပါဝင်ပေသည်။
တစ်ချောင်းစီက အလေးချိန် တန်၂၀ လောက်ရှိတာ မို့ အချောင်း တစ်ရာ ဆို အလေးချိန် တန် ၂,၀၀၀ လောက်ရှိ၏။
လျူယောင် ခေါင်းညိတ်ကာ ညွန်ကြားလိုက်၏။
"ဟုတ်တယ်.. ငါ့ကောင်ကြီး.. မင်း..တစ်နေရာရာရှ ာပြီး... ဟွာဟိုင်းမြို့နဲ့ နည်းနည်းပိုနီးတဲ့နေရာမှာ အဲ ဒီအနက်ရောင် သတ္တုတွေကို ရွှေ့ထားလိုက်...ငါ ..ဘ လူးဝေးလ်ကို လွတ်ပြီး ပြန်ယူခိုင်းလိုက်မယ်"
လိပ်ကြီးက သဘောတူညီစွာဖြင့် ချက်ခြင်း ပြန်ဖြေ လိုက်သည်။
"အိုကေဘာသခင်..အခုပဲ နေရာရှာရအောင်. .ကျွန် တော်.. သွားတော့မယ်..."
နောက်ထပ် ဘာမှ မပြောတော့ပဲ ဂူထဲကနေ ရေကူး ထွက်လာပြီး ဟွာဟိုင်းမြို့ဘက်သို့ နာရီအနည်းငယ် ကြာအောင် လိပ်ကြီး ကူးခတ်လာသည်။ချက်ခြင်း ပင် ရေမိုင် တစ်ထောင် အကွာအဝေးကို သူ ရောက် လာ၏။
ပြီးတော့ အရမ်းသင့်တော်တဲ့ နေရာတစ်နေရာကို ရှာ တွေ့ဖို့ လိပ်ကြီး နောက်ထပ် နှစ်နာရီ သို့ သုံးနာရီလေ ာက် အချိန်ကြာခဲ့သည်။
ဒီနေရာက ကြီးမားတဲ့ လူမနေသည့် ကျွန်းတစ်ကျွန်း ရဲ့ အနီးအနားပဲ ဖြစ်၏။ဒီလူမဲ့ကျွန်းပတ်ဝန်းကျင်က ရေမိုင် ဆယ်ဂဏန်းလောက်တွင် ရေအနက်က အ တော်လေး တိမ်နေသည်။ရေအနက်က နှစ်မီတာ သုံးမီတာအနက်ကနေ ဆယ်မီတာကျော် အနက်ထိ ရှိပေသည်။
ထို ကြီးမားတဲ့ လူမဲ့ကျွန်းနဲ့ ရေမိုင်အနည်းငယ် အ ကွာအဝေးတွင် နေရာတစ်နေရာကို လိပ်ကြီး ရှာ တွေ့လိုက်သည်။
အဲဒီနေရာမှ ပင်လယ်ရေက အရမ်းကြည်လင်နေပြီး ပင်လယ်အောက်ခြေကလည်း ပြန့်ပြူးနေ၏။သဲနု များ အပြည့်ရှိနေကာ ရွှံ့နွံတွေလည်း လုံးဝမရှိပေ။ ပင်လယ်ရေမှော် စတာတွေလည်း မရှိတာကြောင့် မြင်ကွင်းက အလွန်ကျယ်ဝန်းလှသည်။
ပင်လယ်အောက်ခြေက ပြန့်ပြူးတာကြောင့် အနက် ရောင် သတ္တုတွေကို ထားဖို့က အဆင်ပြေလှသည်။
နေရာကို ရွေးချယ်ပြီးနောက် လိပ်ကြီးက ပတ်ဝန်း ကျင် ရေပြင်ကနေ ဗိုက်ပြည့်ဖို့အတွက် တစ်ကောင် ကောင်ကို အမဲလိုက် ဖမ်းစားခဲ့ပြီး လူမဲ့ကျွန်းဘေးမှ ာပဲ သူ အနားယူလိုက်၏။
.....
နောက်တစ်နေ့.....မနက်စောစော....
လျူယောင် အခုမှ နိုးပြီး မျက်နှာသစ်တာပြီးဆုံးတာ နှင့်မနက်စာ စားဖို့တောင်အချိန်မရသေးပေ။လိပ် ကြီး၏ အသံက သူ့စိတ်ထဲမှာ ပေါ်လာသည်။
“သခင်ရေ....ကြည့်ပါအုံး...ဒီနေရာ ဘယ်လိုလဲ...”
လျူယောင်က တတိယအမြင်ကို အလျင်အမြန် ဖွင့် လိုက်ပြီး လိပ်ကြီး ရွေးချယ်ထားတဲ့နေရာကို မြင် တော့ အလွန်ကျေနပ်သွားသည်။
သူက အိမ်မွေးတိရစ္ဆာန်ချပ်ပြား ပုံပေါ်ရှိ ကမ္ဘာ့မြေပုံ ကို ကြည့်လိုက်ရာ လိပ်ကြီး ဘယ်မှာ ရှိလဲဆိုတာကို သိလိုက်ရသည်။တည်နေရာက ဟွားဟိုင်မြို့နဲ့ အာ ကာသယာဉ် အပျက်အစီးများကြားက နေရာဖြစ်ပေ သည်။
လိပ်ကြီးက အနက်ရောင် သတ္တုတွေကို သယ်ယူပြီး ဒီနေရာမှာ ထားလိုက်ရင် ဘလူးဝေးလ် ခရီးသွားရ မယ့် အကွာအဝေးက ရေမိုင်တစ်ထောင်ကျော် ပို တို သွား၏။အရင်က အသွား အပြန်ဆို တစ်လခွဲကျော် ကြာသည်၊ ဒါပေမဲ့ အခုတော့ ခုနစ်ရက် ရှစ်ရက်ပဲ ကြာပေတော့မည်။
“ဒီနေရာက ကောင်းတယ်....ငါ့ကောင်ရ..”
လျူယောင် ချီးကျူးကာ ဆက်ပြောလိုက်၏။
"ဒီနေရာက ကောင်းတယ်.. .အနက်ရောင် သတ္တုတန် 4000 ကို အဲ့နေရာမှာ မင်း..ထားပေးပါအုံး..."
" အိုကေဘာ ..သခင်..."