← Chapters

ထူးဆန်းသော မြွေကြီး

Vol. 35 Ch. 450

ထူးဆန်းသော မြွေကြီး

Vol. 35 Ch. 450

“သူဋေးလျူ...”

“မစ္စတာလျူ...ကျွန်တော်ပါ.... စုကျယ်ပါ..."

အဝေးကနေ စုကျယ်က မျက်နှာပေါ်တွင် စိတ်အား ထက်သန်တဲ့ အမူအရာနဲ့ လျူယောင်ကို နှုတ်ဆက် လိုက်ကာ သူ့ကို မမှတ်မိမှာကို ကြောက်နေသလိုပင် ။

လျူယောင် ခဏတာ အံ့အားသင့်သွားပြီး ချက်ချင်း ပဲ စုကျယ်ကို မှတ်မိသွား၏။

"အမ် ဒီလူ.. မနေ့က ငါ့ သတ္တုဈေးကြီးတယ်လို့ ထင် ပြီး မမှာခဲ့တဲ့သူပဲ မဟုတ်လား.."

“အိုး... ဘောစ့်စုပါလား... အချိန်ရလို့..ကျွန်တော်တို့ ဆီ လာကြည့်တာလား.. ကောင်းပါတယ်ဗျာ..”

စုကျယ်က ခါးခါးသီးသီး ပြုံးလိုက်ပြီး ပြန်ဖြေလိုက် သည်။

"မစ္စတာလျူ... ကျွန်တော် အခု စိတ်ပျက်နေပြီဗျ … ကျွန်တော် နောင်တရနေပြီ.. ခင်ဗျားရဲ့ အနက်ရောင် သတ္တုတွေ ဘာလို့ ကုန်သွားတာလဲ..."

လျူယောင် ပြုံးကာ ပြန်ဖြေလိုက်၏။

“ကျွန်တော့်ဆီမှာ လောလောဆယ် တန် ၂,၀၀၀ ပဲ ရှိ သေးတာ...ဒါကြောင့် မကြာခင် ရောင်းကုန်သွားမှာ သေချာပါတယ်...”

“တကယ် ကုန်သွားတာလား...”

စုကျယ် တွေဝေသွားရကာ သူ့ကိုယ်သူ ရေရွတ်နေ ပြီး ဘာတွေပြောနေမှန်း မသိပေ။သူ အတော်လေး နောင်တရနေပုံရသည်။

အမှန်ပါပဲ သူက နောင်တရနေတဲ့ပုံနဲ့ ပြောလိုက်သည် ။

“မစ္စတာလျူ...ကျွန်တော် အခု တကယ် နောင်တ ရ နေပါပြီ... မနေ့က ဈေးကြီးတယ်လို့ မထင်ခဲ့ပဲ.. တန် ၂၀၀ သို့ ၃၀၀ မှာခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပဲဗျ ာ”

လျူယောင်က ပြုံးကာ ပြန်မေးလိုက်၏။

“ဘော့စ်စု...ကျွန်တော်တို့ရဲ့ အနက်ရောင် သတ္တုကို အခု ဈေးကြီးတယ်လို့ ခဗျား..မထင်တော့ဘူးလား”

“မကြီးပါဘူး...လုံးဝ မကြီးပါဘူးဗျာ...”

“ဒီလို ကောင်းမွန်တဲ့ သတ္တုကို ယွမ် ၁၀,၀၀၀ နဲ့ ရော င်းတာ ဘာမှ ပြဿနာမရှိပါဘူး...တစ်ကီလိုဂရမ်ကို ယွမ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ နဲ့ ရောင်းရင်တောင် ကြီးမားတဲ့ ဈေးကွက်ရှိပါသေးတယ်...”

“မစ္စတာလျူ...ကျွန်တော်တို့ ဒီသတ္တုကို အရမ်းလို အပ်ပါတယ်... ကျွန်တော့်ကို ကူညီဖို့ နည်းလမ်း ရှာ ပေးလို့ရမလား... ကျွန်တော် ခင်ဗျားကို ကျေးဇူးတ င်ပါ့မယ်... ခင်ဗျား ကျွန်တော်တို့ကို တစ်တန်၊ နှစ်တ န်လောက် ရောင်းပေးလို့ရမလားဗျာ..”

လျူယောင် သူ့စိတ်ထဲကနေ ပျော်ရွှင်မှုတစ်မျိုး ခံ စားနေရသည်။ရောင်းသူတစ်ယောက်အနေနဲ့ သူဟာ ဖောက်သည်တွေကို ကူညီပေးဖို့နဲ့ ကောင်းတာတွေ ပြောဖို့ လုပ်ခိုင်းနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နိုင် လောက်သည်။

“ဘော့စ်စု.. အခု..ကျွန်တော့်လက်ထဲမှာ တကယ်ပဲ ပစ္စည်းမရှိသေးဘူး... ဒါဆို ဒီလိုလုပ်ရအောင်. .နော က်ဆယ်ရက်လောက်အတွင်း ကျွန်တော့်ဆီမှာ အန က်ရောင် သတ္တုတွေ ထပ်ရောက်လာလိမ့်မယ်... အဲဒီ အခါကျရင် ...ခဗျား..စောစောလာလေ..."

“ဗျာ..ဆယ်ရက်...”

“တကယ်ဆယ်ရက်ပဲလား..."

"အရင်က ကြားခဲ့ရတဲ့ တစ်လ မဟုတ်တော့ဘူးပေါ့ .."

စုကျယ် ရုတ်တရက် ပျော်ရွှင်လာ၏။အဲ့ဒါက တစ် လ စောင့်ရတာထက် အများကြီး ပိုကောင်း၏။

လျူယောင်ရဲ့လက်ကို စုကျယ်က ဖိပြီး ကိုင်ထား ကာ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားတဲ့အမူအရာနဲ့ ပြန်ပြောလိုက်သည်။

“မစ္စတာလျူ..အရမ်းကျေးဇူးတင်ပါတယ်.. .ကျွန် တော် ဆယ်ရက်အတွင်း သေချာပေါက် လာဝယ်ပါ့ မယ်...”

လျူယောင် ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကောင်းပြီ..မစ္စတာရှင်းကို ဆက်သွယ်လိုက်ပါဗျာ..”

စုကျယ်က သူ့ကျေးဇူးတွေကို ထပ်မံ ဖော်ပြခဲ့သည်။ ပြီးနောက် သူက ရှင်းဖေဝမ်ဆီကနေ ဆက်သွယ်ရေး အချက်အလက်တွေ ယူကာ ယူနီဗာဆဲလ်ရဲ့ ပြပွဲဧရိ ယာကနေ ထွက်ခွာသွားတော့သည်။

ပြပွဲနေရာတွင် အနက်ရောင်သတ္တု တန် ၂,၀၀၀ ကုန် သွားတာမို့ မှာယူမှုတွေကို လက်မခံတော့ပေ။ ဒါပေ မဲ့ မီးခိုးနက်ရောင် သတ္တု မှာယူမှု့တွေကိုတော့ လက် ခံပေသည်။

ဒီသတ္တုကို လျူယောင်က ပြည်ပကို တင်ပို့တာ မဟု တ်ပေမဲ့ လက်ရှိ ပမာဏက အတော်လေး များနေ သ ည်။စစ်တပ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပြီး နောက် ဈေးကွက်ကို ထောက်ပံ့ဖို့ များစွာ ကျန်နေ သေးသည်။

လျူယောင်က တစ်လတွင် တန် ၅,၀၀၀ ကို လွတ်လွ တ်လပ်လပ် ရောင်းချခွင့်ရသည်မို့ အဲဒီအထဲက တန် ၄,၀၀၀ ကို ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချပြီး ကျန်တဲ့ တန် ၁,၀၀၀ ကိုတော့ ပြည်ပကို တင်ပို့နိုင်ပေ သည်။

တစ်လကို တန် ၅,၀၀၀ ပဲ လျူယောင် ရောင်းချခွင့် ရှိပေမဲ့ ဒီပြပွဲမှာပဲ ကုန်သွားခဲ့၏။ ကုမ္ပဏီကြီးများ စွ ာက ဒီလို ကောင်းမွန်တဲ့ သတ္တုကို လိုချင်နေကြသ ည်။

ပြည်တွင်းမှ လုပ်ငန်းကြီးများစွာက မှာယူမှုတွေ လု ပ်ကြပြီး အများစုက နာမည်ကြီး အစိုးရပိုင် လုပ်ငန်း ကြီးတွေဖြစ်ကာ အနည်းအကျဉ်းကတော့ ပုဂ္ဂလိက ထုတ်လုပ်ရေးလုပ်ငန်းတွေပဲ ဖြစ်၏။

ဒီပြပွဲရဲ့ အကြီးမားဆုံး အောင်မြင်မူ ရရှိသူက ယူနီဗ ာယူနီဗာဆဲလ် ဖြစ်နိုင်သည်။သူတို့က အနက်ရောင် သံသတ္တု တန် ၂,၀၀၀ မှာယူမှုကို ရရှိခဲ့ရုံသာမက မီး ခိုးနက်ရောင် သတ္တုတန် ၅,၀၀၀ ကိုလည်း ရောင်းချ နိုင်ခဲ့သည်။

ဒီသတ္တုနှစ်မျိုးက ဈေးကွက်မှာ ရေပန်းစားလာခဲ့၏ ။အစကတော့ လူများစွာက လျူယောင်နဲ့ မရင်းနှီး ပေမဲ့ အခုတော့ သတ္တုအကြောင်း တဖြည်းဖြည်း ကြားလာကြပြီး သူတို့နဲ့ ရင်းနှီးလာကြသည်။

.....

ပထမဆုံးခရီးမှာပဲ လိပ်ကြီးက အနက်ရောင် သတ္တု ချောင်း ဒါဇင်များစွာကို သယ်လာခဲ့ပြီး တစ်ချောင်း စီက တန် ၂၀ လောက်ရှိ၏။

ရေမိုင်တစ်ထောင်ကျော် အကွာအဝေးမှာ တခြား သူ တွေအတွက်တော့ အတော်လေး ဝေးပေသည်။ဒါပေ မဲ့ လိပ်ကြီးအတွက်တော့ သုံးနာရီ လေးနာရီလောက် ပဲ ကြာ၏။

လိပ်ကြီးက အနက်ရောင် သတ္တုချောင်း ဒါဇင်များ စွာကို သယ်လာပြီး ရေတိမ်ပိုင်း နေရာမှာ သပ်သပ် ရပ်ရပ် ထားလိုက်သည်။

ရေအောက်မှာ စုပုံထားတဲ့ သတ္တုချောင်းကြီး တစ်ရာ ကျော်ကို ကြည့်ပြီး သူ တွေးမိလိုက်သည်။

"သခင်က သတ္တု အချောင်း နှစ်ရာ လိုအပ်နေတာ. .နောက် နှစ်ရက် သို့ သုံးရက်အတွင်း ငါ ..သယ်ယူ နိုင်လိမ့်မယ်.."

အနက်ရောင် သတ္တုချောင်းတွေကို ထားပြီးနောက် လိပ်ကြီးက အာကာသယာဉ် အပျက်အစီးများဆီသို့ ကူးခတ်လာသည်။

အမြန်နှုန်းက သိပ်မမြန်ပေ။သူက အလျင်လိုစရာ မလိုတာကြောင့် ရေအောက် မီတာ ၁၀၀ ကျော် အ နက်မှာပဲ ဖြည်းဖြည်းချင်း ရေကူးသွားနေသည်။

ကူးခတ်နေစဥ်မှာပဲ သူ့ရှေ့တွင် ကြီးမားတဲ့ အရာတ စ်ခုကို လိပ်ကြီး တွေ့လိုက်ရ၏။ဒီအရာက အသေးစ ား မဟုတ်ပဲ နီးလာလေလေ လိပ်ကြီးက ပိုပြီး ရှင်း ရှင်းလင်းလင်း မြင်ရလေလေ ဖြစ်နေသည်။

သူ့ရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးက အနက်ရောင်ဖြစ်ပြီး အ ကြေးခွံတွေ ပြည့်နေကာ အရောင်အသွေးမရှိပဲ အရှ ည်က မီတာ ၄၀ ကနေ ၅၀ လောက်ရှိပြီး ပင်လယ် မြွေတစ်ကောင်ပုံစံ ဖြစ်နေသည်။ဒါပေမဲ့လည်း ပင်လယ်မြွေနဲ့လည်း မတူပေ။

လိပ်ကြီး စိတ်ထဲကနေ အံ့အားသင့်စွာ ရေရွတ်လိုက် သည်။

"သခင် ပြောတာ မမှားဘူး.. ကျယ်ပြန့်တဲ့ သမုဒ္ဒရာ ထဲမှာ ထူးဆန်းတဲ့ အရာမျိုးစုံ ရှိတာပဲ ..ဒီလို ထူး ဆန်းတဲ့ အကောင်မျိုးလည်း ရှိတယ်ဟ..."

“သခင်ရေ...ဒါဘာကောင်လဲ ကြည့်ပါဦး..တကယ် ထူးဆန်းတဲ့ပုံပဲ....”

လိပ်ကြီးရဲ့ စကားကို လက်ခံရရှိပြီးနောက် လျူယေ ာင် သူ့ရဲ့ တတိယအမြင်ကို ချက်ချင်း ဖွင့်လိုက်ပြီး လိပ်ကြီး ပြောတဲ့ အကောင်ကို ရှင်းရှင်းလင်းလင်း သူ မြင်လိုက်ရသည်။

"ဘုရားရေ.. ဒါက ဗီဇပြောင်းထားတဲ့ မြွေကြီး မဟု တ်လား...ပင်လယ်မြွေကြီး ဖြစ်နိုင်မလား... ဒါပေမဲ့ ပင်လယ်ထဲမှာ ဒီလောက်ကြီးတဲ့ မြွေအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး..."

" လခွမ်း..ဒါက လုံးဝအသစ်အဆန်းပဲ. ကမ္ဘာပေါ်မှာ ..တစ်ခါမှ မတွေ့ဖူးသေးတဲ့ မျိုးစိတ်သစ် ဖြစ်နိုင်မ လား..."

လျူယောင် ပြန်ပြောလိုက်၏။

“ငါ့ကောင်ကြီး... ဒါဘာကောင်လဲဆိုတာ ငါ မသိဘူး ...အဲဒါကို သွားမနှောင့်ယှက်နဲ့...”

လိပ်ကြီးက ဒီလိုမထင်ပေ။သူက စိတ်အားထက် သ န်စွာနဲ့ ​ လျှာသပ်ပြီး မေးလိုက်သည်။

“သခင်ရ...ဒီကောင်က အရမ်းမကြီးပါဘူး..သူ့..အရ သာက ဘယ်လိုရှိလဲမသိဘူးနော်...”

လျူယောင် ပြုံးပြီး ဆူလိုက်၏။

“မင်းက..အစားအသောက်သမားပဲ...မင်း အဆိပ်ရှိ မှာကို မကြောက်ဘူးလား..”

လိပ်ကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ ပြန်ဖြေလိုက် သ ည်။

“ကျွန်တော့်ရဲ့ အဆိပ်ဒဏ်ခံနိုင်ရည်က အရမ်း အား ကောင်းတယ်...အဆိပ်မိမှာကို ကျွန်တော် လုံးဝမ ကြောက်ဘူး...သခင်ရ...”

တခြားတစ်ဖက်က လိပ်ကြီးကို တွေ့တော့ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ဘက်ကို ပြကာ သူ့ရဲ့ သွားနဲ့ ခြေသည်းတွေ အားလုံးကို ထုတ်ပြီး ပြေးဝင် လာသ ည်။

လိပ်ကြီးက ရိုးရိုးလေးပဲ မထီမဲ့မြင် ကြည့်လိုက်၏။

“အကောင်ပေါက်လေး...မင်းက...ကိုယ့်ကိုယ်ကို အ ရမ်းအထင်ကြီးနေတာပဲ... ငါ့ကို ကိုက်ဖို့ ပြေးလာတ ာလား...ငယ်ပါသေးတယ်..ချာတိတ်ရာ...”

လိပ်ကြီးက သူ့ရဲ့အရသာကို စမ်းသပ်ကြည့်ဖို့ပဲ ရှိ သေးတာကို ဒီကောင်က သူ့သဘောနဲ့သူ ပြေးလာ တော့ လိပ်ကြီး ပြုံးပြီး လက်ခံလိုက်သည်။

နှစ်ဖက်ကြားမှ တိုက်ပွဲက ဘာမှ ထူးဆန်းမှုမရှိဘဲ ပြီ းဆုံးသွားခဲ့သည်။ဒီပင်လယ်မြွေကြီးက လိပ်ကြီး ရဲ့ပါးစပ်ထဲကအစာ ဖြစ်သွားရကာ သူအရသာက စပ်စပ်လေးတစ်ခု စားလိုက်သလိုပါပဲ။

တစ်ကိုက်...

နောက်တစ်ကိုက်....

အကိုက်အနည်းငယ် စားပြီးနောက် လိပ်ကြီးက ချီး မွမ်းလိုက်၏။

“သခင်...အရသာကောင်းတယ်..ဒီလိုအရသာမျိုး ကျွန်တော် တစ်ခါမှ မစားဖူးဘူးဗျ...”

သူက ဧရာမရေဘဝဲတွေနဲ့ ငါးကြီးအမျိုးမျိုးကို အ များကြီးစားဖူးပေမဲ့ ဒီလိုမျိုး ပင်လယ်မြွေကြီးမျိုး ကို တစ်ခါမှ မစားဖူးပေ။သူ့ အရသာက ပထမတန်း စားပင်။

အရှည်က မီတာ လေးဆယ်ကနေ ငါးဆယ်အထိ ရှိ ကာ ပင်လယ်မြွေကြီးနဲ့ အရမ်းတူနေတာပင်။လျူ ယောင် အကြမ်းဖျင်း ခန့်မှန်းကြည့်တော့ အလေး ချိန်က အနည်းဆုံး တန် ၇၀ ၊၈၀ လောက် ရှိလိမ့်မည် ။

ဒါပေမဲ့ လိပ်ကြီးက အစပ်ချောင်းလေးတစ်ခုပဲ စား လိုက်ရသလို ခံစားရကာ ဒီအကောင်က သူ့ရဲ့ဗိုက် သုံးရာခိုင်နှုန်းတောင် မပြည့်ပေ။

“ဝိူး..တကယ်ပဲ အရသာရှိတယ်...သခင်ရ.နောက် တစ်ကောင်ရှိရင် ကောင်းမှာပဲဗျာ...”

“သခင်ရေ...ကျွန်တော် ဒုတိယတစ်ကောင်ရှိမလား ဆိုတာ ကြည့်ဖို့ ပတ်ပတ်လည်ကို ရှာချင်တယ်ဗျာ..”

"မင်း ကြိုက်သလိုသာလုပ်..ဘာပဲဖြစ်ဖြစ် မင်းမှာ အ ချိန်အများကြီးရှိတာပဲ...နောက်ငါးရက်အတွင်း အ နက်ရောင်သတ္တု အချောင်း နှစ်ရာကို သယ်ပေးဖို့ သာ..မမေ့နဲ့..."

လိပ်ကြီးက ခုချိန်ထိ အချောင်းတစ်ရာနီးပါး ရွှေ့ခဲ့ ပြီး ငါးရက်တောင် မကြာလောက်ပေ။လိပ်ကြီးမှာ အချိန်တွေ အများကြီး ရှိသေးသည်။

အနီးအနားမှ ရေပြင် ပတ်ဝန်းကျင်မှာ လိပ်ကြီး ရှာ ကြည့်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ ဘာမှ မတွေ့ရပဲ ပ င်လယ်မြွေကြီးရဲ့ အရိပ်တောင် ရှိမနေပေ။

လိပ်ကြီး စိတ်ပျက်လက်ပျက် ဖြစ်ကာ ပင်လယ်အေ ာက်ခြေကို ကူးခတ်သွားလိုက်သည်။ရေအနက်က ပင်လယ်မျက်နှာပြင်ကနေ မီတာဆယ်ဂဏန်း မဟု တ်တော့ဘဲ မီတာ ရာဂဏန်းအနက် ရှိနေ၏။

"ဟင်း... ဒါဆိုရင် ပင်လယ်အောက်ခြေ..မီတာ နှစ် ထောင် သုံးထောင်အနက်ကို ငါသွားကြည့်ရင်ရော... .ဘယ်လိုလဲ..."

All Chapters