← Chapters

အခန်း (၁၂၈)

Vol. 12 Ch. 128

အခန်း (၁၂၈)

Vol. 12 Ch. 128

ဝူရွှမ်းဝူကျိခန်းမသည် တော်ဝင်မှော်အကယ်ဒမီတွင် တိုက်ခိုက်ရေးဌာနနှင့် မှော်ဆေးရည်ဌာနဟူ၍ ရှိပြီး တစ်ဌာနစီတွင် ကိုယ်ပိုင်အသင်းအဖွဲ့များ ရှိကြောင်း ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။

အိမ်ရှေ့မင်းသား ယီပိုင်လျန် နှင့် ဒုတိယဥက္ကဋ္ဌ ချန်လျန်လျန် တို့ ဦးဆောင်သော မှော်

တိုက်ခိုက်ရေးအသင်းသည် ငွေကြေးနှင့် ဆေးစွမ်းကောင်းများဖြင့် ထောက်ပံ့ထားသော အလှပြပန်းအိုးအသင်းနှင့် တူလှသည်။ သို့သော် မှော်ဆေးရည်ဌာနမှာမူ ပန်းအိုးဝေးစွဲ၊ အက်ကွဲနေသော အိုးစုတ်တစ်လုံးနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် နိမ့်ပါးလှသည်။

ဝူကျိခန်းမ၏ ရုတ်တရက်ရောက်ရှိလာမှုကြောင့် တော်ဝင်အကယ်ဒမီမှာ အနည်းငယ် အငိုက်မိသွားခဲ့သည်။ ဂုဏ်သရေရှိ ဧည့်သည်တော်များရှေ့တွင် အရှက်မရစေရန်အတွက် မူလက ပထမဆုံးပြသရန် စီစဉ်ထားသော မှော်ဆေးပညာအသင်းကို နောက်သို့ရွှေ့ဆိုင်းပြီး တိုက်ခိုက်ရေးအသင်းအား အရင်ဆုံး ပြသစေရန် အိမ်ရှေ့မင်းသားက အကြံပြုခဲ့သည်။

တိုက်ခိုက်ရေးအသင်းက ဆုန်းရှန်းရူနှင့် အလယ်အလတ်အဆင့် ကျောင်းသားတစ်ဦးကို စေလွှတ်ခဲ့သည်။ ဆုန်းရှန်းရူမှာ အလွန်လှပသူဖြစ်ပြီး ယနေ့ သရုပ်ပြပွဲအတွက် ဝတ်ဆင်ထားသော မှော်ဝတ်ရုံအသစ်ကြောင့် ပို၍ပင် နုပျိုလှပနေသည်။

သူမနှင့်အတူ ပါလာသော ကျောင်းသားမှာ ရုပ်ရည်အားဖြင့် ထူးခြားမှုမရှိသော်လည်း သူကိုင်ထားသော မှော်လှံတံတွင် ကွဲပြားသောအရောင်ရှိသည့် ဝိညာဉ်ကျောက်တုံးနှစ်လုံး တပ်ဆင်ထားသည်ကို မြင်လိုက်ရချိန်တွင် အားလုံး၏ အာရုံကို ဆွဲဆောင်သွားတော့သည်။

၎င်းက သူသည် နှစ်မျိုးစပ်မှော်စနစ်ကို အသုံးပြုနိုင်သော မဟာမှော်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

ဤနှစ်ဦးမှာ အိမ်ရှေ့မင်းသားနှင့် ချန်လျန်လျန်တို့ပြီးလျှင် တိုက်ခိုက်ရေးအသင်း၏ တတိယနှင့် စတုတ္ထမြောက် အဓိက အင်အားစုများဖြစ်ကြောင်း ထင်ရှားလှသည်။

ဆုန်းရှန်းရူသည် သူမ၏ဆံနွယ်များကို ခါယမ်းလိုက်ရင်း တောက်ပသောမျက်လုံးများဖြင့် ငှက်

ငယ်တစ်ကောင်ကဲ့သို့ သာယာသော အသံဖြင့် ဆိုလိုက်သည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် ကျောင်းသားအပေါင်းတို့... ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ တိုက်ခိုက်ရေးအသင်းဟာ အကယ်ဒမီရဲ့ သင်ယူမှုစိတ်ဓာတ်ကို အစဉ်တစိုက် ထိန်းသိမ်းပြီး မှော်ပညာသစ်တွေကို သုတေသနပြုခဲ့ပါတယ်။ ဒီနေ့မှာတော့ အသင်းကိုယ်စား ပူးပေါင်းတိုက်ခိုက်ရေးမှော်အမျိုးအစားသစ်တစ်ခုကို သရုပ်ပြသသွားမှာပါ"

သူမ၏စကားအဆုံးတွင် ကွင်းတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားပြီး အထူးသဖြင့် တိုက်ခိုက်ရေးဌာနမှ ကျောင်းသားများမှာ သိသိသာသာ တက်ကြွလာကြသည်။

အခြားတစ်ဖက်တွင်မူ မှော်ဆေးရည်ဌာနမှ ကျောင်းသားများမှာ စိတ်ဓာတ်ကျနေသော မျက်နှာများဖြင့် ရှိနေကြသော်လည်း ဂူဖုန်းနှင့် အန်ကျဲတို့ကဲ့သို့ အဖွဲ့ဝင်အနည်းငယ်ကမူ ယုံကြည်ချက်အချို့ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

မှော်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည်လည်း အလွန်စိတ်လှုပ်ရှားနေပြီး ခေါင်းကို တဆက်ဆက် ညိတ်ကာ အားပေးနေသည်။ အကယ်ဒမီ၏ သမိုင်းတစ်လျှောက် အလယ်အလတ်အဆင့် ကျောင်းသားနှစ်ဦးက ပူးပေါင်းတိုက်ခိုက်ရေးမှော်ကို အသုံးပြုသည်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

ပူးပေါင်းတိုက်ခိုက်ရေးမှော် ဆိုသည်မှာ အလွန်ထူးခြားသော မှော်ပညာအမျိုးအစား ဖြစ်သည်။ အင်အားချင်း မတိမ်းမယိမ်းရှိသော မှော်ဆရာနှစ်ဦးသည် ၎င်းတို့၏ ဖြည့်စွက်ဓာတ်များ သို့မဟုတ် တူညီသော မှော်ဓာတ်များကို အချင်းချင်း ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ပိုမိုမြင့်မားသော အဆင့်မြင့်မှော်ပညာတစ်ခုကို ဖန်တီးယူခြင်း ဖြစ်သည်။

အကယ်၍ မဟာမှော်ညွှန်ကြားရေးမှူးနှစ်ဦးသည် ၎င်းတို့၏ အလယ်အလတ်အဆင့် မှော်

ပညာများကို ကောင်းမွန်စွာ ပေါင်းစပ်နိုင်ပါက ထွက်ပေါ်လာသည့် အစွမ်းမှာ အဆင့်

မြင့်မှော်ပညာကဲ့သို့ပင် ပြင်းထန်လှသည်။

ဆုန်းရှန်းရူသည် မီးဓာတ်မှော်ဆရာမဖြစ်ပြီး ကျောင်းသားမှာမူ ရှားပါးလှသော မီးနှင့် သစ်သားဓာတ်နှစ်မျိုးစပ် မှော်ဆရာဖြစ်သည်။ သစ်သားဓာတ်သည် ဒုတိယတန်းစား မှော်ဓာတ်

ဖြစ်သော်လည်း မီးကို ပိုမိုတောက်လောင်စေရန် ပံ့ပိုးပေးနိုင်သဖြင့် သူတို့နှစ်ဦးမှာ ပူးပေါင်းတိုက်ခိုက်ရေးမှော်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်း ဖြစ်သည်။

ဆုန်းရှန်းရူ၏ ကြေညာချက်အပြီးတွင် သူတို့နှစ်ဦးမှာ ချက်ချင်း စတင်ခြင်းမပြုသေးပေ။

ထိုစဉ် အိမ်ရှေ့မင်းသား၏ ဘေးတွင် ထိုင်နေသော ချန်လျန်လျန်က ရုတ်တရက် စကားဆိုလာသည်။

"အရှင်မင်းသား... ပူးပေါင်းတိုက်ခိုက်ရေးမှော်က အစွမ်းထက်တယ်ဆိုပေမဲ့ သာမန်သရုပ်ပြရုံနဲ့တော့ သူ့ရဲ့ တကယ့်အစွမ်းကို မြင်နိုင်မှာ မဟုတ်ပါဘူး။ အရှင်မင်းသား မြို့ပြင်ခရီးစဉ်မှာ အဆင့် ၅ လေဓာတ်နတ်ဆိုးကျားသစ်တစ်ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျွန်မ ကြားသိရပါတယ်။ အဲဒီကျားသစ်ကို အသုံးပြုပြီး ဒီတိုက်ခိုက်ရေးမှော်ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ရင် တိုက်ခိုက်ရေးဌာနရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး ပီပီပြင်ပြင် မြင်ရမှာပါ"

ချန်လျန်လျန်၏ စကားမှာ မှော်ဆေးရည်ဌာနက အသုံးပြုသော မှော်ပညာများကို မှော်ပညာဟုပင် မခေါ်ထိုက်ကြောင်း သွယ်ဝိုက်၍ နှိမ်ချပြောဆိုလိုက်ခြင်း ဖြစ်သည်။

အလှလေး၏ တောင်းဆိုမှုကို ကြုံရသောအခါ မိန်းမလှလေးများအပေါ် အမြဲနူးညံ့တတ်သော အိမ်ရှေ့မင်းသား ယီပိုင်လျန်က ဝမ်းသာအားရ သဘောတူလိုက်သည်။

သူ၏ အမိန့်အရ အစောင့်များသည် သံမဏိအစစ်ဖြင့် ပြုလုပ်ထားသော သားရဲလှောင်အိမ်ကြီးတစ်ခုကို သယ်ဆောင်လာကြသည်။

ချန်လျန်လျန်နှင့် ယီပိုင်လျန်တို့၏ အချင်းချင်း ချွဲနွဲ့နေသော အမူအရာများမှာ အခြားသူများအတွက် အားကျစရာဖြစ်နေသော်လည်း ပုကျိုရှောင် နှင့် ချန်ပိုင် တို့အတွက်မူ မျက်စိစပါးစပ်စရာ ဖြစ်နေသည်။

"အရှက်မရှိတဲ့ စုံတွဲ"

သူတို့ စိတ်ထဲမှ တွေးနေကြသည်။ သို့သော် ထိုနှစ်ဦး၏ မြင့်မားသော အဆင့်အတန်းကြောင့်သာ ဒေါသကို မြိုသိပ်ထားကြရသည်။

"အပျက်မက အမြဲတမ်း အမူအရာပိုတတ်တာပဲ"

ထိုစကားကြောင့် ပုကျိုရှောင်နှင့် ချန်ပိုင်တို့ နှစ်ဦးစလုံး အံ့ဩသွားကြပြီး မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ လှည့်ကြည့်လိုက်ကြသည်။

တကယ်ကို ထိမိတဲ့စကားပဲ။ ဘယ်သူကများ ဒီလောက်တောင် သတ္တိရှိပြီး ရဲရဲဝံ့ဝံ့ ရင်ဖွင့်လိုက်တာလဲ။

သို့သော် ထိုအသံမှာ မှော်ဆေးရည်ဌာန၏ စခန်းဘက်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်က မထီမဲ့မြင်ပြုကာ လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။

ထိုစကားကို ပြောလိုက်သူမှာ ချစ်စဖွယ်ကောင်းပြီး သေးငယ်သည့် မိန်းကလေးငယ်လေးတစ်ဦးဖြစ်ပြီး သူမဘေးရှိ အရပ်ပုပု ဝတုတ်ကျောင်းသားလေးနှင့် စိတ်အားထက်သန်စွာ စကားပြောနေသည်။ သူမသည် အိမ်ရှေ့မင်းသားနှင့် ချန်လျန်လျန်တို့ကို လုံးဝပင် ဂရုမစိုက်သည့်ပုံစံမျိုး ဖြစ်သည်။

"ကျိုရှောင်... ဟိုလူကို ကြည့်စမ်း"

ချန်ပိုင်က ထိုဘက်သို့ လှမ်းကြည့်လိုက်ရာ အစပိုင်းတွင် ယွင်ရှန်း၏ ဆွဲဆောင်မှုကြောင့် ကြည့်မိခြင်းဖြစ်သော်လည်း ယွင်ရှန်းနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ချီကို တွေ့သွားသည်။

တောက်ပသော နေရောင်အောက်တွင် ချီ၏ တင်းကျပ်စွာ ဝတ်ဆင်ထားသော အစိမ်းရောင် မှော်ဝတ်ရုံမှာ အမှန်တကယ်ပင် ထင်ရှားနေသည်။ ပုကျိုရှောင်ကလည်း လှမ်းကြည့်လိုက်ရာ ချီ၏ ပတ်ဝန်းကျင်တွင် ထူးဆန်းသော မှော်လှိုင်းတစ်ခု ရှိနေသည်ကို သတိပြုမိသွားသည်။

အတိအကျ ထိုအချိန်မှာပင် မှော်တိုက်ခိုက်ရေးအသင်း၏ သရုပ်ပြပွဲ စတင်ခဲ့သည်။

"ဝုန်း..."

ရှေးဟောင်းခေါင်းလောင်းကြီး တစ်လုံးကဲ့သို့ လေးလံလှသော အသံနှင့်အတူ နတ်ဆိုးသားရဲ လှောင်အိမ်ကြီးမှာ မြေပြင်ပေါ်သို့ ကျရောက်လာသည်။

အခြားကျောင်းသားများ၏ ဘေးကင်းလုံခြုံရေးအတွက် ဆန်စုန်းက အရှေ့သို့ တက်လာပြီး မှော်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်လေသည်။

မှော်အကာအကွယ်မှာ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေပြီး ဧရာမ ငါးကန်ကြီးတစ်ခုနှင့် တူလှသည်။ ၎င်းသည် ဘေးမှကြည့်နေသော ကျောင်းသားများကို ဘေးကင်းစေရုံသာမက တိုက်ပွဲကိုလည်း အဟန့်အတားမရှိ မြင်နိုင်စေသည်။

ဆုန်းရှန်းရူ၊ နှစ်မျိုးစပ်မှော်ကျောင်းသားနှင့် နတ်ဆိုးသားရဲလှောင်အိမ်တို့မှာ သီးသန့်တိုက်ကွင်းတစ်ခုအဖြစ် တည်ရှိနေကြသည်။

ကျားသစ်မျိုးနွယ်များသည် နတ်ဆိုးသားရဲကမ္ဘာတွင် သဘာဝအတိုင်း လျင်မြန်ဖြတ်လတ်ကြသည်။ ရေညှိရောင်အမွေးအမှင်များရှိသော ဤ လေဓာတ်နတ်ဆိုးကျားသစ်မှာ အချိန်အတော်ကြာ အကျဉ်းချခံထားရသော်လည်း နွမ်းနယ်နေပုံမရပေ။

ဆုန်းရှန်းရူသည် ယုံကြည်မှုအပြည့်ဖြင့် အော်ဟစ်လိုက်ရင်း သူမ၏မှော်လှံတံကို ဝှေ့ယမ်းလိုက်သည်။ လှံတံပေါ်ရှိ ပထမဆုံးသော ဝိညာဉ်ကျောက်တုံးမှာ လင်းလက်လာပြီး ပြင်းထန်သော မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

မီးလောင်ရာ လေပင့်လိုက်သကဲ့သို့ပင် တောက်ပသောမီးတောက်များသည် ဒုံးပျံတစ်ခုကဲ့သို့ အရှိန်ဖြင့် ထွက်ပေါ်လာပြီး လက်မဝက်ခန့်အထူရှိသော သားရဲလှောင်အိမ်ဆီသို့ ဦးတည်သွားသည်။

လှောင်အိမ်အတွင်းမှ နတ်ဆိုးကျားသစ်မှာလည်း ရန်စခံရသဖြင့် အမွေးအမှင်များ ထောင်ထလာပြီး လည်ချောင်းထဲမှ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ၎င်း၏ရိုင်းစိုင်းသော သားရဲအရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

"ဝုန်း..."

ဒုံးပျံကဲ့သို့သော မီးလျှံများသည် လှောင်အိမ်ကို ရိုက်ခတ်သွားသည်။

ရာပေါင်းများစွာသော မျက်လုံးများရှေ့တွင်ပင် တစ်ချိန်က မဖျက်ဆီးနိုင်ဟု ထင်ရသော လှောင်အိမ်မှာ စက္ကူကဲ့သို့ပင် မီးတောက်များအတွင်း အရည်ပျော်သွားတော့သည်။ သံမဏိစစ်စစ်မှာ အရည်ပျော်ကျလာပြီး လှောင်အိမ်၏ တစ်ဖက်တစ်ချက်တွင် ကြောက်မက်ဖွယ်ရာ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အချိန်အတော်ကြာ အကျဉ်းချခံထားရသော နတ်ဆိုးကျားသစ်မှာ ထိုအခွင့်အရေးကို အရယူကာ နားကွဲမတတ် ဟိန်းဟောက်လိုက်သည်။ ၎င်း၏ သန်မာသော ခြေလက်များကို ကွေးညွှတ်လိုက်ပြီး တင်းနေသော လေးကြိုးတစ်ချောင်း ရုတ်တရက် လွတ်ထွက်သွားသကဲ့သို့ လှောင်အိမ်ထဲမှ ဒုန်းစိုင်းထွက်လာတော့သည်။

လှောင်အိမ် ပျက်စီးသွားချိန်တွင် လွင့်ထွက်လာသော သံတိုင်များသည် မှော်အကာအကွယ်ကို ထိမှန်သွားသဖြင့် အကာအကွယ်မှာ ပုံစံပျက်ယွင်းသွားခဲ့သည်။

နတ်ဆိုးကျားသစ်၏ မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းနေပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် တိမ်တိုက်သဏ္ဍာန် မှော်ပုံစံများ ပေါ်ပေါက်လာသည်။

"တိုက်ခိုက်ရေးပုံစံ... ဒီကျားသစ်က တကယ်ကို ဒေါသထွက်နေပြီ"

ဝူကျိခန်းမမှ ကျောင်းသားများမှာ ယခုမှပင် စိတ်ဝင်စားမှု ရှိလာကြသည်။

အဆင့် ၅ နတ်ဆိုးကျားသစ်မှာ မှော်အရှင်သခင်အဆင့်နှင့် ညီမျှရာ မဟာမှော်ညွှန်ကြားရေးမှူးနှစ်ဦးက မည်သို့ ခုခံမည်ကို သူတို့ သိချင်နေကြသည်။

"ဒီသားရဲ... ငါ ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ထားလိုက်"

ဆုန်းရှန်းရူက ကျောင်းသားအား အချက်ပြလိုက်ပြီး နှစ်ဦးစလုံး မှော်လှံတံကို ဝှေ့ယမ်းကာ ဂါထာကို တစ်ပြိုင်နက် ရွတ်ဆိုလိုက်ကြသည်။

သူတို့၏ ခြေဖဝါးအောက်တွင် မှော်အင်းကွက်တစ်ခု ပေါ်လာပြီး လည်ပတ်ကာ အချင်းချင်း ရောယှက်သွားသည်။

"ချော်ရည်မြွေဟောက်... ထွက်လာစမ်း"

၎င်းတို့၏ မှော်လှံတံများအတွင်းမှ မှော်ဓာတ်များ ပေါင်းစပ်သွားပြီး ပါးစပ်အဟောင်းသားနှင့် ဧရာမမြွေကြီးတစ်ကောင် ပေါ်ထွက်လာလေသည်။

All Chapters