← Chapters

ရွှန်းမိသားစု

Vol. 36 Ch. 426

ရွှန်းမိသားစု

Vol. 36 Ch. 426

ဖန်းချိုးယောင်က သူမရဲ့လှည့်ကွက်ကို ဒီလောက်လွယ်လွယ် ယုံကြည်သွားတာမြင်တော့ လျိုဇီဂျင်း ရုတ်တရက် ဘာပြောရမှန်း မသိတော့ပေ။

‘အစ်ကိုကြီးက မေးခိုင်းလိုက်တာလို့ သူမကို ပြောပြလိုက်ရမလား ကိစ္စတော့ မရှိလောက်ပါဘူး... ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက ငါတို့ကို တိုက်ရိုက်ပြောခဲ့တာပဲ လျှို့ဝှက်ထားရမယ်လို့လည်း မပြောဘူးလေ

ချိုးယောင်ကို ဖုံးကွယ်ထားစရာ မလိုလောက်ပါဘူး

အဆိုးဆုံး... အဆိုးဆုံးမှန်းဆချက် မှားသွားရင်တောင် ငါ အပြစ်ပေးခံရုံပေါ့’

ဂလု...

အပြစ်ပေးခံရမယ်ဆိုတဲ့ အတွေးက လျိုဇီဂျင်းကို တံတွေးတစ်လုတ် မျိုချမိစေလေသည်။

အစ်ကိုကြီးက သူမကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ တွေးပြီး သူမ နည်းနည်းမျှော်လင့်... အဲလေ နည်းနည်းကြောက်ရွံ့နေမိလေသည်။

ဆုံးဖြတ်ချက်ချပြီးနောက် လျိုဇီဂျင်း ပြောလိုက်လေသည်။

"ငါတို့ကို အစ်ကိုကြီး လာပြောခိုင်းတာပါ"

"အစ်ကိုကြီး"

ဖန်းချိုးယောင် သိသိသာသာ အံ့သြသွားပြီး မျက်လုံးတွေ ပြူးကျယ်သွားလေသည်။

"အစ်ကိုကြီး ပြန်ရောက်နေပြီလား"

"ဟုတ်တယ်"

လျိုဇီဂျင်းနဲ့ တခြားသုံးယောက် ပြိုင်တူခေါင်းညိတ်လိုက်ကြလေသည်။

"အစ်ကိုကြီးက... ငါ့မိသားစုအရေးကိစ္စကို ဘယ်လိုလုပ် သိနေတာလဲ"

ဖန်းချိုးယောင် စကားပြောတဲ့အခါ သူမမျက်နှာထားက အလွန်ရှုပ်ထွေးနေလေသည်။

သူမမျက်လုံးတွေထဲမှာ ရှက်ရွံ့မှု၊ ဇဝေဇဝါဖြစ်မှုနဲ့ စိတ်ဆင်းရဲမှုတွေ ရောပြွမ်းနေပြီး နက်ရှိုင်းတဲ့ ခံစားချက်တွေ ပြည့်နှက်နေလေသည်။

ဖန်းချိုးယောင်ရဲ့မေးခွန်းကို ကြားတော့ ဘေးနားက ယွီကွေ့ရွှေက သူမဆံပင်ကောက်ကွေးလေးကို လိမ်ကစားရင်း ရှက်ရွံ့စွာ ပြောလိုက်လေသည်။

"အစ်ကိုကြီးက ငါတို့ကို ဂရုစိုက်တယ်လို့ ငါ အမြဲခံစားခဲ့ရတယ် ဒါပေမဲ့ သိပ်မသေချာခဲ့ဘူး အခု အစ်မချိုးယောင်ရဲ့ ကိစ္စကို မြင်လိုက်ရတော့ ငါ သေချာသွားပြီ အစ်ကိုကြီးက ငါတို့ကို တစ်လျောက်လုံး အာရုံစိုက်နေခဲ့တာပဲ"

ဒါကို ကြားတော့ တခြားသုံးယောက်လည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြလေသည်။

အစ်ကိုကြီးက အပေါ်ယံမှာ အေးစက်နေသလို ထင်ရပေမယ့် ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူတို့အတွက် ဆေးရေချိုးဖို့ ပြင်ဆင်ပေးတာပဲဖြစ်ဖြစ်၊ အခု ဖန်းချိုးယောင်ကို စိတ်ပူပေးတာပဲဖြစ်ဖြစ်၊ အားလုံးက သူတို့ကို တိတ်တဆိတ် ဂရုစိုက်နေကြောင်း ပြသနေလေသည်။

‘အစ်ကိုကြီးက ငါတို့ကို သူ့ကိုမမှီခိုဘဲ စမ်းသပ်မှုတွေ အောင်မြင်စေချင်တာ ဖြစ်မယ်... ဟုတ်တယ် အဲ့ဒါ ဖြစ်ရမယ်’

ဒီအတွေးနဲ့ သူတို့ရင်ထဲက ခိုင်မာပြီးသား ယုံကြည်ချက်တွေက ပိုလို့တောင် ပြင်းထန်လာခဲ့လေသည်။

‘နောက်တစ်ခါ... နောက်တစ်ခါကျရင် ခန်းမသခင်ဝူ ကို ငါ အနိုင်ယူရမယ်’

"အစ်... အစ်မဇီဂျင်း"

လျိုဇီဂျင်း တိတ်တဆိတ် သစ္စာဆိုနေတုန်း ဖန်းချိုးယောင်က ရုတ်တရက် သူမရင်ခွင်ထဲ တိုးဝင်လာပြီး ရှိုက်သံပါတဲ့ အသံနဲ့ ခေါ်လိုက်လေသည်။

ဒါက လျိုဇီဂျင်းကို အငိုက်မိသွားစေပြီး သူမ အမြန် နှစ်သိမ့်ပေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ ချိုးယောင် နင့်မှာ ဘာတွေဖြစ်ခဲ့လို့လဲ"

လျိုဇီကျင်းကို မော့ကြည့်ပြီး ဖန်းချိုးယောင် ခဏစဉ်းစားကာ ဆုံးဖြတ်ချက်ချလိုက်သလို ဖြေလိုက်လေသည်။

"အစ်မဇီဂျင်း ထန်တိုင်းပြည်က ရွှန်းမိသားစု အကြောင်း ကြားဖူးလား"

"ရွှန်းမိသားစု"

လျိုဇီဂျင်း ခဏ ပြန်စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်လေသည်။

"ငါ မကြားဖူးဘူး"

တစ်ချိန်တည်းမှာပဲ သူမဘေးက ယွီညီအစ်မသုံးယောက်လည်း ခေါင်းခါလိုက်ကြလေသည်။

"ငါတို့လည်း မကြားဖူးဘူး"

"ဒါဆို ထန်တိုင်းပြည်က ကောင်းကင်လွှမ်းမိုးဂိုဏ်း အကြောင်းရော ကြားဖူးလား"

ဒီတစ်ခါတော့ လျိုဇီဂျင်းနဲ့ တခြားသူတွေ ပြိုင်တူခေါင်းညိတ်လိုက်ကြလေသည်။

"ဒါပေါ့ ကြားဖူးတာပေါ့ ထန်တိုင်းပြည်ရဲ့ အထွတ်အထိပ်ဂိုဏ်းကြီးလေ သူတို့ဂိုဏ်းချုပ်က အနက်ရောင်ဧကရာဇ် နယ်ပယ် ပညာရှင်တစ်ယောက်ပဲ"

ဒါကို ကြားတော့ ဖန်းချိုးယောင် သက်ပြင်းချလိုက်လေသည်။

"ရွှန်းမိသားစုက ကောင်းကင်လွှမ်းမိုးဂိုဏ်းရဲ့ လက်အောက်ခံ မိသားစုတစ်ခုပဲ ပြီးတော့ သူတို့ရဲ့ ဒုတိယ... ဒုတိယသခင်လေးက ငါ့ကို အတင်းအဓမ္မ လက်ထပ်ချင်နေတယ်"

"အတင်းအဓမ္မ လက်ထပ်ချင်တယ်"

လေးယောက်သား ပြိုင်တူ အာမေဋိတ်ပြုလိုက်ကြလေသည်။

ဖန်းချိုးယောင် ဖုံးကွယ်ထားတဲ့ကိစ္စက ကြီးမားမယ်လို့ သူတို့ ခန့်မှန်းထားပေမယ့် ဒီလောက် ပြင်းထန်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။

ဖန်းချိုးယောင် ပြန်ငိုတော့မလို ဖြစ်နေတာ မြင်တော့ လျိုဇီဂျင်းက သူမကို အမြန်ဖက်ထားလိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။

"စိတ်မပူပါနဲ့ စိတ်မပူပါနဲ့ ချိုးယောင် ဘာတွေဖြစ်ခဲ့လဲဆိုတာ အတိအကျ ပြောပြပါ ငါတို့ နင့်အတွက် နည်းလမ်းရှာပေးမယ်"

"အင်း..."

နှာရှုံ့လိုက်ပြီး ဖန်းချိုးယောင်က ဇာတ်လမ်းစုံကို စတင်ပြောပြလေသည်။

လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်လောက် ကြာပြီးနောက် လျိုဇီဂျင်းနဲ့ တခြားသူတွေ ဘာတွေဖြစ်နေလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားကြလေသည်။

လွန်ခဲ့တဲ့ အချိန်အတန်ကြာက ရွှန်းမိသားစုက လူတွေဟာ အဆင့်နိမ့်ဆေးပင်တချို့ ဝယ်ယူဖို့ စီးပွားရေးမိတ်ဖက်ရှာဖွေရင်း ရှန့်တိုင်းပြည်ကို ရောက်လာခဲ့ကြတာ ဖြစ်လေသည်။

ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် သူတို့က ဆေးပင်နဲ့ ဆေးစိုက်ခင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ဖန်းမိသားစုကို တွေ့ရှိခဲ့ကြလေသည်။

အစတုန်းက ရွှန်းမိသားစု နာမည်ကြားတော့ ဖန်းမိသားစု တော်တော် စိတ်လှုပ်ရှားခဲ့ကြလေသည်။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ကျောထောက်နောက်ခံက အရမ်းအင်အားကြီးလွန်းတယ်လေ။

အနက်ရောင်ဧကရာဇ်တစ်ပါး အုပ်ချုပ်တဲ့ ထိပ်တန်းဂိုဏ်းကြီး ဆိုတာ သူတို့လို မိသားစုလေးက ရန်စလို့ရတဲ့ အရာ မဟုတ်ပေ။

ရွှန်းမိသားစုက သူတို့ဆီ ပူးပေါင်းဆောင်ရွက်ဖို့ လာကမ်းလှမ်းတာ ဖြစ်ပေမယ့် တကယ်တမ်း ဆွေးနွေးတဲ့အခါ ဖန်းမိသားစုက "မလုပ်နိုင်ဘူး" လို့ ဘယ်လိုလုပ် ပြောရဲမှာလဲ။ သူတို့က ရွှန်းမိသားစုရဲ့ သဘောထားအတိုင်း လိုက်နာရုံပဲ ရှိတော့မည်။

ဒီလို စိတ်မလုံခြုံတဲ့ ခံစားချက်နဲ့ ဖန်းမိသားစုဟာ ဆွေးနွေးပွဲနေ့ကို နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေသည်။

သူတို့ အံ့သြစရာ ကောင်းလောက်အောင်ပဲ တဖက်လူက သူတို့ ထင်ထားသလို အနိုင်ကျင့် ဗိုလ်ကျတာမျိုး မဟုတ်တာ တွေ့လိုက်ရလေသည်။

တကယ်တော့ နှစ်ဖက်စလုံး ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုခဲ့ကြပြီး သဘောတူညီမှု အမြန် ရရှိခဲ့ကြလေသည်။

ဒါပေမဲ့ အရာအားလုံး ကောင်းမွန်တဲ့ လမ်းကြောင်းအတိုင်း ဖြစ်လာပြီလို့ ဖန်းမိသားစု ထင်လိုက်ချိန်မှာပဲ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

သဘောတူညီမှု ရပြီးနောက် ရွှန်းမိသားစုက ဂိုဒေါင်တွေကို လိုက်လံကြည့်ရှုဖို့ တောင်းဆိုခဲ့လေသည်။

ဖန်းမိသားစုကလည်း ဒီလို ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုကို အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင် ဖန်းနျန်ပိုင် ကိုယ်တိုင် ဦးဆောင်ပြီး လိုက်လံပြသခဲ့လေသည်။

ဒုတိယဂိုဒေါင်ကို ကြည့်ရှုနေစဉ် ရွှန်းမိသားစုဝင်တွေက ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင် အနည်းငယ်ဟာ ထူးထူးခြားခြား ကောင်းမွန်စွာ ကြီးထွားနေတာကို သတိထားမိလိုက်ကြသည်၊ အထူးနည်းလမ်း တစ်ခုခုနဲ့ စိုက်ပျိုးထားတာ ထင်ရှားလေသည်။

သိချင်စိတ်ကြောင့် သူတို့က ဖန်းမျိုးနွယ်စုခေါင်းဆောင် ဖန်းနျန်ပိုင်ကို မေးလိုက်ကြလေသည်။

"မျိုးနွယ်စုခေါင်းဆောင်ဖန်း ဒီဝိညာဉ်ဆေးပင်တွေက ဘာလို့ ဒီလောက် ကောင်းကောင်း ကြီးထွားနေတာလဲ သိခွင့်ရှိမလား"

ဖန်းနျန်ပိုင်က အစပိုင်းမှာ ဒီက မြေဆီလွှာ ကောင်းလို့ပါလို့ ဖြေပေမယ့် ဒီလိုစကားမျိုးက ဗဟုသုတကြွယ်ဝတဲ့ ရွှန်းမိသားစုကို လှည့်စားဖို့ ခက်ခဲလေသည်။

"ကြည့်ရတာ မျိုးနွယ်စုခေါင်းဆောင်ဖန်းက ကျွန်တော့်ကို သတိထားနေတုန်းပဲ ကောင်းပါပြီ မပြောချင်ရင်လည်း မပြောပါနဲ့တော့"

သခင်လေးရွှန်းရဲ့ မျက်နှာထား မည်းမှောင်သွားတာ မြင်တော့ ဖန်းနန်ပိုင် အမြန် ရှင်းပြလိုက်လေသည်။

"သခင်လေးရွှန်း အထင်လွဲနေပါပြီ ကျွန်တော်က ဇာတ်လမ်းတစ်ဝက်ပဲ ပြောပြမိတာပါ ဒီဝိညာဉ်ဆေးပင်တွေ ဒီလောက် ကောင်းကောင်း ကြီးထွားရတာက မြေဆီလွှာကြောင့်တင် မကဘဲ မဟာယာနလျှို့ဝှက်ရေစင် နဲ့ ရေလောင်းထားလို့ပါ"

"မဟာယာနလျှို့ဝှက်ရေစင်"

ရွှန်းမိသားစုရဲ့ သခင်လေး သိသိသာသာ တုန်လှုပ်သွားလေသည်။

ဒီလို ဝေးလံခေါင်သီပြီး အားနည်းတဲ့ တိုင်းပြည်က မိသားစုလေးတစ်ခုမှာ ထူးခြားဆန်းပြား ပန်းပွင့်အဆင့်သတ်မှတ်ချက်စာအုပ် ထဲမှာ ပါဝင်တဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

ဒါက လုံးဝ မမျှော်လင့်ထားတဲ့ အရာပါပဲ။

အံ့သြသွားပြီးနောက် သခင်လေးရွှန်းက အားပါးတရ ရယ်မောလိုက်လေသည်။

"ဒါကြောင့်ကိုး ကြည့်ရတာ ခင်ဗျားတို့ ဖန်းမိသားစုနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့တာ ငါ တကယ် ရွေးချယ်မှု မှန်ကန်ခဲ့တာပဲ"

ဖန်းနျန်ပိုင် သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။

"ဒါတွေအားလုံး သခင်လေးရွှန်းရဲ့ ထောက်ပံ့မှုကြောင့်ပါ"

အဲ့ဒီနောက်ပိုင်း သခင်လေးရွှန်းက ဒီကိစ္စကို ဘယ်တော့မှ ထပ်မပြောတော့ပေ။

သူတို့နှစ်ယောက် ဂိုဒေါင်အနည်းငယ်ကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်ကြည့်ရှုပြီးနောက် ဖန်းအိမ်တော်ဆီ ပြန်လာခဲ့ကြလေသည်။

ဂိတ်တံခါးဝ ဝင်ခါနီးမှာ သခင်လေးရွှန်းက စိတ်နှလုံးပြန်ဂိုဏ်းကို ပြန်ဖို့ ပြင်ဆင်နေတဲ့ ဖန်းချိုးယောင်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့လေသည်။

သူမရဲ့ အလှအပက သူ့ကို ချက်ချင်း ဖမ်းစားသွားခဲ့လေသည်။

‘ပန်းချီကားတစ်ချပ်လို လှပလိုက်တဲ့ အလှတရားပါလား’

သို့သော် ရွှန်းမိသားစုရဲ့ သခင်လေးက သူ့ရည်ရွယ်ချက်ကို အဲ့ဒီနေရာမှာ ချက်ချင်း ထုတ်မပြခဲ့ပေ။

အဲ့ဒီအစား သူက ဖန်းနန်ပိုင်နဲ့အတူ သူတို့မိသားစုနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု အကြောင်း ဆက်လက် ဆွေးနွေးခဲ့လေသည်။

ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ဒီသခင်လေးရွှန်းက လာလည်ဖို့ အကြောင်းပြချက်တွေ မကြာခဏ ရှာတွေ့လာသည်၊ တစ်ခါတလေ ကုန်ပစ္စည်း ရင်းမြစ်ကို စစ်ဆေးဖို့ လိုတယ်လို့ ပြောတယ်၊ တစ်ခါတလေ ဖန်းမိသားစုရဲ့ စိုက်ပျိုးရေးကွင်းတွေကို ကြည့်ချင်တယ်လို့ ပြောတတ်လေသည်။

ဒါပေမဲ့ ဖန်းနန်ပိုင်က အရူးမဟုတ်ပေ။

ဒီသခင်လေးရွှန်း လာတိုင်း ချိုးယောင် အကြောင်း သွယ်ဝိုက်ပြီး မေးတတ်လေသည်။

နောက်ပိုင်းကျတော့ သူက ပိုပြီး တိုက်ရိုက်ဆန်လာပြီး ရောက်တာနဲ့ "ခင်ဗျားသမီး ဒီနေ့ အိမ်မှာ မရှိဘူးလား" လို့ မေးတတ်လေသည်။

ဒါက မေးမြန်းတာ မဟုတ်တော့ဘူး၊ ဒါက ဗြောင်ကျကျ နှောင့်ယှက်တာပဲ။

ဒါပေမဲ့ ဖန်းနန်ပိုင်က ရွှန်းမိသားစုကို စိတ်အနှောင့်အယှက် မပေးရဲတာကြောင့် "ကျွန်တော့်သမီးက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေပါတယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ သူ့ကို ရှောင်လွှဲခဲ့ရလေသည်။

သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသပြီးနောက် ဒီသခင်လေးရွှန်းက စိတ်မရှည်ကြောင်း သက်သေပြလာလေသည်။

နောက်တစ်နေ့ သူ ထပ်လာလည်တဲ့အခါ သူ တိုက်ရိုက် ပြောလိုက်လေသည်။

"မျိုးနွယ်စုခေါင်းဆောင်ဖန်း ကျွန်တော် ခင်ဗျားကို မဖုံးကွယ်တော့ပါဘူး ခင်ဗျားသမီးကို မြင်လိုက်ရတဲ့နေ့က သူမအလှကြောင့် ကျွန်တော် မှင်သက်သွားခဲ့ရတယ် သူမနဲ့ စကားအနည်းငယ် ပြောခွင့်ရဖို့ ခင်ဗျားကို အောင်သွယ်တော် လုပ်ပေးဖို့ ဒုက္ခပေးရတော့မယ်"

မဟာယာနလျှို့ဝှက်ရေစင် ကိစ္စကတည်းက ဒီဖော်ရွေပုံရတဲ့ သခင်လေးရွှန်းက ကိုင်တွယ်ရ မလွယ်ကူမှန်း ဖန်းနန်ပိုင် သိထားပြီး ဖြစ်လေသည်။

သူ့ကို တိုက်ရိုက် ငြင်းပယ်လိုက်ရင် ဖန်းမိသားစုအပေါ် ကပ်ဘေး ဆိုက်ရောက်စေမှာ သေချာလေသည်။

ရွေးချယ်စရာ မရှိတော့ဘဲ ဖန်းနျန်ပိုင် ဖန်းချိုးယောင်ကို ပြန်ခေါ်ခဲ့ရလေသည်။

အခြေအနေ တစ်ခုလုံးကို ဖန်းချိုးယောင်ကို ရှင်းပြပြီးနောက် သူမက အစပိုင်းမှာ ငြင်းဆန်ခဲ့လေသည်။

ဒါပေမဲ့ သူမဖေဖေရဲ့ အသည်းအသန် တောင်းပန်မှုတွေကို သူမ မလွန်ဆန်နိုင်ခဲ့ဘူး၊ ပြီးတော့ သူက သူမကို ဘာမှ အတင်းအကျပ် မခိုင်းဘူးလို့ ကတိပေးခဲ့လေသည်။

ဒါကြောင့် သူမမိသားစု လုံခြုံရေးအတွက် ဖန်းချိုးယောင် အနေနဲ့ အဲ့ဒီ သခင်လေးရွှန်း နဲ့ တစ်ကြိမ် တွေ့ဆုံဖို့ သဘောတူခဲ့ရလေသည်။

ဖန်းချိုးယောင်ရဲ့ စရိုက်က အမြဲတမ်း ပွင့်လင်းမြင်သာမှု ရှိလေသည်။

သူတို့ ပထမဆုံး တွေ့ဆုံချိန်မှာ သူမက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ချင်ပြီး အချစ်ရေး ကိစ္စတွေကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့လေသည်။

သူမက မူလက ပိုပြီး ပြတ်သားချင်ပေမယ့် သူမဖေဖေရဲ့ သတိပေးချက်ကို သတိရပြီး ထိန်းသိမ်းခဲ့လေသည်။

ဒါပေမဲ့ ဒီငြင်းပယ်မှုက သခင်လေးရွှန်းကို နောက်ဆုတ်သွားစေခြင်း မရှိခဲ့ပေ။

အဲ့ဒီအစား သူက ဖန်းချိုးယောင်ကို ပိုပြီး ပြင်းပြင်းထန်ထန် လိုက်ပိုးခဲ့လေသည်။

ဒါပေမဲ့ ဖန်းချိုးယောင်ရဲ့ အကြိမ်ကြိမ် ရှောင်လွှဲငြင်းပယ်မှုကို ခံရပြီးနောက် ရွှန်းယင် ရဲ့ စိတ်ရှည်မှု နောက်ဆုံးတော့ ကုန်ဆုံးသွားခဲ့လေသည်။

သူက ဖန်းချိုးယောင်ကို ကျော်ပြီး ဖန်းနန်ပိုင်ကို တိုက်ရိုက် သွားပြောလိုက်သည်၊ သူက သူ့သမီးကို လက်ထပ်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ တစ်ချိန်တည်းမှာပဲ ဖန်းနျန်ပိုင် အနေနဲ့ မဟာယာနလျှို့ဝှက်ရေစင် ကို သမီးရဲ့ မင်္ဂလာလက်ဖွဲ့ အဖြစ် ပေးအပ်ရမယ်လို့ တောင်းဆိုလိုက်လေသည်။

ဒါက ဘယ်လိုလုပ် လက်ထပ်ခွင့် တောင်းတာ ဖြစ်နိုင်မှာလဲ။ ဒါက လက်တွေ့အားဖြင့် ဓားပြတိုက်တာပဲ။

ဒါပေမဲ့ ဖန်းနန်ပိုင်က ချက်ချင်း မငြင်းရဲခဲ့ပေ။

သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။

တဖက်မိသားစုမှာ အနက်ရောင်ဧကရာဇ်က ကျောထောက်နောက်ခံ ဖြစ်နေပြီး သူ့မိသားစုလေးကတော့ အနက်ရောင်ဧကရာဇ် နေနေသာသာ အနက်ရောင်ဘိုးဘေး ကိုတောင် အားကိုးစရာ မရှိပေ။

အကူအညီမဲ့စွာနဲ့ ဖန်းနျန်ပိုင်က သူ့သမီးကို စဉ်းစားဖို့ အချိန် နည်းနည်း ပိုပေးပါလို့ သခင်လေးရွှန်းကို တောင်းပန်ရုံသာ ရှိတော့လေသည်။

ဒါပေမဲ့ အခု ရွှန်းယင် က သူ့ရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်ပြီမို့ ယဉ်ကျေးပျူငှာမှုတွေ ပြီးဆုံးသွားပြီ ဖြစ်လေသည်။

"နောက်လ ၁ ရက်နေ့ကျရင် ကျွန်တော့် သတို့သမီးကို လာခေါ်မယ် ခင်ဗျား ကျေးဇူးကန်းမခံဘူးလို့ မျှော်လင့်တယ်" ဆိုတဲ့ စကားလုံးတွေနဲ့ ဖန်းအိမ်တော်ကနေ ထွက်ခွာသွားခဲ့လေသည်။

ဒါကို ကြားပြီးနောက် လျိုဇီဂျင်း ရက်တွေ ရေတွက်ကြည့်လိုက်တော့ နောက်လ ၁ ရက်နေ့ ရောက်ဖို့ ၅ ရက်ပဲ လိုတော့တာ တွေ့လိုက်ရလေသည်။

"ချိုးယောင် ဒီလောက် အရေးကြီးတဲ့ ကိစ္စကို နင် ဘာလို့ ငါတို့ကို မပြောပြရတာလဲ"

အခုမှ ဖန်းချိုးယောင် ဘာလို့ မကြာခဏ စိတ်လွင့်နေတတ်လဲ ဆိုတာ လျိုဇီဂျင်း နားလည်သွားလေသည်။

သူမက ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်း စဉ်းစားနေခဲ့တာ။

ဒါပေမဲ့ လက်ရှိ အခြေအနေအရ ဆိုရင် သူမ မတွေ့သေးဘူး ဆိုတာ ရှင်းနေလေသည်။

သက်ပြင်းချလိုက်ပြီး ဖန်းချိုးယောင် ပြန်ဖြေလိုက်လေသည်။

"ဒီအကြောင်း ငါ ပြောပြလိုက်ရင် နင်တို့ ငါ့ကို ကူညီဖို့ အစွမ်းကုန် ကြိုးစားကြမယ်ဆိုတာ ငါ သိတယ် ဒါပေမဲ့ အဲ့လို တွေးမိလေ ငါ ပြောပြဖို့ ပိုကြောက်လေပဲ ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ နင်တို့ပါ ပါသွားမှာ ကြောက်လို့ပါ"

"ချိုးယောင်" လျိုဇီဂျင်း အော်ဟစ်လိုက်လေသည်။

"နင် ဘာတွေ ပြောနေတာလဲ ငါတို့က နင်နဲ့ အတူတူ ဒုက္ခရောက်မှာ ကြောက်တယ်လို့ နင် ထင်နေတာလား"

"ဟုတ်တယ်လေ" ယွီကွေ့ကျွေး လည်း အားပါးတရ ခေါင်းညိတ်လိုက်လေသည်။

"သူတို့က ဂိုဏ်းကြီးတစ်ခုနဲ့ ဆက်နွှယ်နေတဲ့ မိသားစု ဖြစ်နေတော့ ဘာဖြစ်လဲ သူတို့ကို ဒီလောက် မောက်မာခွင့် ဘယ်သူ ပေးထားလို့လဲ သူတို့ကို ကိုင်တွယ်နိုင်မယ့်သူ ဘယ်သူမှ မရှိဘူး ဆိုတာ ငါ မယုံဘူး"

"ဟုတ်တယ် ဟုတ်တယ်" ယွီကွေ့မြောင် ဝင်ထောက်ခံလိုက်လေသည်။

သူမရဲ့ ညီမငယ် နှစ်ယောက် ပြောတာ ကြားတော့ သူတို့ပြောတာ မှန်နေပေမယ့် ယွီကွေ့ရွှေ က ရေအေးနဲ့ မလောင်းခဲ့ပေ။

ရွှန်းမိသားစုက ဂိုဏ်းကြီးတစ်ခုရဲ့ လက်အောက်ခံ မိသားစု တစ်ခုပဲ ဖြစ်လေသည်။

ဒါပေမဲ့ ဆိုရိုးစကား ရှိသလိုပဲ ငရဲဘုရင်နဲ့ ဆက်ဆံရတာက သူ့လက်အောက် ငယ်သားတွေနဲ့ ဆက်ဆံရတာထက် ပိုလွယ်ကူတတ်လေသည်။

ဒီလို မိသားစုတွေက တကယ်တော့ ဂိုဏ်းတွေထက် ပိုပြဿနာရှာတတ်ကြသည်၊ ဘာလို့လဲဆိုတော့ သူတို့က စွပ်စွဲပြောဆိုရတာ ကြိုက်ကြလို့ ဖြစ်လေသည်။

ဥပမာ သူတို့ကို မျက်နှာသာ မပေးတာက သူတို့ မှီခိုနေတဲ့ ဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်တာနဲ့ တူတယ် ဆိုပြီးတော့ပေါ့။

ပြီးတော့ ဂိုဏ်းကြီးတွေက ပုံမှန်အားဖြင့် သိက္ခာကို အရမ်း တန်ဖိုးထားကြတာမို့ အဲ့ဒီ လက်အောက်ခံ မိသားစုတွေက မီးလောင်ရာ လေပင့်လိုက်တာနဲ့ ကိစ္စတွေက ထိန်းမနိုင်သိမ်းမရ အမြန် ဖြစ်သွားတတ်လေသည်။

ဒါပေမဲ့ အစ်မချိုးယောင် က အခု စိတ်ဓာတ်ကျနေတာမို့ သူမ ဒီအကြောင်းတွေကို ဗြောင်ကျကျ ပြောပြီး သူတို့ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလို့ မဖြစ်ပေ။

ဒါကြောင့် ယွီကွေ့ရွှေ ကလည်း ဖြည့်စွက်ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး သူတို့မှာ အနက်ရောင်ဧကရာဇ် ကျောထောက်နောက်ခံ ရှိနေရင်တောင် ငါတို့မှာ အစ်ကိုကြီး ရှိတယ်"

သူမ ဒီလို ပြောလိုက်တာနဲ့ လျိုဇီဂျင်းနဲ့ တခြား ယွီညီအစ်မနှစ်ယောက်ရဲ့ မျက်လုံးတွေ အရောင်တောက်လာကြလေသည်။

အစ်ကိုကြီးရဲ့ စွမ်းရည် အပြည့်အစုံကို သူတို့ ဘယ်တော့မှ မသိရပေမယ့် ကိစ္စတစ်ခုက သူ့လက်ထဲ ရောက်နေသရွေ့ ပြီးပြည့်စုံစွာ ပြေလည်သွားမယ်လို့ သူတို့ အမြဲ ခံစားရလေသည်။

ဒါပေမဲ့ ဖန်းချိုးယောင် ခေါင်းခါလိုက်လေသည်။

"ငါလည်း အဲ့လို တွေးမိပါသေးတယ် ဒါပေမဲ့ အစ်ကိုကြီးနဲ့ ငါက ဘာမှလည်း မတော်စပ်ဘူး ပြီးတော့ အတိတ်တုန်းက ငါက... ဟူး ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးကို ဒီဒုက္ခထဲ ပါလာအောင် ငါ အဖြစ်မခံနိုင်ဘူး"

ဒါကို ကြားတော့ လျိုဇီဂျင်း ခေါင်းခါပြီး ပြောလိုက်လေသည်။

"ဒါပေမဲ့ နင့်ကို ရှာဖို့ ငါတို့ကို လွှတ်လိုက်တာက အစ်ကိုကြီးလေ သူ့မှာ ဖြေရှင်းနည်း ရှိလို့သာ ငါတို့ကို လွှတ်လိုက်တာ ဖြစ်မှာလို့ ငါ ယုံကြည်တယ်"

ရုတ်တရက် ဖန်းချိုးယောင်ရဲ့ မှေးမှိန်နေတဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက် မီးတောက်လေး တစ်ခု တောက်လောင်လာလေသည်။

သူမ တကယ် လမ်းဆုံးရောက်နေပြီ ဖြစ်ပြီး အဲ့ဒီ သခင်လေးရွှန်း နဲ့ လက်ထပ်ရမယ့် အစား ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် စဉ်းစားထားခဲ့တာ!

အခု အလှည့်အပြောင်း တစ်ခု နောက်ဆုံးတော့ ရှိလာပြီလို့ ကြားလိုက်ရတော့ ဖန်းချိုးယောင် ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။

"ငါ... ငါ အစ်ကိုကြီးကို တကယ် ဒုက္ခပေးလို့ ဖြစ်ပါ့မလား"

ဖန်းချိုးယောင်ကို လှမ်းဖက်လိုက်ပြီး လျိုဇီဂျင်း ပြောလိုက်လေသည်။

"နင် အရင် အိပ်လိုက်ဦး ငါတို့ ပြန်သွားပြီး အစ်ကိုကြီးကို အစီရင်ခံလိုက်မယ် ရလဒ် ထွက်တာနဲ့ ငါတို့ နင့်ဆီ ပြန်လာခဲ့မယ် ဟုတ်ပြီလား"

"အစ်မဇီဂျင်း..."

ဖန်းချိုးယောင်ရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ချက်ချင်း ပြည့်နှက်လာလေသည်။

"စိတ်မပူပါနဲ့ ငါတို့ နင့်ဘက်မှာ အမြဲ ရှိနေမှာပါ"

"ဟုတ်တယ်" ယွီညီအစ်မသုံးယောက် ပြိုင်တူ ခေါင်းညိတ်လိုက်ကြလေသည်။

"ကျေးဇူး... ကျေးဇူးအများကြီး တင်ပါတယ်ဟာ"

"သွားအိပ်တော့"

ပြောပြီးနောက် လျိုဇီဂျင်း မတ်တတ်ရပ်ပြီး ယွီညီအစ်မသုံးယောက်ကို ခေါ်ထုတ်သွားလိုက်လေသည်။

တံခါးပိတ်သံ ကြားပြီးနောက် ဖန်းချိုးယောင် စားပွဲပေါ် ဖြည်းညှင်းစွာ မှောက်ချလိုက်လေသည်။

အိမ်ပြန်ရောက်ကတည်းက သူမ ကောင်းကောင်း မအိပ်ခဲ့ရပေ။

သူမ ထွက်ပြေးဖို့လည်း စဉ်းစားခဲ့ပေမယ့် အဲ့ဒါက သူမ မိသားစုကို အဆုံးမရှိတဲ့ ဒုက္ခတွေ သေချာပေါက် ပေးလိမ့်မည်။

ဒါကြောင့် သူမ သည်းခံပြီး တောင့်ခံထားရုံသာ ရှိတော့လေသည်။

‘အစ်ကိုကြီး...’

ဖန်းချိုးယောင် သူမ ဝတ်ရုံထဲ လက်နှိုက်ပြီး နှလုံးသား ကြည်လင် ဆေးလုံးတွေ ပါတဲ့ ကြွေပုလင်းလေးကို မထုတ်ဘဲ မနေနိုင်တော့ပေ။

သူမ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတဲ့ နောက်ဆုံး အကြိမ်တုန်းက နတ်ဘုရား စစ်သည်တော် တစ်ပါးလို ဆင်းသက်လာပြီး သေချာပေါက် သေဆုံးမယ့် ဘေးကနေ သူမကို ကယ်တင်ပေးခဲ့တာလည်း အစ်ကိုကြီးပါပဲ။

"အစ်ကိုကြီး..."

အစ်ကိုကြီး ပေးခဲ့တဲ့ ကြွေပုလင်းလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ဖန်းချိုးယောင် ရုတ်တရက် လုံခြုံမှု ခံစားချက် ကြီးမားစွာ ရရှိလိုက်လေသည်။

အလွန်အမင်း စိတ်ဖိစီးမှုကြောင့် တင်းမာနေတဲ့ သူမရဲ့ ခန္ဓာကိုယ်က ဖြည်းညှင်းစွာ ပြေလျော့လာပြီး နွေးထွေးမှုတောင် နည်းနည်း ခံစားလိုက်ရလေသည်။

"အစ်ကိုကြီး..."

သူ့နာမည်ကို နောက်တစ်ကြိမ် ရေရွတ်ရင်း ဖန်းချိုးယောင် မျက်လုံးတွေကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး စားပွဲပေါ် မှောက်လျက် အိပ်ပျော်သွားလေတော့သည်။

...

ဖန်းအိမ်တော်ကနေ ထွက်ခွာပြီးနောက် လျိုဇီဂျင်းနဲ့ တခြားသူတွေ စိတ်နှလုံးပြန်ဂိုဏ်း ဆီ အမြန်ဆုံး ပြန်လာခဲ့ကြလေသည်။

အစ်ကိုကြီး ပေးထားတဲ့ အဆောင်လက်ဖွဲ့ စာရွက်ကို ထုတ်၊ စာရေး၊ စက္ကူစွန် အဖြစ် ခေါက်ပြီး လွှတ်လိုက်ကြလေသည်။

မကြာခင်မှာပဲ စာထဲမှာ ရေးထားတဲ့ နေရာ ဖြစ်တဲ့ နောက်ဘက်တောင်က ကြာကန်ဘေးမှာ လျိုဇီဂျင်းနဲ့ တခြားသူတွေကို ကျန်းပေရန် တွေ့ဆုံခဲ့လေသည်။

"စုံစမ်းလို့ ရခဲ့လား"

လေးယောက်သားကို ကြည့်ပြီး ကျန်းပေရန် လိုရင်းကို မေးလိုက်လေသည်။

"ရခဲ့ပါတယ်"

လျိုဇီဂျင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

"ဒါပေမဲ့ မပြောပြခင် ကျွန်မ အစ်ကိုကြီးကို ဝန်ခံစရာ တစ်ခု ရှိပါတယ်"

"ဘာလဲ"

"အစ်ကိုကြီးက ကျွန်မတို့ကို မေးခိုင်းလိုက်တာပါလို့ ချိုးယောင်ကို ကျွန်မ ပြောပြလိုက်မိတယ်"

"အော် ကိစ္စမရှိပါဘူး"

"ကိစ္စမရှိပါဘူး" ဆိုတာ ကြားတော့ လျိုဇီဂျင်း အရင် သက်ပြင်းချလိုက်ပေမယ့် နောက်ဆက်တွဲ ခံစားလိုက်ရတာက ပိုကြီးမားတဲ့ စိတ်ပျက်မှု တစ်ခု ဖြစ်လေသည်။

ဒါပေမဲ့ အလုပ်ကိစ္စက ပိုအရေးကြီးမှန်း သူမ သိတာကြောင့် သူမကိုယ်သူမ အမြန် တည်ငြိမ်အောင် လုပ်ပြီး ချိုးယောင်အပေါ် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို စတင် ပြောပြလေသည်။

"မဟာယာနလျှို့ဝှက်ရေစင်" နဲ့ ရေလောင်းထားတဲ့ ဝိညာဉ်ဆေးပင်တွေ အကြောင်း သူမ ပြောလိုက်တဲ့အခါ ကျန်းပေရန် ချက်ချင်း နားလည်သွားလေသည်။

စနစ်က သူ့ကို ဘာလို့ တက်ကြွစွာ မေးမြန်းခိုင်းလဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။

သူ ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့တဲ့ "မဟာယာနလျှို့ဝှက်ရေစင်" က ဖန်းချိုးယောင် ဆီမှာ ရှိနေတာကိုး။

တစ်ချိန်တည်းမှာပဲ "မဟာယာနလျှို့ဝှက်ရေစင်" ကို ရှာဖွေဖို့ ကြိုးစားတုန်းက သူ ရရှိခဲ့တဲ့ လေးကြောင်းစပ် ဗေဒင်ကဗျာကို ကျန်းပေရန် ပြန်သတိရလိုက်လေသည်။

[ဝေးကွာသော အနာဂတ်သည် သံသယမရှိဘဲ သတ်မှတ်ပြီး ဖြစ်သော်လည်း ကျောက်တုံးအတွင်း ဖုံးကွယ်ထားသော ကျောက်စိမ်းကို မည်သူ သိနိုင်မည်နည်း]

[ကျွမ်းကျင်သော လက်မှုပညာရှင် တစ်ယောက် တစ်နေ့တွင် ဖြတ်တောက်လိုက်သောအခါ အတွင်းမှ ကျောက်စိမ်းကို မြင်တွေ့ရမည့် အချိန် ရောက်လာလိမ့်မည်]

ဒီစာကြောင်း နှစ်ကြောင်းရဲ့ အဓိပ္ပာယ်က သူ ရှာဖွေနေတဲ့ အရာဟာ သူ့ဘေးနားမှာ ရှိနေပြီးသား ဖြစ်ပေမယ့် သူ ရှာဖွေတွေ့ရှိနိုင်မယ့် နည်းလမ်း မရှိသေးဘူး ဆိုတာပါပဲ။

သူ့အရည်အချင်း လုံလောက်တဲ့ အခါ သဘာဝကျကျ မြင်တွေ့နိုင်လိမ့်မယ်။

‘အင်း... ဒါဆို အရင်တုန်းက ငါ့မှာ အရည်အချင်း မရှိခဲ့ဘူး အခုတော့ အဲ့ဒီ ရွှန်းမိသားစုကို အလွယ်တကူ ကိုင်တွယ်နိုင်ပြီလို့ ဆိုလိုတာလား’

ဒီအတွေးနဲ့ အတူ ကျန်းပေရန် လျိုဇီဂျင်းရဲ့ ပြောပြချက်ကို ဆက်လက် နားထောင်နေလိုက်လေသည်။

All Chapters