← Chapters

မဟာအင်အားကြီးများ၏ အစည်းအဝေး

Vol. 36 Ch. 428

မဟာအင်အားကြီးများ၏ အစည်းအဝေး

Vol. 36 Ch. 428

"ဟေ့ကောင်စုတ်လေး တစ်ခွန်းမှ မပြောဘဲ ဒီလောက်ကြာအောင် ပျောက်နေတယ်ပေါ့ ငါတို့ လျန်တိုင်းပြည်ကို အခုလေးတင် သိမ်းပိုက်လိုက်တာ၊ လုပ်စရာတွေက တောင်လိုပုံနေပြီ မင်းကို နေရာတိုင်းမှာ လိုနေတာ"

ကျန်းပေရန် ခန်းမထဲ ဝင်လိုက်တာနဲ့ ယင်ကျန်းဟုန်က သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာပြီး မကျေမနပ် ညည်းညူသံတွေကို တရစပ် ပြောဆိုတော့လေသည်။

ယင်ကျန်းဟုန်ဘက် လက်သီးဆုပ် အရိုအသေပြုပြီး ကျန်းပေရန် ပြောလိုက်လေသည်။

"ဂိုဏ်းချုပ်ယင် တော်တော် ပင်ပန်းနေရှာမှာပဲ"

"အရမ်း ပင်ပန်းတာပေါ့ မင်း..."

ယင်ကျန်းဟုန် စကားပြောနေတုန်း ကျန်းပေရန် နောက်က ရှဲ့လင်းတန်းကို ရုတ်တရက် လှမ်းကြည့်လိုက်လေသည်။

အစတုန်းက နန်းတော်အစေခံမလေး တစ်ယောက်လို့ သူ ထင်လိုက်ပေမယ့် သေချာကြည့်လိုက်တော့ နန်းတော်ထဲမှာ ဘယ်သူမှ ဒီလောက် ရုပ်ရည်ရိုးရှင်းတာမျိုး မရှိဘူးဆိုတာ သတိထားမိလိုက်လေသည်။

သိချင်စိတ် ပြင်းပြလာပြီး သူ မေးလိုက်လေသည်။

"ဒီမိန်းကလေးက ဘယ်သူလဲ"

"ရှဲ့လင်းတန်း ပါ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အစေခံမလေးပါ"

ပြောပြီးနောက် ကျန်းပေရန်က ရှဲ့လင်းတန်းကို မိတ်ဆက်ပေးလိုက်လေသည်။

"ဒါက ဂိုဏ်းချုပ်ယင် ပါ ငါတို့ ရှန့်တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး တစ်ခုပေါ့ မြန်မြန် နှုတ်ဆက်လိုက်"

ဒါကို ကြားတော့ ရှဲ့လင်းတန်း အမြန် ဦးညွှတ်ပြီး ယင်ကျန်းဟုန်ကို ပြောလိုက်လေသည်။

"အစေခံမလေး ဂိုဏ်းချုပ်ယင်ကို နှုတ်ဆက်ပါတယ်"

"မင်းရဲ့ ကိုယ်ပိုင်... အစေခံမလေး ဟုတ်လား"

ခဏတာ ယင်ကျန်းဟုန် မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်မှုတွေ ပြည့်နှက်သွားလေသည်။

ရှဲ့လင်းတန်းကို ပတ်လျှောက်ပြီး အကဲခတ်ကြည့်လိုက်ကာ ယင်ကျန်းဟုန်က ကျန်းပေရန်ကို ဘေးဆွဲခေါ်ပြီး တီးတိုး ပြောလိုက်လေသည်။

"မင်းကောင်စုတ်လေးက ငယ်တာ ကြီးတာ၊ နုတာ ရင့်တာ မိန်းမတွေ အကုန်လုံးကို ငြင်းပယ်ခဲ့တာ မဆန်းပါဘူး မင်းက ဒီလိုပုံစံမျိုး ကြိုက်တာကိုး"

ကျန်းပေရန်က ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စကို ရှင်းပြဖို့ စိတ်မဝင်စားတာကြောင့် စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်ပြီး မေးလိုက်လေသည်။

"လျန်ပြည်နယ် အခြေအနေ အခု ဘယ်လိုလဲ ရှန့်တိုင်းပြည် နယ်မြေထဲ အကုန် ပေါင်းထည့်ပြီးသွားပြီလား"

ကျန်းပေရန်က သူ့ရဲ့ "အရသာ" အကြောင်း မဆွေးနွေးချင်ဘူး ဆိုတာ မြင်တော့ ယင်ကျန်းဟုန် ပျင်းရိသွားပြီး မတ်မတ်ရပ်ကာ ပြောလိုက်လေသည်။

"ဘယ်လိုလုပ် အဲ့လောက် လွယ်မှာလဲ လျန်ပြည်နယ်က လူသူကင်းမဲ့တဲ့ တောကန္တာရလိုပဲ စီမံခန့်ခွဲမှုတွေက ရှုပ်ထွေးနေတယ် ခေါင်းဆောင်တွေကို ဖမ်းမိထားပေမယ့် တခြား ဂိုဏ်းတွေကို နာခံအောင် လုပ်ဖို့က အဲ့လောက် မလွယ်ကူဘူး"

"ဂိုဏ်းချုပ်ယင်ရဲ့ နည်းလမ်းတွေနဲ့ ဆိုရင် အဲ့ဒီ လူသေးလူမွှားလေးတွေက ဘာလှိုင်းထနိုင်မှာလဲ"

"တော်စမ်းပါ"

ယင်ကျန်းဟုန် လက်ဝှေ့ယမ်းလိုက်လေသည်။

"ရောက်တာနဲ့ မြှောက်ပင့်မနေနဲ့ဦး ငါ မကိုင်တွယ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိတယ် မင်း ပြန်ရောက်လာတာ အချိန်ကိုက်ပဲ ငါတို့ အစည်းအဝေး လုပ်ဖို့ ပြင်နေတာ မင်း နေခဲ့ပြီး ငါတို့နဲ့ ပူးပေါင်းလိုက်"

"မလိုဘူး ထင်ပါတယ် ကျွန်တော်လို ဂျူနီယာ တစ်ယောက်က ဂိုဏ်းချုပ်ယင် နဲ့ အစည်းအဝေး အတူတူ တက်ဖို့ ဘယ်လို အဆင့်အတန်း ရှိလို့လဲ"

"ဟေ့" ယင်ကျန်းဟုန် ကျန်းပေရန်ကို လက်ညှိုးထိုးလိုက်လေသည်။

"မင်း အဲ့လို ပြောမယ် ဆိုရင် ယောင်အာကို ထီးနန်း ပြန်ပေးခိုင်းလိုက်မယ် သူမက မင်းအစား ခဏပဲ အုပ်ချုပ်ပေးမယ်လို့ သဘောတူထားတာလေ မင်းက ထွက်ပြေးပြီး ပျောက်နေရုံမကဘူး ဘာမှ ဝင်မပါတော့ဘူး ဆိုတဲ့ သဘောလား"

[ရွေးချယ်မှု ၁ - အစည်းအဝေး တက်ရောက်ဖို့ ဆက်လက် ငြင်းဆန်ပါ။

ဆုလက်ဆောင် - ဝူလော် တားမြစ် လက်စွဲစာအုပ် (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၂ - ယင်ကျန်းဟုန်ရဲ့ တောင်းဆိုမှုကို သဘောတူလိုက်ပါ။

ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

'ဘာလဲဟ'

ဒီအချိန်မှာ စနစ် ရွေးချယ်မှု ပေါ်လာလိမ့်မယ်လို့ ကျန်းပေရန် မမျှော်လင့်ထားခဲ့မိပေ။

ဒီ အစည်းအဝေး တက်ရောက်ဖို့က တကယ်ပဲ အဲ့လောက် အရေးကြီးလို့လား။

ဇဝေဇဝါ ဖြစ်နေတဲ့ ကြားကနေ ကျန်းပေရန် ဒုတိယ ရွေးချယ်မှုကို ရွေးလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ဂိုဏ်းချုပ်ယင်က အဲ့လို ပြောမှတော့ ခင်ဗျား စီစဉ်တဲ့ အတိုင်းပဲ လိုက်နာပါ့မယ်"

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - ဝိညာဉ်သိမ်းယူခြင်း +၁]

'ဟင်' ဒါကို ကြားတော့ ယင်ကျန်းဟုန် မှင်သက်သွားလေသည်။

'ဒီကောင်စုတ်လေး ဘယ်တုန်းက ဒီလောက် လိမ္မာသွားတာလဲ'

သူ စိတ်နှလုံးပြန်ဂိုဏ်း ရဲ့ တပည့်လေး တစ်ယောက် ဖြစ်တုန်းကတည်းက ဒီကောင်စုတ်လေးကို သူ နားမလည်နိုင်ခဲ့ဘူး။

နောက်ပိုင်းမှာ သူ ကတ်တွေ အကုန် ဖွင့်ပြပြီး သူ့မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံ ရှိတယ် ဆိုတာ ရှင်းလင်းအောင် ပြောပြပြီးတဲ့ နောက်မှာတောင် ယင်ကျန်းဟုန် သူ့ကို ပိုလို့တောင် မထိန်းချုပ်နိုင်သလို ခံစားခဲ့ရလေသည်။

သူက အခုလေးတင် သူ့ကို စနောက်နေတာ၊ တကယ် သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

'ဒီကောင်စုတ်လေးရဲ့ ခန့်မှန်းရခက်တဲ့ အပြုအမူတွေက ပိုဆိုးလာတယ်

သူ့ကို ငါ နားလည်လို့ မရတော့ဘူး'

နဖူးကို ပုတ်လိုက်ပြီး ယင်ကျန်းဟုန် ပြောလိုက်လေသည်။

"မင်း အမြဲတမ်း ဒီလောက် သဘောတူညီလွယ်ရင် ငါတို့ ရှန့်တိုင်းပြည် သေချာပေါက် ကြီးပွားတိုးတက်မှာပဲ လာ လာ ချီလင်ခန်းမဆောင် ဆီ ငါ ခေါ်သွားပြီး ခဏ ထိုင်ခိုင်းမယ် ရောက်သင့်တဲ့ သူတွေ အကုန်နီးပါး ရောက်နေကြပြီ"

အပန်းဖြေ ခန်းမဆောင် ဆီ လျှောက်သွားရင်း ကျန်းပေရန် မေးလိုက်လေသည်။

"ဂိုဏ်းချုပ်ယင်က ဒီနန်းတော်ကို ဆက်ထားဖို့ စီစဉ်ထားတာလား"

"နန်းတော် ဘာနန်းတော်လဲ ဒီနေရာကို ဂိုဏ်းအိမ်တော် လို့ ခေါ်တယ်"

ပြောပြီးနောက် ယင်ကျန်းဟုန် ကိုယ်တိုင် တဟားဟား ရယ်မောလိုက်လေသည်။

"ဟားဟား နာမည်လေး ပြောင်းပြီး ဆက်သုံးလို့ ရတာပဲ မဟုတ်လား ဖြိုချပြီး ပြန်ဆောက်ရင် လူအင်အားနဲ့ အရင်းအမြစ်တွေ အရမ်း ဖြုန်းတီးရာ ရောက်တယ် အဲ့ဒါကို မမြင်ချင်ဆုံး လူက မင်းပဲလေ"

"ဂိုဏ်းချုပ်ယင်သာ တကယ် ဒီလို တွေးနိုင်ရင် ရှန့်တိုင်းပြည်က ပြည်သူတွေ တကယ် ကံကောင်းတာပဲ"

စကားပြောရင်း သူတို့ သုံးယောက်သား ခမ်းနားထည်ဝါလှတဲ့ ချီလင်ခန်းမဆောင် ရှေ့ အမြန် ရောက်ရှိလာကြလေသည်။

တံခါး တွန်းဖွင့်လိုက်တာနဲ့ ယင်ကျန်းဟုန် အထဲ ဝင်လိုက်တဲ့ အခိုက်အတန့်မှာ အကြည့် အများအပြား သူ့ဆီ ရောက်လာကြလေသည်။

ယင်ကျန်းဟုန် ဖြစ်မှန်း မြင်လိုက်ရလို့ အကြည့်လွှဲဖို့ ပြင်လိုက်တုန်း သူ့နောက်က လူနှစ်ယောက် လိုက်ပါလာတာ သတိထားမိလိုက်ကြလေသည်။

ချက်ချင်းဆိုသလို လူတိုင်းရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားကြလေသည်။

တချို့က အံ့သြပြီး ဝမ်းသာသွားကြတယ်၊ တချို့က တည်ငြိမ်နေကြတယ်၊ ပြီးတော့ တချို့က... လုံးဝ မှင်သက်သွားကြလေသည်။

"အို ပေရန် ပြန်ရောက်လာပြီပဲ"

ထိုက်ယင်းကျုံး ပြုံးပြီး မတ်တတ်ရပ်ကာ ကျန်းပေရန်ကို နှုတ်ဆက်လိုက်လေသည်။

ထိုက်ယင်းကျုံးကို ဒီမှာ တွေ့လိုက်ရတော့ ကွမ်းရှီအန်း တံခါးပိတ် ကျင့်ကြံနေပြန်ပြီ ဆိုတာ ကျန်းပေရန် သိလိုက်လေသည်။

သူ့ကျင့်ကြံခြင်း အဆင့် ပိုမြင့်သွားပြီလား မသိဘူး။

"ဘယ်ဘက်ဝန်ကြီးထိုက် ကို နှုတ်ဆက်ပါတယ်"

ကျန်းပေရန် ထိုက်ယင်းကျုံး ဘက် လက်သီးဆုပ် အရိုအသေပြုလိုက်လေသည်။

ထိုက်ယင်းကျုံးကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန် တခြား အကြည့်ပိုင်ရှင်တွေကို လိုက်ကြည့်လိုက်လေသည်။

အံ့သြဝမ်းသာသွားတဲ့ သူကိုတော့ နှုတ်ဆက်ပြီးသွားပြီ။

တည်ငြိမ်နေတဲ့ သူကတော့ ဟော်ဟုန်ဖေး ပါ။

ကျန်းပေရန် သူ့ကို ဝိညာဉ်အာရုံနဲ့ စစ်ဆေးလိုက်ရာ သူ အနက်ရောင်ဘိုးဘေး နယ်ပယ်ကို တကယ် ဖောက်ထွက်သွားပြီ ဆိုတာ တွေ့ရှိလိုက်ရလေသည်။

'ဘုရားရေ...

သူက အိမ်မက်သမက် ပုံစံခွက်ပါတဲ့ ဇာတ်လိုက် တကယ် ဟုတ်တာလား ဒီ ကျင့်ကြံခြင်း အမြန်နှုန်းက အံ့သြစရာ ကောင်းလိုက်တာ'

ဟော်ဟုန်ဖေး ကို ပထမဆုံး တွေ့တုန်းက သူက အနက်ရောင်ဧကရာဇ် အထွတ်အထိပ် နယ်ပယ်မှာ ရှိနေမှန်း ကျန်းပေရန် သိထားပေမယ့် အဲ့ဒီကနေ အနက်ရောင်ဘိုးဘေး နယ်ပယ်ကို ဖောက်ထွက်ဖို့ ဆိုတာ လုံးဝ မလွယ်ကူတဲ့ ကိစ္စ ဖြစ်လေသည်။

လအနည်းငယ်ပဲ ရှိသေးတယ်၊ သူ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီ။

ဆိုလိုတာက သူ အနက်ရောင်ဧကရာဇ် အထွတ်အထိပ် နယ်ပယ်မှာ ရှိနေတုန်းက သူ့ကျင့်ကြံခြင်းကို ဖိနှိပ်ထားတာ ဖြစ်နိုင်လေသည်။

ဟော်ဟုန်ဖေး က အခုမှ အသက် ၃၀ ကျော်ပဲ ရှိသေးတာ။

ဒီအရွယ်နဲ့ အနက်ရောင်ဘိုးဘေး နယ်ပယ်ကို တက်လှမ်းနိုင်တာက ရှန့်တိုင်းပြည် မှာ ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ပါရမီရှင်လို့ ခေါ်ဆိုထိုက်လေသည်။

တစ်ချိန်တည်းမှာပဲ သူ ဒီအစည်းအဝေး ခန်းမထဲ ထိုင်နေတယ် ဆိုတာက သူ့အင်အားကို ဖုံးကွယ်ထားဖို့ အစီအစဉ် မရှိတော့ဘူး ဆိုတဲ့ သဘော ဖြစ်နိုင်လေသည်။

ဒါပေမဲ့ အဓိပ္ပာယ် ရှိပါတယ်။

လျန်တိုင်းပြည် ပျက်စီးသွားပြီလေ၊ သူ ဘာကို ဖုံးကွယ်ထားစရာ လိုတော့မှာလဲ။

"ဟေ့ နေပါဦး ဒါဆို အခု ငါ့မှာ အနက်ရောင်ဘိုးဘေး အဆင့် လက်အောက်ငယ်သား တစ်ယောက် ရှိနေပြီ ဆိုတဲ့ သဘောလား ဒီအံ့သြစရာက ဒီလောက် ရုတ်တရက် ရောက်လာတာလား"

ဟော်ဟုန်ဖေး မှာလည်း ဇာတ်လိုက် ပုံစံခွက် ရှိပေမယ့် ပြီးခဲ့တဲ့ တစ်ခေါက် သူ ဒူးထောက်ပြီး လျန်တိုင်းပြည်ကို ဖျက်ဆီးပေးဖို့ ကျန်းပေရန်ကို တောင်းပန်တုန်းက စနစ်က ဘာရွေးချယ်မှုမှ မပြသခဲ့ပေ။

ဆိုလိုတာက ဟော်ဟုန်ဖေး ဟာ အခု သူ ထိန်းချုပ်နိုင်တဲ့ စစ်တုရင်ရုပ်တွေထဲက တစ်ခု ဖြစ်နေပြီ။

ပြီးတော့ သူက ချက်ချင်းဆိုသလို သူ့ရဲ့ အသန်မာဆုံး ရုပ် ဖြစ်လာခဲ့လေသည်။

'ကောင်းတယ် တကယ့်ကို ကောင်းတယ်'

ဟော်ဟုန်ဖေး ကို ခေါင်းညိတ်ပြပြီးနောက် ကျန်းပေရန် လုံးဝ မှင်သက်နေတဲ့ အကြည့်ဘက် လှည့်လိုက်လေသည်။

'ဘုရားရေ ဒီမိုက်မဲတဲ့ ကောင်မလေးလည်း ဒီမှာ ရှိနေတာလား'

မှင်သက်နေတဲ့ အကြည့် ပိုင်ရှင်ကတော့ မုန့်စီပေ့ ပါ။

ကျန်းပေရန်ရဲ့ မျက်နှာကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ သူမ လုံးဝ ကြောင်အသွားလေသည်။

'ပညာရှင်ကြီး'

မှားစရာ အကြောင်း မရှိဘူး။

ဂူထဲမှာ အဲ့ဒီ ပညာရှင်ကြီး ကယ်တင်တာ ခံရပြီးကတည်းက မုန့်စီပေ့က သူမရဲ့ အသက်သခင် ကျေးဇူးရှင် အကြောင်း အမြဲ တွေးနေခဲ့တာ။

ဒီ ပညာရှင်ကြီး နဲ့ ပြန်တွေ့ရမယ့် မြင်ကွင်းကို သူမ မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးလေသည်။

ဒါပေမဲ့ ဒီအခိုက်အတန့် တကယ် ရောက်လာတော့ သူမ လုံးဝ တွေဝေနေတုန်းပင်။

ဘာပဲဖြစ်ဖြစ် ဒါက အရမ်း ရုတ်တရက် ဆန်လွန်းတယ်လေ။

'မဟုတ်ဘူး... သူတို့ ရုပ်ချင်း ဆင်တာများလား'

အဲ့ဒီလူက သူမကို တစ်ချက်ပဲ ကြည့်ပြီး ချက်ချင်း မျက်နှာလွှဲသွားကာ မှတ်မိတဲ့ အရိပ်အယောင် လုံးဝ မပြတာ မြင်တော့ ဒီလူက အဲ့ဒီ ပညာရှင်ကြီးနဲ့ ရုပ်ချင်း ဆင်တူရုံပဲလား ဆိုပြီး မုန့်စီပေ့ ချက်ချင်း တွေးမိလိုက်လေသည်။

'ဒါပေမဲ့ တူလွန်းနေတယ်...'

မုန့်စီပေ့ သူ့ကို မှတ်မိတယ် ဆိုတာ ကျန်းပေရန် သေချာပေါက် သိလေသည်။

ဘာပဲဖြစ်ဖြစ် ဂူထဲမှာ သူမကို ကယ်တုန်းက သူ မျက်နှာကို ဘယ်လိုမှ မဖုံးကွယ်ထားခဲ့ဘူးလေ။

ဒါပေမဲ့ သူ့ကို အပြစ်တင်လို့ မရဘူး။

အဲ့ဒီနေ့က မုန့်စီပေ့ က ကောင်းကင်ပေါ်ကနေ ရုတ်တရက် ပြုတ်ကျလာတာ၊ ပြီးတော့ စနစ်က ဘာရွေးချယ်မှုမှ မပေးတာကြောင့် သူ သိပ်ဂရုမစိုက်ခဲ့တာပါ။

မုန့်စီပေ့ ကို မျက်လုံးထောင့်ကနေ ထပ်ခိုးကြည့်လိုက်ပြီး သူမရဲ့ ရှုပ်ထွေးနေတဲ့ မျက်နှာထားကို မြင်တော့ သူက ဂူထဲမှာ ကယ်တင်ခဲ့တဲ့ ပညာရှင်ကြီးနဲ့ ရုပ်ချင်း တူရုံပဲလို့ သူမ တွေးနေလောက်ပြီလို့ ကျန်းပေရန် ယူဆလိုက်လေသည်။

ကျန်းပေရန် ဒီအချက်အလက်တွေကို စီမံခန့်ခွဲနေတုန်း ယင်ကျန်းဟုန် က အခန်းထဲကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"ဟွန့် ဂိုဏ်းချုပ်ကျိ မရောက်သေးဘူးလား သူက မာနကြီးလိုက်တာ ဒီ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် ကိုယ်တိုင် လက်ကမ်း ကြိုဆိုမှ သူက ပေါ်လာမှာလား"

ယင်ကျန်းဟုန်ရဲ့ စကားသံ ဆုံးတာနဲ့ တံခါးက "ဘုန်း" ဆိုပြီး ပွင့်သွားလေသည်။

"ဆရာ အို ဆရာ၊ ငါတို့က တကယ့် ရေစက်ဆိုး ပြိုင်ဘက်တွေပဲ ခင်ဗျား ငါ့အကြောင်း မကောင်းပြောခါစ ရှိသေးတယ် ငါက ကြားလိုက်ရတယ် ဒါက နေရခက်တယ်လို့ ခင်ဗျား မထင်ဘူးလား"

ကျိချင်းလင် ကို တစ်ချက်ကြည့်လိုက်ပြီး ယင်ကျန်းဟုန် တခစ်ခစ် ရယ်မောလိုက်လေသည်။

"နေရခက်တယ် ဟုတ်လား ဒီ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် က မင်းအကြောင်း ပြောတာ မှားလို့လား"

"ခင်ဗျား တကယ် အိုမင်းမစွမ်း ဖြစ်နေပြီ ငါ နောက်ကျနေတာက ခင်ဗျား ခိုင်းတဲ့ ကိစ္စ သွားလုပ်နေရလို့ မဟုတ်ဘူးလား လူကြီးရဲ့"

ပြောပြီးနောက် ကျိချင်းလင် က သိုလှောင်လက်စွပ် တစ်ကွင်း ယင်ကျန်းဟုန် ဆီ ပစ်ပေးလိုက်လေသည်။

"ခင်ဗျား လိုချင်တဲ့ဟာ ဟုတ် မဟုတ် ကြည့်လိုက်"

ယင်ကျန်းဟုန် က ဖမ်းယူလိုက်ပြီး သိုလှောင်လက်စွပ်ကို ဝိညာဉ်အာရုံနဲ့ စစ်ဆေးပြီးနောက် ပြုံးလိုက်လေသည်။

"ဟွန့် မင်းက အရင်လိုပဲ ထိရောက်မှု ရှိသားပဲ"

"ဟေ့ စကားလမ်းကြောင်း မလွှဲနဲ့ အခု ပြောစမ်း ခင်ဗျား ရှက်လား မရှက်ဘူးလား"

"ဘာဖြစ်လဲ မင်းဆရာက ဒီမှာ မင်းကို တောင်းပန်ရမှာလား"

"ကောင်းပြီ ကောင်းပြီ ခင်ဗျားက ဆရာကတ် ကို ထုတ်သုံးမှတော့ မိုးကြိုးပစ် မခံချင်ပါဘူး"

ပြောပြီးနောက် ကျိချင်းလင် က ကျန်းပေရန် ဘက် ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။

"မင်း ဘာလို့ ဒီရောက်နေတာလဲ ဆရာအိုကြီး ခေါ်လာတာလား"

"ဟုတ်တယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ကျိချင်းလင် ဘက် လက်သီးဆုပ် အရိုအသေပြုလိုက်လေသည်။

"ဂါရဝပြုပါတယ် ဂိုဏ်းချုပ်ကျိ"

"အပြန်အလှန်ပါပဲ အပြန်အလှန်ပါပဲ"

ကျိချင်းလင် က အခန်းထဲ ဝေ့ကြည့်ရင်း ပြောလိုက်လေသည်။

"အိုး တစ်ယောက်ယောက်က ငါ့ထက်တောင် မာနကြီးနေပုံ ရတယ် အဲ့ဒီ ဂိုဏ်းချုပ်ယန် ဘယ်မှာလဲ"

ယင်ကျန်းဟုန် တိုက်ရိုက် ပြန်ဖြေလိုက်လေသည်။

"ဂိုဏ်းချုပ်ယန် က ထာဝရပျော်ရွှင်ခြင်း ခန်းမဆောင် မှာ စောင့်နေပြီးသား ငါတို့ အဲ့ဒီကို သွားလိုက်ရုံပဲ"

ကျိချင်းလင် ရယ်မောလိုက်လေသည်။

"ဟား အဲ့ဒီ သရဲအိုကြီးက မျောက်လို ကောက်ကျစ်တယ် ဘယ်ဘက်မှ မရွေးချယ်ချင်သေးဘူး ပေါ့လေ"

ဒီ ဂိုဏ်းချုပ်ယန် ဆိုတာ စူးရှို့ယွီ ရဲ့ ဆရာမှန်း ကျန်းပေရန် သဘာဝကျကျ နားလည်လိုက်လေသည်။

အရင်တုန်းက ကျန်းပေရန်ရဲ့ "အကြံပြုချက်" အရ သူက လျန်တိုင်းပြည် ရဲ့ တစ်ဦးတည်း ကျန်ရစ်တဲ့ အနက်ရောင်ဘိုးဘေး ဖြစ်လာပြီး ယင်ကျန်းဟုန် တို့ လျန်တိုင်းပြည် ကို ပိုကောင်းမွန်စွာ သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့လေသည်။

နောက်တစ်ကြိမ် လူစစ်ဆေးပြီးနောက် ယင်ကျန်းဟုန် ပြောလိုက်လေသည်။

"အားလုံး ရောက်ပြီ ဆိုတော့ ထာဝရပျော်ရွှင်ခြင်း ခန်းမဆောင် ဆီ ပြောင်းကြရအောင် စကားမြန်မြန် ပြောပြီးရင် မြန်မြန် လူစုခွဲလို့ ရတာပေါ့"

လူတိုင်း ခေါင်းညိတ်ပြီး မတ်တတ်ရပ်ကာ ယင်ကျန်းဟုန် နောက် လိုက်ပါသွားကြလေသည်။

ထာဝရပျော်ရွှင်ခြင်း ခန်းမဆောင် ရောက်တဲ့အခါ ယင်ကျန်းဟုန် က အစည်းအဝေး ခန်းမ တံခါး တွန်းဖွင့်လိုက်တော့ အထဲမှာ ထိုင်နေပြီးသား အဖိုးအို တစ်ယောက်ကို ကျန်းပေရန် တွေ့လိုက်ရလေသည်။

မှန်းစရာ မလိုဘဲ ဒါက ယန်စစ်ယွမ် မှန်း သူ သိလိုက်လေသည်။

ရှဲ့လင်းတန်း ကို တံခါးဝမှာ စောင့်ခိုင်းပြီးနောက် ကျန်းပေရန် ယင်ကျန်းဟုန် နဲ့ တခြားသူတွေ နောက် လိုက်ပြီး အစည်းအဝေး ခန်းမ ထဲ ဝင်သွားလိုက်လေသည်။

သစ်သီးပန်းကန်တွေနဲ့ ဝိုင်တွေ တင်ထားတဲ့ စားပွဲရှည်ကြီးမှာ ဝင်ထိုင်လိုက်ပြီး ယင်ကျန်းဟုန် က အရင် စကားစပြောလိုက်လေသည်။

"လျန်ပြည်နယ် က စီရင်စုတွေနဲ့ ခရိုင် အများစုက အခု လက်အောက်ခံ ဖြစ်သွားကြပြီ၊ ဂိုဏ်းအနည်းငယ်လောက်ပဲ တိုင်းပြည်နဲ့ ပြည်သူကို ထိခိုက်စေတဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတုန်းပဲ ဒါပေမဲ့ သူတို့ကို တစ်ယောက်မှ မကျန်အောင် လုံးဝ ရှင်းပစ်လိုက်တာက နည်းနည်း နှမြောစရာ ကောင်းတယ် ဒီပြဿနာကို ဖြေရှင်းဖို့ ခင်ဗျားတို့ ဘယ်လို ထင်ကြလဲ"

မေးခွန်းကို ကြားပြီးနောက် ထိုက်ယင်းကျုံး အရင် ဝင်ပြောလိုက်လေသည်။

"သူတို့ကို ဖြောင့်မတ်မှုနဲ့ အောင်နိုင်အောင် ကြိုးစားသင့်တယ် သတ်ဖြတ်တာ များလွန်းရင် ရန်ငြိုးတွေ ပိုများလာစေပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် မကောင်းဘူး"

မုန့်စီပေ့ သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မလည်း လေးလေးနက်နက် သဘောတူပါတယ် ကျွန်မတို့ လိုအပ်တာက လျန်ပြည်နယ် ရဲ့ ပါရမီရှင်တွေပါ အခွံလွတ်ကြီး မဟုတ်ပါဘူး"

"ဟား" ဒီအချိန်မှာ ကျိချင်းလင် ရုတ်တရက် ရယ်မောလိုက်လေသည်။

"ခင်ဗျားတို့ နှစ်ယောက် လျန်တိုင်းပြည် က လူတွေကို မတွေ့ဖူးဘူးလား သူတို့သာ အဲ့လောက် လွယ်လွယ် ပညာပေးလို့ ရရင် ငါတို့ ဒီမှာ ထိုင်ပြီး အထူး အစည်းအဝေး ကျင်းပစရာ လိုပါ့မလား ခင်ဗျားတို့က အဓိပ္ပာယ် မရှိတာတွေ ပြောနေကြတာပဲ"

ထိုက်ယင်းကျုံး က ဒေါသထွက်မယ့်အစား ရယ်မောလိုက်လေသည်။

"ဂိုဏ်းချုပ်ကျိ အဲ့လို ပြောမှတော့ ဖြေရှင်းနည်း စဉ်းစားပြီးသား ဖြစ်မယ်"

"မစဉ်းစားရသေးဘူး" ကျိချင်းလင် ပြတ်ပြတ်သားသား ပြန်ဖြေလိုက်လေသည်။

"ငါက ခင်ဗျားတို့ကို အဓိပ္ပာယ် မရှိတာတွေ မပြောဖို့ သတိပေးရုံပါ ငါ့မှာ ဖြေရှင်းနည်း ရှိတယ်လို့ မဆိုလိုပါဘူး"

ထိုက်ယင်းကျုံး လည်း ရယ်မောလိုက်လေသည်။

"ဂိုဏ်းချုပ်ကျိ က အကြံဥာဏ်လည်း မပေးနိုင်၊ အဓိပ္ပာယ် မရှိတာတွေလည်း မပြောရဘူး ဆိုရင် ဘာလို့ ဒီမှာ ထိုင်နေသေးတာလဲ"

"ပွဲကြည့်ဖို့လေ ဘာလုပ်ရမလဲ ခင်ဗျားက လူကောင်ကြီး ဖြစ်နေပြီး လူတွေကို ဖြောင့်မတ်မှုနဲ့ အောင်နိုင်အောင် လုပ်မယ်လို့ ပြောနေတုန်းပဲ အဲ့ဒါက ပြောတာ လွယ်သလောက် လုပ်ရခက်တယ်"

သူတို့နှစ်ယောက် ငြင်းခုံတာ ပိုပြင်းထန်လာတော့ ယင်ကျန်းဟုန် ယန်စစ်ယွမ် ကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂိုဏ်းချုပ်ယန် မှာ ဘယ်လို နက်ရှိုင်းတဲ့ အမြင်တွေ ရှိလဲ မသိဘူး"

ယန်စစ်ယွမ် သူ့မျက်နှာသူ လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။

"ကျွန်တော်လား ကျွန်တော့်မှာ ဘာ နက်ရှိုင်းတဲ့ အမြင်မှ မရှိဘူး ကျွန်တော် ပြောနိုင်တာကတော့ လျန်ပြည်နယ် က ဘယ်တုန်းကမှ စည်းလုံးမှု မရှိခဲ့ဘူး သူတို့ အားလုံးကို စစ်မှန်စွာ လက်အောက်ခံ ဖြစ်လာအောင် လုပ်ဖို့ ဆိုတာ စိတ်ကူးယဉ် သက်သက်ပဲ"

ဒီအချိန်မှာ ဟော်ဟုန်ဖေး ဝင်ပြောလိုက်လေသည်။

"လျန်ပြည်နယ် ရဲ့ ပရမ်းပတာ ဖြစ်မှုက သာမန် ပြည်သူတွေကနေ စတင်တယ် လွန်ခဲ့တဲ့ အချိန်အကြာကြီး ကတည်းက လျန်ပြည်နယ် က လူတွေက အုပ်စိုးသူ မရှိ၊ ဖခင် မရှိဘဲ နေထိုင်ခဲ့ကြတယ် သူတို့ မျက်လုံးထဲမှာ စည်းကမ်း ဆိုတာ မရှိဘူး၊ ရှင်သန်ရပ်တည်ရေးပဲ ရှိတယ် သူတို့ကို နာခံစေချင်ရင် စည်းကမ်းတွေကို အရင် ချမှတ်ရမယ် ဒီကိစ္စက သာမန် ပြည်သူတွေကနေ စရမယ်လို့ ကျွန်တော် ထင်တယ်"

"အဲ့ဒီ ရွှံ့ခြေထောက်တွေ အတွက် စည်းကမ်း ချမှတ်မယ် ဟုတ်လား"

ကျိချင်းလင် မျက်မှောင်ကြုတ်လိုက်လေသည်။

"သူတို့ကို ထိန်းချုပ်တာ ဘာအသုံးဝင်လို့လဲ"

"ပြည်သူတွေက တိုင်းပြည် တစ်ခုရဲ့ အခြေခံ အုတ်မြစ်ပါ သူတို့ကို ကောင်းကောင်း စီမံခန့်ခွဲတာက လျန်ပြည်နယ် ရဲ့ အနာဂတ်ကို စီမံခန့်ခွဲတာပါပဲ အဲ့ဒီ ဂိုဏ်းတွေရဲ့ လက်ကျန် အပိုင်းအစတွေ အတွက် ကတော့ ထားနိုင်ရင် ထား၊ မထားနိုင်ရင် ရှင်းပစ်လိုက်ပါ မဟုတ်ရင် သူတို့ကို ဆက်ထားတာက မတည်ငြိမ်မှု အရင်းအမြစ်ပဲ ဖြစ်လာလိမ့်မယ်"

ဒါကို ကြားပြီးနောက် ကျိချင်းလင် စားပွဲကို ရိုက်ပြီး အော်ဟစ်လိုက်လေသည်။

"ကြည့် ကြည့် ဒါကမှ ဦးနှောက် သုံးတဲ့သူလို့ ခေါ်တာ လျန်ပြည်နယ် က ဒီ လက်ကျန် အပိုင်းအစတွေက အသုံးမကျဘူးလို့ ငါ ပြောတာ ကြာပြီ သူတို့ကို ဆက်ထားတာက ဒုက္ခပဲ ရောက်စေလိမ့်မယ်"

ကျိချင်းလင် မပြောရင်တောင် တခြားသူတွေက လေးလေးနက်နက် သဘောတူကြလေသည်။

လျန်တိုင်းပြည် က လူတွေက ရာပေါင်းများစွာသော နှစ်တွေ အထိ ကြမ်းတမ်းပြီး ထိန်းချုပ်ရ ခက်ခဲခဲ့ကြလေသည်။

သူတို့ကို အာဏာပိုင်တွေ လက်အောက် ခိုလှုံလာအောင် လုပ်ဖို့ ဆိုတာ တကယ် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လေသည်။

ဒါကြောင့် လျန်တိုင်းပြည် ရဲ့ ဒီမျိုးဆက် ကျင့်ကြံသူတွေ လိမ္မာစွာ နားထောင်ဖို့ မျှော်လင့်နေမယ့် အစား လက်ရှိ လူထုကို ဦးနှောက်ဆေးပြီး လျန်ပြည်နယ် ကို အလားအလာ ကောင်းတဲ့ အနာဂတ် တစ်ခု ပေးလိုက်တာက ပိုကောင်းပေလိမ့်မည်။

ယင်ကျန်းဟုန် လည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

"ဒါပေမဲ့ ပြည်သူတွေကို ပညာပေးဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး ညီအစ်ကိုဟော် ဒီအပေါ်မှာ အမြင် ရှိသလား"

ဟော်ဟုန်ဖေး ခဏ စဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် သူတို့ စားစရာ လုံလောက်အောင် အရင် လုပ်ပေးကြတာပေါ့"

ဒါကို ကြားတော့ ကျိချင်းလင် ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပြီး ကျန်းပေရန်ကို ကြည့်လိုက်လေသည်။

"သာမန် ပြည်သူတွေကို စီမံခန့်ခွဲတာက မင်းရဲ့ အထူးပြု နယ်ပယ်ပဲ အထွတ်အထိပ်ပြည်နယ် မှာ မင်း ပြုပြင်ပြောင်းလဲခဲ့တဲ့ စီရင်စုတွေကို ငါ ရောက်ဖူးတယ် အဲ့ဒီ နေရာတွေက တခြား စီရင်စုတွေနဲ့ ခရိုင်တွေထက် အများကြီး ပိုတိုးတက်လာခဲ့တာ အမှန်ပဲ ငါ့ဆရာက မင်းကို ထီးနန်း ဆက်ခံစေချင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး"

"ဂိုဏ်းချုပ်ကျိ မြှောက်ပင့်လွန်းပါပြီ အဲ့ဒီ နေရာတွေကို ပြောင်းလဲခဲ့တာ ကျွန်တော် မဟုတ်ပါဘူး ဂိုဏ်းချုပ်ယင်ရဲ့ သမီးပါ"

"အဲ့ဒီ မုယောင် လား"ကျိချင်းလင် လက်ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်လေသည်။

"သူမ အကြောင်း မပြောနဲ့ အများဆုံးတော့ သူမက မင်းရဲ့ အစီအစဉ်တွေကို အကောင်အထည် ဖော်ပေးတဲ့သူပဲ ငါ မှားတယ်လို့ မပြောနဲ့ ငါ သူမနဲ့ အကြိမ်နည်းနည်း ဆက်ဆံဖူးတယ် သူမရဲ့ ဦးနှောက်က..."

"အဟမ်း"

ယင်ကျန်းဟုန် ရဲ့ လေးလံတဲ့ ချောင်းဟန့်သံ ကြားတော့ ကျိချင်းလင် လက်မြှောက်လိုက်လေသည်။

'ကောင်းပြီ ငါ ဆက်မပြောတော့ပါဘူး' အဲ့ဒီနောက် သူ ကျန်းပေရန်ကို ပြန်ကြည့်ပြီး ပြောလိုက်လေသည်။

"မင်း ကိုယ်တိုင် မြင်တဲ့ အတိုင်းပဲ လျန်ပြည်နယ် အတွက် ပါဝင်ကူညီနိုင်တဲ့ သူတိုင်းက ပါဝင်ကူညီနေကြတယ် မင်း ပျင်းနေဖို့ မစဉ်းစားနဲ့ မင်းရဲ့ ဧကရာဇ် ရာထူး ပြန်ယူပြီး လျန်ပြည်နယ် က ပြည်သူတွေကို ကောင်းကောင်း ပညာပေးလိုက်ပါ မင်းရဲ့ အောင်မြင်မှု့က အတိုင်းအဆမဲ့ ဖြစ်လာလိမ့်မယ်"

"ငါ ပြောတာကို ကန့်ကွက်မယ့်သူ ရှိလား"

ကျိချင်းလင် စကားဆုံးတာနဲ့ ဘယ်သူမှ မတုံ့ပြန်နိုင်ခင် ကျန်းပေရန် ရှေ့မှာ ရွေးချယ်မှု သုံးခု ပေါ်လာလေသည်။

[ရွေးချယ်မှု ၁ - တိတ်ဆိတ်စွာ နေပါ။

ဆုလက်ဆောင် - လေတိုးသံ အဆောင်လက်ဖွဲ့ ကျမ်းလိပ် (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၂ - ကျိချင်းလင် ရဲ့ အကြံဥာဏ်ကို ပယ်ချဖို့ ယင်ကျန်းဟုန် ကို အရိပ်အမြွက် ပြပါ။

ဆုလက်ဆောင် - ပူပြင်းသော နေမင်း ရတနာ လက်စွဲစာအုပ် (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်မှု ၃ - "သေချာပေါက် ရှိတာပေါ့ ဒီသခင်က ဆန္ဒမရှိဘူး"

ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

All Chapters