← Chapters

ကျေးဇူးရှင်

Vol. 36 Ch. 433

ကျေးဇူးရှင်

Vol. 36 Ch. 433

မျက်ရည်သုတ်နေတဲ့ မုန့်စီပေ့က ပညာရှင်ကြီး ထွက်လာတာ မြင်တာနဲ့ သူမကျောပြင်ကို အမြန် လှည့်လိုက်လေသည်။

သူမက ခေါင်းပြတ်နေတဲ့ ယင်ကောင်တစ်ကောင်လို ဒီနေရာ ကိုင်လိုက် ဟိုနေရာ ကိုင်လိုက်နဲ့ ပျာယာခတ်နေလေသည်။

ကျန်းပေရန်က သူမကို ဂရုမစိုက်ဘဲ ရှဲ့လင်းတန်းကို ကြည့်ပြီး လှမ်းခေါ်လိုက်လေသည်။

"သွားကြစို့"

"ဟုတ်ကဲ့ သခင်"

ပြောပြီးနောက် ရှဲ့လင်းတန်းက မုန့်စီပေ့ကို အရင် လက်ပြနှုတ်ဆက်လိုက်ပြီး ကျန်းပေရန်နောက် လိုက်ပါသွားလေသည်။

ဒါကို မြင်တော့ မုန့်စီပေ့လည်း ရှဲ့လင်းတန်းကို ပြန်လက်ပြလိုက်ပြီး ပညာရှင်ကြီးကို သတိထားပြီး ခိုးကြည့်လိုက်လေသည်။

ပညာရှင်ကြီးက သူမကို လုံးဝ လျစ်လျူရှုပြီး ခန်းမထဲက ထွက်သွားတာ မြင်တော့ မုန့်စီပေ့ ခဏ စဉ်းစားလိုက်ပြီး သူ့နောက်ကို ဂရုတစိုက် လိုက်ပါသွားလေသည်။

စောစောက ရှဲ့လင်းတန်းနဲ့ စကားပြောခန်း အရဆိုရင် ဒီပညာရှင်ကြီးက လောကကြီးအပေါ် ကြီးမားတဲ့ ချစ်ခြင်းမေတ္တာ ထားရှိတဲ့သူ ဖြစ်တယ်ဆိုတာ မုန့်စီပေ့နောက်တစ်ကြိမ် အတည်ပြု လိုက်နိုင်လေသည်။

သူ့ခံစားချက်တွေကို သိပ်ထုတ်မပြပေမယ့် အန္တရာယ် ကြုံနေရသူတွေ ဒုက္ခရောက်နေသူတွေကို တွေ့ရင် တွန့်ဆုတ်ခြင်း မရှိဘဲ ကူညီပေးတတ်သူ ဖြစ်လေသည်။

ဒါ့အပြင် သူက သူ့စေတနာအတွက် ပြန်ပေးဆပ်မှုကို မမျှော်လင့်ရုံသာမက ဒါကို ကျေးဇူးတစ်ခုလို့တောင် သတ်မှတ်ပုံ မရပေ။

တစ်ယောက်ယောက်ကို ကယ်တင်ပြီးတာနဲ့ သူက ဘာသဲလွန်စမှ မချန်ထားခဲ့ဘဲ တိတ်တဆိတ် ထွက်ခွာသွားတတ်လေသည်။

ပြီးတော့ ရှဲ့လင်းတန်းလို သနားစရာကောင်းပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ သူမျိုးနဲ့ တွေ့တဲ့အခါ ကောင်မလေးရဲ့ မိသားစုအတွက် နောက်ဆုံး ဂုဏ်သိက္ခာကို ပေးအပ်ခဲ့ရုံသာမက ကောင်မလေးကိုပါ ကာကွယ်ပေးဖို့ ခေါ်ဆောင်သွားခဲ့လေသည်။

ဘယ်လောက် မြင့်မြတ်တဲ့ စိတ်ထားမျိုးလဲ။

အရင်တုန်းက ဂူထဲမှာ ပညာရှင်ကြီးရဲ့ နက်ရှိုင်းတဲ့ စကားတွေကို ကြားပြီးကတည်းက သူက သူမ နားမလည်နိုင်တဲ့ အမြင့်တစ်ခုကို ရောက်နေမှန်း မုန့်စီပေ့ သိခဲ့လေသည်။

အခု သူ့ရဲ့ လုပ်ရပ်တွေက သူ့စကားတွေနဲ့ ကွက်တိ ကိုက်ညီနေတာ မြင်လိုက်ရတော့ သူမ သူ့ကို ပိုလို့တောင် လေးစားအားကျမိလေသည်။

'ပညာရှင်ကြီးဆိုတာ တကယ့်ကို ပညာရှင်ကြီးပါပဲ'

"မင်း ဘာလို့ ငါတို့နောက် လိုက်နေတာလဲ"

မုန့်စီပေ့ သူမရဲ့ စိတ်ခံစားမှုတွေထဲ နစ်မြောနေတုန်း ပညာရှင်ကြီးရဲ့ အသံက သူမ အတွေးတွေကို ဖြတ်တောက်လိုက်လေသည်။

ဒီတစ်ခါတော့ မုန့်စီပေ့ မထိတ်လန့်တော့ပေ။

အဲ့ဒီအစား သူမ ခိုင်ခိုင်မာမာ ရပ်လိုက်ပြီး ကျန်းပေရန်ဘက် လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်လေသည်။

"အရှင်သခင်ဆီကနေ လမ်းညွှန်မှု တောင်းခံချင်တဲ့ ကိစ္စတွေ ကျွန်မဆီမှာ အများကြီး ကျန်နေသေးတယ်"

"နောက်တစ်ခါမှပေါ့ ဒီနေ့ ငါ့မှာ လုပ်စရာတွေ ရှိတယ်"

"ဒါဆို ကျွန်မ အရှင်သခင်ဆီ စာရေးလို့ ရမလား"

"ရတယ်"

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ဟော်ဟုန်ဖေးနဲ့အတူ နန်းတော် အပြင်ဘက် ဆက်လက် လျှောက်လှမ်းသွားလိုက်လေသည်။

ရှဲ့လင်းတန်းက မုန့်စီပေ့ကို တိတ်တဆိတ် ထပ်လက်ပြလိုက်လေသည်။

ဒါကို မြင်တော့ မုန့်စီပေ့လည်း ပြုံးပြီး သူမကို ပြန်လက်ပြလိုက်လေသည်။

ပုံရိပ်သုံးခု လုံးဝ ပျောက်ကွယ်သွားမှသာ မုန့်စီပေ့ နေရာမှာတင် ပျော်ရွှင်စွာ လှည့်ပတ်လိုက်လေသည်။

'သူက စာရေးခွင့် ပြုလိုက်ပြီ'

ခဏလောက် ပျော်ရွှင်ပြီးနောက် မုန့်စီပေ့ ကိုယ့်ကိုယ်ကိုယ် အမြန် ပြန်တည်ငြိမ်အောင် လုပ်လိုက်ပြီး သတိပေးသလိုမျိုး ရေရွတ်လိုက်လေသည်။

'ငါက ပညာရှင်ကြီးဆီက လမ်းညွှန်မှု တောင်းခံရုံ သက်သက်ပဲ ဘာမှ မပိုဘူး

ဟုတ်တယ် ဘာမှ မပိုဘူး'

သူမ ပါးတွေကို နှစ်ချက် ပုတ်လိုက်ပြီး မျက်နှာဖုံးစွပ် စီနီယာရဲ့ ပုံရိပ် သူမ စိတ်ထဲ ပြန်ပေါ်လာလေသည်။

'တစ်နေ့ကျရင် အဲ့ဒီ စီနီယာနဲ့ ဒီနေ့လိုပဲ ရုတ်တရက် ဆုံတွေ့နိုင်မလား... အဲ့ဒီအချိန် ရောက်လာရင် ဒီနေ့လိုမျိုး မပျာယာခတ်မိဖို့ လိုတယ်'

တိတ်တဆိတ် ဆုံးဖြတ်ချက် ချပြီးနောက် မုန့်စီပေ့က ဂိုဏ်းချုပ်ယင်ဆီ အရင်သွားပြီး ပညာရှင်ကြီး အကြောင်း ပိုမို လေ့လာဖို့ ဆုံးဖြတ်လိုက်လေသည်၊ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က တော်တော် ရင်းနှီးပုံ ရလို့ပင်။

'ဟုတ်တယ် ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူကို သိရမယ်

ဒါမှ နောက်တစ်ခါ တွေ့ရင် ဘာပြောရမလဲ သိမှာပေါ့'

ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး မုန့်စီပေ့ တောင်ဘက်ဆီ လေကို ခွင်းပြီး ပျံသန်းသွားလိုက်လေသည်။

...

ထန်မိသားစုကို ဖြုတ်ချပြီးနောက် ဟော်ဟုန်ဖေးက သူ့မိသားစု တစ်ခုလုံးကို ထာဝရငြိမ်းချမ်းရေးမြို့တော်ဆီ ပြောင်းရွှေ့ခဲ့လေသည်။

လျန်ပြည်နယ်ရဲ့ မငြိမ်မသက်မှုတွေ မပြီးဆုံးသေးတာကြောင့်၊ ပြီးတော့ ထာဝရငြိမ်းချမ်းရေးမြို့တော်က လျန်တိုင်းပြည်ရဲ့ မြို့တော်ဟောင်း ဖြစ်ပြီး ရှန့်တိုင်းပြည်ရဲ့ ဂိုဏ်းအသီးသီးက ပညာရှင်တွေ အခု တပ်စွဲထားတာကြောင့် တခြားနေရာတွေထက် အများကြီး ပိုလုံခြုံလေသည်။

ခဏတာ မြင်းရထား စီးပြီးနောက် သူတို့ သုံးယောက်သား ဟော်အိမ်တော်ရှေ့ ရောက်ရှိလာကြလေသည်။

"ကျေးဇူးပြုပြီး ခဏ စောင့်ပါ သခင်"

မြင်းရထားပေါ်က ဆင်းပြီးနောက် ဟော်ဟုန်ဖေးက ကျန်းပေရန်ကို အရင် ဦးညွှတ်လိုက်ပြီး ပင်မ တံခါးမကြီးဆီ လျှောက်သွားကာ နှစ်ချက် ခေါက်လိုက်လေသည်။

"ကျွီ" ဆိုတဲ့ အသံနဲ့အတူ တံခါးကို အိမ်ဖော် အမျိုးသား တစ်ယောက်က ဆွဲဖွင့်လိုက်လေသည်။

ဝင်ပေါက်မှာ ရပ်နေတဲ့ ဟော်ဟုန်ဖေးကို မြင်လိုက်ရတာနဲ့ အိမ်ဖော်က ချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်လေသည်။

"သခင် ပြန်ရောက်ပြီ"

"ငါတို့ဆီ ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက် ပါလာတယ် မီးဖိုချောင်ကို အကောင်းဆုံး အစားအစာနဲ့ ဝိုင်တွေ ပြင်ဆင်ဖို့ မြန်မြန် သွားပြောချေ"

"ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားလိုက်မယ်"

အိမ်ဖော် စကားဆုံးတာနဲ့ ဝင်လာတဲ့ ကျန်းပေရန်ကို မြင်လိုက်ရလေသည်။

ဒါက သူ့သခင် ပြောတဲ့ ဂုဏ်သရေရှိ ဧည့်သည် ဖြစ်မှန်း သိလိုက်တာနဲ့ သူ ချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်လေသည်။

"ကြိုဆိုပါတယ် ဂုဏ်သရေရှိ ဧည့်သည်တော်"

ပြောပြီးနောက် သူ မီးဖိုချောင်ဘက်ကို ပျံသန်းသွားသလို ပြေးထွက်သွားလေသည်။

"အစ်ကိုကြီး ပြန်ရောက်ပြီ ဒီနေ့..."

ဟော်ကျစ်ရှန်က ပင်မ ခန်းမဆောင်ထဲကနေ သူ့အစ်ကိုကြီး အသံကို ကြားလိုက်ရလေသည်။

ဒီနေ့ အစည်းအဝေး ဘယ်လို နေလဲ မေးဖို့ အပြင်ထွက်လာတုန်း သူ့ဆီ လျှောက်လာတဲ့ ဧကရာဇ်ကို တွေ့လိုက်ရလေသည်။

"အရှင်... အရှင်... အရှင်မင်းကြီး"

ဒီနေ့ ဧကရာဇ် လာလည်မယ် ဆိုတာ လုံးဝ မသိထားတဲ့ ဟော်ကျစ်ရှန် ကြောက်လွန်းလို့ စကားထစ်သွားလေသည်။

ဟော်ဟုန်ဖေးရဲ့ အကြည့်ကြောင့် သူ အမြန် ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး ခဏ စောင့်ပါ မိသားစုဝင်တွေ အကုန်လုံးကို သွားခေါ်လိုက်မယ်"

အဲ့ဒီနောက် ဟော်ကျစ်ရှန် ခန်းမဆောင်ထဲ ပြန်လှည့်ဝင်သွားလေသည်။

"တကယ့်ကို မဆင်မခြင်ပဲ"

ဟော်ဟုန်ဖေး ပြုံးပြီး ခေါင်းခါလိုက်ကာ ကျန်းပေရန်ကို ဖိတ်ခေါ်တဲ့ လက်ဟန် လုပ်ပြလိုက်လေသည်။

"ကြွပါ သခင်"

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ရှဲ့လင်းတန်းကို ခေါ်ကာ ပင်မ ခန်းမဆောင်ထဲ ဝင်သွားလိုက်လေသည်။

ခန်းမထဲမှာ သန့်ရှင်းရေး လုပ်နေတဲ့ အစေခံမလေး အနည်းငယ်က ဘာဖြစ်နေလဲ မသိကြပေမယ့် သူတို့ သခင်တွေက ဒီလောက် နှိမ့်ချနေတာ မြင်တော့ အားလုံး ကျန်းပေရန်ကို အလျင်စလို ဦးညွှတ်လိုက်ကြလေသည်။

"ကျေးဇူးပြုပြီး ထိပ်ဆုံးခုံမှာ ထိုင်ပါ သခင်" ဟော်ဟုန်ဖေး ရိုသေစွာ ပြောလိုက်လေသည်။

ကျန်းပေရန်က ယဉ်ကျေးမနေဘဲ ခန်းမထဲက သခင် ထိုင်ရမယ့်ခုံမှာ တိုက်ရိုက် ဝင်ထိုင်လိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ကျေးဇူးကြွေး ဆပ်ဖို့ ဆုံးဖြတ်ထားတဲ့ သူတစ်ယောက်အတွက် သူတို့ရဲ့ ရိုသေမှု အားလုံးကို လက်ခံလိုက်တာက သူတို့ကို ပျော်ရွှင်စေမယ့် အကောင်းဆုံး နည်းလမ်း ဖြစ်လေသည်။

"အကောင်းဆုံး လက်ဖက်ရည် တည်ခင်းလိုက်"

ဟော်ဟုန်ဖေးရဲ့ အော်သံ ကြားတော့ အစေခံမလေး တစ်ယောက် လက်ဖက်ရည်ဗန်းနဲ့ အမြန် ရောက်လာလေသည်။

အစေခံမလေး လက်ဖက်ရည် ပြင်ဆင်နေတုန်း ခန်းမဆောင်ဘက် ပြေးလာနေတဲ့ ခြေသံတွေကို ကျန်းပေရန် ကြားလိုက်ရလေသည်။

ဟော်မိသားစုဝင်တွေ ရောက်လာပြီလို့ သူ တွက်ဆလိုက်လေသည်။

တကယ်ပဲ နောက်တစ်ခဏမှာ ကျား မ ကြီး ငယ် လူအုပ်စုကြီး တစ်စု အရပ်မျက်နှာ အစုံကနေ စုဝေး ရောက်ရှိလာကြလေသည်။

သူတို့ရဲ့ ရိုသေတဲ့ မျက်နှာထားတွေနဲ့ ကိုယ်နေဟန်ထားတွေအရ ထန်မိသားစု ဘာလို့ ပျက်စီးသွားရလဲ ဆိုတာ သူတို့ အားလုံး ကောင်းကောင်း သိထားကြတယ်လို့ ကျန်းပေရန် ကောက်ချက်ချလိုက်လေသည်။

"သမားတော်"

လူတိုင်း ခန်းမထဲ သတိထားပြီး စုဝေးနေကြတုန်း အံ့သြတကြီး အသံတစ်သံ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။

အသံလာရာဘက်ကို ကြည့်လိုက်ပြီး ကျန်းပေရန် ဖျော့တော့စွာ ပြုံးလိုက်လေသည်။

'ဒီကောင်လေး မှတ်ဉာဏ် ကောင်းသားပဲ'

သူ့ကို "သမားတော်" လို့ ခေါ်မယ့် တစ်ဦးတည်းသောသူက သဘာဝကျကျ ချန်ရှောင်တုန်း ပါပဲ။

အော် မဟုတ်ဘူး အခု သူ့ကို ဟော်ဝမ်ခန်း လို့ ခေါ်ရတော့မှာ။

အရင်တုန်းက ဟော်ကျစ်ရှန် "သူ့သားကို ရှာတွေ့ဖို့" ကူညီပေးတုန်းက ရွာကို သွားလည်စဉ် သူနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသလို၊ ပြန်ခါနီးမှာ သူကိုယ်တိုင် ရေးသားထားတဲ့ အဆောင်လက်ဖွဲ့ လမ်းညွှန် စာအုပ် တစ်အုပ်တောင် ပေးခဲ့လေသည်။

ဒါပေမဲ့ အဲ့ဒါက လွန်ခဲ့တဲ့ ၂ နှစ်ကပါ၊ ပြီးတော့ သူတို့ ထိတွေ့ဆက်ဆံမှုက အရမ်း တိုတောင်းခဲ့တာ။

ဒီလို အခြေအနေမျိုးမှာ ဟော်ဝမ်ခန်းက သူ့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ် ဆိုတော့ သူ့မှတ်ဉာဏ်က တကယ် ကောင်းမွန်တာပါပဲ။

"ခန်းအာ ရိုင်းစိုင်းမနေနဲ့"

သူ့သား ရုတ်တရက် အော်လိုက်တာ ကြားတော့ ဟော်ဟုန်ဖေး ချက်ချင်း ဟိန်းဟောက်လိုက်လေသည်။

ဟော်ဝမ်ခန်းက သူ့အဖေကို တော်တော် ကြောက်ပုံ ရလေသည်။

သူ ချက်ချင်း ခေါင်းငုံ့လိုက်ပေမယ့် သူ့မျက်လုံးတွေက သခင်နေရာမှာ ထိုင်နေတဲ့ ကျန်းပေရန်ကို ခိုးခိုးကြည့်နေလေသည်။

'မှားစရာ အကြောင်း မရှိဘူး... အဲ့ဒါ အဲ့ဒီ သမားတော်ပဲ'

သမားတော်ကို သူ့အဖေ ဘယ်လောက် ရိုသေစွာ ဆက်ဆံနေလဲ ဆိုတာ ပြန်ကြည့်လိုက်ပြီး ဟော်ဝမ်ခန်း အရာအားလုံးကို ချက်ချင်း နားလည်သွားလေသည်။

'ဒါကြောင့်ကိုး'

အဲ့ဒီတုန်းက အဲ့ဒီ သမားတော်ရွာကို ရောက်လာပြီး ရက်အနည်းငယ် အကြာမှာ သူ့ဦးလေး ရောက်လာပြီး သူ့ဘိုးဘေးတွေကို အသိအမှတ်ပြုကာ မျိုးနွယ်စုထဲ ပြန်ခေါ်သွားခဲ့တာ။

လက်ရှိ အခြေအနေနဲ့ ဆက်စပ် ကြည့်လိုက်ရင် အဲ့ဒီနေ့က သမားတော် ရွာကို လာရတဲ့ ရည်ရွယ်ချက်က ရွာသားတွေကို ကုသပေးဖို့ လုံးဝ မဟုတ်ဘဲ သူ့ကို ရှာဖွေပြီး သူက ဟော်မိသားစုရဲ့ သွေးသား ဟုတ်မဟုတ် အတည်ပြုဖို့ပါပဲ။

ဟော်ဝမ်ခန်း သူ့ကို တည့်တည့် စိုက်ကြည့်နေတာ မြင်တော့ ကျန်းပေရန် အနည်းငယ် ပြုံးလိုက်ပြီး သူ့ဝတ်ရုံထဲက အဆောင်လက်ဖွဲ့ စာရွက် တစ်ရွက် ထုတ်လိုက်လေသည်။

ဒါကို မြင်တော့ ဟော်ဝမ်ခန်း အလွန် ဝမ်းသာသွားပြီး သူ့ဝတ်ရုံထဲက "ပင်လယ်တစ်ထောင် ပျောက်ဆုံး ကျမ်းစာ" ကို အမြန် ထုတ်လိုက်လေသည်။

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် သူ့ကို ပြန်သိမ်းဖို့ အမူအရာ ပြလိုက်လေသည်။

ဟော်ဝမ်ခန်းလည်း သမားတော်ရဲ့ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားလေသည်။

သူ "ပင်လယ်တစ်ထောင် ပျောက်ဆုံး ကျမ်းစာ" ကို ပြန်သိမ်းလိုက်ပြီး သူ့အဖေ ဘေးနား လျှောက်သွားလိုက်လေသည်။

မကြာခင်မှာပဲ ဟော်မိသားစုဝင်တွေ အားလုံး ပင်မ ခန်းမဆောင်ထဲ စုဝေး ရောက်ရှိလာကြလေသည်။

မဆံ့တဲ့ သူတွေက အပြင်ဘက် ဝင်းထဲမှာ ရပ်နေကြလေသည်။

လူစုံတာ မြင်တော့ ဟော်ဟုန်ဖေး ကျန်းပေရန်ဘက် လှည့်ပြီး ဦးညွှတ်ကာ ပြောလိုက်လေသည်။

"သခင် ကျွန်တော့် ဟော်မိသားစုဝင် ၇၆ ယောက်လုံး ဒီမှာ ရှိနေပါပြီ သူတို့ တစ်ယောက်ချင်းစီက သခင့်ရဲ့ ကျေးဇူးကို မြဲမြံစွာ မှတ်သားထားကြပြီး အားလုံးက သခင့်အတွက် ရေအိုး မီးအိုး ထမ်းဖို့ ဆန္ဒရှိကြပါတယ်"

ဟော်ဟုန်ဖေး စကားဆုံးတာနဲ့ ရှေ့ဆုံးမှာ ရှိနေတဲ့ ဟော်ကျစ်ရှန်က ဒူးထောက်ပြီး အရင်ဆုံး အော်ဟစ်လိုက်လေသည်။

"ကျေးဇူးရှင် ကျွန်တော်တို့ရဲ့ အရိုအသေကို လက်ခံပါ"

သူ့နောက်ကနေ ဟော်မိသားစုက လူတိုင်း အတူတူ ဒူးထောက်လိုက်ကြပြီး ကျန်းပေရန်ဘက် လှည့်ကာ အော်ဟစ်လိုက်ကြလေသည်။

"ကျေးဇူးရှင် ကျွန်တော်တို့ရဲ့ အရိုအသေကို လက်ခံပါ"

သူတို့ ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ပေမယ့် ဒီလူတွေဆီကနေ ပုံမှန် မဟုတ်တဲ့ စိတ်ဓာတ် တစ်ခုကို ကျန်းပေရန် ခံစားမိလိုက်လေသည်။

သူ သိပ်မဖော်ပြတတ်ပေမယ့် ပြောရမယ်ဆိုရင် ဒီမှာ ရှိတဲ့ လူတိုင်းမှာ သေရဲတဲ့ စစ်သည်တော်တွေရဲ့ အရှိန်အဝါ ရှိနေလေသည်။

ဟော်ကျစ်ရှန်ရဲ့ ပြီးခဲ့တဲ့ ပြောပြချက်အရ ကျန်ရစ်ခဲ့တဲ့ ဟော်မိသားစုဝင်တွေကို ဟော်ဟုန်ဖေးနဲ့ သူ့ဇနီးက သူတို့ရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို ရင်းပြီး ကာကွယ်ပေးခဲ့တယ် ဆိုတာ ကျန်းပေရန် သိထားပြီး ဖြစ်လေသည်။

သူတို့ လူသား ဆန်သေးသရွေ့၊ ပြီးတော့ အသိစိတ် ရှိသေးသရွေ့ ဟော်ဟုန်ဖေးရဲ့ ဦးဆောင်မှု နောက် လိုက်ကြမှာ သေချာလေသည်။

ဟော်ဟုန်ဖေးသာ အမိန့်ပေးလိုက်ရင် ဓားတောင်ကို တက်ရ တက်ရ မီးပင်လယ်ကို ဖြတ်ရ ဖြတ်ရ သူတို့ တွန့်ဆုတ်နေမှာ မဟုတ်လောက်ပေ။

သူတို့ကို ဝေ့ကြည့်ပြီးနောက် ကျန်းပေရန် ဟော်ဟုန်ဖေးကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဒီလောက်ကြီးကျယ်တဲ့ အခမ်းအနားမျိုး မလိုဘူး အားလုံးကို ထခိုင်းလိုက်ပါ"

"ဟုတ်ကဲ့"

ဟော်ဟုန်ဖေး ကျန်းပေရန်ဘက် လက်သီးဆုပ် အရိုအသေပြုလိုက်ပြီး သူ့မျိုးနွယ်စုဝင်တွေဘက် လှည့်ကာ ပြောလိုက်လေသည်။

"အားလုံး ထကြ"

ဟော်မျိုးနွယ်စုဝင်တွေ အားလုံး မတ်တတ်ရပ်ပြီးတာနဲ့ ကျန်းပေရန် ဟော်ဟုန်ဖေးကို ပြောလိုက်လေသည်။

"ကောင်းပြီ တွေ့လည်း တွေ့ပြီးပြီ ကျေးဇူးတင်စကားလည်း ပြောပြီးပြီ အားလုံးကို သူတို့ အလုပ် သူတို့ သွားလုပ်ခိုင်းလိုက်တော့"

ကျန်းပေရန်ရဲ့ အဓိပ္ပာယ်ကို နားလည်တာကြောင့် ဟော်ဟုန်ဖေး ချက်ချင်း ပြောလိုက်လေသည်။

"အားလုံး ကိုယ့်အလုပ် ကိုယ် မြန်မြန် ပြန်လုပ်ကြ ဒီည မိသားစု စားပွဲဝိုင်းမှာ ငါတို့ ကျေးဇူးရှင်ကို ငါတို့ရဲ့ ရိုးသားမှုကို ခံစားမိအောင် လုပ်ပေးရမယ်"

"ဟုတ်ကဲ့"

ပြိုင်တူ ပြန်ဖြေပြီးနောက် ဟော်မျိုးနွယ်စုဝင်တွေ ကျန်းပေရန်ကို နောက်တစ်ကြိမ် ဦးညွှတ်ပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြလေသည်။

ခဏအကြာမှာ ခန်းမထဲမှာ ဟော်ကျစ်ရှန် ဟော်ဟုန်ဖေးနဲ့ သူ့သား ဟော်ဝမ်ခန်းတို့ပဲ ကျန်ရစ်တော့လေသည်။

မတ်တတ်ရပ်လိုက်ပြီး ကျန်းပေရန် ဟော်ဟုန်ဖေးဘက် လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်လေသည်။

"သားအဖ ပြန်လည် ဆုံတွေ့တာကို ဂုဏ်ပြုစကား မပြောရသေးဘူး ဂုဏ်ယူပါတယ်"

ဒါကို ကြားတော့ ဟော်ဟုန်ဖေး ကျန်းပေရန် ရှေ့မှာ ဒူးတစ်ဖက်ထောက် ချက်ချင်း ချလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်လေသည်။

"ဒီလက်အောက်ငယ်သား ပိုင်ဆိုင်ထားသမျှ အားလုံးက သခင့်ကျေးဇူးကြောင့်"

သူ့အဖေ ဒူးထောက်တာ မြင်တော့ ဟော်ဝမ်ခန်းလည်း ဘေးနားမှာ အလျင်စလို လိုက်ဒူးထောက်ပြီး ကျန်းပေရန်ကို ဦးညွှတ်လိုက်လေသည်။

"ကျေးဇူးရှင် ဝမ်ခန်းအပေါ် ထားတဲ့ ခင်ဗျားရဲ့ ကျေးဇူးက ဒုတိယ အသက် တစ်ချောင်းလိုပါပဲ ခင်ဗျား စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ဘယ်လို အခက်အခဲ အန္တရာယ်တွေပဲ ရှိနေပါစေ ဝမ်ခန်းက ခင်ဗျားအတွက် လမ်းရှင်းပေးမှာ သေချာပါတယ်"

ဒါကို ကြားတော့ ကျန်းပေရန် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းပြီ ကောင်းပြီ ဘာမဟုတ်တာလေးနဲ့ ဒူးမထောက်ကြနဲ့ ထပြီး ပြောကြ"

"ဟုတ်ကဲ့"

သားအဖ နှစ်ယောက် ပြိုင်တူ ဖြေပြီး မတ်တတ်ရပ်လိုက်ကြလေသည်။

ဟော်ဝမ်ခန်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းပေရန် သိချင်စိတ် အနည်းငယ်နဲ့ မေးလိုက်လေသည်။

"အဆောင်လက်ဖွဲ့ လမ်းစဉ်မှာ မင်းရဲ့ တိုးတက်မှု ဘယ်လိုလဲ"

ဟော်ဟုန်ဖေးနဲ့ ဟော်ကျစ်ရှန် နှစ်ယောက်လုံး မှင်သက်သွားကြလေသည်။

သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ခန်းအာ ဘာလို့ အဆောင်လက်ဖွဲ့ လမ်းစဉ်ကို ဒီလောက် စိတ်အားထက်သန်နေလဲ ဆိုတာ နောက်ဆုံးတော့ နားလည်သွားကြလေသည်။

"ကျေးဇူးရှင်ကို တင်ပြရရင် ကျွန်တော် ကောင်းကင်လူသား အာရုံခံ နယ်ပယ်ကို ရောက်နေပြီ"

'……..'

အဆောင်လက်ဖွဲ့ လမ်းစဉ်က ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပြီး ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့ သူတို့ရဲ့ စွမ်းအားကို ငှားရမ်းခြင်းကို အလေးပေးလေသည်။

အတိုချုပ် ပြောရရင် အဆောင်လက်ဖွဲ့က ဇာတ်ညွှန်း မန္တန်က ဘာသာစကား ဆက်သွယ်ခြင်းက နတ်ဘုရားနဲ့ ချိတ်ဆက်ဖို့ ဖြစ်ပြီး ကိုယ့်ဆန္ဒရဲ့ စွမ်းအားကို သယ်ဆောင်ထားလေသည်။

"ပင်လယ်တစ်ထောင် ပျောက်ဆုံး ကျမ်းစာ" ထဲမှာ ကျန်းပေရန်က စုစုပေါင်း နယ်ပယ် ၅ ခု ရေးသားထားခဲ့လေသည်။

အဲ့ဒီအထဲက အမြင့်ဆုံးက "ကောင်းကင်လူသား အာရုံခံ" ဖြစ်လေသည်။

အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက်က ဒီနယ်ပယ်ကို ရောက်တဲ့အခါ အဆောင်လက်ဖွဲ့ ရေးဆွဲတာပဲ ဖြစ်ဖြစ် အသုံးပြုတာပဲ ဖြစ်ဖြစ် ကြီးမားတဲ့ မြှင့်တင်မှု ရရှိလေသည်။

အရည်အသွေးပိုင်း ဆိုင်ရာ အသွင်ပြောင်းလဲမှုလို့ ခေါ်ဆိုနိုင်လေသည်။

ဒါပေမဲ့ အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက် ဒီနယ်ပယ် ရောက်ဖို့ ဆိုတာ အနည်းဆုံး ၁၀ နှစ် ကြာမြင့်တတ်ပြီး အဲ့ဒါက အလွန် ပါရမီပါတဲ့ သူတွေ အတွက် ပြောတာပါ။

အဆောင်လက်ဖွဲ့ ပညာရှင် အများစုက သူတို့ တစ်သက်လုံး ဒီနယ်ပယ်ကို ဘယ်တော့မှ မရောက်နိုင်ကြပေ။

'ဒီကောင်လေး အပါရမီဆုံး လျှို့ဝှက်ပညာရပ်ကို ငါက ကျပန်း ခန့်မှန်းမိလိုက်တာလား ဒါမှမဟုတ် အဆောင်လက်ဖွဲ့ လမ်းစဉ်အတွက် သူ့မှာ အထူး ဖွဲ့စည်းပုံ တစ်ခုခု ရှိနေတာလား'

သိချင်စိတ်ကြောင့် ကျန်းပေရန် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းတယ် ပါရမီပါတဲ့ လူငယ်လေးပဲ"

ဒီအချိန်မှာ ဘေးနားက ဟော်ကျစ်ရှန်က ရတနာတစ်ခု ဆက်သသလိုမျိုး ဝင်ပြောလိုက်လေသည်။

"အရှင်မင်းကြီး ဒါဆို ခန်းအာကို အဆောင်လက်ဖွဲ့ ပညာရပ် သင်ပေးခဲ့တာ အရှင်မင်းကြီးကိုး သူက ဒီ လျှို့ဝှက်ပညာရပ်မှာ ဒီလောက် အံ့သြစရာ ပါရမီနဲ့ ကျွမ်းကျင်မှု ပြသနိုင်တာ မဆန်းပါဘူး ခန်းအာ မင်းရဲ့ အကောင်းဆုံး အဆောင်လက်ဖွဲ့ကို အရှင်မင်းကြီးအတွက် မြန်မြန် ဆွဲပြလိုက် မင်းရဲ့ တိုးတက်မှုကို ပြလိုက်စမ်း"

ဟော်ဝမ်ခန်းလည်း အဲ့လိုပဲ လုပ်ဖို့ ပြင်နေတာပါ။

အခု သူ့ဦးလေးက သူ့အတွက် စင်မြင့် ခင်းပေးလိုက်ပြီဆိုတော့ သူ ချက်ချင်း သူ့ သိုလှောင်လက်စွပ်ထဲက တန်ဖိုးအကြီးဆုံး ရွှေရောင် အဆောင်လက်ဖွဲ့ စာရွက် တစ်ရွက် ထုတ်လိုက်လေသည်။

ဒါပေါ့ ကျန်းပေရန် သူ့ကို မတားခဲ့ပါဘူး ဘာလို့လဲဆိုတော့ ဟော်ဝမ်ခန်းမှာ အဆောင်လက်ဖွဲ့ လမ်းစဉ်အတွက် ဘယ်လို အထူး ဖွဲ့စည်းပုံ ရှိလဲ ဆိုတာ သူလည်း သိချင်လို့ပင်။

သူ့ကျေးဇူးရှင်က သူ့ကို စမ်းသပ်သလို ကြည့်နေတာ မြင်တော့ ဟော်ဝမ်ခန်း ချက်ချင်း အားအင်တွေ ပြည့်လာလေသည်။

သူက ရွှေရောင် အဆောင်လက်ဖွဲ့ စာရွက်ကို လေထဲ အရင် ပစ်တင်လိုက်ပြီး ဟင်္သပြဒါးနဲ့ ဖော့စဖရပ် အဖြူတို့ စိမ်ထားပြီးသား စုတ်တံ တစ်ချောင်းကို သူ့ သိုလှောင်လက်စွပ်ထဲက အမြန် ထုတ်ကာ လေထဲက ရွှေရောင် အဆောင်လက်ဖွဲ့ စာရွက်ပေါ်မှာ စတင် ရေးဆွဲလိုက်လေသည်။

စုတ်ချက် အနည်းငယ် အကြာမှာတင် ဟော်ဝမ်ခန်းက "ကောင်းကင်လူသား အာရုံခံ" နယ်ပယ်ကို တကယ် ရောက်နေပြီ ဆိုတာ ကျန်းပေရန် တွေ့ရှိလိုက်ရလေသည် ဘာလို့လဲဆိုတော့ သူ စုတ်ချက် တစ်ချက် ဆွဲလိုက်တိုင်း ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ စုဝေးလာလို့ ဖြစ်လေသည်။

ဒါက ကောင်းကင်လူသား အာရုံခံခြင်းရဲ့ အထင်ရှားဆုံး လက္ခဏာရပ် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပဲ ဟော်ဝမ်ခန်းရဲ့ အခြေခံတွေက အရမ်း ခိုင်မာလွန်းလို့ ကျန်းပေရန်တောင် နည်းနည်း အံ့သြသွားလေသည်။

အဆောင်လက်ဖွဲ့ ဆိုတာ တကယ်တော့ ဖော်မြူလာ တစ်မျိုးပါပဲ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ဖို့ ဖော်မြူလာ တစ်ခုပါ။

ဒါကြောင့် စုတ်ချက် တစ်ချက်ချင်းစီက အလွန် စေ့စပ်သေချာပြီး အမှား လုံးဝ မခံပေ။

သင်္ချာ ပုစ္ဆာ တစ်ပုဒ် ဖြေရှင်းရသလိုပါပဲ ဒဿမ နေရာ တစ်နေရာ မှားတာနဲ့ အဖြေ တစ်ခုလုံး မှားသွားနိုင်လေသည်။

ဒါပေမဲ့ ဟော်ဝမ်ခန်းက အလွန် တိကျစွာ ရေးဆွဲရုံသာမက မယုံနိုင်လောက်အောင်လည်း မြန်ဆန်လေသည်။

ခဏအကြာမှာ သူက ဖီးနစ်ကိုးကောင် အညစ်အကြေး သန့်စင်ခြင်း အဆောင်လက်ဖွဲ့ တစ်ခု ရေးဆွဲပြီးသွားလေသည်။

အဆောင်လက်ဖွဲ့ ပြီးသွားတဲ့ အခိုက်အတန့်မှာ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေက ဝဲကတော့တစ်ခုလို အထဲကို ဝင်ရောက်လာပြီး ဖန်တီးလိုက်ကတည်းက ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေ ကိန်းအောင်းနေစေခဲ့လေသည်။

ဒီလို အဆောင်လက်ဖွဲ့မျိုးက မန္တန် မပါဘဲ အသုံးပြုရင်တောင် အစွမ်းကုန် ထုတ်ဖော်နိုင်လေသည်။

မန္တန်နဲ့သာ တွဲသုံးရင် ဒီအဆောင်လက်ဖွဲ့ စာရွက်ရဲ့ အကန့်အသတ်က ပြောဖို့ ခက်ခဲလိမ့်မည်။

'ပါရမီရှင်... သောက်ကျိုးနည်း ပါရမီရှင်ပဲ'

ဒါ့အပြင် ဒီ ဖီးနစ်ကိုးကောင် အညစ်အကြေး သန့်စင်ခြင်း အဆောင်လက်ဖွဲ့ ဖန်တီးစဉ် အတွင်း ဟော်ဝမ်ခန်းဆီမှာ အထူး ဖွဲ့စည်းပုံ လက္ခဏာ ဘာမှ ကျန်းပေရန် မတွေ့ခဲ့ရပေ ပါရမီပါပြီး အခြေခံ ခိုင်မာတဲ့ ပါရမီရှင် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက်ကိုသာ တွေ့ရလေသည်။

ဆိုလိုတာက ဟော်ဝမ်ခန်း "ကောင်းကင်လူသား အာရုံခံ နယ်ပယ်" ကို လျင်မြန်စွာ ဝင်ရောက်နိုင်ခဲ့တာက အထူး ဖွဲ့စည်းပုံ တစ်ခုခုကြောင့် မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင် ဉာဏ်ရည်နဲ့ ပါရမီ သက်သက်ကြောင့် ဖြစ်လေသည်။

ပထမဆုံး တွေ့ကတည်းက ဟော်ဝမ်ခန်းက အရမ်း ထက်မြက်တယ်လို့ ကျန်းပေရန် ထင်ခဲ့ပေမယ့် အဲ့ဒီ ဉာဏ်ရည်ကို လျှို့ဝှက်ပညာရပ်တွေမှာ အသုံးချနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။

'အတိုင်းအဆမဲ့ပဲ ဒီကလေးရဲ့ အနာဂတ်က တကယ် အတိုင်းအဆမဲ့ပဲ'

အံ့သြသွားပြီးနောက် လေထဲမှာ ပျံဝဲနေတုန်း ဖြစ်တဲ့ ဖီးနစ်ကိုးကောင် အညစ်အကြေး သန့်စင်ခြင်း အဆောင်လက်ဖွဲ့ကို ကျန်းပေရန် ယူလိုက်ပြီး ခဏလောက် သေချာ စစ်ဆေးကြည့်ကာ မေးလိုက်လေသည်။

"အနှစ်သာရက ရေ ရုပ်ခန္ဓာဝိညာဉ်က သတ္တု စိတ်ဝိညာဉ်က မီး လေလွင့်ဝိညာဉ်က သစ်သား"

"အနှစ်သာရက ရေကို အုပ်စိုးပြီး ရုပ်ခန္ဓာဝိညာဉ်က သတ္တုကို အုပ်စိုးကာ သတ္တုက ရေကို မွေးဖွားပေးတယ် ဒါကြောင့် အနှစ်သာရကို ရုပ်ခန္ဓာဝိညာဉ်က သိုလှောင်ထားတယ် ဆိုရင်..."

သူ့ကျေးဇူးရှင်က သူ့ကို စမ်းသပ်နေမှန်း သိလိုက်တော့ ဟော်ဝမ်ခန်း ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"ရေက ဓာတ်သဘာဝ တစ်ခုအနေနဲ့ သတ္တုကို သိုလှောင်ပြီး ငြိမ်သက်စေနိုင်တယ် ပြီးတော့ သစ်သားကို အာဟာရ ပေးပြီး ရှင်သန်စေနိုင်တယ် ဒါကြောင့် လေလွင့်ဝိညာဉ်နဲ့ ရုပ်ခန္ဓာဝိညာဉ်ကို ခွဲခြားပေးတယ်"

"ကောင်းတယ် တကယ့်ကို ထက်မြက်တဲ့ ကလေးပဲ"

ကျန်းပေရန် အလွန် ကျေနပ်စွာ ပြုံးလိုက်လေသည်။

All Chapters