ခွေးကို ရိုက်နှက်ခြင်း
Vol. 37 Ch. 441
ရှီမျိုးနွယ်စုနဲ့ ကောင်းကင်လွှမ်းမိုးဂိုဏ်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို ချိတ်ဆက်ပေးဖို့ဆိုတာ ကျန်းပေရန်အတွက် ခက်ခဲတဲ့ကိစ္စ မဟုတ်ပေ။
ဘာလို့လဲဆိုတော့ ရှီမျိုးနွယ်စုက သူ့ကို လိုအပ်နေလို့ ဖြစ်ပြီး လိုအပ်ခြင်းခံရတယ် ဆိုတာက သူ့မှာ တန်ဖိုးရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်လေသည်။
တခြားအရာတွေ ခဏထား အဆင့် ၉ အစီအရင် ပညာရှင် စီတုကျစ် တစ်ယောက်တည်းကို ထည့်တွက်ရင်တောင် ရှီမျိုးနွယ်စု တစ်ခုလုံးမှာ ဘယ်သူက သူ့ကို လက်ခံတွေ့ဆုံနိုင်မှာလဲ။
ဒါကြောင့် သူ့ရဲ့ ကြီးမားတဲ့ တန်ဖိုးကြောင့် ပူးပေါင်းဆောင်ရွက်မှု တစ်ကြိမ်လောက် ချိတ်ဆက်ပေးဖို့ ဆိုတာ သိပ်မခက်ခဲပေ။
ကျန်းပေရန် ပြတ်ပြတ်သားသား ဖြေလိုက်တာ မြင်တော့ ယန်ကွမ်းချင်းရဲ့ သူ့အပေါ် အကဲဖြတ်မှုက ချက်ချင်း မြင့်တက်သွားလေသည်။
ကျန်းပေရန်က ရှီမျိုးနွယ်စုရဲ့ အိမ်တော်ထိန်း ရာထူးကို သူ့အရည်အချင်းနဲ့သူ ရရှိခဲ့တာ ဖြစ်မယ်လို့ သူ အခု လုံးဝ ယုံကြည်သွားလေသည်။
"ကောင်းတယ်"
ယန်ကွမ်းချင်း လက်ရန်းကို ပုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
"ဒါဆို သဘောတူလိုက်ပြီ ဒီလူအိုကြီးက မင်းဆီက သတင်းကောင်းကို ဒီမှာ စောင့်နေမယ်"
"ဒါဆို သတင်းကောင်းကို စောင့်မျှော်နေပေးပါ ဂိုဏ်းချုပ်ယန်"
ပြောပြီးနောက် ကျန်းပေရန် တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုမျိုး ယန်ကွမ်းချင်းဘက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
"အော် ဟုတ်သားပဲ ဂိုဏ်းချုပ်ယန်ဆီကနေ အကူအညီ တောင်းချင်တဲ့ ကိစ္စလေး တစ်ခု ရှိနေသေးတယ်"
ယန်ကွမ်းချင်းက လက်ရှိ စိတ်ဓာတ်တက်ကြွနေတာကြောင့် လက်ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။
"လွတ်လပ်စွာ ပြောပါ"
"မပြောခင် ဒီဂျူနီယာ အရင် မေးခွန်း တစ်ခု မေးချင်ပါတယ် ရွှန်းမိသားစုက ဂိုဏ်းချုပ် အတွက် အလုပ်လုပ်ပေးနေတာလား"
"ဟုတ်တယ် ဘာဖြစ်လို့လဲ မင်း သူတို့နဲ့ ရန်ငြိုး ရှိလို့လား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး "
ကျန်းပေရန် ခေါင်းခါလိုက်လေသည်။
"ဒီဂျူနီယာမှာ ဂိုဏ်းတူညီမလေး တစ်ယောက် ရှိလို့ပါ သူ့နာမည်က ဖန်းချိုးယောင် ပါ ဒီကလေးမက သူ့ကျင့်ကြံခြင်း အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပြီး အချစ်ရေး ကိစ္စတွေကို စိတ်မဝင်စားပါဘူး ဒါပေမဲ့ ရွှန်းမိသားစုက ဒုတိယသခင်လေးက တော်တော် စွဲလမ်းနေပြီး အကြိမ်ကြိမ် အခါခါ..."
"ကောင်းပြီ"
ဒါကို ကြားတော့ ယန်ကွမ်းချင်း တိုက်ရိုက် ခေါင်းညိတ်လိုက်လေသည်။
"မင်း ဆိုလိုရင်းကို ဒီလူအိုကြီး နားလည်ပါတယ် စိတ်ချပါ"
ဆိုရိုးစကား ရှိသလိုပဲ ခွေးကို ရိုက်မယ် ဆိုရင် သခင် မျက်နှာ ကြည့်ရတယ်လေ။
ဒါကြောင့် ကျန်းပေရန်က ရွှန်းမိသားစုမှာ မိတ်လိုက်ချင်နေတဲ့ ခွေးကလေး တစ်ကောင် ရှိနေပြီး ဆုံးမပဲ့ပြင်ဖို့ လိုအပ်နေကြောင်း လိမ္မာပါးနပ်စွာ ပြောပြလိုက်တာ ဖြစ်လေသည်။
ပေါ့ပေါ့ပါးပါး ရိုက်နှက်ပေးလိုက်ရင် လုံလောက်လေသည်။
ယန်ကွမ်းချင်းက သူ့အဓိပ္ပာယ်ကို နားလည်သွားပြီ ဖြစ်တာကြောင့် ကျန်းပေရန် အဲ့ဒီ အကြောင်းအရာကို ရပ်လိုက်ပြီး သူ့ဘက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
"ဒါဆို ဂိုဏ်းချုပ်ယန်ကို ဒုက္ခပေးရတော့မယ်"
"ဒါက သေးငယ်တဲ့ ကိစ္စပါ ဒုက္ခ မရောက်ပါဘူး ပေရန် မင်းမှာ တခြား ကိစ္စ ရှိသေးလား"
"မရှိတော့ပါဘူး ဂိုဏ်းချုပ်ယန်ရဲ့ ကြီးမားတဲ့ ထောက်ထားညှာတာမှု အတွက် ဒီဂျူနီယာ အတိုင်းအဆမဲ့ ကျေးဇူးတင်ပါတယ်"
"မင်းက ယဉ်ကျေးလွန်းနေပါပြီ ဒါဆို ဒီလူအိုကြီးက အဲ့ဒီ ကောင်းကင်တုန်ခါ မီးလျှံ ကို ရှာဖွေရာမှာ ကူညီပေးမယ့် သူကို အခုချက်ချင်း စီစဉ်လိုက်မယ်"
ပြောပြီးနောက် ယန်ကွမ်းချင်း လက်နှစ်ခါ တီးလိုက်လေသည်။
"ဖြောင်း ဖြောင်း" ဆိုတဲ့ လက်ခုပ်တီးသံ နှစ်ချက် အပြီးမှာ တပည့်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူငယ် တစ်ယောက် အပြင်ဘက်ကနေ ဝင်လာပြီး ယန်ကွမ်းချင်းကို ဦးညွှတ်လိုက်လေသည်။
"ဂိုဏ်းချုပ်"
"ဒီ ဧည့်သည်တော်ကို ငြိမ်းချမ်းသော ကျေးဇူးတရား ခန်းမဆောင် ဆီ ခေါ်သွားပြီး အနားယူခိုင်းလိုက် သေချာ ဧည့်ခံလိုက်ပါ"
"ဟုတ်ကဲ့"
အမိန့်ကို နာခံပြီးနောက် လူငယ်က ကျန်းပေရန် ရှေ့ လျှောက်သွားပြီး ဖိတ်ခေါ်တဲ့ လက်ဟန် ပြုလုပ်ကာ ပြောလိုက်လေသည်။
"ဒီဘက် လိုက်ခဲ့ပါ ဧည့်သည်တော်"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ယန်ကွမ်းချင်းဘက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
"ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယန်"
"အင်း သွားပြီး ခဏ အနားယူလိုက်ပါ ငါ စီစဉ်ပေးမယ့်သူ မကြာခင် မင်းဆီ ရောက်လာလိမ့်မယ်"
"ကောင်းပါပြီ ဒါဆို ဒီဂျူနီယာ ခွင့်ပြုပါဦး"
ပြောပြီးနောက် ကျန်းပေရန် လူငယ် နောက်လိုက်ပြီး အပြင်ဘက် ထွက်သွားလိုက်လေသည်။
လီဖူချန်က အစ်ကိုကြီးဝမ် ဖြည်းဖြည်းချင်း ထွက်ခွာသွားတာကို ကြည့်နေတုန်း အစ်ကိုကြီးဝမ်ရဲ့ လျှို့ဝှက် အသံလွှင့် စကားသံ သူ့နားထဲ ရုတ်တရက် ကြားလိုက်ရလေသည်။
"နောက်ကျရင် မင်းဆရာ မင်းကို ဘာမေးမေး ဖြေလိုက်ပါ ငါ့အတွက် ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူး"
ဒါကို ကြားတော့ လီဖူချန် ခဏ မှင်သက်သွားလေသည်။
သူ တစ်ခုခု မေးဖို့ ပြင်လိုက်တုန်း သူ့အစ်ကိုကြီး ပင်မ ခန်းမဆောင်ထဲကနေ ထွက်ခွာသွားပြီ ဖြစ်တာ တွေ့လိုက်ရလေသည်။
"ဖူချန်"
သူ့ဆရာက သူ့နာမည် ခေါ်လိုက်သံ ကြားတော့ လီဖူချန် သူ့ဆရာဘက် အလျင်စလို ဦးညွှတ်ပြီး ပြောလိုက်လေသည်။
"ဗျာ ဆရာ"
"မင်းရဲ့ ဒီအစ်ကိုကြီး အကြောင်း... မင်း ဘယ်လောက် သိလဲ"
ဒီနေ့ မတိုင်ခင်က ယန်ကွမ်းချင်း က ဒီလူငယ်လေး ကျန်းပေရန် ကို စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် အဲ့ဒီလောက်မှာပဲ ရပ်တန့်နေခဲ့တာ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ဒီ လျှို့ဝှက်ဆန်းကြယ်နဂါး တိုက်ကြီးပေါ်မှာ မကျင့်ကြံနိုင်တဲ့၊ အထူး ပါရမီ မရှိတဲ့ အမှိုက် တစ်စ အနေနဲ့ အဘွားလင်ရဲ့ ဗေဒင်ဟောကိန်းက ဘယ်သူ့ အကြောင်းလဲ ဆိုတာ သူ မသိခဲ့ရင် အဲ့ဒီလောက်လေးတောင် စိတ်ဝင်စားမိမှာ မဟုတ်ပေ။
ဒါပေမဲ့ ကျန်းပေရန်က သူ့ကို တွေ့ချင်တယ် ဆိုတဲ့ သူ့တပည့်ဆီက စာကို မြင်လိုက်ရတဲ့ အခါ ရှန့်တိုင်းပြည်က လျန်တိုင်းပြည်ကို သိမ်းပိုက်လိုက်တဲ့ ကိစ္စနဲ့ သူ့ကို ချက်ချင်း ဆက်စပ် တွေးမိလိုက်လေသည်။
မကျင့်ကြံနိုင်တဲ့ သူတွေကို အခြေခံအားဖြင့် အထင်သေးပေမယ့် သူ ဒီလို တွေးမိတုန်းပါပဲ။
အခုတော့ သူ့ရဲ့ အာရုံခံစားမှုက အရင်ကလိုပဲ တိကျကြောင်း အချက်အလက်တွေက သက်သေပြနေလေသည်။
ဒီ ကျန်းပေရန် က တကယ် ရိုးရှင်းတာ မဟုတ်ဘူး၊ လုံးဝ လုံးဝ မရိုးရှင်းဘူး။
ရှန့်တိုင်းပြည်က လျန်တိုင်းပြည်ကို ရုတ်တရက် သိမ်းပိုက်လိုက်တာက သူနဲ့ မဆိုင်ဘူးလို့ ပြောရင် ယန်ကွမ်းချင်း ဘယ်တော့မှ ယုံမှာ မဟုတ်ပေ။
ဒါပေမဲ့ ဒီ ကျန်းပေရန် က ရှီမျိုးနွယ်စုရဲ့ အိမ်တော်ထိန်း ဖြစ်နေမယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။
ဒါက သူ့ရဲ့ အမြင် အများအပြားကို တကယ် ပြောင်းလဲသွားစေခဲ့လေသည်။
တစ်ချိန်တည်းမှာပဲ အရင်က နည်းနည်းလေးပဲ စိတ်ဝင်စားခဲ့တဲ့ ဒီလူငယ်လေး အကြောင်း ပိုမို နားလည်ချင်စိတ် ဖြစ်ပေါ်လာခဲ့လေသည်။
အစ်ကိုကြီးဝမ် ထွက်သွားတာနဲ့ သူ့ဆရာက အစ်ကိုကြီးဝမ် အကြောင်း စမေးတာ မြင်တော့ လီဖူချန် စိတ်လှုပ်ရှားစွာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
'အစ်ကိုကြီးဝမ်က တကယ့် မဟာဗျူဟာ ပညာရှင်ကြီးပါလား...'
သက်ပြင်းချပြီးနောက် လီဖူချန် သူ့ဆရာဘက် လက်သီးဆုပ်ပြီး ပြန်ဖြေလိုက်လေသည်။
"ဆရာ့ကို တင်ပြရရင် အစ်ကိုကြီးကျန်း မှာ ထူးခြားတဲ့ အရည်အသွေးတွေ အများကြီး ရှိပါတယ်"
"အို" ယန်ကွမ်းချင်း မတ်မတ် ထိုင်လိုက်ပြီး စိတ်ဝင်စားမှု အပြည့်နဲ့ မေးလိုက်လေသည်။ "ပြောပြစမ်းပါ"
"ဥပမာ အနေနဲ့ ပြောရရင် အစီအရင် ပညာရပ်မှာ ကျွန်တော့်ကို ဉာဏ်အလင်း ဖွင့်ပေးခဲ့တာ အစ်ကိုကြီးကျန်း ပါပဲ"
"သူက အစီအရင်တွေနဲ့ ပတ်သက်ရင် အရမ်း တော်တာလား"
"အစ်ကိုကြီးကျန်း အစီအရင်တွေနဲ့ ပတ်သက်ရင် ဘယ်လောက် ကျွမ်းကျင်လဲ ဆိုတာ တပည့်လည်း သိပ်မရှင်းလင်းပါဘူး ဒါပေမဲ့ နိမ့်တာတော့ မဟုတ်ပါဘူး"
"စိတ်ဝင်စားစရာပဲ ကောင်းပြီ မင်းဆရာကို ဆက်ပြောပြဦး..."
...
ဆရာနဲ့ တပည့်ကြား အမေးအဖြေ ကဏ္ဍ လုပ်နေကြတုန်း ကျန်းပေရန် က ငြိမ်းချမ်းသော ကျေးဇူးတရား ခန်းမဆောင် ဆီ ရောက်ရှိပြီး အနားယူနေပြီ ဖြစ်လေသည်။
လက်ဖက်ရည်အိုး တစ်လုံးနဲ့ မုန့်ပန်းကန် တစ်ချပ် ယူလာပြီး လူငယ်က ကျန်းပေရန်ကို ဦးညွှတ်ကာ ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး ဒီမှာ ခဏ အနားယူပါ လိုအပ်တာ ရှိရင် ခင်ဗျား လက်နားက ခေါင်းလောင်းလေးကို လှုပ်လိုက်ရုံပါပဲ ကျွန်တော် ခွင့်ပြုပါဦး"
ဒါကို ကြားပြီးနောက် ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ကျေးဇူးပဲ"
လူငယ် ထွက်သွားပြီးနောက် ရှဲ့လင်းတန်း က ကျန်းပေရန် နောက်ကနေ ချက်ချင်း ထွက်လာပြီး လက်ဖက်ရည်အိုးကို ကိုင်ကာ ခွက်ထဲ ဖြည့်ပေးလိုက်လေသည်။
"လက်ဖက်ရည် သောက်ပါဦး သခင်"
"အင်း"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် လက်ဖက်ရည်ခွက် ယူကာ တစ်ငုံ သောက်လိုက်ပြီး သူ့ကို ကူညီဖို့ ယန်ကွမ်းချင်း ဘယ်လို လက်ထောက်မျိုး စီစဉ်ပေးမလဲ ဆိုတာ စဉ်းစားနေမိလေသည်။
"လင်းတန်း မင်းရဲ့ နည်းစနစ်တွေကို ခဏလောက် လေ့ကျင့်သင့်တယ်"
လက်ဖက်ရည်ခွက် ချရင်း ကျန်းပေရန် ပြောလိုက်လေသည်။
ရှဲ့လင်းတန်း ခဏ မှင်သက်သွားပေမယ့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့ သခင်"
ရှဲ့လင်းတန်းကို လေ့ကျင့်ခိုင်းတာက ကျန်းပေရန် စိတ်ကူးပေါက်လို့ ပြောလိုက်တာ မဟုတ်ပေ။
တစ်ချက်က ကွေ့ပတ်တောင်ထွတ် ပေါ်က ဝိညာဉ်စွမ်းအင်က တကယ် သိပ်သည်းတာကြောင့် ကျင့်ကြံဖို့ အလွန် သင့်တော်လို့ ဖြစ်လေသည်။
ဒုတိယ အချက်က ရှဲ့လင်းတန်းရဲ့ ကံကောင်းခြင်း အခွင့်အလမ်း ဒီနေရာမှာ ဖြစ်လာမလား ဆိုတာ ကျန်းပေရန် သိချင်လို့ ဖြစ်လေသည်။
ဥပမာ သူမ စတင် ကျင့်ကြံလိုက်တာနဲ့ သူမက သွေးကြောတွေ ပိတ်ဆို့နေရုံ သက်သက် ဖြစ်နေတဲ့ ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း ကြေငြာမယ့် ကောင်းကင်လွှမ်းမိုးဂိုဏ်း က ရှေးဟောင်း ဘိုးဘေး တစ်ယောက်ယောက်ကို ဆွဲဆောင်မိပြီး၊ အဲ့ဒီနောက် 'ကလစ် ကလစ်' ဆိုပြီး အနည်းငယ် တို့ထိလိုက်ရုံနဲ့ သာမန် ပါရမီရှင် ရှဲ့လင်းတန်း ကို ကောင်းကင်ဘုံက ကောင်းချီးပေးတဲ့ ပါရမီရှင် အဖြစ် ချက်ချင်း ပြောင်းလဲပေးလိုက်တာမျိုးပေါ့။
ဇာတ်ကွက်က ရယ်စရာ ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ အရေးမကြီးပေ။
ရှဲ့လင်းတန်း လုပ်စရာ တစ်ခုခု အမြန် ရှိလာဖို့သာ ကျန်းပေရန် လိုလားသည်၊ မဟုတ်ရင် ဒီလို သူ့နောက် တစ်ကောက်ကောက် လိုက်နေတာက အဖြေ မဟုတ်ပေ။
ရှဲ့လင်းတန်း တင်ပျဉ်ခွေ ထိုင်လိုက်တဲ့ အခါ ကျန်းပေရန် လည်း အစီအရင် လက်စွဲစာအုပ် တစ်အုပ် ကောက်ကိုင်ပြီး စတင် ဖတ်ရှုလိုက်လေသည်။
"မင်္ဂလာပါ ရှင်က သခင်လေးကျန်း ကျန်းပေရန် လား မသိဘူး"
ကျန်းပေရန် လက်ဖက်ရည် သောက်ရင်း စာဖတ်ကာ ရှဲ့လင်းတန်း ကံကောင်းခြင်း အခွင့်အလမ်း နဲ့ ကြုံတွေ့ဖို့ စိတ်ထဲက မျှော်လင့်နေတုန်း သာယာတဲ့ အသံတစ်သံ သူ့နားထဲ ရုတ်တရက် ရောက်လာလေသည်။
မော့ကြည့်လိုက်တဲ့ အခါ ကျက်သရေရှိပြီး လှပတဲ့ မိန်းမပျိုလေး တစ်ယောက် တံခါးဝမှာ ရပ်နေပြီး သူ့ကို ယဉ်ကျေးစွာ ဦးညွှတ်နေတာ တွေ့လိုက်ရလေသည်။
မိန်းမပျိုလေးက ထူးထူးခြားခြား စင်ကြယ်ပြီး လောကီဆန်တဲ့ ပုံ မပေါက်ပေ။
သူမက ပိုးသား ဝတ်စုံပါးလေးရဲ့ အနားစကို ကိုင်ထားပြီး ကိုယ်နေဟန်ထား ကျော့ရှင်းလှပနေလေသည်။
မင်ရောင်သန်းတဲ့ ဆံကေသာက ရေတံခွန်လို ချောမွေ့ပြီး ပိုးသားလို နူးညံ့နေလေသည်။
သူမရဲ့ နက်မှောင်တဲ့ ဆံနွယ်တွေကို လျော့တိလျော့ရဲ စည်းနှောင်ထားပြီး လိုက်ဖက်ညီတဲ့ ပုလဲ ဆံထိုးတွေနဲ့ အလှဆင်ထားကာ တွဲလောင်းကျနေတဲ့ ငွေရောင် ကြယ်နဲ့ လခြမ်းပုံ အဆင်တန်ဆာ နဲ့ ဖြည့်စွက်ထားလေသည်။
ဆက်ကြည့်လိုက်ရင် သူမရဲ့ မျက်လုံးတွေက အာကာသ လို ကြည်လင်နေပြီး နှုတ်ခမ်းတွေက ချယ်ရီပွင့်ဖတ်တွေလို စင်ကြယ်ပြီး အပြစ်ကင်းစင်နေလေသည်။
'ဟာ ဒီကိစ္စ...
မဖြစ်နိုင်ဘူး မဟုတ်လား'
စာအုပ်ကို ချလိုက်ပြီး ကျန်းပေရန် မတ်တတ်ရပ်ကာ ပြန်လည် ဂါရဝပြုလိုက်လေသည်။
"ဟုတ်ပါတယ်"
ဖျော့တော့တဲ့ အပြုံးလေးနဲ့ မိန်းမပျိုလေးက ကျန်းပေရန်ကို နောက်တစ်ကြိမ် ဦးညွှတ်ပြီး ပြောလိုက်လေသည်။
"မင်္ဂလာပါ ကျွန်မ နာမည်က ယန်ကွမ်းယွဲ့ ပါ ကောင်းကင်တုန်ခါ မီးလျှံ လို့ ခေါ်တဲ့ ရတနာ ပစ္စည်းကို ရှာဖွေရာမှာ ကူညီပေးဖို့ အဖေက ကျွန်မကို လွှတ်လိုက်တာပါ"
'သူ့ရဲ့ သောက်ကျိုးနည်း အရည်အချင်းရှိတဲ့ လက်ထောက်က သူ့သမီး ဖြစ်နေတာလား...'
ယန်ကွမ်းယွဲ့ သူ့နာမည် ခေါ်လိုက်ကတည်းက သူမကို ယန်ကွမ်းချင်း လွှတ်လိုက်တာ ဖြစ်လောက်တယ်လို့ ကျန်းပေရန် ခန့်မှန်းမိပြီးသား ဖြစ်ပေမယ့် သူမက တကယ်ပဲ အဲ့ဒီ အရည်အချင်းရှိတဲ့ လက်ထောက် ဖြစ်ပြီး ယန်ကွမ်းချင်းရဲ့ သမီး ဖြစ်နေမှန်း အတည်ပြုလိုက်ရတဲ့ အခါ ခေါင်းကိုက်ချင်သလို ခံစားလိုက်ရလေသည်။
အကြောင်းရင်းက ရိုးရှင်းလေသည်။
ဒီအမျိုးသမီးမှာ ဒုက္ခကို ဆွဲဆောင်နိုင်တဲ့ တံဆိပ်ကပ်မှုတွေ အရမ်း များလွန်းနေလို့ပါပဲ။
သူမက လှပပြီး မြင့်မားတဲ့ အဆင့်အတန်း ရှိလေသည်။
ကျန်းပေရန်ရဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံ အရ ဆိုရင် ဒီအမျိုးသမီးရဲ့ ဖားယားတဲ့ ပိုးပန်းသူတွေက ဂဏန်း ၃ လုံးထက် မနည်း ရှိနိုင်ပြီး သူတို့ အားလုံးက ကောင်းကင်လွှမ်းမိုးဂိုဏ်း က ဖြစ်တာကြောင့် သူတို့ရဲ့ "အရည်အသွေး" က ရှန့်တိုင်းပြည် က လူတွေထက် အများကြီး ပိုမြင့်မားမှာ သေချာလေသည်။
ဘယ်လို ပုဂ္ဂိုလ်ကြီးတွေကို ဆွဲဆောင်နိုင်မလဲ ဆိုတာ ဘုရားပဲ သိလိမ့်မည်။
မိမိရှေ့က အမျိုးသမီးရဲ့ အန္တရာယ် အဆင့် ဘယ်လောက် မြင့်မားလဲ ဆိုတာ ကျန်းပေရန် ခွဲခြမ်းစိတ်ဖြာနေတုန်း ယန်ကွမ်းယွဲ့ က သူ့ရှေ့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ဖြစ်လေသည်။
"သခင်လေးကျန်း ရှင့်ရဲ့ သဘောထားကို မေးမြန်းဖို့ ဒီတစ်ခေါက် ကျွန်မ လာခဲ့တာပါ"
'ငါ့သဘောထား ဟုတ်လား'
ယန်ကွမ်းယွဲ့ ရဲ့ ဒီ အဖွင့်စကားက ကျန်းပေရန် အတွက် တကယ် မျှော်လင့်မထားတဲ့ အရာ ဖြစ်သည်၊ သူမ ဆိုလိုရင်းကိုတောင် သူ သိပ်မခန့်မှန်းနိုင်ပေ။
"ကျေးဇူးပြုပြီး အရင် ထိုင်ပါဦး"
ယန်ကွမ်းယွဲ့ က ကျန်းပေရန်ကို ထိုင်ဖို့ လက်ဟန် ပြရင်း ပြောလိုက်လေသည်။
လောလောဆယ် ယန်ကွမ်းယွဲ့ ရဲ့ ရည်ရွယ်ချက်ကို ကျန်းပေရန် နားမလည်ပေမယ့် စနစ်က ရွေးချယ်စရာတွေ မပြသေးတာကြောင့် သူမ စကားကို အရင် နားထောင်ကြည့်တာ အန္တရာယ် မရှိနိုင်ပေ။
"ကျေးဇူးပြုပြီး"
ယန်ကွမ်းယွဲ့ ကို ပြန်လည် ဂါရဝပြုပြီးနောက် ကျန်းပေရန် သူ့နေရာမှာ ပြန်ထိုင်လိုက်လေသည်။
ကျော့ရှင်းစွာ ဦးညွှတ်ပြီးနောက် ယန်ကွမ်းယွဲ့ ကျန်းပေရန် ဘေးမှာ ဝင်ထိုင်ပြီး စတင် ပြောလိုက်လေသည်။
"ပထမဆုံး အနေနဲ့ သခင်လေးကျန်း ရှာဖွေနေတဲ့ ပစ္စည်းက ထူးခြားဆန်းပြား ပွင့်ဖတ် အဆင့်သတ်မှတ်ချက် မှာ အဆင့် ၃၂ ရှိတဲ့ ကောင်းကင်တုန်ခါ မီးလျှံ ဆိုတာ အတည်ပြုချင်ပါတယ်"
"မှန်ပါတယ်"
"ကောင်းပါပြီ ဒါဆိုရင် ရှင် ရွေးချယ်ဖို့ ကျွန်မမှာ ဖြေရှင်းနည်း ၂ ခု ရှိပါတယ်"
'သောက်ကျိုးနည်း... စနစ်က အသိစိတ် ဝင်လာတာလား'
ကျန်းပေရန် စိတ်ထဲကနေ ညည်းညူနေတုန်း ယန်ကွမ်းယွဲ့ ဆက်ပြောလိုက်လေသည်။
"ပထမ နည်းလမ်းက ကောင်းကင်တုန်ခါ မီးလျှံ ရှိတဲ့ နေရာကို ရှာဖွေရာမှာ ကျွန်မ ကူညီပေးမယ်၊ ပြီးရင် ရှင့်ကို အသိပေးပါ့မယ်"
"ဒုတိယ နည်းလမ်းက ရှင့်အတွက် ဒီကိစ္စကို ကျွန်မ အပြည့်အဝ ကိုင်တွယ်ပေးမယ် ကောင်းကင်တုန်ခါ မီးလျှံ ကို ရရှိပြီးရင် လာယူဖို့ ရှင့်ကို အကြောင်းကြားပေးပါ့မယ်"
"သခင်လေးကျန်း က ဘယ်နည်းလမ်းကို ပိုနှစ်သက်ပါသလဲ"
'အံ့သြစရာ ကောင်းလောက်အောင် တိုက်ရိုက်ကျပြီး ရိုးရှင်းတာပဲ...'
ဒီအစီအစဉ် နှစ်ခုရဲ့ အဓိက ကွာခြားချက်က တကယ်တော့ အရမ်း ရိုးရှင်းလေသည်။
အဲ့ဒါက ကျေးဇူးကြွေး ပမာဏ ပါပဲ။
ကောင်းကင်တုန်ခါ မီးလျှံ တည်နေရာကို ရှာဖွေရာမှာပဲ ယန်ကွမ်းယွဲ့ ကို ကူညီခိုင်းမယ် ဆိုရင် ကောင်းကင်လွှမ်းမိုးဂိုဏ်း လို ဒေသခံ အင်အားကြီး တစ်ခု အတွက် အရမ်း ခက်ခဲတဲ့ ကိစ္စ ဖြစ်မှာ မဟုတ်ပေ။
ဒါပေမဲ့ ကောင်းကင်တုန်ခါ မီးလျှံ ကို တိုက်ရိုက် ယူလာပေးဖို့ သူမကို တောင်းဆိုမယ် ဆိုရင် သူ တင်ရှိမယ့် ကျေးဇူးကြွေးက တော်တော် ကြီးမားလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ထူးခြားဆန်းပြား ပွင့်ဖတ် အဆင့်သတ်မှတ်ချက် မှာ အဆင့် ၃၂ ဆိုတာက တော်တော် မြင့်မြတ်တဲ့ အရာ ဖြစ်ပြီး လက်ရှိ ပိုင်ရှင်က ကောင်းကင်တုန်ခါ မီးလျှံ ကို အသုံးပြုစရာ ရှိနေရင် ရယူဖို့ ခက်ခဲမှုက ပိုမြင့်မားလိမ့်မည်။
ဒီအချက် နှစ်ချက်ကို နားလည်ပြီးနောက် ကျန်းပေရန် ချက်ချင်း လက်သီးဆုပ်ပြီး ပြောလိုက်လေသည်။
"မိန်းကလေးယန် က ကောင်းကင်တုန်ခါ မီးလျှံ ကို တိုက်ရိုက် ရယူရာမှာ ကူညီပေးနိုင်မယ် ဆိုရင် အတိုင်းအဆမဲ့ ကျေးဇူးတင်မိမှာပါ"
ဒီ ရွေးချယ်စရာ နှစ်ခုကြား ရွေးချယ်ရမယ် ဆိုရင် ကျန်းပေရန် နည်းနည်းလေးမှ တွန့်ဆုတ်နေမှာ မဟုတ်ပေ။
'အကြွေးတင်ခံလိုက် ကျေးဇူးကြွေး ဆိုတာ ပမာဏ အများကြီး တင်ခံထားသင့်တဲ့ အရာမျိုးပဲ'
အကြောင်းပြချက်က ရိုးရှင်းလေသည်။
မင်းဆီက ပိုက်ဆံ ချေးထားတဲ့ သူကို မင်း အမြဲတမ်း မှတ်မိနေလိမ့်မယ်၊ ပြီးတော့ သူတို့ အကြွေး ပိုများလေလေ မင်း သူတို့ အကြောင်း ပိုတွေးမိလေလေ ဖြစ်လိမ့်မည်။
သူတို့ မင်းဆီက ပိုက်ဆံ ချေးထားတာကြောင့် သူတို့ကို မင်း ကာကွယ်ပေးရတာတောင် ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ဘာလို့လဲဆိုတော့ သူတို့ မရှိတော့ရင် မင်းပိုက်ဆံတွေ တကယ် အပြီးတိုင် ဆုံးရှုံးသွားမှာ မို့လို့ပါပဲ။
ကျေးဇူးကြွေး ဆိုတာလည်း အတူတူပါပဲ။
ယန်ကွမ်းချင်း အပေါ် ကျေးဇူးကြွေး ပိုတင်လေလေ ယန်ကွမ်းချင်း က သူ့ကို ပိုကာကွယ်ပေးလေလေ ဖြစ်လိမ့်မည်။
အနည်းဆုံးတော့ ဒီကျေးဇူးကြွေးတွေကို သူ ပြန်မဆပ်ခင် အထိ ကောင်းကင်လွှမ်းမိုးဂိုဏ်း က သူ့ရဲ့ အကာအကွယ် ဖြစ်နေမှာ ဖြစ်လေသည်။
ဒါ့အပြင် ကျေးဇူးကြွေး ဆိုတာ အရမ်း အသုံးဝင်တဲ့ လူမှုဆက်ဆံရေး ပုံစံ တစ်ခုလည်း ဖြစ်လေသည်။
ငါ မင်းကို အဝါရောင်အဆင့် ကာကွယ်ရေး မှော်ရတနာ တစ်ခု ပေးမယ်၊ မင်း ငါ့ကို အဝါရောင်အဆင့် တိုက်ခိုက်ရေး မှော်ရတနာ တစ်ခု ပြန်ပေးမယ်။
"စီးပွားရေး အရ" ကြည့်ရင် ဘယ်ဘက်ကမှ ဘာမှ မဆုံးရှုံးပေမယ့် ဆက်ဆံရေးက အများကြီး ပိုရင်းနှီးသွားလေသည်။
ဒီလို အပြန်အလှန် ပေးကမ်းမှု ဆက်ရှိနေနိုင်မယ် ဆိုရင် ငါတို့က အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်လာကြမှာ ဖြစ်လေသည်။
ပြောင်းပြန် အားဖြင့် မင်းက တခြားသူတွေကို ဒုက္ခမပေးဘဲ ကိုယ့်ဘာသာကိုယ်ပဲ လုပ်မယ်လို့ အမြဲ တွေးနေမယ် ဆိုရင်။
ဒါက သဘာဝကျကျ သက်သောင့်သက်သာ ရှိတဲ့ ဘဝနေထိုင်နည်း တစ်ခု ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ မင်းမှာ မိတ်ဆွေ မရှိဘူး ဆိုတာ တွေ့ရှိလာရလိမ့်မည်။
ကျန်းပေရန် သာ သက်သောင့်သက်သာ နေထိုင်ခွင့် ရမယ် ဆိုရင် ကိုယ့်ဘာသာကိုယ် ဖြေရှင်းပြီး တခြားသူတွေကို ဘယ်တော့မှ ဒုက္ခမပေးတဲ့ ဒီဘဝနေထိုင်နည်းကို သူ သေချာပေါက် ရွေးချယ်မှာ ဖြစ်လေသည်။
ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ပေ။
သူက နိုင်ငံ တစ်ခုရဲ့ ကံကြမ္မာကို ပခုံးထမ်းထားရပြီ ဖြစ်လေသည်။
ပေါင်းသင်းဆက်ဆံရမယ့် အချိန် ရောက်ရင်... သူ ပေါင်းသင်းဆက်ဆံရမည်။
ကျန်းပေရန် က ဒုတိယ ရွေးချယ်မှုကို တွန့်ဆုတ်ခြင်း မရှိဘဲ ရွေးချယ်လိုက်တာ မြင်တော့ ယန်ကွမ်းယွဲ့ ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပါပြီ ဒါဆို သခင်လေးကျန်း ရက်ကန့်သတ်ချက် တစ်ခု သတ်မှတ်ပေးပါ ဒီ ကောင်းကင်တုန်ခါ မီးလျှံ ကို လက်ခံရရှိဖို့ နောက်ဆုံးထားနိုင်တဲ့ အချိန်က ဘယ်လောက်လဲ ဒါပေါ့ အတိုဆုံး အချိန် အတွင်း ရှင့်အတွက် ရယူပေးနိုင်အောင် ကျွန်မ ကြိုးစားပါ့မယ်"
ယန်ကွမ်းယွဲ့ ရဲ့ စနစ်တကျ မေးမြန်းမှုနဲ့ သာယာနာပျော်ဖွယ် ကောင်းတဲ့ အသံကို နားထောင်ရင်း ကျန်းပေရန် သက်သောင့်သက်သာ ရှိမှုကို မခံစားဘဲ မနေနိုင်ပေမယ့် တစ်ချိန်တည်းမှာပဲ အရင်က ကြုံဖူးသလို ခံစားချက် ပြင်းပြင်းထန်ထန် ခံစားလိုက်ရလေသည်။
'ဒီ ယန်ကွမ်းယွဲ့ သာ အရောင်းဝန်ထမ်း တစ်ယောက် ဖြစ်လာရင် သေချာပေါက် ထိပ်တန်း တစ်ယောက် ဖြစ်လာမှာပဲ'
"နှစ်ဝက် အတွင်း ဆိုရင် အဆင်ပြေပါတယ် ပြီးတော့ ၃ လ အတွင်း ကောင်းကင်တုန်ခါ မီးလျှံ ကို မရရှိသေးဘူး ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိပေးပါ"
ပြောပြီးနောက် ကျန်းပေရန် အဆောင်လက်ဖွဲ့ စာရွက် တစ်ထပ် ထုတ်ပြီး ယန်ကွမ်းယွဲ့ ကို ကမ်းပေးကာ ပြောလိုက်လေသည်။
"တိုးတက်မှု တစ်ခုခု ရှိရင် (သို့) ရလဒ် တစ်ခုခု ရရင် မိန်းကလေးယန် က ဒါတွေကို သုံးပြီး စက္ကူစွန် ကနေတဆင့် ကျွန်တော့်ဆီ သတင်းစကား ပေးပို့နိုင်ပါတယ်"
"ကောင်းပါပြီ ပြဿနာ မရှိပါဘူး"
ယန်ကွမ်းယွဲ့ လက်လှမ်းပြီး အဆောင်လက်ဖွဲ့ စာရွက်တွေကို ယူကာ ခေါင်းညိတ်လိုက်လေသည်။
"ဒါဆို ကျွန်မမှာ မေးစရာ မရှိတော့ပါဘူး သခင်လေးကျန်း မှာ တခြား မှာကြားစရာ ရှိသေးလား"
"မရှိတော့ဘူး"
"ကောင်းပြီ"
ပြောပြီးနောက် ယန်ကွမ်းယွဲ့ မတ်တတ်ရပ်လိုက်လေသည်။
"ဒါဆို ကျွန်မ အခုပဲ စတင်လိုက်ပါ့မယ် သတင်း တစ်စုံတစ်ရာ ရတာနဲ့ စက္ကူစွန် နဲ့ အကြောင်းကြားပေးပါ့မယ်"
"ကျေးဇူးတင်တယ်"
"ရပါတယ် ဒါဆို ကျွန်မ ခွင့်ပြုပါဦး"
ပြောပြီးနောက် ယန်ကွမ်းယွဲ့ ကျန်းပေရန်ကို ဦးညွှတ်ပြီး ပင်မ ခန်းမဆောင် ထဲကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားလေသည်။
'တကယ့် အရည်အချင်းရှိတဲ့ အမျိုးသမီးပဲ
ဂိုဏ်းချုပ်ယန် က သားသမီး ပျိုးထောင်ရာမှာ တော်တော် ကျွမ်းကျင်ပုံ ရတယ်'
ကောင်းကင်တုန်ခါ မီးလျှံ ကို ကိုယ်တိုင် ရှာဖွေစရာ မလိုတော့တဲ့ အတွက် ကျန်းပေရန် ထန်တိုင်းပြည် မှာ ဆက်နေစရာ အကြောင်းရင်း မရှိတော့ပေ။
ထန်တိုင်းပြည် အကြောင်း ပိုမို နားလည်ဖို့ လိုအပ်ပေမယ့် အဲ့ဒါက ကောင်းကင်လွှမ်းမိုးဂိုဏ်း နဲ့ ခိုင်မာတဲ့ ခြေကုပ် တစ်ခု တည်ဆောက်ပြီးမှ ဖြစ်လိမ့်မည်။
မဟုတ်ရင် သူ စုဆောင်းတဲ့ သတင်းအချက်အလက်တွေက တန်ဖိုး သိပ်ရှိမှာ မဟုတ်ပေ။
ကျင့်ကြံနေဆဲ ဖြစ်တဲ့ လင်းတန်း ကို ကြည့်ပြီး ကျန်းပေရန် စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။
အံ့ဖွယ်ရာ တစ်ခု... အော် မဟုတ်ဘူး အခွင့်အလမ်း တစ်ခု မပေါ်လာသေးဘူးပဲ။
ရှဲ့လင်းတန်း က ဘယ်လို ဖြစ်တည်မှုမျိုးလဲ ဆိုတာ နားလည်ဖို့ ပိုပို ခက်ခဲလာတယ်လို့ သူ ခံစားရလေသည်။
စနစ်က ခန့်အပ်ထားတဲ့ ဝန်ထုပ်ဝန်ပိုး တစ်ခုလား။
ဒါပေမဲ့ ဝန်ထုပ်ဝန်ပိုးလို့ ခေါ်ရအောင်လည်း သူမက သူ့ကို တကယ် ဆွဲချထားတာ မဟုတ်ပေ။
သူမက သူ့နောက် တိတ်တဆိတ် လိုက်နေပြီး ဘာပြဿနာမှ မရှာပေ။
ကျန်းပေရန် က တစ်ယောက်တည်း နေရတာ ပိုကြိုက်လို့သာ ဖြစ်လေသည်။
"သွားကြစို့ လင်းတန်း" သူ့ရဲ့ တိတ်ဆိတ်တဲ့ တွေးတောမှု အပြီးမှာ ကျန်းပေရန် ရှဲ့လင်းတန်း ကို လှမ်းခေါ်လိုက်လေသည်။
"ဟေး လာပါပြီ"