ကုန်ကျစရိတ်ကို မနှမြောခြင်း
Vol. 37 Ch. 443
မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ကိုယ်တိုင် အမိန့်ပေးမှုနဲ့ အတူ မျိုးနွယ်စုထဲက လူတိုင်းက သဘာဝကျကျပဲ လုပ်လက်စ အလုပ်တွေကို ချထားပြီး ချက်ချင်း ပြန်ပြေးလာကြလေသည်။
မျိုးနွယ်စု အစည်းအဝေးမှာ ဘာလုပ်ထုံးလုပ်နည်းမှ မရှိဘဲ ရွှန်းဝူကူ က ဖန်းချိုးယောင် လို့ ခေါ်တဲ့ အမျိုးသမီးကို ဘယ်သူ နှောင့်ယှက်လဲ ဆိုတာ တိုက်ရိုက် မေးမြန်းလိုက်လေသည်။
မျိုးနွယ်စု ခေါင်းဆောင်က "ဖန်းချိုးယောင်" ဆိုတဲ့ စကားလုံး ၃ လုံးကို ဒေါသတကြီး ရေရွတ်လိုက်တာ ကြားရတော့ နေရာမှာတင် ရွှန်းယင်း ရဲ့ ခြေထောက်တွေ ပျော့ခွေသွားလေသည်။
သူ ပြဿနာ အကြီးကြီး တက်နေပြီ ဆိုတာ သူ သိလိုက်လေသည်။
ဒါပေမဲ့ သူ ဘာမှ မဖုံးကွယ်ရဲပေ။
မျိုးနွယ်စု ခေါင်းဆောင်က မျိုးနွယ်စုဝင် အားလုံးကို အစည်းအဝေး ခေါ်ယူလိုက်တယ် ဆိုကတည်းက ကိစ္စက မိုးကောင်းကင်ထက် ကြီးမားနေမှာ သေချာလေသည်။
ဒါ့အပြင် ရှန့်တိုင်းပြည် က စီးပွားရေး ကိစ္စကို သူ တာဝန်ယူထားမှန်း သူ့မိသားစုက သိလေသည်။
အခု သူ ငြင်းလိုက်ပြီး နောက်မှ ပေါ်သွားရင် သူ့အရိုးတွေက ဖုန်မှုန့်နဲ့ ပြာမှုန့် ဖြစ်သွားတဲ့ အထိ ကြိတ်ခွဲခံရမှာ သေချာလေသည်။
ဒါကြောင့် ခြေထောက်တွေ တုန်ယင်နေပေမယ့် ရွှန်းယင်း မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ဇာတ်ကြောင်း တစ်ခုလုံးကို ရှင်းလင်းစွာ ရှင်းပြလိုက်လေသည်။
နားထောင်ပြီးနောက် ရွှန်းဝူကူ ရှေ့တိုးသွားပြီး လူတိုင်းရှေ့မှာ ရွှန်းယင်း ကို ပါးရိုက်လိုက်လေသည်။
"ရွှန်းမိသားစု နာမည်သုံးပြီး သူတပါးကို အနိုင်မကျင့်ဖို့ မင်းတို့ ဂျူနီယာတွေကို ငါ အကြိမ်ကြိမ် ပြောထားတယ် မဟုတ်လား"
ပါးရိုက်ခံလိုက်ရတဲ့ ရွှန်းယင်း က သူ့မျက်နှာကိုတောင် ပွတ်သပ်ရဲခြင်း မရှိဘဲ မြေပြင်ပေါ် အမြန် ဦးခိုက်လိုက်ပြီး ပြောလိုက်လေသည်။
" မြေးလေး အမှားကို သိပါပြီ"
"သွားမယ် တောင်းပန်ဖို့ ငါနဲ့ လိုက်ခဲ့"
ဒီကိစ္စက နှောင့်နှေးလို့ မရမှန်း ရွှန်းဝူကူ သိတာကြောင့် မျိုးနွယ်စုဝင် အားလုံးကို ဦးဆောင်ပြီး ရှန့်တိုင်းပြည် က ဖန်းမိသားစု နေအိမ်ဆီ ချက်ချင်း ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။
ဖန်းမိသားစုကို တွေ့ရှိပြီးနောက် ဂရုတစိုက် ရွေးချယ်ထားတဲ့ စကားလုံးတချို့နဲ့ စမ်းသပ်ကြည့်လိုက်တဲ့ အခါ ဂိုဏ်းချုပ်ရဲ့ မိတ်ဆွေက ရွှန်းမိသားစုကို သုတ်သင်ပစ်ချင်တာ မဟုတ်ဘဲ သတိပေးရုံ သက်သက်သာ ဖြစ်ကြောင်း ရွှန်းဝူကူ ချက်ချင်း သဘောပေါက်လိုက်လေသည်။
ဒါပေမဲ့ တစ်ဖက်လူက သတိပေးချင်ရုံ သက်သက် ဆိုရင်တောင် ရွှန်းဝူကူ အနေနဲ့ ဒီကိစ္စကို လေးနက်တဲ့ ကိစ္စ၊ အလွန် ကြီးမားတဲ့ ကိစ္စ တစ်ခု အဖြစ် သဘောထားရလေသည်။
အနည်းငယ် စိတ်သက်သာရာ ရသွားပြီးနောက် ရွှန်းဝူကူ ရွှန်းယင်း ကို ချက်ချင်း ပြောလိုက်လေသည်။
"မြန်မြန် ဦးခိုက်ပြီး မင်းရဲ့ ဦးလေးဖန်း ကို လက်ဖက်ရည် ဆက်သလိုက်စမ်း သူသာ သဘောထားကြီးပြီး မင်းက ဂျူနီယာ တစ်ယောက် ဖြစ်နေတာကို ထောက်ထားညှာတာမှု မပေးခဲ့ရင် ဒီနေ့ ဒီတံခါးကနေ မင်း အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ဒါကို ကြားတော့ ရွှန်းယင်း ဖန်းနျန်ပိုင် ဆီ ချက်ချင်း ဒူးတိုက်သွားလိုက်လေသည်။
သူ့အဖေဆီက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ရွှန်းယင်း ခေါင်းငုံ့ကာ ဖန်းနျန်ပိုင် ရှေ့မှာ လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ပြောလိုက်လေသည်။
"သဘောထားကြီးမှု အတွက် ကျေးဇူးတင်ပါတယ် ဦးလေးဖန်း ဒီကောင်လေး ဒီနေရာမှာ ခင်ဗျားကို တောင်းပန်ပါတယ်"
"ဒါက ဒါက ဒါက..."
ဒီအချိန်မှာ ဖန်းနျန်ပိုင် ကြောင်နေတုန်း ဖြစ်လေသည်။
ရွှန်းမိသားစုက သူ့ကို ဘာလို့ ဒီလောက် လေးစားနေလဲ ဆိုတာ သူ တကယ် နားမလည်နိုင် ဖြစ်နေလေသည်။
ဖန်းနျန်ပိုင် တောင့်ခဲနေတာ မြင်တော့ ရွှန်းဝူကူ လေးနက်တဲ့ အသံနဲ့ ပြောလိုက်လေသည်။
"မင်းက တိုးတိုးလေး ပြောနေတာ မင်းရဲ့ ဦးလေးဖန်း ကြားနိုင်ပါ့မလား"
ရွှန်းယင်း ချက်ချင်း အသံမြှင့်လိုက်ပြီး ကျယ်လောင်စွာ ကြေငြာလိုက်လေသည်။
"ဦးလေးဖန်း က သဘောထားကြီးပါတယ် ဒီကောင်လေးရဲ့ အရင်က ရိုင်းစိုင်းမှုတွေကို ခွင့်လွှတ်ပေးပါ ဒီကောင်လေး ခင်ဗျားကို တောင်းပန်ပါတယ်"
ပြောပြီးနောက် သူ လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ဦးခိုက်လိုက်ရာ သူ့ခေါင်းက ကြမ်းပြင်နဲ့ ရိုက်မိသွားလေသည်။
ပြောရရင် ဒီလှုပ်ရှားမှုက ကျွမ်းကျင်မှု တချို့ လိုအပ်သည်၊ သာမန်လူ တစ်ယောက် ဆိုရင် တကယ် လုပ်နိုင်မှာ မဟုတ်ပေ။
"အဖေ ကျေးဇူးပြုပြီး လက်ဖက်ရည် လက်ခံလိုက်ပါ"
လူတိုင်း နေရာမှာတင် တောင့်ခဲနေတုန်း ဖန်းချိုးယောင် ရှေ့တိုးလာပြီး သူမအဖေကို ပြောလိုက်လေသည်။
သမီးဖြစ်သူရဲ့ စကားကို ကြားတော့ ဖန်းနျန်ပိုင် ရဲ့ မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားလေသည်။
'ချစ်သမီးလေး ပြောတဲ့ ပညာရှင်က တကယ် ရှိနေတာလား'
ဒါက ဖန်းနျန်ပိုင် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့တဲ့ အရာ ဖြစ်လေသည်။
ရွှန်းမိသားစုကို ဒီလောက် နှိမ့်ချသွားအောင် လုပ်နိုင်တဲ့ ပညာရှင် တစ်ယောက်ကို သူ့သမီးအရင်းက တကယ် သိနေခဲ့တာ ဖြစ်လေသည်။
စကားပြောသူက ဂျူနီယာ တစ်ယောက် ဖြစ်မှန်း ရွှန်းဝူကူ မြင်လိုက်တဲ့ အခါ သူမက ဒီအဖြစ်အပျက်ရဲ့ ဇာတ်လိုက် ဖြစ်ရမယ်လို့ သူ ခန့်မှန်းလိုက်လေသည်။
ဒါကြောင့် သူ ပြုံးပြီး မေးလိုက်လေသည်။
"ဒါက မိန်းကလေးဖန်း ဖန်းချိုးယောင် များလား"
ဖန်းချိုးယောင် ကြားလိုက်ပြီး ရွှန်းဝူကူ ဘက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
"ဒီဂျူနီယာ ဂါရဝပြုပါတယ်"
ရွှန်းမိသားစု ရဲ့ ဒုတိယသခင်လေးကို ဖန်းချိုးယောင် ရွံရှာပေမယ့် သူတို့ရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် အနက်ရောင်ဧကရာဇ် တစ်ပါး ဖြစ်လေသည်။
သူမ လွန်လွန်ကဲကဲ လုပ်မိရင် သူမရဲ့ စီနီယာအစ်ကို အတွက်လည်း ပြဿနာ တက်စေမှာ စိုးရိမ်မိလေသည်။
ပြီးတော့ အဲ့ဒါက သူမ ဘယ်တော့မှ အဖြစ်ခံလို့ မရတဲ့ ကိစ္စ ဖြစ်လေသည်။
ဒါကြောင့် အခု သူမ လုပ်ဖို့ လိုတာက ဒီကိစ္စကို အမြန် အဆုံးသတ်လိုက်ဖို့ပဲ ဖြစ်သည်၊ ဒါမှ ရွှန်းမိသားစု ရဲ့ ဒုတိယသခင်လေးရဲ့ ရွံရှာစရာ ကောင်းတဲ့ မျက်နှာကို သူမ ဘယ်တော့မှ ထပ်မြင်စရာ မလိုတော့မှာ ဖြစ်လေသည်။
ဖန်းချိုးယောင် သူ့ဘက် လက်သီးဆုပ်တာ မြင်တော့ ရွှန်းဝူကူ ချက်ချင်း ပြုံးပြီး ပြောလိုက်လေသည်။
"မိန်းကလေးဖန်း က တကယ်ပဲ ပြိုင်ဘက်ကင်း အလှပဂေးလေးပါ ပန်းချီကား တစ်ချပ်လို လှပတယ်"
ပြောပြီးနောက် သူ ရွှန်းယင်း ရဲ့ ခေါင်းကို ရိုက်လိုက်ပြီး ပြောလိုက်လေသည်။
"ဒီလို လက်ရာမြောက်တဲ့ အလှပဂေးလေးက မင်း မက်မောနိုင်တဲ့ သူလား မင်းကောင်စုတ်"
မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ဆုံးမမှုကို ရင်ဆိုင်ရင်း ရွှန်းယင်း က သဘာဝကျကျ အကုန် လက်ခံလိုက်ပြီး မြေပြင်ပေါ် ဦးခိုက်ကာ အော်ဟစ်လိုက်လေသည်။
"မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ဆုံးမမှုက မှန်ကန်ပါတယ် ဖားပြုတ်က ဟင်္သာသား စားချင်တာပါ မိုက်မဲတဲ့ စိတ်ကူးယဉ်မှု သက်သက်ပါပဲ"
ဒီအချိန်မှာ ဖန်းနျန်ပိုင် နည်းနည်း နားလည်သွားပြီ ဖြစ်လေသည်။
သူ ရွှန်းယင်း လက်ထဲက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ပြောလိုက်လေသည်။
"ငါ့ရဲ့ ချစ်သမီးလေးက မင်းရဲ့ လက်ဖက်ရည်ကို သောက်ခိုင်းမှတော့ ဒီနေ့ ငါ သောက်လိုက်မယ်"
စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ဖန်းနျန်ပိုင် က အကျိုးအကြောင်း သင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လေသည်။
ကိစ္စရပ်တွေကို ဆုံးဖြတ်နိုင်တဲ့ အာဏာက အခု သူ့သမီး လက်ထဲ ရောက်နေပြီ ဆိုတာ သူ သိသည်၊ ဒါကြောင့် အခုက စပြီး သူ လုပ်ရမှာက သူမ ဆန္ဒ အတိုင်း လိုက်လုပ်ဖို့ပဲ ဖြစ်လေသည်။
ဒီအချိန်မှာ ဖန်းမျိုးနွယ်စုဝင်တွေလည်း တုန်လှုပ်မှုကနေ တဖြည်းဖြည်း ပြန်လည် သတိဝင်လာကြလေသည်။
ဘာပဲဖြစ်ဖြစ် ရွှန်းယင်း ရဲ့ မောက်မာပြီး ဗိုလ်ကျတတ်တဲ့ အပြုအမူကို အရင်က သူတို့ မြင်တွေ့ခဲ့ဖူးလေသည်။
သူတို့ တံခါးဝမှာ ခွေးတစ်ကောင်လို ရုတ်တရက် တောင်းပန်နေတာက သူတို့အတွက် ကြီးမားတဲ့ တုန်လှုပ်မှု ဖြစ်စေခဲ့လေသည်။
ဒါပေမဲ့ အခု သတိ ပြန်ဝင်လာကြတော့ ဖန်းချိုးယောင် ပြောတဲ့ ပညာရှင်က အစစ်အမှန် ဖြစ်ကြောင်း သူတို့ အားလုံး နားလည်လိုက်ကြလေသည်။
ပြီးတော့ သူက သူတို့ မော့မကြည့်နိုင်လောက်အောင် စွမ်းအားကြီးသည်၊ သူတို့ စိတ်ကူးမယဉ်နိုင်လောက်အောင် စွမ်းအားကြီးလေသည်။
အရင်တုန်းက ရွှန်းမိသားစုကို သူတို့ ဘာလို့ ဒီလောက် ကြောက်ခဲ့ကြတာလဲ။ သူတို့မှာ အနက်ရောင်ဧကရာဇ် တစ်ပါး နောက်ခံ ရှိနေလို့ မဟုတ်ဘူးလား။
ဒါကြောင့် သူတို့က လက်အောက်ခံ မိသားစုငယ်လေး တစ်ခုပဲ ဖြစ်ပေမယ့် အနက်ရောင်ဧကရာဇ် တစ်ပါးရဲ့ မျက်နှာကို ကိုယ်စားပြုနေတုန်း ဖြစ်လေသည်။
ပြီးတော့ ရှန့်တိုင်းပြည် မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်တွေ ရှိရင်တောင် အနက်ရောင်ဧကရာဇ် တစ်ပါးကို စော်ကားရဲတဲ့ နောက်ခံမျိုး ရှာတွေ့နိုင်မှာ မဟုတ်ပေ။
"ဒါက..."
ဖန်းဝမ်ယောင် ကို ကြည့်ရင်း ဖန်းထျန်ချန် ပါးစပ် အဟောင်းသား ဖြစ်နေလေသည်။
"ငါတို့ ညီမလေး... ရွှန်းမိသားစုကို ဒီအတိုင်းအတာ ထိ ကြောက်လန့်သွားအောင် လုပ်နိုင်တဲ့ သူ သိထားတဲ့ ပညာရှင်က ဘယ်သူများလဲ"
"မင်းက ငါ့ကို မေးနေတာလား ငါက ဘယ်သူ့ကို သွားမေးရမှာလဲ ငါ့ညီမလေးက အဲ့လို ပညာရှင်မျိုး သိထားမှန်းသာ သိရင် စောစောက ရှက်စရာကောင်းတဲ့ စကားတွေ ငါ ဘာလို့ ပြောမိမှာလဲ"
"ထူးဆန်းတယ်... တကယ် ထူးဆန်းတယ်"
ရွှန်းယင်း ဆီက တောင်းပန် လက်ဖက်ရည်ကို ဖန်းနျန်ပိုင် သောက်လိုက်တဲ့ အခါ ရွှန်းဝူကူ ရဲ့ စိုးရိမ်နေတဲ့ စိတ်နှလုံး နောက်ဆုံးတော့ လုံးဝ တည်ငြိမ်သွားလေသည်။
တစ်ချိန်တည်းမှာပဲ သူ ဝတ်ရုံထဲက စာရွက် နှစ်ရွက် ထုတ်လိုက်ပြီး ဖန်းနျန်ပိုင် ကို ကမ်းပေးကာ ပြောလိုက်လေသည်။
"မျိုးနွယ်စု ခေါင်းဆောင်ဖန်း ခင်ဗျား မိသားစုက ဆေးပင် စီးပွားရေး လုပ်တယ်လို့ ကြားပါတယ် ဒါကြောင့် မျိုးစေ့ကောင်းတွေနဲ့ ပျိုးပင်တချို့ ယူလာခဲ့ပါတယ် ဒီစာရွက် နှစ်ရွက်က ပစ္စည်းစာရင်းတွေပါ ကျေးဇူးပြုပြီး ကြည့်ရှုပါဦး"
ဖန်းနျန်ပိုင် သူ့သမီးကို အရင် တစ်ချက် ကြည့်လိုက်လေသည်။
သူမ ခေါင်းညိတ်တာ မြင်တော့မှ ပစ္စည်းစာရင်း နှစ်ခုကို ယူလိုက်လေသည်။
'မိုးပျံရွက်၊ ကြာပန်း၊ ဖီးနစ်ဆေးပင်...'
စာရင်းထဲက ရင်းနှီးနေတဲ့ ရတနာ ပစ္စည်း နာမည်တွေကို ကြည့်ရင်း ဖန်းနျန်ပိုင် ရင်တုန်သွားသလို ခံစားလိုက်ရလေသည်။
ဒါတွေ အားလုံးက မိုးထိအောင် မြင့်မားတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်တဲ့ ရတနာ ပစ္စည်းတွေ ဖြစ်လေသည်။ ပြီးတော့ ဒီမိုးထိအောင် မြင့်မားတဲ့ ဈေးနှုန်း ဆိုတာက ရွှေနဲ့ ငွေကို ရည်ညွှန်းတာ မဟုတ်ဘဲ ဝိညာဉ်ကျောက်တုံးတွေကို ရည်ညွှန်းတာ ဖြစ်လေသည်။
"ဒါက တကယ် တန်ဖိုးကြီးလွန်းပါတယ်"
ဒီနေ့ သမီးဖြစ်သူရဲ့ ဆန္ဒ အတိုင်း လိုက်နာဖို့ ဖန်းနျန်ပိုင် ဆုံးဖြတ်ထားပြီး ဖြစ်ပေမယ့် ဒီစာရင်း နှစ်ခုရဲ့ အလေးချိန်က သူ့ကို ကြောက်လန့်စေတုန်း ဖြစ်လေသည်။
"အာ" ရွှန်းဝူကူ လက်ဝှေ့ယမ်းလိုက်လေသည်။
"ဒါက ကျွန်တော့် စေတနာရဲ့ အမှတ်အသား သေးသေးလေးပါ မျိုးနွယ်စု ခေါင်းဆောင်ဖန်း ခင်ဗျား လက်ခံရပါမယ် မဟုတ်ရင် ညဘက် ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး"
"ဒါက... ကောင်းပါပြီလေ"
ဖန်းနျန်ပိုင် စာရင်းတွေကို လက်ခံတာ မြင်တော့ ရွှန်းဝူကူ နောက်ထပ် သိုလှောင်လက်စွပ် နှစ်ကွင်း ထုတ်လိုက်ပြီး သူ့ကို ကမ်းပေးလိုက်လေသည်။
"အထဲမှာ ကျွန်တော်တို့ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပန်းမန်တချို့ ရှိပါတယ် မျိုးနွယ်စု ခေါင်းဆောင်ဖန်း ကြိုက်မယ် ထင်လို့ ခင်ဗျား ကြည့်ဖို့ ယူလာခဲ့တာပါ အလျင်လိုနေလို့ အများကြီး မယူလာခဲ့မိဘူး နောက်ကျရင် လူလွှတ်ပြီး ပိုပို့ပေးပါ့မယ်"
ရွှန်းဝူကူ ပြောနေတဲ့ ပန်းမန်တွေက ဘယ်လို အမျိုးအစားလဲ ဆိုတာ ဖန်းနျန်ပိုင် မသိပေမယ့် တန်ဖိုးက သိပ်နိမ့်မှာ မဟုတ်ဘူးလို့ သူ တွက်ဆလိုက်လေသည်။
ဒါကြောင့် သမီးဖြစ်သူနဲ့ နောက်တစ်ကြိမ် တိုင်ပင်ပြီးနောက် သိုလှောင်လက်စွပ် နှစ်ကွင်းကို သူ လက်ခံလိုက်လေသည်။
"မျိုးနွယ်စု ခေါင်းဆောင်ဖန်း က တကယ် ပွင့်လင်းတဲ့ လူပဲ" ဖန်းနျန်ပိုင် ဘက် လက်သီးဆုပ်ပြီး ရွှန်းဝူကူ ဆက်ပြောလိုက်လေသည်။
"အဲ့ဒါတွေက မိတ်ဆက် လက်ဆောင်တွေပါ ဒါက ဒီနေ့ ခင်ဗျားအတွက် ပြင်ဆင်လာတဲ့ တောင်းပန် လက်ဆောင်ပါ ကျေးဇူးပြုပြီး ခင်ဗျား လက်ခံရပါမယ်"
ရွှန်းဝူကူ စကားပြောရင်း သူ့ သိုလှောင်လက်စွပ် ထဲကနေ ဖျော့တော့တဲ့ ငွေရောင် အလင်းတန်း ထုတ်လွှတ်နေတဲ့ အပြာရောင် ပန်းတစ်ပွင့် ထုတ်လိုက်လေသည်။
"ဒီပန်းကို စစ်မှန်သော သိုင်းပန်း လို့ ခေါ်ပါတယ် မျိုးနွယ်စု ခေါင်းဆောင်ဖန်း နဲ့ ရင်းနှီးမယ်လို့ ယုံကြည်ပါတယ်"
ဒါပေါ့ ဖန်းနျန်ပိုင် ရင်းနှီးတာပေါ့။
ဆေးပင် စီးပွားရေး လုပ်တဲ့ ကုန်သည် တစ်ယောက် အနေနဲ့ ထူးခြားဆန်းပြား ပွင့်ဖတ် အဆင့်သတ်မှတ်ချက် ရဲ့ ထိပ်တန်း တစ်ရာဝင်တဲ့ စစ်မှန်သော သိုင်းပန်း ကို သူ ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ။
'ဒီ ရွှန်းမိသားစုက ကုန်ကျစရိတ်ကို တကယ် မနှမြောပါလား'
ဒါကို သဘောပေါက်လိုက်ပြီး ဖန်းနျန်ပိုင် သူ့သမီးကို ကြည့်ဖို့ လှည့်လိုက်ပြန်လေသည်။
သူမ နောက်တစ်ကြိမ် ခေါင်းညိတ်တာ မြင်တော့ ဖန်းနျန်ပိုင် စစ်မှန်သော သိုင်းပန်း ကို လက်ခံလိုက်ပြီး ပြောလိုက်လေသည်။
"မျိုးနွယ်စု ခေါင်းဆောင်ရွှန်း က အများကြီး သုံးစွဲလွန်းပါပြီ"
"လုံးဝ မဟုတ်ပါဘူး ကျွန်တော်တို့ မိသားစုက ဒီခွေးကောင်က ခင်ဗျားရဲ့ လေးစားရတဲ့ သမီးကို ကြောက်လန့်စေခဲ့တာပါ"
ဖန်းနျန်ပိုင် ဘက် လက်သီးဆုပ်ပြီးနောက် ရွှန်းဝူကူ ဖန်းချိုးယောင် ကို ပြန်ကြည့်ကာ ပြောလိုက်လေသည်။
"မိန်းကလေးဖန်း က ဉာဏ်ကောင်းပြီး ကြင်နာတတ်တဲ့ နှလုံးသား ရှိပါတယ် ခင်ဗျားကို ဒီနေရာမှာ ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်"
ရွှန်းဝူကူ ဘာလို့ ကျေးဇူးတင်နေလဲ ဆိုတာ ဖန်းချိုးယောင် သေချာပေါက် သိလေသည်။
ဒီအခြေအနေမျိုးမှာ ရွှန်းမိသားစုရဲ့ တောင်းပန်မှုကို လက်ခံဖို့ သူမရဲ့ ဆန္ဒရှိမှုက သူတို့ကို ပေးနိုင်တဲ့ အကြီးမားဆုံး မျက်နှာသာ ဖြစ်လေသည်။
ရွှန်းဝူကူ ကို ပြန်လည် ဂါရဝပြုပြီး ဖန်းချိုးယောင် ပြောလိုက်လေသည်။
"ဒီကိစ္စ ဒီမှာတင် ပြီးဆုံးသွားဖို့နဲ့ နောက်ထပ် ရှုပ်ထွေးမှုတွေ မရှိဖို့ မျှော်လင့်ပါတယ်"
"ဒါပေါ့ ဒါပေါ့" ရွှန်းဝူကူ နှစ်ခါ ပြန်ဖြေလိုက်ပြီး ခေါင်းမော့တော့မယ့် ရွှန်းယင်း ကို ဖိချလိုက်လေသည်။
"ပြန်ရောက်တဲ့ အခါ ဒီကောင်တွေကို ကောင်းကောင်း ဆုံးမပြီး ဒီလို အဓိပ္ပာယ် မရှိတဲ့ ကိစ္စတွေ ထပ်မလုပ်ဖို့ လုံးဝ တားမြစ်လိုက်ပါ့မယ်"
ဖန်းချိုးယောင် လက်သီးဆုပ်လိုက်လေသည်။
"အဲ့ဒါ အကောင်းဆုံး ဖြစ်မှာပါ"
"ကောင်းပြီ နားလည်မှုလွဲတာ ပြေလည်သွားပြီ ဆိုတော့ ငါတို့ ဆက်မနေတော့ပါဘူး မျိုးနွယ်စု ခေါင်းဆောင်ဖန်း သဘောမထားဘူး ဆိုရင် အနာဂတ်မှာ စီးပွားရေး ဆက်ဆံမှုတွေ ပိုလုပ်လို့ ရပါတယ် ငါ သေချာပေါက် ကျေနပ်လောက်တဲ့ ဈေးနှုန်း ပေးပါ့မယ်"
ဆိုရိုးစကား ရှိသလိုပဲ ပြုံးနေတဲ့ မျက်နှာကို ဘယ်သူမှ ပါးမရိုက်ကြဘူးလေ။
ရွှန်းမျိုးနွယ်စု ခေါင်းဆောင်က ဒီလောက် ပြောလာမှတော့ ဖန်းနျန်ပိုင် လည်း သဘာဝကျကျ ယဉ်ကျေးစွာ ပြန်ဖြေလိုက်လေသည်။
"အခွင့်အရေး သေချာပေါက် ရှိလာမှာပါ ပြီးတော့ မျိုးနွယ်စု ခေါင်းဆောင်ရွှန်း ခင်ဗျားက အဝေးကြီးက လာခဲ့တာ မပြန်ခင် ရိုးရှင်းတဲ့ ထမင်းတစ်နပ်လောက် စားသွားပါလား"
"မလိုပါဘူး မလိုပါဘူး မျိုးနွယ်စုထဲမှာ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိသေးတယ် ကျွန်တော်တို့ အနှောင့်အယှက် မပေးတော့ပါဘူး နှုတ်ဆက်ပါတယ်"
"ကောင်းပြီ ဒါဆို ခင်ဗျားတို့ အားလုံးကို လိုက်ပို့ပေးမယ်"
"မလိုပါဘူး မျိုးနွယ်စု ခေါင်းဆောင်ဖန်း ကျေးဇူးပြုပြီး နေခဲ့ပါ ကျွန်တော်တို့ ဘာသာ ပြန်လို့ ရပါတယ်"
ပြောပြီးနောက် ရွှန်းဝူကူ ဖန်းနျန်ပိုင် ဘက် လက်သီးဆုပ်ကာ ပင်မ ခန်းမဆောင် အပြင်ဘက် ထွက်သွားလိုက်လေသည်။
တခြား ရွှန်းမျိုးနွယ်စုဝင်တွေ ဒါကို မြင်တော့ ဖန်းမိသားစုဝင်တွေကို တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ်ပြီးမှ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ခြေရာ နောက် လိုက်သွားကြလေသည်။
မြို့ငယ်လေး အပြင်ဘက် ရောက်တဲ့ အခါ ရွှန်းဝူကူ ရဲ့ ပြုံးနေတဲ့ မျက်နှာက တဖြည်းဖြည်း တည်တင်းလာပြီး ဖြည်းဖြည်းချင်း ရပ်တန့်လိုက်လေသည်။
မျိုးနွယ်စု ခေါင်းဆောင် ရပ်တန့်သွားတာ မြင်တော့ တခြား မျိုးနွယ်စုဝင်တွေ သဘာဝကျကျ ချက်ချင်း ရပ်တန့်လိုက်ကြပြီး ရှေ့မတိုးရဲကြတော့ပေ။
ခေါင်းလှည့်ပြီး မျိုးနွယ်စုဝင် အားလုံးကို သူ စကင်ဖတ်လိုက်ရာ သူ့အကြည့်က ရွှန်းယင်း ရဲ့ အရှက်ကွဲနေတဲ့ မျက်နှာပေါ် နောက်ဆုံး ကျရောက်သွားလေသည်။
"ဖန်းမိသားစုကို ဒုက္ခပေးဖို့ ဘယ်သူမဆို သေးသိမ်တဲ့ နည်းလမ်းတွေ သုံးရဲတယ်လို့ ငါ သိရင် ကိုယ့်မိသားစု အပေါ် သက်ညှာမှု မရှိဘူး ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"
မျိုးနွယ်စု ခေါင်းဆောင်ရဲ့ အာဏာကို ခံစားလိုက်ရပြီး လူတိုင်း ခေါင်းငုံ့ကာ လက်သီးဆုပ်လိုက်ကြလေသည်။
"ဟုတ်ကဲ့"
"ပြန်ရောက်ရင် မင်းကို ကောင်းကောင်း ဆုံးမမယ်" ရွှန်းယင်း ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် ရွှန်းဝူကူ သူ့ရဲ့ ပျံသန်းယာဉ် ကို ဆင့်ခေါ်လိုက်ပြီး ပြောလိုက်လေသည်။
"သွားကြစို့"
...
တခြား တစ်ဖက်မှာတော့ ဖန်းမိသားစုက ပျော်ရွှင်မှု ပင်လယ်ဝေနေကြလေသည်။
ကပ်ဘေးကြီး ကျရောက်လာပြီလို့ သူတို့ ထင်ခဲ့ပေမယ့် ဘေးအန္တရာယ်ကနေ လုံခြုံမှု အဖြစ် ပြောင်းလဲနိုင်ခဲ့ရုံ သာမက အကျိုးအမြတ် အများကြီးလည်း ရရှိခဲ့လေသည်။
"အို သမီးကောင်းလေး ချစ်သမီးလေး အဖေ သမီးကို တောင်းပန်ပါတယ် သမီးစကားကို သံသယ မဝင်ခဲ့သင့်ဘူး မြန်မြန် အဖေ့ကို ပြောပြ ရွှန်းမိသားစုကို ဒီအတိုင်းအတာ ထိ ကြောက်လန့်သွားအောင် ဘယ်လို ပညာရှင်ကြီးကို သမီး ရှာတွေ့ခဲ့တာလဲ"
ဖန်းနျန်ပိုင် မေးခွန်း မေးလိုက်တဲ့ အခါ ပျော်ရွှင်စွာ အော်ဟစ်နေတဲ့ လူအုပ်ကြီး ချက်ချင်း တိတ်ဆိတ်သွားလေသည်။
ဘာလို့လဲဆိုတော့ ရွှန်းမျိုးနွယ်စု ခေါင်းဆောင် ကိုယ်တိုင် လာရောက် တောင်းပန်ရလောက်အောင် ဘယ်သူက ဒီလောက် ကြောက်စရာ ကောင်းတဲ့ အင်အား ရှိလဲ ဆိုတာ သူတို့လည်း အလွန် သိချင်နေကြလို့ ဖြစ်လေသည်။
ဒါပေမဲ့ ဖန်းချိုးယောင် ခေါင်းခါလိုက်လေသည်။
"အဲ့ဒီ ပညာရှင်က သူ့နာမည်ကို ထုတ်ပြောတာ မလိုလားဘူး"
ဒါကို ကြားတော့ ဖန်းနျန်ပိုင် နည်းနည်း စိတ်ပျက်သွားပေမယ့် မျှော်လင့်ထားပြီးသား ကိစ္စလို့ ခံစားလိုက်ရလေသည်။
ဘာပဲဖြစ်ဖြစ် သူမ ပြောနိုင်ရင် မနေ့ကတည်းက သူ့သမီးက ပြောပြပြီးသား ဖြစ်မှာပါ၊ အခုလို လျှို့ဝှက်မနေဘဲ ရွှန်းမိသားစု ရောက်လာမှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က သူမကို ကာကွယ်ပေးနေကြောင်း ထုတ်ဖော်ပြသမှာ မဟုတ်ပေ။
"ပညာရှင်တွေက ဒီလိုပဲ ပြုမူတတ်ကြတယ် နားလည်ပါတယ် နားလည်ပါတယ် ဒါဆို ချစ်သမီးလေး အဲ့ဒီ ပညာရှင်ကို ငါတို့ မိသားစု တစ်ခုလုံး ကိုယ်စား သေချာ ကျေးဇူးတင်ပေးရမယ် လုံးဝ ပေါ့ဆလို့ မဖြစ်ဘူးနော်"
"စိတ်မပူပါနဲ့ အဖေ သမီး သိပါတယ်"
တကယ်တော့ ရွှန်းမိသားစု စတင် တောင်းပန်ကတည်းက သူမရဲ့ စီနီယာအစ်ကို ကို ဘယ်လို ကျေးဇူးဆပ်ရမလဲ ဆိုတာ ဖန်းချိုးယောင် စဉ်းစားနေခဲ့တာ ဖြစ်လေသည်။
ဒါပေမဲ့ အကြိမ်ကြိမ် စဉ်းစားပြီးတဲ့ နောက်မှာ သူမ စီနီယာအစ်ကို လိုချင်မယ့် အရာ တစ်ခုမှ သူမမှာ ရှိတယ်လို့ မခံစားရပေ။
ဒါကြောင့် သူမ ပိုကြိုးစား ကျင့်ကြံဖို့သာ ဆုံးဖြတ်နိုင်ခဲ့သည်၊ နည်းနည်းလေးပဲ ဖြစ်ဖြစ် စီနီယာအစ်ကို ကို စောစော ကူညီပေးနိုင်အောင် ကြိုးစားဖို့ပေါ့။
မျိုးနွယ်စု ခေါင်းဆောင်တောင် ဆက်မမေးတော့တာ မြင်တော့ တခြား ဖန်းမိသားစုဝင်တွေလည်း သူတို့ရဲ့ သိချင်စိတ်ကို ရင်ထဲ ပြန်ဖုံးကွယ်ထားရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
လူတိုင်း လုံလောက်အောင် အောင်ပွဲခံပြီးနောက် ဖန်းချိုးယောင် ရှေ့တိုးလာပြီး ဖန်းနျန်ပိုင် ရဲ့ နားနား ကပ်ကာ တီးတိုး ပြောလိုက်လေသည်။
"အဖေ အဖေ့ကို သီးသန့် ပြောချင်တဲ့ ကိစ္စ တစ်ခု ရှိတယ်"
ဖန်းနျန်ပိုင် ခေါင်းညိတ်လိုက်ပြီး လှမ်းခေါ်လိုက်လေသည်။
"မန်ဝမ် မီးဖိုချောင်ကို သွားပြီး ကောင်းမွန်တဲ့ အစားအသောက်နဲ့ ဝိုင်တွေ ပိုပြင်ဆင်ခိုင်းလိုက် ဒီည ငါတို့ သေချာ အောင်ပွဲခံကြမယ်"
လှပတဲ့ အမျိုးသမီး ကြားလိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်လေသည်။
"နားလည်ပါပြီ ယောက်ျား ချစ်သမီးလေး စိတ်တည်ငြိမ်အောင် ကူညီဖို့ ဒီည ကိုယ်တိုင် ချက်ပြုတ်ပေးပါ့မယ်"
ဖန်းချိုးယောင် ပြုံးပြီး ပြောလိုက်လေသည်။
"ဒါဆို အရမ်း ကောင်းမှာပဲ အမေ့ လက်ရာ မစားရတာ တော်တော် ကြာပြီ"
"သမီးဆိုးလေး အိမ်မှာ ဘယ်တုန်းကမှ မကပ်လို့ ဖြစ်ရတာ စောင့်နေ ဒီနေ့ သမီး အကြိုက်ဆုံး ဟင်းတွေ အကုန် အမေ ချက်ပေးမယ် အကုန် မကုန်မချင်း စားပွဲက ထခွင့်မရှိဘူး"
"ဟုတ်ကဲ့ သမီး သေချာပေါက် အကုန် စားပါ့မယ်"
ပျော်ရွှင်တဲ့ ရယ်မောသံတွေ ကြားမှာ ဖန်းချိုးယောင် ဖန်းနျန်ပိုင် နောက်လိုက်ပြီး ပင်မ ခန်းမဆောင်ထဲ ပြန်ဝင်သွားသည်၊ အဲ့ဒီနောက် ပုံမှန်အားဖြင့် ဘယ်သူမှ ဝင်ခွင့်မရှိတဲ့ တိမ်တိုက်ကျဆင်းရာ ခန်းမဆောင် ထဲ ဝင်သွားလိုက်ကြလေသည်။
ပုံမှန်လိုပဲ ခန်းမဆောင်ထဲက ပုံတူပန်းချီကား တစ်ချပ် အတွက် အမွှေးတိုင် ၃ တိုင် ထွန်းညှိပြီးနောက် ဖန်းနျန်ပိုင် နောက်လှည့်ပြီး ဖန်းချိုးယောင် ကို မေးလိုက်လေသည်။
"အဲ့ဒီ ပညာရှင် ကိစ္စလား"
"ဟုတ်ပါတယ်"
ဖန်းချိုးယောင် ခေါင်းညိတ်လိုက်လေသည်။
"တကယ်တော့ ဒီတစ်ခါ ရွှန်းမိသားစု ကံဆိုးသွားတာပါ တိုက်ဆိုင်စွာနဲ့ ဒီပညာရှင်က မဟာယာန လျှို့ဝှက်ရေစင် ကို လိုအပ်နေတယ် ဒါကြောင့် သူက သမီးကို ကူညီဖို့ ဆန္ဒရှိခဲ့တာပါ ဒါကြောင့်..."
ဖန်းနျန်ပိုင် ချက်ချင်း နားလည်သွားလေသည်။
"ဒါကြောင့် သမီးက မဟာယာန လျှို့ဝှက်ရေစင် ကို အဲ့ဒီ ပညာရှင်ဆီ ပေးချင်တယ် ဟုတ်လား"
"ဟုတ်... တကယ်တော့ မနေ့ညက သမီး..."
"ဘာမှ ဆက်မပြောနဲ့တော့ အဖေ နားလည်တယ် မဟာယာန လျှို့ဝှက်ရေစင် ကို သမီးအတွက် အခုပဲ သွားယူပေးမယ်"
သူ့အဖေ ထွက်သွားဖို့ ပြင်နေတာ မြင်တော့ ဖန်းချိုးယောင် ချက်ချင်း လှမ်းခေါ်လိုက်လေသည်။
"အဖေ... ကျေးဇူးတင်ပါတယ် သမီးရဲ့ ပျော်ရွှင်မှု အတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဆန္ဒရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ဖန်းနျန်ပိုင် နောက်လှည့်လာပြီး ဖန်းချိုးယောင် ကို ညင်သာစွာ ဖက်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"အ ကလေးမလေး အဖေ တစ်ယောက်က သားသမီး အတွက် အရာအားလုံး ပေးဆပ်ဖို့ ဆန္ဒရှိတာပေါ့ ဒီမိသားစု အတွက် ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ဆန္ဒရှိတဲ့ အတွက် အဖေကလည်း သမီးကို ကျေးဇူးတင်ရမှာပါ"
ဖန်းချိုးယောင် ကိုယ့်ဘာသာကိုယ် ထွက်ပြေးဖို့ အခွင့်အရေး ရှာနိုင်မှန်း ဖန်းနျန်ပိုင် ဘယ်လိုလုပ် မသိဘဲ နေမလဲ။ သမီးဖြစ်သူ ထွက်ပြေးလို့ ရကြောင်း သူ အကြိမ်ကြိမ် အရိပ်အမြွက်တောင် ပေးခဲ့ဖူးသည်၊ ဒါပေမဲ့ ဖန်းချိုးယောင် က မိသားစုနဲ့ အတူ ပြတ်ပြတ်သားသား နေရစ်ခဲ့ပြီး ဒီရုတ်တရက် လူလုပ် ဘေးအန္တရာယ်ကို အတူတူ ရင်ဆိုင်ခဲ့လေသည်။
"အဖေ..."
သူ့အဖေရဲ့ အလွန် နူးညံ့တဲ့ စကားတွေကို ကြားတော့ စိတ်ခံစားချက်တွေကို အချိန်အကြာကြီး ဖိနှိပ်ထားခဲ့တဲ့ ဖန်းချိုးယောင် နောက်ဆုံးတော့ အော်ငိုလိုက်မိလေသည်။
ဒီမျက်ရည်တွေထဲမှာ နစ်နာမှုတွေ ရှိသည်၊ ဝမ်းနည်းမှုတွေ ရှိသည်၊ ပြီးတော့ နောက်ဆုံး လွတ်မြောက်မှုရဲ့ ပျော်ရွှင်မှုတွေ ပိုများလေသည်။
ဖန်းနျန်ပိုင် ဖန်းချိုးယောင်ရဲ့ ကျောကို ညင်သာစွာ ပုတ်ပေးပြီး မယုံနိုင်လောက်အောင် သန်မာတဲ့ သူ့သမီးကို တိုးတိုးလေး နှစ်သိမ့်ပေးလိုက်လေသည်။
"ပြီးသွားပါပြီ... အခု အားလုံး ပြီးသွားပါပြီ"