← Chapters

သေလူ

Vol. 38 Ch. 448

သေလူ

Vol. 38 Ch. 448

ပြီးခဲ့တဲ့ တစ်ခေါက်က သူ လာလည်ခဲ့တဲ့ တမလွန်ကမ္ဘာ အငွေ့အသက် အလွန် ပြင်းထန်တဲ့ တဲအိမ်လေးဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကျန်းပေရန် လက်မြှောက်ကာ တံခါးကို နှစ်ချက် ခေါက်လိုက်လေသည်။

အဲ့ဒီနောက် "ကျွီ" ဆိုတဲ့ အသံနဲ့အတူ သစ်သား တံခါးက သူ့အလိုလို ပွင့်သွားလေသည်။

အတွင်းထဲကို ကြည့်လိုက်ရာ တဲအိမ်လေးရဲ့ အပြင်အဆင်က အရင်လိုပဲ မှောင်မိုက်နေလေသည်။

ဒီတစ်ခေါက် နံရံတွေထဲကနေ သွေးတွေတောင် အဆက်မပြတ် စီးကျနေလေသည်။

တဲအိမ်လေးက သေခါနီး ဖြစ်နေတာလား၊ ထူးဆန်းတဲ့ အရာ တစ်ခုခု နံရံတွေထဲ တကယ် မြှုပ်နှံထားတာလား ဆိုတာ ပြောရခက်လေသည်။

အဲ့ဒီအချိန်မှာ မီးတောက် တစ်ခု ရုတ်တရက် တောက်လောင်လာပြီး စားပွဲပေါ်က ဖယောင်းတိုင်ကို ထွန်းညှိလိုက်လေသည်။

"နောက်တစ်ခါ လာရင် တရားဝင် အလည်အပတ် ကတ်ပြား အရင် ပေးပို့ပါ"

ထန်ကျင်းရန် ရဲ့ အသံက အရင်လိုပဲ အေးစက်နေပြီး စိတ်ခံစားမှု လုံးဝ ကင်းမဲ့နေလေသည်။

ကျန်းပေရန် နားထောင်ပြီး ဦးညွှတ်လိုက်လေသည်။

"တောင်းပန်ပါတယ် ငါ ရိုင်းပြမိသွားတယ် အခု ဝင်လာလို့ ရမလား"

"ရပါတယ်"

"ကျေးဇူးတင်ပါတယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး အပြင်မှာ စောင့်နေဖို့ လင်းတန်း ကို ပြောကာ မော့ရှာ နဲ့ အတူ တဲအိမ်လေးထဲ ဝင်သွားလိုက်လေသည်။

မော့ရှာ ဝင်လာတဲ့ အခါ ထန်ကျင်းရန် သူ့ကို ခဏလောက် အကဲခတ်လိုက်ပြီး ပြီးခဲ့တဲ့ တစ်ခေါက်က ကျန်းပေရန် တောင်းဆိုခဲ့တဲ့ သရဲကျင့်စဉ် နည်းစနစ်ကို လက်ခံရရှိခဲ့တဲ့သူ ဘယ်သူလဲ ဆိုတာ ချက်ချင်း နားလည်သွားလိုက်လေသည်။

စားပွဲမှာ ဝင်ထိုင်လိုက်ပြီး ကျန်းပေရန် သူမ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားဆဲ ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သရဲလေးကို အရင် တစ်ချက် ကြည့်လိုက်ကာ ထန်ကျင်းရန် ကို မေးလိုက်လေသည်။

"ကြည့်ရတာ မင်းရဲ့ ယဉ်ပါးအောင် လုပ်တဲ့ ကြိုးပမ်းမှုက သိပ်မထိရောက်ဘူး ထင်တယ်"

"ဘာလို့လဲဆိုတော့ သူ ဘယ်လို သေဆုံးခဲ့လဲ ဆိုတာ ပြောပြဖို့ ငြင်းဆန်နေတုန်းမို့လို့ပါ"

ပြီးခဲ့တဲ့ တစ်ခေါက်က ကျန်းပေရန် ရဲ့ သင်ခန်းစာ ပေးတာ ခံထားရလို့ သရဲလေးက သူ့ကို မြင်တဲ့ အခါ ကြောက်လန့်နေတုန်း ဖြစ်ပေမယ့် ထန်ကျင်းရန် ရဲ့ လည်ပင်းကို ဆုပ်ကိုင်ထားတဲ့ လက်တွေက နည်းနည်းလေးမှ လျော့ရဲမသွားပေ။

ဒါကို မြင်တော့ ကျန်းပေရန် သူ့ဝိညာဉ်အာရုံကို သုံးပြီး ထန်ကျင်းရန် ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ကာ ပြောလိုက်လေသည်။

"မိတ်ဖက် တစ်ယောက် အနေနဲ့ ငါ မင်းကို သတိပေးရမယ် မင်းခန္ဓာကိုယ်ရဲ့ အတွင်းဒဏ်ရာက တော်တော် ပြင်းထန်နေပြီ ဒီသရဲလေးကို ဒီလို ဆက်ဖက်တွယ်ထားခွင့် ပေးမယ် ဆိုရင် မင်း သေဆုံးသွားနိုင်တယ်"

"ကျွန်မက သေလူ ဖြစ်နေပါပြီ"

'သောက်ကျိုးနည်း'

ထန်ကျင်းရန် ဆီကနေ ဒီလို အဖြေမျိုး ရလိမ့်မယ်လို့ ကျန်းပေရန် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။

ထန်ကျင်းရန် က ခေါင်းအစ ခြေအဆုံး၊ အတွင်းအပြင်၊ သူမအသံ အပါအဝင် သာမန်လူ တစ်ယောက်နဲ့ မတူပေမယ့် သူမမှာ ထူးခြားတဲ့ ပင်ကိုယ်စရိုက် ရှိတယ်လို့ပဲ ကျန်းပေရန် အမြဲ ထင်ခဲ့မိလေသည်။

သူမက တကယ် သေဆုံးနေတဲ့ လူတစ်ယောက် ဖြစ်နေမယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။

ဒါဆို သူမက အလောင်းကောင် တစ်ခုကို ဝင်ရောက် ပူးကပ်ထားတာလား... ဒါမှမဟုတ် သူမက သေဆုံးနေပေမယ့် မတောင့်တင်းသေးတာလား။ ပြီးတော့ ဒီအခြေအနေနဲ့ သူ ဘယ်လို အသက်ရှင်နေတာလဲ၊ ကျင့်ကြံတောင် ကျင့်ကြံနေသေးတယ်...

တစ်ခဏချင်းမှာပဲ မေးခွန်းပေါင်းများစွာ ကျန်းပေရန် ရဲ့ စိတ်ထဲ ပေါ်လာခဲ့ပေမယ့် သူ အော်ဟစ်ချင်ဆုံး အရာ တစ်ခုကတော့...

'ဒါက တကယ့် သောက်ကျိုးနည်း သရဲကျင့်ကြံသူ စစ်စစ်ကြီးပဲ အတုအယောင် မဟုတ်ဘူး'

ဒါပေမဲ့ ဒီမေးခွန်းတွေကို ပေါ့ပေါ့တန်တန် မမေးသင့်မှန်း ကျန်းပေရန် သိတာကြောင့် ပြန့်ကျဲသွားတဲ့ အတွေးတွေကို ပြန်လည် စုစည်းပြီးနောက် သူ ဆက်ပြောလိုက်လေသည်။

"ကောင်းပြီ ငါ အဲ့ဒါ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ ဒီတစ်ခေါက် အလည်အပတ်မှာ မင်းရဲ့ အကူအညီ လိုချင်တဲ့ ကိစ္စ နှစ်ခု ရှိတယ် ပထမ တစ်ခုက ငါ့နောက်က သရဲမှာ ဘာထူးခြားချက် ရှိလဲ ဆိုတာ မင်း သိလား"

တကယ်တော့ ကျန်းပေရန် တံခါးဝ ဝင်လာကတည်းက သူ့နောက်က လိုက်ပါလာတဲ့ ကြိုးကြာဖြူ ဝတ်ရုံနဲ့ သရဲကို ထန်ကျင်းရန် သတိထားမိပြီးသား ဖြစ်လေသည်။

ဒါကြောင့် ကျန်းပေရန် ရဲ့ မေးခွန်းကို ကြားတော့ ထန်ကျင်းရန် ပြန်ဖြေလိုက်လေသည်။

"ထူးခြားချက် ဆိုတာ ဘာကို ဆိုလိုတာလဲ"

တကယ်တော့ ကြိုးကြာဖြူ ဝတ်ရုံနဲ့ သရဲနဲ့ အတူ သူ ဝင်လာတုန်းက ထန်ကျင်းရန် ဆီက ဘာတုံ့ပြန်မှုမှ မရှိတာ မြင်တော့ ဒီနေ့ အများကြီး အကျိုးရှိမှာ မဟုတ်ဘူးလို့ ကျန်းပေရန် ခံစားလိုက်ရလေသည်။

အခု ထန်ကျင်းရန် က သူ့ကို မေးခွန်း ပြန်မေးလာတာ ကြားတော့ သူ ပိုလို့တောင် စိတ်ပျက်သွားလေသည်။

လက္ခဏာ အားလုံး အရ ထန်ကျင်းရန် လည်း ဒီလို သရဲမျိုး တစ်ခါမှ မမြင်ဖူးကြောင်း ရှင်းလင်းနေလေသည်။

ဒါကြောင့် ကျန်းပေရန် က လမ်းညွှန်မှု တောင်းခံတဲ့ သဘောထား ကနေ ပညာရပ်ဆိုင်ရာ ဆွေးနွေးမှု ပုံစံ ပြောင်းလိုက်ပြီး ရှင်းပြလိုက်လေသည်။

"ပထမ အချက်က သူ စကားမပြောနိုင်ဘူး ဒုတိယ အချက်က သူက လူတွေကို သိုင်းပညာ သင်ပေးနိုင်တယ် တတိယ အချက်က သူ သရဲတွေကို သတ်နိုင်တယ်၊ အဲ့ဒါမှ အရမ်း ဒုက္ခပေးတတ်တဲ့ လက်စားချေ ဝိညာဉ် မျိုးကိုတောင် သတ်နိုင်တယ်"

နားထောင်ပြီးနောက် ထန်ကျင်းရန် ပြန်ဖြေလိုက်လေသည်။

"ဒါဆို သူ့အတိတ်ဘဝက ကျင့်ကြံခြင်း အဆင့်က အရမ်း မြင့်မားခဲ့တာ ဖြစ်နိုင်တယ်"

"ဖြစ်နိုင်တယ် ဟုတ်လား" မရေရာတဲ့ အဖြေကြောင့် ကျန်းပေရန် ကျေနပ်ပုံ မရပေ။

"ဟုတ်တယ်"

ထန်ကျင်းရန် ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မဆရာက သင်ပေးဖူးတယ်..."

'သူမမှာ ဆရာ ရှိတယ် ဟုတ်လား'

ထန်ကျင်းရန် က 'ဆရာ' ဆိုတဲ့ စကားလုံး ပြောလိုက်တာ ကြားတော့ ကျန်းပေရန် နောက်တစ်ကြိမ် မှင်သက်သွားလေသည်။

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သရဲကျင့်ကြံသူတွေ အားလုံးက တစ်သီးပုဂ္ဂလ သမားတွေ ဖြစ်ကြောင်း သူမဆီကနေ သူ သိခဲ့ရတာ မကြာသေးပေ။

ဆရာ တစ်ယောက် ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာတာလဲ။

သူ့သံသယကို ခဏ ဖိနှိပ်ထားလိုက်ပြီး ကျန်းပေရန် သူမ စကားကို ဆက်နားထောင်လိုက်လေသည်။

"ကျင့်ကြံသူ တစ်ယောက်က အသက်ရှင်နေစဉ်မှာ ပိုစွမ်းအားကြီးလေလေ သရဲ ဘဝ ပြောင်းသွားတဲ့ အခါ ပိတ်လှောင်ခံရမယ့် အရာတွေ ပိုများလေလေပဲ မှတ်ဉာဏ်တွေ၊ ဘာသာစကား၊ နည်းစနစ်တွေ၊ ထိုးထွင်းသိမြင်မှုတွေ စတာတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ် သူတို့က အတိတ်ဘဝက စွဲလမ်းမှုတွေ (သို့) နှစ်သက်မှုတွေ အပေါ် အခြေခံပြီး လှုပ်ရှားလေ့ ရှိကြတယ်"

'ဒါကြောင့်ကိုး...'

ထန်ကျင်းရန် ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းပေရန် အတွက် အရာအားလုံး ရှင်းလင်းသွားလေသည်။

'ကြည့်ရတာ ကြိုးကြာဖြူ ဝတ်ရုံနဲ့ သရဲက သူ့အတိတ်ဘဝမှာ အလွန် စွမ်းအားကြီးတဲ့ ပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီး စစ်တုရင် လမ်းစဉ်မှာ အထွတ်အထိပ် ရောက်ခဲ့တဲ့သူ ဖြစ်လောက်တယ်'

"ဒါဆို... သူ့မှတ်ဉာဏ်တွေကို ပြန်နှိုးဖို့ နည်းလမ်း ရှိလား" ကျန်းပေရန် စမ်းသပ် မေးမြန်းလိုက်လေသည်။

"မသိဘူး"

ထန်ကျင်းရန် ရဲ့ အဖြေက အရင်လိုပဲ ပြတ်သားပြီး တိုတောင်းလေသည်။

"လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အခု ဒုတိယ ကိစ္စပါ"

ပြောပြီးနောက် ကျန်းပေရန် မော့ရှာ ကို စားပွဲရှေ့ တွန်းပို့လိုက်လေသည်။

"သူ့ကို ဘယ်လို ကျင့်ကြံရမလဲ ဆိုတာ မင်း သင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ကျွန်မ ဘယ်သူ့ကိုမှ မသင်ပေးဘူး"

"ငါ ပိုက်ဆံ ထပ်ပေးရင်ရော"

"ဘယ်လောက် ပိုပေးမှာလဲ"

'လက်တွေ့ကျလိုက်တာ...'

စိတ်ထဲကနေ တိတ်တဆိတ် ညည်းညူပြီးနောက် ကျန်းပေရန် ခဏ စဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။

"မြေကမ္ဘာအဆင့်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ တုံး၊ ပြီးတော့ မင်း ကြိုက်နှစ်သက်ရာ အဝါရောင်အဆင့် ဝိညာဉ်ဆေးလုံး တစ်လုံး ဘယ်လိုလဲ"

"သဘောတူတယ်"

"ကောင်းပြီ သဘောတူညီမှု ရပြီ ဆိုတော့ ငါ့မှာ တောင်းဆိုချက် နှစ်ခု ရှိတယ်"

"ပြောပါ"

"တစ်အချက် ငါ ပေးတဲ့ ဈေးက မနိမ့်ဘူး ဒါကြောင့် မင်းက သူ့ကို သရဲကျင့်ကြံခြင်းရဲ့ မဟာ ချီ ၄ မျိုး တင် မကဘဲ သရဲတွေကို ဘယ်လို ထိန်းချုပ်ရမလဲ၊ ခန္ဓာကိုယ်တွေကို ဘယ်လို ဝင်ရောက် ပူးကပ်ရမလဲ ဆိုတာပါ သင်ပေးစေချင်တယ် အဲ့ဒါ မျှတတယ် မဟုတ်လား"

"မျှတပါတယ်"

"နှစ်အချက် တိုက်ပွဲမှာ သူ့ကို ကူညီဖို့ သရဲစစ်သူကြီး တစ်ကောင်ကို လက်အောက်ခံ ဖြစ်အောင် ကူညီပေးပါ အကောင်းဆုံးကတော့... ငါ ဘာဆိုလိုလဲ မင်း သိသင့်ပါတယ်"

"မသိဘူး"

"..."

'ငါ သေလူ တစ်ယောက်နဲ့ စကားပြောနေတာ ငါ သေလူ တစ်ယောက်နဲ့ စကားပြောနေတာ ငါ သေလူ တစ်ယောက်နဲ့ စကားပြောနေတာ...'

သူ့ကိုယ်သူ နားချပြီးနောက် ကျန်းပေရန် ဆက်ပြောလိုက်လေသည်။

"ငါ ဆိုလိုတာက ဒီ ကြိုးကြာဖြူ ဝတ်ရုံနဲ့ သရဲက သူ့ရဲ့ သရဲစစ်သူကြီး ဖြစ်လာရင် အကောင်းဆုံး ဖြစ်မှာပါ ဖြစ်နိုင်မလား"

"ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်"

"ကောင်းပြီ မင်း ကတိပေးရင် ငါ ကျေနပ်ပါပြီ"

စနစ် ရွေးချယ်စရာတွေ လုံးဝ မပေါ်လာစေတဲ့ သူမလို လူမျိုး အတွက်... အာ သေလူ တစ်ယောက် အတွက် ကျန်းပေရန် လုံးဝ စိတ်ချလေသည်၊ ဒါကြောင့် ပိုပြောစရာ မလိုတော့ပေ။

"မော့ရှာ အခုက စပြီး သူမက သရဲကျင့်ကြံခြင်း လမ်းစဉ်မှာ မင်းရဲ့ ဆရာ ဖြစ်လာလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ"

ဒီနေရာက နည်းနည်း ဟောင်းနွမ်းပြီး၊ နည်းနည်း မှောင်မိုက်ကာ၊ နည်းနည်း ထူးဆန်းပြီး၊ သရဲတွေ နည်းနည်း များနေပေမယ့် အရင်က စိမ့်မြေတော ထဲမှာ အချိန်အကြာကြီး နေထိုင်ခဲ့ဖူးတဲ့ မော့ရှာ အတွက် ဒီလို ပတ်ဝန်းကျင်မျိုးနဲ့ ရင်းနှီးပြီးသား ဖြစ်လေသည်။

ဒါကြောင့် သူ့အတွက် ဘာပြဿနာမှ မရှိပေ။

ကိစ္စ နှစ်ခုလုံး ဖြေရှင်းပြီးနောက် ကျန်းပေရန် ထန်ကျင်းရန် ကို ကြည့်ပြီး ပြောလိုက်လေသည်။

"ကောင်းပြီ မင်း တောင်းဆိုချက် ပြောလို့ ရပြီ ဘယ် အဝါရောင်အဆင့် ဆေးလုံး လိုချင်တာလဲ"

"ကတ္တီပါမြက် ဆေးလုံး တစ်လုံး"

ဒီတောင်းဆိုချက်ကို ကြားလိုက်ရတဲ့ အခါ ကျန်းပေရန် အစပိုင်းမှာ မှင်သက်သွားပြီးနောက် သူမ တောင်းဆိုချက်က ရိုးရှင်းလွန်းတယ်လို့ ခံစားလိုက်ရလေသည်။

ကတ္တီပါမြက် ဆေးလုံး ရဲ့ အာနိသင်က သေဆုံးနေတဲ့ အသားစတွေကို အသက်ပြန်သွင်းပေးခြင်း ဖြစ်ပြီး ခေါင်းမာတဲ့ ရောဂါဝေဒနာတွေနဲ့ ဒဏ်ရာဟောင်းတွေကို ကုသရာမှာ အထူးပြုလေသည်။

ထန်ကျင်းရန် သာ တကယ် သေလူ တစ်ယောက် ဖြစ်နေရင်... ဒီ ကတ္တီပါမြက် ဆေးလုံး က သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လုံးဝ ပြန်လည် အသက်သွင်း ပေးနိုင်လေသည်။

"ပြဿနာ မရှိပါဘူး ဒါပေမဲ့... မင်းခန္ဓာကိုယ် လုံးဝ ပြန်လည် အသက်ဝင်လာပြီး အဲ့ဒီ အတိုင်း ဆက်ရှိနေစေချင်ရင် ကတ္တီပါမြက် ဆေးလုံး တစ်လုံးတည်းနဲ့ မလုံလောက်ဘူး"

"ရပါတယ်"

"..."

'ကြည့်ရတာ သေလူ တစ်ယောက်နဲ့ စကားပြောရင် ငါ တကယ် တိုက်ရိုက် ပြောမှ ရမယ် ထင်တယ်'

"ငါ ဆိုလိုတာက ကတ္တီပါမြက် ဆေးလုံးတွေ ပိုလိုချင်ရင် ငါနဲ့ ပစ္စည်းတွေ လဲလှယ်လို့ ရတယ်"

"ကောင်းပြီ လဲလှယ်ချင်တဲ့ အခါ ရှင့်ကို လာရှာပါ့မယ်"

"ဒါဆို သဘောတူလိုက်ပြီ"

ပြောပြီးနောက် ကျန်းပေရန် မတ်တတ်ရပ်ပြီး မော့ရှာ ရဲ့ ပခုံးကို ပုတ်လိုက်လေသည်။

"မင်း ပိုသန်မာလာချင်တယ် ဆိုမှတော့ ငိုတဲ့ ကလေး မလုပ်နဲ့ ဒီမှာ ဇွဲရှိရှိ နေပါ ဒါပေါ့ တစ်နေ့ကျရင် မင်း လက်လျော့ချင်လာရင် ငါ့ဆီ စာရေးလို့ ရတယ် မင်းကို လာကြိုပါ့မယ်"

မော့ရှာ ချက်ချင်း ဦးညွှတ်လိုက်လေသည်။

"ဆရာ့ကို လုံးဝ စိတ်ပျက်အောင် မလုပ်ပါဘူး"

"ကောင်းတယ်"

ကျန်းပေရန် မော့ရှာ ရဲ့ ပခုံးကို နှစ်ချက် ပုတ်ပေးပြီး တဲအိမ်လေး ထဲကနေ ထွက်ခွာသွားလိုက်လေသည်။

"နောက်တစ်ခါ လာရင် တရားဝင် အလည်အပတ် ကတ်ပြား ပေးပို့ဖို့ မမေ့နဲ့"

ကျန်းပေရန် တဲအိမ်လေး ထဲကနေ ထွက်ခွာခါနီးမှာ ထန်ကျင်းရန် ရဲ့ အေးစက်တဲ့ အသံက သူ့နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာလေသည်။

"သိပြီ"

ပြောပြီးနောက် ကျန်းပေရန် တံခါးကို ပိတ်လိုက်လေသည်။

"သ... သခင် ထွက်လာပြီ"

တိမ်လိပ်ပြွန် ကို ထုတ်ယူဖို့ ပြင်လိုက်တုန်း ရှဲ့လင်းတန်း ရဲ့ ခြေထောက်တွေ ပြင်းပြင်းထန်ထန် တုန်ယင်နေတာ ကျန်းပေရန် သတိထားမိလိုက်လေသည်။

နားမလည်စွာနဲ့ ကျန်းပေရန် မေးလိုက်လေသည်။

"မင်းလည်း အဲ့ဒီ သရဲတွေကို မြင်နေရတာလား"

ဒါကို ကြားတော့ ရှဲ့လင်းတန်း တုန်လှုပ်သွားပြီး တုန်ယင်နေတဲ့ အသံနဲ့ ပြန်ဖြေလိုက်လေသည်။

"သ... သခင် မ... မခြောက်ပါနဲ့ ကျွန်မ ဘာမှ မမြင်ရဘူး"

"ဒါဆို ဘာလို့ တုန်နေတာလဲ"

"ဒီ... ဒီ... ဒီနေရာမှာ ယင် ချီ တွေ အများကြီး ရှိတယ်... အဲ့ဒါက... အဲ့ဒါက ကျွန်မ ရွာ နောက်က သင်္ချိုင်းကုန်း ထက်တောင် ပိုကြောက်စရာ ကောင်းတယ်"

ကျန်းပေရန် ချက်ချင်း နားလည်သွားလေသည်။

ဒီနေရာက သူနဲ့ မော့ရှာ လို ဝိညာဉ်အာရုံ အားကောင်းတဲ့ သူတွေ အတွက် အဆင်ပြေပေမယ့် ဝိညာဉ်အာရုံ အားနည်းတဲ့ သူတွေ အတွက်၊ လုယန်ယွီ လို အနက်ရောင်ဘုရင် တစ်ပါးတောင် လာတုန်းက ကြောက်လန့်ပြီး သတိလစ်မတတ် ဖြစ်ခဲ့တာ၊ အခုမှ စတင် ကျင့်ကြံခါစ ရှဲ့လင်းတန်း ဆိုရင် ပြောစရာ မလိုတော့ပေ။

ရှဲ့လင်းတန်း စကားပြောရင်း ပိုပို တုန်ယင်လာတာ မြင်တော့ ကျန်းပေရန် မင်္ဂလာတိမ်တိုက် တစ်ခု အမြန် ဆင့်ခေါ်ပြီး သူမကို ဒီနေရာကနေ ခေါ်ထုတ်သွားလိုက်လေသည်။

"အူး အူး အူး... ဟူး..."

"တမလွန်ကမ္ဘာ" တဲအိမ်လေးနဲ့ ဝေးရာဆီ ကျန်းပေရန် တိမ်တိုက် မောင်းနှင်သွားပြီးနောက် ရှဲ့လင်းတန်း နောက်ဆုံးတော့ စတင် တည်ငြိမ်လာပြီး သိပ်မတုန်တော့ပေ။

ဒါကို မြင်တော့ ကျန်းပေရန် သူမကို လက်ဖက်ရည်ပူ တစ်ခွက် ကမ်းပေးလိုက်လေသည်။

"တောင်းပန်ပါတယ် ငါ မင်းကို ထည့်မစဉ်းစားမိဘူး နောက်တစ်ခါ နေမကောင်း ဖြစ်ရင် ငါ့ကို ပြောလို့ ရတယ်"

"မဟုတ်ပါဘူး မဟုတ်ပါဘူး သခင့် အမှား မဟုတ်ပါဘူး"

ရှဲ့လင်းတန်း လက်တွေကို ဖရိုဖရဲ ဝှေ့ယမ်းလိုက်လေသည်။

"သတ္တိနည်းတဲ့ ကျွန်မ အမှားပါ ကျွန်မက အရမ်း အသုံးမကျ..."

"ဒါက သတ္တိနည်းတာ မနည်းတာနဲ့ မဆိုင်ပါဘူး ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ မင်းကို မသက်မသာ ဖြစ်စေတဲ့ အခြေအနေမျိုး ထပ်ကြုံရရင် မြိုသိပ်မထားနဲ့ ငါ့ကို ပြော"

"ဟုတ်... ကျေးဇူးတင်ပါတယ် သခင်"

လက်ဖက်ရည်ခွက်ကို ယူရင်း ရှဲ့လင်းတန်း ပြောလိုက်လေသည်။

နောက်ထပ် စာအုပ် တစ်အုပ် ထုတ်ပြီး စဖတ်နေတဲ့ သူမ သခင်ကို ကြည့်ရင်း ရှဲ့လင်းတန်း လက်ဖက်ရည် သောက်ကာ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချလိုက်လေသည်။

သခင်က ပုံမှန် အားဖြင့် ချဉ်းကပ်ရ ခက်ခဲပုံ ပေါက်ပေမယ့် တကယ်တမ်းကျတော့ သူက အရမ်း ကြင်နာတတ်တဲ့ နှလုံးသား ရှိပြီး သူ့ကို လိုအပ်တဲ့ သူတွေ အတွက် အရာရာကို တိတ်တဆိတ် အမြဲ ပြင်ဆင်ပေးတတ်လေသည်။

'ငါ တကယ့် သခင်ကောင်း တစ်ယောက် နောက်ကို လိုက်နေမိတာပဲ'

...

ကျားနာရီ (မနက် ၃ နာရီမှ ၅ နာရီ) အတွင်း [ဝိညာဉ် သိမ်းပိုက်ခြင်း] မှာ နောက်ထပ် အမှတ် တစ်မှတ် ရရှိပြီးနောက် ကျန်းပေရန် စနစ် ရွေးချယ်စရာ ၁၀ ခု ပြည့်အောင် နောက်တစ်ကြိမ် လုပ်ဆောင်နိုင်ခဲ့လေသည်။

ဘာမှ တွန့်ဆုတ်မနေဘဲ ကျန်းပေရန် တိမ်တိုက် မောင်းနှင်ပြီး ချိုင့်ဝှမ်း တစ်ခုထဲ ဆင်းသက်လိုက်လေသည်။

'ဟင်'

ဆင်းသက်လိုက်တဲ့ အခါ ဒီချိုင့်ဝှမ်းထဲမှာ လူတွေ တကယ် နေထိုင်ကြကြောင်း၊ ရွာ တစ်ရွာလုံး ရှိနေကြောင်း ကျန်းပေရန် အံ့သြစွာ တွေ့ရှိလိုက်ရလေသည်။

သူ အံ့သြရတဲ့ အကြောင်းရင်းက ဒီချိုင့်ဝှမ်းက လူသားတွေ နေထိုင်ဖို့ မသင့်တော်တာ ထင်ရှားနေလို့ ဖြစ်လေသည်။

သီးနှံ စိုက်ပျိုးဖို့ မြေဆီလွှာ ကောင်း မရှိရုံ သာမက ရေအရင်းအမြစ်လည်း မရှိပေ။

ဒီနေရာက နေထိုင်ဖို့ မသင့်တော်မှန်း သိသာနေလို့လည်း သူက ဒီနေရာမှာ တိမ်တိုက် ဆင်းသက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်လေသည်။

အဝေးကနေ ကြည့်လိုက်ရင် ရွာအဝင်ဝမှာ အရိုးပေါ် အရေတင် နေလောက်အောင် ပိန်လှီနေတဲ့ လူအိုကြီး တစ်ယောက်ကို သူ တွေ့လိုက်ရလေသည်။

ကျန်းပေရန် သူ့ သိုလှောင်လက်စွပ် ထဲက လျှော်အဝတ်အစား အဟောင်း တစ်စုံ ထုတ်ပြီး ရှဲ့လင်းတန်း ကို ပေးလိုက်လေသည်။

"ရွာထဲ သွားပြီး ဘာဖြစ်နေလဲ စုံစမ်းချေ"

"ဟုတ်ကဲ့"

ဒီလို ကင်းထောက် အလုပ်မျိုး ရှဲ့လင်းတန်း လုပ်တာ ပထမဆုံး အကြိမ် မဟုတ်တော့ပေ၊ ဒါကြောင့် ကျွမ်းကျင်စွာ အဝတ်အစား လဲပြီးနောက် ရွာဘက်ဆီ ပြေးထွက်သွားလိုက်လေသည်။

လက်ဖက်ရည် တစ်ခွက် သောက်စာလောက် အချိန် ကြာပြီးနောက် ရှဲ့လင်းတန်း အလျင်စလို ပြန်ပြေးလာခဲ့လေသည်။

"သ... သခင် အခြေအနေ မကောင်းဘူး ဒီရွာက လူတွေက ဗိုက်ဆာလွန်းလို့ သူတို့ ကလေးတွေကို စားတော့မလို ဖြစ်နေပြီ"

ကျန်းပေရန် သက်ပြင်းချလိုက်ပြီး သူ့ သိုလှောင်လက်စွပ် ထဲက ပြားချပ်တဲ့ ပေါင်မုန့် တစ်အိတ် ထုတ်ကာ ရှဲ့လင်းတန်း ကို ပေးလိုက်လေသည်။

"သွားပြီး ဒါတွေ ရွာသားတွေကို ဝေပေးလိုက်"

"ဟုတ်ကဲ့ အခုချက်ချင်း သွားလိုက်ပါ့မယ်"

"နေဦး"

သူမ သခင်က တားလိုက်သံ ကြားတော့ ရှဲ့လင်းတန်း အမြန် ရပ်လိုက်ပြီး ပြောလိုက်လေသည်။

"သခင် မှာကြားစရာ ရှိသေးလို့လား"

"ဒါတွေလည်း ယူသွား"

ကျန်းပေရန် ပြောရင်း သိုလှောင်လက်စွပ် တစ်ကွင်းကို ရှဲ့လင်းတန်း ဆီ ပစ်ပေးလိုက်လေသည်။

"ဒါတွေ အားလုံးက ရေဘူးတွေပဲ သိုလှောင်လက်စွပ် ဘယ်လို သုံးရလဲ မှတ်မိသေးတယ် မဟုတ်လား"

"မှတ်မိပါတယ် မှတ်မိပါတယ် ဒါဆို သွားတော့မယ်နော်"

ရှဲ့လင်းတန်း ရဲ့ ပုံရိပ် အဝေးဆီ တဖြည်းဖြည်း ပျောက်ကွယ်သွားတာ ကြည့်ရင်း ကျန်းပေရန် နောက်ထပ် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

သူ ထင်ထားသလိုပဲ ဒီချိုင့်ဝှမ်းမှာ စိုက်ပျိုးနိုင်တဲ့ မြေ မရှိသလို ရေအရင်းအမြစ်လည်း မရှိပေ။

ဒီမှာ နေထိုင်တာက သေမင်းကို စောင့်နေတာနဲ့ အတူတူပဲ ဖြစ်ပြီး တခြား ဖြစ်နိုင်ချေ မရှိပေ။

ယုန်တောင် မစင်မစွန့်တဲ့ ဒီလို လူသူကင်းမဲ့တဲ့ နေရာမှာ သူတို့ ဘာလို့ နေထိုင်ကြလဲ ဆိုတာ ကျန်းပေရန် အခြေခံအားဖြင့် ခန့်မှန်းနိုင်လေသည်၊ ဘာလို့လဲဆိုတော့ သူ ဒီလိုမျိုး အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးလို့ပါပဲ။

ဒီတစ်ခါတော့ အမွှေးတိုင် တစ်တိုင် ကုန်ဆုံးမယ့် အချိန်လောက် ကြာပြီးမှ ရှဲ့လင်းတန်း နောက်ဆုံး ပြန်ပြေးလာခဲ့လေသည်။

ကျန်းပေရန် ကို ဦးညွှတ်လိုက်ပြီး ရှဲ့လင်းတန်း ခေါင်းငုံ့ကာ ပြောလိုက်လေသည်။

"တောင်းပန်ပါတယ် သခင် အဲ့ဒီ ရွာသားတွေက ပေါင်မုန့် စားပြီး ရေ သောက်ပြီးတဲ့ အခါ ကျွန်မကို ဒူးထောက်ဖို့ အတင်း လုပ်ကြပြီး ပြန်လာခွင့် မပေးကြလို့ အဲ့ဒါကြောင့် နောက်ကျသွားတာ..."

"ရွာသား တစ်ယောက်ယောက် မင်းနောက် လိုက်လာသေးလား"

"ကျွန်မ... ကျွန်မ မြန်မြန် ပြေးလာခဲ့တာ သူတို့ မမှီလိုက်ပါဘူး"

ကျန်းပေရန် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

"သခင်... နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်"

"ပြော"

"ရွာထဲက လူအများစု နေမကောင်း ဖြစ်နေကြတယ်... သူတို့က သေလုနီးပါး ဖြစ်နေကြပြီ"

ဒါကို ကြားတော့ ကျန်းပေရန် တာအို ဝတ်စုံ တစ်စုံ လဲဝတ်လိုက်ပြီး သူ့ သိုလှောင်လက်စွပ် ထဲက မြင်းမြီး ယပ်တောင် တစ်ခု ထုတ်ယူလိုက်လေသည်။

"သွားကြစို့ ဒီ ဆင်းရဲသား တာအိုဆရာ ကို လမ်းပြပေးပါ"

ရှဲ့လင်းတန်း ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ချက်ချင်း ပေါ်လာလေသည်။

သူမ သခင်က အကြင်နာဆုံး လူသား ဆိုတာ သူမ သိလေသည်။

ရွာအဝင်ဝဆီ ရှဲ့လင်းတန်း နောက် လိုက်သွားပြီးနောက် သူတို့ အထဲ မဝင်ခင်မှာတင် အသံတစ်သံ အော်ဟစ်လိုက်တာ ကြားလိုက်ရလေသည်။

"ဗောဓိသတ္တ ပြန်လာပြီ ဗောဓိသတ္တ ပြန်လာပြီ"

ချက်ချင်း ဆိုသလိုပဲ လူအုပ်ကြီး တစ်ခု ရှဲ့လင်းတန်း ဆီ ပြေးလာတာ သူတို့ တွေ့လိုက်ရလေသည်။

"အားလုံး လမ်းဖယ်ကြ လမ်းဖယ်ကြ ဒီလူကြီးမင်းက ရွာထဲက လူမမာတွေကို ကုသပေးဖို့ လာတာ"

ကျန်းပေရန် ရဲ့ ကြင်နာတတ်တဲ့ မျက်ခုံးတွေ၊ မေတ္တာထားတဲ့ မျက်လုံးတွေနဲ့ နတ်ဘုရား ဆန်တဲ့ အမူအရာကို ရွာသားတွေ မြင်လိုက်ရတဲ့ အခါ ဘေးတစ်ဖက်စီ အမြန် ဖယ်ပေးလိုက်ကြပြီး မြေပြင်ပေါ် ပြိုင်တူ ဒူးထောက်ကာ အော်ဟစ်လိုက်ကြလေသည်။

"နတ်ဘုရား တစ်ပါး ကြွလာပြီ နတ်ဘုရား တစ်ပါး ကြွလာပြီ"

လူအုပ်ကြားထဲ လမ်းလျှောက်သွားရင်း ကျန်းပေရန် နောက်လှည့်ပြီး မေးလိုက်လေသည်။

"လူမမာတွေ ဘယ်မှာ ရှိလဲ ဘယ်သူ သိလဲ"

အဲ့ဒီအချိန်မှာ သန်စွမ်းသေးတဲ့ လူငယ် တစ်ယောက် လူအုပ်ထဲကနေ ထလာပြီး အော်ဟစ်လိုက်လေသည်။

"ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

တာအိုဆရာ ခေါင်းညိတ် သဘောတူတာ မြင်တော့ လူငယ်က ကျန်းပေရန် ကို ရွာထဲ ချက်ချင်း ခေါ်ဆောင်သွားလိုက်လေသည်။

ရွာထဲ ဝင်လိုက်တာနဲ့ ခြောက်သွေ့ အထီးကျန်တဲ့ ခံစားမှုက သူ့ကို လွှမ်းခြုံသွားလေသည်။

ဒီမှာ လူတွေ အများကြီး နေထိုင်ကြပေမယ့် သက်ရှိ လက္ခဏာ (သို့) နွေးထွေးမှု အရိပ်အယောင် လုံးဝ မရှိပေ။

အရိုးပေါ် အရေတင် နေတဲ့ ကလေးတွေက အိမ်တွေ နောက်ကွယ် (သို့) ပြတင်းပေါက်တွေ နောက်မှာ ပုန်းအောင်းရင်း ခန္ဓာကိုယ်ပေါ်မှာ အဝတ်အစား တစ်စတောင် မရှိဘဲ သူ့ကို စူးစမ်းစွာ ကြည့်နေကြလေသည်။

ဒီလို ရွာမျိုးတွေ အများကြီး မြင်ဖူးပေမယ့် ကျန်းပေရန် စိတ်လှုပ်ရှားစွာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

မက်မွန်ပွင့် နွေဦး (စိတ်ကူးယဉ် ငြိမ်းချမ်းရေး နယ်မြေ) လို အရာမျိုး မရှိပေ။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဇာတိမြေကို စွန့်ခွာပြီး ချိုင့်ဝှမ်းတွေ၊ တောရိုင်းတွေထဲ ပုန်းအောင်းနေရတဲ့ သာမန် ပြည်သူတွေ အတွက် သူတို့ရဲ့ နောက်ဆုံး ရလဒ်က အစာငတ်ပြီး (သို့) အေးခဲပြီး သေဆုံးရုံသာ ရှိလေသည်။

ခြွင်းချက် မရှိသလောက်ပါပဲ။

All Chapters