ရက်စက်သော ကမ္ဘာကြီး
Vol. 38 Ch. 449
နောက်ဆုံး လူမမာကို ရောဂါရှာဖွေပြီးနောက် ဒီရွာက လူတွေဟာ ကုသရခက်ခဲတဲ့ ကပ်ရောဂါဆိုး ခံစားနေရတာ မဟုတ်ကြောင်း ကျန်းပေရန် အတည်ပြုလိုက်လေသည်။
သူတို့ အများစုက သွေးအားနည်းခြင်း နဲ့ အစာအိမ်ရောင်ခြင်း လိုမျိုး အာဟာရ ချို့တဲ့မှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို ခံစားနေရတာ ဖြစ်လေသည်။
သူတို့ သွေးနဲ့ ချီ ကို အားဖြည့်ပေးမယ့် ဆေးညွှန်း အနည်းငယ် ဆိုရင် လုံလောက်လေသည်။
အဓိက အချက်က နောက်ပိုင်းမှာ သူတို့ ကောင်းကောင်း အနားယူဖို့ လိုအပ်ပြီး ကောင်းကောင်း အနားယူခြင်း ဆိုတဲ့ အထဲမှာ ကောင်းကောင်း စားသောက်ခြင်းလည်း ပါဝင်လေသည်။
ဒါပေမဲ့ ဒီက ရွာသားတွေ အတွက်တော့ ကောင်းကောင်း စားသောက်ရဖို့ ဆိုတာ မက်မောစရာ ဇိမ်ခံပစ္စည်း တစ်ခု ဖြစ်နေလေသည်။
"ကျေးဇူးတင်ပါတယ် တာအိုဆရာ... ကျေးဇူးတင်ပါတယ် တာအိုဆရာ ကျွန်တော် လှုပ်ရှားနိုင်တာနဲ့ အိပ်ရာက ထပြီး ခင်ဗျားကို အကြိမ် ၁၀၀ ဦးခိုက်ပါ့မယ်"
မျက်နှာ အရောင်အသွေး သိသိသာသာ ကောင်းမွန်လာတဲ့ ကုတင်ပေါ်က လူအိုကြီးကို ကြည့်ရင်း ကျန်းပေရန် ပြုံးလိုက်ရုံသာ ပြုလုပ်လိုက်ပြီး ကောက်ရိုးဖျာကို ဆွဲတင်ပေးကာ ပြောလိုက်လေသည်။
"ကောင်းကောင်း အနားယူပါ ဦးလေးကြီး တခြား မိသားစုတွေကို သွားကြည့်လိုက်ဦးမယ်"
"ဟုတ်ကဲ့" လူအိုကြီး ခေါင်းညိတ်လိုက်ပြီး သူ့နောက်က ကောင်လေး တစ်ယောက်ကို အမြန် အော်ဟစ်လိုက်လေသည်။
"အာဘင်းဇီ တာအိုဆရာကို လိုက်ပို့ပေးလိုက်လေ"
"မလိုပါဘူး"
ကျန်းပေရန် ကောင်လေးကို လက်ကာပြလိုက်လေသည်။
"ဒီမှာပဲ နေပြီး မင်းအဘိုးကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါ"
ဒါကို ကြားတော့ ကောင်လေး ဒူးနှစ်ဖက်လုံးနဲ့ ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်လေသည်။
"ကြီးမားတဲ့ ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ် တာအိုဆရာ ကျွန်တော် အာဘင်းဇီ ဒီကျေးဇူးကို သေချာပေါက် အမှတ်ရနေပါ့မယ်"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် နောက်လှည့်ကာ သက်ကယ်မိုး တဲအိမ်လေး ထဲကနေ ထွက်ခွာသွားလိုက်လေသည်။
ဘယ်ဘက်ကို တစ်ချက် ကြည့်လိုက်တော့ ရွာသားတွေက အဝေးမှာ ရပ်ပြီး ကြည့်နေတာ တွေ့လိုက်ရလေသည်။
အနား မကပ်ကြဖို့ ကျန်းပေရန် ခုနက မှာကြားထားခဲ့လို့ ဖြစ်လေသည်။
ရွာသားတွေဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကျန်းပေရန် သူ့ရဲ့ မြင်းမြီး ယပ်တောင် ကို ခါလိုက်ကာ မေးလိုက်လေသည်။
"ရွာလူကြီး ဘယ်သူလဲ သိခွင့် ရှိမလား"
"ကျွန်တော်ပါ"
ကျန်းပေရန် ကို စောစောက လမ်းပြပေးခဲ့တဲ့ လူငယ်လေးက လူအုပ်ထဲက ထွက်လာပြီး အော်ဟစ်လိုက်လေသည်။
"မင်းလား" ကျန်းပေရန် တကယ် အံ့သြသွားလေသည်။
ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက ရိုသေ လေးစားခံရသူ ဆိုတဲ့ ဖော်ပြချက်နဲ့ ဘယ်လိုမှ ကိုက်ညီပုံ မရလို့ ဖြစ်လေသည်။
တာအိုဆရာ အံ့သြသွားတာ မြင်တော့ လူငယ်လေးက ရှင်းပြဖို့ ဦးဆောင် ပြောလိုက်လေသည်။
"ကျွန်တော့်နာမည်က တာ့ကော ပါ မူလ ရွာလူကြီးက ကျွန်တော့်အဘိုးပါ ဒါပေမဲ့ ပြီးခဲ့တဲ့လက အဘိုး ဆုံးသွားလို့ ကျွန်တော် ယာယီ တာဝန်ယူထားတာပါ"
"မင်းက တော်တော် တာဝန်သိတာပဲ မဆိုးပါဘူး ဒီ ဆင်းရဲသား တာအိုဆရာ ကို ပြောပြစမ်းပါ ဒီချိုင့်ဝှမ်းထဲကို မင်းတို့ အားလုံး ဘာလို့ ရွာလာတည်ရတာလဲ"
တာ့ကော သက်ပြင်း လေးလေးနက်နက် ချလိုက်လေသည်။
"တာအိုဆရာ ခင်ဗျား မသိလို့ပါ ကျွန်တော်တို့သာ လုံးဝ မျှော်လင့်ချက်မဲ့ မနေရင် ဒီလို ဝေးလံခေါင်ဖျားတဲ့ ချောက်ကမ်းပါးထဲ ဘာလို့ လာကြမှာလဲ ဘုရားသခင် စွန့်ပစ်ထားတဲ့ ဒီနေရာမှာ ဘာမှ မပေါက်ဘူး တာအိုဆရာ သာ ရောက်မလာရင် ကျွန်တော်တို့..."
စကားပြောရင်း တာ့ကော ရဲ့ မျက်နှာထား တည်တင်းသွားပေမယ့် နောက်ဆုံးမှာ စကား ပြောင်းပြောလိုက်လေသည်။
"ကျွန်တော်တို့ အစာငတ်ပြီး သေတော့မလို့ပါ"
"သူတို့က ဗိုက်ဆာလွန်းလို့ ကလေးတွေကို စားတော့မလို ဖြစ်နေပြီ" ဆိုတဲ့ ရှဲ့လင်းတန်း ရဲ့ စကားကို ပြန်သတိရလိုက်ပြီး ဒီရွာသားတွေ ဘယ်လောက် အတိဒုက္ခ ရောက်နေလဲ ဆိုတာ မှန်းဆကြည့်လို့ ရနိုင်လေသည်။
ကိစ္စကို ဆက်မမေးတော့ဘဲ ကျန်းပေရန် ထပ်မေးလိုက်လေသည်။
"ဒါဆို မင်းတို့ ဒီကို ဘာလို့ ရောက်လာကြတာလဲ"
"အော် ဟုတ်သားပဲ ဟုတ်သားပဲ"
ပြန်မဖြေခင် တာ့ကော သူ့နောက်က ရွာသားတွေကို တစ်ချက် ကြည့်လိုက်လေသည်။
"ကျွန်တော်တို့ ရွာက မူလက ဟုန်ခရိုင် မှာ ရှိတာပါ ဘဝက ခက်ခဲကြမ်းတမ်းပေမယ့် ကျွန်တော်တို့ ဗိုက်ဝရုံလေးတော့ စီမံနိုင်ခဲ့ကြပါတယ်"
"ဒါပေမဲ့ တစ်နေ့ကျတော့ မျက်နှာမှာ အမာရွတ်နဲ့ လူတစ်ယောက် ရောက်လာပြီး ကောင်းကင်ဘုံ ရှစ်ပါး သစ်ခွ ဆိုတဲ့ အရာ တစ်ခု စိုက်ပျိုးရာမှာ သူ့ကို ကူညီဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ် အဲ့ဒီပန်းကို ကျင့်ကြံသူ သခင်ကြီးတွေ အသုံးပြုကြတာတဲ့ ကျွန်တော်တို့လို လယ်သမားတွေက အဲ့ဒါ ဘယ်လို စိုက်ရမလဲ ဘယ်သိမှာလဲ ဒါပေမဲ့ မျက်နှာမှာ အမာရွတ်နဲ့ လူက ပြောတယ် ဘယ်မိသားစုမဆို ပန်းကို သေအောင် လုပ်မိရင် မိသားစုလိုက် အရှင်လတ်လတ် မြေမြှုပ်ပစ်မယ် တဲ့"
ဒီ ကောင်းကင်ဘုံ ရှစ်ပါး သစ်ခွ က ဘာလဲ ဆိုတာ ကျန်းပေရန် သဘာဝကျကျ သိလေသည်။
ဒါက ငြိမ်းချမ်းသော နားလည်မှု ဆေးလုံး အတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်လေသည်။
မြေဆီလွှာ အပေါ် သိပ်မရွေးချယ်ပေမယ့် အရမ်း နူးညံ့ပြီး တစ်ယောက်ယောက်က ၂၄ နာရီလုံးလုံး စောင့်ကြည့်ပြုစုဖို့ လိုအပ်သည်၊ မဟုတ်ရင် မိနစ်ပိုင်း အတွင်း ညှိုးနွမ်းသွားတတ်လေသည်။
တာ့ကော ဆက်ပြောလိုက်လေသည်။
"အဲ့ဒီပန်းက စိုက်ပျိုးရတာ မယုံနိုင်လောက်အောင် ခက်ခဲတယ် မကြာခင်မှာပဲ မိသားစု အတော်များများရဲ့ ပန်းတွေ သေသွားကြတယ် အဲ့ဒီ မျက်နှာမှာ အမာရွတ်နဲ့ လူက အဲ့ဒီ မိသားစု အားလုံးကို ကျွန်တော်တို့ ရှေ့မှာတင် သတ်ပစ်လိုက်တယ် ဒါက ပန်းကို သေအောင် လုပ်မိတဲ့ အကျိုးဆက်ပဲ လို့ သူက ပြောတယ်"
ဒါကို ကြားပြီးနောက် ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ပြီ ဘာဖြစ်ခဲ့လဲ ဆိုတာ ငါ နားလည်ပြီ"
ဒီ ကောင်းကင်ဘုံ ရှစ်ပါး သစ်ခွ က အဆင့်မြင့် ဆေးဖက်ဝင် အပင် မဟုတ်ပေမယ့် ကျင့်ကြံသူတွေ လိုအပ်တဲ့ ဝိညာဉ် ပစ္စည်း တစ်ခု ဖြစ်နေတုန်းပါပဲ။
ကျင့်ကြံခြင်း မရှိတဲ့ ဒီရွာသားတွေ ဘယ်လောက်ပဲ ဂရုစိုက်ပါစေ ဒီလို ဝိညာဉ် ပစ္စည်းမျိုးကို ကောင်းကောင်း ပြုစုဖို့ ဆိုတာ သူတို့အတွက် မဖြစ်နိုင်ပေ။
ဒါကြောင့် ဒီပန်းကြောင့် သေဆုံးခဲ့ရတဲ့ လူအရေအတွက်က အများကြီး ဖြစ်လောက်သည်၊ ဒါကြောင့်လည်း ဒီရွာသားတွေက အသက်ရှင်ဖို့ အခွင့်အလမ်း ရှာဖွေဖို့ အရာအားလုံး စွန့်စားပြီး ထွက်ပြေးလာကြတာ ဖြစ်လောက်လေသည်။
နောက်လှည့်ပြီး သက်ကယ်မိုး တဲအိမ်လေး ရှေ့ သူ လျှောက်သွားကာ ကလေးတချို့ကို ပေါင်မုန့် ဝေပေးနေတဲ့ ရှဲ့လင်းတန်း ကို ပြောလိုက်လေသည်။
"လင်းတန်း ဒီကို လာခဲ့"
သူ ခေါ်တာ ကြားတော့ ရှဲ့လင်းတန်း ကလေးတွေကို "ဒီမှာ ခဏ စောင့်နေကြနော်" လို့ အရင် ပြောပြီးမှ ကျန်းပေရန် ဆီ အမြန် ပြေးလာကာ မေးလိုက်လေသည်။
"သခင် ကျွန်မ လုပ်ပေးရမယ့် ကိစ္စ ရှိလို့လား"
ရှဲ့လင်းတန်း မေးခွန်း မေးလိုက်တဲ့ အချိန်မှာ ကျန်းပေရန် က စာတစ်စောင် ရေးပြီးနေပြီ ဖြစ်ပြီး စက္ကူစွန် အဖြစ် ခေါက်ကာ လွှတ်လိုက်လေသည်။
"နောက်ကျရင် သူတို့ကို လာခေါ်မယ့်သူ တစ်ယောက် ရောက်လာလိမ့်မယ်လို့ ရွာသားတွေကို သွားပြောပြလိုက် အချိန်တန်ရင် အဲ့ဒီလူနောက် လိုက်သွားရုံပဲလို့ ပြောလိုက်"
ရှဲ့လင်းတန်း ခဏ မှင်သက်သွားပြီးနောက် ဝမ်းသာအားရ ချက်ချင်း ပြောလိုက်လေသည်။
"ဟုတ်ကဲ့ သခင်"
ရှဲ့လင်းတန်း ရွာသားတွေကို သတင်းကောင်း သွားပြောပြနေတုန်း ကျန်းပေရန် က တောင်ထိပ်ပေါ် တိတ်တဆိတ် ခုန်တက်သွားပြီး ဖြစ်လေသည်။
အနောက်ဘက်ဆီ နေဝင်သွားတာကို ကြည့်ရင်း အမှောင်ထုက ကမ္ဘာမြေကို မကြာခင် လွှမ်းခြုံတော့မယ် ဆိုတာ တွေးမိကာ ကျန်းပေရန် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး သူ့ သိုလှောင်လက်စွပ် ထဲက ဝိုင်အိုး တစ်လုံး ထုတ်လိုက်လေသည်။
"ဂလု ဂလု ဂလု... ဟား..."
ဝိုင်အရှိန်နဲ့ အသက်ရှူထုတ်လိုက်ပြီး ကျန်းပေရန် အဝေးက တောက်လောင်နေတဲ့ တိမ်တိုက်တွေကို ငေးကြည့်နေလေသည်။
ရှန့်တိုင်းပြည် မှာတုန်းက ဒီလို ရွာမျိုးတွေ အများကြီး ကျန်းပေရန် မြင်ဖူးလေသည်။
ကူညီနိုင်တဲ့ အခါ သူတို့ကို ဘေးကင်းတဲ့ နေရာတွေဆီ သူ အမြဲ ပို့ပေးခဲ့လေသည်။
ဒါပေမဲ့ ဒီနေရာက ထုံတိုင်းပြည် ဖြစ်လေသည်။
ဒီရွာသားတွေကို ရှန့်တိုင်းပြည် ဆီ ခေါ်သွားဖို့ ကျန်းပေရန် အတွက် မဖြစ်နိုင်ပေ။
ဘာလို့လဲဆိုတော့ သူတို့က ဘယ်လောက်ပဲ နိမ့်ကျပါစေ ထုံတိုင်းပြည် က လူတွေ ဖြစ်နေတုန်းမို့လို့ပါပဲ။
သူတို့နဲ့ အတူ နယ်စပ် ဖြတ်ကျော်ဖို့ ဆိုတာ သူ သေချာပေါက် လုပ်နိုင်မှာ မဟုတ်ပေ။
ဒါကြောင့်လည်း ရှီကျားမူ ဆီ သူ ခုနက စာရေးလိုက်တာ ဖြစ်လေသည်။
သူမရဲ့ စွမ်းရည်နဲ့ ဆိုရင် ဒီရွာသား ရာဂဏန်းလောက်ကို နေရာချပေးဖို့ ဆိုတာ ပြဿနာ မရှိသင့်ဘူးလို့ သူ ယုံကြည်လေသည်။
"ဂလု ဂလု ဂလု..."
ဝိုင် နောက်ထပ် အနည်းငယ် သောက်ပြီးနောက် ကျန်းပေရန် သူ့ပါးစပ်ကို သုတ်လိုက်လေသည်။
သူတော်စင် တစ်ယောက် ဖြစ်ဖို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ပေမယ့် သူတို့နဲ့ တွေ့ဆုံရတာက ကံကြမ္မာပါပဲ။
သူတို့ ဒီမှာ သေမင်းကို စောင့်နေကြတာကို သူ ကြည့်မနေရက်နိုင်ပေ။
ဝိုင်အိုး ကုန်သွားတဲ့ အခါ ကျန်းပေရန် တိမ်တိုက်ပေါ်က ဆင်းသက်ခဲ့တဲ့ နေရာဆီ ပြန်သွားလိုက်ရာ ရှဲ့လင်းတန်း က သူ့ကို စောင့်နေပြီးသား ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
"မင်းက တော်တော် ဉာဏ်ကောင်းတာပဲ"
ကျန်းပေရန် က ရှဲ့လင်းတန်း ကို ရှားရှားပါးပါး ချီးကျူးလိုက်လေသည်။
ရှဲ့လင်းတန်း ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်လေသည်။
"သခင် က ကောင်းမှု လုပ်တဲ့ အခါ နာမည် ဘယ်တော့မှ မချန်ထားတတ်ဘူး ဆိုတာ ကျွန်မ သိပါတယ် ဒါကြောင့် သခင် ဒီကို ပြန်လာမယ် ဆိုတာ ကျွန်မ သေချာနေတာပါ"
"ဒီည ဘာစားချင်လဲ"
ဒီမေးခွန်းကို ကြားလိုက်ရတဲ့ အခါ ရတနာ ၈ ပါး ဘဲကင်၊ ကုန်းပေါင် ကြက်သား၊ ငါးအချိုအချဉ် ချက်၊ နဲ့ တုန်းဖော် ဝက်သား လို နာမည်တွေ ရှဲ့လင်းတန်း ရဲ့ စိတ်ထဲ ချက်ချင်း ပေါ်လာခဲ့လေသည်။
ဟင်းပွဲတိုင်းက သူမကို ထိန်းချုပ်လို့ မရနိုင်အောင် တံတွေးယိုစေလေသည်။
ဒါပေမဲ့ တံတွေး အများကြီး မျိုချလိုက်ပြီးနောက် ရှဲ့လင်းတန်း ပြန်ဖြေလိုက်လေသည်။
"သခင် လုပ်ကျွေးတာ ဘာမဆို စားပါ့မယ်"
"ကောင်းပြီ ဒီမှာ စောင့်"
ခဏအကြာမှာ ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်နေတဲ့ ကျန်းပေရန် ရဲ့ နောက်ကို ရှဲ့လင်းတန်း တိတ်တဆိတ် လျှောက်လာပြီး မေးလိုက်လေသည်။
"သခင်... ကျွန်မ... မေးခွန်း တစ်ခု မေးလို့ ရမလား"
"မေးလေ"
"ရွာသားတွေကို ပန်းစိုက်ဖို့ အတင်းအကျပ် ခိုင်းစေတဲ့ လူဆိုးတွေ အကုန်လုံးကို ဖမ်းမိရင် ရွာသားတွေ ဘဝကောင်းကောင်း နေနိုင်ကြမှာလား ဟင်"
"မနေနိုင်ဘူး ဘာလို့လဲဆိုတော့ ဒီလူဆိုး တစ်သုတ်ကို ဖမ်းလိုက်ရင်တောင် နောက်တစ်သုတ် ရောက်လာလိမ့်မယ် ပြီးတော့ သူတို့က ရွာသားတွေကို တခြား တစ်ခုခု စိုက်ပျိုးခိုင်းကြလိမ့်မယ်"
ရှဲ့လင်းတန်း တွေးတောဆင်ခြင်ဟန်နဲ့ ခေါင်းညိတ်လိုက်လေသည်။
"သခင် အာ... ကျွန်မ နားမလည်ဘူး ကျွန်မ ပြောတာ မှားရင် မရယ်ပါနဲ့ ထုံတိုင်းပြည် က... ရှန့်တိုင်းပြည် ထက် ပိုစွမ်းအားကြီးတာလား"
"ဒါပေါ့ ထုံတိုင်းပြည် က ရှန့်တိုင်းပြည် ထက် အများကြီး ပိုစွမ်းအားကြီးတယ်"
"ဒါပေမဲ့ ကျွန်မ သခင့် နောက်လိုက်ပြီး ရှန့်တိုင်းပြည်မှာ ရွာတွေ အများကြီး မြင်ခဲ့ရပါတယ် အဲ့ဒီက ရွာသားတွေ အားလုံးမှာ စိုက်ပျိုးဖို့ လယ်မြေတွေ၊ စားဖို့ အစာတွေ ရှိကြပြီး လူတိုင်း မျက်နှာမှာ အပြုံးတွေ ရှိကြတယ် ထုံတိုင်းပြည်က ရှန့်တိုင်းပြည် ထက် အများကြီး ပိုစွမ်းအားကြီးတယ် ဆိုရင်... ဘာလို့... ဘာလို့ ဒီက ရွာသားတွေမှာ အသက်ရှင်ဖို့ လမ်းစ မရှိရတာလဲ"
ဒီမေးခွန်းကို ကြားတော့ ကျန်းပေရန် လှီးဖြတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဘေးဖယ်လိုက်ပြီး သူ့ဓားကို အဝတ်စနဲ့ သုတ်ကာ ပြန်ဖြေလိုက်လေသည်။
"မင်းရဲ့ ဂိုဏ်းချုပ်က အနက်ရောင်ဘိုးဘေး တစ်ပါး ဖြစ်ပြီး ကောင်းကင်ဘုံ ရတနာ ပမာဏ အများကြီး ပိုင်ဆိုင်ထားတယ် သူ မင်းကို ပေါ့ပေါ့ပါးပါး ပေးလိုက်နိုင်တဲ့ အရာ တစ်ခုက မင်းကို မင်းရဲ့ ရွယ်တူတွေထဲမှာ ထိပ်ဆုံး ရောက်သွားစေနိုင်တယ် ဒါပေမဲ့ သူ မင်းကို ပေးမယ်လို့ မင်း ထင်လား"
"အင်း... ဘာအဆက်အသွယ်၊ ဘာပတ်သက်မှုမှ မရှိရင် သူ ပေးမှာ မဟုတ်လောက်ဘူးနော်"
"ဒီရှင်းပြချက်က နည်းနည်း ကြမ်းတမ်းပေမယ့် ငါ မင်းကို ပြောပြချင်တာက ထိပ်ဆုံးမှာ ရှိတဲ့ လူတွေ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ ဘယ်လောက်ပဲ ချမ်းသာပါစေ သူတို့ရဲ့ မျက်လုံးတွေက သူတို့ထက် ပိုသန်မာတဲ့ သူတွေနဲ့ ပိုကောင်းတဲ့ ရတနာတွေ ဆီမှာပဲ အမြဲ ရှိနေတတ်တယ် အောက်ခြေက လူတွေ၊ အဲ့ဒီ ရွာသားတွေ လို လူမျိုးတွေ ကျတော့ သူတို့ရဲ့ မြင်ကွင်းထဲတောင် ဘယ်တော့မှ ဝင်လာမှာ မဟုတ်ဘူး"
ရှဲ့လင်းတန်း တစ်ခုခု နားလည်သွားပုံ ရပြီး ထပ်မေးလိုက်လေသည်။
"ဒါဆို သခင့်လိုမျိုး ကျွန်မတို့ သာမန် ပြည်သူတွေရဲ့ ဘဝကို ဂရုစိုက်ပေးတဲ့ စွမ်းအားကြီး ပညာရှင် တစ်ယောက်မှ မရှိတော့ဘူးလား"
"ရှိပါတယ်" အိုးတည်ပြီး မီးမွှေးရင်း ကျန်းပေရန် ပြောလိုက်လေသည်။
"ဒါပေမဲ့ သူတို့ရဲ့ ဂရုစိုက်မှုက စိတ်ကူးယဉ်ဆန်လွန်းတယ်"
"စိတ်... ကူးယဉ်ဆန်တယ် ဟုတ်လား" ရှဲ့လင်းတန်း ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်လေသည်။
"တောင်းပန်ပါတယ် သခင် ကျွန်မ နားမလည်ဘူး"
"ရိုးရိုးရှင်းရှင်း ပြောရရင် မင်း လမ်းလျှောက်သွားရင်း မင်းကို အမြီးနန့်ပြနေတဲ့ သနားစရာ ခွေးလေး တစ်ကောင် တွေ့ရင် မင်း သူ့ကို အစာတချို့ ပေးမိကောင်း ပေးမိလိမ့်မယ် မင်း နည်းနည်း ပိုကြင်နာတတ်ရင် အဲ့ဒီခွေးလေးကို မွေးဖို့ အိမ်တောင် ခေါ်သွားမိနိုင်တယ်"
စကားပြောရင်း ကျန်းပေရန် ပူနေတဲ့ အိုးထဲ ဆီအနည်းငယ် လောင်းထည့်လိုက်ပြီး မွှေးလာအောင် ကြက်သွန်ဖြူ တချို့ ထည့်ကာ မွှေကြော်လိုက်လေသည်။
"ဒါပေမဲ့ အဲ့ဒီလို ခွေးမျိုးတွေ သောင်းနဲ့ချီ၊ သိန်းနဲ့ချီ၊ သန်းနဲ့ချီ၊ ဒါမှမဟုတ် ဆယ်သန်းနဲ့ချီ ရှိနေတဲ့ အခါ မင်း သူတို့ကို ဂရုစိုက်ဖို့ အားအင် မရှိတော့တာ တွေ့ရလိမ့်မယ် ဘာလို့လဲဆိုတော့ သူတို့ကို ဂရုစိုက်ဖို့ မင်းရဲ့ အားအင် အကုန် သုံးလိုက်ရင် မင်း ကိုယ်ပိုင် ကိစ္စတွေ လုပ်ဖို့ အချိန် ရှိတော့မှာ မဟုတ်လို့ပဲ"
ရှဲ့လင်းတန်း ကြောင်တောင်တောင်နဲ့ နားထောင်နေသည်၊ တစ်ခုခု နားလည်သလို ရှိပေမယ့် ဘာမှ နားမလည်သလိုလည်း ဖြစ်နေလေသည်။
မြစ်ကမ်းအလှမယ် ဟင်းသီးဟင်းရွက် တစ်ဆုပ်ကို အိုးထဲ ပစ်ထည့်လိုက်ပြီး ကျန်းပေရန် နှစ်ခါလောက် မွှေကြော်လိုက်သည်၊ အဲ့ဒီနောက် ရုန်းကန်နေရတဲ့ ရှဲ့လင်းတန်း ရဲ့ မျက်နှာထားကို ကြည့်ပြီး ပြောလိုက်လေသည်။ "ဒီခွေးတွေက အဲ့ဒီလူတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့ အခါ သူတို့ မစီမံချင်ကြတော့ဘူး ပိုရက်စက်တဲ့ သူတွေက ခွေးတွေကို သူတို့ အိမ်ပြင် ပြန်မောင်းထုတ်လိုက်ကြမယ် တာဝန်သိစိတ် နည်းနည်း ရှိတဲ့ သူတွေကတော့ ခွေးတွေကို ကူညီ စီမံပေးဖို့ တခြား တစ်ယောက်ယောက်ကို ရှာကြလိမ့်မယ်"
"ပြောစရာ မလိုပါဘူး အပြင် မောင်းထုတ်ခံရတဲ့ ခွေးတွေက သေချာပေါက် ပြန်ငတ်ပြတ်ကြမှာပဲ ဒါပေမဲ့ တခြားသူတွေ စီမံခန့်ခွဲတဲ့ ခွေးတွေကလည်း သိပ်အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ ပိုတောင် ဆိုးကောင်း ဆိုးနိုင်သေးတယ်"
ဒီအချိန်မှာ ကျန်းပေရန် အိုးအဖုံး ပိတ်လိုက်ပြီး နားမလည် ဖြစ်နေသေးတဲ့ ရှဲ့လင်းတန်း ကို ပြောလိုက်လေသည်။
"ကောင်းပြီ ဒီနေ့တော့ ဒီလောက်ပါပဲ အနာဂတ်မှာ မင်း ငါ့နောက် လိုက်ရင်း မင်းဘေးပတ်ဝန်းကျင်က လူတွေနဲ့ ဖြစ်ရပ်တွေကို ပိုအာရုံစိုက် ကြည့်ပါ တစ်နေ့ကျရင် ငါ ဘာဆိုလိုလဲ ဆိုတာ မင်း နားလည်လာပါလိမ့်မယ်"
"အော်..."
ရှဲ့လင်းတန်း ခေါင်းညိတ်လိုက်လေသည်။
ပန်းကန်လုံးတွေနဲ့ တူတွေ ပြင်ဆင်ဖို့ သူမ လုပ်လိုက်တုန်း ကျန်းပေရန် ကို ရုတ်တရက် မော့ကြည့်ပြီး မေးလိုက်လေသည်။
"သခင် ဒါဆို တိုက်ကြီး ပေါ်က သာမန် ပြည်သူတွေ အားလုံး ဘဝကောင်းကောင်း နေနိုင်အောင် သခင် လုပ်ပေးနိုင်မလား ဟင်"
"ငါ မသိဘူး ဒါပေမဲ့ ငါ အကောင်းဆုံး ကြိုးစားပါ့မယ်"
ဒါကို ကြားလိုက်ရတဲ့ အခါ ရှဲ့လင်းတန်း ရှန့်တိုင်းပြည် မှာ သူမ မြင်တွေ့ခဲ့ရတဲ့ ရွာတွေကို မတွေးမိဘဲ မနေနိုင်တော့ပေ။
အဲ့ဒီက ရွာသားတွေက အရင်က သူမ မြင်ဖူးတဲ့ ရွာသားတွေနဲ့ လုံးဝ ကွာခြားသည်၊ သူတို့ အားလုံး ဝဝလင်လင် စားနိုင်ရုံ သာမက သူတို့ မျက်နှာပေါ်မှာ အပြုံးတွေ အမြဲ ရှိနေတတ်ကြလေသည်။
သူမ အရမ်း နှစ်သက်တဲ့ အပြုံးမျိုးပေါ့။
"သခင် သေချာပေါက် လုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်" ရှဲ့လင်းတန်း မယုံနိုင်လောက်အောင် ခိုင်မာတဲ့ လေသံနဲ့ ပြောလိုက်လေသည်။
ဒါပေမဲ့ ကျန်းပေရန် ကတော့ အိုးအဖုံး ဖွင့်ပြီး ဟင်းသီးဟင်းရွက်တွေကို ဆက်လက် မွှေကြော်နေကာ ဘာမှ ပြန်မပြောပေ။
အဲ့ဒီ အခိုက်အတန့်မှာ သူမ အကူအညီမဲ့ဆုံး ဖြစ်ခဲ့ရတဲ့ အချိန် တစ်ခုကို ရှဲ့လင်းတန်း ရုတ်တရက် ပြန်သတိရသွားလေသည်။
အမှောင်ထုထဲမှာ လှောင်ပြောင်မှုတွေ၊ သရော်မှုတွေနဲ့ ဝိုင်းရံခံထားရပြီး ကမ္ဘာလောကကြီး တစ်ခုလုံးက အရိုးထဲ ထိအောင် အေးခဲနေတဲ့ အအေးဒဏ် ကလွဲရင် ဘာမှ မကျန်တော့သလို ဖြစ်နေခဲ့လေသည်။
ဒါပေမဲ့ အမှောင်ထုရဲ့ ဝါးမျိုခြင်းကို ခံရတော့မယ်လို့ သူမ ထင်လိုက်တဲ့ အချိန်မှာပဲ အလင်းတန်း တစ်ခု သူမ ကမ္ဘာထဲ ရုတ်တရက် ဖြာကျလာခဲ့လေသည်။
အဲ့ဒီ အလင်းတန်းက အမှောင်ထု အားလုံးကို ဖယ်ရှားပေးရုံ သာမက သူမကို အဆုံးမဲ့ နွေးထွေးမှုလည်း ပေးစွမ်းခဲ့လေသည်။
ပြီးတော့ ဒီအလင်းတန်းက လူတွေ ပိုများတဲ့ နှလုံးသားထဲ သေချာပေါက် ဖြာကျနိုင်ပြီး တစ်ချိန်က သူမလို အေးစက်ခဲ့ဖူးတဲ့ နှလုံးသားတွေကို နွေးထွေးစေနိုင်မယ်လို့ သူမ ခိုင်ခိုင်မာမာ ယုံကြည်လေသည်။
...
၃ ရက် ကြာပြီးနောက် ကျန်းပေရန် တိမ်တိုက် စီးပြီး သူ့ရဲ့ သီးခြား အကာအကွယ် အစီအရင် ထဲ ပြန်ရောက်လာခဲ့လေသည်။
ဒီတစ်ခေါက် သူ လိုအပ်တဲ့ ဆေးလုံးတွေ အကုန် သန့်စင်ပြီးတဲ့ အထိ အာရုံလွင့်ပါးခြင်း မရှိဘဲ ရက်ဝက်လောက် သီးသန့် ကျင့်ကြံခဲ့လေသည်။
လည်ပင်း နက်ရှိုင်းတဲ့ ဝတ်ရုံသစ် တစ်ထည် လဲဝတ်ပြီးနောက် ကျန်းပေရန် ဆေးဖော်ခန်း တံခါး တွန်းဖွင့်ပြီး အပြင်ထွက်လာခဲ့လေသည်။
အပြင်မှာ တံမြက်စည်း လှည်းနေတဲ့ ဝူချင်းစစ် က တံခါး ပွင့်သွားတာ မြင်လိုက်ရလေသည်။
သူ တံမြက်စည်းကို ချက်ချင်း ချထားလိုက်ပြီး အစ်ကိုကြီး ဘက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
"ဂါရဝပြုပါတယ် အစ်ကိုကြီး"
ဝူချင်းစစ် ကို အကဲခတ်ပြီးနောက် ကျန်းပေရန် ပြုံးလိုက်လေသည်။
"အခု မင်းခန္ဓာကိုယ်က အကောင်းဆုံး အခြေအနေမှာ ရှိနေပြီလား"
ဒါကို ကြားတော့ ဝူချင်းစစ် ရဲ့ နှလုံးသား ချက်ချင်း ပြင်းပြင်းထန်ထန် ခုန်လာလေသည်။
ရောက်လာပြီ သူ စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့တဲ့ အခိုက်အတန့် နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။
"ဟုတ်ကဲ့ အစ်ကိုကြီး ဒီနေ့ အတွက် ကျွန်တော် နေ့တိုင်း ခန္ဓာကိုယ်ကို သေချာ ပြုပြင်ထိန်းသိမ်းထားပြီး အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် လုပ်ထားပါတယ်"
"မင်း မစောင့်နိုင်တော့ဘူးနဲ့ တူတယ် ကောင်းပြီ ဒီမှာ စောင့် မင်းအတွက် ရာထူးတိုး အခမ်းအနား သွားပြင်ဆင်လိုက်ဦးမယ်"
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ဝူချင်းစစ် ခါးကိုင်း ဦးညွှတ်လိုက်လေသည်။
သူ့အစ်ကိုကြီး အစီအရင် ခန်းမဆောင် ထဲ ဝင်သွားမှသာ ဝူချင်းစစ် စိတ်လှုပ်ရှားစွာ လက်သီး ဆုပ်လိုက်လေသည်။
ဒါပေမဲ့ လမ်းတစ်ဝက်မှာ ရှဲ့လင်းတန်း ဘေးကနေ ကြည့်နေတာ သူ သတိထားမိလိုက်လေသည်။
သူ ချောင်းဟန့်လိုက်ပြီး ဝတ်ရုံရှည်ကို ဖြောင့်စင်းအောင် လုပ်ကာ ရှဲ့လင်းတန်း ဘက် လက်သီးဆုပ်လိုက်လေသည်။
"ညီမလေးရှဲ့"
ရှဲ့လင်းတန်း ချက်ချင်း ပြန်လည် ဂါရဝပြုလိုက်လေသည်။
"အစ်ကိုကြီးဝူ"
တကယ်တော့ ရှဲ့လင်းတန်း က သူမဟာ သခင့်ရဲ့ အစေခံမလေး တစ်ယောက်သာ ဖြစ်ပြီး "ညီမလေး" ဆိုတဲ့ ဘွဲ့နဲ့ မထိုက်တန်ဘူးလို့ အမြဲ ခံစားရပေမယ့် သခင်က အခုက စပြီး ကိုယ့်ကိုယ်ကိုယ် သူတို့ရဲ့ ညီမလေး အဖြစ် သတ်မှတ်လိုက်ဖို့ သူမကို ပြောထားလေသည်။
သဘာဝကျကျပဲ သခင့် စကားကို သူမ မငြင်းဆန်နိုင်တာကြောင့် ရှဲ့လင်းတန်း က အငယ်ဆုံး ညီမလေး ယုတ္တိရှိရှိ ဖြစ်လာခဲ့လေသည်။
သူတို့နှစ်ယောက် နှုတ်ဆက်ပြီးနောက် "ကျွီ" ဆိုတဲ့ အသံနဲ့အတူ သတ္တုရိုင်း ခန်းမ တံခါး ပွင့်သွားလေသည်။
မျက်နှာမှာ ကျပ်ခိုးတွေ ပေကျံနေတဲ့ ချူယန်ဇယ် ထွက်လာလေသည်။
သူ အစ်ကိုကြီးဝူ ကို နှုတ်ဆက်ဖို့ ပြင်လိုက်တုန်း အနားမှာ ရပ်နေတဲ့ ရှဲ့လင်းတန်း ကို တွေ့လိုက်ရလေသည်။
"ဆရာ သီးသန့် ကျင့်ကြံရာကနေ ထွက်လာပြီလား" ချူယန်ဇယ် အံ့သြစွာ မေးလိုက်လေသည်။
"ဟုတ်တယ်"
ရှဲ့လင်းတန်း သူ့ကို ခေါင်းညိတ်ပြလိုက်လေသည်။
"ဒါဆို..."
ချူယန်ဇယ် သူ့အကြည့်ကို ဝူချင်းစစ် ဆီ ရွှေ့လိုက်သည်၊ သူ့မျက်လုံးတွေက မေးခွန်း မေးနေကြောင်း ရှင်းလင်းနေလေသည်။
ကနဦး စိတ်လှုပ်ရှားမှု ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ ဝူချင်းစစ် တည်ငြိမ်စွာ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်လေသည်။
"အစ်ကိုကြီး က ငါ့အတွက် ရာထူးတိုး အခမ်းအနား ပြင်ဆင်ဖို့ သွားနှင့်ပြီ"
"ဂုဏ်ပြုပါတယ် အစ်ကိုကြီးဝူ" ချူယန်ဇယ် ချက်ချင်း လက်သီးဆုပ်လိုက်လေသည်။
"ကျေးဇူးပဲ"
ဝူချင်းစစ် ကျက်သရေရှိစွာ ခေါင်းညိတ်လိုက်လေသည်။
ဒီအချိန်မှာ ရှဲ့လင်းတန်း လျှောက်လာပြီး သူမ ခါးက ပန်းထိုး လက်ကိုင်ပုဝါ တစ်ထည် ယူကာ ချူယန်ဇယ် ကို ကမ်းပေးလိုက်လေသည်။
"အစ်ကိုကြီးချူ ဒါလေး သုံးလိုက်ပါ"
ချူယန်ဇယ် ခဏ မှင်သက်သွားပြီးနောက် ချက်ချင်း နားလည်သွားလေသည်။
သူ လက်ကိုင်ပုဝါကို ယူပြီး မျက်နှာကို သုတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ညီမလေးရှဲ့"
မျက်နှာသုတ်ပြီးနောက် ချူယန်ဇယ် အစီအရင် ခန်းမဆောင် ဘက် သိချင်စိတ်နဲ့ လှမ်းကြည့်မနေဘဲ မနေနိုင်တော့ပေ။
အစ်ကိုကြီးဝူ အဆင့်တက်ဖို့ အတွက် ဆရာ အချိန် ဘယ်လောက်ကြာကြာ ပြင်ဆင်ခဲ့ရလဲ ဆိုတာ သူ ကောင်းကောင်း သိသည်၊ ဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင် အစ်ကိုကြီးဝူ အနက်ရောင်ဘုရင် အဖြစ် ရာထူးတိုးမယ့် အခိုက်အတန့်ကို သူ တကယ် ဝင်ကြည့်ချင်မိလေသည်။
အဲ့ဒီလိုနဲ့ ၂ နာရီ အပြည့် ကုန်ဆုံးသွားခဲ့လေသည်။
ဝူချင်းစစ် အစီအရင် ခန်းမဆောင် တံခါးကို ၁၅၈ ကြိမ်မြောက် ကြည့်လိုက်တဲ့ အချိန်မှာ တံခါးက...
...နောက်ဆုံး ပွင့်လာခဲ့လေသည်။