← Chapters

အန်တီ ချွန်းဟွာ

Vol. 90 Ch. 1345

အန်တီ ချွန်းဟွာ

Vol. 90 Ch. 1345

ထိုည၌ ယဲ့ဖန်သည် ဝမ်ကောဖူ၏ ကျောင်းတော်ခွဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ ကျောင်းတော်ခွဲ တစ်ခုသာ ဖြစ်သော်လည်း ရှုကျိုး၏ နယ်မြေသုံးပုံတစ်ပုံနီးပါးကို ပိုင်ဆိုင်ထားလေသည်။

ဝမ်ကောဖူ ကျောင်းတော် မည်မျှ အင်အားကြီးမားကြောင်း ခန့်မှန်း နိုင်ပေသည်။ ကျောင်းတော်ခွဲ တစ်ခုမျှသာ ဖြစ်သော်လည်း အင်ပါယာက ရှုကျိုးနယ်နိမိတ်၏ သုံးပုံတစ်ပုံကို ကျောင်းတော်ဖွင့်ရန် ပေးထားရပြီး ကျောင်းခွဲ တည်ဆောက်ခြင်း၌လည်း ကူညီပေးခဲ့သည်။

ကြီးကြပ်ရေးမှူးလျှိုက ယဲ့ဖန်တို့ နှစ်ယောက်အကြောင်းကို ခပ်မြန်မြန် အစီရင်ခံချင်သောကြောင့် တပည့် တစ်ယောက်အား သူတို့ နေရမည့်အိမ်သို့ လိုက်ပို့ရန် ခိုင်းစေခဲ့သည်။

ယဲ့ဖန်၏ ထူးခြားသော အဆင့်အတန်းကြောင့် ကြီးကြပ်ရေးမှူးလျှိုက ယဲ့ဖန်တို့ နေထိုင်ရန် တန်ဖိုးကြီး အိမ်ရာ တစ်ခု စီစဉ်ပေးလေသည်။

သူတို့အား ကျေးလက်မှ လာသူဖြစ်ပြီး လယ်သမားသားဟု ပြောသည့် ဝမ်ရဲ့ဟူသော တပည့်တစ်ယောက်က လမ်းပြပေးခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့၌ လယ်သမားတစ်ယောက်၏ ရိုးစင်းသော အကျင့်စရိုက် ရှိသည်။

သူ့အသားအရေက မည်းမှောင်၍ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသည်။ သူသည် ရိုးအစွာ ပြုံးရယ်တတ်ပြီး သဘောကောင်းသည်။

သို့သော် မရေတွက်နိုင်သော လူများစွာနှင့် ကြုံတွေ့ခဲ့ရသည့် ယဲ့ဖန်သည် သူ၏ ရိုးသားဖြူစင်သော အသွင်အပြင် အောက်၌ တစ်ခုခု ဖုံးကွယ်ထားကြောင်း မြင်နေရသည်။

ဝမ်ရဲ့က ရိုးသားဖြူစင်ပုံ ပေါ်အောင် အကောင်းဆုံး ကြိုးစားနေသော်လည်း သူ့မျက်လုံး၏ နက်ရှိုင်းသော အတွင်းတစ်နေရာ၌ ပါးနပ်၍ မကောင်းသောညဉ်ရှိကြောင်း ဖော်ပြနေသည်။

“အစ်ကိုဖုန်းယဲ့က တော်တော် ကံကောင်းတာပဲ၊ ကောင်မလေးတွေအားလုံးက ပန်းလိုလှတယ်ဗျာ”

ဝမ်ရဲ့က အပြုံးဖြင့် ချီးမွမ်းလေသည်။ ယဲ့ဖန်က ပြုံးရုံသာပြုံး၍ တည်ငြိမ်စွာ နေနေ၏။

“အစ်ကိုဖုန်းယဲ့က အခုမှ ဒီရောက်တာဆိုတော့ ဒီကနေရာတွေနဲ့ ရင်းနှီးဦးမှာ မဟုတ်ဘူး၊ ကျွန်တော် ဒီည ခင်ဗျားကို လာခေါ်ပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးကျွမ်းဝင်လာအောင် လုပ်ပေးရမလား”

ဝမ်ရဲ့က ရုတ်တရက် ပြောလာပြီးနောက် သူ့ရင်ဘတ်သူပုတ်၍ ဆက်ပြောလေသည်။

“ကျွန်တော် ဒကာခံမယ်၊ အစ်ကိုဖုန်းယဲ့ အေးဆေး ပျော်ပါးလို့ရတယ်”

သူက ဤသို့ ပေါ်တင် ရဲရဲတင်းတင်း ပြောနေသဖြင့် ငြင်းရခက်လှသည်။

“ကောင်းပြီလေ ဒါဆိုလည်း သွားတာပေါ့”

“အင်း ဒါဆို ဒီည ရှစ်နာရီရောက်ရင် ကျွန်တော် ခင်ဗျားကို အချိန်မီ လာခေါ်မယ်၊ ခင်ဗျားတို့ အရင်နားကြဦး”

ဝမ်ရဲ့က ထိုင်ရာမှထ၍ ပြန်ထွက်သွားလေသည်။ အိမ်နှင့် မီတာတစ်ရာ အကွာအဝေးသို့ လျှောက်သွားပြီးချိန်တွင် သူသည် ဆက်သွယ်ရေး ကိရိယာကို ဂရုတစိုက် ထုတ်၍ နံပါတ်တစ်ခုကို ခေါ်လိုက်ပြီး ခက်ထန်သော မျက်နှာထားနှင့် ပြောလိုက်သည်။

“အဲ့ကောင် ငါးစာဟပ်ပါပြီ”

“တော်တယ် မင်း ဒီည သူ့ကို ဖျက်ဆီးနိုင်တာနဲ့ ငါ မင်းကို ဆုတွေ အများကြီး ချီးမြှင့်မယ်”

တစ်ဖက်မှ ရက်စက်သော ကြီးကြပ်ရေးမှူးလီ၏ အသံ ထွက်လာသည်။ သူ့စကားကို ကြားသော် ဝမ်ရဲ့က ပြုံးလာသည်။ သူ၏ ဟန်ဆောင်အမူအရာနှင့် မလိုက်ဖက်သော စဉ်းလဲကောက်ကျစ်သည့် ဟန်ပန် ထွက်ပေါ်လာ လေသည်။

“ကြီးကြပ်ရေးမှူးလီ စိတ်ချပါ၊ ကျွန်တော့် လုပ်ပုံကိုင်ပုံကို စိုးရိမ်စရာ မလိုဘူး မဟုတ်လား၊ ကျွန်တော် သူ့ကို ဖျက်ဆီးရုံတင် မကဘူး သူ့ဂုဏ်သတင်းကိုပါ ဖျက်ဆီးပြမယ်၊ စောင့်ကြည့်နေပေးပါ”

စကားပြောဆိုပြီးနောက် ဝမ်ရဲ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“မျိုးမစစ်ကောင် မင်းတစ်ယောက်တည်းက ဒီလောက် လှပတဲ့ ကောင်မလေးတွေ အများကြီးနဲ့ ပျော်ပါးနေတာ၊ နောက်ပိုင်း ငါ မင်းအစား တာဝန်ယူပေးရမှာပေါ့”

ထို့နောက် သူ အဝေးသို့ ထွက်သွားလေသည်။ မည်သူမှ မသိလိုက်သည့်အချက်မှာ သူ ဖုန်းပြောရာမှ ထွက်သွားသည်အထိ ယဲ့ဖန်က အိမ်တော် ပြတင်းပေါက်မှ စိုက်ကြည့်နေသည်ကိုပင်။ သူ့မျက်လုံးများက အေးစက်နေ၏။

ညရှစ်နာရီ၌ ဝမ်ရဲ့က ပြောထားသည့်အတိုင်း ယဲ့ဖန်အိမ်တံခါးဝသို့ ရောက်လာပြီး သူ့မိန်းကလေးများကို မခေါ်ခဲ့ရန် ပြောလာသည်။

ဤသည်က သူ ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ယဲ့ဖန် ပိုပို၍ ဝေခွဲမရ ဖြစ်လာပြီး တျောင်လို့ဟု ခေါ်သော မျှော်စင်နေရာသို့ ရောက်သောအခါ ဘာတွေဖြစ်နေလဲ ယဲ့ဖန် နားလည်သွားလေသည်။

မျှော်စင်တွင်း၌ အနီရောင် အမှုန့်များ ပြည့်နှက်နေပြီး စိတ်ကြွစေသော ရနံ့က ဆယ်မိုင်အကွာအထိ ပျံ့လွင့် နေသည်။

ဤနေရာသို့ ဝင်ထွက်သွားလာနေသူများသည် အင်အားကြီးသော သိုင်းပညာရှင်များ ဖြစ်ပြီး မျှော်စင်မှ မိန်းကလေးကို ရင်ခွင်ထဲထည့်၍ သူမကိုယ်ကို ပွတ်သပ်ကာ ကျယ်လောင်စွာ ရယ်မောနေကြသည်။

ဤနေရာက ဆောင်ကြာမြိုင်တစ်ခု ဖြစ်ကြောင်း သိသာပေသည်။ သို့သော် မတူသည့် အချက်မှာ ဤမျှော်စင်အား သိုင်းပညာရှင်က ဖွင့်ထားခြင်း ဖြစ်ပြီး ထိုသူကလည်း ပြည့်တန်ဆာ ဖြစ်လေသည်။

ဧည့်သည်တော်များကို ဧည့်ခံနေသည့် လူများထဲတွင် ဘုရင်အဆင့်ပါ ရှိနေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ပြောရမည်ဆိုလျင် ပိုက်ဆံတတ်နိုင်သရွေ့ ဈာန်ဝင်စားခြင်းအဆင့်ပင် ဖြစ်နေလျင်တောင်မှ ဘုရင်အဆင့် သိုင်းသမလေး တစ်ယောက်၏ ခုတင်ပေါ် တက်နိုင်သည်ဟု ဆိုရပေမည်။

“ဒါ စီးပွားရှာလို့ကောင်းတဲ့ နည်းလမ်းပဲ”

ယဲ့ဖန် ရယ်လိုက်သည်။ ဤဆောင်ကြာမြိုင် မျှော်စင်က သာယာမှု လာရှာသော ဧည့်သည်များ၏ စိတ်ကို အသုံးချ၍ ပိုက်ဆံများစွာ ရှာနိုင်သည်ဟု ခန့်မှန်းရပေသည်။

သို့သော် ထိုအခိုက်တွင် ဘုရင်အဆင့် အမျိုးသားတစ်ယောက်က အစေခံတစ်ဖွဲ့၏ ဆွဲထုတ်ခြင်း ခံနေရသည်ကို ယဲ့ဖန် ရုတ်တရက် တွေ့လိုက်ရသည်။ သူ့ကိုယ်၌ ဓားဒဏ်ရာများစွာ ရှိနေပြီး ဆိုးဆိုးရွားရွား အသတ်ခံ ထားရသည်။

ယဲ့ဖန်က ဝမ်ရဲ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သောအခါ ဝမ်ရဲ့က အပြုံးနှင့် ရှင်းပြလေသည်။

“တျောင်လို့မှာ ပြဿာရှာရဲတဲ့လူအားလုံး ဒီလိုပဲ အဆုံးသတ်ရလိမ့်မယ်၊ ဘုရင်အဆင့်တောင် အသက်ချမ်းသာ မပေးဘူး”

“တျောင်လို့မှာ ဒီလို ယုံကြည်မှုမျိုး ရှိတယ်လား”

ယဲ့ဖန် အံ့ဩသွားသည်။

*ဒါ ဆောင်ကြာမြိုင် မဟုတ်ဘူးလား*

“တျောင်လို့ကို အထင်မသေးနဲ့၊ ဒါက ဆောင်ကြာမြိုင်လို့ ထင်ရပင်မယ့် တကယ်က ဂိုဏ်းတစ်ခုပဲ၊ ဒါက အင်ပါယာထဲမှာ နှစ်ပေါင်းများစွာ အခြေချခဲ့ပြီးတော့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတယ်၊ ဒါက အဲ့ဂိုဏ်းရဲ့ ဂိုဏ်းခွဲ တစ်ခုလေ”

ဝမ်ရဲ့က ဆက်ပြောပြသည်။

“အကြောင်းရင်းကတော့ သူတို့ဂိုဏ်းက နှစ်မြွှာကျင့်စဉ်ကို ကျင့်ကြံတာလေ၊ အဲ့ဒါကြောင့် ဆောင်ကြာမြိုင် ဖွင့်ထားတာ၊ ပထမအချက်က သူတို့ နှစ်မြွှာကျင့်စဉ် ကျင့်ကြံနိုင်တယ်၊ နောက်တစ်ချက်က ပိုက်ဆံရတယ်လေ၊ အဲ့တော့ သူတို့ မဖွင့်ဘဲ နေပါ့မလား”

ယဲ့ဖန် အံ့ဩသွားပြီး လောကကြီးက အံ့ဩစရာ ကောင်းလွန်းသည်ဟု တွေးမိသွားသည်။ သို့သော် တစ်ဖက်လူက သူ့ကို ဤသို့သော နေရာကို ခေါ်လာသဖြင့် လေးနက်သော အဓိပ္ပာယ်တစ်ချို့ ရှိနေမှာ စိုးရသည်။

“အိမ်ပန်းလေးတွေက ပန်းရိုင်းတွေလောက် မကောင်းဘူးလေ၊ အဲ့တော့ အစ်ကိုယဲ့ သူတို့ကို မမြည်းစမ်း ချင်ဘူးလား၊ စိတ်မပူနဲ့ ဒီကိစ္စကို ခင်ဗျားနဲ့ ကျုပ်ပဲ သိမှာပါ၊ ကျုပ် ထုတ်မပြောပါဘူး”

ဝမ်ရဲ့က ရယ်မော၍ “အားလုံးက ယောက်ျားသားပဲလေ ကျုပ် နားလည်ပါတယ်” ဟူသော အကြည့်ဖြင့် ကြည့်နေသည်။

တကယ်တမ်းတွင် ယနေ့ ဤနေရာ၌ ဖောက်ပြန်မှုအား ယဲ့ဖန်၏ အမျိုးသမီးများ သိအောင် မည်သို့ ဖြန့်ရမလဲ စဉ်းစားထားပြီးသား ဖြစ်သည်။ ထိုသို့ဆိုလျင် သူမတို့က ယဲ့ဖန်ကို မုန်းတီးသွားပေမည်။ ထိုအခါ သူက သူမတို့ကို ပိုင်ဆိုင်နိုင်မည့် နည်းလမ်းကို ရှာမည် ဖြစ်လေသည်။

ယဲ့ဖန် စိတ်ထဲမှ ကျိတ်လှောင်နေသော်လည်း အပြင်ပန်း၌ တည်ငြိမ်နေ၏။

“ကောင်းပြီလေ”

နှစ်ယောက်သား မျှော်စင်ထဲသို့ လျှောက်သွားကြသည်။ အထဲသို့ ဝင်လိုက်သည်နှင့် အရိုင်းဆန်သော မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ အမျိုးသားများနှင့် အမျိုးသမီးများက အချင်းချင်း ပူးယှက်နေပြီး အချို့လူများ ဆိုလျင် ဘေးလူဘေး၌ ကိုယ်လက် နှီးနှောနေကြပြီး ရယ်မောသံ၊ ညည်းသံ၊ အသက်ရှူသံ၊ အရက်သောက် နေသံနှင့် အသံပေါင်းစုံ ထွက်ပေါ်နေကာ လေထုထဲမှ အနံ့ကလည်း ထူးခြားနေသည်။ အထဲမှ အမျိုးသားများနှင့် အမျိုးသမီးများသည် သူတို့၏ သွေးသားဆန္ဒအား ဖုံးကွယ်ခြင်းမရှိဘဲ ထုတ်ဖော်နေကြသည်။

စိတ်ကြွစေသော အမွှေးနံ့သာနှင့် ဤမြင်ကွင်းတို့ကို ပေါင်းစပ်ထားသဖြင့် ဣန္ဒြေကြီးသော အပျိုစင်လေးပင် ညစ်ညမ်းလာမှာ စိုးရသည်။

“သခင်လေးဝမ် ဒီကိုမလာတာ ကြာနေပြီနော်၊ အိုး … ရှင့်ဘေးက ဒီလူငယ်လေးက တကယ် ချောတာပဲ၊ ဒီည ကျွန်မဆီက ကလေးမတွေတော့ ကံကောင်းပြီပဲ”

ထိုစဉ် မိတ်ကပ်ထူလပျစ် လိမ်းထားသော အမျိုးသမီးတစ်ယောက် ရောက်လာပြီး ယဲ့ဖန်အား မျက်စပစ်ကာ အရှင်လတ်လတ် ဝါးစားချင်သော မျက်လုံးများဖြင့် ကြည့်လာသည်။ သူမသည် ဤမျှော်စင်၏ ပြည့်တန်ဆာ ခေါင်း ဖြစ်ပြီး မာမီဟု ခေါ်သည်။

ထို့အပြင် သူ၏ ယန်စွမ်းအင်အရဆိုလျင် ဘုရင်အဆင့် ရောက်နေသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။

“ဒါ ကျုပ်ရဲ့ ရင်းနှီးတဲ့အစ်ကိုပေါ့၊ ခင်ဗျား သူ့ကို ကောင်းကောင်း ပြုစုရမယ်နော်”

ဝမ်ရဲ့က အလေးအနက် သတိပေးသော်လည်း သူ့မျက်လုံးက အဓိပ္ပာယ်တစ်မျိုး ထွက်နေ၏။ ဝမ်ရဲ့က သူမကို ကြိုပြောထားပြီးသား ဖြစ်သဖြင့် ဤအမျိုးသမီးကြီးက မည်သို့ မရိပ်မိဘဲ နေမည်နည်း။ သူမက ပြုံး၍ ရယ်မောကာ ပြန်ပြောလိုက်သည်။

“စိတ်မပူနဲ့ ငါ ဒီည မောင်လေး ဖုန်းယဲ့ကို မခွဲနိုင်မခွာရက် ဖြစ်သွားအောင် လုပ်ပေးမယ်”

နောက်ဆုံးစကား၏ အဓိပ္ပာယ်က အလွန် လေးနက်လေသည်။ ထိုအချိန်တွင် ယဲ့ဖန်က သူတို့နှစ်ယောက်၏ လျှို့ဝှက် အပြုအမူကို သတိမမမူမိချင်ယောင်ဆောင်နေသည့် အပြင် ဤနေရာသို့ ယခုမှ ရောက်ဖူးသောကြောင့် အနေရခက်၍ ရှက်ရွံသယောင် ဆောင်နေ၏။

ထိုအခါ လူလတ်ပိုင်းအရွယ် အမျိုးသမီးက အံ့ဩသွားပြီး ကျိတ်၍ လှောင်လိုက်သည်။

*ဒီလို လူသစ်လေးကို ရှင်းရတာ လွယ်လွန်းမနေဘူးလား၊ ငါ့ကို အခန်းပြင်ဆင်ထားခိုင်းတာကတောင် လိုမနေသလိုပဲ*

“ငါ မင်းအတွက် အခန်းကောင်းလေး ပြင်ထားတယ်၊ ခဏနေရင် အန်တီချွန်းဟွာကို မင်းဆီ လာခိုင်းလိုက်မယ်”

အမျိုးသမီးကြီးက အပြုံးနှင့် ပြောလိုက်သည်။ ဝမ်ရဲ့က ချက်ချင်း အားကျဟန်ဖြင့် ယဲ့ဖန်ကို ပြောလေသည်။

“အစ်ကိုဖုန်းယဲ့ ခင်ဗျား တော်တော် မျက်နှာလိုက်ခံရတာပဲ၊ အန်တီချွန်းဟွာက ဒီမျှော်စင်ရဲ့ ဘုရင်မပဲလေ၊ သူ့နာမည်က မြို့ကြီးကိုးမြို့နဲ့ မြို့နယ်ဆယ်မြို့နယ်အထိ ကျော်ကြားတာ၊ တစ်နိုင်ငံလုံးက လူတွေက သူ့ကို မြင်ချင်ကြတာ၊ ပိုက်ဆံ အများကြီးသုံးပြီးမှ မြင်ရမယ့် သူကို ခင်ဗျား တွေ့ရတော့မှာ”

ယဲ့ဖန် ပြုံးလိုက်မိသည်။ ပျော်ပါးရတော့မည် ဖြစ်သဖြင့် ပြုံးခြင်း မဟုတ်ပေ။

*ဘုရင်မ ဟုတ်လား၊ ဒါ ဈေးကြီးတဲ့ ပြည့်တန်ဆာပဲ မဟုတ်လား*

အခန်းထဲ ဝင်သွားပြီးနောက် ဝမ်ရဲ့က ယဲ့ဖန်အား မိန်းမလှလေးနဲ့ တစ်ကိုယ်တည်း ပျော်ပါးစေရန် အောက်ထပ် ပြန်ဆင်းသွားသည်။ သို့သော် တကယ့်ပွဲက ယခုမှ စတင်မည်ဖြစ်ကြောင်း ယဲ့ဖန် ရိပ်မိပါသည်။

အခန်းတွင်း၌ မျက်နှာကျက်နှင့် နံရံများအား မျိုးစုံသော စိတ်ကြွစေမည့် ပန်းချီများ ရေးဆွဲထားပြီး ပန်းချီများက အသက်ဝင်ကာ မိမိရှေ့၌ လှပသော မိန်းမလှလေးများ ကခုန်နေသည်ဟု ထင်မှတ်မှားရသည်။

မျှော်စင်၏ ထူးခြားသော တေးသံနှင့် ပေါင်းလိုက်လျင် အထွတ်အထိပ်သို့ ရောက်နေသကဲ့သို့ ပို၍ စိတ်ကြွလာ နိုင်ကာ သတိမမူမိလျင် ရစ်မူးမိနိုင်သည်။ နံရံမှ မိန်းမလှပုံများက သူ့ကို ပြုံးနေသည်ဟုပင် ယဲ့ဖန် ထင်လာရသည်။

စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည်အထိ အန္တရာယ်များလှသည်။ ယဲ့ဖန် ချက်ချင်း ရိပ်မိသွားပြီးနောက် မျက်နှာ မည်းမှောင်သွားသည်။

နံရံမှ ပန်းချီ၊ ပတ်ဝန်းကျင်မှ တေးသံနှင့် စိတ်ကြွစေနိုင်သော မွှေးရနံ့ ၎င်းတို့အားလုံးက သူ့ကို စိတ်ရှုပ်ထွေးစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူ့အား ဤရမက်ကြွစေသော ပတ်ဝန်းကျင်၌ မျောပါသွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မလွတ်မြောက် စေလိုခြင်း ဖြစ်လေသည်။

နစ်မျောသွားသည်နှင့် မေထုန်ပြုချင်သော ခွေးထီးတစ်ကောင်ကဲ့သို့ ဖြစ်သွားနိုင်ချေ ရှိသည်။ ထိုသို့ဖြစ်လာလျင် သူ့စိတ်ထဲ၌ ပျော်ပါးရန်သာ သိနေပေတော့မည်။ မည်မျှ ထူးချွန်သော ပါရမီရှင် ဖြစ်နေပါစေ ကျဆုံးရပေမည်။

တစ်ဖက်လူက သူ့အား ဖျက်ဆီးရန် ကြံစည်ထားခြင်း ဖြစ်သည်။ အဆိပ်ပြင်းသော စိတ်ထားပါတကား။

ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်မိသည်။ ကြီးကြပ်ရေးမှူးလီက သူနှင့် ပေါ်တင် မရင်ဆိုင်ရဲသဖြင့် ယုတ်ညံ့သော နည်းကိုသုံး၍ ဖျက်ဆီးရန် ကြံစည်ထားပုံရသည်။

ဤမျှော်စင်မှ အသုံးချခံ ဖြစ်လာပြီး သူ သုံးစားမရသူ ဖြစ်လာလျင် ဘယ်လိုလုပ် ဝမ်ကောဖူက သူ့အသက်ကို အရေးစိုက်ပါဦးမည်နည်း။

“ကျွီ”

ထိုစဉ် အခန်းတံခါး ပွင့်လာပြီး သွယ်လျကြော့မော့သော လူတစ်ယောက် ဝင်လာသည်။ သူမတစ်ကိုယ်လုံးကို ဇာပုဝါဖြင့်သာ အုပ်ထားပြီး အထဲ၌ ကိုယ်လုံးတီး ဖြစ်နေသဖြင့် သူမ၏ ဖွံ့ထွားသော ကိုယ်လုံးကိုယ်ပေါက်နှင့် လှုပ်ခါသော အရာတို့ကို မြင်နေရသဖြင့် အလွန် ပူလောင်စရာ ကောင်းလှသည်။

ဤသို့ ဝတ်စားထားခြင်းက ကိုယ်လုံးတီး ဖြစ်နေခြင်းထက် ပိုဆွဲဆောင်နိုင်သဖြင့် မည်သည့် ယောက်ျားသားမှ သူတို့၏ ညီငယ် ထကြွလာမည်ကို ထိန်းနိုင်မည် မဟုတ်ဘဲ သူမကိုယ်မှ ဇာပုဝါကို ပြေးကာ ဆွဲဖြဲနိုင် လောက်သည်။

ဖွံ့ထွားသော ကိုယ်လုံးကိုယ်ပေါက်၊ ရင်နှစ်မွှာ တုန်ခါပုံနှင့် တင်ပါးစိုင်တို့ လွှဲယမ်းလှုပ်ခါနေပုံက အလွန် ဆွဲဆောင်မှု ရှိလှသည်။

သို့သော် ယဲ့ဖန်၏ အကြည့်က တည်ငြိမ်လွန်းပြီး သူမအား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည် ဟုပင် ထင်မှတ်ရသည်။

တစ်ဖက်လူ၏ တွက်ချက်မှုအရ သူ ယနေ့ည အသတ်ခံရမည် ဖြစ်ပြီး သူ့ထံ ပို့လိုက်သော ဤအမျိုးသမီးက ပထမဆုံး လှုပ်ရှားမည့်သူ ဖြစ်မှာ အသေအချာပင်။

ယဲ့ဖန်၏ အကြည့်များက အလွန် တည်ငြိမ်နေသည်ကိုမြင်ပြီး အန်တီချွန်းဟွာ တစ်ခဏမျှ အံ့ဩသွားသည်။ သူမ၏ အသွင်အပြင်အရ ယောက်ျားသားများသည် ဆောက်တည်ရာမရ ဖြစ်တတ်သလို စိတ်ကြွလာတတ်သည်။ သို့သော် သူမအရှေ့မှ ဤအမျိုးသားက အဘယ်ကြောင့် တည်ငြိမ်လွန်းရသနည်း။

*နည်းနည်းတော့ အစွမ်းရှိသားပဲ*

အန်တီချွန်းဟွာက စိတ်ထဲမှ သရော်နေသည်။

*နင် ဒီအန်တီချွန်းဟွာနဲ့မှ လာတိုးတာတော့ စိတ်မကောင်းစရာပဲ*

ချက်ချင်းဆိုသလိုပ်င သူမမျက်လုံးမှ ပန်းရောင်အငွေ့များ ထွက်လာပြီး လှပသော မျက်လုံးတစ်စုံက လက်သည်းသဖွယ် စူးရှကာ ယဲ့ဖန်အား လူ့သွေးသားဆန္ဒ ထုတ်ဖော်လာအောင် စိုက်ကြည့်လေသည်။

ထို့နောက် သူမက ကိုယ်ကိုကိုင်း၍ အရိုအသေ ပေးလိုက်ပြီး မွှေးပျံ့သော ရနံ့ ထွက်ပေါ်လာကာ ဆွဲဆောင်မှု ရှိသော အသံဖြင့် နှုတ်ဆက်လိုက်သည်။

“မိန်းကလေး ချွန်းဟွာ ဂါဝရပြုပါတယ်”

All Chapters