မိတ်ဖြစ်ဆွေဖြစ်တိုက်ပွဲ
Vol. 10 Ch. 99
ချီယွမ် အကြိမ်ကြိမ် တွေးကြည့်ခဲ့ပြီးနောက်တွင် ထိုနည်းလမ်းသည် လွယ်ကူကာ အသင့်တော်ဆုံးသော နည်းလမ်းဟု သတ်မှတ်လိုက်သည်။
အနည်းဆုံးတော့ ဝမ်ထျန်းသဲ၏ အုတ်ဂူပေါ်တွင် ကခုန်ရခြင်းထက် ပိုမို ယုံကြည်စရာ ကောင်းလှပါ၏။
သေဆုံးပြီးသား လူတစ်ယောက်အား မြေအောက်လောက၏ နည်းလမ်းတစ်ချို့ကို အသုံးမပြုပါပဲ အနိုင်ယူဖို့ မလွယ်ကူပါချေ။
သို့သော် ဝမ်အိမ်တော်ခေါင်းဆောင် ဝမ်ထျန်းသဲသည် ရွှေအမြုတေ နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး လီမင်ဝမ်နှင့် ကျန်းချိုက်ချန်း နှစ်ယောက်လုံးကလည်း ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူများ ဖြစ်သောကြောင့် သူတို့သည်ဝိညာဉ်အား ရှာဖွေဖို့ စွမ်းရည်မရှိကြချေ။ ထို့ကြောင့် ထိုသူ သေဆုံးသည့်တိုင်အောင် ဝိညာဉ်ကတော့ ကျန်ရှိနေအုန်းမည်ပင်။
သေဆုံးပြီးသား လူ၏ဝိညာဉ်ကို သုတ်သင်သော နည်းလမ်းသည် သေဆုံးပြီးနောက်တွင် ထိုဝိညာဉ်က ပြင်းထန်သော အခြေအနေများအောက်၌ တစ္ဆေဝိညာဉ်အဖြစ် ပြောင်းလဲနိုင်သော နည်းလမ်းနှင့် အခွင့်အရေး ရှိသေးသောကြောင့် ဝိညာဉ်ကိုပါ ရှင်းလင်းခြင်းဖြစ်သည်။
ဝမ်ထျန်းသဲသည် ရွှေအမြုတေ နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး မကောင်းသော နတ်ဆိုး သိုင်းပညာများအား ကျင့်ကြံခဲ့သည့်အတွက် ထိုသူ၏ဝိညာဉ်သည် သာမန်သူများ၏ ဝိညာဉ်ထက် ပိုမို သန်မာမည်ဖြစ်ကာ တစ္ဆေဝိညာဉ်အဖြစ် မပြောင်းနိုင်လျှင်တောင်မှ လွယ်ကူစွာ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။
တစ်နည်းပြောရလျှင် ဝမ်ထျန်းသဲ အစစ်အမှန် သေဆုံးပြီးသည့်တိုင်အောင် သူ့၏ဝိညာဉ်သည် လှည့်ပတ် သွားလာနေနိုင်ခြေ များပြားသည်။
ထို့ကြောင့် ဝမ်ထျန်းသဲ၏ ဝိညာဉ်ကိုသာ ပြန်လည်ခေါ်ဆောင်ဖို့ နည်းလမ်း ရှာဖွေနိုင်ပါက ဝိညာဉ်ကို အနိုင်ယူနိုင်လျှင် ဝမ်ထျန်းသဲအား အနိုင်ယူနိုင်ပြီဟု သတ်မှတ်ရမည်ပင်။
ထိုဆင့်ခေါ်ရန် ဖြစ်စဉ်အတွက်ကတော့....
သူသည် မနေ့ကမှ တစ္ဆေဂိုဏ်း၏ ဘယ်လက်ရုံး လုကျိယွမ်ကို သတ်ဖြတ်ထားပြီး ထိုသူ၏ သိုလှောင်လက်စွပ်အား ရရှိထားသည်။ ထိုသိုလှောင် လက်စွပ် အတွင်းတွင် တစ္ဆေဂိုဏ်း၏ ဝိညာဉ်အားဖမ်းဆီးကာ အမိန့်ပေးနိုင်သော လျို့ဝှက် နည်းလမ်းများစွာအား မှတ်တမ်းတင်ထားသော မဟာတစ္ဆေကျမ်းဂန် ဟူသော ကျမ်းစာအား ပြန်ကူးစာအုပ်ရှိနေသည်။
ထိုသို့ တွေးမိသည်နှင့် ချီယွမ်၏ မျက်နှာထားသည် ပိုမို ရှုပ်ထွေးလာ၏။
( အားနည်းတဲ့ သူတွေကို အနိုင်ကျင့်တယ်။ နတ်ဆိုးနဲ့ အပေါင်းအသင်းလုပ်တယ်။ နှစ်ကိုယ်တွဲ ကျင့်ကြံတယ်။ အခုတော့
နတ်ဆိုးသိုင်းကိုပါ လျှို့ဝှက်ပြီး ကျင့်ကြံရဦးမယ်။ ငါ့ရဲ့ အပြုအမူက တစ်ဖြည်းဖြည်းနဲ့ တစ်ကယ့်ဗီလိန်တစ်ကောင်နဲ့ တူလာနေပြီ)
( ဖြစ်နိုင်တာ ငါက စစ်မှန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းတာထက် အဲ့ဒီ ရက်စက်ပြီး နတ်ဆိုးဆန်တဲ့ လမ်းကြောင်းနဲ့ ပိုကိုက်နေတာများလား )
ချီယွမ်တစ်ယောက် ချက်ချင်းပင်ပုခုံးတွန့်လိုက်ပြီး မဖြစ်နိုင်သော အတွေးများကို မောင်းထုတ်လိုက်သည်။
“ငါက သန့်စင်နယ်မြေရဲ့ သန့်စင်ပြီး ဖြောင့်မှန်တဲ့ တာအိုသားတော်ပဲ။ ဘယ်လိုလုပ် မကောင်းတဲ့နတ်ဆိုးနဲ့ နှိုင်းယှဉ်လို့ရမှာလဲ။ ဒါတွေအားလုံးက အသုံးမကျတဲ့ ငတုံး စနစ်ကြောင့်ပဲ။ ဟုတ်တယ်၊ ငါက အပြစ်မရှိဘူး”
ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် နှစ်သိမ့်ပြီး နောက်တွင် ချီယွမ် နောက်ဆုံးတော့ အားအင်များ စုဝေးပြီး ဘေးမှာရှိနေသော လီမင်ဝမ်ကို ညွှန်ကြားလိုက်သည်။
“ အခု တိမ်ကြွေဂိုဏ်းကို သွားပြီးတော့ ဝမ်အိမ်တော်ခေါင်းဆောင်ရဲ့ ဦးခေါင်းကို ပြန်သွားတောင်းလာခဲ့။ ဒီညပဲ သူ့ရဲ့ဝိညာဉ်ကို ဆင့်ခေါ်မယ်”
“ခပ်တိုတို ပြောရရင် အဲ့ဒီ အကျင့်မကောင်းတဲ့ မကောင်းဆိုးဝါးအိုကြီး ဝမ်ထျန်းသဲကို တရားမျှတမှု နောက်တစ်ကြိမ် ခံစားခိုင်းမှ ရမယ်”
“ညီနောင် တစ်ကယ်ပဲ ပြောနေတာလား”
ဖန်ကဲစွေ့ထံမှ မေးခွန်းထုတ်လာသော်ငြား လီမင်ဝမ်ကတော့ မျက်ခုံး လှုပ်လာခဲ့ပြီး စကားတစ်ခွန်းတောင် တန်ပြန် မပြောရဲတော့ချေ။ ထိုအစား လိမ္မာစွာ ခွန်းတုံ့ ပြန်လိုက်တော့၏။
“ကျွန်တော်မျိုး နာခံပါ့မယ်”
ပြောပြီးသည်နှင့် လီမင်ဝမ်သည် ပျံ့သန်းနိုင်သော မှော်လက်နက်အား ဆင့်ခေါ်ပြီး တိမ်ကြွေဂိုဏ်းရှိရာသို့ ပြန်သွားခဲ့သည်။
သတိကပ်လာသော ဖန်ကဲစွေ့သည် ချီယွမ်အား ထူးဆန်းသောမျက်နှာထားဖြင့် ကြည့်လိုက်ကာ လေးစားမှုအပြည့်ဖြင့် ပြောလာ၏။
“ညီလေးချီက တစ်ကယ်ကို သန်မာတဲ့ လူတစ်ယောက်ပဲ။ ကလဲ့စားချေတာတောင် နှစ်ကြိမ်ချေတယ်နော်”
“ဒီလို ဖြစ်လာပြီဆိုမှတော့ ကျွန်တော့်ကိုလည်း ဒီနေ့ည ဖိတ်ကြားပါ။ ဒီလိုကိစ္စမျိုး တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ အခွင့်အရေးကောင်းလို့ ထင်တယ်”
ဖန်ကဲစွေ့သည် စကားမဆုံးခင်မှာပဲ အိမ်အတွင်းမှ အပြင်သို့ လမ်းလျှောက်ထွက်လာသော ပိုင်ရှီရို့အား တွေ့လိုက်ပြီး အံ့ဩတကြီး ပြောလေတော့၏။
“အာ ဒါက ညီလေးချီတရဲ့ မိန်းကလေး မဟုတ်ဘူးလား။ သူမ ဘာလုပ်နေတာလဲ”
ချီယွမ် အနည်းငယ် ပြုံးလိုက်ပြီး တည်ငြိမ်စွာပြောလိုက်၏။
“သူက ကျွန်တော်ရဲ့ မိန်းကလေးပဲ”
( အာ )
ဖန်ကဲစွေ့ ပထမတော့ အံ့ဩသွားခဲ့ပြီး ထိုနောက်တွင် ရုတ်တရက် သဘောပေါက်သွားကာ သက်ပြင်းချလိုက်တော့၏။
“ကြည့်ရတာ ကျွန်တော့်ရဲ့ ဘဝခံယူချက်က မှန်ကန်နေပုံပဲ။ ဒီလောကကြီးမှာ မေတ္တာတရား အစစ်အမှန်ဆိုတာ မရှိဘူး။ ဒါတွေ အားလုံးက ယောက်ျားနဲ့မိန်းမကြားမှာ ထွက်ပေါ်လာတဲ့ ဆွဲငင်မှုတွေပဲ။ သူတို့က ကိုယ်လိုချင်တဲ့ အရာကိုပဲ ဂရုစိုက်ကြတာ”
“နောက်ဆုံးတော့ လူတွေက အဟောင်းကို ငြီးငွေ့လာပြီး အသစ်ကို တောင်းတလာကြမယ်။ ပိုက်ဆံသာရှိနေသ၍ နေ့ရက်တိုင်းကို သတိုးသားအဖြစ် ဖန်တီးလို့ရပြီး ညတိုင်း အပျော်အိမ်ကနေ သတို့သမီးအသစ် ရယူလို့ရနိုင်တယ်။ ညီနောင် အချစ်ကြောင့်ဘယ်တော့မှ ဒုက္ခ အရောက်မခံပါနဲ့”
ထိုစကားလုံးများကြောင့် ပိုင်ရှီရို့၏ မျက်နှာသည် ချက်ချင်းပင် အေးစက်သွားကာ ဖန်ကဲစွေ့အား ရွံရှာစွာ လှမ်းကြည့်လာ၏။
သို့သော်ငြား တစ်ဖက်သူသည် ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်နေသည့်အတွက် ချီယွမ်အစားပြဿနာမရှာချင်ခဲ့ပေ။ ထို့ကြောင့် ရန်တွေ့မည့်အစား ချီးယွမ်၏ဘေးသို့ တိုက်ရိုက်ပဲသွားရောက်ကာ နူးညံ့စွာ ပြောလိုက်၏။
“တာအိုသားတော် ညီမလေးအန်းက အမတို့အတွက် မနက်စာ ပြင်ပေးထားတယ်”
အပြင်သူများ ရှိနေသည့်အတွက် သူမသည် ချီယွမ်အား တာအိုသားတော်အဖြစ်သာ ခေါ်ဝေါ်ခဲ့သည်။
“ရပါတယ်”
ချီယွမ် ခေါင်းယမ်းလိုက်ရင်း ဖန်ကဲစွေ့အား ပြုံးပြလိုက်ပြီး
“ကျွန်တော်က အခုပဲ အဆင့်တက်ထားတော့ လမ်းပြပေးမဲ့ တစ်စုံတစ်ယောက်ကို လိုအပ်နေတာ။ အကိုဖန်ကို ဒီနေ့တွေ့ရတာ တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ ဒါကြောင့် နေရာတစ်ခု ရှာပြီးတော့ ကျွန်တော်တို့ လက်ရည်ချင်း ယှဉ်ရအောင်လေ”
“ဟ ဟား ညီလေးချီ ပြောတာ မှန်တယ်။ ဝမ်းသာတာပေါ့ဗျာ”
ထိုစကားကြောင့် ဖန်ကဲစွေ့ အူလိုက်သဲလိုက် ရယ်မောလာပြီး သဘောတူလိုက်၏။
တစ်ချိန်ထဲမှာပဲ သူ့၏နှလုံးသားထဲမှ တိတ်တဆိတ် တွက်ချက်လိုက်သည်။
သူ၏ကျင့်ကြံမှုသည် ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့်ကို အောင်မြင်လုနီးပါး ဖြစ်နေသည့်အတွက် မကြာခင်မှာပဲ နှောင်းပိုင်းအဆင့်သို့ တက်ရောက်နိုင်လိမ့်မည်ဟု မှန်းဆထားသည်။ သူတို့နှစ်ဦးစလုံးသည် သန့်စင်နယ်မြေ၏ တာအိုသားတော်များ ဖြစ်သည့်အလျောက် နက်ရှိုင်းသော သိုင်းပညာများအား လေ့ကျင့်ခံထားရသည်။ ဝိညာဉ်အခြေတည် နယ်ပယ် အလယ်အဆင့်သို့ ဝင်ရောက်ထားတာ မကြာသေးသော သူတစ်ဦးထံမှာ ရှူံးနိမ့်ခံရဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဤအခွင့်အရေးသည် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်အား သူ့၏သန်မာမှု အစစ်အမှန်ကို ပြသဖို့ အခွင့်အရေး ဖြစ်သည့်အတွက် ဖန်ကဲစွေ့သည် ဤအခွင့်အရေးကို အပြည့်အဝ ဖမ်းဆုပ်ရင်း အနာဂတ်တွင် လေးစားမှုတစ်ချို့ ရရှိနိုင်ဖို့ ကြိုးစားချင်သည်။ ထိုသို့ဖြင့် နှစ်ဦးလုံး သဘောတူညီမှု ရရှိခဲ့ပြီး ချက်ချင်းပင် ကောင်းကင်ထက်သို့ ပျံသန်းသွားကာ မိုင်သောင်းချီဝေးကွာသော တောင်နက်အတွင်းသို့ ဝင်ရောက်သွား၏။
အဝေးသို့ ထွက်ခွာသွားသော ပုံရိပ်နှစ်ခုအား ကြည့်လိုက်ရင်း ပိုင်ရှီရို့ လက်သီးစုတ်လိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
“မောင်လေးချီ ဒီအကျင့်မကောင်းတဲ့ နှာဘူးကောင်ကို ဒီတစ်ခေါက် သင်ခန်းစာပေးခဲ့ရမယ်”
အကြောင်းအရင်းမရှိ ပိုင်ရှီရို့သည် ထိုတစ်ဦးတည်းသော သူအား ကမ္ဘာပေါ်ရှိ ဘယ်သူမှ အနိုင်မယူနိုင်သော သူတစ်ဦးအဖြစ် ထူးဆန်းစွာ ယုံကြည်နေခဲ့သည်။
တစ်ဖက်တွင်လည်း
ဘုန်း ဘုန်း ဘုန်း
လှုပ်ရှားမှုတစ်ချို့ အပြီးမှာပဲ....
ဖန်ကဲစွေ့၏ မျက်နှာသည် သေလောက်အောင် ဖြူဖွေးလာကာ ခက်ခဲစွာဖြင့် တံတွေးမျိုချလိုက်၏။
“ညီလေးချီအခုကျမှ တိုက်ပွဲကို ရပ်ဖို့ပြောရင် နောက်ကျသွားပြီလို့ ထင်လား”
သိပ်မဝေးသော နေရာတွင်ရပ်နေသော ချီယွမ်ကပြုံးပြပြီး အားပေးလိုက်ပါ၏။
“အကိုဖန် ဘာလို့ ဒီလိုမျိုး ပြောရတာလဲ။ အခုမှ သွေးပူလေ့ကျင့်ခန်း အနေနဲ့ပဲ စရသေးတာလေ။ ကြည့်လိုက် ကျွန်တော့်ရဲ့ဓားကိုတောင် မထုတ်ရသေးဘူး။ လာပါဆက်တိုက်ရအောင်”
“တော်ပြီး မတိုက်ဘူး”
ဖန်ကဲစွေ့တစ်ယောက် ငိုယိုတော့မတတ် ဖြစ်လာ၏။
မကြာမီမှာပဲ ကောင်းကင်ထက်သို့ အလွန်နာကျင်နေသော အော်ဟစ်သံကြီး ပျံ့နှံ့လာခဲ့သည်။
“အား ညီလေးချီ ရပ်ပါတော့။ ကျွန်တော် အရှုံးပေးတယ် အရှုံးပေးပြီလို့။ ဒီလိုမျိုး ဆက်တိုက်နေမယ်ဆိုရင် တစ်ယောက်ယောက်တော့ သေတော့မှာပဲ”
ကျေနပ်ဖွယ်ကောင်းသော တိုက်ပွဲအပြီးတွင် ချည်ယွမ်သည်တည်ငြိမ်နေသော မျက်နှာထားဖြင့် မြို့အရှင်စံအိမ်သို့ ပြန်လာခဲ့ပြီး လေ့ကျင့်ရေး အခန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သော ဖန်ကဲစွေ့ကလည်း တော်တော်လေး အံ့ဩဖို့ကောင်းပါသည်။
ခိုင်မာသော အခြေခံ၊ ပြောင်းလဲနိုင်သော စွမ်းဆောင်ရည်နှင့် ထိပ်သီးအဆင့် အင်အားကြီး မှော်ရတနာများစွာအား ပိုင်ဆိုင်ထားသည်။ သူ့၏တိုက်ခိုက်စွမ်းရည်သည် သာမန် ဝိညာဉ်အခြေတည် နယ်ပယ် ထိပ်သီးအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျချေ။ ဂုဏ်သတင်းနှင့် ထိုက်တန်သော လူပါပေ။
သို့သော်ငြား ကံဆိုးစွာဖြင့် သူ့၏ပြိုင်ဖက်သည် ကောင်းကင်တာအို ဝိညာဉ်သန္ဓေအား ပိုင်ဆိုင်ထားပြီး နှစ်သောင်းမှာတစ်ယောက်ပဲ ထွက်ပေါ်နိုင်လောက်အောင် ရှားပါးစွမ်းရည်များ ရှိထားသော ချီယွမ်ဖြစ်နေသည်။
ချီယွမ်သည် သွေးနတ်ဘုရား၏ သန့်စင်မှုလေးခုထဲမှ ပထမဆုံးသန့်စင်မှုကိုပဲ အနည်းငယ် အသက်သွင်းရသေးသည်။ ဖန်ကဲစွေ့အား ဝက်တစ်ကောင်လိုမျိုး အင်အားမဲ့အောင် ရိုက်နှက်နိုင်လိုက်၏။
သေချာပေါက် ဤတိုက်ပွဲသည် မိတ်ဖြစ်ဆွေဖြစ် လက်ရည်စမ်းသည့် ပွဲသာဖြစ်သည့်အတွက် ချီယွမ်သည် အားကုန် ထုတ်မသုံးခဲ့ပေ။ ရလာဒ်အနေနှင့် ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော်ပေါ်တွင် အညိုမည်းတစ်ချို့သာ စွဲထင်ကျန်စေ၏။
ခဏမျှကြာပြီးနောက်တွင် ချီယွမ်တစ်ယောက် အတွေးများစုစည်းလိုက်ရင်း တိတ်တဆိတ် ပြောလိုက်သည်။
“စနစ်၊ မဟာမြစ်ရေသိုင်းရဲ့ ဝိညာဉ်ခြေရာခံခြင်း အပိုင်းအပေါ်မှာ အလင်းပွင့်တဲ့ စွမ်းရည်သုံးလိုက်”
…….