← Chapters

ငတုံးစနစ်ရဲ့တာသန်အသစ်

Vol. 10 Ch. 96

ငတုံးစနစ်ရဲ့တာသန်အသစ်

Vol. 10 Ch. 96

ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် တောင့်တင်းသွားခဲ့ပြီး အပေါ်ဝတ်အား အလျင်အမြန် ဆွဲယူရင်း ရှင်းပြလိုက်သည်။

"အမပိုင် ကျွန်တော့်ကို သိတာပဲဗျာ။ ကျွန်တော်က အမြဲတမ်း ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ။ မစွပ်စွဲပါနဲ့"

"အမပိုင်ရဲ့ ခန္ဓာကိုယ်က ဒီလောက်ထိ ထူးခြားနေမယ်လို့ ဘယ်သူက သိခဲ့မှာလဲ။ အမပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ကျွန်တော် ပို့ပေးခဲ့တဲ့ ယန်စွမ်းအင်တွေက အလိုအလျောက် အသွင်ပြောင်းသွားခဲ့တယ်။ ကျွန်တော်က အဲ့ဒါကို မသိလိုက်ဘဲ အမ ဒုက္ခရောက်နေမှာစိုးလို့ စွမ်းအင်တွေကို ပြန်စုပ်ယူဖို့ လုပ်လိုက်တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ကျွန်တော်လည်း တန်ပြန်ရိုက်ခတ်မှုကြောင့်..."

"ရပြီ။ မပြောနဲ့တော့"

ချီယွမ်၏ စကားမဆုံးခင်မှာဘဲ နီရဲနေသော မျက်နှာနှင့် ပိုင်ရှီရို့က တားမြစ်လိုက်သည်။ သူမ၏ ပါးလွှာသော အမွှေးပွ အပေါ်ဝတ်ရုံအား တင်းကျပ်စွာ ဖုံးအုပ်လိုက်ရင်း

"ရှင် ပို့လိုက်တဲ့ ယန်စွမ်းအင်တွေကတောင်မှ ဒီလောက်ထိ မသင့်တော်နေတာကို ကိုယ့်ကိုယ်ကို ရိုးသားဖြောင့်မတ်တဲ့လူလို့ ပြောရဲတာလား။ အနောက်ကို လှည့်မကြည့်နဲ့"

"ဟုတ် ဟုတ်"

ချီယွမ် ချက်ချင်းပင် သဘောတူလိုက်ပြီး ကျောပေးလိုက်သည်။ သူ့အနေနှင့် မမြင်သင့်တာရော မြင်သင့်တာရော မြင်သွားပြီးသည့်အတွက် ကျောပေးရလည်း နစ်နာမှု မရှိပါချေ။

အချိန်အနည်းငယ် ကြာပြီးနောက်တွင် ပိုင်ရှီရို့သည် ဝတ်စုံအား အပြည့်အဝ ဝတ်ဆင်ပြီးသွားသည့်အတွက် အနည်းငယ် ရှက်ရွံ့နေသော လေသံဖြင့် မသက်မသာ ပြောလာခဲ့သည်။

"ရပြီ။ ပြန်လှည့်လိုက်တော့"

ချီယွမ်တစ်ယောက် ညွှန်ကြားထားသည့်အတိုင်း အနောက်သို့ ပြန်လှည့်လိုက်ပြီး အဝါရောင်ဝတ်စုံအား ဝတ်ဆင်ထားသော ပိုင်ရှီရို့ကို မြင်လိုက်ရသည်။ သူမ၏ အနက်ရောင် ဆံနွယ်များကို ခပ်မြင့်မြင့် စည်းထားပြီး မျက်နှာတစ်ခုလုံးသည် ရှင်းလင်းနေသည့်အတွက် သပ်ရပ်ကာ ကြည့်ကောင်းနေသည်။ သို့သော် သူမ၏ ရီဝေဝေ မျက်လုံးများက ကဏှာမငြိမ် ဖြစ်နေဆဲဖြစ်ပြီး သေးငယ်သော ဆွဲဆောင်မှုအား ဖော်ထုတ်နေသည်။

သူမ၏ တွန့်ဆုတ်ကာ ရှုပ်ထွေးနေသော မျက်နှာထားကြောင့် ချီယွမ် ပြုံးမိသွားရင်း သူမအား မနေနိုင်စွာ စနောက်လိုက်သည်။

"အဟမ်း အမပိုင်၊ အမက ကျွန်တော့်ထက် ယင်ယန်အသွင်ပြောင်းခြင်း သိုင်းပညာကိုသုံးတာ ပိုတော်နေတယ်နော်။ တော်တော်လေး လေ့လာထားတာလား"

ထိုစကားကြောင့် ပိုင်ရှီရို့၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားကာ ကျွင်းတစ်ကျွင်း တူးပြီးသာ ပျောက်သွားချင်မိ၏။ သူမက ဒေါသတကြီး ချက်ချင်း တုံ့ပြန်လိုက်သည်။

"ပြောရဲတယ်နော်။ ရှင့်ကို ကယ်ဖို့သာ မဟုတ်ဘူးဆိုရင် အဲ့ဒီသိုင်းပညာကို အသုံးပြုမယ်လို့ ထင်နေလား။ သွားစမ်း။ အမ... အမ ဘယ်တော့မှ စကားမပြောတော့ဘူး"

သူမ၏ ပုံစံသည် အစောပိုင်းကလိုမျိုး ဝမ်းနည်းနေဟန် မရတော့သောကြောင့် ချီယွမ် အနည်းငယ် ပျော်ရွှင်မိသွား၏။ ထို့နောက်တွင် ချီယွမ်သည် ချက်ချင်းပင် အင်နိုးစန့်လေးလို ပုံစံဟန်ဆောင်လိုက်ရင်း ပခုံးတွန့်လိုက်ကာ

"တောင်းပန်ပါတယ်။ ကျွန်တော် မှားပြောမိသွားတယ်။ ကျွန်တော် အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ အမ ရှက်နေပြီ။ ထားပါ ကျွန်တော် ကတိပေးတယ်။ နောက်ကျ ဒီလိုမျိုး မပြောတော့ပါဘူး"

"ဘာ၊ နောက်တစ်ကြိမ် လိုချင်နေသေးတာလား"

ပိုင်ရှီရို့က ဒေါသတကြီး မျက်မှောင်ကုတ်လိုက်၏။ ချီယွမ်အား အံကြိတ်ရင်း စူးရဲစွာ စိုက်ကြည့်လိုက်ပြီး အိမ်ပြင်ထွက်ဖို့ ကြိုးစားလိုက်သည်။ ထိုအချိန်မှာပဲ အားနည်းနေသော ခြေထောက်ကြောင့် သူမ ရုတ်တရက် ခြေခွေကျသွားခဲ့ပြီး အရှေ့သို့ ပြုတ်ကျတော့မလို ဖြစ်သွားလေ၏။

ထိုမြင်ကွင်းကြောင့် ချီယွမ် လျင်မြန်စွာ ရှေ့တိုးလာရင်း သူမကို ဖမ်းထိန်းပေးလိုက်ကာ

"နောက်တစ်ကြိမ်ဆိုတာမျိုးက စကားလုပ်ပြောနေဖို့ မလိုပါဘူး။ ဒီတစ်ခေါက်မှာ အမပိုင်က ကျွန်တော့်ရဲ့ အသက်ကို ကယ်ပေးတာ ဖြစ်တဲ့အတွက် သေချာပေါက် ကျေးဇူးတင်ရမှာပါ။ ကျေးဇူးကြွေး ဆပ်ရတာပဲဖြစ်စေ လက်တုံ့ပြန်ရတာပဲဖြစ်စေ ကျွန်တော်က အချိန်ဆွဲနေရတာကို မကြိုက်ဘူး"

"လက်ရှိမှာ ကျွန်တော်တို့ အချိန်ရှိနေတာပဲ။ ဒီကိစ္စကို ခေါင်းထဲ အကြာကြီး ထားထားမယ့်အစား ကျွန်တော် အခုပဲ ပြန်ပေးဆပ်ပါ့မယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး အတူရှိနေတဲ့အချိန်မှာ ယင်ယန်အသွင်ပြောင်းခြင်း သိုင်းပညာနဲ့ပတ်သက်ပြီး အစ်မ နားမလည်တာတွေကို ကျွန်တော် ထပ်ရှင်းပြပေးမယ်လေ။ ဘယ်လိုသဘောရလဲ"

ပြောပြီးသည်နှင့် ချီယွမ်သည် တက်ကြွစွာဖြင့် အင်္ကျီလက်ခေါက်လိုက်ရင်း အခန်းတစ်ခုလုံးအတွင်းသို့ အကာအကွယ် အစီအရင်အား ချမှတ်လိုက်သည်။

"ရှင်... ရှင် ဘာလုပ်နေတာလဲ"

ပိုင်ရှီရို့တစ်ယောက် အပြည့်အဝ မတုံ့ပြန်နိုင်ခင်မှာဘဲ ထိုသူ၏ လက်မောင်းအတွင်းသို့ ကျရောက်သွားလေ၏။ တုံ့ပြန်စကား အနည်းငယ်သာ ဆိုရသေးသည်.. ရုတ်တရက် သူမ၏ နူးညံ့သော မျက်ခုံးမွှေးသည် ပြန်လည် ပြေလျော့လာကာ အသက်ရှူသံကလည်း သစ်ခွပန်းလေးလို ချိုမြလာလေတော့၏...

...

မနက်ခင်း နေရောင် ထွက်ပေါ်လာချိန်မှာပဲ ချီယွမ်တစ်ယောက် လန်းဆန်းတက်ကြွစွာ အိမ်ပြင်သို့ ထွက်လိုက်သည်။ အန်းစွေ့လန်အား သွားရောက်နှုတ်ဆက်ဖို့ စဥ်းစားလိုက်ချိန်မှာ အစောပိုင်းကထိ ဗလာဖြစ်နေသော စနစ်၏ တာဝန်နေရာတွင် စာကြောင်းတစ်ချို့ ထွက်ပေါ်လာခဲ့သည်။

(ငတုံးစနစ်က တာဝန်အသစ် ပေးနေပြီပဲ)

ချီယွမ် အနည်းငယ် မျက်ခုံးလှုပ်သွားခဲ့ပြီး ချက်ချင်းပင် တည်ငြိမ်အောင် ဖန်တီးလိုက်ရင်း တာဝန်အား အသေးစိတ် စစ်ဆေးလိုက်သည်။

"တာဝန်အသစ်ကို ခန့်အပ်လိုက်ပါပြီ။ ပိုင်ရှင်က ဖူကျိုးမြို့မှာ ဂိုဏ်းတူအမ ပိုင်ရှီရို့ကို ယင်ယန်အသွင်ပြောင်းခြင်း သိုင်းပညာနဲ့ အောင်မြင်စွာ ကယ်တင်ပြီးတော့ အခြေခံတည်ထောင်ခြင်း နယ်ပယ်ကိုလည်း တက်နိုင်ခဲ့တယ်။ ဒါက ပိုင်ရှင့်အတွက် ကြီးမားတဲ့ အဆင့်တက်ခြင်းပဲ"

"ဒါပေမဲ့ ပြဿနာက ဒီလောက်နဲ့ မပြီးသေးဘူး။ တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အသစ် ယင်ချင်းယွမ်က အနာဂတ်မှာ ပြဿနာတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် ဖူကျိုးမြို့မှာ ရှိနေတဲ့ ဝမ်အိမ်တော်ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အိမ်တော်ခေါင်းဆောင် ဝမ်ထျန်းသဲကို ပိုင်ရှင်ရဲ့ နေရာကို ရှာခိုင်းပြီးတော့ သတ်ဖို့

ခိုင်းစေလိုက်တယ်"

"တာဝန်ရဲ့ အကြောင်းအရာ: ဂိုဏ်းတူအစ်မ ပိုင်ရှီရို့ရဲ့ အကူအညီနဲ့ ရွှေအမြုတေနယ်ပယ် အစောပိုင်းအဆင့်ရှိတဲ့ ဝမ်အိမ်တော်ခေါင်းဆောင် ဝမ်ထျန်းသဲကို အနိုင်ယူပါ။ တစ်လအတွင်း အနိုင်ယူရမယ်"

"တာဝန်၏ ခက်ခဲမှု... ကြယ်လေးပွင့် (ခက်ခဲသည်)"

"သေဆုံးပြီးမှ ကျင့်ကြံရတဲ့ ချိန်းကြိုး တစ္ဆေလမ်းစဥ် နတ်ဆိုးသိုင်းကို အတင်း လေ့ကျင့်ထားတဲ့အတွက် ဝမ်ထျန်းသဲရဲ့ သန်မာမှု အစစ်အမှန်က အခြေခံတည်ထောင်ခြင်း ထိပ်သီးအဆင့်အထိ လျော့ကျနေခဲ့တယ်"

"တာဝန်၏ ဆုလာဘ်: အမှတ်တစ်ထောင်၊ ထိပ်သီးအဆင့် မဟာပျိုမြစ်ခြင်း ဆေးလုံး၃လုံးနှင့် အလင်းပွင့်ခြင်း ဖြစ်စဥ်အား အဆင့်မြင့်တင်နိုင်မယ်"

ချီယွမ် “...”

အနည်းငယ် တောက်ပနေသော စာကြောင်းတစ်ချို့ကို ပြူးပြဲစွာ ကြည့်နေရင်း ချီယွမ်တစ်ယောက် မယုံကြည်နိုင်စွာ မျက်လုံးကို ပွတ်သပ်လိုက်သည်။ မျက်စိမှားမြင်တာ မဟုတ်မှန်း ဒုတိယတစ်ကြိမ် အတည်ပြုပြီးနောက်မှာတော့ ချီယွမ်တစ်ယောက် အလွန်အမင်း မှင်သက်သွားလေရဲ့။

သတိဝင်လာသည်နှင့် ချီယွမ် ဆဲရေးလေတော့သည်။

(ချီးပဲဟေ့။ စနစ် ခွေးမသား)

(ဒီတစ်ခေါက် မင်းက သေသွားတဲ့လူကို ထပ်ပြီး အနိုင်ယူစေချင်နေတာလား။ ငါ ဘယ်လိုလုပ်ရမှာလဲ။ ဖူကျိုးမြို့မှာ ရှိနေတဲ့ ဝမ်အိမ်တော်က ဟိုလီမင်ဝမ်နဲ့ ကျန်းချိုက်ချမ်း နှစ်ကောင်ကြောင့် ရှင်းခံလိုက်ရတာတောင် ကြာနေပြီ။ သူတို့ရဲ့ ခေါင်းဆောင် ဝမ်ထျန်းသဲကလည်း တိမ်ကြွေဂိုဏ်းရဲ့ အပြစ်ပေးခန်းမမှာ ခေါင်းပြတ်ကြီးကို ချိတ်ဆွဲထားပြီးပြီ။ ငါက ဘယ်လို သောက်ကျိုးနည်း နည်းလမ်းနဲ့ အဲ့ဒီကောင်ကို အနိုင်ယူပေးရမှာလဲ။ ဘာလဲ။ အဲဒီခေါင်းပြတ်ကို သွားယူပြီးတော့ ပြာအဖြစ် မီးရှို့ပြီး လာပြရမှာလား)

ချီယွမ်တစ်ယောက် အသက်ကို အကြိမ်ကြိမ် ရှူသွင်းရင်း ဒေါသများကို ဖိနှိပ်ကာ တိတ်တဆိတ် တွေးတောလိုက်သည်။

(ဒီတစ်ခေါက် စနစ်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဝမ်ထျန်းသဲက သေသွားပြီ။ ဟေ့ရောင် စနစ်၊ မင်းတာဝန်ကို အခုပြောင်းလိုက်တော့။ ငါ မမြင်ခဲ့သလိုမျိုး ဟန်ဆောင်ပေးမယ်)

စနစ်ထံမှ... "အတည်ပြုပြီးပါပြီ။ စနစ်ရဲ့ တာဝန်ပစ်မှတ်က မှန်ကန်ပါတယ်။ သတ်မှတ်အချိန်အတွင်း တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးပါ"

ထိုစကားကြောင့် ချီယွမ်၏ မျက်နှာသည် မည်းတူးနေသော အိုးအောက်ခြေပမာ မည်းနက်သွားကာ သွေးကြောများပင် ထောင်ထလာလေရဲ့။

"ဒါပေမဲ့ ပစ်မှတ်က သေသွားပါပြီဆိုနေမှ ငါက ဘယ်နေရာကနေ သွားရှာပြီး အနိုင်ယူရမှာလဲ"

ထိုသို့ဖြင့် နောက်ထပ် အချိုးအစား မှန်ကန်သော စက်ရုပ်သံတစ်ခုကို ကြားလိုက်ရပြန်သည်။

"ထပ်မံ အတည်ပြုပြီးနောက်မှာတော့ စနစ်ရဲ့ ပစ်မှတ်က မှန်ကန်ဆဲပါ။ သတ်မှတ်အချိန်အတွင်းမှာ စနစ်ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ပေးပါ"

(သောက်ကျိုးနည်းကြီးဟေ့)

ချီယွမ်တစ်ယောက် နေရာမှာတင် သွေးအန်ထွက်တော့မတတ် လည်နင်သွားသည်။

(ငါသိပြီ)

(ငါ့နှယ် စနစ်တွေ အများကြီးကို ကြားဖူးပါတယ်။ တခြားသူတွေရဲ့ စနစ်တွေဆိုရင် အရမ်းကို အကျင့်ကောင်းကြတာ။ သူတို့ရဲ့ ပိုင်ရှင်တွေကို ဘဝတက်လှမ်းတစ်လျှောက်လုံး ထောက်ပံ့ပေးလိုက်တာများ လွယ်ကူချောမွေ့လို့ပဲ။ ဘာကြောင့်များ ငါ့ရဲ့ ငတုံးစနစ်ကျမှ ဒီလောက်ထိ တုံးအပြီး ပြောမရဆိုမရ ဖြစ်နေရတာလဲ။ ဒီလို ကျက်သတုံး တာဝန်ကို ဦးနှောက်ပါတဲ့ လူတစ်ယောက်ဆိုရင် ပေးမှာလား။ စဥ်းပဲစဥ်းစားကြည့်)

ချီယွမ်တစ်ယောက် ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေသော်ငြား အတင်းအကျပ် တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း တာဝန်၏ ဖြစ်နိုင်ခြေများကို စတင်စဥ်းစားလိုက်သည်။

ရွေးချယ်စရာ နံပါတ်၁... ဝမ်အိမ်တော်ရဲ့ ဘိုးဘွားအုတ်ဂူကို သွားပြီးတော့ ဝမ်ထျန်းသဲရဲ့ အုတ်ဂူကို တစ်စစီ လုပ်ပစ်မယ်။

ရွေးချယ်စရာ နံပါတ်၂... လီမင်ဝမ်ရဲ့ နာမည်ကို ဝမ်ထျန်းသဲလို့ ပြောင်းပြီးတော့ သွားသတ်မယ်။

ရွေးချယ်စရာ နံပါတ်၃... ဝမ်ထျန်းသဲဆိုတဲ့ လူတစ်ယောက်ကို ရှာပြီးတော့ သွားသတ်မယ်။

တွေးနေရင်းဖြင့် ချီယွမ်တစ်ယောက် ပိုမို ခေါင်းကိုက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ယင်လာတော့၏။

(ချီးပဲဟေ့)

(ငတုံးစနစ်၊ မင်း သတ္တိရှိရင် ထွက်လာခဲ့စမ်းပါ။ ငါ မင်းကို မသတ်ဘူးလို့ ကတိပေးတယ်)

…….

All Chapters