← Chapters

ဝိညာဥ်ခြေရာခံခြင်း

Vol. 10 Ch. 100

ဝိညာဥ်ခြေရာခံခြင်း

Vol. 10 Ch. 100

တိတ်ဆိတ်နေသော အခန်းအတွင်းတွင်

ချီယွမ်တစ်ယောက် ကြာပန်းပုံ ထိုင်နေခဲ့ပြီး သူ၏အနောက်ကနေ ခန့်ငြားလောက်သော အရှိန်အဝါများက နက်ရှိုင်းစွာ ထွက်ပေါ်နေသည်။ ကျောချမ်းဖွယ် လေများ အဆက်မပြတ် တိုက်ခိုက်နေကာ အချိန်များ ရွေ့လျားနေရင်း အခန်းအတွင်း၌ မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များ လှည့်ပတ်သွားလာနေသည့်နှယ် ချောက်ချားဖွယ် ထိတ်လန့်စေမှုကို ဖော်ထုတ်နေသည်။

မကြာမီမှာဘဲ ထိုထူးဆန်းသော ဖြစ်စဥ်သည် ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ချီယွမ်တစ်ယောက် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ၏ နက်ရှိုင်းသော အနက်ရောင် မျက်ဆံအတွင်းတွင် ဖျော့တော့သော ချောက်ချားဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ထိုဝိညာဉ်ခြေရာခံ သိုင်းပညာသည် သေဆုံးသွားသူ၏ ဝိညာဉ်ကို အကြွင်းအကျန် ပစ္စည်းနှင့် ရင်းနှီးသော ဆွေမျိုးများမှတစ်ဆင့် ရှာဖွေရသော နည်းလမ်းဖြစ်သည်။

ထိုသိုင်းသည် ချဲ့ကားရာကျပြီး ခန့်မှန်းရခက်သည် ဆိုသော်ငြား တစ္ဆေဂိုဏ်း၏ တစ္ဆေလမ်းစဥ် မိစ္ဆာအခြေခံကျင့်ကြံမှု သိုင်းပညာထဲမှ တစ်ခုဖြစ်ပြီး ထူးချွန်သော စွမ်းဆောင်ရည် ပေးနိုင်ကာ နက်ရှိုင်းသည်ဟု ယူဆ၍ရနိုင်ပါသည်။

အမှတ်များစွာ အသုံးပြုရင်း အလင်းပွင့်မှု အခြေအနေကို ရရှိစေထားသောကြောင့် ဝိညာဉ်ခြေရာခံ သိုင်းပညာအား အဆင့်ဆင့် နားလည်နိုင်အောင် ကျော်ဖြတ်ရင်း ပြီးပြည့်စုံခြင်း အဆင့်အထိ ချီယွမ် ရရှိသွားခဲ့သည်။

"ဟူး"

ထိုတစ္ဆေခြေရာခံ သိုင်းပညာသည် မိစ္ဆာသိုင်းဖြစ်သဖြင့် ထိုသိုင်းကို အသုံးပြုခြင်းသည် ခန္ဓာကိုယ်ပေါ် ဆိုးကျိုးမသက်ရောက်စေမှန်း အတည်ပြုပြီးချိန်မှသာ ချီယွမ်တစ်ယောက် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ထို့နောက်တွင် စနစ်၏ ပင်ကိုစွမ်းရည်နေရာအား ဖွင့်လိုက်ပြီး စနစ်ထံမှ အသစ်ရရှိထားသော စွမ်းရည်အသစ်ကို စစ်ဆေးလိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ ထိုနေရာ၏ ဘေးတွင် တောက်ပစွာ ရေးသားထားသော နာမည်နှစ်ခုအား တွေ့လိုက်ရ၏။

ကျိချန်အာ၊ ပိုင်ရှီရို့

(ထင်တဲ့အတိုင်းပဲ)

(ဒီငတုံးစနစ်က အပြင်ဘက်ကို လုံးဝကို မကြည့်ဘူးဘဲ။ သူ့ရဲ့ ပိုင်ရှင်ကို အသုံးမကျတဲ့ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်လို့ပဲ ထင်နေသေးတယ်။ ဒါကြောင့် အခြေခံတည်ထောင်ခြင်းနယ်ပယ် ထိပ်သီးအဆင့်ပဲ ရှိသေးတဲ့ ပိုင်ရှီရို့ကတောင်မှ ငါ့အတွက် ချည်နှောင်လို့ရတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ထားတာ)

(ဒါတင်မကသေးဘူး။ ကျိချန်အာကိုပါ စာရင်းထဲ ထည့်ထားသေးတယ်။ ကြည့်ရတာ စနစ်က နတ်ဆိုးလမ်းစဥ်ကို လျှောက်တဲ့ နတ်ဆိုးကျင့်ကြံသူကိုလည်း တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ထားပုံပဲ)

ချီယွမ်တစ်ယောက် ခေါင်းယမ်းလိုက်ရင်း စိတ်ပျက်သွားတော့သည်။

ဤစွမ်းရည်က တော်တော်လေး ကောင်းမွန်ပါသည်။ အနည်းဆုံးတော့ စွမ်းရည်အား အသုံးပြုချိန်တွင် ကန့်သတ်ချက်များအား လျှော့ချပေးထားသည်။ မဟုတ်လျှင် သူ၏ ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့် ကျင့်ကြံမှုနှင့်ဆိုပါက သူမတို့ နှစ်ယောက်လုံးသည် သတ်မှတ်စာရင်းထဲ ပါဝင်နေလိမ့်မည် မဟုတ်ချေ။

ကျိချန်အာ၏ လက်ရှိ အသန်မာဆုံး စွမ်းရည်သည် ပုံရိပ်တစ်ထောင် နတ်ဆိုးမျက်လုံးဖြစ်ပြီး ထိုသိုင်းက ပုံရိပ်ယောင်များအား ဖောက်မြင်နိုင်စွမ်းပြုထားကာ အသိစိတ်ကို အနည်းငယ် ထိန်းချုပ်နိုင်သည်။ ထို့အပြင် မတူညီသော ပုံရိပ်ယောင် ဝိညာဉ်များအတွက် သေချာသည့် ဖိနှိပ်နိုင်သော စွမ်းဆောင်ရည်တစ်ချို့ ရှိသည်။

ပိုင်ရှီရို့၏ လက်ရှိ အသန်မာဆုံး စွမ်းရည်သည် ဆူးပွင့်ဓားသွားသိုင်းဖြစ်ပြီး ထိုစွမ်းရည်က သူမကို ရေခဲစွမ်းအင်ဓာတ်ရှိသော ရေခဲဓားများ ထုတ်လွှတ်ခွင့်ပေးထားသည်။

"ကျိချန်အာနဲ့ ပေါင်းစည်းလိုက်"

ချီယွမ် ဆုံးဖြတ်ပြီးသည်နှင့် သူ၏ မျက်လုံးအတွင်းသို့ အနွေးကြောင်းတစ်ခု စီးဝင်လာတာကို ခံစားလိုက်ရသည်။ မကြာမီမှာဘဲ ခရမ်းရောင် ပုံစံခွက်များ ပါဝင်သော အရာများစွာသည် မျက်ဆံအတွင်း ဝင်ရောက်ပျံ့နှံ့လာခဲ့ပြီး ယ ဖော်ပြ၍ မရနိုင်သည့် ထူးဆန်းသော မန္တာန်များအဖြစ် ရေးထွင်းလိုက်သည်။

သို့သော်ငြား မကြာမီမှာပင် ထိုကောင်းမွန်သော ပုံစံခွက်များသည် ချီယွမ်၏ မျက်လုံးအတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ထိုပုံရိပ်တစ်ထောင် နတ်ဆိုးမျက်လုံးအား အသုံးပြုပြီးနောက်တွင် ချီယွမ် ပိုမို ကျေနပ်သွားခဲ့သည်။

(ဒီနတ်စွမ်းရည်က အရမ်းကို ထူးခြားတာပဲ။ ကောင်းကောင်းမွန်မွန်သာ အသုံးချလိုက်မယ်ဆိုရင် ဝှက်ဖဲကောင်းတစ်ခု ဖြစ်လာနိုင်တယ်)

ပိုမိုကောင်းမွန်သည်မှာ ထိုပုံရိပ်တစ်ထောင် နတ်ဆိုးမျက်လုံး သိုင်းပညာသည် ကျိချန်အာ ထုတ်လွှတ်နိုင်သော ပြင်းအားနှင့် တူညီစွာ ထုတ်လွှတ်ပေးနိုင်သည်။

ကျိချန်အာ၏ ကျင့်ကြံမှုက အနာဂတ်တွင် တိုးတက်လာပါက ထိုစွမ်းရည်သည်လည်း ပိုမိုသန်မာလာမည်။ ထိုတိုးတက်လာသော နတ်ဆိုးတစ်ထောင်မျက်လုံး သိုင်းပညာအတွက် ချီယွမ် ဘာမှပံ့ပိုးဖို့ လိုအပ်မည် မဟုတ်ချေ။

"အလကားရတဲ့ နေ့လယ်စာဆိုပေမဲ့ တော်တော်လေး စားလို့ကောင်းတာပဲ"

ချီယွမ်သည် ကျေနပ်သော မျက်နှာထားဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သိုလှောင်နေရာအတွင်းမှ ထူးခြားကောင်းကင် ခန္ဓာကိုယ် ယဥ်ပါးခြင်း ဆေးလုံးတစ်လုံး ထုတ်ယူကာ မျိုချလိုက်သည်။

ချက်ချင်းပင် သန့်စင်ကာ အင်အားပြင်းသော ဆေးစွမ်းအင်က ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံပစ်လိုက်ပြီး အသားစိုင်၏ တစ်လက်မစီတိုင်းကို အားဖြည့်ပေးသွားသည်။

ထိုညတွင် ဖူကျိုးမြို့၏ ဝမ်အိမ်တော် စံအိမ်၌

ဝမ်အိမ်တော်တစ်ခုလုံး ရှင်းလင်းခံလိုက်ရပြီး အိမ်တော်ရှိ ကျန်ရစ်မိသားစုများ အားလုံးလည်း ဖူကျိုးမြို့မှ ထွက်ပြေးသွားခဲ့သည်။

ထပ်ပြောရလျှင် တစ္ဆေခြောက်သည်ဟူသော ကောလာဟလများက အချိန်နှင့်အမျှ ဆက်တိုက်ထွက်ပေါ်နေပြီး သူတောင်းစားများပင် စံအိမ်အနားသို့ မကပ်ရဲကြဘဲ ကြီးမားသော စံအိမ်ကြီးတစ်ခုလုံးသည် ကန္တာရတစ်ခုလိုမျိုး ခြောက်ကပ်နေသည်။

စံအိမ်သည် မြို့အတွင်း၌ တည်ရှိသည် ဆိုသော်ငြား ပတ်ပတ်လည်ဧရိယာ အားလုံးတွင် အေးစက်ကာ ခြောက်ကပ်နေပြီး သက်ရှိ အရိပ်အယောင် တစ်ခုသော်မှ မတွေ့ရှိရချေ။

ဘန်း

ထိုအချိန်မှာပဲ တင်းကျပ်စွာ ပိတ်နှောင်ထားသော ခြံဝင်းတံခါးကို လီမင်ဝမ် ဆောင့်ကန်လိုက်သည့်အတွက် ဖုန်မှုန့်များ လှိုင်းထလာခဲ့သည်။

လီမင်ဝမ်က အထဲကို ချောင်းကြည့်လိုက်ပြီး အနောက်မှာရှိနေသည့် လူတွေကို လှမ်းပြောလိုက်သည်။

"ဒါက ဝမ်အိမ်တော် စံအိမ်ပဲ။ အရင်တုန်းကတော့ အိမ်ထဲမှာ လူတွေ ရာချီပြီးရှိတယ်။ ဒါပေမဲ့ အခုတော့ တစ်ယောက်မှ မရှိတော့ဘူး"

ချီယွမ် ပုံမှန်လိုမျိုး ခေါင်းညိတ်ကာ မေးလိုက်သည်။

"ကျန်းချိုက်ချမ်း ဘယ်မှာလဲ။ သူ ဘာလို့ ရှိမနေတာလဲ"

လီမင်ဝမ်က ရှက်ကိုးရှက်ကန်း ပြုံးပြလာပြီး ရှင်းပြလာလေ၏။

"တာအိုသားတော်၊ ဂိုဏ်းတူအစ်ကိုကျန်းက တစ္ဆေအကြောင်း ပြောလိုက်တာနဲ့ တဆတ်ဆတ်တုန်အောင်ကို ကြောက်နေတယ်။ ထပ်ပြီးတွေ့ရမယ်ဆိုရင် နောက်ထပ် တိုက်ခိုက်ခံရမှာစိုးပြီးတော့..."

"ဟုတ်ပြီ၊ နားလည်ပြီ။ သူ့ကို အနားယူခိုင်းလိုက်ပါ"

ချီယွမ် ချက်ချင်းပင် နားလည်ကြောင်း ပြောပြလိုက်သည်။

(ကြည့်ရတာ အရင်တစ်ခေါက်တုန်းက နတ်ဆိုးဆီမှာ လူပျိုဘဝလေး အစားခံရပြီးတော့ ကျန်းချိုက်ချမ်း တော်တော်လေး စိတ်ဒဏ်ရာ ရသွားတယ်နဲ့ တူတယ်။ အေးပေါ့။ ဒါမျိုး စိတ်ထရာမာ ရသွားတာက အချိန်အနည်းငယ်နဲ့ ကုသလို့ ရတာမှ မဟုတ်တာဘဲ)

All Chapters