ပြိုင်ဘက်ကင်းတန်ခိုးစွမ်းအား
Vol. 112 Ch. 1563
ဖန်းယွင်ရှန်း ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းတော့မည့် အချိန်အခိုက်အတန့်တွင် ဝေးလံလှသော ဗလာနယ်ထဲမှ ရှေးဟောင်းကြေးဝါခေါင်းလောင်းတစ်လုံး ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထိုခေါင်းလောင်းကြီးမှ သာယာသောအသံတစ်ချက် ထွက်လာလုဆဲဆဲမှာပင် အလွန်ရှည်းကျပြီး နက်မှောင်သည့်ကြေးမုံမှန်တစ်ချပ် ရုတ်တရက် ပေါ်လာသည်။
ထိုကြေးမုံမျက်နှာပြင်မှ ကြည်လင်တောက်ပသော ကြေးမုံမှန်အလင်းတန်းများထွက်ပေါ်လာပြီး ရှေးဟောင်းကြေးဝါခေါင်းလောင်းကြီးဆီသို့ ပစ်လွှတ်လိုက်သည်။
ကြေးဝါခေါင်းလောင်းကြီး အနည်းငယ်တုန်ခါသွားပြီး ခေါင်းလောင်းသံတစ်ချက် ပဲ့တင်ထပ်ထွက်ပေါ်လာကာ ထိုအလင်းတန်းများကို ခါထုတ်ပစ်လိုက်သည်။
ထိုအချိန် အစိမ်းရောင်ကြာပန်းတစ်ပွင့်လည်း ပေါ်လာလေသည်။
ရန်ကျောက်ကဲ အမတခုံရုံးကို သွားရောက်မွှေနှောက်စဉ်ကနှင့်မတူဘဲ ယခုတစ်ကြိမ်မှာတော့ အစိမ်းရောင်ကြာပန်းက ရှေးဟောင်းကြေးဝါခေါင်းလောင်းကြီးကို တိုက်ခိုက်ခြင်းမပြုချေ။
ယခု သူက ကြေးမုံမှန်ကိုသာ တန်ပြန်တိုက်ခိုက်လိုက်သည်။
နှစ်ခုလုံးက တပြိုင်တည်းတိုက်ခိုက်လိုက်သဖြင့် အနက်ရောင်ကြေးမုံမှန် ခံနိုင်ရည်မရှိဘဲ နောက်ဆုတ်သွားပြီး နေရာမှ သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
သို့သော် ကြေးမုံမှန်က တားဆီးလိုက်သဖြင့် အစိမ်းရောင်ကြာပန်းနှင့် ကြေးဝါခေါင်းလောင်းကြီး၏ လှုပ်ရှားမှုများက ရှေ့ဆက်နိုင်ခြင်းမရှိဘဲ ရပ်တန့်သွားရသည်။
ပြင်ပဗလာနယ်အစွန်အဖျားမှတိုက်ပွဲက လုံးဝ ပြောင်းပြန်ဖြစ်သွားပေပြီ။
ဗလာနယ်တုန်ခါသွားပြီး ဖန်းယွင်ရှန်းဖန်တီးထားသည့် ပရမ်းပတာ ချောက်နက်ကြီးထဲမှ ထားအလင်းတန်းများ ပစ်လွှတ်ထွက်ပေါ်လာသည်။
ထိုဓားအလင်းတန်းများ ဖြတ်သန်းသွားရာတစ်လျှောက်တွင် အရာအားလုံး အတင်းအကျပ် ရပ်တန့်ခံလိုက်ရပြီး ဗလာနယ်သည်လည်း ကွဲအက်သွား၏။
ထို့နောက် အရာအားလုံးက “မရှိမှု” အခြေအနေထဲတွင် ထာဝရနစ်မြုပ်သွားတော့သည်။
ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်စက ယင်ကျောက်ကို လုံးဝ အရေးမစိုက်တော့ဘဲ အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာအား တည့်တည့်မတ်မတ် ခုတ်ပိုင်းချလိုက်သည်။
အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး ပါးစပ်ကိုဖွင့်ကာ လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
စကြာဝဠာတစ်ခွင် မြူမှုံများဖုံးလွှမ်းသွားပြီး ပြင်းထန်လှသည့် သမာဓိကောင်းကင်မုန်တိုင်းက ကောင်းကင်ယံတစ်ခုလုံးအား မှိုင်းညို့သွားစေကာ တစ်လောကလုံး အလင်းရောင်ပျောက်ကွယ်သွားတော့သည်။
သို့သော် ပရမ်းပတာချောက်နက်ထဲမှ ထွက်လာသော ဓားအလင်းတန်းက အရှိန်အဟုန်မလျော့ဘဲ သမာဓိကောင်းကင်မုန်တိုင်းကို တည့်တည့်မတ်မတ် ခုတ်ပိုင်းချလိုက်သည်။
အပြောင်းအလဲကို အာရုံခံမိသည်နှင့် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏စိတ်ထဲ တင်းကျပ်စွာခံစားလိုက်ပြီး အတော်လေးလည်း နောင်တရသွားမိသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ ရွှေရောင်အလင်းတန်းများနှင့် အဝါရောင်မြူခိုးများက သူ၏မွေးရာပါစွမ်းရည် ဖြစ်သည်။
ထို့အတူ သမာဓိကောင်းကင်မုန်တိုင်းသည်လည်း အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏ အပြင်းထန်ဆုံးတန်ခိုးစွမ်းအား ဖြစ်လေသည်။
ရန်သူများနှင့်တိုက်ခိုက်ရာတွင် ဤသိုင်းပညာက အခြားသိုင်းပညာရပ်များထက် အဆပေါင်းများစွာ သာလွန်သည်။
သို့သော် ဖန်းယွင်ရှန်း၏ ဓားအလင်းတန်းမှာ သူတို့၏ တန်ခိုးစွမ်းအားထက် များစွာပိုမိုရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းလှသည်။
ဓားအလင်းတန်း ဆင်းသက်လာသည်နှင့် သမာဓိကောင်းကင်မုန်တိုင်း ဖျက်ဆီးခံလိုက်ရာရုံသာမက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာသည်ပင် သူ၏တန်ခိုးရင်းမြစ် ပြိုကွဲပျက်ဆီးသွားသည့်ပမာ ခံစားလိုက်ရသည်။
ဓားအလင်းတန်းက သူ့အား အပြည့်အဝ ဖိနှိပ်ချေမှုန်းပစ်လိုက်လေသည်။
ဖန်းယွင်ရှန်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကို ရင်ဆိုင်ခဲ့ရသည်။ ယခု သူမအသုံးပြုသည့်ဓားဆန္ဒက ထိုစဉ်အချိန်ကထက် ပို၍အဆိပ်ပြင်းပြီး စွမ်းအားကြီးလွန်းသည်။
ဤမျှကြောက်မက်ဖွယ်ရာဖြစ်သော ဓားသိုင်းစွမ်းအားက လောနိယာမများအားလုံးကို ဖျက်ဆီးလိုက်ပြီး အရာခပ်သိမ်းကို အဆုံးသတ်သို့တွန်းပို့နေသည်ဖြစ်ရာ သမာဓိကောင်းကင်မုန်တိုင်းမှာ အမြစ်ပြတ်သုတ်သင်ခံရတော့မည့်ပမာ အားနည်းသွားသည်။
ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေပါက ဓားချက်ကိုရှောင်တိမ်းနိုင်သည့်တိုင် သမာဓိကောင်းကင်မုန်တိုင်းကို နောက်ဘယ်တော့မှ အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ သဘောပေါက်သွား၏။
အကြောင်းမှာ သူနှင့်ဆက်နွယ်နေသည့် မဟာတာအိုသည်ပင် အမြစ်ပြတ်ဖြတ်တောက်ခံရတော့မည့်ပမာ ခံစားလိုက်ရသည် မဟုတ်ပါလား။
သို့သော် သမာဓိကောင်းကင်မုန်တိုင်းကို ရပ်တန့်လိုက်ပါကလည်း ဖန်းယွင်ရှန်း၏ ကြောက်မက်ဖွယ်ရာဓားစွမ်းအားကို ပိတ်ဆို့နိုင်မည် မဟုတ်ပေ။
ဓားချက်တစ်ချက်တည်းဖြင့် သူ၏လှံရှည်က ပြတ်တောက်သွားမည် ဖြစ်၏။
သူမ၏ဓားအလင်းတန်းများ လွှမ်းခြုံထားရာနေရာတွင် ကောင်းကင်နတ်ဘုရားများ၏ ထူးခြားဆန်းကျယ်သော အံ့သြဖွယ်ရာ ဂုဏ်အသရေများ လုံးဝပျက်သုဉ်းသွားလေသည်။
အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်။
စကြာဝဠာတစ်ခုလုံးအားလွှမ်းခြုံထားသည့် အသူရာချောက်နက် ၊ မဟာတာအို၏ အသူရာချောက်နက်ပင်။
ဤချောက်နက်ထဲသို့ဝင်ရောက်လိုက်သည်နှင့် မည်သည့်မဟာတာအိုမဆို ပျက်သုဉ်းသွားမည်ဖြစ်ပြီး လွတ်လပ်ခြင်းတရားသည်လည်း ပျောက်ကွယ်သွားပေမည်။
ပရမ်းပတာချောက်နက်ထဲတွင် ဖန်းယွင်ရှန်း၏ပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။
သူမက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ရိုးရှင်းစွာ စည်းနှောင်ထားဆဲပင်။
သူမ၏မျက်နှာက ဆွဲဆောင်မှုရှိစွာချောမောလှပနေသော်လည်း မျက်ဝန်းများကတော့ အနက်ရောင်အလင်းတန်းများတောက်ပကာ အေးစက်မှောင်မိုက်နေသည်။
သူမက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကို ချောင်ပိတ်တိုက်ခိုက်လိုက်သဖြင့် သမာဓိကောင်းကင်မုန်တိုင်းကိုပင် ထုတ်သုံးနိုင်ခြင်းမရှိတော့ပေ။
ထိုအချိန် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုက ခေါင်းထောင်လာပြီး တပြိုင်နက်တည်း ကျုံးဝါးသံပြုလိုက်ကြသည်။
နတ်မိစ္ဆာမျောက်ဝံတစ်ကောင်က ပါးစပ်ဟလိုက်ပြီး နက်ရှိုင်းချီစွမ်းအားတစ်ခု မှုတ်ထုတ်လိုက်ရာ ၊ ထိုချီစွမ်းအားက သုံးပိုင်းကွဲသွားပြီး ကျန်ရှိသော ရွှေခန္ဓာနှစ်ခုဆီသို့ ဆင်းသက်သွားသည်။
ပတ္တမြားတံခွန်ဗုဒ္ဓ၊ ခြင်္သေ့နတ်ဘုရားနှင့်အခြားသူများ မျက်နှာပျက်ယွင်းသွားကြသည်။
ထိုအချိန် ရွှေရောင်အလင်းတန်းများက ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာ(၃)ခုကို လွှမ်းးခြုံသွားပြီး မိုးကောင်းကင်ပင် ပေါက်ကွဲထွက်သွားမတတ်ကျယ်လောင်သည့် ဟိန်းဟောက်သံကြီးသည်လည်း ထွက်ပေါ်လာသည်။
မိစ္ဆာချီများ အဆုံးမဲ့ထွက်ပေါ်လာပြီး စကြဝဠာတစ်ခုလုံး တုန်ခါသွားတော့သည်။
ထို့နောက်… ဖန်းယွင်ရှန်းထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဤစကြဝဠာထက်သို့ ဆင်းသက်လာလေတော့သည်။
ပတ္တမြားတံခွန်ဗုဒ္ဓ တစ်ချက်ပင်မတုံ့ဆိုင်းဘဲ ယင်ကျောက်ကိုဆွဲခေါ်ပြီး အမြန်ဆုံးအရှိန်ဖြင့် တဟုန်ထိုးပြေးတော့သည်။ ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့သည်လည်း နောက်ပြန်မကြည့်တော့ဘဲ ချက်ချင်းလှည့်ပြေးကြတော့၏။
အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာသည်လည်း လေစီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းပြီး ဖန်းယွင်ရှန်း၏ ဓားအလင်းတန်းကိုရှောင်တိမ်းကာ ချွိစုနှင့်အတူ ချက်ချင်း နောက်ဆုတ်သွားတော့သည်။
သို့သော် မည်မျှပင် လျှင်မြန်စွာပြေးပါစေ ရွှေရောင်င်အလင်းတန်းများအလယ်တွင် အဆမတန် မာန်တက်နေသော ဧရာမမျောက်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
မျောက်မင်းက နှုတ်ခမ်းများတွန့်ကွေးကာ လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး ရူယိရွှေတုတ်ကို ကိုင်မြှောက်ပြီး ရိုက်ချလိုက်ရာ သူ့ရှေ့မှ စကြဝဠာတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားတော့သည်။
ပတ္တမြားတံခွန်ဗုဒ္ဓ၏ ရတနာတံခွန်း ပေါက်ကွဲထွက်သွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ထိုအချိန် သူ၏ဦးခေါင်းထက်တွင် လွင့်မျောနေသည့် ရွှေရောင်မီးအိမ်ထဲမှ သရီရဓာတ်တော်တစ်ခု ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အား ကာကွယ်ပေးထားလိုက်သည်။
သို့သော် ထိုသရီရဓာတ်တော်မှာလည်း ချီထျန်းမဟာသူတော်စင်၏ သံမဏိရွှေတုတ်ကို ခံနိုင်ရည်မရှိဘဲ အက်ကွဲသွားကာ ပတ္တမြားတံခွန်ဗုဒ္ဓမှာ အစိမ်းရောင်ကြာပလ္လင်ထက်မှ ပြုတ်ကျသွားတော့၏။
ယင်ကျောက်မှာလည်း ဒဏ်ရာရထားသည့်တိုင် အံတင်းတင်းကြိတ်ရင်း သူ့ထက်အဆပေါင်းများစွာ ဒဏ်ရာပြင်းထန်နေသော ပတ္တမြားတံခွန်ဗုဒ္ဓကိုဆွဲခေါ်ကာ ဆက်ပြေးလေသည်။
ဆင်နတ်ဘုရားက ခြင်္သေ့နတ်ဘုရားနှင့် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာတို့လောက် မြန်ဆန်ခြင်းမရှိသဖြင့် နောက်ကျကျန်ခဲ့လေသည်။
ထိုအချိန် သံမဏိရွှေတုတ်ကြီးက သူ့ထံသို့ ရက်စက်စွာကျရောက်လာသဖြင့် သူက နှာမောင်းကိုဆန့်တားကာ ခုခံတားဆီးလိုက်ရတော့သည်။
နတ်ဘုရားတောင်များကို လှန်လှောပစ်နိုင်ပြီး ကြယ်စင်မြစ်ကိုပင် ဖြတ်တောက်နိုင်သည့် ထိုနှာမောင်းကြီးမှာ ရူယိရွှေတုတ်နှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ထုံကျဉ်သွားပြီး အတွင်းမှ အက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ဆင်နတ်ဘုရားထံမှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီးထွက်ပေါ်လာပြီး နှာမောင်းကြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကာ ခိုင်မာသော ဆင်စွယ်ခြောက်ချောင်းမှာလည်း ရူယိရွှေတုတ်လက်ချက်ဖြင့် အမှုန့်ဖြစ်သွားတော့သည်။
ခြင်္သေ့နတ်ဘုရားနှင့် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာတို့က ပါးစပ်များဖွင့်လိုက်ကြသည်။
ခြင်္သေ့နတ်ဘုရားထံမှ ကောင်းကင်ကိုမျိုချပြီး စကြာဝလာကိုပင် စုပ်ယူနိုင်စွမ်းရှိသော တွင်းနက်ကြီးထွက်ပေါ်လာပြီး အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာထံမှ သမာဓိကောင်းကင်မုန်တိုင်း တဟုန်ထိုး ထွက်ပေါ်လာသည်။
တစ်ယောက်က စုပ်ယူလိုက် တစ်ယောက်က မှုတ်ထုတ်လိုက်ဖြင့် ရူယိရွှေတုတ်ကြီးကို နေရာလွှဲပစ်ရန် ကြိုးစားလိုက်ကြသည်။
သို့တိုင် ပရမ်းပတာဗလာနယ်ကို ဖြတ်ကျော်လာသည့် ရူယိရွှေတုန်ကြီးက ဆင်နတ်ဘုရားထက်သို့ ပြင်းထန်စွာ ကျရောက်သွားတော့၏။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာများ ရူယိရွှေတုတ်ကို အသုံးပြုစဉ်ကထက် ဤရိုက်ချက်က အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။
ဆင်နတ်ဘုရားမှာ ရှေးဟောင်းမျိုးနွယ်ဖြစ်သော အစွယ်ခြောက်ချောင်းပါသည့် ဆင်ဖြူကြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နက်နေပြီး သူ၏အရေခွံသည်လည်း အလွန်ထူထဲသည်။
သို့သော် ရူယိရွှေတုတ်ဖြင့် ရိုက်ချခံလိုက်ရသည်နှင့် အသားများ ပေါက်ကွဲပြတ်ထွက်သွားကာ ကိုယ်တွင်းကလီစာများပင် ပေါက်ကွဲပျက်ဆီးသွားတော့သည်။
ဆင်နတ်ဘုရား၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်သည်ပင် အတင်းဆွဲထုတ်ခံရသလို ခံစားလိုက်ရလေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲပျက်ဆီးသွားပြီး အသက်ရှူသံများပြင်းထန်လာကာ အသံတစ်ချက်ပင် မထွက်နိုင်တော့ပေ။
ခြင်္သေ့နတ်ဘုရားက ကယ်တင်ရန်ကြံစည်လိုက်ချိန်မှာပင် ဖန်းယွင်ရှန်းပုံရိပ်က အသံတစ်ချက်မထွက်ဘဲ ဆင်နတ်ဘုရားဘေးသို့ ရောက်ရှိလာပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဧရာမဆင်ခေါင်းကြီးမှာ ခန္ဓာကိုယ်နှင့် အိုးစွားကွဲသွားတော့သည်။
မျောက်မင်း၏မျက်ဝန်းများက သူ့ထံသို့ကျရောက်လာကြောင်းတွေ့လိုက်သည်နှင့် ခြင်္သေ့နတ်ဘုရားမှာ ထပ်မံမနှောက်ယှက်ရဲတော့ဘဲ မိစ္ဆာလေပြင်းအဖြစ်ပြောင်းလဲကာ ချက်ချင်း ထွက်ပြေးသွားတော့သည်။
အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာသည်လည်း အနားမကပ်ရဲတော့ပေ။
သမာဓိကောင်းကင်မုန်တိုင်းဖြင့် မျောက်မင်း၏မျက်လုံးများအား မှုတ်ထုတ်လိုက်ပြီး ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းက သူတို့နောက်သို့ လိုက်မသွားခဲ့ပေ။
ရန်သူများထွက်ပြေးသွားသည်နှင့် မျောက်ဝံကြီးက ရူယိရွှေတုတ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုအဖြစ် ပြန်လည်ကွဲထွက်သွားသည်။
ရွှေခန္ဓာ(၂)ခုက ရွှီဖေးနှင့် ပန်ပန်၏ပုံရိပ်အဖြစ်ပြောင်းလဲသွားပြီး ကျန်ရှိသော ဧရာမမျောက်ဝံကြီးက ပါးစပ်ကိုဟလျှက် ဖန်းယွင်ရှန်းကို မျိုချပစ်လိုက်သည်။
သို့သော် ဖန်းယွင်ရှန်း၏ပုံရိပ်က ပရမ်းပတာချောက်နက်ကြီးအဖြစ်ပြောင်းလဲသွားပြီး ကနဦးကောင်းကင် ဖွင့်လှစ်ခြင်းမရှိသေးသော အချိန်ကာလသို့ ပြန်လည်ရောက်ရှိသွားသည်။
ထို့နောက် ဖန်းယွင်ရှန်း၏ပုံရိပ် ပြန်လည်ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းပင် ချောက်နက်ထဲမှ နက်မှောင်သည့်ဓားတစ်လက်လည်း ထွက်ပေါ်လာကာ ဖန်းယွင်ရှန်းက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဓားကိုသိမ်းဆည်းလိုက်သည်နှင့် ဖန်းယွင်ရှန်းထံမှထွက်ပေါ်နေသော ရက်စက်ကြမ်းတမ်းသည့် နတ်ဆိုးအငွေ့အသက်များအားလုံး ပျောက်ကွယ်သွားပြီး သိုင်းပညာလုံးဝမတတ်သည့် သာမန်လူသားတစ်ယောက်ပမာ ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း
“မင်းရဲ့သိုင်းပညာကြောင့်ပဲ အကြီးအကဲ’စော’ လို ၊ ဝူတန့်မယ်တော်လို ဖြစ်မသွားခဲ့တာ ၊ မဟုတ်ရင် ငါတော့ ဇနီးလေးကို မျှော်နေရတဲ့ ယောကျ်ားတစ်ယောက်ဖြစ်သွားမှာပဲ”
ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...
“သတိထားတာ ပိုကောင်းပါတယ်”
စကားဆုံးသည်နှင့် သူမ၏ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ကျုံ့သွားပြီး ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး မေးစေ့ကိုပွတ်ရင်း ညည်းညည်းညူညူ ပြောလိုက်သည်။
“ဘယ်လက် ဒါမှမဟုတ် ညာလက်ထဲလည်းဝင်လို့ရတာကို ဘာလို့ မျက်လုံးထဲပဲ ဝင်ရတာလဲ”
ထို့နောက် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကြီးသည်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။
ထို့နောက် ကောင်းချင်းရွှမ်က ဦးဆောင်ပြီး သူတို့အုပ်စု အဝေးသို့ ထွက်ခွာသွားကြလေသည်။
အဖွဲ့လိုက်လံစုစည်းပြီး ကောင်းချင်းရွှမ် ဦးဆောင်ကာ လျင်မြန်စွာ အဝေးသို့ ထွက်ခွာသွားကြတော့သည်။
ကောင်းချင်းရွှမ်က...
“ဝူတန့်မယ်တော် နတ်ဘုရားသုတ်သင်ဓားကို ရှာတွေ့ပြီလားဆိုတာ သွားကြည့်ရအော