← Chapters

စကြာဝဠာငါးခုတိုင်အောင် နာမည်ကျော်ကြားသူ

Vol. 112 Ch. 1565

စကြာဝဠာငါးခုတိုင်အောင် နာမည်ကျော်ကြားသူ

Vol. 112 Ch. 1565

ကွမ်းချန်ထျန်းကျွင်းမှာ ပြင်းထန်သောတိုက်ပွဲများကို ဆက်တိုက်ဖြတ်ကျော်ခဲ့ရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ပြည့်နက်နေခဲ့သည်။

မြွေမိစ္ဆာနတ်ဆိုးကို သတ်ဖြတ်ပြီးချိန်တွင် ရန်သူ၏တိုက်ခိုက်မှုကြောင့် ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ဒဏ်ရာများက အဆုံးစွန်အထိပြင်းထန်သည်ဖြစ်ရာ ခန္ဓာကိုယ်သည်လည်း ပြုပြင်မရအောင် ပျက်ဆီးသွားပေသည်။

ကွမ်းချန်ထျန်းကျွင်းက မြွေမိစ္ဆာနတ်ဆိုးကို သတ်ဖြတ်ပြီးနောက် အဝေးတစ်နေရာသို့ ထွက်ခွာသွားပြီး ပြင်ပဗလာနယ်တစ်နေရာတွင် သေဆံဒးသွားခဲ့လေသည်။

ဤသည်က ရှေးခေတ် ဒဏ္ဍာရီလာ တန်ခိုးစွမ်းအားရှင်တစ်ယောက်၏ အဆုံးသတ်ပင် ဖြစ်တော့၏။

ရန်ကျောက်ကဲက သူ့ခေါင်းထဲဝင်လာသည့် ပုံရိပ်များမှတစ်ဆင့် ဖြစ်စဉ်ကို ပြန်ပြောပြတော့ ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် ကောင်းချင်းရွှမ်တို့ သက်ပြင်းချလိုက်ကြသည်။

ဝူတန့်မယ်တော်က...

“အရင်က သိကျွမ်းခဲ့တဲ့သူတွေလည်း နည်းပါးလာပြီ ၊ ငါနဲ့ ရင်းနှီးခဲ့တဲ့သူတွေ မဟုတ်ပေမယ့်... ကွမ်းချန်ထျန်းကျွင်း၊ တာအိုဆရာ‘ယွိတင်’ နဲ့ အခြားတာအိုရောင်းရင်းတွေရဲ့ရုပ်အလောင်းကိုမြင်ရတာ စိတ်မကောင်းစရာပါပဲ”

ခဏကြာပြီးနောက် ဝူတန့်မယ်တော်က အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ရန်ကျောက်ကဲတို့ဘက်သို့ လှည့်ကြည့်လာသည်။

“ဒါပေမဲ့... အခု ငါတို့ လမ်းမှန်တာအိုဝါဒ ပြန်လည်ထွန်းကားတိုးတက်ဖို့ အခွင့်အရေးရှိလာပြီဆိုတာသိရရင် ကွမ်းချန်ထျန်းကျွင်းလည်း ဝမ်းသာနေမှာပါ”

ထို့နောက် သူမ၏အကြည့်က ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးဆီသို့ ကျ‌ရောက်သွားပြီး...

“ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်ရောက်ပြီး ထာဝရတည်တံ့ခြင်းကို ရရှိပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်”

သူမ၏ဂုဏ်ပြုစကားသံဆုံးသွားသည်နှင့် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲမှ ဖန်းယွင်ရှန်း ခုန်ထွက်လာလေသည်။

“အကြီးအကဲက ချီးကျူးလွန်းနေပါပြီ ၊ ကျွန်မက ကံကောင်းသွားတာပါ...”

ဝူတန့်မယ်တော်က...

“မင်းကိုယ်မင်း နှိမ့်ချနေစရာ မလိုပါဘူး ၊ ကောင်းကင်နတ်ဘုရားအဆင့်တက်တာတောင် မကြာသေးဘူး ၊ ဒီလောက်ထင်ရှားတောက်ပနေတာ ၊ ထပ်ပြီးကျင့်ကြံလိုက်မယ်ဆိုရင် စောမင်ကျန့်လို အံ့သြစရာလူတစ်ယောက် ဖြစ်လာမှာပဲ”

လွန်ခဲ့သော နှစ်ပေါင်း(၇၀)က...

မီးလျှံထက်ယံအရှင်သခင် စောမင်ကျန့်သည် မဟာကပ်ဘေးကြီးပြီးနောက် စန်းချင်း(၃)ပါးအဆက်အနွယ်မှ ပထမဆုံး ကောင်းကင်နတ်ဘုရားအဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။

ထိုအချိန်က စောမင်ကျန့်က ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးထဲမှ သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘အရိပ်နတ်ဆိုး’ ကို ဟန့်တားခဲ့ပြီး အမတခုံရုံးမှ ကောင်းကင်နတ်ဘုရား(၄)ပါးကိုလည်း သတ်ဖြတ်ခဲ့သည်။

ထိုဖြစ်ရပ်ဖြစ်ပွားချိန်တွင် “မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” သည်ပင် သူ့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

နောက်ထပ် အနှစ်(၂၀)ကြာပြီးနောက်...

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားမည့်ကိစ္စကြောင့် လမ်းမှန်တာအိုဝါဒနှင့် ငရဲကိုးထပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုအချိန် စောမင်ကျန့်က အရိပ်နတ်ဆိုးနှင့် ထပ်မံရင်ဆိုင်ခဲ့ပြီး အရိပ်နတ်ဆိုးမှာ စောမင်ကျန့်၏ ဖိနှိပ်မှုကို အလူးအလဲခံစားခဲ့ရသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားနတ်ဆိုးသခင်များ မရှိခဲ့လျှင် ကမ္ဘာဦးကတည်းက တစ်ခါမှ မသေဖူးသော အရိပ်နတ်ဆိုးမှာ ပထမဆုံးအဆုံးသတ်နှင့် ကြုံတွေ့ရမည်သာပင်။

နတ်ဆိုးအုပ်စုကိုမောင်းထုတ်ပြီးနောက် စောမင်ကျန့်က ရွှေအတောင်မဟာဂဠုန်များ၏ ခေါင်းဆောင်ဖြစ်သော တိမ်မြူမိုင်တစ်သောင်း မဟာဂဠုန်နှင့် ရင်ဆိုင်ရပြန်သည်။

တိမ်မြုမိုင်တစ်သောင်းမဟာဂဠုန်က သားဖြစ်သူ’ဖုလော်ကျီ’ သေဆုံးခြင်းအတွက် ဒေါသပေါက်ကွဲလျှက် ရှိသည်။ ထို့ကြောင့် ရန်ကျောက်ကဲ ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများကို လက်စားချေရန် ရောက်လာခဲ့သည်။

သို့သော် စောမင်ကျန့်နှင့် တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများက သူ့ကို ဟန့်တားခဲ့ကြသည်။

အစောပိုင်းက နတ်ဆိုးများကိုဝိုင်းဝန်းတိုက်ခိုက်နေသည့် တာအိုဝါဒမှလူများနှင့် နတ်မိစ္ဆာများမှာ အချင်းချင်းရန်လိုလာကြပြီး နောက်ထပ်တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း စောမင်ကျန့်က တိမ်မြုမိုင်တစ်သောင်းမဟာဂဠုန်ကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး လွတ်ထွက်မသွားစေရန် ဟန့်တားထားနိုင်ခဲ့သည်။

စောမင်ကျန့်တစ်ယောက်တည်း၏ တန်ခိုးစွမ်းအားဖြင့်ပင် ကောင်းကင်နတ်ဘုရားအဆင့်များတွင် မည်သူနှင့်မှမယှဉ်နိုင်သော အလျှင်မြန်ဆုံးလှုပ်ရှားနိုင်စွမ်းရှိသည့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဗုဒ္ဓဘာသာဘက်မှ ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓများ ဝိုင်းဝန်းတိုက်ခိုက်မှသာ ထိန်းချုပ်နိုင်သည့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို စောမင်ကျန့်ကတော့ တစ်ယောက်တည်း ထိန်းချုပ်ထားနိုင်သည်မှာ အံ့သြဖွယ်ရာတစ်ခုသာပင်။

နှစ်ဖက်လုံး မလျှော့တမ်းတိုက်ခိုက်ကြပြီး ရန်ကျောက်ကဲ အမတခုံရုံးတွင် မွှေနှောက်ပြီးချိန်မှသာ နတ်မိစ္ဆာမျိုးနွယ်များက အဖြူရောင်ကြာပန်းသုခဘုံနှင့် ပူးပေါင်း၍ အမတခုံရုံးကို ထပ်မံတိုက်ခိုက်ရန် ဆုံးဖြတ်ချိန်သို့ ရောက်ရှိခဲ့သည်။

တိမ်မြုမိုင်တစ်သောင်းမဟာဂဠုန်သည်လည်း ဘာမှမတတ်နိုင်တော့ဘဲ အခြားမဟာနတ်မိစ္ဆာများနှင့်အတူ အမတခုံရုံးတိုက်ပွဲထဲ ပါဝင်ခဲ့ရတော့သည်။

အနာက်ဘက်သူတော်စင်ဘုံမှ မဟာမာရူယိ ထွက်ပေါ်လာပြီး တိုက်ပွဲအဆုံးသတ်စေခဲ့သည်။ ထိုအချိန် မကျေပွဲနွှဲလိုသည့် အမတခုံရုံးမှကျင့်ကြံသူများက ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာကို လှည့်ပြီး တိုက်ခိုက်လာကြသည်။

ထိုတိုက်ပွဲတွင် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓများက တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများ ဝင်ရောက်ကူညီပေးနိုင်ခြင်း မရှိစေရန် ဟန့်တားထားခဲ့ကြသည်။

ပြောရမည်ဆိုလျှင်...

စောမင်ကျန့်က ငရဲကိုးထပ်နှင့် နတ်မိစ္ဆာမျိုးနွယ်များကို တိုက်ခိုက်ပြီးနောက် ချက်ချင်းပင် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓများနှင့် တတိယအကြိမ် တိုက်ပွဲဝင်ခဲ့ရသည်။

ချီးမွမ်းစရာကောင်းသည်မှာ ထိုမီးလျှံနဂါးသည် တိုက်ပွဲထက်တစ်ခု ပိုမိုရဲဝင့်စွာ အစွမ်းပြခဲ့ခြင်း ဖြစ်၏။

အရိပ်နတ်ဆိုးကိုတိုက်ခိုက်ပြီးနောက် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို တိုက်ခိုက်ခဲ့သည်။

ထို့နောက် သူက အလယ်ပိုင်းသုခဘုံမှ ဗုဒ္ဓ (၃၅)ပါးတွင် စကြာမုနိဗုဒ္ဓပြီးနာက် ဒုတိယမြောက် တန်ခိုးအကြီးဆုံးဖြစ်သော မိုးကြိုးလျှပ်စီးဗုဒ္ဓကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

အလယ်ခေတ်တွင် အလယ်ပိုင်းသုခဘုံ အလွန်ပင် ထွန်းကားတိုးတက်ခဲ့ပြီး အနောက်ဘက် တာ့လေယင်းကျောင်းတော်မှ ဗုဒ္ဓ(၃၅)ပါး ထွက်‌ပေါ်ခဲ့သည်။

သူတို့က အရပ်(၄)မျက်နှာသို့ ခရီးထွက်ခွာသွားကြပြီး စကြာမုနိဗုဒ္ဓကို အလယ်ပိုင်းသုခဘုံ၏ (၃၅)ပါးမြောက်ဗုဒ္ဓအဖြစ် ကြေညာခဲ့သည်။

စကြာမုနိဗုဒ္ဓပြီးလျှင် ဒုတိယမြောက်တန်ခိုးအကြီးဆုံးဗုဒ္ဓက မိုးကြိုးလျှပ်စီးဗုဒ္ဓဖြစ်ပြီး တတိယမြောက်တန်ခိုးအကြီးဆုံးကတော့ ပတ္တမြားတံခွန်ဗုဒ္ဓ ဖြစ်သည်။

မိုးကြိုးလျှပ်စီးဗုဒ္ဓက လမ်းမှန်ဗုဒ္ဓဘာသာ၏ အပြင်းထန်ဆုံးသော တန်ခိုးရှင်များထဲမှတစ်ပါး ဖြစ်၏။

ထာရဝပျက်ဆီးခြင်းမရှိသော မိုးကြိုးလျှပ်စီး၏ သန့်စင်သောတန်ခိုးစွမ်းအားကို ဆုပ်ကိုင်ထားသလို ထာဝရဉာဏ်ပညာကိုလည်း ပိုင်ဆိုင်ထားသူပင်။

အလယ်ပိုင်းသုခဘုံနှင့် သူနှင့်တန်ခိုးစွမ်းအားညီမျှသူဆို၍ မဟာမာရူယိ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ ဗုဒ္ဓအဖြစ်သို့ မတက်ရောက်ရသေးသည့် ‘မီလဲ့ကိုယ်တော်’ နှင့် မဟာဂဠုန်ဘုရင်တို့သာ ရှိခဲ့သည်။

အလယ်ခေတ်ပြီးနောက် အလယ်ပိုင်းသုခဘုံ ပြိုကွဲသွားချိန်တွင် မိုးကြိုးလျှပ်စီးဗုဒ္ဓ ၊ ပတ္တမြားတံခွန်ဗုဒ္ဓနှင့် အခြားလမ်းမှန်ဗုဒ္ဓဘာသာ တန်ခိုးရှင်များက အနောက်ဘက်သူတော်စင်ဘုံသို့ လှည့်ပြောင်းဝင်ရောက်ခဲ့ကြသည်။

လက်ရှိဖြစ်ပွားနေသောစစ်ပွဲမှာတော့ အနောက်ဘက်သူတော်စင်ဘုံက အမတခုံရုံးကို ကူညီထားပြီး နတ်မိစ္ဆာမျိုးနွယ်များက အဖြူရောင်ကြာပန်းသုခဘုံကို ထောက်ပံ့ပေးထားသည်။

နှစ်ဖက်လုံး စစ်မျက်နှာဖွင့်လှစ်ပြီး တိုက်ခိုက်လျှက် ရှိကြသည်။

အနောက်ဘက်သူတော်စင်ဘုံမှ ခေါင်းဆောင်လာသူက မိုးကြိုးလျှပ်စီးဗုဒ္ဓဖြစ်ပြီး နတ်မိစ္ဆာများဘက်မှ ဦးဆောင်တိုက်ခိုက်သူက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် ဖြစ်သည်။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အသံ၏အလျှင်နှင့်အညီ လှုပ်ရှားနိုင်ပြီး မိုးကြိုးလျှပ်စီးဗုဒ္ဓကတော့ ပျက်ဆီးမှုမရှိသော မိုးကြိုးခန္ဓာပိုင်ရှင်ဖြစ်ကာ သူ၏ပတ်ပတ်လည်တွင် မိုးကြိုးစွမ်းအားများနှင့် ကာကွယ်ပေးထားသည်။

သို့ဖြစ်ရာ ထိုနှစ်ယောက်လုံးအား တစ်ယောက်တည်းရင်ဆိုင်ရန် ခက်ခဲပြီး အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်မှသာ အဆင်ပြေနိုင်သည်။

သို့သော် စောမင်ကျန့်ကတော့ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ရော မိုးကြိုးလျှပ်စီးဗုဒ္ဓကိုပါ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

စောမင်ကျန့်နှင့်တိုက်ပွဲတွင် မိုးကြိုးလျှပ်စီးဗုဒ္ဓမှာ တိုက်စစ်ဆင်နိုင်ခြင်းအလွန်ရှားပါးပြီး ခံစစ်ဖြစ်သာ ကာကွယ်ခဲ့ရသည်။

တကယ်တော့ စောမင်ကျန့်က သူ၏ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး အထက်ဘုံကမ္ဘာသို့ သွားရောက်ကူညီနိုင်လုနီးပါး ဖြစ်ခဲ့သည်ပင်။

ထိုသို့ တိုက်ပွဲများအားလုံး ဆင်နွှဲပြီးချိန်မှာတော့ လွန်ခဲ့သောနှစ်ပေါင်း(၅၀) ပထမဆုံးအကြိမ် တိုက်ပွဲကတည်းက နာမည်ကျော်ကြားခဲ့သော‌ စောမင်ကျန့်မှာ ကမ္ဘာတစ်ဝှမ်းတွင် ထပ်မံနာမည်ကျော်ကြားလာခဲ့ပြန်သည်။

— ကောင်းကင်နတ်ဘုရားအဆင့်တွင် ရန်သူအများစုကို ထိုးဖောက်မွှေနှောက်တိုက်ခိုက်နိုင်သည့် ငရဲကိုးထပ်မှ ‘အရိပ်နတ်ဆိုး’ ။

— ကောင်းကင်နတ်ဘုရားအဆင့်တွင် အလျှင်မြန်ဆုံးဟု နာမည်ကြီးပြီး ရန်သူများနှင့်တိုက်ခိုက်ရာတွင် နေရာပေါင်းစုံမှ ဖိအားပေးတိုက်ခိုက်နိုင်သည့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်။

— တာအိုအဆင့်အောက်ရှိ ဗုဒ္ဓများကြားတွင် ပထမအဆင့်ရှိပြီး မိုးကြိုးလျှပ်စီးခန္ဓာကို ပိုင်ဆိုင်သော မိုးကြိုးလျှပ်စီးနတ်ဘုရား။

စောမင်ကျန့်က အားနည်းချက်တစ်ခုပင်မရှိဘဲ ထိုတန်ခိုးစွမ်းအားရှင် (၃)ယောက်ကို ဆက်တိုက်ဆိုသလို အသာစီးမှ တိုက်ခိုက်နိုင်ခဲ့၏။

စောမင်ကျန့်၏နာမည်က ငရဲကိုးထပ်၊ အမတခုံရုံး၊ အနောက်ဘက်သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်တစ်ခွင်ကို လှုပ်ခတ်စေခဲ့သည်ပင်။

သူ၏ဂုဏ်သတင်းက ဝူတန့်မယ်တော်၊ တောင်ပိုင်းချန်စန်းဧကရာဇ် ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ကဲ့သို့ ရှေးခေတ် တာအိုဝါဒ ကောင်းကင်နတ်ဘုရားများထက်ပင် ကျော်လွန်သွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၅၀)အတွင်း စောမင်ကျန့် လူရှေ့ထွက်သည်ဆိုမှာ ခပ်ရှားရှားပင် ဖြစ်၏။

အကြောင်းမှာ သူ၏တည်ရှိမှုကို အခြားသော တာအိုအဓိပတိများက အာရုံစိုက်နေကြသောကြောင့် ဖြစ်သည်။ တာအိုအဓိပတိများအနေဖြင့် အခြားပြဿနာများကိုဘေးချိတ်ကာ သူ့ကို ဒုက္ခလာပေးနိုင်သည် မဟုတ်ပါလား။

ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ဤလူငယ်လေး မည်မျှအထိ တိုးတက်မှုရှိမည်ကို လူတိုင်းက အာရုံစိုက်စောင့်ကြည့်နေကြသည်ပင်။

ဖန်းယွင်ရှန်းက ဝူတန့်မယ်တော်ကို လေးစားစွာဖြင့် ဦးညွှတ်လိုက်ပြီး...

“အကြီးအကဲ’စော’ ရဲ့အရည်အချင်းက တကယ့်ကိုအံ့မခန်းပါပဲ ၊ သူလျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်းက ကျွန်မထက် အများကြီးပိုပြီးသာလွန်ပါတယ်”

ဝူတန့်မယ်တော်က ခေါင်းခါယမ်းလိုက်၏။

“စောမင်ကျန့်က ကောင်းကင်ဖြတ်တောက်လမ်းစဉ်ကို တည်ထောင်ခဲ့တဲ့သူ ၊ သူလျှောက်တဲ့လမ်းက ရှေးခေတ်ကာလကတည်းက ဘယ်သူမှ မလျှောက်ဖူးတဲ့ လမ်းတစ်ခုပဲ ၊ သူလျှောက်တဲ့ခြေလှမ်းတိုင်းက သူ့ကိုယ်ပိုင်တာအိုကို ပိုမိုပြီးပြည့်စုံစေပြီး အမြင့်တစ်ခုစီကို ရောက်ရှိသွားစေတယ် ၊ ဒါကြောင့်ပဲ မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီး နှစ်အနည်းငယ်အတွင်း သိပ်ကိုကြောက်စရာကောင်းတဲ့ တန်ခိုးစွမ်းအားကို ရရှိခဲ့တာပဲ ၊ အခုဆိုရင်တောင်... သူက အရင်ကထက်အများကြီးပိုပြီး အားကောင်းနေလောက်ပြီ”

သူမက ဆက်ပြောလိုက်သည်။

“မင်းရဲ့လမ်းကြောင်းက ငါတို့ စန့်ချင်အဆက်အနွယ် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနဲ့ နက်နက်ရှိုင်းရှိုင်း ဆင်တူပေမယ့် ‌အနာဂတ်မသေချာတဲ့ လမ်းကြောင်းသစ်တစ်ခုလို့ သတ်မှတ်လို့ရတယ် ၊ တာအိုရောင်းရင်း’စော’ ရဲ့ အခြေအနေနဲ့ အရမ်းဆင်တူတယ်”

အဘယ်ကြောင့်ဆိုသော် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးက ဤလောကသို့ လုံးဝ ဆင်းသက်မလာခဲ့ဖူးသေးသောကြောင့် ဖြစ်သည်။

အတွင်းထဲမှ နတ်ဆိုးအငွေ့အသက်ကိုဖိနှိပ်ရန်အတွက် ဖတ်းယွင်ရှန်းက ထိပ်တန်းသိုင်းပညာရပ်များ၏ နိယာမသဘောတရားများနှင့် သူမကိုယ်တိုင်၏ နားလည်နိုင်စွမ်းကို ပေါင်းစည်းခဲ့သည်။

ဖန်းယွင်ရှန်းက...

“တာအိုပင်လယ်ဟာ အဆုံးမရှိပါဘူး ၊ တာအိုအဆင့်နဲ့ ပိုပြီးနီးကပ်လာလေ ခက်ခဲလာလေပါပဲ ၊ မိုးကောင်းကင်က ကျွန်မဘဝကိုပြောင်းလဲစေမယ့် အခွင့်အရေးတစ်ခုပေးအပ်ခဲ့တဲ့အတွက် သိပ်ကိုစိုးရွံ့မိခဲ့ပါတယ် ၊ ဒီလိုအခွင့်အရေးမျိုး ရရှိခဲ့တဲ့အတွက်လည်း ဒီလမ်းကို ကြိုးစားပြီးဆက်လျှောက်ဖို့ ဆုံးဖြတ်ထားပါတယ်”

ဝူတန့်မယ်တော်က ခေါင်းညိတ်လိုက်ပြီး ရန်ကျောက်ကဲဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်းကတော့ စန်းချင်း(၃)ပါး တပြိုင်တည်းကျင့်ကြံနေတာ မဟုတ်လား ၊ မင်းရဲ့အနာဂတ်ကို ငါ အများကြီးမျှော်လင့်နေပါ့မယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ဝူတန့်မယ်တော်ရဲ့စကားအတွက် ကျေးဇူးတင်ပါတယ်”

ဝူတန့်မယ်တော်က...

“တာအိုအဓိပတိတွေက ကောင်းကင်နတ်ဘုရားအဆင့်အောက်က ဘယ်သူ့ကိုမဆို အာရုံစိုက်လေ့ မရှိကြဘူး”

သူမက ဆက်ပြောသည်။

“ဒါကြောင့် ဒီ နတ်ဘုရားသုတ်သင်ဓားကို ငါ ယူမထားတော့ဘူး ၊ မင်းတို့ဆီပဲ လွှဲပေးလိုက်မယ်”

ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ဝူတန့်မယ်တော်က...

“ဒါပေမဲ့ ဒီဓားမှာ ထူးဆန်းတဲ့အချက်တစ်ခု ရှိနေတယ် ၊ မင်းတို့ သိထားသင့်တယ်”

All Chapters