← Chapters

တန်ပြန်အစီအစဉ်

Vol. 112 Ch. 1571

တန်ပြန်အစီအစဉ်

Vol. 112 Ch. 1571

သူများပစ္စည်းလုယူခြင်းက တခြားကိစ္စဖြစ်သည်။

တာအိုအဓိပတိတစ်ပါး၏ မျက်စိအောက်တွင်ထားရှိသောပစ္စည်းကို ရယူလိုခြင်းက လုံးဝ မတူကွဲပြားပေသည်။

ဆိုလိုသည်မှာ ကိုယ်လိုချင်သည့်ပစ္စည်းက တာအိုအဓိပတိလက်ထဲတွင် ရှိနေသည်ဆိုလျှင် ထိုတန်ခိုးစွမ်းအားရှင်က သူတို့သဘောဖြင့် မိမိကို စတင်စိန်ခေါ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သွယ်ဝိုက်ဖော်ပြနေသည်။

လောင်ကျွင်း၏ရည်ရွယ်ချက် မည်သို့ရှိမည်ကိုမသိဘဲ လမ်းမှန်တာအိုဝါဒက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို စိန်ခေါ်ခြင်းမှာ အလွန်အမင်း အန္တရယ်ကြီးမားသည့်ကိစ္စဖြစ်သည်။

တာအိုအဓိပတိများအား တားဆီးနိုင်မည့် စိတ်ချရသော တာအိုအဆင့် တန်ခိုးစွမ်းအားရှင်တစ်‌ယောက်မရှိပါက လမ်းမှန်တာအိုဝါဒအနေဖြင့် အင်အားမဲ့သော အနေအထားတွင်သာ ဆက်လက်ရပ်တည်နေပေမည်။

ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုက နတ်ဘုရားသုတ်သင်ဓား(၄)လက် နှင့် နတ်ဘုရားသုတ်သင်အစီအရင် ကို အလေးထား ပြောဆိုနေကြခြင်း ဖြစ်သည်။

အမှန်တော့ နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဓိပတိတစ်ပါးကို တန်ပြန်တိုက်ခိုက်ရန် မျှော်လင့်၍မရနိုင်သလို ထိရောက်စွာသတ်ဖြတ်နိုင်မည့် နည်းစနစ်ကိုလည်း ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

တာအိုအဓိပတိ တစ်ပါးအနေဖြင့် အစီအရင်အတွင်းသို့ စိတ်တိုင်းကျ ဝင်ထွက်သွားလာခြင်းသည်ပင် ခက်ခဲသည့်ကိစ္စ မဟုတ်ပေ။

သို့သော် တာအိုအဓိပတိတစ်ပါးတည်းဆိုလျှင် ပြီးပြည့်စုံသော နတ်ဘုရားသုတ်သင်အစီအရင် တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် စွမ်းအားမရှိပေ။

ဤအချက်က သတ်မှတ်ထားသော အခြေအနေများအောက်တွင် အဆုံးအဖြတ်ပေးနိုင်သော အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်သည်။

မည်သို့ပင်ဖြစ်စေ တာအိုအဓိပတိများ မည်သည် တစ်ကိုယ်တည်း အထီးကျန်နေထိုင်သူများ မဟုတ်ကြပေ။

နာမည်တပ်ပြောရမည်ဆိုလျှင် လောင်ကျွင်းတစ်ယောက်သာလျှင် ဤစံနှုန်းဖြင့် အတိအကျ ကိုက်ညီပေလိမ့်မည်။

သို့သော်လည်း ဤအချက်သည်ပင် ရန်ကျောက်ကဲနှင့် အခြားတာအိုဝါဒ တပည့်များအတွက် မယုံနိုင်လောက်အောင် လှောင်ပြောင်ခံရသလို ဖြစ်နေသည်။

ဤသည်ကား နတ်ဘုရားသုတ်သင်အစီအရင်၏ အရေးပါပုံဖြစ်ပြီး သူတို့အနေဖြင့် အဘယ့်ကြောင့် ထိုအစီအရင်ကို လိုချင်တပ်မက်ရသည်ဆိုသော အကြောင်းရင်းလည်း ဖြစ်သည်။

ပြီးပြည့်စုံသော နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိပါက လမ်းမှန်တာအိုဝါဒ၏ အနေအထားသည်လည်း အပြောင်းအလဲကြီး ပြောင်းလဲသွားပေမည်။

သို့သော် ဤတွင် ပြဿနာ ရှိလာသည်။

ရန်ကျောက်ကဲတို့အုပ်စုက တာအိုအဓိပတိတစ်ပါးကို ရင်ဆိုင်ရန် နတ်ဘုရားသုတ်သင်ဓား(၄)လက် ကို ရှာဖွေနေကြခြင်း ဖြစ်သည်။

သို့သော် ထိုဓား(၄)လက်အနက် တစ်လက်မှာ လမ်းမှန်တာအိုဝါဒ၏ အဓိကရန်သူဖြစ်သော ပြင်ပတာအိုကျင့်ကြံသူ တာအိုအဓိပတိဖြစ်သည့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ လက်ထဲသို့ ရောက်ရှိနေသည်။

ထို့ကြောင့် အခြေအနေက လမ်းပိတ်သလို ဖြစ်သွားသည်။

လောင်ကျွင်းသာ အကူအညီပေးရန် ရည်ရွယ်ချက်မရှိပါက ရန်ကျောက်ကဲအနေဖြင့် နတ်မိစ္ဆာမျိုးနွယ်နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ဘက်သို့ ပါဝင်ရန် စဉ်းစားရပေမည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးက နတ်ဘုရားအဆုံးသတ်ဓားကို သိမ်းပိုက်ထားခြင်းမှာ ရန်ကျောက်ကဲတို့အုပ်စုအား လျှပ်တပြက် အံ့အားသင့်သွားစေရန်နှင့် သူတို့ဆင်ထားသည့် ထောင်ချောက်ထဲသို့ ဝင်ရောက်လာရန် မျှားခေါ်ခြင်း ဖြစ်၏။

ပိုဆိုးသည်မှာ ရန်ကျောက်ကဲတို့လက်ထဲတွင် ဓား(၃)လက်ရှိနေပြီး ပြီးပြည့်စုံသော နတ်ဘုရားသုတ်သင်အစီအရင် ပုံစံကြမ်းကိုပင် ရရှိထားသည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ထောင်ချောက်ထဲသို့သာ ကျရောက်သွားပါက သူတို့လက်ထဲမှ ပြီးပြည့်စုံသော နတ်ဘုရားသုတ်သင်အစီအရင်သည်လည်း အမတခုံရုံး၏ ပိုင်ဆိုင်မှု ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် အမတခုံရုံး နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ကြားမှ ဟန်ချက်ညီမှုသည်လည်း လှုပ်ခါသွားမည်မှာ သံသယဝင်စရာမလိုပေ။

ဘုရားလောင်း ဖြစ်စေ၊ အရှေ့ဧကရာဇ်'ထိုက်ယိ' ဖြစ်စေ၊ မည်သူမှ အခြေအနေ ဤသို့ဖြစ်လာမည်ကို တွေ့မြင်လိုမည် မဟုတ်ပေ။

ရန်ကျောက်ကဲက ဆင်နတ်ဘုရားကိုသတ်ဖြတ်ပြီး သူ၏နှာမောင်းကို စားပစ်ခဲ့သဖြင့် ရန်ငြိုးထားမည်မှန်သော်လည်း ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့သည် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အစီအစဉ် အောင်မြင်သွားမည်ကိုတော့ ဘယ်သောအခါမှ ခွင့်ပြုမည် မဟုတ်ပေ။

ဟုတ်ပေ၏။

သူတို့သည်လည်း ရန်ကျောက်ကဲတို့အုပ်စုကို အသုံးချပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူရန် ကြံစည်ကြမည်သာပင်။

အဆိုးဆုံးအခြေအနေကြုံလာပါက နတ်ဘုရားသုတ်သင်အစီအရင်ကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်ထဲ ‌ရောက်ရှိစေမည့်အစား ဖျက်ဆီးပစ်ရန် ရွေးချယ်ကြပေမည်။

အရောက်ခံမည်မဖြစ်ဘဲ ဖျက်ဆီးပစ်ကြပေလိမ့်မည်။

တကယ်တော့ ရန်ကျောက်ကဲက အနောက်ဘက်သူ‌တော်စင်ဘုံတွင်လည်း ကိုယ်ပိုင်အစီအစဉ်များရှိနေနိုင်ကြောင်း သံသယဝင်နေခဲ့သည်။

အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးမှ အကြီးအကဲများက တာအိုအဆင့် တန်ခိုးစွမ်းအားရှင်ကြီးများဖြစ်သော်လည်း ၊ ထိုမဟာမိတ်နှစ်ဖွဲ့တွင် အနောက်ဘက်သူတော်စင်ဘုံက အမတခုံရုံးထက် ပိုမိုအားကောင်းပေသည်။

သို့သော် အမတခုံရုံးက နတ်ဘုရားသုတ်သင်အစီအရင် ရရှိသွားပါက သူတို့၏အနေအထားသည်လည်း လုံးဝ ပြောင်းပြန်ဖြစ်သွားပေမည်။

ဤနိယာမက ချန်စန်းရှင်းဟိုင်နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့အတွက်လည်း အလားတူ အကျုံးဝင်ပေ၏။

အင်အားစုများအားလုံး ပါဝင်ပတ်သက်နေသည့် ဉာဏ်ကစားပွဲဖြစ်လေရာ အခြေအနေက အလွန်ပင် ထိရှလွယ်လှသည်။

သို့သော် တာအိုအဆင့် တန်ခိုးစွမ်းအားရှင်ကြီးများက လက်ထဲမရောက်သေးသည့် အကျိုးအမြတ်ကို ကြိုတင်ခွဲဝေခြင်းဖြင့် ပဋိပက္ခကိုလှုံ့ဆော်သည်အထိ မိုက်မဲသည့်လုပ်ရပ်မျိုး ပြုလုပ်မည်မဟုတ်ပေ။

သူတို့လက်ထဲသို့ နတ်ဘုရားသုတ်သင်အစီအရင် ရောက်ရှိပြီးမှသာ ခွဲဝေရေးပြဿနာများ ပေါ်ပေါက်လာမည်ဖြစ်သည်။

ထို့ကြောင့် အခြားသောဖြစ်နိုင်ခြေများစွာလည်း ရှိနေပေသေးသည်။

ဟုတ်ပေ၏။

လောင်ကျွင်းသာ လှုပ်ရှားမလာပါက သူတို့ချမှတ်ထားသည့်အစီအစဉ်တိုင်းက အောင်မြင်နိုင်ခြေ လုံးဝမရှိဘဲ ဟာသသက်သက်သာ သတ်မှတ်ခံရပေမည်။

နောက်ဆုံးတွင် သံမဏိကိုထုရိုက်ချင်ပါက တူသည်လည်း ခိုင်မာရပေမည်။

ထို့ကြောင့် ရန်ကျောက်ကဲက ယန်ကျန်း ၏ အစီအစဉ်ကို စိတ်ဝင်စားနေခြင်း ဖြစ်၏။

ယန်ကျန်းက သူ့ကိုယ်သူ သေဆုံးဟန်ဆောင်ခဲ့သဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က သူ၏အစီအစဉ် ပေါက်ကြားမှုမရှိဟု ယုံကြည်နေခဲ့သည်။

ထို့ကြောင့် သူက ထောချောက်တစ်ခုဆင်ထားပြီး ၊ ထိုထောင်ချောက်အတွင်းသို့ ရန်ကျောက်ကဲတို့ဝင်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။

ယန်ကျန်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို သူ့ဗျူဟာနှင့်သူ ပြန်လည်တိုက်ခိုက်ရန် စီစဉ်နေလေသည်။

ဟုတ်ပေ၏။

ရန်ကျောက်ကဲတို့အနေဖြင့် ဘေးကင်းသည့်နည်းလမ်းကို ရွေးချယ်နိုင်သည်။

ယန်ကျန်းထံမှ သတိပေးချက်ရရှိပြီးနောက် နတ်ဘုရားအဆုံးသတ်ဓားကိုလက်လွှတ်လိုက်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ‌ထောင်ချောက်ကို ရှောင်ရှားနိုင်သည်။

သို့သော် ဘေးကင်းသည့်လမ်းထက် တန်ပြန်နိုင်သည့်နည်းလမ်းရှိမည်ဆိုပါက ရန်ကျောက်ကဲက နားထောင်ရန် ဆန္ဒရှိသည်။

ယခုတစ်ကြိမ်မှာတော့ ယန်ကျန်းက စကားမရှည်တော့ဘဲ လိုရင်းကိုပြောလိုက်သည်။

“ငါ့မှာ အကြံတစ်ခုတော့ရှိတယ်”

သူက ဆက်ပြောလိုက်သည်။

“ငါ ကျောက်စိမ်းဝိညာဉ်နန်းတော်ကရလာတဲ့ မီးအိမ်ကို အခြေခံထားတယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အတော်လေး စိတ်ဝင်စားသွားကြသည်။

ရန်‌ကျောက်ကဲက...

“အဲဒီ ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်က အဖိုးတန်းရတနာဆိုပေမယ့် တာအိုအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ကိုတော့ ရင်ဆိုင်ဖို့ မလုံလောက်ဘူးနော်...”

ယန်ကျန်းက...

“ဒီမီးအိမ်တစ်ခုတည်းကိုပဲ အားကိုးမယ်ဆိုရင်တော့ ဘယ်ဖြစ်နိုင်မလဲ ၊ ဒါပေမဲ့... အဲဒီမီးအိမ်က ငါတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးလိမ့်မယ် ၊ အစီအစဉ် အောင်မြင်မလားဆိုတာတော့ သေချာမပြောနိုင်ဘူး ၊ အကောင်းဆုံးကြိုးစားကြည့်ဖို့ပဲ ပြောနိုင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ငါ မင်းတို့ကို ဘာမှဖုံးကွယ်ထားတာ မရှိပါဘူး ၊ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်လည်း အဖြေရှာမရတဲ့အပိုင်းတွေ ရှိနေသေးတယ် ၊ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲလုပ်နိုင်ဖို့တော့ လိုတာပေါ့”

ယန်ကျန်းက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို ကြည့်လိုက်သည်။

“ငါ အောင်မြင်ဖို့ အခွင့်အရေး သေချာပေါက်ရမယ်ဆိုရင်... မင်တို့နှစ်ယောက်ကို အကြောင်းကြားလိုက်မယ် ၊ မရဘူးဆိုရင်တော့ နတ်ဘုရားအဆုံးသတ်ဓားနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ရွှေ့ဆိုင်းထားရလိမ့်မယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ ထောင်ချောက်ထဲဝင်မသွားအောင် အလျင်စလိုမလုပ်တာ ပိုကောင်းပါတယ်”

ရန်ကျောက်ကဲက ယန်ကျန်းအား လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...

“အတိတ်က ခင်ဗျားရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေက သမိုင်းမှာ အမြစ်တွယ်နေပြီးသားပါ ၊ ကျုပ်တို့ ခင်ဗျားကို သေချာပေါက် ယုံကြည်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“အခု နတ်ဘုရားအဆုံးသတ်ဓား ဘယ်မှာရှိတယ်ဆိုတာနဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ ယုတ်မာတဲ့ရည်ရွယ်ချက်ကို သိရပြီဖြစ်တာကြောင့်... ခင်ဗျားဆီက သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်”

ခဏမျှတိတ်ဆိတ်သွားပြီးမှ ရန်ကျောက်ကဲက...

"နောက်ထပ် တစ်ခုလောက် မေးချင်ပါသေးတယ်"

ယန်ကျန်းက...

"မေးပါ"

ရန်ကျောက်ကဲက...

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က အရင်တုန်းက ကျုပ်တို့ လမ်းမှန်တာအိုဝါဒက ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်ခဲ့တယ် ၊ တာအိုအဆင့်ကို တက်လှမ်းပြီးတော့မှ အခုလက်ရှိပုံစံဖြစ်လာတယ်လို့ ကောလဟလတွေ ကြားမိပါတယ် ၊ ဒီတော့... သူ ဘယ်သူဖြစ်နိုင်မလဲဆိုတဲ့သဲလွန်စများ ခင်ဗျားဆီမှာ ရှိပါသလား”

ယန်ကျန်းက အေးဆေးသည့်လေသံဖြင့်...

“ကျောက်စိမ်းဧကရာဇ် ၊ ကျီဝေးဧကရာဇ် ၊ မူလဖိနှိပ်နတ်ဘုရား ၊ ကျောက်စိမ်းရေကန်မယ်တော် .... ဒီ (၄)ယောက်က သံသယဝင်စရာစာရင်းထဲမှာပါတယ်”

သူက ဆက်ပြောလိုက်သည်။

“အရင်ကတော့ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကိုလည်း ထည့်တွက်ထားတာ ၊ ဒါပေမဲ့... လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ သေဆုံးသွားပြီဆိုတဲ့သတင်းရခဲ့တယ် ၊ ဒါကြောင့် သူ့ကို စာရင်းထဲကဖယ်လိုက်တယ်”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။

ယန်ကျန်းက မဟာကပ်ဘေးကြီးဖြစ်ပွားစဉ်က လုံးဝပေါ်မလာခဲ့သော တာအိုဝါဒ ထိပ်တန်း တန်ခိုးစွမ်းအားရှင်အနည်းငယ်ကို စာရင်းပြုစုထားခြင်း ဖြစ်၏။

ယန်ကျန်းက...

“ဒါပေမဲ့ ပြောစရာကိစ္စတစ်ခု ကျန်သေးတယ်”

သူက ဆက်ပြောလိုက်သည်။

“မဟာကပ်ဘေးကြီး ကျရောက်တုန်းက... ငါက မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်မှာ လုံးဝ ရှိမနေခဲ့ဘူး ၊ ငါက ငါ့ရဲ့ကိုယ်ပိုင်ကျောက်ဂူအိမ်တော်ဖြစ်တဲ့ ‘မြောင်းသွယ်ဖြတ်လမ်း’ မှာ ရှိနေခဲ့တာ”

“အဲဒီမတိုင်ခင်က... ငါနေတဲ့နေရာကို စာတစ်စောင်ရောက်လာခဲ့တယ် ၊ စာထဲမှာ ဘာအကြောင်းပြချက်မှ ဖော်ပြမထားဘဲ မိုးကောင်းကင်ခုံရုံးကို သွားဖို့ပဲ ပြောထားတယ် ၊ ငါက တံခါးပိတ်ကျင့်ကြံနေတာမို့လို့ စာကို အချိန်မီမဖတ်လိုက်နိုင်ဘူး”

စကားပြောရင်း ယန်ကျန်း အတိတ်က အမှတ်ရစရာများကို မြန်လည်မြင်ယောင်လာမိသည်။

“မဟာကပ်ဘေးကြီးအကြောင်း သတိပေးခံရတော့မှ ငါက တံခါးပိတ်ကျင့်ကြံရာက ထွက်လာခဲ့တာ ၊ အဲဒီအချိန် မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော် က ပျက်စီးနေခဲ့ပြီ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ အံ့အားသင့်သွားကြသည်။

ရန်ကျောက်ကဲက...

"ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တာလား... ဘယ်သူက ခင်ဗျားကို မိုးကောင်းကင်ခုံရုံးကိုလာဖို့ ဖိတ်ခဲ့တာလဲ"

ယန်ကျန်းက...

"ကျီဝေးဧကရာဇ်လေ..."

ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း...။

တာအိုဝါဒ၏ဧကရာဇ်(၄)ပါး၏ ခေါင်းဆောင်ဖြစ်ပြီး မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်၏ ဒုတိယမြောက် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။

တခါတရံမှ ပေါ်လာတတ်သည့် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို ထည့်တွက်လျှင်ပင် ကျီဝေးဧကရာဇ်သည် မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်ရှိ ထိပ်ဆုံးသုံးဦးတွင် သံသယဖြစ်ဖွယ်မရှိ ပါဝင်ခဲ့သူဖြစ်သည်။

ဖန်းယွင်ရှန်းက ညင်သာသည့်လေသံဖြင့်...

"ဒါဆိုရင် ကျီဝေးဧကရာဇ်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် မဟုတ်ဘူးလို့ ပြောလို့ရမလား ၊ အနည်းဆုံးတော့ ဖြစ်နိုင်ခြေ ပိုနည်းမယ်ထင်တယ်”

ယန်ကျန်းက...

“ငါလည်း အတိအကျတော့ မပြောနိုင်ဘူး ၊ ငါ့စိတ်ထဲ ခန့်မှန်းထားတာတွေ ရှိနေပေမယ့်... ကျီဝေးဧကရာဇ်က ဘာလို့ ငါ့ကို ဖိတ်ကြားခဲ့သလဲဆိုတာတော့ မသိသေးဘူး"

သူက တစ်ချက်ညည်းတွားလိုက်ပြီး...

“ဖြစ်နိုင်တာကတော့... ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ သိခဲ့မယ်ထင်တယ်”

All Chapters