← Chapters

အစီအစဉ်

Vol. 112 Ch. 1572

အစီအစဉ်

Vol. 112 Ch. 1572

ရန်ကျောက်ကဲ မျက်လုံးများကို မှိတ်လိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် သူက ယန်ကျန်းကို ကြည့်လိုက်ပြီး...

“ရွှမ်တုကိုယ်တော်ရော... ဒီလိုစာမျိုး ရခဲ့သလား ၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ဆီက ဖိတ်ကြားစာတစ်ခုခု ရခဲ့သေးလား”

ယန်ကျန်းမျက်ဝန်းများတွင် ချီးမွမ်းသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူက ခေါင်းညိတ်လိုက်ပြီး...

"ရခဲ့ပါတယ်..."

သူက ဆက်ပြောပြသည်။

“ရွှမ်တုကိုယ်တော်က ဒီကိစ္စနဲ့ပတ်သက်ပြီး လောင်ကျွင်းကို မေးမြန်းခဲ့ပေမယ့် လောင်ကျွင်းက တိကျတဲ့အဖြေ မပေးခဲ့ဘူး ၊ ဒါကြောင့် ရွှမ်တုကိုယ်တော်က သူ့ဘာသာ ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တယ်”

“ဆရာဦးလေး’ရွှမ်တု’ မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်ကို သွားတဲ့အခါမှာ မငြိမ်းသောမီးအိမ်ရှေ့ဟောင်းဗုဒ္ဓရဲ့ တားဆီးမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်”

ထိုစကားများကိုကြားပြီးနောက် ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။

အတန်ကြာတွေးနေပြီးမှ မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း...

“ခင်ဗျားပြောတာကိုကြားရတာ စိတ်ပျက်စရာကောင်းလိုက်တာ”

ထင်သည့်အတိုင်းပင် လောင်ကျွင်း၏ စိတ်ကူးများက ခန့်မှန်း၍မရနိုင်ပေ။ သူ့ကိုမှီခိုအားကိုးမည်ဆိုလျှင်လည်း ဘာကိုမှ တွက်ဆ၍ရနိုင်မည် မဟုတ်ပေ။

ယန်ကျန်းက ပြုံးလိုက်ရင်း...

“မင်းမှ မဟုတ်ပါဘူး ၊ တာအိုဝါဒအပြင်ဘက်က တခြားသူတွေလည်း လောင်ကျွင်းရဲ့စိတ်ကို နားမလည်နိုင်ကြဘူး"

သူက ဆက်ပြောလိုက်သည်။

"မဟုတ်ရင် အလယ်ခေတ်တုန်းက သူဘာမှ ဝင်ပြီးလှုပ်ရှားမှာ မဟုတ်ဘူး”

“ဘာမှမလုပ်သလိုနဲ့ အရာအားလုံးကို လုပ်နေသူဖြစ်တဲ့အတွက် သူ့လုပ်ရပ်တွေက အမြဲတမ်း ထူးဆန်းနေခဲ့တယ် ၊ ဆုံးဖြတ်ချက်တစ်ခုချပြီးတာနဲ့ ချက်ချင်း ပြန်ပြောင်းလဲပစ်တတ်တာလဲ သူ့အတွက်တော့ သာမန်ပါပဲ ၊ သာမန်လူတစ်ယောက်ရဲ့ ကျင့်ဝတ်တွေ၊ အတွေးအခေါ်တွေကိုအသုံးချပြီး သူ့ကိုခန့်မှန်းဖို့ကြိုးစားတာက မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ”

ယန်ကျန်းက ပြုံးလျှက်ပင် သက်ပြင်းချလိုက်ပြီး...

“တကယ်လို့ လောင်ကျွင်းက ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ်ကို ရုတ်တရက် သုတ်သင်ပစ်မယ်ဆိုရင်တောင် မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး ၊ ဒီလိုလုပ်ဖို့ သူ့အတွက် သီးခြားအ‌ကြောင်းပြချက်လည်း မလိုဘူး ၊ သူ ရုတ်တရက် အတွေးပေါက်ပြီး အကြောင်းပြချက်မရှိ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်တယ် ၊ ငါတို့မျက်လုံးထဲက 'ကျင့်ဝတ်' လို့ ခေါ်တဲ့ အရာတွေဟာ လောင်ကျွင်းအတွက် ဘာအဓိပ္ပာယ်မှမရှိဘူး"

“သာမန်လောကရဲ့ ကျင့်ဝတ်စည်းကမ်းတွေနဲ့ ချုပ်နှောင်ခံနေရတုန်းဆိုရင် လွတ်မြောက်ခြင်းဆိုတာ ဘာများအသုံးဝင်တော့မှာလဲ”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ဆိတ်ဆိတ်နေကြသည်။

ယန်ကျန်း၏စကားများက အလွန်ဝေးကွာသော အယူအဆများ ဖြစ်သည်။ သို့သော် ဖြစ်နိုင်ခြေကလည်း သုညမဟုတ်ပေ။

တစ်နည်းအားဖြင့်ကြည့်လျှင် လောင်ကျွင်းက လမ်းမှန်တာအိုဝါဒကို ကာကွယ်ရန်အတွက် အခြားတာအိုအဓိပတိများနှင့် တိုက်ခိုက်မည်ဆိုသော ဖြစ်နိုင်ခြေနှင့် ယန်ကျန်းပြောပြသည့်ဖြစ်နိုင်ခြေက အလားအလာ အတူတူပင်ဖြစ်သည်။

ရန်ကျောက်ကဲက...

“အဲဒီလိုပြောလို့ ကျင့်ဝတ်တွေက အသုံးမဝင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး ၊ အသုံးဝင်တာလည်း ဖြစ်နိုင်သလို အသုံးမဝင်တာလည်း ဖြစ်နိုင်တယ်"

လောင်ကျွင်းက လောကကျင့်ဝတ်တရားများကို လိုက်နာခြင်း ရှိ မရှိဆိုသည်က သူ၏ စိတ်ကူးအပေါ်တွင်သာ မူတည်သည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူ၏မျက်လုံးထဲ၌ လမ်းမှန်တာအိုဝါဒဖြစ်စေ၊ အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများဖြစ်စေ ၊ ဗုဒ္ဓဘာသာဖြစ်စေ ၊ နတ်မိစ္ဆာမျိုးနွယ်များဖြစ်စေ သို့မဟုတ် ငရဲကိုးထပ်မှ နတ်ဆိုးများဖြစ်စေ သက်ရှိသတ္တဝါအားလုံးက တန်ဖိုးချင်းကွာခြားမှု မရှိပေ။

သူ့အနေဖြင့် အချိန်တစ်စက္ကန့်အတွင်း လမ်းမှန်းတာအိုဝါဒကို အလွန်အမင်း ကာကွယ်ပေးပြီး ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုအတွက် အခြားတာအိုအဓိပတိများနှင့် စိတ်အားထက်သန်စွာ တိုက်ခိုက်လာနိုင်သည်။

သို့တည်းမဟုတ် လမ်းမှန်တာအိုဝါဒကို ဖိနှိပ်ရာတွင် အမတခုံရုံးကိုပင် ကူညီပေးပေလိမ့်မည်။

ဟုတ်ပေ၏။

အချိန်အများစုမှာတော့ လောင်ကျွင်းက လောကတွင် ဖြစ်ပျက်နေသည့်ကိစ္စရပ်များကို အရေးစိုက်တတ်သူ မဟုတ်ပေ။

အရေးအကြီးဆုံးကတော့ လောင်ကျွင်း၏စိတ်ကူးများသည် စနစ်တကျမရှိသည့်အတွက် မည်သူကမှ သူ၏အတွေးများကို ပုံဖော်၍မရနိုင်ခြင်း ဖြစ်သည်။

သူလှုပ်ရှားမှုပြုလုပ်မှသာ အခြားသူများသည်လည်း မီးစင်ကြည့်ကနိုင်ပေမည်။

တာအိုအဆင့် တန်ခိုးစွမ်းအားရှင်ကြီးတစ်ပါး လှုပ်ရှားလာသည့်အခါ ဖုံးကွယ်ထားသည့် အဓိပ္ပါယ်များစွာ ရှိနိုင်သောကြောင့် သူတို့၏ အမှန်တကယ်အတွေးများကို မြင်အောင်ကြည့်နိုင်ရန် ခက်ခဲလွန်းသည်။

ဤအချက်ကြောင့်ပင် အခြားသောအင်အားစုများက လမ်းမှန်တာအိုဝါဒကို လုံးဝသုတ်သင်ပစ်ရန် မဝံ့ရဲကြခြင်း ဖြစ်၏။

ဖြစ်နိုင်ခြေများစွာ ရှိသည်။

သူတို့ လမ်းမှန်တာအိုဝါဒကို သုတ်သင်ပစ်ချိန် လောင်ကျွင်းက အရေးစိုက်ချင်မှ စိုက်ပေမည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးမှ လောင်ကျွင်းက ရုတ်တရက်ထပြီး လက်စားချေလာနိုင်ပြန်သည်။

တန်ခိုးစွမ်းအားအရဆိုလျှင် လောင်ကျွင်းက ကွမ်းချန်ထျန်းကျွင်း ၊ တောက်ရှင်ထျန်းကျွင်းတို့ကဲ့သို့ပင် စွမ်းအားကြီးမားသည်။

ဤမျှဖြင့်ပင် အခြားသောတာအိုအဓိပတိ များကို ဟန့်တားရန် လုံလောက်သည်။

တာအိုအဓိပတိများက အနည်းငယ်သာ ရှိသည်။

လောင်ကျွင်း ရုတ်တရက် လှုပ်ရှားလာပါက သူတို့ကြားမှ ဟန်ချက်ညီမှု ပျက်ဆီးသွားပေမည်။

ပို၍ကြောက်စရာကောင်းသည်မှာ လောင်ကျွင်းသည် လောကကိုကျော်လွန်သွားပြီဖြစ်သော စန်းချင်း(၃)ပါး ဆရာသခင်များ၏ဆန္ဒကို ကိုယ်စားပြုခြင်း ရှိ မရှိ မည်သူမှ အတည်မပြုနိုင်ခြင်းဖြစ်သည်။

လောင်ကျွင်းကဲ့သို့ပင် စန်းချင်း(၃)ပါး ဆရာသခင်များသည်လည်း ခန့်မှန်းရခက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ပြောရမည်ဆိုလျှင် စန်းချင်း(၃)ပါး ဆရာသခင်များအနေဖြင့် “လောင်ကျွင်း” ဆိုသော ပုံရိပ်ကို ဖျက်ဆီးပစ်ချင်သည်ဆိုလျှင် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြုလုပ်ပေလိမ့်မည်။

သို့သော် သူတို့အားလုံး ဤလောကသို့ ပြန်လည်ဆင်းသက်လာစေရန် လုံလောက်သည့်လှုံ့ဆော်မှုရှိရပေမည်။

သူတို့ပြန်လည်ရောက်ရှိလာသည်ကိုတော့ မည်သူမှ တွေ့မြင်လိုကြမည် မဟုတ်ပေ။

ဖန်းယွင်ရှန်းက...

“နောက်ဆုံး စကြာမုနိဗုဒ္ဓနဲ့ နွီဝါးဧကရီ ပြန်‌ရောက်လာရင်လည်း (၃)ယောက် (၂)ယောက် ရင်ဆိုင်ရမှာပဲ မဟုတ်လား”

မည်သို့ပင်ဖြစ်စေ လမ်းမှန်တာအိုဝါဒအနေဖြင့် ထိုအကြောင်းချင်းရာများကိုအားကိုးပြီး အနိုင်ရရန် အာမခံချက် မရှိပေ။ ထိုသို့ဖြစ်လာပါက အနိုင်ရဖို့အနေသာသာ ကပ်ဆိုးပင် ကြုံလာနိုင်ချေ ရှိသည်။

ရန်ကျောက်ကဲက နဖူးကို လက်ဖြင့်အသာပွတ်ရင်း မချိပြုံးပြုံးလိုက်သည်။

“အခုမှ ခေါင်းစားရမယ့်အပိုင်း ရောက်လာတာ...”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကောင်းတဲ့ဘက်ကတွေးကြည့်ရတော့... ဒီနှစ်တွေအတွင်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လည်း စိတ်အေးလက်‌အေး နေနိုင်မယ်မထင်ပါဘူး”

သူတို့စွန့်စားခဲ့သည့်အရာမှန်သမျှ အောင်မြင်မှုရရှိခဲ့သည်။

သို့သော် လောင်ကျွင်းက ဘယ်အချိန်ထပြီး ရုတ်တရက်လက်စားချေမည်ကို မည်သူမှ မသိနိုင်ပေ။

ဟုတ်ပေ၏။

လောင်ကျွင်းက အံ့သြစရာကောင်းစွာ အမတခုံရုံးကို ထပြီးကူညီလိုက်သည်လည်း ရှိကောင်းရှိနိုင်သည်။

သို့သော် လောင်ကျွင်း၏ မည်သည့်လုပ်ရပ်ဖြစ်ပါ‌စေ...

ရလဒ်များက သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိသည့်အခါ ၊ ဘယ်အချိန်တွင် ဘာဖြစ်လာမည်ကို မည်သူမှ မသိနိုင်သည့်အခါ ၊ မည်သူမှ ထိုသို့သောခံစားချက်မျိုးကို နှစ်သက်မည် မဟုတ်ပေ။

အနည်းဆုံး ရန်ကျောက်ကဲကတော့ ထိုသို့သောအခြေအနေမျိုးကို လုံးဝ သဘောမကျပေ။

ယန်ကျန်းက ပြုံးလိုက်ပြီး...

“ဒါက ငါတို့မျက်စိရှေ့မှာရှိနေတဲ့ အခြေအနေပဲလေ”

သူက ဆက်ပြောသည်။

“မကျေနပ်တာ ၊ ညည်းညူတာတွေက အသုံးမဝင်ဘူး ၊ အခြေအနေကို ဘယ်လိုအခွင့်ကောင်းယူပြီး ကိုယ့်ဘက်လှည့်မလဲဆိုတာပဲ အဓိကကျတယ်”

ယန်ကျန်းက သူ့ကိုယ်သူလှောင်‌ပြောင်သည့်လေသံဖြင့်...

“ငါဆို သိုးလွိနန်းတော်မှာ ဒဏ်ရာကုသခဲ့ရတာ ၊ လောင်ကျွင်းက ဘာမှအရေးမစိုက်ဘူးဆိုရင်တောင် ငါတော့ သူ့ဆီက အကျိုးကျေးဇူးတွေ အများကြီးရခဲ့တာပဲလေ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဟုတ်တာပေါ့...”

သူက ဆက်ပြောလိုက်သည်၊။

“ဒါကြောင့်လည်း... “တကယ်လို့” ဆိုတဲ့အတွေးတွေ ရှိနေခဲ့တာပေါ့ ၊ တကယ်တော့ ကျုပ်တို့ လမ်းမှန်တာအိုဝါဒ အခုချိန်ထိ ရပ်တည်နိုင်ပြီး တိုးတက်မြင့်မားလာဖို့ အရိပ်အယောင်တွေ ပြနေတာအား တခြားသူတွေက လောင်ကျွင်းကို ကြောက်ရွံ့နေကြတုန်းမို့လို့ပါပဲ"

သူ့မျက်နှာထက်မှအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ဒါပေမဲ့ အချိန်နဲ့ဒီရေက လူကိုမစောင့်ဘူးလေ”

ယန်ကျန်းက...

“ဘာပဲဖြစ်ဖြစ် နတ်ဘုရားအဆုံးသတ်ဓားအတွက် အလောတကြီး မလုပ်နဲ့ဦး...”

သူက ဆက်ပြောလိုက်သည်။

“ခဏလောက် စောင့်ကြည့်ပါ ၊ ငါ မင်းတို့အားလုံးအတွက် အဖြေတစ်ခု ပေးနိုင်ပါလိမ့်မယ်”

ပြောပြီးသည်နှင့် သူက ရန်ကျောက်ကဲအား အင်းချပ်တစ်ခု ပေးလိုက်သည်။

အင်းချပ်ထက်တွင် မြေကမ္ဘာဘုရင်မ၏ အမိန့်စာကို ရေးသားထားသည်။

ရန်ကျောက်ကဲက အင်းချပ်ကို အလေးအနက်သိမ်းဆည်းလိုက်ပြီး ယန်ကျန်းကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...

“ကျေးဇူးတင်ပါတယ်...”

သူက ဆက်ပြောလိုက်သည်။

“စကားပြောနေတာ အချိန်တောင် အတော်ကြာသွားပြီ ၊ ဒီမှာပဲ ရပ်လိုက်ကြရအောင် ၊ မကြာခင် ပြန်တွေ့ကြတာပေါ့”

ယန်ကျန်းက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့အား ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူ၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူတို့ပတ်လည်ရှိ တောက်ပသော ကြယ်စင်တန်းသည်လည်း ပြိုကျသွားသည်။

မြေဝါရောင်အလင်းတန်းများ တဖန်ပြန်လည်ထွက်ပေါ်လာပြီး အဝေးတစ်နေရာမှ စကြာဝဠာနယ်နိမိတ်များ တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။

သူတို့ရှိနေသည့် ကြယ်စင်တန်းနေရာတွင် မြေဝါရောင်ကမ္ဘာတစ်ခု ပြန်လည်ဖြစ်‌ပေါ်လာသည်။

မြေကမ္ဘာမယ်တော်၏ အငွေ့အသက်များ ပြန်လည်ထွက်ပေါ်လာပြီး နူးညံ့နွေးထွေးသည့်ခံစားချက်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို တဖန်ပြန်လည် လွှမ်းခြုံသွားသည်။

"မကြာခင် ပြန်တွေ့ကြမယ်"

မြေကမ္ဘာမယ်တော်၏အသံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး သူမထွက်ခွာသွားသည်နှင့် မြေဝါရောင်ကမ္ဘာတစ်ခုလုံးလည်း ပျက်ဆီးပြိုကျသွားလေသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ပြင်ပဗလာနယ်ထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။

***

ရန်ကျောက်ကဲတို့နှင့် လမ်းခွဲပြီးနောက် ယန်ကျန်းက မြေကမ္ဘာမယ်တော်၏ပုံစံ ဖန်ဆင်းကာ ဗလာနယ်ကိုဖြတ်သန်း ခရီးနှင်လာခဲ့သည်။

ကြာမြင့်စွာ ခရီးနှင်ပြီးနောက် သူက ကြယ်စင်တစ်စင်းနှင့်ပေါင်းစပ်သွားပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

အချိန်အတန်ကြာပြီးမှ ကြယ်စင်ထဲတွင် လူအိုကြီးတစ်ယောက် ရုတ်တရက် ပေါ်လာသည်။

အဘိုးအိုက ငါးမြီးပုံဦးထုပ်ဆောင်းထားပြီး ကြီးမားသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ပုံပန်းသဏ္ဍာန်က တစ်မျိုးတစ်ဖုံ ထူးဆန်းနေပြီး ရှည်လျားသော မုတ်ဆိတ်များကလည်း မေးဖျားမှကျဆင်းလျှက် ရှိ၏။

ထိုလူအိုကြီးရှေ့တွင် ကျက်သရေရှိစွာ ချောမောလှပသော မိန်းမပျိုတစ်ယောက် မတ်တတ်ရပ်နေသည်။ သူမထံမှ ထွက်ပေါ်နေသည့်မွှေးရနံ့က နူးညံ့သိပ်သည်းသော်လည်း မြေသင်းရနံ့ပမာ ညင်သာသိမ်မွေ့သည်။

အနီရောင်ဝတ်အဘိုးကြီးက မုတ်ဆိတ်ကိုတစ်ချက်ပွတ်သပ်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။

“နေကောင်းကျန်းမာနေတာတွေ့ရလို့ ဝမ်းသာပါတယ် မြေကမ္ဘာမယ်တော်"

ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားသည့်မိန်းမပျိုက ရိုးရှင်းစွာဖြင့်...

“ကျွန်မကို တာအိုဆရာ’ရွှမ်တု’ ကယ်တင်ပေးပြီး သိုးလွိနန်းတော်မှာ ဆေးကုသခွင့်ပေးလို့ အားလုံးအဆင်ပြေသွားတာပါ ၊ မဟုတ်ရင် ကျွန်မ အခုလိုတောင် အသက်ရှင်နေမှာမဟုတ်ဘူး ၊ ရှင်နဲ့လည်း လာတွေ့ခွင့်ရမှာ မဟုတ်ဘူး”

All Chapters