← Chapters

အခွင့်အရေးတစ်ခုနှင့်လဲလှယ်ခြင်း

Vol. 112 Ch. 1573

အခွင့်အရေးတစ်ခုနှင့်လဲလှယ်ခြင်း

Vol. 112 Ch. 1573

မိန်းမပျို၏စကားကိုကြားတော့ အနီရောင်ဝတ် အဘိုးကြီးက ရယ်မောလိုက်သည်။

“မင်းရဲ့ကံကောင်းခြင်းတွေက အခုထိကို မကုန်နိုင်သေးဘူး ၊ အန္တရယ်များတဲ့အခြေအနေမှာတောင် လွတ်မြောက်ရာလမ်းကို ရှာတွေ့နိုင်ခဲ့တယ်ပေါ့”

ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားသည့်မိန်းမပျိုက အေးစက်သည့်လေသံဖြင့်...

“ရှင်တို့ ချန်စန်းရှင်းဟိုင်ကလူတွေနဲ့အတူ အဲဒီတုန်းကဖြစ်ခဲ့တဲ့ကိစ္စထဲသာ ဝင်မပါခဲ့ရင်... ကျွန်မနဲ့ ကျွန်မမိတ်ဆွေတွေလည်း ဒီလိုအန္တရယ်များတဲ့အခြေနေမျိုး ကြုံရမှာမဟုတ်ဘူး”

သူမရှေ့တွင်ရပ်နေသည့် အနီရောင်ဝတ်အဘိုးကြီးက ခေတ်အဆက်ဆက် နာမည်ကြီးသော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

မဟာကပ်ဘေးကြီးအတွင်း ရှင်သန်ခဲ့သည့် အလွန်ရှေးကျသူများထဲမှတစ်ယောက်ဖြစ်သော တာအိုဆရာ’လုယာ’ ပင် ဖြစ်၏။

တကယ်တော့ သူက ကမ္ဘာဦးကာလကတည်းက နာမည်ကျော်ကြားသူ ဖြစ်သည်။

ထိုစဉ်အခါက သူက မဟာနေမင်းရွှေကျီးကန်းအသွင်သို့ ပြောင်းလဲကာ သူ၏တည်ရှိမှုဖြင့် ကမ္ဘာတစ်ခုလုံးကို အလင်းပေးခဲ့သည်။

ဧကရီနွီဝါး သက်ရှိများစွာကို ဖန်ဆင်းသည့်အခါ သူ၏ပုံသဏ္ဌန်နှင့်စွမ်းရည်ကိုအတုယူကာ ရွှေကျီးကန်းမျိုးနွယ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

ရှေးခေတ်ကာလမှာတော့ သူက လက်ရှိပုံစံဖြစ်သည့် တာအိုဆရာအသွင်ယူခဲ့ပြီး ၊ ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ၏ မဟာစစ်ပွဲကြီးတွင်ပါဝင်ကာ စစ်မြေပြင်တွင် နာမည်ကြီးခဲ့သည်။

အလယ်ခေတ်မှာတော့ တာအိုဆရာ’လုယာ’ က အလယ်ပိုင်းသုခဘုံသို့ ဝင်ရောက်ကာ ‘မဟာနေမင်းဗုဒ္ဓ’ အဖြစ် ပြောင်းလဲခဲ့ပြီး ဗုဒ္ဓဘာသာ၏ ထင်ရှားသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။

အလယ်ခေတ်ပြီးဆုံးသည့်နောက် မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံကို အဖြူရောင်ကြာပန်းသုခဘုံအဖြစ် ပြောင်းလဲကာ တာအိုအဆင့်သို့ တက်လှမ်းသွားခဲ့သည်။

ထိုအချိန် မဟာနေမင်းဗုဒ္ဓသည်လည်း အခြားသူများနှင့်အတူ အဖြူရောင်ကြာပန်းသုခဘုံမှ ထွက်ခွာသွားခဲ့သည်။

သို့သော် သူက အနောက်ဘက်သူတော်စင်ဘုံဘက်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။

ဗုဒ္ဓဘာသာကိုစွန့်လွှတ်ပြီး ယခင် တာအိုသခင်'လုယာ' အသွင်သို့ ပြန်လည်ပြောင်းလဲကာ ချန်စန်းရှင်းဟိုင်ဘက်သို့ ပါဝင်ခဲ့သည်။

မဟာကပ်ဘေးကြီးက တစ်လောကလုံးကို ပရမ်းပတာဖြစ်အောင်ပြုလုပ်ခဲ့သည့်အချိန်နောက်ပိုင်း တာအိုသခင်’လုယာ’ နှင့် နတ်မိစ္ဆာမျိုးနွယ်များသည်လည်း ဤကာလတစ်လျှောက် လျှို့ဝှက်နေထိုင်ခဲ့ကြသည်။

မကြာသေးမီ ဆယ်စုနှစ်များတွင်မှာတော့ နတ်မိစ္ဆာမျိုးနွယ်များ တရားဝင် ပြန်လည်ထွက်ခွာလာခဲ့ပြီး လောကအလယ်သို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

အရှေ့ဧကရာဇ်'ထိုက်ယိ' က လောကီအရေးကိစ္စများကို သိပ်ပြီးအာရုံမစိုက်တတ်သဖြင့် ချန်စန်းရှင်းဟိုင်အရေးကိစ္စ အများစုကို တာအိုသခင်'လုယာ' ကသာ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် သူက ချန်စန်းရှင်းဟိုင်တွင် ဒုတိယအကြီးဆုံးဩဇာရှိသူ ဖြစ်လာခဲ့ပြီး နတ်မိစ္ဆာမျိုးနွယ်၏ ဒုတိယခေါင်းဆောင်လည်း ဖြစ်လာခဲ့သည်။

ပုံမှန်အားဖြင့် သူက တိုက်ပွဲများတွင် ပါဝင်ခြင်း မရှိပေ။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အဝါရောင်လေပြင်းနတ်မိစ္ဆာအပါအဝင် အခြားသော မဟာနတ်မိစ္ဆာများကိုသာ စစ်မြေပြင်အားကွပ်ကဲရန် တာဝန်ပေးအပ်လေ့ ရှိသည်။

သူက ထိုက်စုလွင်ပြင်ကောင်းကင်ဘုံကို စွန့်ခွာကာ ချန်စန်းရှင်းဟိုင်မှထွက်ခွာခြင်း အလွန်ရှားပါးသည်။

သိူ့သော် ဤရှေးဟောင်းဝတ်စုံဝတ်ဆင်ထားသည့် သိမ်မွေ့နူးညံ့သည့်မိန်းမပျိုကတော့ ဤ တာအိုဝါဒ ၊ ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာမျိုးနွယ်များဖြင့် ရင်ဆိုင်ရသည့်တိုင် တည်ငြိမ်နေဆဲ ဖြစ်၏။

မိန်းမပျိုက တာအိုသခင်’လုယာ’ ကို အရေးမစိုက်ဟန် အေးစက်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ပြီးမှ သူမက ပြုံးလိုက်ရင်း...

“လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူရှိတယ် ၊ ကျွန်မပဲဖြစ်ဖြစ် တခြားသူတွေပဲဖြစ်ဖြစ် ကောင်းကင်ဘုံရဲ့စည်းမျဉ်းအတိုင်း လိုက်နာရုံပဲပေါ့”

တာအိုသခင်’လုယာ’ က...

“အန္တရယ်များတဲ့ အခြေအနေက လွတ်မြောက်လာခဲ့တဲ့အတွက် မင်းကို ဂုဏ်ပြုပါတယ် ၊ မင်းတို့ တာအိုဝါဒကလူတွေ ငါတို့ကို လက်စားချေချင်မှာ နားလည်ပါတယ် ၊ ဒါပေမဲ့ ငါတို့ဘက်ကလည်း လည်စင်းခံမယ်မထင်နဲ့ ၊ အရာအားလုံးကို တိုက်ပွဲနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“စောစောကပဲ သတင်းရောက်လာတယ် ၊ တာအိုဝါဒဘက်ကလူတွေရဲ့လက်ချက်ကြောင့် ဆင်နတ်ဘုရားကျဆုံးသွားပြီတဲ့...”

တာအိုသခင်’လုယာ’ က ပြုံးလိုက်ရင်း...

“ဟုတ်ပါတယ်... ငါတို့ တိုက်ခိုက်ရမယ့်အချိန် မရောက်ခင်မှာတော့ ခင်ခင်မင်မင်နေလို့ရပါတယ်”

ရှေးဟောင်းအဝတ်အစားနှင့်မိန်းမပျိုက တိတ်ဆိတ်ငြိမ်သက်နေသည်။

တာအိုသခင်'လုယာ' က...

“ကျောက်စိမ်းဝိညာဉ်နန်းတော် ခဏလေးပေါ်လာပြီး ပြန်ပျောက်သွားတယ်လို့ သတင်းကြားတယ် ၊ အဲဒါ မင်းလက်ချက်မဟုတ်လား ၊ ဒီလောကမှာ ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ရှာနိုင်တဲ့သူက လောင်ကျွင်းတစ်ယောက်ပဲ ရှိတယ် ၊ မင်းက လောင်ကျွင်းရဲ့ သိုးလွိနန်းတော်က လာတာဆိုတာ့ သူ့အမိန့်အတိုင်း လုပ်ဆောင်ခဲ့တာ မဟုတ်လား”

မိန်းမပျိုက တည်ငြိမ်စွာဖြင့်...

“အမှန်ပဲ...”

သူမက တာအိုသခင်'လုယာ' ကို စိုက်ကြည့်လိုက်ပြီး...

“ရှင် ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ သိပါတယ် ၊ ဟုတ်တယ်... ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်က ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲမှာ ရှိနေခဲ့တယ် ၊ ငါက အဲဒီမီးအိမ်ကို သိုးလွိနန်းတော်ကို ယူသွားပေးရမယ်။

တာအိုသခင်'လုယာ' က သက်ပြင်းချလိုက်၏။

“နှမျောစရာပဲ... ငါတော့ မင်းရှေ့မှာ မျက်နှာပျက်ရတော့မယ်”

ထို့နောက် သူက ရှေးဟောင်းအဝတ်အစား ဝတ်ဆင်ထားသည့် မိန်းမပျိုကို တစ်ချက်ကြည့်လိုက်ပြီး...

“ဖြစ်နိုင်ရင်... ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ကို တစ်ချက်လောက် ကြည့်ခွင့်ပြုပါလား”

မိန်းမပျိုက တာအိုသခင်’လုယာ’ နှင့် အကြည့်ချင်းဆုံလိုက်ပြီး...

“ပြဿနာမရှိပါဘူး...”

ထို့နောက် သူမက ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ရှင် ကျွန်မကို ပစ္စည်းတစ်ခု ပြန်ပေးရမယ်”

တာအိုသခင်'လုယာ' က...

“ဘာပစ္စည်းလဲ...”

ရှေးဟောင်းအဝတ်အစားနှင့် မိန်းမပျိုက...

“ရှင့်ရဲ့ ဗျပ်စောင်းဆိုကြီးပေါ့ ၊ ပေးမလား...”

တာအိုသခင်'လုယာ' ၏ မျက်ဝန်းများ စူးစိုက်သွားပြီး သူ၏မျက်နှာထက်မှအပြုံးသည်လည်း ပျောက်ကွယ်သွားကာ ခဏမျှတိတ်ဆိတ်သွားသည်။

မိန်းမပျိုက...

“မပေးနိုင်ရင်လည်း ပြဿနာမရှိပါဘူး...”

သူမက ဆက်ပြောလိုက်သည်။

“ရှင့်ရဲ့အစီအစဉ်တွေအတွက် ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်က မရှိမဖြစ် လိုအပ်နေတာ မဟုတ်ပါဘူး ၊ ဒါပေမဲ့... အဲဒီမီးအိမ်နဲ့ဆိုရင်တော့ ပိုပြီးလွယ်ကူသွားမှာ မဟုတ်လား ၊ အဲဒီဗျပ်စောင်းအိုကြီးကတော့ ရှင့်ဆီမှာဆက်ထားရင်လည်း ထူးခြားမှာမှ မဟုတ်တာ”

တာအိုသခင်'လုယာ' က ရှေးဟောင်းအဝတ်အစားဝတ်ဆင်ထားသည့်မိန်းမပျိုကို စူးစိုက်ကြည့်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။

“မြေကမ္ဘာဘုရင်မ... မင်းပဲဖြစ်ဖြစ်... လမ်းမှန်တာအိုဝါဒက တခြားသူတွေပဲဖြစ်ဖြစ်... နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲက နောက်ဆုံးတစ်လက် ဘယ်မှာရှိတယ်ဆိုတာ သိကြလား”

ရှေးဟောင်းအဝတ်အစားဝတ်ဆင်ထားသည့် မိန်းမပျိုက လုံးဝ ဖုံးကွယ်မထားဘဲ ပွင့်လင်းစွာပင် ဖြေလိုက်သည်။

“သိတာပေါ့...”

ထိုစကားကြားတော့ တာအိုသခင်’လုယာ’ ၏ မျက်နှာ ပြေလျော့သွားသည်။

နတ်ဘုရားအဆုံးသတ်ဓား ဘယ်မှာရှိသလဲ ၊ မြေကမ္ဘာဘုရင်မက မည်သို့သိရှိသည်လဲဆိုသည်ကို သူက ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။

တာအိုသခင်’လုယာ’ က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ရင်း...

“ကျောက်စိမ်းဝိညာဉ်မီးအိမ်ကနေ ငါလိုချင်တဲ့အရာကို ရမယ်ဆိုရင်... အဲဒီဗျပ်စောင်းက မင်းအပိုင်ပဲ”

ရှေးဟန်အဝတ်အစားနှင့်မိန်းမပျိုက ခေါင်းညိတ်လိုက်ပြီး...

“ကောင်းပြီ...”

ထို့နောက် သူမက တည်ငြိမ်စွာပင် ထွက်ခွာသွားလေသည်။

***

အနောက်ဘက်သူတော်စင်ဘုံ။

ဒဏ်ရာအပြင်းအထန်ရထားသော ယင်ကျောက်က သူ့ထက်ပင် ဒဏ်ရာပိုမိုပြင်းထန်သော ပတ္တမြားတံခွန်ဗုဒ္ဓကို ခေါ်ဆောင်ကာ ဗုဒ္ဓနယ်မြေတစ်ခုသို့ ရောက်ရှိလာသည်။

ပိုင်ရှုန်းကိုယ်တော်က သူတို့နှစ်ယောက်ကို အမြန် ကျောင်းတော်ထဲခေါ်လိုက်ပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် ဆုံတွေ့စေ၏။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လေထုထဲသို့ လက်ချောင်းဖြင့် ခပ်ဖွဖွထိုးနှက်လိုက်သည်နှင့် သူ၏ဦးခေါင်းထက်ရှိမီးအိမ်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ဖြာထွက်လာကာ ပတ္တမြားတံခွန်ဗုဒ္ဓကို လွှမ်းခြုံသွားသည်။

ဒဏ်ရာပြင်းထန်စွာရရှိထားသော ပတ္တမြားတံခွန်ဗုဒ္ဓက လက်အုပ်ချီလျှက် ကြာပန်းအသွင်ထိုင်နေလေသည်။ သူ၏ချီစွမ်းအားက အလွန်အမင်း အားနည်းနေသော်လည်း သေမင်းတံခါးဝမှ လွတ်မြောက်လာပြီ ဖြစ်၏။

အနည်းဆုံးတော့ ချီထျန်းမဟာသူတော်စင်၏ကိုယ်ပွား လက်ချက်ဖြင့် အဆုံးသတ်ရတော့မည် မဟုတ်ပေ။

ထို့နောက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပိုင်ရှုန်းကိုယ်တော်အား သပိတ်ထဲသို့ ဆေးလံးတစ်လုံးထည့်ခိုင်းပြီး ယင်ကျောက်အား ပေးခိုင်းလိုက်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ကျေးဇူးတင်ပြီးနောက် ယင်ကျောက်က ဆေးလုံးကိုသောက်လိုက်ပြီး ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

ဒဏ်ရာများ‌ပျောက်ကင်းသွားတော့မှ သူက အဖြစ်အပျက်များကို ပြန်လည်ရှင်းပြလိုက်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...

“ကြည့်ရတာ... ငါတို့ရဲ့ ကံကြမ္မာက နောက်ဆုံးဓားအ‌ပေါ်မှာ မူတည်နေပြီ”

သူက ယင်ကျောက်ကိုကြည့်လိုက်ပြီး...

“မင်း အမတခုံရုံးကို ပြန်သွားပြီး ဒဏ်ရာတွေ ကုသပါ ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုလည်း ငါက နှုတ်ဆက်စကားပါးလိုက်ကြောင်း ပြောပေးပါ”

ယင်ကျောက်က...

“နားလည်ပါပြီ...”

ထို့နောက် ယင်ကျောက်က နှုတ်ဆက်စကားဆိုပြီး ဗုဒ္ဓဘာသာနယ်မြေမှ ထွက်ခွာသွားလေသည်။

ပိုင်ရှုန်းကိုယ်တော်က ယင်ကျောက်ကိုလိုက်ပို့ပေးပြီး ကျောင်းတော်သို့ပြန်ရောက်လာသည်နှင့် မေးခွန်းထုတ်လိုက်သည်။

“ဆရာ... ကျောက်စိမ်းဝိညာဉ်နန်းတော်ကိစ္စ ကျွန်တော်တို့ စိတ်ပူစရာမလိုဘူးလား”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မျက်လုံးများ မှေးမှိတ်ရင်း အတွေးထဲနစ်မျောသွားသည်။

“ယွမ်စီထျန်းကျွင်း လောကကိုကျော်လွန်ပြီးတဲ့နောက် ကျောက်စိမ်းဝိညာဉ်နန်းတော်လည်း ‌ပျောက်ကွယ်သွားခဲ့တယ် ၊ ပုံမှန်ဆိုရင် အဲဒီထဲမှာ ဘာရတနာပစ္စည်းမှ မရှိတော့ဘူး ၊ ဒါပေမဲ့ သူတို့က ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲက ဘာကိုလိုချင်နေကြတာလဲ”

***

ယန်ကျန်းနှင့်နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ထျန်းစူးစကြာဝဠာသို့ ပြန်လာခဲ့ကြသည်။

အပြန်လမ်းတွင် ရန်ကျောက်ကဲက နဖူးကြောများတွန့်လျှက် တိတ်ဆိတ်စွာ စဉ်းစားခန်းဝင်နေသည်။

ယန်ကျန်း၏စကားများက မှန်သည်လား ၊ မမှန်သည်လား မသိနိုင်သော်လည်း အနည်းဆုံး သတင်းအချက်အလက်အချို့ကိုတော့ ရရှိခဲ့သည်။

ထိုသတင်းများကို ယခင်က သူသိထားသည်များနှင့် ပေါင်းစပ်ကြည့်လိုက်ရာ ရန်ကျောက်ကဲစိတ်ထဲ ပန်းချီကားတစ်လိပ် သူ့ရှေ့တွင် ဖြည်းဖြည်းချင်းဖွင့်ပြနေသလို ပိုမိုရှင်းလင်းစွာ နားလည်လာရသည်။

သို့သော် ဤသည်က အမှန်တကယ် ဟုတ် မဟုတ် အတည်မပြုနိုင်သေးပေ။

ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲတွင်ပုန်းအောင်းနေသော ဖန်းယွင်ရှန်းက...

“ရှင်ပြောတဲ့အတိုင် တောက်ရှင်ထျန်းကျွင်းရဲ့ ပျက်ဆီးနေတဲ့ ကျောက်ဂူအိမ်တော်ကို သွားကြည့်ခဲ့တယ်...”

သူမက ဆက်ပြောလိုက်သည်။

“အင်း... ကံမကောင်းတာက အနာဂတ်က မသေချာမရေရာမှုတွေနဲ့ ပြည့်နက်နေတယ် ၊ တောက်ရှင်ထျန်းကျွင်းက ဟိုး ရှေးခေတ်ကာလကတည်းက ကျဆုံးသွားခဲ့ပြီး နတ်ဘုရားအဆုံးသတ်ဓားကလည်း အခု အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်ထဲကို ရောက်နေပြီ”

All Chapters