တန်ဖိုးကြီးသော..ချည်နှောင်ကြိုး…
Vol. 45 Ch. 661
ကြီးမားတဲ့ နတ်မိစ္ဆာတစ်ကောင်နဲ့..အကျည်းတန်တဲ့ မသန်စွမ်းသူတစ်ယောက် တို့ဟာ..တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့ကြတယ်..။သူတို့ရဲ့ မျက်လုံးတွေကတော့ အံ့ဩသင့်မူတွေ နဲ့ ပြည့်နှက်နေခဲ့ကြပါတယ်..။
“မဖြစ်နိုင်ဘူး..သူက တစ်ချိန်လုံး ဒီမှာ ရှိနေခဲ့တာလား..။ခနလေး..ကိုင် ကို ဘယ်သူက ဒီလိုမျိုးဖြစ်အောင် လုပ်ရဲတာလဲ..။ငါ အဲ့ခွေးသားကို တွေ့တဲ့ အချိန်မှာ ခြေလက်တွေကို တစ်စစီ ဆွဲဖြုတ်ပစ်မယ်..”
ဆန်နီဟာ အတော်လေး အံ့ဩသင့်သွားခဲ့တာကြောင့်..မြစိမ်းရောင် အဆောင်ကိုတောင် လွတ်ကျလုမတတ်ဖြစ်သွားခဲ့ပါတယ်..။သူ အံကိုကြိတ်ထားခဲ့ပြီး..ကိုင် နဲ့ အတူပဲ..တစ်ပြိုင်နက် မေးခွန်းတစ်ခုကို မေးလိုက်မိတယ်..။
“…မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ..”
“…မင်းက ဘာလို့ ဒီလောက်အထိ အရပ်ရှည်နေရတာလဲ..”
စိတ်ရှုပ်ထွေးစွာပဲ..သူတို့နှစ်ယောက်စလုံးက တစ်ခနလောက် ငြိမ်သက်သွားခဲ့တယ်..။
ယင်းနောက်..ဆန်နီက လက်ကို ဆန့်တန်းလိုက်ပြီး..မသန်စွမ်းကို ဆွဲဖက်လိုက်ပါတယ်..။သူ့ရဲ့ ခန္တာကိုယ်ကို လက်လေးချောင်းစလုံးနဲ့ ဖက်ထားခဲ့တယ်..။ဘယ်သူသိမှာလဲ…ဘယ်သူသိမှာလဲ..ဒီ ဒီ…ရွံစရာ ခန္တာကိုယ်က..၊ သွေးညှီနံ့တွေ..ပြည်တွေ နဲ့ ပြည့်နှက်နေတဲ့ ပတ်တီးတွေနဲ့ ဖုံးအုပ်ထားတဲ့ လူက.. ရုတ်တရက် သူ့ရဲ့ အချစ်ဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာ…။
“ငါက နတ်မိစ္ဆာတစ်ကောင်ရဲ့ ခန္တာကိုယ်ထဲကို ရောက်လာခဲ့တာ..။အဲတော့ ဘယ်လိုလုပ် အရပ်မရှည်ပဲ နေတော့မှာလဲ အရူးရဲ့..”
ကိုင်က အသံတစ်ချို့ထွက်ပြီး ..အားနည်းစွာ ရုန်းကန်လိုက်ပြီးနောက်မှာတော့..ဆန်နီရဲ့ လက်မောင်းတစ်ဖက်ကို ပုတ်လိုက်ပါတယ်..။
“အား…ဆန်နီ…ငါ လည်း မင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်..။ဒါပေမဲ့…ငါ့ ဒဏ်ရာတွေ…”
ဆန်နီ အသိစိတ်ပြန်ဝင်လာခဲ့ပြီး..မသန်စွမ်းရဲ့ ခန္တာကိုယ်ကို လွှတ်ပေးလိုက်တယ်..။ပြီးတာနဲ့..တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်..။
…သို့ပေမယ့် ဒီရိုးရှင်းတဲ့ ခံစားချက်တွေ အောက်မှာတော့..အန္တရာယ်များတဲ့ ဒေါသစိတ်တွေက ပင်လယ်ကြီးတစ်ခုလို တောက်လောင်နေခဲ့ပါပြီ..။
“တောင်းပန်ပါတယ်…ငါ သတိမထားမိလိုက်ဘူး..။ကိုင်…မင်းက အသက်ရှင်နေသေးတာပဲ..။ချီးပဲ…မင်းကို တွေ့ရတာ ငါ အရမ်းဝမ်းသာတာပဲ..။ငါက…ငါက..မင်းတို့တွေ ဘယ်သူမှ အသက်မရှင်နိုင်ကြဘူးလား ဆိုပြီး..စိုးရိမ်နေခဲ့တာမိတာ..”
ကိုင် က သူ့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။ပတ်တီးတွေကြားထဲက သူ့ရဲ့ ပျက်စီးနေတဲ့ မျက်နှာက..အတော်လေး ကြောက်မက်ဖွယ်ကောင်းနေပေမယ့်..တောက်ပနေတဲ့ သူ့ရဲ့ မျက်လုံးတွေကတော့..တူညီစွာ ရှိနေဆဲပါပဲ..။သူ သက်ပြင်းချလိုက်တယ်..။
“ဟုတ်တယ်…။ငါလည်း..မင်းလိုပဲ..ကြောက်ရွံ့နေခဲ့မိတာ..”
လူငယ်လေးဟာ..တစ်ခနလောက် တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။သူ့ရဲ့ အသံကတော့ ရုတ်တရက် ပျက်ယွင်းဿွားခဲ့ပါတယ်..။
“သံလက်ဝါး ကျွန်းကို ရောက်ပြီးတဲ့နောက်မှာ..ငါက မျှော်လင့်ချက်ကို စွန့်ပစ်လိုက်လုနီးပါးပဲ..။မင်းတို့ကို ပြန်ပြီးတွေ့ခွင့်ရလိမ့်မယ် လို့ ငါ ထင်တောင် မထင်ထားခဲ့မိဘူး..”
ဆန်နီဟာ..ကိုင်ရဲ့ စကားတွေကြောင့် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကျုတ်လိုက်တယ်..။သူ လေးကို ဖယ်ရှားလိုက်ပြီး လေးနက်စွာ တွေးလိုက်ပါတယ်..။
“…ဘာလို့လဲ..။သံလက်ဝါးကျွန်းမှာ ဘာရှိလို့လဲ..”
မသန်စွမ်းဟာ..သူ့ကို အံ့ဩသင့်စွာ ကြည့်လိုက်ပြီး…
“မင်း..အဲ့ကို မရောက်သေးဘူးလား..”
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
“ဟင့်အင်..ငါက ငါ့ရဲ့ နှလုံးအသစ် အသားကျတဲ့အချိန်ကြမှ အဲ့ကို သွားကြည့်ဖို့ စီစဉ်ထားတာ..။အာ..ငါ..မှော်ဆရာနဲ့ အပေးအယူတစ်ခုလုပ်ခဲ့တယ်..သိတယ်မလား..ငါဆုံးရှုံးသွားတဲ့ နှလုံးကို အစားထိုးဖို့အတွက်..”
ကိုင်က သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ယင်းနောက် လေးလံစွာ သက်ပြင်းချလိုက်ပါတယ်..။
“ငါ သိပြီ..။ကောင်းပြီလေ…ဘာမှတော့ ပြောစရာ အများကြီး မရှိပါဘူး..”
သူတစ်ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက် တိတ်ဆိတ်စွာ ပြောလိုက်ပါတယ်..။သူ့အသံကတော့ ဒီတစ်ကြိမ်မှာ ပိုပြီး..အက်ကွဲနေခဲ့ပါတယ်..။
“ဆုံမှတ်နေရာမှာ..မင်း နဲ့ ကတ်စီ တို့ ရောက်လာပြီးကြတဲ့ လက္ခဏာကို လုံးဝ မတွေ့ခဲ့ရဘူး..။အခုက လတွေတောင် အတော်ကြာနေခဲ့ပြီလေ..။ဒါပေမဲ့…အယ်ဖီ…အယ်ဖီကတော့..ကျောက်တိုင်တစ်ခုမှာ စာလုံးထွင်းပြီးတော့ စာတစ်ကြောင်း ထားရစ်ခဲ့တယ်..”
“ဒီတော့…အယ်ဖီ လည်း အသက်ရှင်နေသေးတာပဲ..”
ဆန်နီ စိတ်လှုပ်ရှားစွာပဲ လက်သီးကို ကျစ်နေအောင် ဆုပ်ထားခဲ့ပါတယ်..။
ဒါပေါ့ သူမက အသက်ရှင်နေဦးမှာပါ..။အဲဒီ အစားပုတ်က..ကမ္ဘာနှစ်ခုစလုံးမှာ ရှိတဲ့ အစားအသောက်တွေကို ချန်ထားခဲ့ပြီး ဘယ်တော့မှ သေဆုံးသွားမှာမဟုတ်ပါဘူး..။
သူ စိတ်အားထက်သန်မူတွေ ၊ တက်ကြွမူတွေနဲ့အတူပဲ..မေးလိုက်တယ်..။
“သူမက ဘာပြောထားခဲ့တာလဲ..”
ကိုင်က အဝေးကိုကြည့်ပြီး..ပြန်ဖြေဖို့အတွက် တွန့်ဆုတ်နေခဲ့ပါတယ်..။
အတော်ကြာပြီးတဲ့နောက်မှာမှ..သူက ပါးစပ်ကို ဖွင့်ပြီး တီးတိုး ပြောလိုက်တယ်..။
“အဲတာက…အဲတာက စာတစ်ကြောင်းတည်းပဲ..”
လူငယ်လေးဟာ ဆန်နီကို ကြည့်လိုက်ပြီးမှ သုန်မုန်နေတဲ့ လေသံနဲ့….
“ချာလစ် ဘုရားကျောင်းကို မလာခဲ့နဲ့…”
…..
ရလာဒ်အနေနဲ့ကတော့…ကိုင်က…ဆန်နီ ရောက်မလာခင် နှစ်ပတ်အလိုမှာကတည်းက..မြင့်မြတ်နယ်မြေကို ရောက်လာခဲ့တာပါ..။သူက သေချာမရှင်းပြခဲ့ပေမယ့်လည်း..လေးသည်တော်က…ဆင်စွယ်ရောင်မြို့က စစ်တပ်အရာရှိတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်သွားခဲ့တယ် ဆိုတာကို ရှင်းပြခဲ့တယ်..။ပြီးတာနဲ့..အိပ်မက်ဆိုးရဲ့ ပထမလပိုင်းတွေမှာ…နေနတ်ဘုရားရဲ့ လူတွေ နဲ့..စစ်ဘီးလူးတွေရဲ့ ကြားထဲက အရှုပ်ထုပ်တွေ ကြားထဲကို ရောက်သွားခဲ့ပါတယ်..။
နောက်ဆုံးမှာတော့..သူက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အရှေ့ဘက်ကို ခရီးဆက်လာခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်အခြေအနေက အတော်လေးဆိုးဝါးနေခဲ့တာကြောင့်..ခရီးလမ်းက..အတော်လေးကို နှေးကွေးပြီး..ထိခိုက်ဒဏ်ရာတွေ များပြားခဲ့ပါတယ်..။သို့ပေမယ့်..သူက တစ်နည်းနည်းနဲ့..သံလက်ဝါးကျွန်းကို အသက်ရှင်လျက် ရောက်အောင် လာနိုင်ခဲ့ပါသေးတယ်..။အသက်ရှင်တယ် ဆိုရုံမျှလေးပေါ့..။အဲဒီကို ရောက်တဲ့အချိန်မှာတော့..သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမယ် ဆိုတဲ့ မျှော်လင့်ချက်ကလေးက ရက်စက်စွာ နင်းခြေခံလိုက်ရပါတယ်..။အကြောင်းကတော့…ဆန်နီ နဲ့ ကတ်စီတို့က..ဒီနေရာကို ရောက်လာခဲ့ကြပုံ မရှိပဲ..အယ်ဖီတစ်ယောက်တည်းကသာ နိမိတ်မကောင်းတဲ့ စာသားတစ်ကြောင်းကို ချန်ထားရစ်ခဲ့တာပါ..။အယ်ဖီက တစ်ခြားလူတွေ သူမကို လာရှာမှာကို မလိုလားတဲ့ ပုံပါပဲ..။
ဆိုးဝါးလွန်းတဲ့ နာကျင်မူ ၊ စိတ်ပျက်အားငယ်မူတွေကို ခံစားခဲ့ရတဲ့ ကိုင်က..ကျွန်းဆီမှာ စားသားတစ်ချို့ကို ရေးမှတ်ထားခဲ့ပြီး..သူ့လိုလူတွေ ခိုလှုံလို့ရတယ်လို့ သတင်းကြားထားတဲ့..မြင့်မြတ်နယ်မြေဆီကို ဦးတည်လာခဲ့ပါတယ်..။
သူက ဒီနေရာမှာ ခွန်အားတွေ ပြန်လည်ပြည့်မြောက်လာအောင် ကြိုးစားအားထုတ်နေခဲ့ပြီး..တစ်ခြားလူတွေက သူချန်ထားခဲ့တဲ့ စာကို မြင်ရင်..မြင့်မြတ်နယ်မြေ ကို လိုက်လာကြလိမ့်မယ်လို့ ယုတ္တိမရှိစွာ စောင့်မျှော်လင့်နေခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..ကံကြမ္မာရဲ့ ထူးဆန်းတဲ့ လှည့်ကွက်နဲ့အတူပဲ..ဆန်နီက သံလက်ဝါးကျွန်းကို တောင် မရောက်ပဲ ဒီနေရာကို အရင်ဆုံးရောက်လာခဲ့တယ်..။
ကိုင် ခေါင်းခါယမ်းလိုက်ပြီး..ကျေနပ်အားရတဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။
“…မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာခဲ့တာလဲ..။မင်းက သဘော်ပျံကိုတောင် စီးပြီး ရောက်လာခဲ့တာ ဆိုတော့..။ဆန်နီ…ကပ္ပတိန်က ဘယ်သူလဲ ဆိုတာကို မင်းသိတယ်မလား..”
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
“ဘယ်သူရှိရမှာလဲ..။အဲတာက နိုတစ်လေ…။အဲ့ငနဲက..သူကိုယ်သူ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ ဆိုပြီး အတင်းပြောနေခဲ့တာ..။မင်း သိတယ်မလား..အခိုက်အတန့်က..ငါ့ကို စစ်ဘီလူးတွေရဲ့ နယ်နိမိတ်ထဲကို ပို့ခဲ့ပြီး..အဲဒီမှာ အဖမ်းခံခဲ့ရတယ်..။ပြီးတော့..သူတို့ရဲ့ တိုက်ခိုက်ရေးပြိုင်ပွဲမှာလည်း အတင်းအကြပ်ပါဝင်ခိုင်းခဲ့တယ်လေ..။ငါက ကံကောင်းထောက်မပြီး အဲဒီကနေ ထွက်ပြေးလာနိုင်ခဲ့တယ်..။ပြီးတာနဲ့ တောင်ဘက်ပိုင်းက ကျွန်းတွေဆီကို ပြေးလာခဲ့တယ်လေ..။သူက အရိပ်သတ္တဝါတစ်ကောင်ဆီကနေ တစ်ခုခုကို သိချင်နေတယ်…ငါကလည်း..အရှေ့ဘက်ပိုင်းက ချိန်းကျွန်းစု ဆီကို သွားချင်နေတယ်..။ဒီတော့…အဲလိုကနေ..ငါက သဘော်ပျံနဲ့ လိုက်ပါလာခဲ့တာပဲ..”
သူ တစ်ခနလောက် တိတ်ဆိတ်နေပြီး သေချာ..တွေးတောနေခဲ့ပါတယ်..။
ချာလစ် ဘုရားကျောင်းကို မလာခဲ့နဲ့…။ဒါက အယ်ဖီ ကျောက်တိုင်ပေါ်မှာ ရေးထားခဲ့တဲ့ စာသားပါ..။သို့ပေမယ့် ဆန်နီက…အရိပ်အရှင်သခင်ရဲ့ အိပ်မက်ဆိုးထဲမှာ ဒီနာမည်ကို ကြားဖူးထားခဲ့ပါတယ်..။
ဖန်သားရောင် ဓားကို ချားလစ် ဘုရားကျောင်းရဲ့ စစ်ပွဲအပျိုစင် ဆီကို ပေးလိုက်..။ဒီစကားကတော့..အရိပ်အရှင်သခင်က…လက်လေးချောင်း နတ်မိစ္ဆာ ခန္တာကိုယ်ရဲ အရင်ပိုင်ရှင်ကို ပြောကြားခဲ့တဲ့ စကားတွေပါ..။ပြီးတော့ ဒီအရာက…နိုတစ်က..ဆန်နီဆီကနေ သိချင်နေတဲ့ လျိုဝှက်ချက်ဆိုရင်လည်း ဟုတ်ပါတယ်..။ဆန်နီကတော့..သူ့ရဲ့ သူငယ်ချင်းတွေကိုသာ ရှာချင်နေခဲ့တယ်..။တိုက်ဆိုင်မူတွေကတော့ အများကြီးပါပဲ….
ကိုင်က လည်ချောင်းရှင်းလိုက်ပြီး..
“မင်း…မင်းက သူဘယ်သူလဲ ဆိုတာတော့ သိထားတယ်မလား..။အရှင် နိုတစ်က…ဒီနေရာရဲ့ အရှင်သခင် ဖြစ်သလို..အထွတ်အထိပ်အဆင့် အင်မော်တယ် ငါးယောက်ထဲက တစ်ယောက်ဆိုရင်လည်း ဟုတ်တယ်..။မျှော်လင့်ချက် နိုင်ငံတော်တစ်ခုလုံးမှာ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို လေးစားကြည်ညိုကြတယ်..။သူ့ရဲ့ နာမည်ဆိုတာက ဆန်းကျယ်မူတွေရဲ့ သကေ်တပဲ..။ပြီးတော့..စိတ်အာရုံတွေ ၊လှည့်စားမူ တွေ နဲ့ ကပ်ဆိုးတွေကိုလည်း ကိုယ်စားပြုထားသေးတယ်..။အရှင် နိုတစ် လို လူတစ်ယောက်က သနားညှာတာတတ်တဲ့ နှလုံးသားတွေ ရှိတယ်လို့ ပြောဆိုကြပေမယ့်..အရမ်း အန္တရာယ်များနေသေးတယ် ..။ဆန်နီ..မင်းက ဒီလို သက်ရှိတစ်ယောက်နဲ့..ပတ်သက်ဆက်နွယ်နေသင့်တယ်လို့ ထင်နေတာလား..”
ဆန်နီ ကိုင်ကို ကြည့်လိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက်..သုန်မုန်တဲ့ လေသံနဲ့..
“..ရွေးချယ်စရာက အများကြီး ရှိမနေဘူး..။သူက ဒီအိပ်မက်ဆိုးရဲ့ ထွက်ပေါက်တစ်ခုပဲ..။အန္တရာယ်တွေ …ကြောက်မက်ဖွယ်တွေ…။နိုတစ် ဆီမှာ ဒီအရာတွေ အားလုံး ရှိသလို …အဲဒီအရာတွေ အားလုံးထက်တောင် ပိုရင် ပိုနိုင်သေးတယ်..။ဒါပေမဲ့..အခုချိန်မှာ ဒီအရာတွေ အားလုံးက သိပ်အရေးမကြီးသေးဘူး..”
သူ သက်ပြင်းချလိုက်တယ်..။ယင်းနောက်..ကြောက်မက်ဖွယ် အင်မော်တယ် ရှိနေတဲ့ အဆောက်အဦးဘက်ကို လှည့်ပြီး..နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။
“အခုချိန်မှာ အရေးကြီးဆုံးက…သူက ငါတို့ကိုကူညီပြီး..အယ်ဖီကို ရှာဖွေပေးနိုင်တယ် ဆိုတာပဲ..”
အပိုင်း ( ၆၆၁ ) ပြီး၏။