နတ်မိစ္ဆာရဲ့ ညှိနှိုင်းမူ
Vol. 45 Ch. 662
ဆန်နီ ခနလောက်တွေဝေနေခဲ့ပြီးကာမှ..ကိုင်ကို ကြည့်ကာ ဆုံးဖြတ်ချက် ပြတ်သားမူတွေနဲ့ အတူ ပြောလိုက်တယ်..။
“သွားကြရအောင်..”
ကိုင် ခေါင်းညိမ့်လိုက်ပြီး..သူ့ရဲ့ ပတ်တီးတွေပြည့်နက်နေတဲ့ ခန္တာကိုယ်ကို ကြိုးစားရွေ့လျားကာ ဆန်နီ နောက်ကို လိုက်ပါသွားခဲ့ပါတယ်..။သူ့ သူငယ်ချင်းရဲ့ ဝေဒနာတွေကို မြင်တွေ့နေရတာကြောင့် ဆန်နီ အံကိုကြိတ်ထားလိုက်တယ်..။
အဲ့အချိန်မှာတော့..လေးသည်တော်က သုန်မုန်တဲ့အမူအရာနဲ့ ကြည့်ကာ..အက်ကွဲပြီး မရင်းနှီးတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။
“..ဆန်နီ…ငါ့မှာမေးခွန်းတစ်ခုရှိတယ်..။မင်း ဖြေပေးနိုင်မလား..”
ဆန်နီ အရှိန်လျော့လိုက်ပြီး သူ့ဖက်ကို လှည့်လိုက်တယ်..။သူ့ရဲ့ တိရစ္ဆာန်လို မျက်နှာပေါ်မှာ စဉ်းစားတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်..။
“ဒါပေါ့..ဘာမေးမလို့လဲ..”
ကိုင် တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ သိချင်စွာ မေးလိုက်တယ်..။
“အာ…ငါတို့က…ဘယ်နေရာကို သွားနေတာလဲ..”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်ပြီးကာမှ..စိတ်ဝင်စားစွာ ခေါင်းကိုစောင်းလိုက်ပါတယ်..။
“အိုး..ဟုတ်သားပဲ..။ဘယ်နေရာ ရှိရဦးမှာလဲ..။ငါတို့က..နိုတစ် နဲ့စကားသွားပြောကြမလို့ပေါ့..”
ဒီလိုပြောပြီးတာနဲ့..သူက တစ်ဖက်ကို လှည့်သွာပြီး..အင်မော်တယ် မှော်ဆရာနေတဲ့ နေရာဆီကို ဆက်သွားလိုက်ပါတယ်..။
လေးသည်တော်ဟာ…အမြန်မှီအောင်လိုက်ပြီးမှ..ပြောလိုက်တယ်..။
“အာ…နိုတစ်လား..။အထွတ်အထိပ်အဆင့် အင်မော်တယ် တစ်ယောက်..။လမင်းရဲ့ ကောင်းချီးပေးခံရသူ ၊ နေဝင်ဆည်းဆာရဲ့ သားရဲ ၊ မျှော်လင့်ချက်နိုင်ငံတော်ရဲ့ ချိန်းအရှင်သခင်..ပြီးတော့….အဲတာ အကုန်ပဲလား..”
ဆန်နီ သူ့ကို ကြည့်ပြီးပုခုံးတွန့်ပြလိုက်တယ်..။
“ဟုတ်တယ်…အဲဒီနိုတစ်ပဲလား..။ဒါပေမဲ့ စိတ်မပူနဲ့…သူက အမှန်တကယ် ကြောက်ဖို့ကောင်းတယ် ဆိုပေမယ့် အကြောင်းအကျိုး မဆီလျော်တဲ့ လူမျိုးတော့ မဟုတ်ပါဘူ..”
သူတို့အတူတကွ လမ်းလျောက်ရင်း..မြင့်မြတ်နယ်မြေရဲ့ ဉယျာဉ်ကို ကျော်ဖြတ်ကာ..လှပစွာ ထွင်းထုထားတဲ့သစ်သား တံခါးလေးဆီကို ချည်းကပ်လာခဲ့ကြပါတယ်..။သဘော်သား အရုပ်နှစ်ရုပ်က ခြံဝန်းရဲ့ အပြင်ဖက်မှာ စောင့်ကြပ်နေခဲ့ကြတယ်..။သူတို့ရဲ့ မပြောင်းလဲတဲ့ မျက်နှာတွေက..သူတို့ကို စိုက်ကြည့်နေခဲ့ကြပါပြီ..။ဆန်နီကို သတိထားမိသွားတဲ့အချိန်မှာတော့…သူတို့ထဲကတစ်ယောက်က လမ်းဖယ်ပေးကာ တံခါးကို ခေါက်လိုက်တယ်..။ပြီးတာနဲ့ သူကိုယ်တိုင်ပဲ..တံခါးကို ဖွင့်ပေးလာခဲ့ပါတယ်..။
သူတို့နှစ်ယောက် အထဲကို ရောက်သွားတဲ့အချိန်မှာတော့..အေးခဲသွားခဲ့ကြပြီး..ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာတောင် မသိတော့ပေ..။
“ဘယ်လို ငရဲမျိုးလဲ..”
နိုတစ်က ကြမ်းပြင်ထက်မှာ မျောလွင့်နေပြီး..ခြေထောက်တွေကို တပ္ပလင်ချိတ်ထားကာ..မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။သူ့ရဲ့ ဘေးပတ်ဝန်းကျင်မှာ မျောလွင့်နေတဲံ ဝိုင်သေတ္တာတွေသာ မရှိဘူးဆိုရင်..သူ့ပုံစံက တရားထိုင်နေတဲ့..ပညာရှိသူတော်စင် တစ်ယောက်နဲ့တောင် တူနေခဲ့တာပါ..။ဒီကြောက်မက်ဖွယ် ချိန်း အရှင်သခင် ၊ လမင်းရဲ့ ကောင်းချီးပေးခံရသူ ၊ ဆည်းဆာချိန်ရဲ့ ကြက်သွေးရောင် သားရဲက သေလောက်အောင် အရက်မူးနေခဲ့ပါပြီ..။
တစ်စုံတစ်ယောက် အထဲဝင်လာတာကို ကြားလိုက်တာကြောင့်..နိုတစ်ဟာ..ပျင်းရိစွာ မျက်လုံးတွေကို ဖွင့်လိုက်ပြီး..ဆန်နီကို ကြည့်လိုက်တယ်..။ယင်းနောက် ကိုင်ကို ကြည့်လိုက်ပါတယ်..။နောက်ဆုံးမှာတော့..သူ မြေကြီးပေါ်ကို ဆင်းသက်လိုက်ပြီး သန်းဝေလိုက်တယ်..။သူဒီလိုလုပ်လိုက်တဲ့ အချိန်မှာပဲ..ဝိုင်ခရားတွေက..အောက်ကိုပြုတ်ကျ ကွဲကြေသွားကြပြီး..နေရာတိုင်းကို ဝိုင်စက်တွေ လွင့်ပျံသွားကြတယ်..။
“အာ…ဆန်းလပ်စ်..။မင်းကို သိပ်မကြာပဲ ပြန်တွေ့ခွင့်ရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ..။ပြီးတော့..အာ…မင်းက တစ်ယောက်ယောက်ကိုလည်း ခေါ်လာခဲ့သေးတယ်..။အတော်ရွံဖို့ ကောင်းတဲ့ သတ္တဝါပဲ…ခနလေး….ငါ အကျယ်ကြီးပြောလိုက်မိတာလား..။မဟုတ်ဘူး..မဖြစ်နိုင်ဘူး…တစ်စုံတစ်ယောက်ကို ဒီလို ရိုင်းပြတဲ့ မှတ်ချက်ပေးနိုင်ဖို့အတွက်..ငါက အတော်လေးကို ဉာဏ်ပညာရှိပြီး..ယဉ်ကျေးတယ်လေ..။ဒါပေါ့…မင်းကိုတွေ့ရတာ ဝမ်းသာပါတယ်…မင်းဘယ်သူပဲဖြစ်ဖြစ်…အာ…ငါ့ရဲ့ အိမ်ကနေ..”
သူက တောက်ပတဲ့ အပြုံးလေးနဲ့အတူပဲ လက်ဝေ့ယမ်းလိုက်တဲ့ အချိန်မှာတော့..ကွဲကြေနေတဲ့ ဝိုင်ခရား အစအနတွေ အားလုံးက..အရိပ်အယောင်တောင် မရှိပဲ အားလုံးပျောက်ကွယ်သွားခဲ့ကြပါတယ်..။ယင်းနောက် နိုတစ်က သေးငယ်တဲ့ စားပွဲလေးတစ်လုံးဆီကို လမ်းလျောက်သွားလိုက်ကာ..လတ်ဆတ်တဲ့ ပန်းသီးတစ်လုံးကို ကောက်ယူလိုက်ပြီး ဧည့်သည်တွေကို ယဉ်ကျေးတဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။
“..ဘယ်လို ကျေးဇူးတင်စရာ ကိစ္စများ ရှိလာလို့လဲ..”
‘ကျေးဇူးတင်စရာကိစ္စလား…ခနလေး…ဒါက ပြောင်းပြန်ကြီး ဖြစ်နေမှာ မဟုတ်ဘူးလား..’
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..မီးလောင်ဒဏ်ရာတွေနဲ့ ပျက်ဆီးနေတဲ့ မျက်နှာနဲ့ မှော်ဆရာကို အံ့ဩသင့်စွာ စိုက်ကြည့်နေတဲ့ ကိုင်ကို လှမ်းကြည့်လိုက်ပါတယ်..။နောက်ဆုံးမှာတော့.. သူက လည်ချောင်းကို ရှင်းလိုက်ပြီး..နိုတစ် ဖက်ကို လှည့်လိုက်တယ်..။
“အမှန်တကယ်တော့..ကျွန်တော်က သတင်းကောင်းပေးဖို့အတွက်လာခဲ့တာပါ..။ကျွန်တော်ပြောခဲ့တဲ့ သူငယ်ချင်းတွေ ဆိုတာကို မှတ်မိသေးလား..။ကောင်းပြီလေ..ဒီတစ်ယောက်က အဲဒီထဲက တစ်ယောက်ပဲ..။ပြီးတော့..ဟုတ်တယ်…အရှင်က ခုနက အကျယ်ကြီး ထုတ်ပြောလိုက်မိတာ..”
မှော်ဆရာဟာ..ကိုင်ကို ကြည့်ပြီး အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။ယင်းနောက် ပန်းသီးကို တစ်ကိုက်ကိုက်လိုက်ပါတယ်..။
“အိုး..ဒီတော့..ဒါက အမှန်တကယ် မတည်ရှိတဲ့ကျွန်းပေါ်မှာ မင်းရှာချင်နေတဲ့..သူငယ်ချင်းတွေထဲက တစ်ယောက်ပေါ့..။ပြီးတော့..မင်းက သူတို့ ဘယ်လိုပုံစံရှိလဲ…ဘယ်နေရာမှာနေလဲ နဲ့ နာမည်ဘယ်လိုခေါ်လဲဆိုတာကိုတောင် မသိခဲ့ဘူးလေ..။သူက ငါ့ရဲ့ မြင့်မြတ်နယ်မြေမှာ ရောက်နေတာလား..။ဘယ်လောက် ကံကောင်းလိုက်လဲ..”
ဆန်နီ ပြုံးလိုက်ပြီဂ..
“အမှန်ပဲ..။ဒါက ကျွန်တော်ရဲ့ အချစ်ဆုံးသူငယ်ချင်း နိုက်တင်ဂေး ပါ..။နတ်သားလေး တစ်ပါးလို..ချိုသာတဲ့အသံနဲ့ လိုက်ဖက်တဲ့ မျက်နှာ ရှိတဲ့သူပေါ့..”
ကိုင်က သူ့ကို ဘေးကနေ ကြည့်လိုက်ပြီး..အနည်းငယ် အရိုအသေးပေးကာ..အက်ကွဲကြမ်းတမ်းတဲ့ နှုတ်ဆက်သံနဲ့ တွန်းအားပေး နှုတ်ဆက်လိုက်ပါတယ်..။
“တွေ့ရတာ ဝမ်းသာပါတယ် ..အရှင် နိုတစ်..”
မှော်ဆရာဟာ..တုန်လှုပ်သွားခဲ့ပြီ…ဘယ်ဘက် ..ညာဘက်ကို တစ်ချက်ကြည့်လိုက်ပြီးကာမှ ခေါင်းခါယမ်းလိုက်ပါတယ်..။
“ဘုရားသခင်တို့….ဆန်းလပ်စ်…အဲဒီ သတ္တဝါတွေအကြောင်းကို နောက်တစ်ကြိမ် ထပ်မပြောမိစေနဲ့.။နတ်သားတွေ ဆိုတာက ဖြတ်သွားဖြတ်လာဆိုရင်တောင် နာမည်တပ်ပြီး ခေါ်သင့်တဲ့ အရာတွေ မဟုတ်ကြဘူး..”
ယင်းနောက်..သူ့ နှာဖူးပေါ်မှာရှိတဲ့ လမင်း ပုံသဏ္ဍာန် သကေ်တကို စိတ်သက်သာရာရစွာ ထိတွေ့ပြီး သက်ပြင်းချလိုက်ပါတယ်..။
“…ဘာပဲဖြစ်ဖြစ်…မင်းရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ကို တွေ့ရတာ ငါ ဝမ်းသာပါတယ်..။မင်းတို့နှစ်ယောက်က ငါ့ရဲ့တောင်းဆိုမူကို စဉ်းစားပြီးသွားကြပြီလား..”
ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ..သုန်မုန်စွာ ပြန်ဖြေလိုက်တယ်..။
“ဟင်အင်…မပြောကြရသေးဘူး…။အဲလိုလုပ်ဖို့အတွက် ကျွန်တော်တို့က နောက်ထပ် သူငယ်ချင်းနှစ်ယောက်ကို ရှာဖွေဖို့အတွက် လိုအပ်နေသေးတယ်..။ဒါပေမဲ့….”
ရွေးချယ်မူတွေရှိနေခြင်းက..တစ်နေ့ထက်တစ်နေ့ ဝေးကွာနေခဲ့ပြီ ဆိုတာကို သိနေတာကြောင့် သူ သက်ပြင်းချလိုက်ပါတယ်..။သို့ပေမယ့် ဆန်းကျယ်တဲ့ ချာလစ် ဘုရားကျောင်းမှာ ရှိနေတဲ့ အယ်ဖီကို ကယ်ထုတ်ဖို့အတွက်လည်း..မှော်ဆရာရဲ့ အကူအညီနဲ့ အသိပညာတွေကို သူ လိုအပ်နေပါသေးတယ်..။ဒီကိစ္စအတွက်ကိုတော့..သူက အပေးအယူလုပ်ဖို့အတွက် ဆန္ဒရှိပြီးသားပါ..။
တကယ်လို့..သူက ဖန်သားရောင်ဓားရဲ့ လျိုဝှက်ချက်ကို ဆုံးရှုံးလိုက်ရမယ် ဆိုရင်တော့..သူ့ရဲ့ လက်ထဲမှာ မီးတောက်ကျောက်ဓားက ရှိနေပါသေးတယ်..။
ဆန်နီ လက်လေးချောင်းထဲက နှစ်ချောင်းကို လက်ပိုက်လိုက်ပြီး…
“ကျွန်တော်က..အကူအညီတစ်ချို့အတွက်…အရိပ်အရှင်သခင်ရဲ့ ဓား တည်နေရာကို မျှဝေပေးဖို့ ဆန္ဒရှိပါတယ်..”
နိုတစ်က သူ့ကို အချိန်တစ်ချို့ကြာအောင် စိုက်ကြည့်နေပြီးကာမှ..ရုတ်တရက် ပြုံးလိုက်တယ်..။
“တကယ်လား..။မင်းက ဘာအကူအညီ လိုအပ်နေတာလဲ..။ငါက မျှော်လင့်ချက် ဘုရင့်နိုင်ငံတော် တစ်ခုလုံးမှာ အကူအညီပေးတတ်ဆုံး လူတစ်ယောက်ပဲ…သိတယ်မလား..”
ဆန်နီ လက်နှစ်ချောင်းကို မြှောက်ပြလိုက်တယ်..။
“ပထမတစ်ချက်က…အရှင်အနေနဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ ဒဏ်ရာတွေကို ကုသပေးရမယ်..။ဒုတိယတစ်ချက်က ကျွန်တော်တို့ရဲ့ နောက်ထပ် သူငယ်ချင်းတစ်ယောက်ကို ချုပ်နှောင်ထားတဲ့ နေရာကနေ ကူညီပြီး ကယ်ထုတ်ပေးရမယ်..”
သူ တစ်ခနလောက်တွေးပြီးကာမှ…တတိယမြောက် လက်ချောင်းကို မြှောက်ပြလိုက်ပါတယ်..။
“အိုး..ပြီးတော့..ဒဂ်ါးတွေ ရောပဲ..။ကျွန်တော့်ကို နိုတစ် ဒဂ်ါးတွေ အများကြီး ပေးရလိမ့်မယ်..”
မှော်ဆရာဟာ..ပန်းသီးကို တိတ်ဆိတ်စွာ စားနေရင်းက ရယ်မောလိုက်တယ်..။
“ကောင်းပြီလေ…ငါ အနည်းဆုံးတော့ အဲဒီသုံးခုထဲက နှစ်ခုကို လုပ်ပေးနိုင်မယ်ထင်တယ်..။ပြသနာ မရှိဘူး..။ဒီတော့ ပြောပါဦး..မင်းရဲ့ သူငယ်ချင်းက ဘယ်နေရာမှာ အဖမ်းခံထားရတာလဲ..”
ဆန်နီ ခနလောက် စဉ်းစားနေခဲ့ပြီး..အလျော့အတင်းလုပ်ဖို့ အတွက် တွေဝေနေခဲ့ပါသေးတယ်..။နောက်ဆုံးမှာတော့ သူ သက်ပြင်းချပြီး ပြောလိုက်တယ်..။
“ ချာလစ်..ဘုရားကျောင်း မှာ…”
နိုတစ် ဟာ..ရုတ်တရက် စားနေတဲ့ ပန်းသီးကို သည်းသွားခဲ့ပြီး..အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ရပါတယ်..။ယင်းနောက် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ကြောက်လန့်တကြား သောက်သုံးလိုက်တယ်..။ပြီးတာနဲ့..သူက ဆန်နီကို ရှက်ရွံ့နေတဲ့ မျက်နှာနဲ့ကြည့်လိုက်ပြီး..ထူးဆန်းတဲ့ အပြုံးတစ်ခုကို အားတင်း ဖန်တီးလိုက်ပါတယ်..။
“…တစ်ခု….ငါ..ငါက မင်းရဲ့တောင်းဆိုမူ သုံးခုထဲမှာ အနည်းဆုံး တစ်ခုတော့ လုပ်ပေးနိုင်မယ်ထင်တယ်..”
အပိုင်း ( ၆၆၂ ) ပြီး၏။