အခြေခံ သဘောတရား..
Vol. 45 Ch. 664
ရူးသွပ်နေတဲ့ မှော်ဆရာရဲ့ အိမ်ခြံဝန်းက တစ်ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။အဲ့အချိန်မှာတော့..ချောမောတဲ့ မှော်ဆရာဟာ..ဆန်နီကို မဖော်ပြနိုင်လောက်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။နိုတစ်ဟာ..သူ တစ်ချိန်လုံးရှာဖွေနေခဲ့တဲ့ လျိုဝှက်ချက်ကို သိရှိလိုက်ရပေမယ့်..လုံးဝ ပျော်ရွှင်နေတဲ့ အမူအရာ ရှိမနေခဲ့ပါဘူး..။
တိတ်ဆိတ်မူအတွင်းမှာပဲ ကိုင်ရဲ့ အက်ကွဲနေတဲ့ အသံက ယဉ်ကျေးစွာ ထွက်ပေါ်လာခဲ့ပါတယ်..။
“တောင်းပန်ပါတယ်…ဒါပေမဲ့…အခုပြောနေကြတဲ့ ဖန်သားရောင် ဓားကို ငါတို့က ဘာလို့ လိုအပ်မှာလဲ..”
ဆန်နီ ရော ၊ နိုတစ်ရောက သူ့ဖက်ကို လှည့်လိုက်တယ်..။တစ်ခနလောက် ရှက်ရွံ့စွာ တိတ်ဆိတ်ပြီးသွားတဲ့ အချိန်မှ..အင်မော်တယ်ဟာ သူ့ရဲ့ ခေါင်းကို ကုတ်ကာ ပြန်ဖြေလာခဲ့ပါတယ်..။
“အာ…အဲဒီအရာလား..မင်းသိတဲ့အတိုင်းပဲ…အဲဒီအရာက..နေမင်းရဲ့ ကောင်းချီးပေးခံရသူ , ဆီးရက် ကို သတ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲလေ..။ပြီးတော့..ငါက သူ့ကို အရမ်း အရမ်းကို သတ်ချင်နေတာ..”
လေးသည်တော်ရဲ့ မျက်နှာက အနည်းငယ် ရှုပ်ထွေးသွားတာကို သတိထားမိလိုက်တာကြောင့်..သူက တစ်ခနလောက် တွေးပြီး မှ ထပ်ပြောလိုက်ပါတယ်..။
“ဟုတ်သားပဲ…ဒီနေ့ခေတ်လူတွေက သူ့ကို ဆင်စွယ်ရောင် အရှင် ဆီးဗားရက် လို့ပဲ ခေါ်ကြတာလေ..။မင်း သူ့နာမည်ကို ကြားဖူးမှာပါ ဟုတ်တယ်မလား..”
ကိုင် တစ်ခနလောက် တွေဝေနေပြီးကာမှ..သူ့ရဲ့ မီးလောင်ကျွမ်းထားတဲ့ လက်ကို ပြန်ကြည့်ကာ ဖြေလိုက်တယ်..။
“ဟုတ်တယ်..။ကြားဖူးတယ်လို့ ပြောလို့ရတယ်..”
သူ တစ်ခနလောက် မျက်လုံးတွေ မှိတ်ထားလိုက်ပြီးကာမှ..ပြုံးလိုက်ပြီး..
“ဒီလိုဆိုရင်လည်း..ငါတို့..ဖန်သားရောင်သားကို သွားယူကြတာပေါ့.။ပြီးတော့ ငါတို့ သူငယ်ချင်းကိုလည်း ကယ်ကြမယ်..။အရှင် နိုတစ်..ကျွန်တော်တို့ လုပ်နိုင်တဲ့ အရာတစ်ခုခု ကျိန်းသေ ရှိတယ်မလား..။အရှင်က သူတို့ရဲ့ ဂိုဏ်းအကြောင်းကို အများကြီး သိထားတာလေ..။ချာလစ် ဘုရားကျောင်းထဲကို ဝင်ရောက်ပြီး ဓား နဲ့ ကျွန်တော်တို့ရဲ့ သူငယ်ချင်း ကို မြင့်မြတ်နယ်မြေကို ပြန်ခေါ်လာနိုင်မယ့် နည်းလမ်းမရှိဘူးလား..”
နိုတစ်က သူ့ကို အချိန်အတော်ကြာအောင် ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
“မရှိဘူး..ငါ့အတွက်တော့..ဘုရားကျောင်းထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်းမရှိဘူး..။အနည်းဆုံးတော့ ဘုရားကျောင်းတစ်ခုလုံးကို တစ်စစီ မလုပ်ပစ်ဘူး ဆိုရင်ပေါ့..။ဒီလိုလုပ်ရင်လည်း မင်းရဲ့ သူငယ်ချင်းပါ ဂိုဏ်းနဲ့အတူ သေဆုံးသွားလိမ့်မယ်..။စိတ်မကောင်းစရာက.. အဲနေရာက ငါ ရုပ်ဖျက်ပြီးမဝင်နိုင်တဲ့ နေရာတွေထဲက တစ်ခုဖြစ်နေတာပဲ..။အာ..ငါ ပြောချင်တာက..နောက်တစ်ကြိမ် မဝင်နိုင်တဲ့ နေရာတစ်ခုပေါ့..”
ဆန်နီ နဲ့ ကိုင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။ယင်းနောက် လေးသည်တော်က သိချင်စွာ မေးလိုက်ပါတယ်..။
“..ဒီလိုဆိုရင်လည်း..ကျွန်တော်တို့ နှစ်ယောက် အထဲကို ဝင်သွားရင်ရော..”
မှော်ဆရာက သူတို့ကို အံ့ဩသင့်စွာ ကြည့်ပြီး ရယ်မောလိုက်တယ်..။
“ဆန်းလပ်စ် နဲ့ နိုက်တင်ဂေး.. မင်းတို့ နှစ်ယောက်က တကယ်လည်း ထူးဆန်းတဲ့ သူငယ်ချင်းနှစ်ယောက်ပါလား..။မင်းတို့ မကြောက်ကြဘူးလား..။ငါက အခုလေးတင်ပဲ..စစ်ပွဲ မိန်းမပျိုတွေက ဘယ်လောက်တေင် ကြောက်ဖို့ကောင်းလဲ ဆိုတာကို ပြောပြခဲ့တာလေ..”
ဆန်နီ ဟာ..သူ့ရဲ့ အစွယ်တွေ ပေါ်တဲ့အထိ ပြုံးပြီး ပုခုံးတွန့်ပြလိုက်တယ်..။ကိုင်က ခေါင်းခါယမ်းလိုက်ပြီး သူတို့ နှစ်ယောက်စလုံးအတွက် အဖြေကို ပြန်ပေးလိုက်ပါတယ်..။
“အိုး..အဲတာကတော့ ပြောင်းပြန်ပဲ..။ကျွန်တော်တို့နှစ်ယောက်စလုံးက အတော်လေးကို သွေးကြောင်ကြတာ..။ဒါပေမဲ့ အရှင်နိုတစ်..အရှင်ကတော သိမှာမဟုတ်ဘူး..ဒါပေမဲ့..ဆန်းလပ်စ် နဲ့ ကျွန်တော်တို့ကလည်း အတော်လေးကို ကြောက်ဖို့ကောင်းတဲ့ သူတွေပဲလေ..”
အထွတ်အထိပ်အဆင့် အင်မော်တယ်..ဟာ သူတို့ကို သံသယဖြစ်စွာ ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
“ငါ ..ယုံတော့ ယုံပါတယ်..။ဒါပေမဲ့..မရဘူး…မရဘူး…အဲတာက အရေးမကြီးဘူး..။မင်းတို့ စိတ်ဆန္ဒရှိတယ် ဆိုရင်တောင်..မင်းတို့အနေနဲ့ ချာလစ် ဘုရားကျောင်းထဲကို ဝင်ခွင့်ရကြမှာ မဟုတ်ဘူးလေ.. ။အထဲကို အမျိုးသမီးတွေပဲ..ဝင်လို့ရတာ..ပြီးတော့ အမျိုးသမီးတိုင်း ဝင်လို့ရတာ မဟုတ်ဘူး..။သူတို့က အားကောင်းတဲ့ကျွမ်းကျင်မူ ၊ ကြောက်မက်ဖွယ် အရှိန်အဝါ နဲ့ တိုက်ပွဲပေါင်းများစွာရဲ့ သွေးရနံ့တွေ ထွက်ပေါ်နေတဲ့ အမျိုးသမီးတွေ အတွက်ပဲလမ်းဖွင့်ပေးထားတာ..။ပြီးတော့ အစေခံအနည်းငယ်ကိုရောပေါ့..။မင်းတို့နှစ်ယောက်လုံးက ယောက်က်ျားလေးတွေပဲ..ဒီတော့..ကြိုးစားမယ်ဆိုရင်တောင် အသုံးမဝင်ဘူး..”
ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..သက်ပြင်းချကာ ပြောလိုက်တယ်..။
“အမှန်တကယ်တော့..ဒါကလည်း ပြသနာတစ်ခုမဟုတ်ဘူး..”
နိုတစ် အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးကာမှ..သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တယ်..။
“အာ..ဘယ်လိုမျိုးလဲ..ဆန်းလပ်စ်..”
မှော်ဆရာက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့..လှည့်စားတတ်တဲ့ အပြုံးလေးနဲ့ ထပ်မေးလာခဲ့ပြန်ပါတယ်..။
“…မင်းမှာ ငါမသိသေးတဲ့ အရာတစ်ခုခု ရှိနေတာလား..”
ဆန်နီ သူ့ကို နက်မှောင်စွာကြည့်လိုက်ပြီး ထက်ရှတဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်..။
“ခင်ဗျားမသိတာ အများကြီးရှိသေးတယ်..။ဒါပေမဲ့ ကျွန်တော်က အဲတာကို ဆိုလိုချင်တာ မဟုတ်ဘူး..။ကျွန်တော့်မှာ..ဒီတိုင်း..သေစေနိုင်လောက်တဲ့ ကျွမ်းကျင်မူတွေနဲ့ အမျိုးသမီး စစ်သည်တော် ရှိနေတာပဲ..”
ဒီလိုပြောပြီးတာနဲ့ သူက သူတော်စင်ကို ခေါ်ထုတ်လိုက်တယ်..။ပတ္တမြားရောင် မျက်လုံးနှစ်လုံးက သူ့ရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာပြီးနောက်မှာတော့..တိတ်ဆိတ်သော နတ်မိစ္ဆာက..အမှောင်ထုတွေ ရစ်ပတ်ရင်း အပြင်ကို ထွက်လာခဲ့ပါတယ်..။သူမရဲ့ ထည်ဝါတဲ့ ပုံရိပ်က မှော်ဆရာရဲ့ အိမ်ထဲမှာထွက်ပေါ်လာခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..အရိပ်က သူမရဲ့ ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး..ဒီနေရာရဲ့ပိုင်ရှင်ကို ဂရုမစိုက်တဲ့အလား အေးစက်စွာ စိုက်ကြည့်နေခဲ့ပါတယ်..။
နိုတစ်ကလည်း သူမကို ပြန်ကြည့်နေခဲ့တယ်..။သူ့ မျက်လုံးတွေက ပြူးကျယ်ပြီး..သူ့ နှုတ်ခမ်းတွေက တုန်ရီနေခဲ့ပါပြီ..။
“ဒါ…ဒါက…”
မှော်ဆရာဟာ.အံ့ဩနေတဲ့ အမူအရာနဲ့ ရှေ့ကို တိုးလိုက်တယ်..။ပြီးတဲ့နောက်မှာတော့..ရုတ်တရက် စိတ်လှုပ်ရှားးစွာ လက်သီးဆုပ်လိုက်ပြီး..
“…ဒီအကာအကွယ်.. ဒီ လို ဒီဇိုင်း .. ဒီလို လိုက်ဖက်မူ ..အိုး…ဘုရားသခင်တို့…ဒီလို ခမ်းနားတဲ့ လက်ရာကို ဘယ်သူက ထုလုပ်ထားတာလဲ..။ဆန်းလပ်စ် ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါလား..”
သူတော်စင်က စိတ်ဝင်စားစွာ ခေါင်းကို တိမ်းစောင်းသွားခဲ့တယ်..။ဆန်နီ နဲ့ ကိုင်ကတော့..အထွတ်အထိပ်အဆင့် သူတော်စင် ရဲ့ အမူအရာတွေကိုသာ စိုက်ကြည့်နေခဲ့ပါတယ်..။တစ်ခနလောက် တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ ဆန်နီ လည်ချောင်းကို ရှင်းလိုက်ပြီး..
“အာ..အမှန်တကယ်တော့..ကျွန်တော်လည်း သေချာမသိဘူး..။မြေအောက်ကမ္ဘာရဲ့ မင်းသား လို့ ထင်တာပဲ..။ခနလေး..ကျုပ် ဒီလိုမျိုး အကာအကွယ်ကို ဝတ်ဆင်ထားတာ ခင်ဗျား တွေ့ထားသေးတယ် မဟုတ်ဘူးလား..”
နိုတစ် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး လက်ဝေ့ယမ်းလိုက်တယ်..။
“အာ..တကယ်လို့ ငါတွေ့ခဲ့တယ် ဆိုရင်တောင်..မင်းက ထည်ဝါမူကို မပေးစွမ်းနိုင်ဘူးလေ..။ဒီ လှပမူ မျိုးကျတော့..ဒီတော့…ဒါက မျှော်လင့်ချက်ရဲ့ မောင်ငယ်လေးက ဖန်တီးထားတာပေါ့..ဟင်..။သူက ဒီလို အပြစ်ကင်းစင်တဲ့ ဖန်တီးမူမျိုး လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..”
နောက်ဆုံးမှာတော့..မှော်ဆရာက ဘေးပတ်ဝန်းကျင်ကို ကြည့်နေတာကို ရပ်လိုက်ပြီး ခေါင်းကို မော့ကာ..သူတော်စင်ရဲ့ ပတ္တမြားရောင် မျက်လုံး နှစ်လုံးကို စိုက်ကြည့်လိုက်ပါတယ်..။သူ့ရဲ့ အပြုံးတွေက ကြီးမားနေခဲ့ပေမယ့် အတော်လေးလည်း ထူးဆန်းနေခဲ့တယ်..။သူက ဆန်နီကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး..
“ဆန်းလပ်စ်…ဒါက မင်းရဲ့ အရိပ်တွေထဲက တစ်ခု မဟုတ်ဘူးလား..။သူမက ဘယ်လိုလုပ်ပြီး မင်းထက် အားကောင်းနေရတာလဲ..။အိုး…မင်းက ဒီသတ္တဝါကို အရိပ် အရှင်သခင်ဆီကနေ ရခဲ့တာလား..။ဒီ လူယုတ်မာလေး..မင်းက တစ်ချိန်လုံး ဒီလို ရတနာမျိုးကို ဝှက်ထားခဲ့တာလား..”
ဆန်နီကတော့ နိုတစ် သူတော်စင်ကို ကြည့်နေတဲ့ ပုံစံကို နည်းနည်းလေးတောင် သဘောမကျပါဘူး..။အမှန်တော့..သူက ရုတ်တရက်..အင်မော်တယ် မျက်နှာပေါ်က အပြုံးကို ဖယ်ရှားပစ်ချင်စိတ်တောင် ပေါက်နေခဲ့တယ်..။အင်မော်တယ် ဘယ်သူလဲဆိုတာကို သိနေရင်တော့..ဒီလုပ်ရပ်က ဉာဏ်ရှိတဲ လုပ်ရပ်မျိုးတော့ မဟုတ်ပေ..။
သူ အံကိုကြိတ်ထားခဲ့ပြီး..
“..မဟုတ်ဘူး..။ခင်ဗျားသိချင်တယ် ဆိုရင်တော့…သူမကို ကျွန်တော်ကိုယ်တိုင် ဖန်တီးခဲ့တာပဲ..။ပြီးတော့..သူမက ခင်ဗျားပြောနေတာတွေကိုလည်း ကြားနေရတယ်နော်..။ဒီတော့ နည်းနည်းလေးတော့ လေးစားမူရှိသင့်တယ်..ဟုတ်တယ်မလား..”
နိုတစ် အေးခဲသွားခဲ့ပြီး..ရုတ်တရက် ယဉ်ကျေးတဲ့ အမူအရာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်..။
“အာ…တောင်းပန်ပါတယ်..”
သူက သူတော်စင်ကို ကြည့်လိုက်ပြီး သူမ ပတ်ဝန်းကျင်ကို လျောက်ကြည့်လိုက်တယ်..။သူက တိတ်ဆိတ်တဲ့ နတ်မိစ္ဆာကို လေးလေးနက်နက် လေ့လာနေခဲ့တာပါ..။အရိပ်ကတော့ သူ့ရဲ့ တည်ရှိနေမူကို ဂရုမစိုက်တဲ့ အလား လှုပ်တောင် မလှုပ်ပေ..။နောက်ဆုံးမှာတော့..မှော်ဆရာက..သူ့ရဲ့ နေရာကို ပြန်သွားထိုင်လိုက်ပြီး..ပြုံးလိုက်တယ်..။
“မင်းရဲ့ အရိပ်ကတော့..ချာလစ် ဘုရားကျောင်းထဲကို ဝင်ခွင့်ရမှာ သေချာတယ်..။သူမက ကိုယ်ပိုင် တည်ရှိမူတစ်ခု ရှိနေတယ်လေ..။ငါတောင်မှ အမှန်တကယ် လေးစားရတယ်..။မင်းတို့နှစ်ယောက်ကတော့..သူမရဲ့ အစေခံတွေ အဖြစ် နေလို့ရတာပေါ့..”
ဆန်နီ နဲ့ ကိုင်တို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။မှော်ဆရာကတော့..တစ်ဖက်ကို လှည့်လိုက်ပြီး အတွေးနက်စွာ စဉ်းစားနေခဲ့ပါတယ်..။
“ဒါက အမှန်တကယ်ပဲ အလုပ်ဖြစ်နိုင်လောက်တယ်..။မင်းတို့ အထဲရောက်ပြီဆိုရင်..မင်းတို့ရဲ့ သူငယ်ချင်းနဲ့..ဖန်သားရောင် ဓားရဲ့ တည်နေရာကို ရှာလို့ရတယ်လေ..။ဒါက အတော်လေးကို ခက်ခဲနိုင်တယ် ဆိုပေမယ့် မဖြစ်နိုင်တဲ့ အရာမျိုးတော့ မဟုတ်ဘူး..။ဒါပေမဲ့ တကယ်လို့ မင်းတို့သာ အောင်မြင်မယ်ဆိုရင်..မင်းတို့ လုံလုံခြုံခြုံနဲ့ ထွက်ပြေးလွတ်မြောက်စေရမယ်လို့ ငါ အာမခံပေးနိုင်တယ်..”
နိုတစ် သူတို့ကို ကြည့်လိုက်တယ်..။သူ့ရဲ့ အမူအရာကတော့ သုန်မုန်နေခဲ့ပါတယ်..။
“ဆန်းလပ်စ်…နိုက်တင်ဂေး…တကယ်လို့ ချာလစ်ဘုရားကျောင်းထဲမှာသာ အခြေအနေတွေ ဆိုးဝါးသွားခဲ့မယ် ဆိုရင်..ငါတောင်မှ မင်းတို့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူးနော်..။မင်းတို့က ကိုယ့်ဟာကိုပဲ ဖြေရှင်းကြရမှာ..။ဒီတော့..မင်းတို့ရဲ့ သူငယ်ချင်းကို ကယ်တင်ဖို့က မင်းတို့ရဲ့ အသက်ကို စွန့်စားရလောက်တဲ့ အထိ ထိုက်တန်မူ ရှိရဲ့လား ဆိုတာကို သေချာလေး စဉ်းစားစေချင်တယ်..။မင်းတို့အနေနဲ့ သူငယ်ချင်း အသစ်တွေကို ထပ်ပြီး ရှာဖွေလို့ရသေးတယ်လေ…သိတယ်မလား…ဒါပေမဲ့…သေဆုံးတာကတော့ တစ်ကြိမ်ပဲ ရှိတယ်..”
ကိုင်က အင်မော်တယ် မှော်ဆရာကို ကြည့်ပြီး ပြုံးလိုက်တယ်..။
“..ဒါက ထိုက်တန်တယ်..”
ဆန်နီ ကတော အလျင်အမြန် ပြန်မဖြေခဲ့ပါဘူး..။
“ကျုပ်က လွယ်လွယ်ကူကူ နဲ့ သူငယ်ချင်း မဖွဲ့တတ်ဘူး..။ဒီတော့..ကျုပ်မှာရှိနေတဲ့ သူငယ်ချင်းတွေက..အရမ်းကို တန်ဖိုးရှိတယ်..။တစ်စုံတစ်ယောက်က..သူတို့ တန်ဖိုးထားရတဲ့ အရာတွေကို ကာကွယ်သင့်တယ်လေ..သိတယ်မလား..။ဒါက အခြေခံ သဘောတရား တစ်ခုပဲ..”
သူက နိုတစ်ကို နက်မှောင်နေတဲ့ အမူအရာနဲ့ ကြည့်ပြီးနောက်မှ ထပ်ပြောလိုက်ပါတယ်..။
“ပြီးတော့..တစ်စုံတစ်ယောက်က တစ်ကြိမ်ပဲ သေနိုင်တယ်လို့ ဘယ်သူက ပြောတာလဲ..။ခင်ဗျားကို တွေ့ပြီးတဲ့ နောက်မှာတောင် ကျုပ်က အကြိမ်တစ်ရာလောက် သေထားပြီးသွားပြီ..။ကျုပ်ကို သတ်ဖို့ဆိုတာက..တကယ်ကို ပြသနာတက်နိုင်တဲ့ ကြိုးစားအားထုတ်မူတစ်ခုပဲ…”
အပိုင်း ( ၆၆၄ ) ပြီး၏။