← Chapters

ပြင်ဆင်မူများ..

Vol. 45 Ch. 665

ပြင်ဆင်မူများ..

Vol. 45 Ch. 665

နိုတစ် နဲ့ စကားပြောဆိုမူတွေ ပြီးသွားတဲ့ နောက်မှာတော့..ဆန်နီ နဲ့ ကိုင်တို့ဟာ မှော်ဆရာကို ထားခဲ့ပြီး ထွက်လာခဲ့ကြပါတယ်..။ပြင်ဆင်မူတွေ ပြုလုပ်ဖို့အတွက် အင်မော်တယ် အနေနဲ့ အချိန်တစ်ချို့ လိုအပ်တဲ့အတွက်ကြောင့်.. လေးသည်တော်ရဲ့ ကုသမူ မစတင်ခင် ကြားထဲမှာ သူတို့အတွက် နာရီအနည်းငယ် အချိန်ရနေပါသေးတယ်..။

ပြီးတဲ့နောက်မှာတော့..သူတို့က ကုသမူပြီးဆုံးတဲ့ အချိန်အထိ တစ်ယောက်နဲ့ တစ်ယောက်တွေ့နိုင်ကြမှာ မဟုတ်ပါဘူး..။ဒါက အနည်းဆုံးတော့ တစ်ပတ်လောက် ကြာမြင့်ပါလိမ့်မယ်..။

မြင့်မြတ်နယ်မြေရဲ့ လှပတဲ့ ဉယျာဉ်ကို ဖြတ်သန်းသွားရင်း..ကိုင်က တစ်ခနလောက် တိတ်ဆိတ်နေနေခဲ့တယ်..။ယင်းနောက် အပြုံးလေးတစ်ခုနဲ့ အတူပဲ…

“ကောင်းပြီလေ…ဒါက အဆင်ပြေလိမ့်မယ်လို့တော့ ငါထင်တာပဲ..”

ဆန်နီ သူ့ကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။

“မင်း အဲလိုထင်တယ်လား..”

လေးသည်တော်ဟာ..ပုခုံးတွန့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကျုတ်လိုက်တယ်..။သူ့ မျက်နှာကို ဖုံးအုပ်ထားတဲ့ ပတ်တီးတွေ အနည်းငယ် ရွေ့လျားသွားတဲ့ အချိန်မှာတော့..သူ့ရဲ့ ရှုပ်ထွေးတဲ့ မျက်နှာအမူအရာကို တွေ့မြင်လိုက်ရပါတယ်..။

“မဟုတ်ဘူးလား..”

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး.။အမှန်တကယ်တော့ ငါတို့က အလိမ်ခံလိုက်ရတာ..။တွေးကြည့်စမ်းပါ..ဖန်သားရောင် ဓားရဲ့ တည်နေရာကို ပြောပြဖို့အတွက်..အပြန်အလှန်အနေနဲ့ ငါက နိုတစ်ဆီကနေ အရာသုံးခုကို ပြန်တောင်းဆိုခဲ့တယ်လေ..။မင်းကို ကုသဖို့ ၊ အယ်ဖီကို ကယ်ဆယ်ဖို့ နဲ့ သူ့ရဲ့ ဆန်းကျယ်တဲ့ ဒဂ်ါးပြားတွေကို ပေးဖို့..။သူက လက်ကလေးတစ်ချောင်းတောင် မမြှောက်ပဲ..လျို့ဝှက်ချက်ကို သိသွားရုံတင်မကပဲ..ဖန်သားရောင်ဓားကို ယူပေးဖို့အတွက် ငါတို့ကိုတောင် အရူးလုပ်သွားသေးတယ်..။ဒါက ငါတို့ရဲ့ အကြံဉာဏ် ဆို ပြီး ငါတို့ကို လှည့်စားသွားတာ..”

သူ မျက်နှာရှုပ်မဲ့သွားပြီး သက်ပြင်းချလိုက်တယ်..။

“ကြောက်ဖို့ကောင်းတယ်..။သူက တကယ်ကို တွက်ချက်တတ်တဲ့..လူလိမ်ပဲ..။ပြီးတော့..ငါ့ရဲ့ စိတ်ကလည်း သောက်ကျိုးနဲ မျှော်လင့်ချက်ကြောင့်..အူကြောင်ကြောင် ဖြစ်နေခဲ့တာ..။ဒါတောင်မှ..အဆင်ပြေပါသေးတယ်..။နိုတစ်က မင်းရဲ့ ခန္တာကိုယ်ကို ကုသပေးမယ့် ဆိုတော့..ကျန်တာတွေက ပြသနာ မရှိတော့ပါဘူး..”

ဆန်နီ က မျှော်လင့်ချက်ရဲ့ လွှမ်းမိုးမူကို ပြောတဲ့ အချိန်မှာတော့ ကိုင်က မျက်မှောင်ကျုတ်လိုက်တယ်..။သို့ပေမယ့် သူက ဘာတစ်ခုမှ မမေးခဲ့ပါဘူး..။သူက ဒီကိစ္စကိုယ် ကိုယ်တိုင် ရှာဖွေတွေ့ရှိထားတဲ့ ပုံပါပဲ..။အတော်ကြာပြီးတဲ့နောက်မှာမှ သူက ပြောလာခဲ့တယ်..။

“မင်း ဒီလိုမျိုးတော့မှပဲ..ငါ့ကိုယ်ငါ နည်းနည်း တုံးအနေသလို ခံစားရတော့တယ်..။ဒါပေမဲ့ ဆန်နီ…တကယ်လို့..ငါတို့က အလိမ်ခံနေရတယ် ဆိုတာကို သိရင်လည်း..မင်းက အပေးအယူကို ဘာလို့ တင်းမထားခဲ့တာလဲ..”

ဆန်နီ ပုခုံးတွန့်လိုက်ပြီး…

“အဲလိုလုပ်လို့ ဘာအဓိပ္ပာယ်မှ မရှိဘူး..။ဘာပဲဖြစ်ဖြစ် ငါကိုယ်တိုင်လည်း..ဒီတောင်းဆိုမူ သုံးခုလုံးကို ပြည့်မြောက်ဖို့အတွက် မျှော်လင့်မထားခဲ့ဘူးလေ..။သုံးခုထဲက တောင်းဆိုမူ နှစ်ခုက ဒီတိုင်း ဟန်ဆောင်မူ သက်သက်ပဲ…။အဲဒီ ဒဂ်ါးပြားတွေက အသုံးဝင်တယ် ဆိုပေမယ့်..အဲတာတွေ မရှိပဲနဲ့လည်း..ငါက အလုပ်လုပ်နိုင်တယ်..။အယ်ဖီကို ကယ်တင်တဲ့ ကိစ္စကတော့..ဒါက ငါတို့လုပ်ရမယ့် မစ်ရှင်ပဲလေ..။ငါက အပြင်လူကို ဘယ်တော့မှ ယုံကြည်လိုက်မှာ မဟုတ်ဘူး..။အထူးသဖြင့် ဆန်းကျယ်မူတွေ ပြည့်နှက်နေတဲ့..ရှေခေတ် အထွတ်အထိပ်အဆင့် ပညာရှင်ကိုပေါ့..”

သူ အတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ ထပ်ပြောလိုက်တယ်..။

“ငါတို့ရဲ့ အိပ်မက်ဆိုးကို အနိုင်ယူနိုင်ဖို့ဆိုရင် ငါတို့က အနည်းဆုံးတော့..ချိန်းအရှင်သခင်တွေထဲက တစ်ယောက်နဲ့ ပူးပေါင်းမှ ရမယ်..။ဒါပေမဲ့..တစ်စုံတစ်ယောက်ရဲ့ ခွန်အားကို မှီခိုနေတယ် ဆိုတာက..မကောင်းတဲ့ အရာတစ်ခုပဲ..။အဆုံးမှာတော့..ငါတို့က ကိုယ့်ရဲ့ ကြိုးစားမူကိုပဲ ကိုယ် ယုံကြည်ကြရမှာလေ..”

ကိုင်က အနည်းငယ် စိတ်ဝင်စားသွားခဲ့ပြီး…

“ဒီတော့…အဲဒီတောင်းဆိုမူတွေ အားလုံးက ငါးစာ သက်သက်ပဲပေါ့..။ပြီးတော့ မငး်ရဲ့ အဓိက ရည်ရွယ်ချက်က..နိုတစ်က ငါ့ကို ကုသပေးစေချင်တာလား..”

ဆန်နီဟာ အတွေးထဲမှာ နစ်မြောနေရင်း ခေါင်းညိမ့်လိုက်တယ်..။

လေးသည်တော်ဟာ ပြုံးလိုက်ပြီး သူ့ရဲ့ နှာခေါင်းကို ပွတ်သပ်လိုက်ပါတယ်..။

“ဒါဆိုလည်း ဘယ်သူ့က ဘယ်သူ့ကို လိမ်ညာနေတာလဲ ဆိုတာကို ငါ သိချင်သွားပြီ..”

သူတို့က ဉယျာဉ်ရဲ့ ထောင့်နေရာကို တိတ်တဆိတ်ရောက်လာခဲ့ကြပြီး မြက်ခင်းပေါ်မှာ ထိုင်ချလိုက်တယ်..။ဆန်နီမှာ ကိုင်ကို ပြောပြစရာတွေ အများကြီး ရှိနေသလို…မေးစရာတွေလည်း အများကြီး ရှိနေခဲ့ပါတယ်..။ကိုင်လည်း အတူတူ ခံစားနေရမယ် ဆိုတာကို သူ သေချာသိပါတယ်..။

သို့ပေမယ့်..ဘာမှတောင် ပြောစရာ မလိုပဲ..သူတို့နှစ်ယောက်စလုံးက တိတ်ဆိတ်နေခဲ့ကြတယ်..။သူတို့က အိပ်မက်ဆိုးနဲ့ ပတ်သက်တဲ့ အရာတစ်ချို့ကို မျှဝေပြီးထားပြီ ဖြစ်တာကြောင့်..အသေးစိတ်ကိုတော့ အဖွဲ့သားတွေ အားလုံးစုံတဲ့ အချိန်ကြမှ..မျှဝေကြမှာပါ..။

ဒါက ရူးသွပ်တယ် ဆိုတာကို သိပေမယ့်လည်း..သူတို့ရဲ့ စကားပြောဆိုမယ့် အကြောင်းအရာတွေကို အချိန်ရွေ့ဆိုင်း ထားခဲ့ကြတယ်..။သူတို့က တစ်နည်းနည်းနဲ့ အဖွဲ့သားတွေ ပြန်ဆုံနိုင်မယ့် အခွင့်အရေးကို တိုးမြင့်ပေးနေခဲ့တာပါ..။

အတော်ကြာပြီးနောက်မှာတော့..ကိုင်က မေးလာခဲ့တယ်..။

“သူမ…သူမ အဆင်ပြေနေမယ်လို့ မင်းထင်လား..။အယ်ဖီလေ…။နိုတစ် ပြောပုံအရ ဆိုရင်တော့..အဲဒီ ဂိုဏ်းက မယုံနိုင်စရာ ကောင်းလောက်အောင် ရှေးကျပြီး..အားကောင်း ရက်စက်တယ်တဲ့..။တကယ်လို့ အယ်ဖီသာ အဲဒီက တပည့်တစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကို ရောက်သွားမယ်ဆိုရင်..သူမရဲ့ ဒေါသနဲ့..ငါ ဝန်မခံချင်ပေမယ့်..သူမ တစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်..။ထပ်ပြောရရင်..အပျိုစင်တွေ တစ်ယောက်မှ ဘုရားကျောင်းကနေ အသက်ရှင်လျက်ထွက်လို့ မရဘူးလေ..။ငါတို့က သူမကို ဘယ်လို နည်းလမ်းနဲ့ ကယ်ထုတ်ရမှာလဲ.။

ဆန်နီ အတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ..ခေါင်းခါယမ်းလိုက်တယ်..။

“အယ်ဖီက ငါတို့အားလုံးထက် ခံနိုင်ရည်ပိုရှိတယ်..။သူမက အမှောင်မြို့တော်မှာတုန်းက မင်းနဲ့ ငါ့ထက်တောင် ပိုပြီးကြာကြာ အသက်ရှင်နေနိုင်ခဲ့တယ် ဆိုတာ မမေ့လိုက်နဲ့..။သူမက ကြက်သွေးရောင် ထိပ်ဖျားကို ဝန်းရံတိုက်ခိုက်တဲ့ အချိန်တုန်းကတောင်..ထိပ်ဆုံးကနေ တိုက်ခိုက်ပြီး ဘာမှမဖြစ်ပဲ..အသက်ရှင်ကျန်ရစ်နိုင်ခဲ့တာ..။အယ်ဖီက အဆင်ပြေနေလိမ့်မယ်..။စစ်ပွဲ မိန်းမပျိုတွေကလည်း မင်းထင်ထားသလောက်တော့ ကြောက်ဖို့မကောင်းကြပါဘူး..။ဘာပဲဖြစ်ဖြစ်..ချာလစ် ဘုရားကျောင်းက အနာဂတ်မှာတုန်းက ဖျက်ဆီးခံထားရတာလေ..။ပြီးတော့ သူတို့အားလုံးက သေဆုံးနေကြပြီ..။သူတို့ရဲ့ အရိုးစုတွေကို ငါ ကိုယ်တိုင် မြင်ခဲ့တာ..”

တတိယ အမြုတေကို ဖန်တီးဖို့အတွက် ဒေါသကြီးတဲ့ တစ္ဆေတွေကို တိုက်ခိုက်ခဲ့ရတာကို ပြန်တွေးမိတဲ့ အချိန်မှာ သူ့မျက်နှာက သုန်မုန်သွားခဲ့တယ်..။သူ ရှာဖွေခဲ့တဲ့ အပျက်အဆီး နဲ့..ချာလစ် ဘုရားကျောင်းက တစ်နေရာတည်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။အနာဂတ်မှာဖြစ်ပေါ်နေတဲ့ ဘုရားကျောင်း အပျက်အဆီးကြီးကို ပြန်သုံးသပ်မယ်ဆိုရင်..ဒီ ကြောက်လန့်ဖွယ် ဂိုဏ်းကို တစ်စုံတစ်ယောက်က မကြာခင် ဖျက်ဆီးတော့မှာပါ..။စစ်ပွဲ မိန်းမပျို တွေက..ပြိုင်ဖက်ကင်းတွေ မဟုတ်ကြပါဘူး.။

ကိုင် သက်ပြင်းချလိုက်တယ်..။

“ကတ်စီ ကြတော့ရော..။သူမ နဲ့ ပတ်သက်ပြီး ဘာ သဲလွန်စမှ မရှိသေးဘူး..။သူမက…သူမက ငါတို့တွေလို မဟုတ်ဘူးလေ..။သူမရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မူတွေက လေးစားလောက်ပေမယ့်..သူမရဲ စွမ်းရည်တွေက တိုက်ခိုက်မူတွေအတွက် ဖန်တီးထားခဲ့တာ မဟုတ်ဘူး..။ပြီးတော့..သူမရဲ့ အားနည်းချက် ရဲ့ ဆိုးဝါးပုံ နဲ့ဆိုရင်..”

သူ တိတ်ဆိတ်သွားခဲ့ပြီး..သူ့ အတွေးတွေကို အျဆုံးသတ်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

“ကတ်စီလား..။သူမက မင်းသိပ်စိတ်မပူသင့်တဲ့ လူထဲမှာ ပါတယ်လေ..။ငါ့ကို ယုံလိုက်..သူမ အဆင်ပြေနေလိမ်မ့ယ်..။ငါတို့အားလုံးထက် ပိုအဆင်ပြေနေတာတောင် ဖြစ်နိုင်သေးတယ်..”

အနည်းဆုံးတော့ ဒီအရာက ဆန်နီ ယုံကြည်ထားတဲ့ အရာတစ်ခုပါ..။သူ့ရဲ့ အားနည်းချက်က ဒီစကားတွေကို ထုတ်ဖော်ပြောကြားတဲ့ အချိန်မှာ..ခက်ခဲအောင် တားဆီးထားတာ မျိုးတွေ မရှိပေ..။ဒီတော့..အနည်းဆုံး ဒီစကားက အခြေအနေတစ်ချို့လောက်အထိ မှန်ကန်နေတယ်လို့ ယူဆနိုင်ပါတယ်..။

သို့ပေမယ့်..ဒီအရာနဲ့ပဲ..သူ့နှလုံးသားရဲ့ အေးစက်မူတွေ ..လေးလံမူတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး..။

သူ သက်ပြင်းချလိုက်ပြီး..ထပ်ပြောလိုက်တယ်..။

“မင်း တကယ် စိုးရိမ်သင့်တဲ့ သူက..ငါတို့ရဲ့ ငါးယောက်မြောက်..သူငယ်ချင်းပဲ..”

ကိုင် မျက်မှောင်ကျုတ်လိုက်ပြီး..သူ့ကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။

“အဲတာက နောက်ဆုံးတစ်ယောက်ပဲဖြစ်ရမယ်..ဟုတ်တယ်မလား..။ဗာလာကလန်ရဲ့ မင်းသား..”

ဆန်နီ တွေဝေနေပြီးကာမှ ခေါင်းညိမ့်လိုက်တယ်..။

“အဲတာက ငါ ယုံကြည်ထားတဲ့အရာပဲ..”

လေးသည်တော်ဟာ..အံကိုကြိတ်ပြီး တစ်ဖက်ကို လှည့်လိုက်ပါတယ်..။

“..ဒါက ပြသနာမရှိဘူး..။ဒီ အိပ်မက်ဆိုးထဲမှာတော့..ငါတို့အားလုံးက တစ်ဖွဲ့တည်းပဲလေ..မဟုတ်ဘူးလား.”

ဆန်နီ အောက်ကို ငုံ့ကြည့်လိုက်တယ်..။သူ့ရဲ့ အနက်ရောင် မျက်လုံးတွေက..ပိုပြီး မှောင်မိုက်လာခဲ့ပါတယ်..။

အတော်ကြာပြီးတဲ့နောက်မှ..သူ ပြောလိုက်တယ်..။

“ငါတို့ တစ်ဖွဲ့တည်း ဖြစ်နေသင့်တယ်..။ဒါပေမဲ့..ဒါက ငါတို့တစ်ဖွဲ့တည်း ဖြစ်နေလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ..”

သူသက်ပြင်းချလိုက်ပြီး..အဝေးမှာ ဘဝအတွက် လှုပ်ရှားနေကြတဲ့ လူတွေကို ကြည့်လိုက်တယ်..။

“မော်ဒရက်က ခန့်မှန်းလို့ မရဘူး..။ပြီးတော့ အန္တရာယ်လည်း များတယ်..။သူ့ရဲ့ ပန်းတိုင်က ဘာလဲဆိုတာကို ငါ မသိပေမယ့်..ဒီ အိပ်မက်ဆိုးထဲမှာတော့..သူ့ရဲ့ ခွန်အားတွေက ပိုပြီး ကြီးမားလာနိုင်တယ်လေ..။အိပ်မက်ဆိုး မျိုးစေ့ကို သူက ပထမဦးဆုံး ရှာတွေ့နိုင်တဲ့ လူဆိုတာကို မမေ့လိုက်နဲ့..။ပြီးတော့ ဒါကလည်း မတော်တဆ တွေ့ခဲ့တာ မဟုတ်ဘူး..။သူက ရည်ရွယ်ချက်ရှိရှိကို ရှာဖွေထားခဲ့တာ..။သူက တစ်ကယ်ကို တစ်ခုခုပဲ..”

ဆန်နီ တစ်ခနလောက် တိတ်ဆိတ်သွားပြီးကာမှ ထပ်ပြောလိုက်တယ်..။သူ့အသုံးက ကြမ်းတမ်းစပြုလာခဲ့ပါပြီ..။

“ထပ်ပြောရရင်..မော်ဒရက်က နိုးထခြင်း ကမ္ဘာမှာကတည်းက တစ်ခုခု မှားယွင်းနေခဲ့တာ..။မျှော်လင့်ချက် ကြောင့် သူ့ဆီမှာ ဘယ်လိုတွေ သက်ရောက်နေလဲဆိုတာကို ဘယ်သူ သိမှာလဲ..။တကယ်လို့ သူသာ ..အမှန်တကယ် ရူးသွပ်သွားမယ် ဆိုရင်..”

သူ တုန်လှုပ်ဿွားခဲ့တယ်..။

“..ဒါဆိုရင်တော့ အင်မော်တယ် သူတော်စင်တွေက ငါတို့ရဲ့ အကြီးမားဆုံး ပြသနာ မဟုတ်တော့ဘူး..”

ဒီလိုပြောပြီးတာနဲ့..ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ထုတ်ယူလိုက်ပါတယ်..။ယင်းနောက်..ကိုင်ကို ထူးဆန်းစွာပဲ လှမ်းကြည့်လိုက်တယ်..။

“ဘာပဲဖြစ်ဖြစ်ပါ…နိုတစ်က မင်းရဲ့ ခန္တာကိုယ်ကို စားပွဲပေါ်မှာ ကြိုးတုတ်ပြီး ဘာလုပ်မလဲဆိုတာကိုတော့..အခိုက်အတန့်ကပဲ သိလိမ့်မယ်..။အဲဒီမတိုင်ခင်တော့ ငါတို့မှာ နာရီအနည်းငယ် ရနေသေးတာပဲ..။ဒီအချိန်အတွင်းမှာ မင်းက ငါ့ကို လေးဘယ်လို အသုံးပြုရမလဲ ဆိုတာကို သင်ပေးရင်ရော ဘယ်လိုလဲ..။မင်း စကားပြောနိုင်တုန်းလေး..အာ..ငါ ဆိုလိုတာက အခွင့်အရေး ရှိတုန်းလေး…”

အပိုင်း ( ၆၆၅ ) ပြီး၏။

All Chapters