← Chapters

အနက်ရောင် စီးနင်းသူ

Vol. 45 Ch. 666

အနက်ရောင် စီးနင်းသူ

Vol. 45 Ch. 666

နေလုံးကြီးက မှောင်မိုက်နေတဲ့ အောက်ဘက်ကောင်းကင်ထဲကို ဝင်ရောက်သွားခဲ့တယ်..။အဲ့အချိန်မှာတော့..များပြားလှတဲ့ အရိပ်တွေဟာ..ကမ္ဘာကြီးကို ဝါးမြိုသွားခဲ့ပါပြီ..။အနောက်ဘက် မိုးကုတ်စက်ဝန်းမှာ..ဆည်းဆာချိန်အလင်းရောင်ကို မြင်တွေ့နေရဆဲဖြစ်ပေမယ့် အရှေ့ဘက်မှာတော့..ညအချိန်က တစ်ဖြည်းဖြည်း ချည်းကပ်လာနေခဲ့တယ်..။

ချွန်ထက်နေတဲ့ ကျောက်တိုင်တွေရှိပြီး လူသူကင်းမဲ့နေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာတော့..လျို့ဝှက်ဆန်းကျယ်သော ဘုရားကျောင်းတစ်ခု ရှိနေခဲ့ပါတယ်..။သူ့ရဲ့ လှပတဲ့နံရံတွေကို..ကျဆင်းနေတဲ့ နေလုံးကြီးရဲ့ အနီရောင် အလင်းတန်းတွေနဲ့ ဆေးခြယ်ထားခဲ့တယ်..။သူ့ပတ်ဝန်းကျင်မှာတော့..မရေမတွက်နိုင်တဲ့ ဓားတွေကို မြေကြီးပေါ် ထိုးစိုက်ထားခဲ့ပါတယ်..။ဒါက..ဓားသချိုင်း တစ်ခုလိုပါပဲ..။

ဓားတွေရှိနေတဲ့ တောအုပ်ကနေ ဖြတ်သန်းဖို့အတွက်က လမ်းကြောင်းတစ်ခုတည်းသာ ရှိနေခဲ့တယ်..။ဒီလမ်းကြောင်းကို အမှောင်ထုက ဝင်ရောက်လာတဲ့ အချိန်မှာပဲ..မြည်းဟည်သံတစ်ချက်က ပဲ့တင်ထွက်လာခဲ့ပြီး..နောက်ထပ် အသံတွေကလည်း တဖြည်းဖြည်းနဲ့ ပိုပို နီးကပ်လာခဲ့တယ်..။

ဒီအသံက ကျောက်သားပေါ်ကို မြင်းခွာထိမှန်ပြီး ထွက်ပေါ်လာတဲ့ အသံပါ..။

မကြာခင်မှာပဲ..ကြက်သွေးရောင် မီးတောက်လေးခုက အရိပ်တွေထဲကနေ ထွက်ပေါ်လာခဲ့ပါပြီ..။ယင်းနောက် ဒီ မီးတောက်တွေက မျက်လုံးလေးလုံး အဖြစ် အသွင်ပြောင်းလဲသွားခဲ့တယ်..။နှစ်ခုက..နက်မှောင်သော ဖျက်ဆီးသူ ဆီက ဖြစ်ပြီး..နောက်ထပ်နှစ်ခုကတော့ အနက်ရောင် စီးနင်းသူ ဆီကပါ..။

မြင်းက ညဘက်အချိန်အခါလို နက်မှောင်နေခဲ့ပြီး သူ့ရဲ့ ဦးခေါင်းမှာလည်း ဦးချိုတွေရှိနေခဲ့တယ်..။သူက တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ လမ်းလျောက်နေခဲ့ပြီး..အကြောက်အလန့်ကင်းကာ ထည်ဝါနေခဲ့တယ်..။သူ့ရဲ့ ကြွက်သားတွေက..အမွှေးအဆန်တွေရဲ့ အောက်မှာ အမြောင်းလိုက် ပေါ်ထွက်နေခဲ့ပါတယ်..။စီးနင်းသူကတော့ မဟူရာ အကာအကွယ်ကိုဝတ်ဆင်ထားခဲ့တဲံ..အမျိုးသမီး တစ်ယောက်ပါ..။သူမရဲ မျက်နှာကို ခေါင်းစွပ် မျက်နှာဖုံးရဲ့ နောက်ဘက်မှာ ဖုံးအုပ်ထားခဲ့တယ်..။သူမရဲ့ ပတ္တမြားရောင် တောက်ပနေတဲ့ မျက်လုံးတွေကသာ ဂရုမစိုက်တဲ့ အမူအရာနဲ့ မြင်တွေ့နေခဲ့ရတာပါ..။သူမရဲ့ တည်ရှိမူက တည်ငြိမ်ပြီး ၊ အကြောက်အလန့်ကင်းသလို ..တည်ငြိမ်မူတွေ ..ခွန်အားတွေနဲ့လည်း ပြည့်နှက်နေပါသေးတယ်..။

သူမက ကြီးမြတ်တဲ့ အိုဒါချီ ဓားကြီးကို ပုခုံးပေါ်တင်ထားခဲ့တယ်..။ဓားရဲ့ သံမဏိက..ညအချိန်ရဲ့ အမှောင်ထုလိုမျိုး နက်မှောင်နေခဲ့ပါတယ်..။

…တိတ်ဆိတ်သော စစ်သည်တော်ရဲ့ နောက်ဘက် ခြေနှစ်လှမ်းအကွာမှာတော့..သတ္တဝါနှစ်ကောင်က..မြေကြီးပေါ်ကို ခေါင်းငိုက်စိုက်ချရင်း..လမ်းလျောက်နေခဲ့ကြတယ်..။တစ်ယောက်က အနက်ရောင် ကီမိုနိုကို ဝတ်ဆင်ထားတဲ့ လက်လေးချောင်း နတ်မိစ္ဆာတစ်ကောင် ဖြစ်ပြီး..သူ့ရဲ့ ဆံပင်တွေကို သေချာချည်နှောင်ထားခဲ့ပါသေးတယ်..။တစ်ခြားတစ်ယောက်က ထူးဆန်းတဲ့ လူသား တစ်ယောက်ဖြစ်ပြီး..သူ့ရဲ့ အသားအရည်က သစ်သားကို ချောမွေ့အောင် လုပ်ထားသလိုပါပဲ..။သူက နူးညံ့တဲ့ ပိူးချည်မျှင်နဲ့လုပ်တဲံ အနက်ရောင် ဖျင်ကြမ်းအက်ျီကို ဝတ်ဆင်ထားခဲ့တယ်..။သူတို့နှစ်ယောက်စလုံးမှာ လက်နက်တွေ မရှိကြပါဘူး..။

အနက်ရောင် စစ်သည်ဟာ..သူမရဲ့ မြင်းကို ဓားတောအုပ် ရှိနေတဲ့ လမ်းကြောင်းဆီကို ခြေလှမ်းအနည်းငယ် သွားခိုင်းလိုက်ပြီးနောက်မှာ ရပ်တန့်ကာ စောင့်ဆိုင်းနေခဲ့တယ်..။သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေကတော့ အေးစက်တည်ငြိမ်နေခဲ့ပါတယ်..။ဒါက အမျိုးသမီး တစ်ယောက်ဟာ..ကျောက်တုံးလိုနှလုံးသားကို ပိုင်ဆိုင်ထားတာနဲ့ တူပြီး..ကြောက်လန့်မူတွေ ..မသက်မသာဖြစ်မူတွေ ရှိမနေခဲ့ပေ..။

သို့ပေမယ့် သူမရဲ့ အစေခံတွေကတော့..သူမလို ရှိမနေနိုင်ကြပါဘူး..။နှစ်ယောက်စလုံးက ကြီးမားတဲ့ ကျောက်တုံး ဘုရားကျောင်း ကို ကြည့်နေခဲ့ကြပြီး..သူတို့ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်စိတ်တွေ ရှင်းရှင်းလင်းလင်း ရှိနေခဲ့ပါတယ်..။ခနအကြာမှာတော့..လူသားဟာ..တီးတိုးမေးလာခဲ့တယ်..။

“အခုချိန်မှတော့..နောက်ပြန်လှည့်ဖို့ နောက်ကျသွားပြီ..။ဟုတ်တယ်မလား..”

နတ်မိစ္ဆာဟာ..ပြန်မဖြေခဲ့ပေ..။ဒါက သူ့အနေနဲ့ လူသားဘာသာစကားနဲ့ မပြောနိုင်လို့ မဟုတ်ပါဘူး..။အဲဒီအစား သူက ခေါင်းကိုသာ ငြိမ့်ပြလိုက်ပြီး တစ်ခုခု ကို ခံစားမိတဲ့အလား အေးခဲသွားခဲ့ပါတယ်..။တစ်ခြား အစေခံကလည်း သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်သွားခဲ့တယ်..။

သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ဘာမှရှိမနေခဲ့ပဲ..ချွန်ထက်နေတဲ့ ကျောက်တိုင်ကြီးတွေနဲ့ မြေကြီးပေါ် ထိုးစိုက်ထားတဲ့ ဓားတွေသာ ရှိနေခဲ့ပါတယ်..။ဒီကျွန်းတစ်ခုလုံးကို သွေးနီရောင် နေဝင်ဆည်းဆာ အလင်းနဲ့ လွှမ်းခြုံထားခဲ့ပြီး..အရိပ်တွေကတော့..နေရောင် မရှိတော့တဲ့ နေရာတွေမှာ ပုန်းကွယ်နေခဲ့ကြတယ်..။အဲ့အချိန်မှာပဲ ရုတ်တရက် လေတိုက်ခတ်သွားခဲ့ပြီး..သံမဏိ ဓားတွေရဲ့ ရနံ့တစ်ချို့ကို ရလိုက်ပါတယ်..။

..ပြီးတဲ့နောက်မှာတော့ ဘယ်ကမှန်းမသိပဲ..သူတို့ကို ဒါဇင်နဲ့ချီတဲ့ ပုံရိပ်တွေက ဝန်းရံထားခဲ့တာကို တွေ့လိုက်ရတယ်..။

သူတို့အားလုံးက အနီရောင် ပိုးချည်အက်ျီကို ဝတ်ဆင်ထားကြတဲ့ လှပတဲ့ အမျိုးသမီးတွေပါ..။သူတို့ရဲ့ ခန္တာကိုယ်က သွယ်လျ..ပျော့ပြောင်းကာ…သူတို့ရဲ့ အသားအရည်တွေက နူးညံ့ညှင်သာနေခဲ့ကြတယ်..။သူတို့ရဲ့ မျက်လုံးတွေ ထဲက ထက်ရှတဲ့အေးစက်မူတွေ နဲ့ အကြင်နာတရားကင်းမဲ့မူတွေ ကြောင့်သာ မဟုတ်ရင် ဒီမြင်ကွင်းက အတော်လေးကို ဆွဲဆောင်မူ ရှိနေပါလိမ့်မယ်..။ပြီးတော့ သူတို့ရဲ့ သတ်ဖြတ်လိုတဲ့ ဓားတွေကလည်း..မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေကို ချိန်ရွယ်ထားခဲ့သေးတယ်..။

ဆန်နီ ကြက်သီးထသွားခဲ့ပါတယ်..။

‘…ချီးတဲ့မှပဲ…’

စစ်ပွဲမိန်းမပျိုတွေက အကြောက်အလန့်ကင်းကြတယ်လို့ ပြောတုန်းက နိုတစ်က နောက်ပြောင်နေတာ မဟုတ်ခဲ့ပေ..။ဒီ အမျိုးသမီးတွေက နိုးထမူအဆင့်တွေပဲ ဆိုပေမယ့်..သူတို့က သေလောက်အောင် အန္တရာယ်များတယ်လို့ သူ့ရဲ့ အလိုလို သိစိတ်က အချက်ပေးနေခဲ့ပါတယ်..။သို့ပေမယ့်..ဆန်နီဟာ..ဒီအကြောင်းအရာကို နားလည်ဖို့အတွက် သူ့ရဲ့ အလိုလို သိစိတ်ကို မလိုအပ်ပါဘူး..။ဒီ အမျိုးသမီးစစ်သည်တော်တွေ ဆီကနေ ရရှိနေတဲ့ ခံစားချက်ကို သူ အရင်ကလည်း အကြိမ်အနည်းငယ် ခံစားဖူးပါတယ်..။တိုက်ပွဲ မာစတာတွေနဲ့ တွေ့နေရတဲ့ ခံစားချက်မျိုး..။

ဗာလာရဲ့ မော်ဂန်ကလည်း သူ့ကို ဒီလိုခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်..။ပြီးတော့..ကိုယ်ခံပညာမှာ အဆင့်အမြင့်ဆုံး လယ်ဗယ်မှာ ရှိနေကြတဲံ..နိုင်းရဲ့ အူရို ၊ မာစတာ ဂျက် ၊ နစ်ဖီ နဲ့ တစ်ခြားလူတစ်ချို့လည်း ဒီလိုပါပဲ..။သူ ဒီလူတွေထဲက တစ်ချို့ကို တိုက်ခိုက်ပြီး တစ်နည်းနည်းနဲ့ အသက်ရှင်နိုင်ခဲ့ပေမယ့်..သူ့ခန္တာကိုယ်နဲ့ ဝိဉာဉ်ပေါ်မှာ သွေးးသံတရဲရဲ အမာရွက်တွေကို ပေးဆပ်ခဲ့ရပါသေးတယ်..။

ပြီးတော့ အခုချိန်မှာ သူက ဒီလို မွန်းစတား ဆယ့်နှစ်ယောက်လောက်ကို ကြည့်နေခဲ့ရတယ်..။ပြီးတော့..သူတို့က ဒီတိုင်း အစောင့်အကြပ်တွေပဲဖြစ်တယ် ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး..။ဘုရားကျောင်းထဲမှာ ဘယ်လို တိုက်ပွဲသူတော်စင်မျိုးနဲ့ တွေ့မယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ..။

…ဒီ ဂိုဏ်းက ဆိုဗန်ကို မွေးထုတ်ပေးခဲ့တယ် ဆိုတာ အံ့ဩစရာ မရှိတော့ပေ..။

မကောင်းတဲ့ ကြိုတင်နိမိတ်တွေနဲ့အတူပဲ…ဆန်နီဟာ..လှုပ်ရှားမူတစ်ခုခု မလုပ်မိဖို့ သတိထားရင်း မြေကြီးပေါ်ကိုသာ စိုက်ကြည့်နေခဲ့တယ်..။ဒီအပိုင်းမှာ သူ့ရဲ့ အခန်းဂဏ္ဍက အတော်လေးကို ရိုးရှင်းပါတယ်..။သူက ဒီတိုင်း ဘာမှမလုပ်ဖို့ပဲ လိုအပ်တာပါ..။

သူမရဲ့ မာစတာက တုန်လှုပ်နေသင့်တယ် ဆိုပေမယ့်..သူတော်စင်ကတော့..လုံးဝကို စိုးရိမ်နေတဲ့ အမူအရာ မရှိခဲ့ပေ..။သူမက ခေါင်းကို အနည်းငယ် စောင်းပြီး..စစ်ပွဲမိန်းမပျိုတွေကို ကြည့်လိုက်တယ်..။သူမရဲ့ အကြည့်တွေကတော့ ခါတိုင်းလိုပဲ..တည်ငြိမ်ပြီး..ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံရှိနေခဲ့ပါတယ်..။သူမရဲ့ တည်ငြိမ်မူကို သတိထားမိသွားတာကြောင့် အမျိုးသမီး စစ်သည်တော်တွေဟာ..သူတို့ရဲ့ လက်နက်တွေကို ကျစ်နေအောင် ဆုပ်ကိုင်ထားလိုက်ကြတယ်..။

သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ အရပ်ရှည်ရှည် အနီရောင် ဆံပင် နဲ့ အမျိုးသမီးဟာ..အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပြီး..တင်းမာတဲ့ လေသံနဲ့ မေးလာခဲ့တယ်..။

“ဘာအတွက်ကြောင့် ချာလစ် ဘုရားကျောင်းကို လာခဲ့တာလဲ…ဒီမွန် မိန်းကလေး..”

ဒါပေါ့ သူတော်စင်ကတော့ တိတ်ဆိတ်ပြီးသာ နေနေခဲ့တယ်..။အဲဒီအစား ကိုင်က ရှေ့တက်ပြီး အရိုအသေပေးကာ ဝင်ပြောပေးလာခဲ့ပါတယ်..။သူ့ရဲ့ ဆိုးဝါးတဲ့ အသံက သံချေးတက်နေတဲ့ သံမဏိတွေ အချင်းချင်း ပွတ်တိုက်ပြီး ထွက်လာသလိုပါပဲ..။

“နှုတ်ဆက်ပါတယ် စစ်သည်တော်တို့..။အရှင်မက…”

စစ်ပွဲ မိန်းမပျိုဟာ..သူ့ကို သဘောမကျတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး ကြားဖြတ်ပြောလိုက်တယ်..။

“နင့်ကို ဘယ်သူက စကားပြောခိုင်းလို့လဲ..”

ကိုင် အကြိမ်အနည်းငယ် အရိုအသေ ထပ်မေးလိုက်တယ်..။ယင်းနောက် အမျိုးသမီးကို ကြည့်လိုက်ပြီး..

“အရှင်မရဲ့ စကားသံက မင်းတို့ ကြားဖို့အတွက် မထိုက်တန်ဘူး..။သူမက သူမကို တိုက်ခိုက်ပြီး အနိုင်ယူနိုင်တဲ့ လူတွေကိုပဲ စကားပြောတာ..ပြီးတော့..အဲလိုဆုံးဖြတ်ပြီးကတည်းက သူမက အခုချိန်ထိ စကားမပြောတော့ဘူး..”

စစ်ပွဲမိန်းမပျိုဟာ..တစ်ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။သူမက သူတော်စင်ရဲ့ ထည်ဝါတဲ့ ပုံစံကို လေ့လာနေခဲ့တာပါ..။ယင်းနောက် နက်မှောင်စွာပြုံးလိုက်ပြီး..

“..သူမက ထိုက်တန်မူရှိတဲ့လူနဲ့ မတိုက်ခိုက်ရသေးလို့ ဖြစ်မှာပေါ့..။ဒါဆို မင်းက သူမရဲ့ အစေခံလား..”

ကိုင် ခေါင်းညိမ့်လိုက်တယ်..။

“အမှန်ပဲ..။ကျွန်တော်က သူမအစား စကားပြောပေးတဲ့သူပါ..။ပြီးတော့ ဟိုဘက်မှာရှိနေတဲ့ အရိပ်ရောပဲ..။ကျွန်တော်တို့က အရှင်မကို အမူတော် ထမ်းရွက်ကြတာ..”

အမျိုးသမီးဟာ..ခနလောက် စဉ်းစားသွားခဲ့ပြီး..သူ့ကို မျက်ခုံးပင့်တင်ကာ ကြည့်လိုက်တယ်..။

“နင့်လို လူသားတစ်ယောက်က အရိပ်တွေ ကြားထဲမှာ ဘာလုပ်နေတာလဲ..”

လေးသည်တော်ဟာ စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပြီးကာမှ ပြန်ဖြေလိုက်တယ်..။

“အချိန်အတော်ကြာတုန်းက..လူဆိုးတစ်ချို့က ကျွန်တော့်ကို ဖမ်းပြီး နက်မှောင်တဲ့ ရေတွင်းတစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့ကြတယ်..။ကျွန်တော်က အဲဒီမှာ ဆာလောင်မူကြောင့် သေဆုံးတော့မှာ..။ဒါပေမဲံ..အရှင်မက လေးလံတဲ့ သံဇကာကြီးကို ဖယ်ရှားပြီး ကျွန်တော်ကို ကယ်တင်ပေးခဲ့တယ်လေ..။ပြီးတော့ အဲဒီ နတ်မိစ္ဆာကလည်း လူဆိုးတွေကို သတ်ဖြတ်ပေးခဲ့သေးတယ်..။ကျွန်တော်က သူတို့ကို ပြန်ဆပ်လို့မရနိုင်တဲ့ အကြွေးတစ်ခုကို တင်ရှိနေခဲ့ပါပြီ..”

စစ်ပွဲမိန်းမပျိုဟာ သူ့ကို တိတ်ဆိတ်စွာကြည့်ပြီး ခေါင်းညိမ့်ိုက်တယ်..။

“မင်းက ရိုးရိုးသားသား ပြောခဲ့တာပဲ..အံ့ဩဖို့ကောင်းတယ်..။ဒါဆိုလည်း ပြောပါဦး..မင်းရဲ့ အရှင်မက ဘာလို့ ငါတို့ ဘုရားကျောင်းဆီကို လာခဲ့တာလဲ..”

ကိုင်က သူတော်စင်ကို ကြည့်လိုက်ပြီး တစ်ခနလောက် တွေဝေနေခဲ့တယ်..။

ဆန်နီလည်း သူ့ရဲ့ နှလုံးသားက ပိုမိုမြန်ဆန်လာတာကို ခံစားနေခဲ့ရတယ်..။ဒါက သူတို့ရဲ့ အစီအစဉ်မှာ အန္တရာယ် အရှိဆုံး အပိုင်းပါ..။အမှန်တော့ ဒီလုပ်ရပ်က အမျှော်အမြင်ရှိတဲ့ လုပ်ရပ်တစ်ခု ဟုတ်ရဲ့လား ဆိုတာကို သူ သေချာမသိပေ..။သို့ပေမယ့်..ဒီအလုပ်ရပ်က ဉာဏ်ရှိတဲ့လုပ်ရပ်မဟုတ်ဘူးဆိုရင်တောင် သူတို့ရဲ့ အစီအစဉ်အောင်မြင်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးကို ပေးစွမ်းနိုင်တယ်လို့ နှစ်ယောက်စလုံးက ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်..။စိုးရိမ်ပူပန်မူတွေနဲ့အတူပဲ..သူက အံကိုကြိတ်ထားကာ တိတ်ဆိတ်နေခဲ့တယ်..။

နောက်ဆုံးမှာတော့ လေးသည်တော်က စစ်ပွဲမိန်းမပျိုကို ကြည့်ကာ ပြောလိုက်ပါတယ်..။သူ့ရဲ့ အသံကတော့ တည်ငြိမ်နေခဲ့တယ်..။

“…အရှင်မက အရိပ်တွေရဲ့ ပိုင်ဆိုင်မူကို ပြန်လာယူတာပဲ…။မင်းတို့လက်ထဲမှာ ရှိနေတဲ့ ဆင်စွယ်ရောင် အရှင်ရဲ့ သေခြင်းတရားကိုပေါ့..။မင်းတို့ ပေးချင်တာပဲဖြစ်ဖြစ်..မပေးချင်တာပဲဖြစ်ဖြစ်..သူမက ယူသွားရလိမ့်မယ်..”

အပိုင်း ( ၆၆၆ ) ပြီး၏။

All Chapters