← Chapters

ချာလစ် ဘုရားကျောင်း

Vol. 45 Ch. 667

ချာလစ် ဘုရားကျောင်း

Vol. 45 Ch. 667

ဖန်သားရောင် ဓားအတွင်းမှာ..ဆင်စွယ်ရောင် မြို့ရဲ့ ချိန်းအရှင်သခင် ဖြစ်တဲ့ ဆီးဗားရက် ကို ကိုယ်စားပြုထားတဲ့ ကံတရားကြိုးမျှင်တစ်ခု ပါဝင်ပါတယ်..။အဲတာက သူ့ရဲ့ သေဆုံးခြင်းပါပဲ..။စစ်ပွဲမိန်းမပျိုတွေဟာ..ဒီအရာကို လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက အရိပ်တွေရဲ့ သူတော်စင်ဆီကနေ လက်ခံရရှိထားခဲ့ကြတာပါ..။

အခုတော့ အရိပ်နှစ်ခုက ဒီအရာကို ပြန်ယူဖို့အတွက် ရောက်လာခဲ့ကြပါပြီ..။

လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ရှိခဲ့တဲ ဂိုဏ်းဝင်တွေကတော့ အခုချိန်အထိ ရှင်သန်နေကြဦးမှာ မဟုတ်ဘူးဆိုတာကိုတော့ ဆန်နီ ခန့်မှန်းမိထားခဲ့ပါတယ်..။အထူးသဖြင့်..အရိပ်သခင်က ကိုယ့်ကိုကို မသတ်သေခင်မှာ..ဖန်သားရောင်ဓားကို ပေးအပ်ခဲ့တဲ့ စစ်ပွဲမိန်းမပျိုပါပဲ..။ဒီလိုဆိုရင်တော့..အဲဒီဓားကို လက်လေးချောင်း နတ်မိစ္ဆာက ပို့ဆောင်ခဲ့တယ် ဆိုတာကို ဘယ်သူကမှ သိမှာမဟုတ်ပေ..။

ဒီလိုဆိုရင်တောင်မှ လက်ရှိတပည့်တွေကတော့ သူတို့ရဲ့ ဘုရားကျောင်းထဲမှာ ဘယ်လိုအရာကို သိမ်းထားလဲ ၊ ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာတာလဲ ဆိုတာကို သိနိုင်ကြဦးမှာပါ..။ဒီတော့..အခွင့်အရေးက ဘယ်လောက်ပဲ သေးငယ်နေပါစေ..ဓားကို မူလပိုင်ရှင်တွေဆီကို ပြန်လွှဲအပ်ပေးတာမျိုးတော့ ရှိနိုင်ပါသေးတယ်..။

မဟုတ်ရင်လည်း..သူတို့က အနည်းဆုံးတော့ သူတော်စင်နဲ့ သူမရဲ့ ကျေးကျွန်တွေကို အထဲကို ပေးဝင်ကြပါလိမ့်မယ်..။

ဒါက ဆန်နီ မျှော်လင့်ထားတဲ့ အရာပါပဲ..။ကိုင်ရဲ့ တောင်းဆိုမူ အပြီးမှာ စစ်ပွဲမိန်းမပျိုတွေက ချက်ချင်းမတိုက်ခိုက်ခဲ့ကြတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့်..သူ့ရဲ့ တွက်ချက်မူတွေက မမှားယွင်းခဲ့ပေ..။

သူတို့ကို စကားပြောနေတဲ့ အရပ်ရှည်ရှည်နဲ့ အမျိုးသမီးက..ဖန်သားရောင် ဓားအကြောင်းကို ပြောတဲ့အချိန်မှာ ချက်ချင်းပဲ မျက်နှာ သုန်မုန်သွားခဲ့တယ်..။သူမက သူတော်စင်ရဲ့ ခံစားချက်ကင်းမဲ့နေတဲ့ ပုံရိပ်ကို သေချာလေ့လာလိုက်ပြီး အေးစက်စွာ ပြောလာခဲ့ပါတယ်..။သူမရဲ့ အသံကတော့ အနည်းငယ် အက်ကွဲနေခဲ့တယ်..။

“ဒီတော့..နေ့ရက်က ရောက်လာခဲ့ပြီပေါ့..။ဒီလိုအခိုက်အတန့်ကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတာ ငါတို့ ဘယ်လောက်တောင် ကံကောင်းလိုက်ကြလဲ..။နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က ရှေးဟောင်း အမွေအနှစ်အတွက် အနီရောင် ဂိုဏ်းကို စိန်ခေါ်ရဲခဲ့ပြီ..။ကလေးတွေရဲ့ ပုံပြင်တွေက အမှန်တကယ် ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ.."

သူမ ခါးသက်စွာပြုံးပြီး ခနလောက် စဉ်းစားလိုက်တယ်..။သူမရဲ့ မီးခိုးရောင် မျက်လုံးတွေထဲမှာတော့..ပျော်ရွှင်မူ အရိပ်အယောင်တွေ ရှိမနေခဲ့ပါဘူး..။

“…ဒါပေမဲ့..မင်းမှားနေပြီ…အရိပ်..။ ဖန်သားရောင် ဓားက မင်းနဲ့ မင်းရဲ့ မျိုးနွယ်တွေ ပိုင်ဆိုင်ကြတဲ့ အရာ မဟုတ်ဘူးလေ..။အဲတာက ငါတို့ရဲ့ မိခင်ကြီး ဆီကို ပေးအပ်ထားခဲ့ပြီးပြီ..။သူမကနေတဆင့် ဒီအရာကို ကာကွယ်ကြဖို့ အတွက် ငါတို့ကို တာဝန်ပေးအပ်ထားခဲ့တာ..”

အမျိုးသမီးက တွေဝေသွားခဲ့ပြီး သက်ပြင်းချလိုက်တယ်..။

“ဒါပေမဲ့.. မင်းတို့ကို ပြောဆိုဖို့ ဆိုတာက ငါလုပ်ရမယ့် အရာမဟုတ်ဘူးလေ..။လာပါ ..ဒီမွန် မိန်းကလေး..။ချာလစ် ဘုရားကျောင်းကနေ ကြိုဆိုပါတယ်..”

ဒီလိုပြောပြီးတာနဲ့ စစ်ပွဲမိန်းမပျိုတွေက..သူတို့ရဲ့ လက်နက်တွေကို ဖြည်းညှင်းစွာချပြီး နောက်ကိုလှည့်ထွက်သွားတဲ့ သူတို့ရဲ့ ခေါင်းဆောင်နောက်ကို လိုက်သွားခဲ့ကြပါတယ်..။သူတို့ရဲ့ ဝန်းရံခြင်းကို ခံနေရတဲ့ ..သူတော်စင် ..ဆန်နီ နဲ့ ကိုင် တို့ကတော့ ရွေးချယ်စရာ မရှိပဲ..နောက်ကနေ လိုက်သွားခဲ့ရတယ်..။တစ်ခနကြာပြီးနောက်မှာတော့..တိတ်ဆိတ်တဲ့...နတ်မိစ္ဆာဟာ..အနက်ရောင်မြင်းရဲ့ ကျောပေါ်ကနေ ခုန်ဆင်းလိုက်တယ်..။အနက်ရောင် မြင်းကတော့..အရိပ်ထဲကို တိုးဝင်ပျောက်ကွယ်သွားကာ..ဆန်နီရဲ့ ဝိဉာဉ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်..။

လှပတဲ့ အမျိုးသမီးတွေဟာ..သူတို့ရဲ့ လက်နက်တွေကို ချလိုက်ကြပြီ ဆိုပေမယ့်..သူစိမ်းတွေကိုတော့..သေချာသတိထားစောင့်ကြည့်နေကြတုန်းပါပဲ..။သူတို့ရဲ့ အကြည့်တွေကတင်..ဓားသွားလောက်ကို ထက်ရှပြီး အန္တရာယ်များနေခဲ့ကြတာပါ..။

‘ဘယ်လောက်တောင် မဖော်ရွေကြတဲ့ လူတွေလည်း..’

ဆန်နီ စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး..ခေါင်းကိုငုံ့ကြည့်ကာ..မြေပြင်ပေါ်မှာ ထိုးစိုက်ထားတဲ့ မရေမတွက်နိုင်တဲ့ ဓားတွေကို အာရုံစိုက်နေခဲ့ပါတယ်..။ဒီလက်နက်တွေမှာ သမိုင်းကြောင်းတစ်ခုခု ရှိရမယ်လို့ သူ ခံစားနေခဲ့ရတယ်..။သွေးစွန်းပြီး ကြမ်းတမ်းတဲ့ တိုက်ပွဲတွေရဲ့ အဆုံးသတ်က သေခြင်းတရားဆိုတဲ့ ကြမ်းတမ်းတဲ့ ဇာတ်လမ်းတစ်ပုဒ်..။ဒီဓားတွေထဲက တစ်ချို့က တစ်ချိန်တုန်းက စစ်ပွဲမိန်းမပျိုတွေ ပိုင်ဆိုင်ထားခဲ့တဲ့ အရာတောင် ဖြစ်နေနိုင်ပါတယ်..။သို့ပေမယ့်..အများစုကတော့ ဂိုဏ်းဝင်တွေသတ်ခဲ့တဲ့ စစ်သည်တော်တွေကိုင်ဆောင်ထားကြတဲ့ ဓားတွေပဲ ဖြစ်လောက်မှာပါ..။

…ကျောက်တုံးဘုရားကျောင်း ရဲ့ ပတ်ဝန်းကျင်မှာ အမှန်တကယ်ပဲ ဓားတွေ အများကြီး..အများကြီး ရှိနေခဲ့တယ်..။

မကြာခင်မှာပဲ..သူတို့က ကြီးမားတဲ့ အဆောက်အဦးကြီးရဲ့ ဂိတ်ပေါက်ကို ရောက်သွားခဲ့ကြပြီး အထဲကို ဝင်ရောက်လာခဲ့ကြပါတယ်..။ဆန်နီကတော့ အတွင်းပိုင်း အပြင်အဆင်ကို တစ်နည်းနည်းနဲ့ ရင်းနှီးနေခဲ့တယ်..။သို့ပေမယ့် သူ့စိတ်ထဲမှာ ရှိနေတဲ့ ပုံရိပ်နှစ်ခုကို တစ်ခုတည်းအဖြစ်‌ ပေါင်းစည်းဖို့ ဆိုတာက အတော်လေးကို..ခက်ခဲနေခဲ့ပါသေးတယ်..။တစ်ခုက ပျက်စီးနေတဲ့ အပျက်အစီးဖြစ်ပြီး..တစ်ခုကတော့..လှပပြီး ရှိန်လောက်တဲ့..ပြီးပြည့်စုံမူတွေကို ထိန်းသိမ်းထားတဲ့ ခံတပ်တစ်ခုပါပဲ..။

သူတို့က နေရာကျယ်တဲ့ ဟောခန်းမကြီးတစ်ခုကို ရောက်တဲ့အချိန်မှာ..သူတော်စင်က သူညွှန်ကြားတဲ့အတိုင်း ရပ်တန့်လိုက်ပါတယ်..။ဒါက သူမက ထပ်ပြီး မသွားချင်တော့တဲ့ အတိုင်းပါပဲ..။

အရပ်ရှည်တဲ့ မိန်းမပျိုဟာ..သူမကို မီးခိုးရောင်မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး..အေးစက်စွာ ပြုံးလိုက်တယ်..။

“..ဒီမှာ စောင့်နေလိုက်ပါ..ဒီမွန် မိန်းကလေး…။မင်းရောက်လာတယ် ဆိုတဲ့ အကြောင်းကို ဂိုဏ်းရဲ့ အကြီးအကဲတွေကို အကြောင်းကြားလိုက်ပါ့မယ်..။ပြီးတော့ မင်းရဲ့ စိန်ခေါ်မူကိုရောပေါ့..”

………

အရပ်ရှည်တဲ့ မိန်းမပျိုက ထွက်သွားခဲ့ပေမယ့်..ကျန်တဲ့ အဖွဲ့သားတွေကတော့..သူတို့ကို အဝေးကနေ ဝန်းရံပြီး ရှိနေကြတုန်းပါပဲ..။သူတို့ရဲ့ မျက်နှာတွေက တည်ငြိမ်နေကြပေမယ့်..သူတို့ရဲ့ မျက်လုံးတွေကတော့..ထက်ရှကာ..ဓားတွေရဲ့ လက်ကိုင်ပေါ်ကို လက်တင်ထားခဲ့ကြတယ်..။

သူတို့ရဲ့ အကြည့်အောက်မှာတော့..ဆန်နီက အခြေအနေကို ထောက်လှမ်းဖို့အတွက်..သူ့ရဲ့ အရိပ်တစ်ခုကိုတောင် မလွှတ်ရဲခဲ့ပါဘူး..။သို့ပေမယ့်..သူက ဒီလိုလုပ်စရာ မလိုအပ်ခဲ့ပေ..။အဲဒီအစား သူ့ဘေးနားက အသံကိုသာ သိချင်စိတ်နဲ့ နားထောင်နေခဲ့ပါတယ်..။

ချာလစ်ဘုရားကျောင်းက လုံးဝကို တိတ်ဆိတ်နေခဲ့ပေမယ့်..အဝေးမှာတော့ ထိပ်ခါတလဲလဲ ဖြစ်နေတဲ့ အသံတစ်ခုကို ကြားနေခဲ့ရပါတယ်..။ဒါက တစ်ခုခုထူထဲတဲ့ အရာတစ်ခုက အသွေးအသားတွေကို ရိုက်နှက်နေတဲ့ အသံတစ်ခုဖြစ်ပြီး..တစ်ခါတစ်ရံမှာလည်း ချိန်းကြိုးတွေရဲ့ အသံကို ကြားနေခဲ့ရတယ်..။သူ စိတ်အနှောက်ယှက်ဖြစ်စွာ မျက်မှောင်အနည်းငယ် ကျုတ်လိုက်ပြီး..ကိုင်ကို လှမ်းကြည့်လိုက်ပါတယ်..။

လေးသည်တော်က သူတော်စင်ဘေးနားမှာ ရပ်နေခဲ့ပြီး..သူ့ရဲ့ မျက်နှာကို ခေါင်းစွပ်တစ်ခုနဲ့ ဖုံးကွယ်ထားခဲ့ပါတယ်..။သူ့ရဲ့ ကိုယ်နေဟန်ထားက ယဉ်ကျေးပြီး သက်သောင့်သက်သာ ရှိနေတဲ့ ပုံစံဖြစ်ပေမယ့်..ဒီနောက်ကွယ်မှာဖုံးကွယ်နေတဲ့ ထူးဆန်းတဲ့..တင်းမာမူကို ဆန်နီ ခံစားနေခဲ့ရတယ်..။

သူ မျက်မှောင်ကျုတ်လိုက်ပြီး လက်ကို အနည်းငယ် လှုပ်ကာ သူ့သူငယ်ချင်းရဲ့ အာရုံစိုက်မူရအောင် လုပ်လိုက်တယ်..။

ကိုင် ခနလောက်တွေဝေနေခဲ့ပြီးကာမှ..သူ့ခေါင်းကို မလှည့်ပဲ…နိုးထခြင်းကမ္ဘာရဲ့ ဘာသာစကား အတိုင်း ပြောလာခဲ့ပါတယ်..။

“အင်း..ငါ တွေ့တယ်..”

နိုက်တင်ဂေးက အနားမှာ ရှိနေတဲ့ အချိန်မှာ ဆန်နီက ဘာလို့ အရိပ်ကိုလွှတ်ပြီး အဝေးကို ကြည့်ဖို့ လိုအပ်မှာလဲ..။ကိုင်ရဲ့ နိုးထခြင်း စွမ်းရည်က..အဝေးကြီးကို မြင်နိုင်စွမ်းရှိသလို..အရာဝတ္တုတွေကိုလည်း ဖောက်မြင်နိုင်ပါတယ်..။တစ်ချို့အရာတွေလောက်ကပဲ..သူ့ရဲ့ အကြည့်အောက်ကနေ..ဖုံးကွယ်နိုင်စွမ်းရှိတာပါ..။

ဒီတော့..သူ့ရဲ့ တာဝန်က မစ်ရှင်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ ဖန်သားရောင် ဓားရဲ့ တည်နေရာကို ရှာဖွေဖို့ပါပဲ..။

ပြီးတော့ မိနစ်အနည်းငယ် အတွင်းမှာပဲ..သူက ဒါကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဘ်..။

သို့ပေမယ့် ကိုင်ရဲ့ ပုံစံကတော့ ပျော်ရွှင်နေပုံ မရပါဘူး..။

“ဆန်နီ..အာ…ငါတို့မှာ ပြသနာတော့ နည်းနည်းရှိနေပြီထင်တယ်..”

‘ချီးတဲ့မှပဲ…’

ဆန်နီကတော့..သူ့သူငယ်ချင်းရဲ့ လေသံကို နည်းနည်းလေးတောင် သဘောမကျမိပေ..။သူက တစ်ဖက်ကို ခေါင်းအနည်းငယ်လှည့်လိုက်ပြီး..သစ်သားမျက်နှာဖုံးကို တပ်ဆင်ထားတဲ့..လူငယ်လေးကို ကြည့်လိုက်ပါတယ်..။

လေးသည်တော်က သက်ပြင်းချလိုက်ပြီး..

“မင်းမြင်တဲ့အတိုင်းပဲ…ဘုရားကျောင်းရဲ့ အလယ်မှာ ကြီးမားတဲ့ ဟောခန်းကြီး တစ်ခုရှိတယ်..။ပြီးတော့..အဲဒီဟောခန်းမကြီးရဲ့ အလယ်မှာက ကြီးမားတဲ့ ချာလစ် ဖလားကြီးတစ်ခုရှိတယ်..။ပြီးတော့ အဲဒီ ချာလစ်ဖလားထဲကို..ပြင်းထန်ပြီး ဒေါသတကြီး တောက်လောင်နေတဲ့ မီးလျှံတွေ အပြည့်ထည့်ထားခဲ့တယ်..။အမှန်တကယ်တော့ အဲဒီအထဲမှာ ရှိနေတဲ့ မီးတောက်တွေက ကောင်းကင်မီးတောက်တွေ ဆိုတာကို ငါ ကျိန်းသေသိတယ်..”

သူ တစ်ခနလောက် တွေဝေနေပြီးကာမှ သုန်မုန်စွာ ထပ်ပြောလာခဲ့ပါတယ်..။

“ဖန်သားရောင် ဓားက အဲဒီ ချားလစ် ဖလားကြီးရဲ့ အောက်ခြေမှာပဲ..။ဖျက်ဆီးအားပြင်းတဲ့ ကောင်းကင်မီးတောက် တွေရဲ့ အလယ်မှာ ရှိနေခဲ့တာ..”

အပိုင်း ( ၆၆၇ ) ပြီး၏။

All Chapters