← Chapters

စစ်ပွဲသယ်ဆောင်သူများ..

Vol. 45 Ch. 668

စစ်ပွဲသယ်ဆောင်သူများ..

Vol. 45 Ch. 668

‘ချီးတဲ့မှပဲ…ချီးတဲ့မှပဲ..ဘာလို့ တစ်ချိန်လုံး နတ်ဘုရား မီးတောက်ပဲ ဖြစ်နေရတာလဲ..’

နောက်ဆုံးမှာတော့ သူတို့သုံးယောက်စလုံးက ခန်းမကြီးရဲ့ အလယ်နေရာဆီကို ဝင်ခွင့်ရခဲ့ကြတယ်..။အဲဒီနေရာမှာတော့..မီးခိုးရောင် ကျောက်တုံးကြီးတစ်တုံးကို ထွင်းထုထားတဲ့..ချားလစ် ဖလားကြီး တစ်ခု ရှိနေခဲ့ပါတယ်..။ခန်းမကြီးတစ်ခုလုံးက..အလင်းတွေ ၊ နက်ရှိုင်းတဲ့ အရိပ်တွေ ၊ ပြင်းထန်တဲ့ အပူရှိန်တွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။သို့ပေမယ့်..ဒီလောက်အပူချိန်က သိပ်ပြီး မဆိုးဝါးသေးပါဘူး..။

…နေနတ်ဘုရားရဲ့..နေလုံးကြီးရဲ့ အနီးမှာသာ ဒီလောက် နီးနီးကပ်ကပ်ရပ်နေမယ်ဆိုရင် သူတို့အားလုံး ပြာကျသွားမှာ အမှန်ပါပဲ..။

ဆန်နီဟာ ချားလစ် ဖလားကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်နေရင်း..အောက်ဘက်ကောင်းကင်မှာ သူခံစားခဲ့ရတာတွေကိုတောင် ပြန်သတိရသွားခဲ့ပါတယ်..။ဒါက အရင်တုန်းက နေနတ်ဘုရားက မျှော်လင့်ချက်ဘုရင်နိုင်ငံအပေါ်ကို ချခဲ့တဲ့ အဖြူရောင် မီးတွေရဲ့ အကြွင်းအကျန် အစစ်အမှန်ပါပဲ..။ပြီးတော့ ဒီအရာက အခုအချိန်အထိ လောင်ကျွမ်းနေခဲ့ပါသေးတယ်..။မီးတောက်တွေက နောက်ဆုံးဘာမှမကျန်ပဲ လေဟာနယ်ပဲ ကျန်တော့တဲ့ အထိ ဝါးမြိုသွားခဲ့ပါတယ်..။

ရက်စက်သော မြင်ကွင်းအထဲကို စုပ်ယူခဲ့တဲ့ ..ကောင်းကင်မီးတောက်တွေက အတော်လေး အားကောင်းတယ် ဆိုပေမယ့်..ဒီမှာမြင်နေရတဲ့ အရာကတော့..တကယ့်ကို အစစ်အမှန်တစ်ခုပါ..။

ဒီ ချာလစ် ဖလားကြီးက ဖျက်ဆီးအားပြင်းတဲ့ ကောင်းကင်မီးတောက် တွေကို ဖယ်လိုများ ထိန်းထားနိုင်တာလဲ..။

သူ တုန်လှုပ်သွားခဲ့ပြီး..ကျောက်တိုင်ကြီးရဲ့ အောက်ဘက်မျက်နှာပြင်ကို လှမ်းကြည့်လိုက်တယ်..။အညိုရောင် ကျောက်တုံးကြီးရဲ့ အောက်ဘက်မှာတောက်ပနေတဲ့..ရှေးဟောင်းသကေ်တတွေ ရက်လုပ်ထားတာကို သူ တွေ့မြင်လိုက်ရပါတယ်..။အားကောင်းတဲ့ မှော်စွမ်းအား တစ်ခု..။ဘယ်လို မှော်ဆရာမျိုးက ဒီလိုအရာမျိုးကို ဖန်တီးထားနိုင်ခဲ့တာလဲ..။ဘယ်သူကများ..ဒေါသတကြီးတောက်လောင်နေတဲ့ နတ်ဘုရားမီးတောက်တွေကို ထိန်းသိမ်းထားနိုင်လောက်တဲ့အထိ အားကောင်းနေရတာလဲ..။

ဘာပဲဖြစ်ဖြစ်..ဒီ မှော်စွမ်းအားတွေကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာကို မသိရင်..အထဲမှာရှိနေတဲ့ ဖန်သားရောင် ဓားကို ယူဖို့ ဆိုတာက..မလွယ်ကူတာ ဒါမှမဟုတ်..မဖြစ်နိုင်တာတွေ ဖြစ်သွားနိုင်ပါတယ်..။သူတို့ရဲ့ မစ်ရှင်က အတော်လေးကို ခက်ခဲသွားခဲ့ပါပြီ..။

‘ချီးတဲ့မှပဲ…’

ကျောက်တုံး ချားလစ်ဖလားကြီးကို ပဲ အာရုံရောက်နေခဲ့တာကြောင့်..သူ့ရဲ့ ရှေ့မှာ ရပ်နေကြတဲ့ အမျိုးသမီး သုံးယောက်ကို ဆန်နီ တစ်ခနလောက်ကြာတဲ့အထိ သတိမထားမိခဲ့ပေ..။သို့ပေမယ့်..သူ သတိထားမိလိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ ခံစားချက်က ပိုပြီး ဆိုးဝါးသွားခဲ့ပါတယ်..။

သူတို့ရဲ့ နောက်ဘက်မှာလောင်ကျွမ်းနေတဲ့ မီးတောက်တွေကြောင့်..အနက်ရောင် အရိပ်တွေအဖြစ်သာ မြင်နေရတဲ့ တက်ရောက်မူအဆင့် မာစတာ သုံးယောက်ဟာ..မဖိတ်ခေါ်ထားတဲ့ ဧည့်သည်သုံးယောက်ကို. သတ်ဖြတ်လိုစိတ်တွေနဲ့ကြည့်နေခဲ့ကြပါတယ်..။

တစ်ယောက်က အနီရောင် ဆံပင်ရှိပြီး ဆန်နီလိုမျိုး အိုဒါချီဓားကို ကိုင်ဆောင်ထားခဲ့တယ်..။သူ့ရဲ့ ဓားသွားကိုတော့ တောက်ပတဲ့ သံမဏိကနေ တဆင့်ထုလုပ်ထားခဲ့ပါတယ်..။တစ်ယောက်က အနက်ရောင် ဆံပင်ရှိပြီး ရိုးရှင်းတဲ့ လှံရှည်ကိုသာ ကိုင်ဆောင်ထားခဲ့တယ်..။သူ့ရဲ့ အပေါ်မှာတော့..ရှုပ်ထွေးတဲ့ ရူးနစ်သကေ်တတွေနဲ့ ဖန်တီးထားခဲ့ပါတယ်..။တစ်ယောက်ကတော့ အဖြူရောင် ဆံပင်ရှိပြီး ဘာလက်နက်ကိုမှ မကိုင်ဆောင်ထားခဲ့ပေ..။

..နောက်ဆုံးတစ်ယောက်ကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ..။ဆိုဗန်ဆိုရင်လည်း ဘာလက်နက်ကိုမှ ကိုင်ဆောင်ဖို့ မလိုအပ်ပါဘူး..။တကယ်လို့ ပထမဆုံး အမျိုးသမီး နှစ်ယောက်က ကြောက်မက်ဖွယ် ကျွမ်းကျင်မူတွေနဲ့ စစ်သည်တော်တွေ ဆိုရင် တတိယတစ်ယောက်က…တတိယတစ်ယောက်က..သူ့ကို ဒီအရာထက် ပိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်စွမ်း ရှိနေခဲ့ပါတယ်..။

စစ်ပွဲရဲ့ စစ်မှန်တဲ့ သယ်ဆောင်သူ တစ်ယောက်..။

သူ ခန်းမပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့ အနာဂတ်မှာ ဘယ်လို အခြေအနေတွေလည်း ဆိုတာ ပြန်မှတ်မိသွားခဲ့ပါတယ်..။

အနာဂတ်မှာတုန်းက ကြမ်းပြင်ကို ဖုံးအုပ်ထားတဲ့ ကျောက်ပြားကြီးတွေက အက်ကွဲကာ ပုံပျက်နေခဲ့တယ်..။ခေါင်းမိုးတွေကို ထောက်ထားတဲ့ ဒေါက်တိုင်တွေကလည်း ပြိုကျပျက်စီးနေခဲ့ကြပါတယ်..။ခန်းမကြီးရဲ့ နံရံတွေက အရမ်းကို သန်မာပုံရပေမယ့်..အပြင်ဘက်တွေကို ယိုင်ထွက်နေခဲ့ကြတာပါ..။ဒါက ခန်းမကြီးရဲ့ အလယ်ဗဟိုမှာ ကြီးမားတဲ့ အင်အားတစ်ခုနဲ့ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ် လို့ ဆိုလိုတာပါပဲ..။ချားလစ် ဖလားကြီးကိုယ်တိုင်လည်း ဖျက်ဆီးခံလိုက်ရပြီး..ကြမ်းပြင်ပေါ်မှာ အကြွင်းအကျန်တစ်ချို့သာ ကျန်ရှိပါတော့တယ်..။

…ပြီးတော့ ခန်းမတစ်ခုလုံးမှာလည်း လူသားတွေရဲ့ အရိုးတွေက ပြန့်ကျဲနေခဲ့သေးတယ်..။တစ်ချို့က အနီရောင် ဝတ်စုံကို ဝတ်ထားကြပြီး ၊ကပ်ဆိုးကြီးဖြစ်ပြီးသွားတာ နှစ်ထောင်ချီကြာပြီးသွားတာတောင် သူတို့ရဲ့ မျက်လုံးထဲမှာ လက်စားချေလိုစိတ်တွေကို မြင်တွေ့နေခဲ့ရပါသေးတယ်..။

ဆန်နီဟာ..ကခုန်နေတဲ့ အဖြူရောင် မီးတောက်ကို လှမ်းကြည့်လိုက်ပြီး ကြက်သီးထသွားခဲ့တယ်..။တစ်စုံတစ်ယောက်က..ချားလစ် ဘုရားကျောင်းကို ရောက်လာခဲ့ပြီး ဖျက်ဆီးသွားခဲ့တာပါ..။သူက တစ်ချိန်တည်းမှာပဲ…မိန်းမပျိုတွေအားလုံးကို သတ်သွားခဲ့ပါသေးတယ်..။သူတို့ကလည်း..ဖန်သားရောင်ဓားကို ရှာဖွေနေကြတာပဲလား..။သူတို့က ဒီ ကြောက်စရာ သက်ရှိနဲ့..ရင်ဆိုင်တွေ့ရဦးမှာလား..။

ဒါမှမဟုတ်..ဖြစ်နိုင်တာက သူတို့ တွေ့ထားပြီးကြပြီလား..။

မျက်နှာနှစ်ခုက သူ့စိတ်ထဲကို ချက်ချင်းဝင်ရောက်လာခဲ့တယ်..။အဲတာကတော့ ဆိုဗန်နဲ့ နိုတစ်ရဲ့ ပုံရိပ်တွေပါ…။

သူ့ရဲ့ အတွေးတွေကို..တက်ရောက်မူအဆင့် မိန်းမပျိုတစ်ယောက် ကြားဖြတ်သွားခဲ့ပါတယ်..။အမျိုးသမီးဟာ..ဒီလူတွေထဲမှာ အားအကောင်းဆုံး ဖြစ်တဲ့ ပုံပါပဲ..။အဖြူရောင်ဆံပင်နဲ့ အမျိုးသမီးက သူတော်စင်ကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်..။

“မင်းက ငါတို့ မိခင်ကြီး ထားရစ်ခဲ့တဲ့ အမွေအနှစ်ကို လာယူတာလို့ ပြောတယ် အရိပ်..”

သူတော်စင်က ခနလောက်တွေဝေနေပြီးကာမှ..ခေါင်းအနည်းငြိမ် ညိ့မ်ပြလိုက်တယ်..။

မိန်းမပျိုဟာ ပြုံးလိုက်ပါတယ်..။ဒီအပြုံးက ဆန်နီကို တောင် ကျောချမ်းသွားစေခဲ့တယ်..။

“ဒီလိုဆိုရင်တော့ လုပ်ရမယ့် အရာက အရမ်းရိုးရှင်းပါတယ်..။မင်းက ချားလစ် ဖလားကြီးရဲ့ ရှေ့မှာ ကိုယ့်ကိုကို သက်သေပြရလိမ့်မယ်..။ငါ နဲ့ ငါ့ရဲ့ ညီအစ်မ နှစ်ယောက်ကို သတ်ပါ..။တကယ်လို့ မင်းသတ်နိုင်ရင်..ဖန်သားရောင် ဓားကို ရလိမ့်မယ်..”

သူတော်စင် အနည်းငယ် စဉ်းစားလိုက်ပြီးကာမှ..ဂရုမစိုက်တဲ့ အမူအရာနဲ့ပဲ လက်ခံလိုက်ပါတယ်..။

ဆန်နီ စိတ်သက်သာရာ ရစွာသက်ပြင်းချလိုက်တယ်..။

ဒီတော့..ဖန်သားရောင် ဓားကို တစ်စုံတစ်ယောက်ရဲ့ လက်ထဲကို ထည့်ပေးဖို့အတွက် ထုံးထမ်းစဉ်လာတစ်ခု ရှိတာပေါ့..။ဒီအရာကို ပေးအပ်ဖို့အတွက် စမ်းသပ်မူတစ်ခု..။ရိုးရှင်းတဲ့ နှစ်ယောက် တိုက်ခိုက်မူ ဒါမှမဟုတ် ဂိုဂဏ်းရဲ့ စီနီယာ စစ်သည်တော်တွေနဲ့ သုံးယောက်တစ်ယောက် တိုက်ခိုက်မူပါ..။

သူ့ရဲ့ အဆိုးဝါးဆုံး မျှော်လင့်ထားမူက ဖြစ်မလာခဲ့ပါဘူး..။သူတော်စင်က တက်ရောက်မူအဆင့် အမျိုးသမီး ဘုန်းတော်ကြီး သုံးယောက်ကို သတ်နိုင်မလား ဆိုတာကိုတော့ သူမသိပေ..။သို့ပေမယ့် အနည်းဆုံးတော့ အခွင့်အရေးက ရှိနေပါသေးတယ်..။

ပြီးတော့..ဂိုဏ်းခေါင်းဆောင်‌ေတွ သေဆုံးပြီးသွားပြီ ဆိုရင်..အယ်ဖီကို ရှာဖွေပြီး ကယ်ထုတ်ဖို့ ဆိုတာက ပိုမိုလွယ်ကူသွားခဲ့ပါပြီ..။

စစ်ပွဲ မိန်းမပျို တိတ်ဆိတ်သွားတဲ့ အချိန်မှာပဲ..အိုဒါချီဓားကို ကိုင်ဆောင်ထားတဲ့ နောက်ထပ် အမျိုးသမီးက..စကားပြောလာခဲ့ပါ့တယ်..။

“ဒါပေမဲံ..ပထမဆုံးအနေနဲ့…မင်းက ငါတို့ကို စိန်ခေါ်ဖို့ ထိုက်တန်မူရှိတယ် ဆိုတာကို သက်သေပြရမယ်..။မင်းက ငါတို့တစ်ယောက်ချင်းစီတိုင်းရဲ့ တပည့်တစ်ယောက်စီကို အရင်ဆုံး အနိုင်ယူရလိမ့်မယ်..”

သူမ စကားပြောရပ်လိုက်တာနဲ့..တတိယတစ်ယောက်က ပြောလာခဲ့ပါတယ်..။

“..မဟုတ်ရင်တော့ မင်း သေရလိမ့်မယ်..”

ဆန်နီ ကျိတ်ပြီး ရယ်မောလိုက်ပါတယ်..။တက်ရောက်မူအဆင့်ကို ရောက်နေပြီဖြစ်တဲ့ သူတော်စင်အတွက်ကတော့..နိုးထမူအဆင့် စစ်သည်တော် သုံးယောက်က လုံးဝ ခြိမ်းခြောက်မူတစ်ခုမဟုတ်ပါဘူး..။သူတို့ရဲ့ အဆင့် နဲ့ အမျိုးအစားက..သူတော်စင်နဲ့ မတူကြပေ..။

သို့ပေမယ့် တစ်ခုခုက မမှန်ဘူးလို့ ခံစားနေရတယ်..။အခုချိန်မှာ ဘာလဲ ဆိုတာကို မပြောနိုင်သေးပေမယ့်..သူ့ရဲ့ အလိုလိုသိစိတ်ကြောင့် စိတ်ထဲမှာ မသက်သာသလို ခံစားနေခဲ့ရပါတယ်..။

ဆန်နီကိုင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ လေးသည်တော်ရဲ့ မျက်လုံးထဲမှာလည်း တူညီတဲ့ အမူအရာ ရှိနေတာကို တွေ့လိုက်ရတယ်..။သူ ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး လူငယ်လေးကို ရှေ့တက်ပြောဖို့ အချက်ပြလိုက်ပါတယ်..။

“ကျွန်တော့်ရဲ့ အရှင်မက လက်ခံပါတယ်..။ဒါပေမဲံ..သင်တို့ရဲ့ တပည့်တွေကိုတော့ သတ်မှာမဟုတ်ပါဘူး..။ဒီလို တိုက်ပွဲမျိုးက သူမအတွက် အပန်းမကြီးနိုင်ဘူး ဆိုပေမယ့်..အသက်နတ်ဘုရားမရဲ့ မြင့်မြတ်တဲ့ ကျောင်းတော်မှာ အပြစ်ပြုမိတာမျိုး မဖြစ်ချင်ဘူးလေ..။တကယ်လို့ ဒီ တပည့်တွေက အရှင်မကို စိန်ခေါ်ချင်တယ် ဆိုရင် သူမရဲ့ အရိပ်ကို အရင်ကျော်ဖြတ်ရပါလိမ့်မယ်..”

အဖြူရောင် ဆံပင်နဲ့ စစ်ပွဲမိန်းမပျိုက ရယ်မောလိုက်တယ်..။ယင်းနောက် ရှေ့ကို ခြေတစ်လှမ်းတိုးလာခဲ့ပြီး..

“ဒီတော့..သူမက ငါတို့ရဲ့ တပည့်ကို အနိင်ယူပြီးမှ ငါတို့ကို တိုက်ခိုက်နိုင်သလို ၊ ငါတို့ရဲ့ တပည့်တွေကလည်း သူမရဲ့ အရိပ်ကို နိုင်ပြီးမှ သူမကို ယှဉ်ပြိုင်နိုင်မယ်ပေါ့..။ကောင်းပြီ ကောင်းပြီ..ဒီလိုပဲ ထားလိုက်ရအောင်..။စစ်ပွဲသယ်ဆောင်သူတွေကို ဘယ်အရိပ်ကမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အရှင်မ သေဆုံးတဲ့ အချိန်ကြရင် အရိပ်လည်း သေဆုံးရမှာပဲလေ..။ဒီတော့ သူ့ကို အရင် သတ်ပေးလိုက်ရအောင်..”

ဒီလို ပြောပြီးတာနဲ့ သူမက ငယ်ရွယ်တဲ့ စစ်ပွဲမိန်ုးမပျိုတစ်ယောက် ဆီကို လှည့်လိုက်ပြီး..နက်မှောင်စွာ ပြုံးလိုက်ပါတယ်..။

“ငါတို့ရဲ့ဧည့်သည်တွေကို စိတ်မပျက်စေနဲ့..။ငါ့ရဲ့ ကံဆိုးတဲ့ ဆက်ခံသူလို့ ခေါ်လို့ရတဲ့ ရိုင်းစိုင်းတဲ့ ကလေးကို သွားခေါ်လိုက်..။ဒီနေ့မှာ..သူမ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက်..ဒီ အရိပ်နှစ်ခုကို သတ်ပြီး.ပြေလည်ခွင့်ရနိုင်လိမ့်မယ်..”

ဆန်နီ ကိုတော့ ရှေ့ကို ခေါ်သွားခဲ့ကြပြီး လက်နက်တွေကို‌ ရွေးစေခဲ့ပါတယ်..။တစ်ခနလောက်တွေဝေပြီးနောက်မှာတော့ သူက အပေါ်လက်နှစ်ဖက်နဲ့ ကြီးမားတဲ့ ဓားနှစ်ချောင်းကို ယူပြီး..၊ အောက်လက်နှစ်ဖက်နဲ့ ဒိုင်းကာ ၊ ဓားမြောင်တွေကို ယူလိုက်တယ်..။

ယင်းနောက် သူက ခန်းမရဲ့ အလယ်ကို လျောက်သွားလိုက်ပြီး..အမှောင်ထုထဲမှာ လောင်ကျွမ်းနေကြတဲ့ နတ်ဘုရား မီးတောက်တွေကို ကြည့်နေခဲ့ပါတယ်..။

..အရာအားလုံးကို သုံးသပ်ကြည့်ရင်တော့..အခြေအနေတွေက ကောင်းမွန်စွာ ဖြစ်ပေါ်နေခဲ့တာပါ..။တက်ရောက်မူအဆင့် စစ်ပွဲမိန်ုးမပျိုတွေက အတော်လေးကို တွက်ချက်တတ်ပြီး..သူတို့ရဲ့ တပည့်တွေကို..စတေးခံတွေအဖြစ် သတ်မှတ်ခဲ့ကြတယ်..။ဒီအရာက သံသယဖြစ်စရာ မလိုအောင်ပဲ သူတို့ရင်ဆိုင်ရမယ့် သူတော်စင်ရဲ့ ကျွမ်းကျင်မူတွေကို တွေ့မြင်ချင်ခဲ့တာပါ..။ဘာပဲဖြစ်ဖြစ်..ရန်သူရဲ့ အကြောင်းကို ကြိုသိနေတာက..တစ်ဝက် အောင်နိုင်ခြင်းပါပဲ…။ရန်သူတိုက်ခိုက်တာကို စောင့်ကြည့်နေရင်း သူတို့ရဲ့ ကျွမ်းကျင်မူတွေကို သိုဝှက်နေနိုင်မယ်ဆိုရင်..တိုက်ပွဲ မာစတာ သုံးယောက်က ဆန်နီ မပေးချင်တဲ့ အားသာချက်ကို ရရှိသွားကြမှာပါ..။

သို့ပေမယ့် အချိန်မှာ သူက နိုးထခြင်းအဆင့် မိန်းမပျို သုံးယောက်ကို တိုက်ခိုက်တော့မယ် ဆိုတော့..သူတော်စင်ကလည်း တိုက်ပွဲမာစတာ သုံးယောက်လိုပဲ..ဆက်လက်ပြီး သိုဝှက်စွာ နေနိုင်သွားပါလိမ့်မယ်..။ဒီလို ကြောက်မက်ဖွယ် ပြိုင်ဖက်တွေကို ရင်ဆိုင်ရတာက လွယ်ကူမှာ မဟုတ်ဘူးဆိုပေမယ့်..သူ့ရဲ့ အရည်အသွေးတွေက အားကောင်းပြီး..သူတို့ကို သတ်ဖြတ်နိုင်လိမ်မယ် ဆိုတာ ယုံကြည်ပါတယ်..။

ဒီလို ကျွမ်းကျင်မူရှိတဲ့ စစ်သည်တော်တွေက သူ့ရဲ့ အရိပ်ကခုန်မူ စွမ်းရည်ကို မြင့်တက်လာစေနိုင်မှာပါ..။ပိုပြီးအရေးကြီးတာပ…

သူတို့က ဂိုဏ်းတစ်ခုလုံးနဲ့ တိုက်ခိုက်ရမှာ မဟုတ်ပါဘူး..။နတ်ဘုရားမီးတောက်တွေ ပါဝင်တဲ့ ချားလစ် ဖလားကြီးက အက်ကွဲသွားမှာ မဟုတ်သလို..၊ ဘုရားကျောင်းကလည်း ပျက်စီးသွားမှာ မဟုတ်ပါဘူး..။ဒီ မှာ ဖြစ်ပျက်တဲ့ အရာရာတိုင်းက..ဆန်နီနဲ့ ကိုင်တို့နေခဲ့တဲ့ ကမ္ဘာကြီးကို သက်ရောက်မှာမဟုတ်ပေ..။

သူ လုပ်ဖို့ လိုအပ်တာဆိုလို့..အမျိုးသမီးငယ် သုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက်သတ်ဖြတ်ဖို့ ပါပဲ..။သံသယဖြစ်စရာ မလိုအောင်ပဲ..သူတို့က အတော်လေး အားကောင်းကြမှာပါ..။အထူးသဖြင့်..မျှော်လင့်ချက်ရဲ့ ရူးသွပ်မူ ကျိန်စာက သူတို့ရဲ့ သွေးကြောထဲမှာ စီးဝင်နေတဲ့အ ချိန်မှာပါပဲ..။သို့ပေမယ့်..သူက ဒီထက်ပိုဆိုးတာတွေကို တောင် ကြုံတွေ့ခဲ့ပြီးပါပြီ..။ဆန်နီဟာ သူ့ အရည်အချင်းကို ယုံကြည်မူအပြည့် ရှိနေခဲ့တယ်..။

သို့ပေမယ့် တစ်ခန အကြာမှာတော့…သူ့ရဲ့ အနက်ရောင် မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါပြီ..။

သူ့ရဲ့ ပထမဆုံးပြိုင်ဖက်ကို မြင်တဲ့အချိန်မှာတော့..ဆန်နီဟာ..အကူအညီမဲ့စွာ တုန်လှုပ်သွားခဲ့ပြီး အသံတစ်ချို့ ထွက်ပေါ်လာခဲ့ပါတယ်..။

‘ချီးတဲ့မှပဲ..’

အပိုင်း ( ၆၆၈ ) ပြီး၏။

All Chapters