← Chapters

ကလေးလက်အိတ်တွေနဲ့..

Vol. 45 Ch. 670

ကလေးလက်အိတ်တွေနဲ့..

Vol. 45 Ch. 670

အယ်ဖီရဲ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ စရိုက်နဲ့..ခင်မင်ဖို့ကောင်းတဲ့ ပုံစံတွေကြောင့်..သူမက ဘယ်လောက်တောင် ကြောက်လန့်ဖို့ကောင်းတဲ့ စစ်သည်တော်တစ်ယောက်လည်း ဆိုတာကို မေ့ပျော်ကဖို့ လွယ်ကူစေပါတယ်..။

အဖွဲ့ဝင်တွေ အားလုံးထဲမှာ..သူမက မေ့ပျော်ကုန်းမြေပေါ်မှာ အချိန်အကြာဆုံး ရှငိသန်နိုင်ခဲ့တဲ့ တစ်ယောက်တည်းသော သူပါပဲ..။သူမက အမှောင်မြို့တော်ရဲ့ ကျိန်စာသင့်လမ်းမတွေပေါ်မှာ အိပ်မက်ဆိုးသားရဲတွေကို တစ်ယောက်တည်းအမဲလိုက်ပြီး နေထိုင်ခဲ့တယ်..။ဘာလို့လဲဆိုတော့ သူမကို ကူညီတဲ့လူတိုင်းကို..သူမရဲ့ငြင်းပယ်မူကြောင့် မကျေမနပ်ဖြစ်နေတဲ့ ရဲတိုက်အရှင်က..ရှင်းထုတ်နေတဲ့ အတွက်ကြောင့်ပါ..။

ငယ်ရွယ်တဲ့ မုဆိုးမိန်းကလေးဟာ..သူမအပေါ် အခုလိုကန့်သတ်မူတွေ ပြုလုပ်ထားသည့်တိုင်အောင် ရဲတိုက်အရှင်ရဲ့ လက်အောက်ကို မဝင်ခဲ့တာက သူမက ဘယ်လောက်တောင် စိတ်ဓာတ်ပြတ်သားလဲဆိုတာကို ဖော်ပြနေခဲ့တာပါ..။

သူမရဲ့ ဂဏ္ဍစွမ်းရည်က အယ်ဖီကို စစ်ပွဲအတွက် ပြီးပြည့်စုံတဲ့ လက်နက်တစ်ခု ဖြစ်လာစေခဲ့ပါတယ်..။ကတ်စတာ ပိုင်ဆိုင်ထားတဲ့ အမြန်နှုန်းမြင့်တင်နိုင်တဲ့ စွမ်းရည်မဟုတ်ပေမယ့် ဒါက အံ့ဩစရာကောင်းပြီး ကောင်းမွန်နေပါသေးတယ်..။ပိုပြီး အရေးကြီးတာက..ဒါက..အမြန်နှုန်း ၊ ခွန်အား ၊ ဖြတ်လတ်မူ ၊ ကြံ့ကြံ့ခံနိုင်မူ ၊ ခံနိုင်ရည်ရှိမူတွေ အားလုံးမှာ အသုံးပြုနိုင်လောက်အောင်..ဘက်စုံသုံးနိုင်ပါတယ်..။ဒါက သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမူကို လူသားအခြေအနေထက်ပိုပြီး ကျော်လွန်သွားစေခဲ့တယ်..။

အယ်ဖီက သူ့ကို လှံဘယ်လိုကိုင်ရမလဲ ဆိုတာကို သင်ပေးခဲ့တာကြောင့်..သူမရဲ့ စွမ်းဆောင်ရည်ကို ဆန်နီ ကောင်းကောင်းသိထားပါတယ်..။သို့ပေမယ့်..ဒီသင်ကြားပေးမူက..အစစ်အမှန်ကမ္ဘာမှာ ဖြစ်ခဲ့တာဖြစ်ပြီး..သူမက ဝီးချဲပေါ်မှာသာ ရှိနေခဲ့ရတဲ့ အတွက်..သူမရဲ့ ခွန်အားအစစ်အမှန်ကို သူက ဘယ်တုန်းကမှ မခံစားခဲ့ရပေ..။

အခုမတိုင်ခင်အထိပေါ့..။

‘ခရက် …ဒါက တကယ်နာကျင်ရတာပဲ..’

အစတုန်းကတော့..ဆန်နီက သူ့ရဲ့ အရိပ်သုံးခု ခွန်အားကို ပေါင်းစပ်လိုက်မယ်ဆိုရင်..သူတို့ရဲ့ ခွန်အားက အနည်းနဲ့ အများတော့ ညီမျှသွားမယ်လို့ မျှော်လင့်ထားခဲ့တာပါ..။သို့ပေမယ့်..ဒါက နီးတောင် မနီးစပ်ခဲ့ပါဘူး..။ဒီတစ်ချက် တိုက်ခိုက်မူကတင် သူ့ရဲ့ ခန္တာကိုယ်က..အစိတ်စိတ်အမွှာမွှာ ကွဲကြေတော့မလို ခံစားလိုက်ရတယ်..။ဒါက ပိန်လှီနေတဲ့ ကလေးမလေး ဆီက ထိုးနှက်မူကြောင့်ဆိုတော့ ပိုပြီးတော့တောင် ထူးဆန်းနေပါသေးတယ်..။

သူက နောက်ထပ် အရိပ် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ရှိရင်တော့ တူညီကောင်း တူညီနိုင်တယ်..။

ဆန်နီက ပိုပြီးအားကောင်းလာခဲ့တယ် ဆိုပေမယ့်..အယ်ဖီကလည်း မေ့ပျော်ကုန်းမြေကို ကျော်လွန်ပြီးကတည်းက အများကြီး ပိုသန်မာလာခဲ့ပါပြီ..။အခုဆိုရင် သူမရဲ့ အမြုတေက ပြည့်နှက်နေခဲ့တယ်..။ထပ်ပြောရရင် ဆန်နီက အနီရောင် တိုက်ပွဲအဆောက်အဦးမှာ ရှင်သန်ကျော်ဖြတ်နေရချိန်မှာ သူမကလည်း သူမရဲ့ ကိုယ်ပိုင်ငရဲထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ပုံပါပဲ..။

သူမက ဆိုဗန်ကို ဖန်တီးခဲ့တဲ့ အဖွဲ့အစည်းက လူတွေရဲ့ နိုပ်စက် ၊ သင်ကြား ၊ ပြုပြင်ပေးမူတွေကို ခံစားနေခဲ့ရတာပါ..။

ဆန်နီ သွေးတစ်ပွက် အန်လိုက်ပြီး..အံကိုကြိတ်ထားကာ မတ်တတ်ထရပ်လိုက်တယ်..။

‘ဒါက…ဒါက မကောင်းတော့ဘူး..’

ကလေးမလေးက သူ့ကို အံ့ဩသင့်စွာကြည့်လိုက်ပြီး..ခေါင်းကို စောင်းလိုက်တယ်..။

“ဟင်…အသက်ရှင်နေသေးတာလား..။ချီး…မာလိုက်တဲ့ ..ခွေးသား…”

သူက မြစိမ်းရောင် အဆောင်ကို ထုတ်ယူဖို့ နောက်တစ်ကြိမ် ကြိုးစားလိုက်ပေမယ့်..အယ်ဖီက သူ့ကို အချိန်မပေးခဲ့ပါဘူး..။တစ်စက္ကန့်ကြာပြီးတဲ့နောက်မှာတော့..သူမက သူ့အပေါ်ကို ရောက်နေခဲ့ပါပြီ..။သူမရဲ့ ခြေထောက်တွေက လေထဲကနေတဆင့် သူ့ရဲ့ နံရိုးတွေဆီကို တည့်တည့်ဝင်လာခဲ့တယ်..။

ဆန်နီက ဘာမှ စဉ်းစားချိန်တောင် မရလိုက်ပေ..။သူက သူ့ရဲ့ သူငယ်ချင်းကို မနာကျင်စေချင်ပေမယ့်..သူကိုယ်တိုင်လည်း မသေချင်ပါဘူး..။ပြီးတော့..ဒီ ရိုင်းစိုင်းပြီး ညိုမဲစွဲနေတဲ့ မွန်းစတားလို ကလေးမလေးက သံသယဖြစ်စရာမလိုအောင်ပဲ..သူ့ကို မကြာခင်သတ်တော့မှာပါ..

‘ငါ သူမကို နှေးကွေးသွားအောင် လုပ်ဖို့လိုအပ်တယ်..’

တကယ်လို့ သူ့ နံရိုးတွေက ဝီဗာအရိုးကြောင့် အယ်ဖီရဲ့ ကန်ချက်ကို ခံနိုင်ရည်ရှိတယ် ဆိုရင်တောင်..အတွင်းထဲမှာ ကာကွယ်ထားရတဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေက ခံနိုင်ရည်ရှိမှာမဟုတ်ပေ..။ဒီ ပြင်းထန်တဲ့ကန်ချက်ကြောင့် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုခု ပေါက်ကွဲထွက်သွားမှာ သေချာပါတယ်..။

ဆန်နီ အံကိုကြိတ်လိုက်ပြီး သူ့ရဲ့ အောက်ဘက်လက်တွေကို ရှေ့ကို ပို့ကာ..ထက်ရှတဲ့ ဓားမြောင်ကို အယ်ဖီရဲ့ ခြေထောက်လာမယ့်‌ေ နရာမှာ ထားထားခဲ့တယ်..။သူမက ဒီ ကန်ချက်ကို ရပ်တန့်လိုက်မှာလား..ဒါမှမဟုတ်..ခြေထောက်ကို ထိခိုက်ခံမှာလား ဆိုတာကို နှစ်ခါပြန်စဉ်းစားဖို့ လိုအပ်သွားပါပြီ..။

ဒါပေါ့..သူမရဲ့ ဒုတိယ ဂဏ္ဍစွမ်းရည်ကို အသုံးမပြုဘူုး ဆိုရင်ပေါ့…

‘ချီးပဲ…ဒါက…’

ဓားမြောင်က ကလေးမလေးရဲ့ အရည်ပြားကို ထိလိုက်ပေမယ့်..အမာရွက်တောင် မကျန်ခဲ့ပဲ ချော်ထွက်သွားခဲ့တယ်..။ဒါက မာကျောတဲ့ သံမဏိနဲ့ ပြုလုပ်ထားတဲ့ အတိုင်းပါပဲ..။ကံကောင်းချင်တော့ ဆန်နီက ဒီရလာဒ်ကို ‌ေမျှော်လင့်ထားခဲ့ပြီးသား ဖြစ်ပြီး..ကန်ချက် လမ်းကြောင်းကနေ ရှောင်တိမ်းလိုက်ပါတယ်..။

အယ်ဖီရဲ့ ခြေသလုံးဟာ..သူ့ဘေးနားမှာရှိနေတဲ့ တိုင်ကို ထိမှန်သွားခဲ့ပြီး အက်ကွဲသွားတဲ့ ကျောက်တုံးအစိတ်အပိုင်းတွေ အများကြီး ထွက်လာခဲ့ကာ လေထဲမှာ ပျံ့နှံ့သွားခဲ့ပါတယ်..။ပြီးတော့ ဆန်နီ ဟန်ချက် ပြန်မထိန်းနိုင်ခင်မှာပဲ…နောက်ထပ်တိုက်ခိုက်မူ …နောက်ထပ်…နောက်ထပ် တိုက်ခိုက်မူတွေ ဆက်လက်ရောက်လာနေခဲ့တယ်..။

ကလေးမလေးကို ထိခိုက်အောင် မလုပ်ချင်တာကြောင့်..သူက ရွေးချယ်စရာ မရှိပဲ..သေစေလောက်တဲ့တိုက်ခိုက်မူတွေ အောက်မှာ နောက်ကိုသာ ဆုတ်ပေးနေခဲ့ရတယ်..။တိုက်ခိုက်မူတစ်ချို့ကို ခံရပြီ ဆိုရင် သူ့အတွက် အတော်လေး နာကျင်မူ ဖြစ်စေပါတယ်..။ပိန်လှီနေတဲ့ ကလေးမလေးက အတော်လေးကို သေးအပ်ပေမယ့်..အံ့ဩသင့်ဖို့ကောင်းတဲ့ ကျွမ်းကျင်မူ ၊ လျင်မြန်မူတွေနဲ့ ပြည့်စုံနေခဲ့တာပါ..။ဒီကလေး မှင်စာလေးက အရမ်းကို လျင်မြန်ပြီး ပါးနပ်နေခဲ့တာကြောင့်..သူမက တစ်ချိန်တည်းမှာတင် နေရာတွေ အများကြီးမှာ ရောက်နေသလို ခံစားနေခဲ့ရတယ်..။

“ပြေးနေတာ ရပ်လိုက်တော့..ဝိတ်ပေါကြီး…။ငါတို့…ငါတို့ မြန်မြန် အဆုံးသတ်ကြရအောင်…။ငါ..ငါ တကယ်ဗိုက်ဆာနေပြီ…သိရဲ့လား..’

‘အာ…တစ်စက္ကန့်လောက်တော့ ရပ်လိုက်ဦးလေ…နတ်ဆိုး ကလေးမရဲ့..’

ဆန်နီ ဒေါသနဲ့ အော်ဟစ်လိုက်ပြီး သူ့ရဲ့ ဓားကြီးကို ခုတ်ချလိုက်ကာ..သူနဲ့..အားသာနေတဲ့ ကလေးမရဲ့ ကြားမှာ နေရာလွတ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်..။သူက အတော်…အတော်လေးကို စိတ်အနှော်ကအယှက်ဖြစ်နေခဲ့ပါပြီ..။

အခုချိန်မှာ သူ လုပ်နိုင်တာ အားလုံးက…အယ်ဖီကို သူဘယ်သူဖြစ်ကြောင်း အသိပေးဖို့ ပါပဲ..။ဒါက လုပ်ဖို့အတွက် သိပ်ပြီး ခက်ခဲတဲ့အရာမဟုတ်ပေ..။အမှန်တကယ်တော့ နည်းလမ်းတွေ အများကြီး ရှိပါတယ်..။သူက အရိပ်တွေထဲက တစ်ခုကို အသုံးပြုတာဖြစ်ဖြစ်…ရင်းနှီးတဲ့မှတ်သားမူကို ထုတ်ယူတာဖြစ်ဖြစ် လုပ်လို့ရပါတယ်..။တကယ်လို့ သူမက သူ့ကို တစ်ခနလောက် အသက်ရူခွင့်ပေးပြီး ..စဉ်းစားခွင့်ပေးမယ် ဆိုရင်ပေါ့..။

ပြသနာက အယ်ဖီဟာ ဒီလိုအချိန်တောင် မပေးခဲ့ပေ..။ပြီးတော့ သူမက ဆန်နီ သိထားတဲ့ တိုက်ခိုက်ရေး ဟန်ပန်နဲ့ တိုက်ခိုက်နေတာလည်း မဟုတ်ပါဘူး..။သူမရဲ့ ပုံမှန်နည်းစနစ်တွေကို ဆန်နီက ကောင်းကောင်း သိထားပြီးသားပါ..။ဒါပေမဲ့ ဒီတိုက်ခိုက်မူတွေက သူမအရင်က အသုံးပြုနေတဲ့ ဟန်ပန်မျိုးနဲ့ လုံးဝကို မသက်ဆိုင်ပါဘူး..။မုဆိုးမိန်းကလေးက..သူမအရင်က အသုံးပြုနိုင်ခဲ့တဲ့..ရည်ရွယ်ချက် နဲ့ သေစေနိုင်စွမ်း တွေမှာ အများကြီး ကျော်လွန်အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ..။

ဒါက တကယ်ကို အသက်ရူမှားလောက်စရာပဲ..။ပိန်လှီနေတဲ့ ကလေးမလေးတစ်ယောက်က တိုက်ခိုက်နေတာ ဆိုရင်တောင်မှပေါ့..။

မှတ်သားမူတစ်ခု..မှတ်သားမူတစ်ခုကို ထုတ်ယူလိုက်တာက လွယ်ကူတဲ့ ရွေးချယ်မူတစ်ခုပါပဲ..။ဘာလို့လဲ ဆိုတာက မှတ်သားမူကို ထုတ်ယူဖို့အတွက်..စက္ကန့်အနည်းငယ်လောက်ပဲ ကြာမြင့်တာပါ..။သို့ပေမယ့်..ဒါက အဆိုးဆုံး ရွေးချယ်မူဆိုရင်လည်း ဟုတ်ပါတယ်..။တကယ်လို့ သူသာ ဘာမှမရှိတဲ့ လေထဲကနေ တစ်ခုခုကို ထုတ်ယူလိုက်မယ် ဆိုရင်..မိန်းမပျိုတွေက ချက်ချင်း သတိထားမိသွားကြပါလိမ့်မယ်..။သူ နဲ့ ကိုင် တို့က လက်နက်မရှိချင်ယောင် ဆောင်ထားတဲ့ အားသာချက်ကို အဝေးကို လွင့်မပစ်ချင်ကြပေ..။

‘စဉ်းးစားစမ်း…အရူး..’

ပိုကောင်းတဲ့ နည်းလမ်းက ရှိကို ရှိပါလိမ့်မယ်..။

ဆန်နီက နောက်ထပ် ကန်ချက်တစ်ခုကို ရှောင်တိမ်းလိုက်ပြီး..နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်..။ယင်းနောက် တစ်ခနလောက် စဉ်းစားလိုက်ကာ..ဒိုင်းကာကို အဝေးကို လွင့်ပစ်လိုက်ပါတယ်..။

ဘာပဲဖြစ်ဖြစ်..ဒိုင်းကာက အခုဆိုရင် အတော်လေးကို တွန့်ကြေနေခဲ့ပါပြီ..။

အခုချိန်မှာ သူ့ရဲ့ လက်တစ်ဖက်က လွတ်လပ်သွားပြီဖြစ်တာကြောင့်..သူက လက်သီးဆုတ်ပြီး ရှေ့ကို ထောင်ပြလိုက်တယ်..

ပြီးတာနဲ့..ကြမ်းတမ်းတဲ့ နှာမှုတ်သံနဲ့ အတူပဲ..လက်ခလယ်ကို ထောင်ပြလိုက်ပါတယ်..။

နောက်ထပ် တိုက်ခိုက်မူကို ပြင်ဆင်နေတဲ့ အယ်ဖီက ဒါကို မြင်ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။ယင်းနောက်..ကြီးမားတဲ့ နတ်မိစ္ဆာကြီးကို စိတ်ရှုတ်ထွေးစွာ ကြည့်လာခဲံပါတယ်..။

“ဟင်..”

‘နောက်ဆုံးတော့…’

ဆန်နီဟာ အယ်ဖီ တစ်ခနလောက် စိတ်ရှုပ်ထွေးသွားတာကို အသုံးချပြီး သူ့ရဲ့ လက်တွေကို အောက်ချကာ ဝီးချဲရဲ့ ဘီးတွေကို ရှေ့တိုးနောက်ဆုတ်လုပ်တဲ့ ပုံစံမျိုး လုပ်ပြလိုက်တယ်..။

ကလေးမလေးဟာ မျက်မှောင်ကျုတ်လိုက်ပြီး…ရှေ့တိုးကာ တိုက်ခိုက်လိုက်ပါတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမရဲ့ လှုပ်ရှားမူတွေက နှေးကွေးသွားခဲ့ပြီး..သူ့အတွက်ရှောင်တိမ်းရတာ လွယ်ကူသွားခဲ့ပါပြီ..။ရည်ရွယ်ချက်ရှိရှိပေါ့…။

အယ်ဖီက သူ့ရဲ့ လက်ကို မြင်သာအောင်ပြထားပြီးကာမှ..သူက ကြီးမားတဲ့ ဓားကို ခုတ်ချလိုက်တယ်..။ပြီးတာနဲ့ ကျန်တဲ့ လက်တစ်ဖက်က ဘာမှမရှိတဲ့ ပြိုင်ဖက်နဲ့ လက်မောင်းလှဲတဲ့ ဟန်အမူအရာ လုပ်ပြလိုက်ပါတယ်..။

ကလေးမလေးဟာ..ဓားကို သူမရဲ့ လက်ဖျံနဲ့ အသာအယာ ရိုက်ထုတ်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့..သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေဟာ..ရုတ်တရက် ပြူးကျယ်လာခဲ့ပါတယ်..။

သူမက လည်ပင်းကို ဆန့်တန်းလိုက်ပြီး..နတ်မိစ္ဆာကို မယုံနိုင်စရာ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။ပြီးတာနဲ့ ညှင်သာတဲ့ ကလေးအသံလေးတစ်ခုက ထွက်ပေါ်လာခဲ့ပါတော့တယ်..။

“အရူးလေးလား..”

‘ကျေးဇူးပါ ဘုရားသခင်…ဒါက အတော်ကိုကြာသွားတာပဲ..’

ဆန်နီက သူမကို ဓားမြောင်နဲ့ တိုက်ခိုက်ဟန်ဆောင်လိုက်ပြီး..အလားတူပဲ ကန်ချက်တစ်ခုကို ရှောင်တိမ်းလိုက်ကာ..ခေါင်းညိမ့်ပြလိုက်ပါတယ်..။

အယ်ဖီရဲ့ မျက်နှာက တုန်ရီသွားခဲ့တယ်..။ယင်းနောက်သူမက တီးတိုးပြောလာခဲ့ပါတယ်..။

“ဘာလို့…ဘာလို့..နင်က သောက်ကျိုးနဲလောက်အောင် အရပ်ရှည်နေရတာလဲ..”

အပိုင်း ( ၆၇၀ ) ပြီး၏။

All Chapters