← Chapters

မိုးကြိုးပစ်ခတ်ခြင်း ..

Vol. 45 Ch. 671

မိုးကြိုးပစ်ခတ်ခြင်း ..

Vol. 45 Ch. 671

ဆန်နီဟာ ကလေးမလေးကို ကြည့်နေရင်း..ဟန်ချက်မပျက်သွားဖို့အတွက် ဂရုစိုက်နေခဲ့ရတယ်..။

‘…ဒီလူတွေ အားလုံးက ဘာတွေဖြစ်နေကြတာလဲ..”

သူ့မှာ ဦးချိုနှစ်ခု ၊ ပါးစပ်နဲ့ ပြည့်နေတဲ့ အစွယ်တွေ ၊ ရှည်လျားတဲ့လက်သည်းတွေ နဲ့ လက်လေးချောင်းရှိနေသည့်တိုင်အောင်..အယ်ဖီရော ၊ကိုင်ရော ပထမဆုံးပြေးမြင်လိုက်တဲ့ အရာက..သူ့ရဲ့ အရပ်ပါ..။သူကရော တစ်ကြိမ်တစ်ခါလောက် အရပ်ရှည်လို့ မရတော့ဘူးလား..။

မွန်းစတားလို ကလေးမနဲ့..ဆက်လက်တိုက်ခိုက်ဟန်ဆောင်ရင်း သူက အဖြေပြန်ပေးရမယ့်အစား..သူ့ရဲ့ ရင်ဘတ်ကိုသာ လက်ညိုးထိုးပြလိုက်ပါတယ်..။အယ်ဖီရဲ့ တိုက်ခိုက်မူတွေကလည်း အနည်းငယ် လျော့ကျသွားခဲ့တယ်..။ဒါက သူမရဲ့ တိုက်ခိုက်မူကို သိသိသာသာ ပြောင်းလဲသွားတာမျိုးမဟုတ်ပဲ.ဆန်နီကို အသက်ရူခွင့်အနည်းငယ် ရသွားစေခဲ့တာပါ..။

သူတို့ တစ်ယောက်ကိုတစ်ယောက် နီးကပ်သွားခဲ့ကြပြီး ခနအကြာမှာတော့..

“ငါ ခန့်မှန်းကြည့်မယ်..နင်က ငါချန်ထားခဲ့တဲ ချားလစ် ဘုရားကျောင်းကို မလာနဲ့ ဆိုတဲ့ စာသားးကို မြင်တွေ့ပြီး..သဘာဝအားဖြင့် ဆန့်ကျင်ဖက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာမလား..”

ဆန်နီ သူမရဲ့ လက်သီးကို လှည့်ပတ်ရှောင်တိမ်းလိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်တယ်..။

ကလေးမလေးဟာ မျက်မှောင်ကျုတ်လိုက်ပြီး..

“နှစ်ယောက်လား..တစ်ယောက်ယောက်က နင်နဲ့အတူ ပါလာသေးတာလား..။ကတ်စီလား…။ကိုင်လား..။အာ..အဲတာက ကိုင်ပဲ…ဒီတော့..နင်တို့နှစ်ယောက်စလုံးက ငါ့ရဲ့ သတိပေးချက်ကို လျစ်လျူရူဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့..”

သူမက..ဓားမြောင်ကို လက်ဖျံနဲ ရိုက်ကာ ဖယ်ရှားလိုက်တယ်..။ဒီအရာက သူမရဲ့ သိပ်မသက်သာသေးတဲ့ ဒဏ်ရာကို ထိသွားတဲ့အချိန်မှာ မျက်နှာအနည်းငယ် ရှုံ့မဲ့သွားခဲ့ပါတယ်..။ယင်းနောက် ကလေးငယ်တစ်ယောက်လို လေသံနဲ့..

“ကောင်းပြီလေ…ကောင်းတယ်…အာ..ငါလည်း ဒီ သောက်ကျိုးနဲ နေရာကနေ ထွက်ပြေးလွတ်မြောက်ဖို့ စဉ်းစားနေရတာ အကြံကုန်နေပြီ..။ဒီတော့..နင်တို့ ရောက်လာကြတာ..ငါ တကယ်..တကယ်ကို ဝမ်းသာမိတယ်..”

ဆန်နီဟာ..ဓားနဲ့ ရှေ့ကို ထိုးချလိုက်ပြီး..သူမရဲ့ ဦးခေါင်းနဲ့ အနည်းငယ်လောက်သာ လွဲချော်သွားစေခဲ့ပါတယ်..။ယင်းနောက် အသံတစ်ချို့ ပြုလုပ်လိုက်တယ်..။

အယ်ဖီ အံ့ကို ကြိတ်ထားခဲ့ပြီး..

“ဒါပေမဲ့..ဆန်နီ…ငါတို့မှာ ပြသနာနှစ်ခု ရှိနေတယ်..။တစ်ခုက..အဲဒီအရူးတွေက သူတို့ရဲ့ တပည့်ကို ဘယ်တော့မှ အသက်ရှင်လျက် မထွက်ခိုင်းကြဘူး..။ဒုတိယတစ်ချက်ကတော့ ငါတို့သာ ဒီတိုက်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အနိင်မယူဘူးဆိုရင်..ငါ့ရဲ ဆရာတွေက နှစ်ယောက်စလုံးကို သတ်ကြလိမ့်မယ်..ဒီတော့…”

သူမက သူ့ရဲ့ ဓားကို လက်တစ်ဖက်နဲ့ ဖမ်းလိုက်ပြီး..ဓားကို ကျန်တဲ လက်သီးတစ်ဖက်နဲ့ ထိုးချလိုက်ကာ..ကျိုးပဲ့သွားစေခဲ့ပါတယ်..။ဒါက ဆန်နီကို တုန်ရီသွားစေခဲ့တယ်..။

“…ဒီတော့…နင့်မှာ အစီအစဉ်တစ်ခု ရှိမယ်လို့ ငါမျှော်လင့်တယ်..။မဟုတ်ဘူး..နင့်မှာ အစီအစဉ်တစ်ခု ရှိတယ် ဆိုတာ ငါ ကျိန်းသေသိတယ်..။ဟုတ်တယ်မလား..”

ကလေးမလေးက..အတော်လေးရိုက်နှက်ခံထားရပြီး ..ထိခိုက်ဒဏ်ရာတွေ ပြည့်နှက်နေသည့်တိုင်အောင်..သူမရဲ့ နူးညံ့တဲ့ အသံက တက်ကြွပြီး နှစ်လိုဖွယ်ဖြစ်နေခဲ့ပါသေးတယ်..။အယ်ဖီက ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားဖို့တွက် သူ့ရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်မူရှိနေခဲ့တာကြောင့်..ဆန်နီလည်း ယုံကြည်မူရှိသလို ခံစားလိုက်ရတယ်..။

ပြသနာက..သူ့မှာ ဘာအစီအစဉ်မှ ရှိမနေသေးတာပါပဲ..။အမှန်တော့..ဒီအရှုပ်ထုပ်ကနေ ဘယ်လို လွတ်မြောက်အောင် လုပ်မှာလဲဆိုတာကိုတောင် မတွေးမိသေးပေ..။

အခုထိပေါ့..။

ဒီတော့..သူက ရိုးရှင်းစွာပဲ ခေါင်းခါယမ်းပြလိုက်ပြီး အယ်ဖီကို ဖြူဖျော့ကာ တိတ်ဆိတ်သွားစေခဲ့တယ်..။

သူတို့ ဆက်ပြီးတိုက်ခိုက်နေတဲ့ အချိန်မှာတော့ ဆန်နီက တွေးတောနေခဲ့ပါတယ်..။သူက စစ်ပွဲမိန်းမပျိုတွေနဲ့ အသေအကြေမတိုက်ခိုက်ပဲ ဒီနေရာကနေ လွတ်မြောက်နိုင်မယ့် လမ်းကို မမြင်မိပါဘူး..။

အယ်ဖီက အရမ်းကို သန်မာပြီး ကြမ်းတမ်းပေမယ့်..သူမက ဆိုဗန်မဟုတ်ပေ..။သူမက ..ဆိုဗန် လိုမျိုး ဂိုဏ်းတစ်ခုလုံးကို ရင်ဆိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး..။ဒါပေမဲ့..ဒီညီမျှခြင်းထဲမှာ…ကိုင် နဲ့ ဆန်နီကိုပါ ပေါင်းထည့်လိုက်မယ် ဆိုရင်ရော…

အခြေအနေက သိပ်ပြီး မကောင်းသေးပါဘူး..။

သူတို့ သုံးယောက်ထဲမှာ ဆန်နီက အင်အားအကြီးဆုံးပါ..။သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမူတွေက..မုဆိုးမိန်းကလေးကို မယှဉ်နိုင်ပေမယ့်..အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်..သူက အတော်လေးကို သေစေနိုင်တဲ့ သတ္တဝါတစ်ကောင်ပါ..။သူ့ရဲ့ အရိပ်သုံးခု နဲ့ တက်ရောက်မူအဆင့် နတ်မိစ္ဆာနှစ်ကောင်နဲ့ နိုးထမူအဆင့် တယ်ရာတစ်ကောင် ကိုပါ ပေါင်းထည့်လိုက်မယ် ဆိုရင်..

အနည်းဆုံးတော့ ဆန်နီ တစ်ယောက်တည်းနဲ့တင် စီနီယာ စစ်ပွဲမိန်းမပျိုသုံးယောက်ထဲက နှစ်ယောက်ကို ထိန်းချုပ်ထားနိုင်ပါလိမ့်မယ်..။အယ်ဖီကသာ တတိယတစ်ယောက်ကို ထိန်းချုပ်ထားမယ် ဆိုရင်..ကိုင် တစ်ယောက်တည်းနဲ့ ခန်းမထဲက တစ်ဒါဇင်လောက်ရှိတဲ့ နိုးထမူအဆင့် စစ်သည်တော်တွေကို ရင်ဆိုင်ရတော့မှာပါ..။ဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး..။ဆန်နီက တိုက်ပွဲကို ဘယ်လောက် လက်တွေ့ကျကျ တွေးပါစေ…ဘယ်အရာကမှ သူတို့လွတ်မြောက်ဖို့အတွက်..အခွင့်အလမ်းကောင်း ရှိမနေခဲ့ပေ..။

သို့ပေမယ့်..နည်းလမ်းတစ်ခုတော့ ကျိန်းသေရှိပါလိမ့်မယ်..။စစ်ပွဲမိန်းမပျိုတွေက အနာဂတ်မှာ အဆုံးသတ်ခံထားကြရတာကြောင့်..သူတို့က အနိုင်ယူလို့ မဖြစ်နိုင်ကြတဲ့ လူတွေ မဟုတ်ပါဘူး..။

အနာဂတ်အကြောင်းတွေးမိလိုက်တဲ့ အချိန်မှာတော့..သူက တစ်ခနလောက် တွေဝေလိုက်ပြီး..ခန်းမရဲ့ အလယ်က ကြီးမားတဲ့ ကျောက်တုံး ဖလားတိုင်ကြီးကို ကြည့်လိုက်တယ်..။ဒီအရာက ဒေါသတကြီးလောင်ကျွမ်းနေတဲ့ အဖြူရောင် မီးတောက်တွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။အနာဂတ်အချိန်နဲ့ မတူစွာပဲ..ကျောက်တုံးကြီးပတ်လည်မှာ ရှိနေတဲ့..ရှုပ်ထွေးတဲ့ မှော်သကေ်တတွေက တလက်လက် တောက်ပပြီး..အထဲမှာ ရှိနေတဲ့နတ်ဘုရား မီးတောက်တွေကို ထိန်းသိမ်းပေးထားခဲ့တယ်..။

သူ့မျက်နှာကတော့ သုန်မုန်သွားခဲ့ပါပြီ..။

‘ငါ ဒီ အကြံကိုလုံးဝ သဘောမကျဘူး…မဟုတ်ဘူး..ငါ ဒီအကြံကို လုံးဝမကြိုက်ဘူး..’

သူ့ရဲ့စိတ်ထဲမှာ ပေါ်လာတဲ့ အကြံဥာဏ်ကို သူက အမှန်တကယ်ပဲ သဘောမကျပါဘူး..။ဘာလို့လဲ ဆိုတော့ ဒီအရာက လုပ်ဆောင်ဖို့အတွက် အတော်လေးကို အန္တရာယ်များရုံတင်မကပဲ..ဒီအရာကို ကျော်ဖြတ်ဖို့အတွက်က သူ တွေးတောင်မတွေးချင်တဲ့အရာဖြစ်နေခဲ့လို့ပါ..။

သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်ခနလောက် အာရုံစိုက်လိုက်ပြီးကာမှ..အယ်ဖီကို အနားကို ကပ်လာဖို့ အချက်ပြလိုက်တယ်..။

တစ်ချိန်တည်းမှာပဲ..အရာတစ်ချို့က ဖြစ်ပျက်သွားခဲ့ပါတယ်..။

မှော်သကေ်တတွေ ဝန်းရံထားတဲ့ အပြင်မှာတော့..သူတော်စင်က..ဝိဉာဉ်မြေကို အောက်ချလိုက်ပြီး လက်တစ်ဖက်ကို ဆန့်တန်းကာ..အလင်းစက်တွေ ဖြစ်တည်လာတာကို စောင့်ဆိုင်းနေခဲ့ပါတယ်..။သူမက ဘေးဖက်ကို အနည်းငယ် လျောက်သွားလိုက်ပြီး ကိုင်ကို သူမရဲ့ ခန္တာကိုယ်နဲ့ ကာကွယ်ထားလိုက်တယ်..။ဒီလုပ်ရပ်တွေအားလုံးက အနားမှာ ဝန်းရံနေကြတဲ့ စစ်ပွဲမိန်းမပျိုတွေအားလုံးကို အသိစိတ်ကပ်သွားကြစေပါတယ်..။သူတို့ရဲ့ လက်တွေက..လက်နက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ကြတယ်..။

စက်ဝန်းထဲမှာတော့..ဆန်နီရဲ့ ခန္တာကိုယ်ကို မရေမတွက်နိုင်တဲ့ မဟူရာ ကြိုးတွေနဲ့ ပြည့်နှဥ◌်နေခဲ့တယ်..။သူ့ရဲ့ လက်လေးချောင်းထဲက တစ်ချောင်းမှာ ဒီလိုအစက်အပျောက်တွေ ဖြစ်ပေါ်လာခဲ့ပြီး..တစ်ဖက်မှာတော့ အနက်ရောင်မြူခိုးတွေ ပေါ်ထွက်နေခဲ့တယ်..။တစ်ဖက်မှာတော့..အဖြူရောင် အလင်းစက်ကလေးတွေက ရှုပ်ထွေးစွာ ဖြစ်တည်နေခဲ့ပါတယ်..။

တိုက်ခိုက်မူကို ကြည့်နေကြတဲ့ စီနီယာ မိန်းမပျိုသုံးယောက်ဟာ..လက်လေးချောင်း နတ်မိစ္ဆာဆီက ပြောင်းလဲမူတွေကို မြင်ပြီး မျက်မှောင်ကျုတ်လိုက်ကြတယ်..။ဒါက အနည်းငယ်လောက်သာ ဆိုပေမယ့်..သူမတို့ရဲ့ ကိုယ်ခန္တာအနေအထားတွေက ပြောင်းလဲသွားခဲ့ကြပြီး..လိုအပ်လာရင် အသင့်အနေအထား ရှိနေကြပြီ ဆိုတာကို ပြသနေခဲ့ကြပါတယ်..။

သို့ပေမယ့် သူတို့က အခုချိန်အထိ မလှုပ်ရှားကြသေးပါဘူး..။သူတို့က သင့်တော်တဲ့ အကြောင်းပြချက်မရှိပဲ တိုက်ပွဲကို ဝင်ရောက်စွတ်ဖက်ဖို့အတွက်..တွန့်ဆုတ်နေခဲ့ကြပါတယ်..။

နောက်ထပ်တစ်စက္ကန့်အကြာမှာတော့..သူတော်စင်ရဲ့ လက်ထဲမှာ..အနက်ရောင် သံမဏိနဲ့ပြုလုပ်ထားတဲ့..စွန်ပုံစံ ဒိုင်းကာ တစ်ခု ရှိနေခဲ့တယ်..။သူမ ကိုင်ဆောင်ထားခဲ့တဲ့ အိုဒါချီဓားကတော့ အရိပ်ထဲကို ဖြည်းညှင်းစွာ တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။ဆန်နီက ရုတ်တရက် ဆိုသလိုပဲ မဟူရာအကာအကွယ်ကို ဝတ်ဆင်ထားပြီးသား ဖြစ်ကာ..သူ့ရဲ့ အောက်ဘက်လက်တွေမှာလည်း အဇူရာဓား ရှိနေခဲ့သေးတယ်..။

နောက်ဆုံးမှာတော့..တောက်ပတဲ့ လေးနဲ့ ထူးဆန်းတဲ့ မြားတစ်ချောင်း..။ဒါက သူ့ရဲ့ အပေါ်ဖက်လက်နှစ်ချောင်းမှာ ရုတ်တရက် မိုးကြိုးတွေပေါ်လာခဲ့သလိုပါပဲ..။

စိတ်ရှည်သော လက်စားချေသူ ၊ ရက်စက်သော မြင်ကွင်း ၊ သန်းခေါင်ယံအမြုတေ ၊ မော်ဂန်ရဲ့ စစ်ပွဲပုဆိန် ၊ မိုးကြိုးပစ်ခတ်မူ ၊ ပြီးတော့ မီးတွေ အားဖြည့်တာတဲ့ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်..။

သူက နောက်ပိုင်းကျရင် ထုတ်ယူဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိနေတာကြောင့်..မှတ်သားမူအားလုံးကို တစ်ပြိုုင်တည်း ထည့်ထားပေးလိုက်ပါတယ်..။

..ပြီးတော့..သူ ခေါ်ဖို့အတွက် နောက်ဆုံး ကျန်ရှိနေတဲ့ အရာလည်း ရှိနေသေးတယ်..။

သူ့ဘေးနားက အလင်းတွေရုတ်တရက် မှိန်သွားတဲ့ အချိန်မှာတော့..သေးငယ်တဲ့ အနက်ရောင် မီးလေးတစ်ခုက လေထဲမှာပေါ်လာခဲ့တယ်..။

စီနီယာ စစ်ပွဲမိန်းမပျိုတွေဟာ..တစ်ဖက်ကို လှည့်ပြီး တုန့်ပြန့်လာခဲ့တယ်..။ဆန်နီကတော့..မိုးကြိုးပစ်ခတ်မူကို လေးပေါ်တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..။ယင်းနောက် သူက စိတ်ဝိဉာဉ်စွမ်းရည်တွေ..ထည့်သွင်းရင်း လေးကြိုးကို

ဆွဲတင်ကာ..ကြောက်မက်ဖွယ် သေဆုံးသူ စွမ်းရည်ကို မြင့်တင်ဖို့ ကြိုးစားလိုက်ပါတယ်..။

အကျိုးပဲ့နိုင်သော တိုးမြင့်မူ ဖော်ပြချက် .. - လှပတဲ့ လေးကြိုးကို ဆွဲတင်ဖို့ဆိုလျင် ပြင်းထန်တဲ့ ခွန်အားကို လိုအပ်သည်..။ဒါကြောင့် မြားတံများဟာ မျက်လုံးနှင့် မြင်နိုင်သည့် အကွဦအဝေးထိအောင် ရောက်နိုင်ကြ၏။ယင်းနောက် ဆိုးဝါးသည့် အင်အားဖြင့် ရန်သူရဲ့ အကာအကွယ် ၊ အသွေးအသားကို ဖောက်ဝင်နိုင်သည်”

သူ့ရဲံ အဆီအနှစ်တွေ လျင်မြန်စွာ ကုန်ဆုံးသွားကြတာကို ခံစားလိုက်ရတာကြောင့် ဆန်နီ အံကိုကြိတ်ပြီး ကြိုးကို လွှတ်လိုက်တယ်..။နောက်ဆုံးအခိုက်အတန့်လေးမှောပဲ..အရိပ်သုံးခုက..သူ့ရဲ့ လက်ချောင်းကနေပြီးမိုးကြိုးမြားတံကို ကူးသွားခဲ့ကြပါတယ်..။

ပြီးတော့..ဒီလေးက တက်ရောက်မှာ အဆင့် လေးကနေ ပစ်ခတ်မူဖြစ်ပြီး..သူ့ကို အရိပ်သုံးခုက ရစ်ပတ်ပေးထားတာကြောင့် အားအတော်လေး ပြင်းပါတယ်..။

ဒီလို ပစ်ခတ်မူကတင် မာစတာတစ်ယောက်ကို သေစေနိုင်စွမ်းရိပါတယ်..။မြားက အရမ်းကို မြန်ဆန်လွန်းတာကြောင့် ကြားဝင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး..။

သို့ပေမယ့် ဆန်နီက စစ်ပွဲမိန်းမပျိုတွေကို ချိန်ရွယ်နေခဲ့တာ မဟုတ်ပေ..။

အဲဒီအစား သူက မြားတံကို ကျောက်တုံး ချားလစ်ရှိရာနေရာကို ပစ်လွှတ်လိုက်တာပါ..။ပြီးတော့ အဲံအပေါ်က ဘယ်နေရာရယ်လို့ မဟုတ်ပါဘူး..။မဟုတ်ဘူး..သူက ဖလားကြီးရဲ့ မျက်နှာပြင်ပေါ်က မှော်သကေ်တတွေ အများကြီး ရှိနေတဲ့ နေရာကို သေချာပစ်လွှတ်လိုက်တာပါပဲ..။

ဒီလို ပေါင်းစပ်ထားတဲ့ စွမ်းအားတွေနဲ့ ဆိုရင်တောင်..ကျောက်တုံး ဖလားကြီးကို ထိခိုက်အောင် လုပ်နိုင်ပါ့မလားဆိုတာ သူသံသယဖြစ်မိပါတယ်..။သို့ပေမယ့် ဒါက သေးငယ်တဲ့ ထိခိုက်မူလေးဖြစ်တယ် ဆိုရင်တောင်..သူ့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းကို ထိခိုက်မိရင် ကျန်တာကို နတ်ဘုရား မီးတောက်က ဆက်လုပ်သွားပါလိမ့်မယ်..။

..လျှပ်စီးမိုးကြိုးက လေထဲမှာ ပျံသန်းသွားနေတုန်းမှာတော့..သူက ကလေးမလေးရဲ့ လက်တစ်ဖက်ကို ဆွဲပြီး တိုင်ကြီးတစ်တိုင်နောက်ကို ဝင်လာခဲ့တယ်..။ယင်းနောက် ဒူးထောက်ချလိုက်ပြီး သူမကို လက်လေးချောင်းစလုံးနဲ့ ပွေ့ဖက်ကာ..သူမရဲ့ ခန္တာကိုယ်သေးသေးလေးကို ကာကွယ်ပေးထားလိုက်ပါတယ်..။

တစ်ချိန်တည်းမှာပဲ…သူတော်စင်က ကိုင်ကို နောက်ဘက်ဆီ တွန်းလိုက်ပြီး သူမရဲ့ ဒိုင်းကာကို မြှောက်ကာ..ကာထားလိုက်ပါတယ်..။

ဘယ်သူမှ မတုန့်ပြန်နိုင်သေးခင်မှာပဲ..ချားလစ် ဖလားကြီးထဲမှာ ဒေါသတကြီး လောင်ကျွမ်းနေတဲ့ မီးတောက်အလင်းရောင်တွေက ဘေးဘက်ကို ပျံ့နှံ့လာပါတော့တယ်..။

ယင်းနောက်မှာတော့..အရာအားလုံးက အဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ..။

အပိုင်း ( ၆၇၁ ) ပြီး၏။

All Chapters