← Chapters

အရိပ်တပ်ဖွဲ့

Vol. 45 Ch. 672

အရိပ်တပ်ဖွဲ့

Vol. 45 Ch. 672

အမှောင်ထုတွေ ရစ်ပတ်ထားခဲ့တဲ့ လျပ်စီးကြောင်းတစ်ခုဟာ..စီနီယာ စစ်ပွဲမိန်းမပျို နှစ်ယောက်ရဲ့ ကြားထဲကနေ ဖြတ်သန်းသွားခဲ့ပြီး ကျောက်တုံး ချားလစ် ဖလားကြီးကို ထိမှန်သွားခဲ့ပါတယ်..။စက္ကန့်ဝက်အတွင်းမှာပဲ..အလင်းရောင်တွေက ခန်းမထဲကို ကြီးစိုးသွားခဲ့တယ်..။လျှပ်စီးကြောင်းသုံးခုက လေထဲကနေ ပျံသန်းလာပြီး ဂိုဏ်းခေါင်းဆောင်တွေကို လာရောက်ထိမှန်ခဲ့ပါတယ်..။သူတို့ရဲ့ အနီးနားမှာ ဘယ်သူမှ ရှိမနေကြတာတောင့် လျှပ်စီးက ထပ်မံချိတ်ဆက်ခြင်း မရှိတော့ပေ..။ဒါကြာင့် တက်ရောက်မူအဆင့် စစ်သည်တော်တွေရဲ့ ခန္တာကိုယ်ထဲကိုပဲ လျှပ်စစ်ဓာတ် အားလုံး ဝင်ရောက်သွားခဲ့ပါတယ်..။

သို့ပေမယ့် ဆန်နီကတော့ ဒီအရာကို မမြင်နိုင်ခဲ့ပါဘူး..။ဘာလို့လဲ ဆိုတော့..သူက ကြီးမားတဲ့ ကျောက်တုံးကြီးရဲ့ နောက်ဘက်မှာ အယ်ဖီကို ကာကွယ်ပေးပြီး ရှိနေခဲ့တာ မို့လို့ပါ..။

သူ့ရဲ့နောက်ဘက်မှာတော့..ချားလစ်ဖလားကြီးဟာ..ကျဉ်းမြောင်းတဲ့ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့တယ်..။

..ပြီးတော့ အဲဒီအက်ကွဲကြောင်းကနေတဆင့်ပဲ..အဖြူရောင် အလင်းတွေ ရုတ်တရက် တောက်ပလာခဲ့ပါတယ်..။

ခနအကြာမှာတော့..ရှေးဟောင်းကျောက်တုံးကြီးရဲ့ မျက်နှာပြင်ပေါ်မှာ မရေမတွက်နိုင်တဲ အက်ကွဲကြောင်းတွေ ပေါ်ထွက်လာခဲ့တယ်..။ယင်းနောက် အရာအားလုံးက အဖြူရောင် အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။

“အား..”

ဆန်နီကတော့ ကျောက်တိုင်ကြီးတစ်ခုရဲ့ နောက်ဘက်မှာ..ခန်းမကြီးကို ကျောပေးပြီး ရပ်နေခဲ့တယ်..။သူက အယ်ဖီကို လက်လေးချောင်းစလုံးနဲ့ ဖက်ထားခဲ့ပါတယ်..။သူ့ရဲ့ အမြင်အာရုံက ပျောက်ဆုံးသွားခဲ့ပြီး ၊ အဆုံးမရှိတဲ့ အဖြူရောင်အလင်းတွေနဲ့ သာ ဖုံးလွှမ်းနေခဲ့တယ်..။ပြီးတော့..သူ့ရဲ့ အကြားအာရုံလည်း မရှိတော့ပါဘူး..။သူ့ရဲ့ ခန္တာကိုယ်ထဲကို တုန်ခါမူတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီးနောက်မှာတော့..သူ့နောက်မှာရှိနေတဲ့ တိုင်ကြီးက ကျောက်တုံးအပိုင်းအစတွေအဖြစ် ပြိုလဲကျသွားခဲ့တယ်..။ယင်းနောက်..နိုပ်စက်ညှင်းဆဲသလို နာကျင်မူတစ်ခုက သူ့ရဲ့ ဝိဉာဉ်ကို ထိုးဖောက်သွားခဲ့ပါတယ်..။

အရာရာတိုင်းက ကြောက်မက်ဖွယ် ကောင်းတဲ့ အပူချိန် နဲ့သာဖုံးလွှမ်းနေခဲ့တယ်..။သူ့ရဲ့ ကိုယ်ပေါ်ကို လှိုင်းလုံးတစ်ခု ဝင်ရောက်လာသလို ခံစားရပြီး..ဒီ မီးလောင်ကျွမ်းမူကနေ လွတ်မြောက်နိုင်ဖို့အတွက်သာ ဆုတောင်းနေခဲ့ကြရပါတယ်..။

သူ အသက်ရှင်မယ်ဆိုတာကို သူက ယုံကြည်မူရှိနေပြီးသားပါ..။ဘာပဲဖြစ်ဖြစ် အနာဂတ်မှာတုန်းက..ဒီခန်းမကြီးရဲ့ ကြမ်းပြင်ပေါ်မှာ အရိုးတွေက အများကြီးပါပဲ..။ဆိုလိုတာကတော့..တကယ့်အစစ်အမှန် ချားလစ် ပေါက်ကွဲသွားခဲ့တဲ့ အချိန်တုန်းက..ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတိုင်းက ပြာဖြစ်သွားခဲ့ကြတာ မဟုတ်ပေ..။

ဆန်နီ မှာဆိုရင်လည်း မြေအောက်ကမ္ဘာ ဝတ်ရုံတော်ရဲ့ အားထားရသူ မှော်စွမ်းအား ရှိနေခဲ့ပါတယ်..။ဒါက သူ့အတွက် ဒြပ်စင်တိုက်ခိုက်မူတွေကနေပြီး..အကောင်းဆုံး ကာကွယ်ထားပေးနိုင်တဲ့ အရာတစ်ခုပါ..။အလားတူစွာပဲ.. မြေအောက်လက်နက် မှော်စွမ်းအားကလည်း..အဟူရာအကာအကွယ်ကနေ တဆင့် မီးတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်..။

ဒီအရာက နတ်ဘုရားမီးတောက်တွေကို တောင့်ခံနိုင်ဖို့အတွက် လုံလောက်ခြင်း မရှိဘူး ဆိုပေမယ့်လည်း အနည်းဆုံးတော့် သူ့ကို ကယ်တင်ပေးနိုင်ပါတယ်..။ပြီးတော့..သူ့ရဲ့ ခန္တာကိုယ် အကာအကွယ်ကို ယူထားခဲ့တဲ့ အယ်ဖီကိုပါ..။

ခနအကြာမှာတော့..သူ့မြင်ကွင်းမှာရှိနေတဲ့ အဖြူရောင် အလင်းတန်းကွင်းပြင်ကြီးက တဖြည်းဖြည်း မှိန်သွားခဲ့တယ်..။ပြီးတာနဲ့…လှပတဲ့ အမှေဦင်ထုကို နေရာပြန်ပေးလာခဲ့ပါတယ်..။အရိပ်မီးအိမ်ကတော့ သူ့သခင် ဘေးနားမှာရှိနေခဲ့တဲ့ အလင်းရောင်တွေကို စတင် ဝါးမြိုနေခဲ့ပါပြီ..။ဒီမီးတောက်က ဘယ်လို မီးတောက်မျိုးတွေလဲ ဆိုတာကိုတောင် သူက ဂရုမစိုက်ခဲ့ပေ..။

စက္ကန့်အနည်းငယ် အကြာမှာတော့..ဆန်နီဟာ သူ့ပတ်ဝန်းကျင်က ပုံရိပ်တွေကို စတင်သိရှိလာနိုင်ခဲ့တယ်..။

ခန်းမကြီးမှာဖြစ်ပေါ်နေတဲ့ မြင်ကွင်းက အတော်လေးကို ရင်းနှီးနေခဲ့တာပါ..။

ချားလစ် ကျောက်တုံးဖလားကြီးက…အက်ကွဲကြေမွပြီး ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့တယ်..။အမိုးကို ထောက်ကန်ပေးထားတဲ့ တိုင်အများစုနဲ့ အမိုးတစ်ချို့ ကလည်း ပြိုကျသွားခဲ့ပါတယ်..။ဒီတော့..အနက်ရောင်ကော်ဇော ပေါ်မှာ ကြယ်တွေနဲ့ တောက်ပနေတဲ့ ညဘက်အလင်းရောင်ကို မြင်တွေ့နေခဲ့ရတယ်..။

ခန်းမကြီးရဲ့ နံရံတွေကိုယ်တိုင်ကလည်း..အနာဂတ်မှာမြင်တွေ့ခဲ့ရတဲ့ အတိုင်း အပြင်ဖက်ကို လဲပြိုကျနေခဲ့ပါပြီ..။

ဖျက်ဆီးခံထားရတဲ့ ခန်းမတစ်ခုလုံးမှာလည်း နတ်ဘုရား မီးတောက်အကြွင်းအကျန်လေးတွေက လောင်ကျွမ်းနေခဲ့ကြတယ်..။တစ်ချို့က ကျောက်တုံး အပိုင်းအစတွေ ပေါ်မှာရှိပြီး ဖြည်းညှင်းစွာ ဝါးမြိုနေခဲ့ကြတယ်..။အချို့ကတော့..လျှပ်တပြတ် အသတ်ခံလိုက်ရတဲ့ စစ်ပွဲမိန်းမပျိုတွေရဲ့ အလောင်းပေါ်မှာ ရှိနေခဲ့ကြပါတယ်..။သို့ပေမယ့် မီးတောက်တွေက ပျံ့နှံ့နေတဲ့ ပုံစံမရှိပါဘူး..။ထူးဆန်းစွာပဲ ခန်းမကြီးရဲ့ ကြမ်းပြင်နဲ့ ထပ်ခိုးမှာ ရှိနေတဲ့ များပြားလှတဲ့ ရူးစ်တွေက..မီးတောက်တွေကို အားနည်းနေစေခဲ့တယ်..။

..ဖြစ်နိုင်တာက ဒီ ရူးစ် တွေကြောင့်ပဲ..စစ်ပွဲမိန်းမပျို အများစုက ရှင်သန်နိုင်ခဲ့ကြတာပါ..။

‘ချီးတဲ့မှပဲ…’

တက်ရောက်မူအဆင့် စစ်သည်တော်သုံးယောက်မှာ နှစ်ယောက်က ဒဏ်ရာရထားခဲ့ကြပေမယ့် လည်း..အကုန်လုံး ရှင်သန်နိုင်ခဲ့ကြပါတယ်..။သူတို့ ဒဏ်ရာတွေက..မိုးကြိုး လျှပ်စီး ပစ်ခတ်မူကြောင့်လား ၊ ပေါက်ကွဲမူကြောင့်လား ဒါမှမဟုတ် နတ်ဘုရား မီးတောက်ကြောင့်လား ဆိုတာကိုတော့ ဆန်နီလည်း မသိပေ..။သူတို့ရဲ့ နိုးထမူအဆင့် တပည့်တစ်ချို့လည်း အသက်ရှင်ကျန်ရစ်နိုင်ခဲ့ကြပါတယ်..။အခုတော့ သူတို့က အံ့ဩသင့် ၊ ဒေါသထွက်နေတဲ ့မျက်နှာတွေနဲ့ ကြမ်းပြင်ပေါ်ကနေ ထလာခဲ့ကြတယ်..။

ပြီးတော့ ဆန်နီ လည်းအသက်ရှင်နေပါသေးတယ်..။

သို့ပေမယ့် ဘာဒဏ်ရာမှ မရပဲနဲ့တော မဟုတ်ပေ..။

သူ့ရဲ့ ခန္တာကိုယ်ကတော ဒဏ်ရာ မရခဲ့ပေ..။သို့ပေမယ့် သူ့ရဲ့ အရိပ်က ချားလစ် ဖလားကြီးကနေ ဆုတ်ခွာတဲ့အချိန်မှာ အနည်းငယ် နောက်ကျသွားပြီး နတ်ဘုရားမီးတောက်ရဲ့ လောင်ကျွမ်းမူတစ်ချို့ကို ခံခဲံရတဲ့ ပုံပါပဲ..။

ဆန်နီ အံကိုကြိတ်ထားရင်း..နာကျင်မူကို တောင့်ခံကာ မတ်တတ်ထရပ်လိုက်တယ်..။

ဝိဉာဉ်ထိခိုက်မူ …ကောင်းပြီလေ…ဘာထပ်ရှိသေးလဲ…။

သူ ဒီလိုတွေးလိုက်တဲ့ အချိန်မှာပဲ..အရိပ်တွေက မီးတောက်တွေကြားထဲကနေ ထွက်လာပြီး သူ့ရဲ့ ခြေထောက်ဆီကို ရောက်လာခဲ့ကြတယ်..။အရိပ်တစ်ခုကတော့..သူ့ရဲ့ ထိခိုက်သွားတဲ့ လက်တစ်ဖေက်ကို ကျန်တဲ့ လက်သုံးဖက်နဲ့ ပွေ့ဖက်ထားခဲ့ပါတယ်..။

အယ်ဖီဟာ..ပတ်ဝန်းကျင်ကို အံ့ဩသင့်စွာ ကြည့်လိုက်တဲ့အချိန်မှာ သူ့မျက်နှာမှာ ချွေးအနည်းငယ် ထွက်လာခဲ့ပါတယ်..။

“ငရဲလိုပဲ….နင်…ရူးသွားတာလား…”

သူမ စကားပြောလိုက်တဲ့ အချိန်မှာ..ပူလောင်တဲ့ လေထုက သူမပါးစပ်ထဲကို ဝင်ရောက်လာခဲ့တာကြောင့် ချက်ချင်းပဲ နောင်တရသွားခဲ့ပါတယ်..။

ဆန်နီ အခြေအနေကို သုံးသပ်လိုက်ပြီး ကလေးမလေးကို ဘေးဘက်ဆီ တွန်းဖယ်ရင်း..ခန်းမကြီးရဲ့ အဆုံးဆီကို သွားဖို့ အချက်ပြလိုက်တယ်..။အဲဒီမှာ ကိုင်က ကြမ်းပြင်ပေါ်မှဦရှိနေခဲ့ပြီး..သူ့ရဲ့ ခေါင်းစွပ်က စုပ်ပြဲကာ..သစ်သားမျက်နှာဖုံးက ဒေါသတကြီး တောက်ပနေခဲ့ပါတယ်..။ဒါက မီးတွေ လောင်ကျွမ်းနေလုနီးပါးပါပဲ..။လူငယ်လေးကို များပြားလှတဲ့ အလင်းစက်တွေ ဝန်းရံနေခဲ့တာကြောင့် သူက အကာအကွယ်နဲ့ လက်နက်တွေကို ထုတ်ယူနေခဲ့တယ် ဆိုတာ သေချာပါတယ်..။

သူ့ကို အသက်ရှင်ကျန်ရစ်ခဲ့တဲ့ စစ်ပွဲမိန်းမပျို တစ်ဒါဇင်လောက်ကလည်း ဝန်းရံထားခဲ့သေးတယ်..။

အယ်ဖီရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီးသူရှိနေတဲ့ နေရာကို ခြေတစ်လှမ်းလှမ်းလိုက်ပေမယ့်..တွေဝေသွားခဲ့ကာ..ဆန်နီကို စိုးရိမ်တကြီး ပြန်လှည့်ကြည့်လိုက်တယ်..။

“မာစတာ တွေကရော..”

သူက တက်ရောက်မူအဆင့် စစ်သည်တော်သုံးယောက်ကို ကြည့်လိုက်ပြီး..ရိုးရှင်းစွာပဲ..သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်ပါတယ်..။

ကလေးမလေးဟာ တစ်ခုခု ပြောချင်နေသလိုပဲ..သူမရဲ့ မျက်လုံးတွေက စိုးရိမ်မူ ၊ မသက်မသာဖြစ်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။သို့ပေမယ့်..သူမက ခေါင်းညိမ့်လိုက်ပြီး မှတ်သားမူတွေကို ထုတ်ယူကာ..ထွက်သွားလိုက်ပါတယ်..။

ဆန်နီဟာ..မော်ဂန်ရဲ့ လေးကို ရုတ်သိမ်းလိုက်ပြီး..ရက်စက်သောမြင်ကွင်းကို သူ့ရဲ့ အပေါ် လက်ဆီကို ပြောင်းထားလိုက်တယ်..။ပြီးတာနဲ့..ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲမာစတာတွေဆီကို ဖြည်းညှင်းစွာ လျောက်သွားလိုက်ပါတယ်..။

အရိပ်သုံးခုက သူ့နောက်ကနေ လိုက်ပါလာခဲ့ပြီး..သူ ဖြတ်သွားတဲ့ နေရာတိုင်းမှာ ..အလင်းရောင်တွေက ဖျက်ဆီးခြင်းခံရပြီး အမှောင်ထုသာ အစားထိုးသွားခဲ့ပါတယ်..။

မဟူရာ အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ လက်လေးချောင်း နတ်မိစ္ဆာက..ဂိုဏ်းခေါင်းဆောင် မာစတာတွေနဲ့ မီတာ အနည်းငယ် အကွာမှာ ရပ်လိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ အနက်ရောင် မျက်လုံးတွေနဲ့ သူတို့ကို စိုက်ကြည့်နေခဲ့ပါတယ်..။

ဆံပင်အဖြူနဲ့ တက်ရောက်သူ ဟာ..ပေါက်ကွဲမူပြီးသွားတာတောင် ဒဏ်ရာမရပဲ ရှိနေနိုင်တဲ့ တစ်ယောက်တည်းသော သူပါ..။သူမက သူ့ကို အမုန်းတရားတွေနဲ့ စိုက်ကြည့်ရင်း..အေးစက်တဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်..။

“ရူးမိုက်တဲ့ အရိပ်….မင်းက ငါတို့သုံးယောက်ကို တစ်ယောက်တည်း စိန်ခေါ်ရဲတယ်လား..”

အနီရောင် ဆံပင်နဲ မိန်းမပျိုဟာ..အံကိုကြိတ်ထားရင်း..သူမရဲ့ ဆိုးဆိုးဝါးဝါးမီးလောင်ခံထားရတဲ့ လက်ကို ရွေ့လိုက်တယ်..။ပြီးတာနဲ့..တောက်ပတဲ့ အိုဒါချီဓားကို မနည်းမတင်လိုက်ရပါတယ်.။အနက်ရောင် ဆံပင်နဲ့ တစ်ယောက်ကလည်း..သူမရဲ့ လှံကို မှီရင်း တစ်ခုခုကို တီးတိုးပြောနေခဲတယ်..။ယင်းနောက် သူမရဲ့ လက်နက်က အနီရောင် အလင်းတွေ ဒေါသတကြီး တောက်ပလာခဲ့ပါတယ်..။

ဆန်နီ တစ်စက္ကန့်လောက် ငြိမ်သက်နေပြီးကာမှ..ခေါင်းခါယမ်းလိုက်တယ်..။

ပြီးတာနဲ့ အစွယ်‌တွေ ထွက်ပေါ်လာတဲ့ အထိ ပြုံးလိုက်ပါတယ်..။

..ခနအကြာမှာတော့..ကြောက်မက်ဖွယ်သတ္တဝါ သုံးကောင်က သူ့ရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့ကြပါပြီ..။တစ်ကောင်က မီးတောက်ကျောက် ကြေးခွံတွေနဲ့ မြွေတစ်ကောင် ဖြစ်ပြီး ၊ နောက်ထပ်တစ်ကောင်က..ချွန်ထက်တဲ့ ဦးချို ၊ ဝံပုလွေလို အစွယ်တွေ ရှိတဲ့ အနက်ရောင် မြင်းတစ်ကောင်ပါ..။ပြီးတော့ တတိယကတော့..မဟူရာအကာအကွယ်ကို ဝတ်ဆင်ထားတဲ့ ထည်ဝါတဲ သူရဲကောင်းတစ်ယောက်ပါပဲ..။သူမက စွန်ပုံသဏ္ဍာန် ဒိုင်းကာ တစ်ခုနဲ့…ကျောက်တုံး ဓားတစ်လက်ကို ကိုင်စွဲထားခဲ့ပါတယ်..။

အတူတကွ ဆိုသလိုပဲ..အရိပ်လေးကောင်ဟာ..ရှေ့ကို ချီတက်လာခဲ့ကြတယ်..။

အပိုင်း ( ၆၇၂ ) ပြီး၏။

All Chapters