← Chapters

စစ်ပွဲ မာစတာများ..

Vol. 45 Ch. 673

စစ်ပွဲ မာစတာများ..

Vol. 45 Ch. 673

နိုးထမူအဆင့် လူတစ်ယောက်က တက်ရောက်မူအဆင့် တစ်ယောက်ကို တိုက်ခိုက်ပြီး အနိုင်ရစရာ အကြောင်းမရှိပါဘူး..။တက်ရောက်မူအဆင့် သုံးယောက်ဆိုရင် ပြောနေစရာတောင် မလိုတော့ပေ..။သို့ပေမယ့် အဲလိုဆိုရင်တောင်..နိုးထသူတွေအားလုံးထဲမှာ ဆန်နီက သာမန် နိုးထသူတစ်ယောက် မဟုတ်ပေ..။

သူက အရင်ကတည်းက မာစတာ အဆင့် နှစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးပါတယ်..။တစ်ယောက်က ညဘုရားကျောင်းရဲ့ အစောင့် ပီယာ ဖြစ်ပြီး ၊ နောက်ထပ်တစ်ယောက်ကတော့ အနီရောင်အဆောက်အဦးရဲ့ ကြောက်စရာ ကျွန် ထိန်းသိမ်းသူ..ပါပဲ..။သူက ဒီနိုင်ပွဲနှစ်ခုစလုံးကို အသက်ဆုံးရှုံးလုနီးပါး အထိ တိုက်ခိုက်ပြီးကာမှ အနိုင်ရယူနိုင်ခဲ့တာပါ..။ဒီထဲက တိုက်ပွဲတစ်ခုမှာဆိုရင်..ဆန်နီက သူ့ရဲ့ ဦးခေါင်းကိုတောင်…ဆုံးရှုံးခဲ့ရပါတယ်..။

စစ်ပွဲ မိန်းမပျိုတွေက.. ဒီ ယောက်ကျ်ားသား နှစ်ယောက်ထက်ပိုပြီး သန်မာကြတဲ့ ပုံပါပဲ..။ပြီးတော့ သူတို့က သုံးယောက်ပါ..။ဒီတစ်ကြိမ်နဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင်..သူ တက်ရောက်မူအဆင့်တွေကို အရင်က ရင်ဆိုင်ခဲ့ဖူးတယ် ဆိုတာ ဘာမှ မဟုတ်တော့ပေ..။

..သို့ပေမယ့်..အဲဒီတိုက်ပွဲတွေမှာတုန်းက ဆန်နီဟာ သူ့ရဲ့ခွန်အားတွေကို အပြည့်အဝ ထုတ်သုံးခွင့် မရခဲ့ပါဘူး..။ပထမတစ်ကြိမ်တုန်းက..သူတော်စင်နဲ့ ဝိဉာဉ်မြွေတွေဟာ..လူသား ထပ်တူညီမူတွေနဲ့ တိုက်ခိုက်ရင်း အလုပ်ရှုပ်နေခဲ့ကြတာပါ..။ဒုတိယ တစ်ကြိမ်မှာတော့ သူက အခိုက်အတန့်နဲ့ ဖြတ်တောက်မူကို ခံထားရတာကြောင့် သူ့ရဲ့ လက်နက်တိုက်ထဲက မှတ်သားမူတွေကို အသုံးပြုလို့ မရနိုင်ပေ..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့…

ဒီတစ်ကြိမ်မှာတော့..ဆန်နီရဲ့ နတ်ဘုရား အဆင့် ဂဏ္ဍစွမ်းရည်တွေကို ထုတ်သုံးဖို့အတွက် ဘယ်အရာကမှ တားဆီးထားခြင်း မရှိတော့ပါဘူး..။အခုချိန်မှာတော့ သူက ဘာကောင်လဲဆိုတာကို ပြသဖို့ အချိန်ကောင်းတစ်ခု ဖြစ်ပြီး ဘယ်အရာကမှ သူ့ကို တားဆီးထားခြင်း မရှိပေ..။

ကံကောင်းချင်တော့..စစ်ပွဲမိန်းမပျိုတွေထဲက နှစ်ယောက်က ဆန်နီရဲ့ ကနဦး တိုက်ခိုက်မူကြောင့် ဒဏ်ရာရထားခဲ့ပါတယ်..။ဒီတော့..သူတို့သုံးယောက်ကို သူတစ်ယောက်တည်းတိုက်ခိုက်တာက..အနည်းငယ် ရူးသွပ်ပုံ ရပေမယ့်လည်း..ဒီတိုက်ပွဲမှာ သူ အနိုင်ရနိုင်တဲ့ အခြေအနေလေးတော့ ရှိနေပါသေးတယ်..။

..တက်ရောက်သူ သုံးယောက်က အရိပ်တွေရဲ့ တိုက်ခိုက်မူကို ခုခံဖို့ ပြင်ဆင်နေချိန်မှာပဲ..သူတော်စင်က ပုခုံးကို နိမ့်ချလိုက်ပြီး..စိတ်ရှည်သော လက်စားချေသူကို နောက်မှာထားကာ..စွန်ပုံစံ ဒိုင်းကာကို ရန်သူတွေ ဘက်ကို ထုတ်လိုက်ပါတယ်..။

လောင်ကျွမ်းနေတဲ့ နှလုံးသား တိုးမြင့်မူ ဖော်ပြချက် - “ ဒီဒိုင်းကာသည် လက်ခံရရှိသည့် မီးတိုက်ခိုက်မူများမှ အစိတ်အပိုင်းတစ်ချို့ကို သိုလှောင်ထားနိုင်ခြင်းရှိပြီး..ပိုင်ရှင်၏ တစ်ခြား လက်နက်တစ်ခုကို အားဖြည့်ပေးခြင်း သို့မဟုတ်..ပျက်စီးစေသည့် တုန်ခါလှိုင်းတစ်ခုကို ဖန်တီးပေးနိုင်သည်”

ဒိုင်းကာရဲ့ အတွင်းပိုင်းကနေ..နက်ရှိုင်းတဲ့ မြည်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်..။ပြီးတာနဲ့ သံမဏိရဲ့ မျက်နှာပြင်ကနေ မမြင်ရတဲ့ တုန်ခါမူလှိုင်းတစ်ခုက ပေါက်ကွဲထွက်လာခဲ့ပါတယ်..။စိတ်ရှည်သော လက်စားချေသူ..က နတ်ဘုရားမီးတောက် ပေါက်ကွဲမူကနေ..များပြားလှတဲ့ မီးတောက်စွမ်းအားတွေ စုပ်ယူထားခဲ့ကာ..အခုချိန်မှာ ဒေါသတကြီး ပြန်ထုတ်လွှတ်လာခဲ့တာပါ..။ဒါက ကြမ်းပြင်ပေါ်က ကျောက်တုံးကြီးတွေကို အမှုန့်တွေအဖြစ် ပြောင်းလဲသွားစေခဲ့ပြီး..စစ်ပွဲ မာစတာတွေကို နောက်ဘက် လွင့်ထွက်သွားစေခဲ့တယ်..။အခုတော့ သူတို့က တစ်ယောက်တစ်နေရာစီ ဖြစ်သွားခဲ့ကြပါပြီ..။

အရင်တုန်းက သူတို့အတူတကွ ပေါင်းစည်းပြီး ခုခံကြမယ့် အစီအစဉ် ရှိကြမယ် ဆိုရင်တော့ အခုချိန်မှာ အဲဒီအားသာချက်က ပျောက်ဆုံးသွားခဲ့ပါပြီ..။

အနည်းငယ် နှေးကွေးသွားခြင်းတောင် မရှိပဲ..ဆန်နီ နဲ့ သူ့ရဲ့ အရိပ်တွေဟာ လူခွဲလိုက်ကြတယ်..။ဝိဉာဉ်မြွေက မီးတောက်တွေကြားထဲကနေ ထိုးထွက်သွားပြီ..လှံရှည်ကိုင်ဆောင်ထားတဲ့ မိန်းမပျို ဆီကို သွားလိုက်ပါတယ်..။သူတော်စင်က..အိုဒါချီဓားကို ကိုင်ဆောင်ထားတဲ့ တစ်ယောက်ဆီကို ရောက်သွားခဲ့တယ်..။ပြီးတော့ နောက်ဆုံးမှာဆန်နီ နဲ့ အိပ်မက်ဆိုးက..ဘာလက်နက်မှ မကိုင်ဆောင်ထားတဲ့ မိန်းမပျို ဆီကို ရောက်သွားခဲ့ပါတယ်..။သို့ပေမယ့် သူမဆီကနေ ထွက်လာတဲ့ ဖိအားက အများဆုံးပါပဲ..။

‘လုပ်စမ်းပါ..’

အရာရာတိုင်းက အစီအစဉ်အတိုင်း ဖြစ်နေခဲ့တာပါ..သို့ပေမယ့်..အစစ်အမှန် အခြေအနေကို ရောက်တဲ့အချိန်မှာ..ဘယ်အစီအစဉ်ကမှ..ရှင်သန်နိုင်ခြင်း မရှိကြပေ..။ခနအကြာမှာတော့..တစ်ခုခု မထင်မှတ်ထားတဲ့ အရာက ဖြစ်ပေါ်လာခဲ့တယ်..။ဒါကတော့ ဆန်နီရဲ့ မဟာဗျူဟာ ထဲမှာ အနှောက်အယှက်တစ်ခု ဖြစ်ပေါ်လာခဲ့တာပါ..။

လေထဲမှာ လွင့်ပျံနေတဲ့ အနက်ရောင် ဆံပင်နဲ့ အမျိုးသမီးဟာ..သူမရဲ့ လှံကို ကျောက်တုံးကြမ်းပြင်ကို ထိုးစိုက်လိုက်ပြီး..နောက်ကို လွင့်နေတဲ့ အရှိန်ကို ရပ်တန့်ကာ..မတ်တတ်ပြန်ရပ်လိုက်ပါတယ်..။သူမရဲ့ နောက်မှာတော့ လောင်ကျွမ်းနေတဲ့ နတ်ဘုရားမီးတောက်တွေပဲ ရှိနေတော့တာပါ..။ပြီးတဲ့နောက်မှာတော ရုတ်တရက် ဆိုသလိုပဲ..သူမက နှစ်ယောက်ဖြစ်သွားခဲ့တယ်..။

တစ်ထပ်တည်း တူညီတဲ့ စစ်ပွဲမိန်းမပျိုနှစ်ယောက်က မတ်တတ်ရပ်နေကြပြီး တစ်ယောက်ချင်းစီကလည်း တောက်ပတဲ့ လှံရှည်ကို ကိုင်ဆောင်ထားကြတယ်..။သူတို့ထဲက ဘယ်သူကမှ ပုံရိပ်ယောင်လို့ မထင်ရပဲ နှစ်ယောက်စလုံးက..စစ်မှတ်တဲ့ အရိပ်တွေကို ပိုင်ဆိုင်ထားခြင်း ရှိကြပါတယ်..။သူတို့နှစ်ယောက်စလံုးက အသွေးတွေ အသားတွေနဲ့ တည်ဆောက်ထားကြတယ်..။ဆိုလိုတာကတော့..သူမ ပိုင်ဆိုင်ထားတဲ့ ခြိမ်းခြောက်နိုင်စွမ်းက နှစ်ဆဖြစ်သွားခဲ့ပြီလို့ ဆိုလိုတာပါပဲ..။

‘ဒါက ဘယ်လို ရူးသွပ်ဖွယ်ရာကောင်းတဲ့ ဂဏ္ဍစွမ်းရည်မျိုးလဲ..”

ဆန်နီ အစွယ်တွေကို ထုတ်ဖော်ရင်း လေထဲမှာတင် အစီအစဉ် ပြောင်းလိုက်တယ်..။

အိပ်မက်ဆိုးက..ဦးတည်ချက်ပြောင်းသွားခဲ့ပြီး..လံရှည်ကိုင်ဆောင်ထားတဲ့ တက်ရောက်သူနှစ်ယောက်နဲ့ တိုက်ခိုက်ရမယ့်..ဝိဉာဉ်မြွေကို ကူညီဖို့ ထွက်သွားခဲ့ပါတယ်..။ဆန်နီ အနားမှာရှိနေတဲ့ အရိပ်နှစ်ခုထဲက တစ်ခုက ရှေ့ကိုတက်ကာ..အနက်ရောင်မြင်းရဲ့ ကိုယ်ပေါ်မှာ ရစ်ပတ်လိုက်တယ်…။နောက်ထပ် အရိပ်နှစ်ခုက ဆန်နီကို ရစ်ပတ်ထားလိုက်တယ်..။ အခုဆိုရင် သူက ကြောက်မက်ဖွယ် မာစတာကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရတော့မှာပါ..။

သူတော်စင်ကတော့..ဘာအားဖြည့်မူမှ မရှိပဲ..သူမရဲ့ ရန်သူကို ရင်ဆိုင်ရပါတော့မယ်..။သို့ပေမယ့် သူ အရမ်းကြီး စိတ်မပူမိပေ..။သူတို့လေးယောက်ထဲမှာဆိုရင်..သူမက အားအကောင်းဆုံးတောင် ဖြစ်နေနိုင်ပါတယ်..။

ခနအကြာမှာတော့ စစ်ပွဲ မိန်းမပျိုတွေနဲ့ အရိပ်တွေက စတင် ထိတွေ့မိလိုက်ကြတယ်..။

ဆန်နီ ရဲ့ ဘယ်ဘက်မှာတော့..အိပ်မက်ဆိုးနဲ့ ဝိဉာဉ်မြွေတို့ဟာ..တစ်ထပ်တည်းတူညီတဲ့ အနက်ရောင်ဆံပင်နဲ့ အမျိုးသမီး နှစ်ယောက်ကို တိုက်ခိုက်လိုက်နေခဲ့ကြတယ်..။အခုဆိုရင် အရိပ်မြင်းက..ဆန်နီနဲ့ ဝေးကွာသွားခဲ့တာကြောင့်..အရိပ်မီးအိမ်က အမှောင်ထု ချပေးနိုင်တဲ့ နေရာရဲ့ အပြင်ဘက်မှာ‌ ရောက်နေခဲ့ပါပြီ..။ဒါကြောင့် ( အနက်ရောင် ဖျက်ဆီးသူ ) စွမ်းရည်ရဲ့ သက်ရောက်မူကို မရရှိတော့ပေမယ့်..( ကြောက်မက်ဖွယ်အရှင်သခင် ) စွမ်းရည်ကတော အလုပ်ဖြစ်နေဆဲပါပဲ..။

စစ်ပွဲမိန်းမပျိုတွေရဲ့ အသွင်အပြင်က ဘယ်လောက်တောင် ယုံကြည်မူရှိပြီး ကြောက်မက်ဖွယ်ကောင်းနေပါစေ..သူတို့ရဲ့ စိတ်..နက်ရှိုင်းတဲ့ အပိုင်းမှာတော့ ကြောက်ရွံ့မူအချို့ ကိန်းအောင်းနေကြမှာပါပဲ..။ဘာပဲဖြစ်ဖြစ်..သူတို့ရဲ့ မြင့်မြတ်တဲ့ ချားလစ် ဖလားကြီးက..မမျှော်လင့်ထားစွာပဲ ဖျက်ဆီးခံလိုက်ရတာပါ..။ပြီးတော့..ပေါက်ကွဲမူကနေတဆင့် သူတို့ရဲ့ ညီအစ်မတွေလည်း သေဆုံးသွားခဲ့ကြတယ်..။အိပ်မက်ဆိုး ပိုင်ဆိုင်ထားတဲ့ ( ကြောက်ရွံ့မူ ဝတ်ရုံတော် ) စွမ်းရည်နဲ့ ဆိုရင် အားကောင်းပါတယ် ဆိုတဲ့ တက်ရောက်သူတွေတောင် ကြောက်ရွံ့မူကနေ ရှောင်လွဲနိုင်ကြမှာ မဟုတ်ပေ..။ပြီးတော့..သူတို့ပိုပြီး ကြောက်လာလေလေ..အနက်ရောင် ကျိန်စာက ပိုပြီး အားကောင်းလာလေလေပါပဲ..။

ဒီတော့..ဆန်နီ အနေနဲ့ ဝိဉာဉ်မြွေ နဲ့ အိပ်မက်ဆိုးကိုလည်း စိတ်မပူမိပါဘူး..။

သူ့ရဲ့ ညာဘက်မှာတော့..သူတော်စင်က အနီရောင် ဆံပင်နဲ့ တက်ရောက်သူကို တိုက်ခိုက်နေခဲ့တယ်..။သူတို့ရဲ့ ဓားချင်း ထိတွေ့သွားတဲ့အချိန်မှာတော့..နားစည်ကျိန်းလုမတတ် အသံကြီးထွက်ပေါ်လာခဲ့ပါတယ်..။စစ်ပွဲမိန်းမပျိုရဲ့ တွန်းအားကြောင့် တိတ်ဆိတ်တဲ့ နတ်မိစ္ဆာတောင် နောက်ကို ယိုင်ထွက်သွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရပါတယ်..။သူတော်စင်ရဲ့ အလေးချိန်ကို ထည့်တွက်ကြည့်မယ်ဆိုရင်..သူမ ထုတ်လွှတ်လိုက်တဲ့ ခွန်အားက အတော်လေးကြီးမားတယ်လို့ ပြောလို့ ရပါတယ်..။ဒီတော့..သူမက ရုပ်ပိုင်းဆိုင်ရာကို အားဖြည့်ပေးတဲ့ ဂဏ္ဍစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ ပုံပါပဲ..။

သူမရဲ့ မီးလောင်ဒဏ်ရာတွေကလည်း မယုံနိုင်စရာ အမြန်နှုန်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ပြန်လည်သက်သာလာခဲ့တယ်..။ဆိုလိုတာကတော့..သူမရရှိထားတဲ့ ဂဏ္ဍစွမ်းရည်ရဲ့ မှော်စွမ်းအားက ပြန်လည်သက်သာလာတဲ့ နှုန်းကိုလည်း အရှိန်မြင့်တင်ထားပုံပါပဲ..။ပြီးတော့ နောက်ဆုံးတစ်ခုအနေနဲ့ သူတော်စင်ရဲ့ ကျောက်တုံးဓားပေါ်မှာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့တယ်..။ဒီတော့ ..သူမရဲ့ တောက်ပတဲ့ အိုဒါချီ ဓားရဲ့ မှော်စွမ်းအားတွေကပဲ အားကောင်းနေတဲ့ ဒါမှမဟုတ် သူမမှာပဲ လက်နက်တွေကို အားဖြည့်နိုင်တဲ့ စွမ်းရည် ရှိနေတာလား ဆိုတာ စဉ်းစားစရာပဲ..။

ဒါတောင်မှ ဆန်နီအနေနဲ့ သူ့ရဲ့ တိတ်ဆိတ်တဲ့ အရိပ်ကပဲ..အနိုင်ရလိမ့်မယ်လို့..ယုံကြည်နေပါသေးတယ်..။

ဒီတော့..သူတို့ရဲ့ အဖွဲ့ထဲမှာ စိုးရိမ်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေတဲ့ လူကတော့ သူကိုယ်တိုင်ပါပဲ..။

သူက ရက်စက်သောြမင်ကွင်းကို ဘယ်ဘက် ပုခုံးထက်ကိုတင်လိုက်ပြီး..သန်းခေါင်ယံ အမြုတေကို ညာဘက်ပေါင်နားကို ချထားလိုက်တယ်..။ပြီးတာနဲ့ အခုချိန်အထိ တည်တည်ငြိမ်ငြိမ်နဲ့ လက်နက်မကိုင်ဆောင်ထားသေးတဲ့ စစ်ပွဲမိန်းမပျိုဆီကို တိုးဝင်သွားခဲ့ပါတယ်..။

‘ဒါဆိုလည်း နင်က ဘယ်လိုသားရဲမျိုး ဖြစ်မလဲ ဆိုတာကို ကြည့်ကြတာပေါ့..’

အမျိုးသမီးဟာ..သူမကို တိုက်ခိုက်လာတဲ့ နတ်မိစ္ဆာကို မုန်းတီးစွာ ကြည့်နေခဲ့ရင်း..သူမရဲ့ လက်တွေကို ရိုးရှင်းစွာပဲ ဝေ့ယမ်းလိုက်ပါတယ်..။

ယင်းနောက် နောက်ထပ် တစ်ခနအတွင်းမှာတော့…သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျောက်တုံး အပိုင်းအစတွေနဲ့ မီးတောက်တွေဟာ ရုတ်တရက် လှုပ်ရှားလာခဲ့ကြပါပြီ…။

အပိုင်း ( ၆၇၃ ) ပြီး၏။

All Chapters