အရိပ်၏ ညှာတာမူ
Vol. 45 Ch. 674
“သောက်ကျိုး….’
ကျောက်တုံး အပိုင်းအစတွေ ၊ လောင်ကျွမ်းနေတဲ့ မီးတောက်တွေက လေထဲကနေတဆင့်..အမျိုးသမီး ဆီကို ပျံသန်းလာခဲ့ကြတယ်..။ဒီအရာတွေက သူမကို ထိခိုက်ပြီး လောက်ကျွမ်းရမယ့် အစား..တစ်နည်းနည်းနဲ့ စုစးည်းသွားကြပြီး သူမရဲ့ သွယ်လျတဲ့ ခန္တာကိုယ်မှာထူးဆန်းတဲ့ ကျောက်တုံး အကာအကွယ် အဖြစ် ဖြစ်တည်လာခဲ့ကြပါတယ်..။မီးတောက်တွေကတော့..သူမရဲ့ လက်တွေမှာ တောက်ပတဲ့ မီးတောက်တွေ အဖြစ် ရှိနေခဲ့ကြပါပြီ..။
ဆန်နီဟာ ရုတ်တရက် ဆိုသလိုပဲ..နက်ရှိုင်းပြီး မသက်မသာဖြစ်တဲ့ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရတယ်..။
‘သတ္တိတွေကောင်းနေပါလား..ဆိုးယုတ်တဲ့ အရိပ်..’
စစ်ပွဲ မိန်းမပျိုရဲ့ အသံက..အရိပ်မီးအိမ်က ဖန်တီးထားခဲ့တဲ အမှောင်ထုထဲမှာ ပဲ့တင်ထပ်ပြီး ထွက်ပေါ်လာခဲ့ပါတယ်..။ယင်းနောက် ဒေါသတကြီး လောင်ကျွမ်းနေတဲ့ အဖြူရောင် မျက်လုံးနှစ်လုံးက..ဆန်နီကို သတ်ဖြတ်လိုစိတ်တွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။
“ နင်က စစ်ပွဲကို စိန်ခေါ်ရဲတဲ့ အထိ သတ္တိကောင်းနေတယ်ပေါ့..’
စက္ကန့်ဝက်လောက်ကြာပြီးတဲ့နောက်မှာတော့..အမျိုးသမီးဟာ..သူမရပ်တန့်နေတဲ့ နေရာကနေပျောက်ကွယ်သွားခဲ့တယ်..။သူမရဲ့ ခြေထောက်အောက်က ကျောက်ပြားကတော့..အပိုင်းအစတွေ အဖြစ် ပေါက်ကွဲထွက်သွားခဲ့ပါတယ်..။ချက်ချင်းဆိုသလိုပဲ သူမက သူ့အပေါ်ကို ရောက်လာခဲ့ပြီး..မီးတောက်တွေ ရစ်ပတ်ထားတဲ့ လက်တစ်ဖက်က သူ့ရင်ဘတ်ဆီကို ဦးတည်လာခဲ့ပါတယ်..။
‘ချီးတဲ့မှပဲ…ဘာလို့ စစ်ပွဲ အမျိုးသမီးတွေ အားလုံးက ငါ့ရဲ့ နှလုံးသားကိုပဲ ချိန်ရွယ်နေကြတာလဲ..။ဒီလိုဖြစ်တာက ဒါနဲ့ ဆိုရင် တတိယ အကြိမ်ရှိပြီ…’
ဆန်နီ ပျက်စီးစေနိုင်တဲ့ တိုက်ခိုက်မူကို ကသိကအောက်ဖြစ်စွာ တားဆီးလိုက်တယ်..။ယင်းနောက် သူ့ရဲ့ ခန္တာကိုယ်က ပြင်းထန်လွန်းတဲ့ အရှိန်ကြောင့် နောက်ကို လွင့်ထွက်သွားတာကို ခံစားလိုက်ရပါတယ်..။ကံကောင်းချင်တော့ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က သူ့ ရန်သူရဲ့ လက်မှာ ရှိနေတဲ့.. ကောင်းကင်မီးတောက်တွေကို ကောင်းကောင်း ကာကွယ်ထားနိုင်ခဲ့တာပါ..။ဒါက ခုခံနိုင်တယ် ဆိုယုံလောက်တင်ဖြစ်ပြီး..မီးတောက် တွေက..သူ့ရဲ့ မဟူရာအကာအကွယ်ပေါ်မှာ ဆက်လက်စီးဆင်းနေခဲ့တယ်..။
‘အား..’
ဒီနေရာမှာ တစ်ခုခုကတော့ မူမမှန်တော့ပါဘူး..။မာစတာတစ်ယောက်ဆိုရင်တောင်..ဒီ အမျိုးသမီး ပိုင်ဆိုင်ထားတဲ့ အမြန်နှုန်း နဲ့ ခွန်အားက အတော်လေးကြောက်မက်ဖွယ်ကောင်းနေပါတယ်..။ဆန်နီက အမြုတေ သုံးခုကို အပြည့်နီးပါး ဖြည့်ထားပြီး ..အရိပ်တွေနဲ့ပါ အားဖြည့်ထားခဲ့တာကြောင့်..သူက တက်ရောက်မူ အဆင့် အနီးနားဝန်းကျင်ကို ရောက်ရှိနေတဲ့လူတစ်ယောက်ပါ..။အနည်းဆုံးတော့..သူက တက်ရောက်သူ အချို့နဲ့ တန်းတူ ယှဉ်ပြီး တိုက်ခိုက်နိုင်နေသင့်ပါတယ်..။ပြီးတော့ ဒါတောင်မှ..သူမရဲ့ ခွန်အားက သူ့ထက် အဆမတန် ပိုသန်မာနေခဲ့ပါသေးတယ်..။
သူမမှာ ရုပ်ပိုင်းဆိုင်ရာ တိုးမြင့်တဲ့ ဂဏ္ဍစွမ်းရည်ရှိနေတယ်လို့ ဖြေရှင်းနိုင်ပေမယ့်..ဆန်နီ မြင်တဲ့ အတိုင်းပဲ..ဆံပင်အဖြူနဲ့ အမျိုးသမီးက..သဘာဝဒြပ်စင်နဲ တိုက်ခိုက်တဲ့ မှော်ဆရာမ တစ်ယောက်ပါပဲ..။
‘အာ..ဘယ်လိုလဲ ဆိုတာ ငါသိပြီ..’
ကြမ်းပြင်ပေါ်ကို လိမ့်ကျပြီးသွားတာနဲ့..သူက ရက်စက်သောမြင်ကွင်းကို ရှေ့ကို ပို့လိုက်ပြီး ရန်သူ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာမှာကို တားဆီးထားလိုက်ပါတယ်.။ပြီးတာနဲ့..သန်းခေါင်းယံ အမြုတေနဲ ချက်ချင်း ခုတ်ပိုင်းလိုက်တယ်..။
အဇူရာ ဓားသွားက..စစ်ပွဲမိန်းမပျိုရဲ့ ခန္တာကိုယ် ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ ကျောက်တုံး အကာအကွယ်ကို ထိမှန်သွားခဲ့ပါပြီ..။
ကြည့်ရတာတော့..သူ့ရဲ့ ဂဏ္ဍစွမ်းရည်က ဒြပ်စင်တွေကို ထိန်းချုပ်တယ် ဆိုတာထက် ပိုပြီး ကျယ်ပြန့်နေတဲ့ ပုံပါပဲ..။အနီရောင် ဂိုဏ်းရဲ့ ခေါင်းဆောင်က..ဒြပ်စင်တွေကို ထိန်းချုပ်နိုင်ယုံတင်မကပဲ..ဒီဒြပ်စင်တွေဆီက စွမ်းအားကိုပါ အသုံးပြုနိုင်နေတဲ ပုံပါပဲ..။ဒီ ကျောက်တုံးတွေက သူမရဲ့ ခွန်အား နဲ့ ခံနိုင်ရည်ကို အားဖြည့်ပေးထားကြတာပါ..။မီးတောက် တွေက အမြန်နှန်ုးလား..။တိုက်ခိုက်မူ စွမ်းအားလား..။
ဘာပဲဖြစ်ဖြစ်..ကြည့်ရတာတော့..ဆန်နီရဲ့ မီးအိမ်က ပတ်ဝန်းကျင်ကို အမှောင်ချထားခဲ့တာတောင် ဆံပင်အဖြူနဲ့ အမျိုးသမီးက..အရာအားလုံးကို မြင်နိုင်နေတဲ့ ပုံပါပဲ..။
သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာ ရက်စက်မူတစ်ချို့ပေါ်လာခဲ့ပြီး..ရက်စက်သောမြင်ကွင်း နဲ့ သန်းခေါင်ယံ အမြုတေ တို့ရဲ့ တိုက်ခိုက်မူတွေကို အေးဆေးစွာ ရှောင်တိမ်းသွားခဲ့တယ်..။
သို့ပေမယ့်..သူမက ဆန်နီရဲ့ လက်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တဲ့ လအမြုတေကိုတော့ ရှောင်တိမ်းဖို့ ကျရှုံးသွားခဲ့ပါတယ်..။ဒီဓားက သူမရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ပြီး သွေးတွေ စီးကျလာခဲ့တယ်..။
ဆန်နီ ပြုံးလိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ်..လက်လေးချောင်းရှိတာက အားသာချက် ဖြစ်စေတာ အမှန်ပါပဲ..။
‘မင်း အရမ်း သန်မာပြီး ဘဝင်မမြင်နိုင်တော့ဘူးမလား..’
အမျိုးသမီးကတော့ နာကျင်မူထက် ပိုပြီး ဒေါသထွက်သွားတဲ့ ပုံပါပဲ..။သူမရဲ့ ပတ်ဝန်းကျင်က ကျောက်တုံးအကာအကွယ်က သူ့ရဲ့ လက်နဲ့ လအမြုတေကို ဝေးကွာစေခဲ့ပါတယ်..။ယင်းနောက် တောက်ပနေတဲ့ လက်သီးတွေက သူ့ခန္တာကိုယ်ပေါ်ကို ကျဆင်းလာခဲ့တယ်..။မီးတောက်တွေကလည်း ကျောက်တုံး အပိုင်းအစတွေ ကြားထဲကနေ ဖြတ်သန်းသွားပြီး သူမရဲ့ ဒဏ်ရာကို ပြန်လည် ကုသပေးနေခဲ့ပါပြီ..။
‘မကောင်းတော့ဘူး..’
ဆံပင်အဖြူနဲ့ စစ်သည်တော်နဲ့ ဆန်နီဟာ နောက်တစ်ကြိမ် တိုက်ခိုက်နေကြပါပြီ..။သူတို့ရဲ့ အမြန်နှုန်း နဲ့ ပြင်းထန်မူတွေက ပျက်စီးနေပြီးသားဖြစ်တဲ့..ဘုရားကျောင်းခန်းမကြီးကို ထပ်မံပျက်စီးနေစေခဲ့တယ်..။သူတို့ရဲ့ ပတ်ဝန်းကျင်ကို အမှောင်ထုက ဖုံးအုပ်ပေးထားခဲ့တာကြောင့် အထဲမှာဘာတွေဖြစ်နေတာလဲ ဆိုတာကို ဘယ်သူမှ မမြင် နိုင်ခဲ့ပါဘူး..။အမှောင်ထုထဲမှာ အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်လာနေတာကိုပဲ မကြာခနဆိုသလို မြင်တွေ့နေခဲ့ရတယ်..။
သူတို့ သိနိုင်ကြတာကတော့..လူသားမဆန်တဲ့ တိုက်ပွဲကနေ ဒေါသတကြီး ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် အသံတွေပါပဲ..။
စစ်ပွဲအမျိုးသမီးက ဆန်နီထက် ပို မြန်ဆန်ပြီး သန်မာနေခဲ့တယ်..။သူမရဲ့ ဂဏ္ဍစွမ်းရည်က အံ့ဩဖို့ကောင်းပြီး..သူမရဲ့ ကျွမ်းကျင်မူတွေက သူ မြင်ဖူးသမျှတွေနဲ့လုံးဝကို မတူညီကြပါဘူး..။ဒါက နိုးထခြင်း ကမ္ဘာက လူသားတွေ တိုက်ခိုက်ပုံနဲ့ လုံးဝကို ကွာခြားနေခဲ့တယ်..။သို့ပေမယ့်..ပိုပြီးကောင်းမွန်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပေ..။အမှန်တော့ သူမရဲ့ သတ်ဖြတ်လိုတဲ့ နည်းစနစ်က..သေစေနိုင်တဲ့ စွမ်းအား ၊ ပြတ်သားတဲ့ ပြီးပြည့်စုံမူ နဲ့ သေစေနိုင်တဲ့ တိကျမူတွေကို ပေါင်းစပ်ထားခဲ့တာပါ..။
သူမက သူမခန္တာကိုယ်ထဲက အဆီအနှစ်တွေကို တိကျသေသပ်စွာ ထိန်းချုပ်နိုင်စွမ်းလည်း ရှိနေခဲ့တယ်..။ဆန်နီက အရင်တုန်းက သူ့ရဲ့ အဆီအနှစ် ထိန်းချုပ်နိုင်စွမ်းကို ဂုဏ်ယူမိခဲ့ပေမယ့် အခုချိန်မှာ ဘယ်လောက်အထိ သာမန်အနေအထား ရောက်နေလည်း ဆိုတာကို နားလည်နိုင်ခဲ့ပါပြီ..။သူ့ရဲ့ အဆီအနှစ်တွေကလည်း တဖြည်းဖြည်းနဲ့ နည်းပါးလာနေခဲ့တယ်..။မော်ဂန်ရဲ့ လေးကို အသုံးပြုပြီး ပေါက်ကွဲမူကို ဖန်တီးတဲ့ အချိန်မှာကတည်းက သူ့ရဲ့ အဆီအနှစ်တွေက အတော်လေးကို ကုန်နေခဲ့တာပါ..။
သို့ပေမယ့် သူက တိုက်ပွဲထဲမှာ ဘာအကာအကွယ်မှ ရှိမနေခဲ့တာ မဟုတ်ပေ..။စစ်ပွဲ အမျိုးသမီးက အံ့ဩဖွယ်ကောင်းတဲ့ နည်းစနစ်မျိုးကို ပိုင်ဆိုင်ထားတယ် ဆိုရင် ..ဆန်နီမှာလည်း ဒီလို နည်းစနစ်တွေ အများကြီး ရှိပါတယ်..။သူက တိုက်ခိုက်နေစဉ်အတွင်းမှာ ဟန်ပန်တစ်ခုနဲ့ တစ်ခု အလျင်အမြန်ပြောင်းလဲနေခဲ့ပြီး ပုံသဏ္ဍာန်မရှိတဲ့ အရိပ်တစ်ခုက ကခုန်နေသလို ဖြစ်နေခဲ့တယ်..။ဒါက သူ့ရဲ့ လှုပ်ရှားမူတွေကို ကြိုတင်တွက်ဆဖို့ ခက်ခဲပြီး..တားဆီးဖို့ မလွယ်ကူနိုင်ဖြစ်စေပါတယ်..။
ရက်စက်သော မြင်ကွင်းကလည်း..သူနဲ့အတူပဲ…လှံရှည်ဖြစ်သွားလိုက် ၊ ဓားတစ်ချောင်းဖြစ်သွားလိုက် အမျိုးမျိုး ပြောင်းလဲကာ တိုက်ပွဲဝင်နေခဲ့တယ်..။ရက်စက်သော မြင်ကွင်းက..ရန်သူပိုင်ဆိုင်ထားတဲ့ နတ်ဘုရား မီးတောက်ရဲ့ အပူချိန်ကို မခံနိုင်ဘူးဆိုတာ သိနေတာကြောင့် သူ အစောကြီးကတည်းက..ရုတ်သိမ်းထားလိုက်ပါပြီ..။
သူက တက်ရောက်မူအဆင့် မွန်းစတားရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မူတွေအောက်မှာ ရှင်သန်နိုင်ဖို့အတွက်..သူ့ရဲ့ မျိုးစုံ ကျွမ်းကျင်မူ နဲ့ လှည့်စားမူတွေပေါ်မှာသာ မှီခိုနေခဲ့ရတယ်..။ပြီးတော့ ဒီအရာတွေ အားလုံးထဲမှာမှ သူမ ဘယ်လို လှုပ်ရှားတယ် ၊ သူမရဲ့ အရိပ်က ဘယ်လို လှုပ်ရှားတယ် ၊ ဘယ်လို တိုက်ခိုက်တယ် ၊ ဘယ်လို တုန့်ပြန်တယ် ဆိုတာ အားလုံးကို လေ့လာနေခဲ့ပါတယ်..။
အရိပ်ကခုန်မူက စစ်ပွဲအမျိုးသမီးရဲ့ အံ့ဩဖွယ် နည်းစနစ်ကို တဖြည်းဖြည်း ချင်းစုပ်ယူနေခဲ့တာပါ..။ဒီအရာက သူမရဲ့ မယုံနိုင်စရာ နည်းစနစ်ကို ကြိုတင်တွက်ဆပြီး ခန့်မှန်းလို့ ရသွားစေပါတယ်..။ဒီဖြစ်စဉ်တစ်ခုလုံးကို အယ်ဖီနဲ့ အစောက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ရရှိခဲ့တဲ့ တိုက်ပွဲ အခြေခံနည်းစနစ်တွေက ပိုမိုမြန်ဆန်သွားစေခဲ့တာပါ..။ဘာပဲဖြစဖြစ်..သူတို့နှစ်ယောက်က ဆရာ နဲ တပည့်တွေပါပဲ..။
အခုချိန်မှာတော့..ဆန်နီက ကိုယ်ပိုင်တိုက်ခိုက်မူတစ်ခုကို ဖန်တီးနိုင်ခြင်း မရှိပဲ..ခုခံကာကွယ်မူပိုင်းမှာတင်..ပိတ်မိနေခဲ့တာပါ..။တစ်ချက်ကြည့်လိုက်တာနဲ့တင်..သူက မကြာခင်မှာ သေဆုံးရတော့မယ့် လူတစ်ယောက်လိုပါပဲ..။သို့ပေမယ့် အမှန်တော့..သူက ဒီတိုင်း အချိန်ကို စောင့်ဆိုင်နေခဲ့တာပါ..။တိုက်ခိုက်မူ တစ်ခု ဒါပေမဲ့..မရှောင်နိုင်လောက်တဲ့ တိုက်ခိုက်မူမျိုးကို ဖန်တီးပေးနိုင်မယ့် အချိန်…။
ပြီးတော့ မကြာခင်မှာပဲ ဒီအချိန်က ရောက်ရှိလာခဲ့တယ်..။
ဆန်နီက ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတာကြောင့် မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ဟာ အက်ကွဲနေခဲ့ပြီး..ပြိုလဲပျက်ဆီးတော့မယ့် အလား လိမ္မော်ရောင် အလင်းရောင်တွေပါ ထွက်ပေါ်နေခဲ့ပါပြီ..။သူ့ရဲ့ အဆီအနှစ်တွေကလည်း မရှိသလောက် နီးပါးပါပဲ..။ပြီးတော့ သူ့ရဲ့ အသက်ရူသံတွေကလည်း ကြမ်းတမ်းလာနေခဲ့တယ်..။သူ့ရဲ့ ဦးချိုတစ်ချောင်းက ကျိုးပဲ့ နေခဲ့ပြီး ထိပ်ပိုင်းကို ပိုင်းဖြတ်ခံထားခဲ့ရပါတယ်..။ဒါက စစ်ပွဲ အမျိုးသမီးရဲ့ လက်ဝါးက နတ်ဘုရားမီးတောက်တွေကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲနေခဲ့ပါပြီ..။
သို့ပေမယ့် အဲ့အချိန်မှာပဲ..သူက အခွင့်အရေးကို မြင်တွေ့နိုင်ခဲ့တယ်..။
ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမျိုးမှာ ဒီလိုအခွင့်အရေးမျိုးက နောက်ထပ် တစ်ကြိမ် မရနိုင်ပါဘူး..။
အမျိုးသမီး စစ်သည်တော်က သူမရဲ့ လက်ကို မြှောက်ပြီး..နောက်ထပ် ပြင်းထန်တဲ့ တိုက်ခိုက်မူ ပြုလုပ်တော့မယ့် အချိန်မှာပဲ.. သူက ရုတ်တရက် ရက်စက်သောမြင်ကွင်းကို အနည်းငယ် ပြောင်းလဲလိုက်တယ်..။ယင်းနောက် သူ့ရဲ့ ရန်သူကို အသွားနဲ့ ရင်ဆိုင်စေလိုက်ပါတယ်..။
ယင်းနောက် ဆန်နီဟာ..လှံသွားကနေတဆင့် ( အလင်းစားသုံးသူ ) စွမ်းရည်ကို အသက်သွင်းလိုက်တာကြောင့်..ဓားသွားက.များပြားလွန်းတဲ့ အလင်းတန်းတွေ ရုတ်တရက် ထွက်ပေါ်သွားခဲ့ပါတယ်..။
စစ်ပွဲ မိန်းမပျို က သူရဲ့ စွမ်းရည်နဲ့ ချိန်ညှိပြီး မျက်လုံးတွေကို အမှောင်ထဲမှာ မြင်နိုင်အောင် ဖန်တီးထားခဲ့တာပါ..။ပြီးတော့ အဲဒီအကြောင်းပြချက်ကြောင့်ပဲ..ရုတ်တရက် ထွက်ပေါ်လာတဲ့ အလင်းတန်းတွေက..သူမရဲ့ အမြင်အာရုံကို ပျောက်ဆုံးသွားစေခဲ့တယ်..။ဆန်နီကတော့ ဒီအရာရဲ့ သက်ရောက်မူကို မခံရပါဘူး..။ဘာပဲဖြစ်ဖြစ်..သူက ပတ်ဝန်းကျင်ကို ကြည့်ရူဖို့အတွက်..အရိပ်အာရုံခံမူကိုပဲ အသုံးပြုနေခဲ့တာပါ..။
သူ့ရဲ့ ရန်သူက တစ်စက္ကန့်လောက် အမြင်အာရုံပျောက်ဆုံးသွားခဲ့တယ်..။သို့ပေမယ့် သူတို့ရဲ့ အဆင့် တိုက်ပွဲတွေမှာ..တစ်စက္ကန့်ဆိုတာက…အဆုံးမရှိအချိန်အတိုင်းအတာ လောက်ကို ကြာမြင့်တာပါ..။
ဒါပေါ့..သူမရဲ့ အမြင်အာရုံကို ရိုးရှင်းစွာ ပျောက်ဆုံးသွားတာက စစ်ပွဲအမျိုးသမီး ရဲ့ ခုခံမူတွေကပါ ပျောက်ဆုံးသွားစေခဲ့ပါတယ်..။သူမလို စစ်သည်တော် တစ်ယောက်က အမြင်အာရုံ ပျောက်ဆုံးသွားတဲ့ အချိန်မှာတောင် ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာကို ကောင်းကောင်းသိထားပြီးသားပါ..။ပြီးတော့ အမှန်တကယ်ပဲ သူမက ခန္တာကိုယ်ကို ရှောင်တိမ်းလိုက်ပြီး လက်တွေကို ရွေ့လျားကာ ဖြစ်နိုင်ခြေတိုက်ခိုက်မူတွေကို ကာကွယ်ဖို့ လုပ်လိုက်တယ်..။
ကံဆိုးချင်တော့..ဆန်နီက သူမဘယ်ကို ရှောင်တိမ်းမလဲ ဆိုတာကို သိလောက်တဲ့အထိ သူမရဲ့ ဟန်ပန်ကို လုံလောက်အောင် ရင်းနှီးနေခဲ့ပါပြီ..။ပြီးတော့..ဒီအရာကို ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကိုလည်း သူသိထားပါသေးတယ်..။
သူ့ရဲ့ လက်တစ်ဖက်က ရှေ့ကို ရောက်သွားပြီး လက်သည်းတွေနဲ့ အမျိုးသမီးရဲ့ လည်ပင်းကို ဖမ်းဆုပ်ထားလိုက်တယ်..။နောက်ထပ်တစ်ဖက်က..သူမရဲ့ မှော်ဆန်တဲ အကာအကွယ်ရဲ့ လွတ်နေတဲ့ နေရာကို ဝင်ရောက်ပြီး..လည်ချောင်းထဲကို ထိုးသွင်းလိုက်ပါတယ်..။
စစ်ပွဲ မိန်းမပျိုရဲ့ ပါးစပ်ကနေ ထူးဆန်းတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ပါပြီ..။သူမရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး..အဖြူရောင် အလင်းရောင်တွေကလည်း မှိန်ဖျော့သွားခဲ့တယ်..။အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီက ဒီမြင်ကွင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်နေသလို ခံစားလိုက်ရပါတယ်..။
အမျိုးသမီးရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကျောက်တုံးအကာအကွယ်တွေဟာ..အပိုင်းအစတွေအဖြစ် မြေကြီးပေါ် ကျဆင်းသွားခဲ့ကြတယ်..။
“မ…မ…မဖြစ်နိုင်တာ….အရိပ် တစ်ကောင်က….”
ဒီလိုပြောပြီးတာနဲ့ အနီရောင် ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူဟာ..ဒူးထောက်လျက်ကျဆင်းသွားခဲ့ပြီး..လည်ပင်းမှာရှိနေတဲ့ ဒဏ်ရာနဲ့အတူပဲ အသက်ဓာတ်ကုန်ဆုံးသွားခဲ့ပါတယ်..။
…သူမကို သတ်ဖို့အတွက်..တွက်ချက်ထားတဲ့ ၊ လှည့်စားမူ တစ်ခုပဲ လိုအပ်ခဲ့ပါတယ်..။
အခိုက်အတန့်က ဘာမှမပြောလာခင်မှာပဲ…ဆန်နီက တစ်ခနလောက် တွေဝေပြီးကာမှ ရှေ့ကို တိုးကာ တီးတိုးပြောလိုက်တယ်..။
“ငါ့ရဲ့ ခန္တာကိုယ်ထဲမှာ ငြိမ်းချမ်းမူ ရှာဖွေလိုက်ပါ..။ဒါက…ဒါက အရိပ်ရဲ့ သနားညှာတာမူပဲ…”
အပိုင်း ( ၆၇၄ ) ပြီး၏။