အကြီးအကျယ် ပျက်ဆီးခြင်း..
Vol. 45 Ch. 675
ဆန်နီ စကားပြောပြီး တစ်ခနအကြာမှာပဲ..အခိုက်အတန့်က သူ့နားထဲကို တီးတိုးပြောလာခဲ့ပါတယ်..။
( သင်က တက်ရောက်မူအဆင့် လူသား , စစ်ပွဲ မိန်းမပျို ဟီဒါ ကို သတ်လိုက်ပါပြီ )
( သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ…)
သူက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်..။နာကျင်မူ နဲ့ ပင်ပန်းနွမ်းနယ်မူတွေက သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာပျံ့နှံ့လာခဲ့ပါတယ်..။
“ငါက ဘာလို့ မပျော်ရွှင်ဖြစ်နေရတာလဲ..”
ဆန်နီ ဒီစကားတွေကို အသံထွက်ပြောမိဖို့အတွက် မရည်ရွယ်ခဲ့ပါဘူး..။သူ မျက်မှောင်ကျုတ်လိုက်ပြီး..သေဆုံးနေတဲ့ အမျိုးသမီး ဆီကနေ အကြည့်ကို လွှဲကာ သူ့လက်ထဲက မြစိမ်းရောင် အမြုတေကို ကြည့်လိုက်တယ်..။ယင်းနောက်..မြောအောက်ကမ္ဘာရဲ့ ဝတ်ရုံထဲမှာ ပြန်ထည့်ထားလိုက်ပါတယ်..။
သူက တက်ရောက်သူ တွေကို နေ့တိုင်း အနိုင်ရနေတာ မျိုးမဟုတ်ပါဘူး..။သူက အောင်ပွဲခံနေသင့်တယ် ဆိုပေမယ့်လည်း..ဆန်နီက လူသားတွေကို သတ်ဖြတ်ရတာ သဘောကျတဲ့လူတစ်ယောက် မဟုတ်ပေ..။
အနည်းဆုံးတော့..သူ မမုန်းတီးတဲ့ လူတွေကို သတ်ရတာကို သဘောမကျပါဘူး..။
သူ့ရဲ့ ခန္တာကိုယ်မှာဖြစ်ပေါ်နေတဲ့ နာကျင်မူတွေကို ခံစားရင်း ဝတ်ရုံတော်ရဲ့ အခြေအနေကို တစ်ချက်ကြည့်လိုက်တယ်..။သူက ( သက်ရှိကျောက်တုံး ) စွမ်းရည်တိုးမြှင့်မူကို အသက်သွင်းလိုက်တဲ့ အချိန်မှာတော့ ဝတ်ရုံတော်က အလိုလို ပြန်လည်ပြုပြင်နေတာကို တွေ့လိုက်ရပါတယ်..။သူ့ရဲ့ အဆီအနှစ်တွေကလည်း အကာအကွယ်ထဲကို စီးဆင်းပြီး ဒီ ဖြစ်စဉ်ကို ကူညီပေးကာ ပျောက်ကွယ်သွားခဲ့ကြတယ်..။
ဆန်နီသက်ပြင်းတစ်ချက်ချလိုက်ပြီး..ရက်စက်သော မြင်ကွင်းကို မှီကာ ပတ်ဝန်းကျင်အခြေအနေကို ကြည့်လိုက်ပါတယ်..။သူက အကောင်းဆုံး အခြေအနေမှာ ရှိနေတာ မဟုတ်ပါဘူး..။ပြီးတော့ တိုက်ပွဲကလည်း အခုထိ အဆုံး မသတ်သေးပေ..။အခုအချိန်အထိ အောင်ပွဲခံလို မရသေးပါဘူး..။
သူ့ ရဲ့ ညာဘက်မှာတော့..သူတော်စင်က အနီရောင်ဆံပင် တက်ရောက်သူနဲ့ တိုက်ခိုက်နေခဲ့တယ်..။သူတို့ရဲ့ လက်နက်တွေက..ကြောက်မက်ဖွယ်ပုံစံတွေနဲ့ ရွေ့လျားနေပြီး ခန်းမတစ်ခုလုံးကို အပျက်အဆီးတွေ ဖြစ်ပေါ်နေစေခဲ့ပါတယ်..။စိတ်ရှည်သော လက်စားချေသူက..လိမ္မော်ရောင် အလင်းတန်းတွေ ထွက်ပေါ်နေခဲ့တယ်..။သူ့ရဲ့ ဒိုင်းကာကလည်း..( အေးစက်သော သံမဏိ ) စွမ်းရည်ကို အသက်သွင်းပြီး ..တောက်ပတဲ့ အိုဒါချီဓားကို ကာကွယ်နေခဲ့ရပါတယ်..။
သို့ပေမယ့် ဓားရဲ့ အစွန်းက များပြားလှတဲ့ အက်ကွဲကြောင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီ..မကြာခင်မှာ ကျိုးတာ့မယ့် အခြေအနေကို စိုက်ရောက်နေခဲ့တယ်..။အဲ့အချိန်မှာတော့ စစ်ပွဲ မိန်းမပျိုရဲ့ ခန္တာကိုယ်က သွေးသံတရဲရဲ ဖြစ်နေပြီး..ဒဏ်ရာဒဏ်ချက်တွေ များပြားနေခဲ့ပါပြီ..။သူမရဲ့ ထိခိုက်မူတွေကို ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်က သူတော်စင်ရဲ့ တိုက်ခိုက်မူတွေ အောက်မှာ လုံလောက်အောင် မကုသနိုင်ဖြစ်နေခဲ့တယ်..။
သူ့ရဲ ဘယ်ဘက်မှာတော့..ဝိဉာဉ်မြွေ နဲ့ အိပ်မက်ဆိုးက တူညီတဲ့ တက်ရောက်သူ နှစ်ယောက်ကို တိုက်ခိုက်နေခဲ့ကြတယ်..။တစ်ယောက်ကတော့ အံ့ဩဖို့ကောင်းစွာပဲ ကြမ်းပြင်ပေါ်မှာ ရောက်နေခဲ့ပါပြီ..။အနက်ရောင်မြင်းက..သူ့ရဲ့ တောက်ပတဲ ခွာတွေနဲ့…သူမရဲ့ ရင်ဘတ်ကို ရက်ရက်စက်စက် နင်းချေနေခဲ့တယ်..။ကြောက်မက်ဖွယ် မြင်းက သူ့ဘက်မှာရှိနေတယ် ဆိုတာကို သိနေတာတောင် ဒီမြင်ကွင်းကို ကြည့်ပြီး ဆန်နီ အနည်းငယ် ကြောက်ရွံ့သလို ခံစားလိုက်ရတယ်..။
ဒုတိယ မိန်ုးမပျိုကတော့..ဝိဉာဉ်မြွေနဲ့ အပြင်းအထန် တိုက်ခိုက်နေခဲ့ပါတယ်..။သူမရဲ့ လှံသွားက လေပေါ်မှာ ရစ်ဝဲနေပြီး..မြွေရဲ့ ကြေးခွံတွေမှာ နက်ရှိုင်းတဲ့ ဒဏ်ရာတွေ ဖြစ်ပေါ်နေစေခဲ့တယ်..။
ဝိဉာဉ်မြွေက အရွယ်အစားကြီးမားတယ် ဆိုပေမယ့် သူမကို ရစ်ပတ်ဖို့ အတွက် အမျိုးသမီးက အတော်လေးကို လျင်မြန်ပြီး ၊ တွက်ချက်နိုင်မူ ၊ ကျွမ်းကျင်မူ တွေ ရှိနေခဲ့တယ်..။ပိုဆိုးတာက..သူ့ရဲ့ လက်နက်က..ရန်သူအရိပ်ထဲ ဝင်ရောက်သွားတဲ့ အချိန်မှာတောင် လိုက်လံတိုက်ခိုက်နိုင်နေတာပါ..။
အနက်ရောင်ဆံပင်နဲ့ စစ်သည်တော်က အမှန်တကဘ်ကို ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါပဲ..။သူမက ချားလစ် ဖလားကြီးရဲ့ ပေါက်ကွဲမူကြောင့် ဒဏ်ရာအပြင်းအထန်ရထားတဲ့ အချိန်မှာတောင်..တက်ရောင်မူအဆင့် နတ်မိစ္ဆာနဲ့ နိုးထမူအဆင် တယ်ရာ တို့ကို တစ်ပြိုင်တည်း ရင်ဆိုင်ထားနိုင်ပါတယ်..။ဒီလိုမျိုးကို နိုးထမူကမ္ဘာမှာဆိုရင် အတော်လေး အားကောင်းတဲ့ မာစတာမျိုးတွေပဲ လုပ်နိုင်ပါလိမ့်မယ်..။
သို့ပေမယ့် သူမရဲ့ ကံကောင်းမူတွေက ကုန်ဆုံးပြီးနေခဲ့ပါပြီ..။
ဘာလို့လဲဆိုတော့..သူမက ဒီနေ့မှာ ဆန်နီနဲ့ လာတွေ့လို့ပါပဲ..။
သူက အရိပ်တွေထဲကနေ ဖြတ်သန်းသွားရင်း..အမျိုးသမီးရဲ့ နောက်ကနေ ရုတ်တရက်ပေါ်လာကာ..နောက်ကျောကို တိုက်ခိုက်လိုက်ပါတယ်..။သူ့အနေနဲ့ ဒီတိုက်ခိုက်မူက ဘယ်လောက်တောင်း သွေးကြောင်ပြီး ဂုဏ်သိက္ခာကင်းမဲ့သလဲ ဆိုတာကိုတောင် မတွေးတော့ပါဘူး..။ဒါမှ မဟုတ် တစ်ခြားလူတွေ တွေးမှာကိုလည်း ဂရုမစိုက်တော့ပေ..။
ဂုဏ်သိက္ခာဆိုတာက အရူးတွေ အတွက်ပါ..။ပြီးတော့..ဆန်နီက တစ်ခါတစ်လေမှာ အရူးတစ်ယောက်လို ပြုမူတယ် ဆိုပေမယ့်..အနည်းဆုံးတော့ သူက ဒီလိုရူးသွပ်မူမျိုးကို မလုပ်ပါဘူး..။
ရက်စက်သောမြင်ကွင်းရဲ့ ဓားသွားက..ရဲရင့်တဲ့ စစ်ပွဲမိန်းမပျိုရဲ့ နှလုံးသားကို ဖောက်ဝင်သွားခဲ့တယ်..။ပြီးတာနဲ့ အဖြူရောင် အလင်းတန်းတွေက တစ်စက္ကန့်လောက်တောက်ပပြီး..ထိတွေ့တဲ့ အရာရာတိုင်းကို ဝါးမြိုသွားခဲ့ကြပါတယ်..။အမျိုးသမီးက ချက်ချင်းဆိုသလို သေဆုံးသွားခဲ့ပြီး သူ့ကို ဘယ်သူ သတ်သွားတာလဲ ဆိုတာတောင် မသိလိုက်ရပါဘူး..။
တစ်ချိန်တည်းမှာပဲ..သူမရဲ ဒုတိယမြောက် ကိုယ်ပွားက..အိပ်မက်ဆိုးရဲ့ ခွာချက်တွေ အောက်မှာ သေဆုံးခဲ့ရတယ်..။သူမရဲ့ ခန္တာကိုယ်က လှုပ်ရှားနေတာ ရပ်တန့်သွားပြီး..အသွေးအသားတွေက ကြောက်မက်ဖွယ် ကောင်းလောက်အောင် တစ်စစီ ဖြစ်နေခဲ့ပါပြီ..။ခနအကြာမှာတော့..ဒါက အနီရောင် အလင်းတန်းနဲ့ အတူပဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။
အခိုက်အတန့်က ပြောလာခဲ့တယ်..
( သင်က တက်ရောက်မူအဆင့် လူသား , စစ်ပွဲမိန်းမပျို ဂျီဗန် ကို သတ်လိုက်ပါပြီ.. )
( သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့သည် )
‘ နောက်တစ်ခု ကျန်သေးတယ်…’
ဝိဉာဉ်မြွေကို တက်ရောက်မူအဆင့် မာစတာကို အဆုံးသတ်ခွင့်မပေးခဲ့တဲ့ သူ့ရဲ ဆုံးဖြတ်ချက်ကို တော့ သူ အနည်းငယ် နောင်တရပါတယ်..။အခုချိန်မှာ သူ့ရဲ အဆီအနှစ်တွေ သိပ်မကျန်တာကြောင့် ဆန်နီ အံကိုကြိတ်ထားပြီး သူတော်စင်ဘက်ကို ကြည့်လိုက်တယ်..။
သို့ပေမယ့် အဲ့အချိန်မှာပဲ..အခိုက်အတန့်ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်..။
( သင်က တက်ရောက်မူအဆင့် လူသား , စစ်ပွဲ မိန်းမပျို ကာရာ ကို သတ်လိုက်ပါပြီ )
( သင့်ရဲ အရိပ်က ပိုသန်မာလာခဲ့သည် )
သူ မြင်တွေ့လိုက်ရတာက စစ်ပွဲမိန်းမပျိုရဲ့ ခေါင်းပြတ်နေတဲ့ ခန္တာကိုယ်က ကြမ်းပြင်ပေါ်မှာ လဲကျနေခဲ့တာပါပဲ..။တိတ်ဆိတ်သော စစ်သည်တော်ဟာ..သူ့မရဲ့ အပေါ်ကနေ ရှိနေပြီး ကျိုးကြေနေတဲ့ ဓားကို ကိုင်စွဲထားခဲ့တယ်..။အနည်းငယ်သာ ကျန်ရှိတော့တဲ့ ကျောက်တုံးဓားမှာတော့ သွေးတွေ နီရဲနေပြီး အောက်ဘက်ကို တစက်စက် ကျဆင်းနေခဲ့ပါတယ်..။
သူတော်စင်ဟာ တစ်ခနလောက် ငြိမ်သက်နေခဲ့ပြီး သူမရဲ ကျိုးပဲ့နေတဲ့ ဓားကို နောင်တရစွာ ကြည့်လိုက်တယ်..။သူမရဲ့ ပုခုံးက သက်ပြင်းချသလိုမျိုး အနည်းငယ် လှုပ်ရှားနေခဲ့ပါတယ်..။ယင်းနောက် သူမက ကျိုးနေတဲ့ ဓားကို ပစ်ချလိုက်ပြီး တက်ရောက်သူရဲ လက်ထဲက အိုဒါချီ ဓားကို ဆွဲယူလိုက်ပါတယ်..။
နောက်ဆုံးမှာတော့..တိတ်ဆိတ်တဲ့ နတ်မိစ္ဆာဟာ..အိုဒါချီဓားကို ဝေ့ယမ်းပြီး..ဟောခန်းမကြီးရဲ့ ဝင်ပေါက်နေရာကို လှမ်းကြည့်လိုက်ပါတယ်..။
‘သူမက ဘာကိုကြည့်နေတာလဲ..’
ဆန်နီ မျက်မှောင်ကျုတ်ပြီးကာမှ..ကျောချမ်းသွားခဲ့ပါတယ်..။
‘အိုး.ဟုတ်သားပဲ…အယ်ဖီ နဲ့ ကိုင်…’
သူက သူ့ရဲ သူငယ်ချင်းတွေကို ဒါဇင်နဲ့ ချီတဲ့ နိုးထမူ့ အဆင့် စစ်သည်တော်တွေ ဝန်းရံထားတယ် ဆိုတာကို သတိရသွားခဲ့တယ်..။
သို့ပေမယ့် သူ စိုးရိမ်ဖို့ မလိုအပ်ခဲ့ပါဘူး..။
စစ်ပွဲမိန်းမပျိုတွေ အားလုံး နီးပါးက..သေဆုံးပြီးနေခဲ့ပါြပီ..။
ကိုင် ကတော့ သူ့ရဲ့ နောက်ဆုံး ပြိုက်ဖက်ကို အဆုံးသတ်ဖို့ လုပ်နေခဲ့တယ်..။လူငယ်လေးက…သံမဏိနဲ ရွှေပေါင်းစပ် ထုလုပ်ထားတဲ့ လှပတဲ အကာအကွယ် အက်ျီကို ဝတ်ဆင်ထားခဲ့ပါတယ်..။သူ့လက်ထဲမှာတော့ ဓားကို ကိုင်ဆောင်ထားခဲ့တယ်..။သူ့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မူက..မေ့ပျောက်ကုန်းမြေထက်စာရင် အများကြီး ပိုမိုကောင်းမွန်လာခဲ့ပါပြီ..။ဆင်စွယ်ရောင် မြို့တော်ရဲ့ စစ်တပ်ထဲမှာ သူ့အတွက်လည်း အခြေအနေ အတော်လေး ဆိုးဝါးခဲ့တဲ့ ပုံပါပဲ..။
အယ်ဖီကလည်း သူမရဲ့ ရန်သူတွေအားလုံးကို ဖြေရှင်းပြီးနေခဲ့ပါပြီ..။ကလေးမလေးက..ရင်းနှီးတဲ့ ကြေးနီေရာင် အကာအကွယ်ကို ဝတ်ဆင်ထားခဲ့တယ်..။သူ့ရဲအောက်မှာတော့..ချပ်ဝတ်ပြားတွေအစား..စစ်ပွဲမိန်းမပျိုတွေရဲ့ အနီရောင် ပိုးချည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်..။သူမရဲ့ လက်ထဲမှာ ဆည်းဆာချိန် အမြုတေလည်း ရှိနေခဲ့တယ်..။သို့ပေမယ့် အခုချိန်မှာ သူမရဲ့ ဒိုင်းကာက သူမရဲ့ ခန္တာကိုယ်လောက်တောင် ရှိနေခဲ့တာပါ..။
အဲ့အချိန်မှာတော့..ကိုင်က ပြိုင်ဖက်ရဲ့ တိုက်ခိုက်မူကို ရှောင်တိမ်းလိုက်ပြီး ကြမ်းပြင်ပေါ်မှာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုနဲံ ရှိနေကာ.စစ်ပွဲမိန်းမပျိုရဲ့ ဝမ်းဗိုက်ထဲကို ဓားနဲ့ထိုးသွင်းလိုက်ပါတယ်..။ခနအကြာမှာတော့..အယ်ဖီက သူမကို ဆည်းဆာချိန်အမြုတေနဲ့ ဖြတ်ရိုက်ချလိုက်တယ်..။အမျိုးသမီး စစ်သည်တော်က..ကြမ်းပြင်ပေါ် လဲကျကာ ချက်ချင်း ငြိမ်သက်သွားခဲ့ပါတယ်..။သူမက သေဆုံးသွားတာလား…ဒါမှမဟုတ် သေအံဆဲဆဲဖြစ်နေတာလား ဆိုတာတော့ မသိနိုင်ပါဘူး..။
ရုတ်တရက် ဆိုသလိုပဲ..ပျက်ဆီးနေတဲ့ချားလစ် ဘုရားကျောင်းကြီးက တိတ်ဆိတ်မူတွေ ကြီးစိုးသွားခဲ့ပါပြီ..။
ဆန်နီ ..ကိုင် နဲ့ အယ်ဖီတို့ဟာ..တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ကြတယ်..။
အရာအားလုံးပြီးသွားပြီ…
သူတို့ တကယ်ပဲ အနိုင်ရခဲ့ကြတာလား…
အပိုင်း ( ၆၇၅ ) ပြီး၏။